Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“သူ့ဘဝနဲ့သူ……………………ကိုယ့်ဘဝနဲ့ကိုယ် ”

“သူ့ဘဝနဲ့သူ……………………ကိုယ့်ဘဝနဲ့ကိုယ် ”

 

ကလေးဘဝက တောင်ပြုံးပွဲတော်နီးလာရင်ပျော်ပါတယ်။

ဒီအချိန်ရောက်ပြီဆိုတာနဲ့ အိမ်မှာကိုယ်တော်ကြီးကိုယ်တော်လေးပွဲလာတက်တဲ့

ရန်ကုန်က ဧည့်သည်တွေနဲ့စည်ကားတတ်လို့ပါ။

ကျနော်တို့အိမ်ရဲ့တောင်ဘက်က ဆောင်ဆောင်တို့ နောင်နောင် တို့အိမ်ကိုလာတဲ့

ဧည့်သည်တွေစုပြုံပြီးရောက်လာရင် ကျနော်တို့အိမ်ဘက်ကိုလာပြီးတည်းကြလို့ပါ။

ဆောင်ဆောင် တို့နောင်နောင်တို့ရဲ့အပေါင်းအသင်းတွေကလဲဒီအချိန်ဆိုရင်

သူတို့အိမ်မှာအားလုံးလာပြီးစုကြပါတယ်။

ပြီးရင်ကားစင်းလုံးငှားလို့ ကိုယ်တော်ကြီးကိုယ်တော်လေးတို့ဆီချီတက်ကြတာပါဘဲ။

အဲဒါကတစ်နှစ်တစ်ခါ စုကြ ပျော်ကြတာပုံမှန်လိုဖြစ်နေပါတယ်။

 

ဆောင်ဆောင်တို့နောင်နောင်တို့ညီအကို က အခုခေတ်အထာနဲ့ပြောရရင်တော့”ဂေး”

ဒါမှမဟုတ် “အပုန်း”ပေါ့။

လှတပတလေးပြောရင်တော့ လိင်တူချစ်သူများပေါ့။

သူတို့ လိုလူတန်းစားတွေကို မိန်းမရှာ မာမရှိန်း အခြောက် ဂန်ဒူး ရှောက်သီးဆေးပြားသယ် ဆိုပြီး အမျိုးမျိုးခေါ်ကြပါတယ်။

ငယ်တုံးကတော့  သူတို့တွေလာရင်ပျော်ပါတယ်။

သူတို့က လက်ဖွာတော့ မုန့်ဘိုးတွေအများကြီးပေးတာကိုး။

ဒါပေမယ့်  သူတို့ တစ်တွေယောကျာ်းဖြစ်ပါရဲ့နဲ့ မိန်းမတွေလို ဖီးလိမ်းပြင်ဆင်ပြီးနေကြ

တာ စကားပြောရင်သူတို့ချင်းသာ နားလည်တဲ့ စကားလိမ်တွေနဲ့ပြောကြတာက

အထူးအဆန်းတစ်ခုပါဘဲ။

သူတို့နဲ့အနေနီးတော့ သူတို့တွေပြောတဲ့ စကားလိမ်တွေကို ကျနော်က ကောင်းကောင်းပြောတတ်လာပါတယ်။

တစ်ခါတစ်လေ အိမ်မှာ ကျနော်က ယောင်ပြီး အဲလိုစကားလိမ်နဲ့ပြောမိရင်

ဦးလေးတွေက  နားရင်းတီးတတ်ပါတယ်။

ဆောင်ဆောင် နောင်နောင်တို့ရဲ့ဘော်ဒါတွေဖြစ်တဲ့

ရှုပ်ရှုပ်တို့ မအောင်တို့ ဘိုဘိုတို့ အထွေးတို့ရောက်လာရင် သူတို့ဆီကိုသွား သွားနေတာကို

အဖွားတွေအဒေါ်တွေကတော့ ဘာမှမပြောပေမယ့် အဖေတို့ ဦးလေးတို့ကတော့

မကြိုက်ပါဘူး။

ဒါက သိပ်ငယ်သေးတဲ့အချိန်ကပါ။

 

ကျနော့်အတွက်သူတို့နဲ့ပါတ်သက်ပြီး ပြဿနာစတာက အလယ်တန်းကျောင်းသားဘဝမှာပါ။

မိန်းမလျာတွေနဲ့ ခင်တာကို  သိသွားတဲ့သူငယ်ချင်းတွေက ကျနော့် ကို “ဂန်ဒူး” လို့ခေါ်ပြိး

