Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဆာအဲလက်စ် မုန်တိုင်း…။

black chawAugust 25, 20131min95525

ဗန်ပါစီ ၂ ဂိုးသွင်းတယ်…။
မန်ယူ အနိုင်ရတယ်…။
မန်ယူဘက်က လောင်းကြေးထပ်ကြသူတွေလည်း အပြည့်အဝပျော်ခွင့်ရခဲ့ကြပါရဲ့…။
သို့ပေမယ့်…။
မပျော်ပါဘူး…နှင်းဆီဖြူ… (ခင်ဝမ်း)
တစ်သက်လုံး မန်ယူမှ မန်ယူ ဖြစ်ခဲ့ကြတဲ့ ကျွန်တော်တို့အတွက်တော့…
မန်ယူရဲ့ အနိုင်ရရှိမှုက လွမ်းလောက်စရာ တစ်စက်မှ မရှိ…။
အဲဒီညက ဘောလုံးပွဲကို ဒေးဗစ်မိုယက်စ် တစ်ယောက် ဆားခတ်ဖို့ များ မေ့နေခဲ့လေရော့သလား…။
အူကြောင်ကြားကစားကွက်ထဲက ဖေါက်ထွက်ပြီး ၂ ဂိုးသွင်းပေးခဲ့သော ဗန်ပါစီကိုပဲ သူရဲကောင်းဘွဲ့ပေးရတော့မလိုလို…။
လက်သီးလက်မောင်းတန်းပြီးအောင်ပွဲခံနေတာကို မြင်ပြန်တော့…
အင်း…ခက်တော့ အတော်ခက်သားလားကွယ်…။
အင်မတန်ပေါ့ရွှတ်သော ကစားကွက်တွေနဲ့…အနိုင်ရခဲ့တာက ဝီဂန်လို ပထမတန်း က အသင်း…။
သွင်းခဲ့တဲ့ ဂိုးတွေက မန်ယူ အရသာစစ်စစ် နဲ့ နည်းနည်း အလှမ်းဝေးနေခဲ့…။
ဒီခြေမျိုးနဲ့တော့ စပယ်ရှယ်ဝမ်းကြီး ကို ကျော်ဖြတ်ဖို့ မလွယ်…။
မြို့ခံပြိုင်ဘက် စီးတီးကောင်တွေကို ကျော်ဖြတ်ဖို့ မလွယ်…။
ငယ်နိုင် အာဆင်နယ်ကတောင် နားရွက်လာတံတွေးဆွတ်ကြမှာ မြင်ယောင်သေး…။
ဒေးဗစ်မိုရက်စ်ဟာ မန်ယူနည်းပြရာထူးနဲ့ လူမှန်နေရာမှန် ဟုတ်ရဲ့လား…။
အသင်းကို အားကိုးလောက်စရာ လူသစ် ခေါ် ဖို့ နေနေသာသာ…
ရှိပြီးသား ရွန်းနီကိုတောင် မြဲအောင်ထိန်းနိုင်မယ့် ပုံ မပေါ်…။
မော်ရင်ဟိုကြီး ရွန်းနီ ကို မြှူဆွယ်နေပုံက လက်ယဉ်နေတဲ့ ကြာကူရီတစ်ယောက်ရဲ့ စတိုင်အပြည့်…။
ပိုင်ရှင် ဖြစ်နေသေးတဲ့ မန်ယူနည်းပြ ကိုလည်း မခန့်လေးစားနိုင်လွန်းတယ်…။
ဆာအဲလက်စ် ဆိုရင်ရော ဒီလိုပြောရဲပါ့မလား…။
ဆာအဲလက်စ်သာရှိသေးရင် ပွဲကြီးပွဲကောင်းပေါ့…။
သင်ယူပေဦးတော့ ဒေးဗစ်မိုယက်စ် ရေ…။
မော်ရင်ဟိုရဲ့ စကားလုံး စစ်ပွဲ မာယာတွေကို သင်ယူပေဦးတော့…။
ခြေစမ်းပွဲတွေရဲ့ အရှုံးရလဒ်တွေကလည်း မန်ယူရဲ့ ပုံရိပ်ကို မှေးမှိန်စေခဲ့ပြန်ပါသည်…။
ဒါတွေကလည်း ကျွန်တော်တို့ကို စိတ်ပျက်စေသော အချက်အလက်တွေပါပဲ…။
အလွမ်းဓါတ်ခံလေးကလည်း ရှိနေလေတော့…ဘောပွဲကြည့်ရင်း…အလွမ်းစိတ်တွေ ဖြစ်နေမိပါရဲ့…။
ဘယ်သူ့ကိုမှ အနိုင်မခံခဲ့တဲ့ အိုးလ်ထရက်ဖို့ မှတ်တမ်းတွေ…။
နောက်ဆုံးမိနစ်တွေကျမှ အရှုံးမှ အနိုင်သို့ ပြောင်းနိုင်ခဲ့သော မန်ယူစိတ်ဓါတ်…။
ဒေါသအိုးကြီး ရွိုင်ကီးန်…။
ဖရီးကစ် စပယ်ရှယ်လစ် ဘက်ခ်ဟမ်း…။
အတွဲညီခဲ့တဲ့ ဒွိုက်ယော့ နဲ့ အင်ဒီကိုးလ်…။
ကလေးမျက်နှာနဲ့လူသတ်သမား ဆိုးလ်ရှား…။ ရှရင်ဂမ်…။
ဂိုးသမား ကြီး ရှမိုက်ကယ်…။
ခံစစ်မှူးကြီး စတမ်း၊ နစ္စတယ်ရွိုင်း…၊ ဗီရွန်…၊ တီဗက်…။
စသည်ဖြင့် လွမ်းတတ်ရင် လွမ်းစရာတွေချည့်…။
မန်ယူကစားသမားဘဝနဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်ခဲ့တဲ့ စီ ရော်နယ်ဒို…ရဲ့ အတို့အဆိတ်လေးတွေ…။
ရသမြောက်တဲ့ ကစားကွက်တွေနဲ့ ဂိုးသွင်းတဲ့ ပုံရိပ်တွေကို လွမ်းတယ်…။
မကြာခင် ရွန်းနီကိုပါ လွမ်းရတော့မယ် ထင်ပါရဲ့…။
လွမ်းပေ့ါ…။
မင်းလို တောခြိုခြုံကြားက အစုတ