လာ ရန်စလိုက်တဲ့ တစ်ရက်မှာထိုးကြကြိတ်ကြနဲ့ ရန်တွေဖြစ် တော့

ဆရာကြီးရုံးခန်းရောက် အိမ်ကမိဘတွေကိုခေါ်ပြီး သတိပေးတဲ့အထိဖြစ်သွားပါတယ်။

အဲဒီအချိန်က စပြီး ကျနော်လည်း ဆောင်ဆောင်တို့အိမ်ကိုမသွားတော့ပါဘူး။

နောက်လူပျိုပေါက်အရွယ်ရောက်လာတော့ သူ့ဘော်ဒါတွေက ကျနော်နဲ့တွေ့ရင်

ကျနော်မကြိုက်မှန်းသိတော့ “အချစ်လေး “ အသဲလေး“လို့ခေါ်ပြီး စတတ်ကြပါတယ်။

ငယ်ကတည်းက သိလာခဲ့တဲ့သူတွေဆိုတော့ စိတ်မဆိုးပေမယ့် ရှက်ပါတယ်။

မုန့်ဘိုးပေးရင်လဲ မယူတော့ဘဲသူတို့နဲ့ကင်းကင်းနေပါတော့တယ်။

 

ဟိုအရင်ကလမ်း၈ဝနဲ့၇၃လမ်းကြား တောင်ဘက်ကျုံးလမ်းမှာရှိတဲ့ မန်းသီတာဥယျာဉ်ဆိုတဲ့

မြို့လယ်ခေါင်က အပန်းဖြေဥယျာဉ်ကြီးက ညပိုင်းဆိုရင် မိန်းမလျာတွေကြီးစိုးတဲ့နယ်မြေပါ။

လမ်းဓါတ်မီးတိုင်မလင်းတလင်း ကုက္ကိုလ်ပင်ကြီးတွေက အုပ်အုပ်ဆိုင်းဆိုင်း။

အဲဒီနေရာတွေက ညညဆိုရင် မိန်းမလျာတွေအစုအဝေးနဲ့နေပြီး

အဖော်ရှာကြတဲ့နေရာတွေပါဘဲ။

 

ကျနော်ဆယ်တန်းရောက်ချိန်မှာတော့ ကျုရှင်က ဆရာတစ်ယောက်နဲ့

ချက်စ်(အင်္ဂလိပ်စစ်တုရင်)ထိုးတာ ဝါသနာတူတော့ အတော်ကိုရင်းနှီးလို့သွားပါတယ်။

သူက မိန်းမလျာ ကိုအင်မတန်မုန်းတီးပါတယ်။

ညညဆိုရင် ကျုံးနံဘေးကို ကျောင်းသားအဖော်တွေနဲ့သွားပါတယ်။

ပြီးရင် ယောကျာ်းကို ဆွယ်နေတဲ့ မိန်းမလျာကိုတွေ့ရင် အပြင်ကို တစ်ယောက်ထဲ

ရောက်အောင် မျှားပြီး ခေါ်ထုတ်လိုက်ပါတယ်။

လူရှင်းတဲ့ နေရာရောက်ရင် အသင့်ပါလာတဲ့ ကြီမ်လုံးနဲ့ ဆော်တော့တာပါဘဲ။

ဘယ်အချိန်ထိရိုက်လဲဆိုရင် “အောင်မယ်လေးဗျ”လို့မအော်မခြင်း၊

ယောကျာ်းလိုနေပါတော့မယ်ဗျ လို့ မအော်မခြင်းရိုက်တာပါ။

အဲလိုလုပ်တဲ့အကြိမ်များလာတဲ့ အခါ တစ်ရက်မှာတော့ မိန်းမလျာတွေကအုပ်စုဖွဲ့ပြီး

ချောင်းနေပါတယ်။

ကျနော်တို့အဖွဲ့က သူတို့လူကိုလဲ လာခေါ်ရော ပုန်းနေရာကနေထွက်လာပြီး

ကျနော်တို့ကို လိုက်ရိုက်ပါတယ်။

ကျနော်တို့ကလဲ တွေ့ကရာအုတ်ခဲနဲ့ ကောက်ထု ၊

လက်သီးနဲ့ပြန်လိုက်ထိုးပြီး ပြန်ဆော်တာပေါ့။

တကယ်ပြောရရင် အားချင်းမှ မမျှတာဘဲ။

အဲဒီတုံးက မိန်းမလျာတွေလက်ထဲမှာ လက်သမားကိုင်တဲ့ “ဆောက်”

အသေးလေးတွေကို မြိနေအောင်သွေးထားတာကို ဆောင်ထားပါတယ်။

ရန်ဖြစ်ကြတဲ့ အခါမှာ လူခြင်းမျက်နှာချင်းဆိုင်မိတဲ့အခါမှာ နှာနုနေရာကို ချိန်ပြီး

ဆောင့်ထိုးတတ်ပါတယ်။

အဲဒီဆရာလဲ ဆောက် နဲ့ အထိုးခံရတာ အရှောင်ကောင်းလို့ ပါးကိုဘဲထိုးမိသွားတာပါ။

ကျနော်တို့အဲလိုဖြစ်တာလဲသိရော အိမ်က အဲဒီဆရာနဲ့ မပေါင်းရတော့ပါဘူး။

 

အဲဒီမှာ ကျနော်ဦးလေးတစ်ယောက်က ပြောတဲ့စကားက ကျနော့်အတွက်

တစ်သက်တာမှတ်သားမိတဲ့စကားပါဘဲ။

“လူဆိုတာ ကိုယ်နဲ့တူရာ တူရာ အစုအဖွဲနဲ့နေကြတာ။

ကိုယ်နဲ့မနှစ်သက်ဘူးဆိုရင်  ကင်းကင်းနေပေါ့။

ဘာလို့သူများကို သွားအနှောင့်အယှက်ပေးရတာလဲ။

သူ့ဘဝနဲ့သူ ကိုယ့်ဘဝနဲ့ ကိုယ်နေစမ်းပါ”

အဲဒီအချိန်ကစလို့ ဒီလို လူတန်းစားတွေကို လိုက်ပြဿနာမရှာတော့ဘဲ ကင်းအောင်နေပါတော့တယ်။

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

19-8-2013

 

 

 

 

 

19 comments

  • ဦးကျောက်ခဲ

    August 23, 2013 at 9:14 am

    အကိုပေါက်ရေ…
    ကွန်ဆာဗေးတစ်လို့ ဆိုချင်ဆိုပါ၊ သူ့ဘဝနဲ့သူ ကိုယ့်ဘဝနဲ့ကိုယ် ဆိုပေမည့်…
    နီးစပ်ရာ ဆွေမျိုး မိတ်သင်္ဂဟထဲမှာ အဲသည်လို ဟိုမကျဒီမကျတွေ ရှိနေမှာတော့ မလိုလားဘူး…
    အဆိုးဆုံးက သူတို့ ဆန္ဒအတွက် ငယ်သူတွေကို လိုက်မြှူဆွယ်တာပါပဲ…
    🙁

    • Foreign Resident

      August 24, 2013 at 2:43 pm

      အဘ တွေ့ဖူးတဲ့ ၊ ပညာတတ် / သူဋ္ဌေး အခြောက်တွေကတော့ ၊
      လူ တော်တော် များများ ထက် ၊ စိတ်ထား ပို ကောင်းကြတာ များတယ်ကွယ့် ။

      တခုတော့ ရှိတာပေါ့လေ ။
      အဘ ကလဲ သူတို့ကို လေးလေးစားစား ဆက်ဆံတယ် ။
      နဲနဲလေးတောင် ၊ စိတ်ကူးလေးနှင့်တောင် ၊ မကဲ့ရဲ့ ၊ မနောက်ဘူး ။

      အဘ ရဲ့ အဲဒီ သဘောထားက ၊
      အဘ ရဲ့ မျက်နှာ နှင့် ကိုယ် အမူအရာမှာ ပေါ်နေလို့ ထင်တယ် ၊
      သူတို့ ၊ အဘ အပေါ်မှာ ကောင်းကောင်း မွန်မွန် ဆက်ဆံခဲ့ကြတယ် ။

      အဲဒီတော့ကာ ၊
      ၁ ။ အဘ က အခြောက်တွေ အပေါ်မှာ အမြင် ကြည်လင်တယ် ။
      ၂ ။ အဘ ဆွေမျိုးထဲမှာ အခြောက် ရှိနေရင်လည်း ၊
      အဘ အတွက်တော့ ဘာ ပြဿနာမှ မရှိပါဘူး ။ It’s OK ပါ ။

      • မှန်ပါ့
        ကိုဖောတွေ့ဘူးတာက သူဌေးအခြောက် အိန္ဒြေရရ
        အများတွေ့နေရတာက လမ်းပေါ်က အခြောက်
        နည်းနည်းလေးမဟုတ်ဘူး အများကြီးကွာတယ်
        ဒီတစ်ခါမန်းလေးလာရင်ပြော
        သွားကြရအောင် လိုက်ပို့ပေးမယ်

        • မောင် ပေ

          August 25, 2013 at 7:59 pm

          အိမ်း
          လက် စ သတ် တော့
          ဒီ လူ ကြီး က
          ကျုံး ဘေး ပြန် ကြီး ကိုး
          ဟီ ဟိ

  • ခင် ခ

    August 23, 2013 at 9:44 am

    ခင်ခ ကတော့ မိမိနှင့်ကြုံဆုံခွင့်ဖြစ်တည်လာတဲ့ လူသားဟူသမျှ အားလုံးကို ဒူးနေရာဒူး တော်နေရာတော်ဖြင့် ပေါင်းသင်းဆက်ဆံပါသည်။

    • မှန်တာပေါ့ ကိုခ ရေ နေရာတစ်ခုပေးမထားဘဲ ဇွတ်ဖိလို့တော့ မရနိုင်ဘူး
      ဖယ်လွန်းရင် ကျယ်လာတတ်ပါသတဲ့

  • Ma Ei

    August 23, 2013 at 9:46 am

    ကျမတို့ ရုံးအဆောက်ဦးမှာရှိတဲ့ နံမည်ကြီးဆံပင်ပညာရှင်တစ်ဦးဆိုရင်
    သူတို့ချင်းတွေ့ကြတဲ့ခါ၊ ကောင်ကလေးတွေကိုတွေ့တဲ့ခါ တွေမှာတော့
    ချက်ခြင်းဆိုသလို အသံရော အမူယာပါသိသိသာသာပြောင်းလို့တစ်ကယ့်ဂေးပါ …
    အဲ့ဒီလိုမျိုးက ရဟန်းခံတယ်တဲ့ ၊ကျိုက်ထီးရိုးဘုရားကို ကိုယ်တိုင်ရွှေသင်္ဃန်းကပ်ခဲ့တယ်တဲ့…
    ဖြစ်သင့်ရဲ့လားလေ…ဒါကိုလဲ သူ့ဘဝနဲ့သူ…………….
    ကိုယ့်ဘဝနဲ့ကိုယ် လို့ဘဲ………..
    ဖြေလိုက်ရပါတယ်…………….
    🙁

  • မဟာရာဇာ အံစာတုံး

    August 23, 2013 at 10:14 am

    အင်းဗျ …
    သူ့ဘဝနဲ့ သူ
    ကိုယ့်ဘဝနဲ့ ကိုယ်ပါပဲ …
    မပတ်သက်ချင်ရင် ရှောင်လိုက်ပေါ့ ….
    အဲ့ဒါတွေ မျိုးသုဉ်းအောင် လုပ်ချင်တယ် ဆိုရင်တော့ဖြင့် …
    သဘာဝ ဟာ သဘာဝ ပါပဲပေါ့ …

  • အခု ဒီပိုစ်လေးက အပျိုးပိုစ်လေးပါ.
    အရှည်တစ်ပုဒ်ရေးပြီးထားပြီးသားပါ။
    ရေးပြီး မတင်ဖြစ်သေးတာ သုံးပုဒ်အဆင်သင့်ရှိပါတယ်။.

    လာမယ် မကြာဘူး

  • kyeemite

    August 23, 2013 at 11:43 am

    ဒီလို ဂေးတွေနဲ့ လူအများစုဆုံဖူးမှာပါ….
    တွေ့ဖူးသမျှကတော့ နဲနဲများရောမိပြီဆိုရင်
    ရောတဲ့ယောက်ကျားလေးရဲ့ အောက်ပိုင်းကို
    လှမ်းတော့တာပဲ… ဒါကြောင့်ကျုပ်တော့ခပ်ကင်းကင်းနေတာပဲ 🙁

    • အလင်းဆက်

      August 23, 2013 at 12:44 pm

      ကျွန်တော် ့မှာ တော့
      ဂေးဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်

      သူစကားပြောရင် ရီရ လို ့
      ခင်မင်မိပါတယ်

      ဟဟိုကိုင်ဒီကိုင်က တော့

      ကြည့်ကျက် ရှောင်ရတာပေါ့

      အင်းးးးကိုဂီ ဘာပြောဦးမလဲ မသိ

      🙂

  • ဦးဦးပါလေရာ

    August 23, 2013 at 12:11 pm

    အဲဒါတွေက ..
    မသိရင် သူလိုကိုယ်လို ပါပဲ
    လူကောင်း လိုလိုပါပဲ….

    သူတို့နဲ့ နီးနီးစပ်စပ် ကျင်လည်ဖူးရင်တော့ သူတို့အကြောင်း ကောင်းကောင်းသိနိုင်ပါတယ်
    သူတို့ဖျက်ဆီးလို့ လူငယ် ယောက်ျား နုနုငယ်ငယ်လေးတွေ ဘဝလမ်းကြောင်းလွဲကုန်တာ အများကြီးပါ။
    သူတို့နဲ့ မတူတဲ့ လူငယ်လေးတွေကို သူတို့လိုဖြစ်အောင် ဇတ်သွင်းတဲ့အကြောင်း စုံစုံစေ့စေ့လေး ပြောပြချင်သေးတယ်….

  • Mr. MarGa

    August 23, 2013 at 6:56 pm

    ဟိ်ုတစ်ချိန်ကတော့…
    ဒီလိုမျိုးတွေ ရှိတာ မှန်ပေမင့် အခုလောက် မပေါဘူးလို့ ဆိုရမလားမသိ
    ရှိပေမင့် သိုသိုသိပ်သိပ် နေကြတာ များတယ်ဗျ။
    အခု ခေတ်မတော့
    ဂလိုဘယ်လိုက်ဇေးရှင်း ကောင်းမှုနဲ့ အားရပါးရ ထွက်လာလိုက်ကြတာများ
    ဒါလောက်တောင် များသလား လို့ တွေးမိတယ်။
    သူ့ဘဝနဲ့သူ နေကြမယ်၊ ပတ်ဝန်းကျင်ကို အနှောင့်အယှက်မပေးဘူး ဆိုရင်တော့
    ပတ်ဝန်းကျင်ကလဲ အထိုက်အလျောက်တော့ လက်ခံမယ်လို့ ထင်မိပါတယ်ဗျာ
    သို့ပေမင့်
    စုန်းပြူးတွေ ထွက်လာပြီး ဘေးကိုပါ ဆွယ်ရင်တော့
    ကြည့်မနေသင့်တော့ဘူးလို့ပဲ မြင်ပါကြောင်း…

  • အရီးခင်

    August 23, 2013 at 10:39 pm

    သူ့စည်း ကိုယ့်စည်း ထား ပေမဲ့လည်း တစ်ခါတစ်ခါ တစ်ချို့ နေရာလေး တွေ က ပါးပါးလေး တွေ ကပေါက်ကြီး ရ။
    ရှောင်မရတာတွေ လဲ ရှိနိုင်သကိုး။
    ရှောင်လို့ ရရင်တော့ ကိုယ်နဲ့ စိတ်မတူ ရင် ကင်းကင်း ရှောင်နေတာကောင်းပါတယ်။

  • ကျနော်ရေထားတဲ့ စိတ်ကူးလေးတစ်ခုရှိတယ်။
    ရေးပြီးသား တင်ဘို့ဘဲကျန်ပါတော့တယ်။
    ဒီအပုဒ်လေးက ခြေဆင်းပေါ့နော်။

  • garfield

    August 26, 2013 at 9:22 am

    ကျနော်တို့ ဆီမှာ လိုနေတဲ့ စိတ်က ……..
    ကိုယ့် နဲ့ မတူညီတဲ့သူကို “သူ့ဘဝနဲ့ သူ ကိုယ့်ဘဝနဲ့ ကိုယ်” ပါလေ လို့ မထားနိုင်တဲ့ စိတ် ကလေးးး တစ်ခု လို နေတာ။

    ကိုယ်နဲ့ မတူ ရန်သူ ဆိုတဲ့စိတ်တွေ များကုန်ရင် ရန်လိုလာရင် ဘယ်သူ့ ဘယ်သူကြားမှ မကောင်းနိုင်ဘူးးးးး

    ပြောသေးတယ်။
    ” ငါ တို့က အမြင်မတော်ရင် ကြည့်မနေနိုင်ဘူး” ဆိုတာမျိုးးးး

    ကိုယ့် ကိုယ် ၌ က အကျင့် တစ်ခုတောင် ကိုယ်တိုင် ပြောင်းလဲဖို့ မလွယ်ပဲ သူများကို ဘာလို့ အရင်း ပြုပြင်ချင်လည်း မသိ။
    အနတ္တ !!! :mrgreen:

  • ဟုတ်၏ ကျနော်ကတော့ ကျနော်နဲ့ ညှိနိုင်းလို့ မရလောက်တော့ဘူးလို့
    ယုံကြည်ရင် ကင်းအောင်နေတဲ့ အကျင့်ကို မွေးထားပါတယ်။

Leave a Reply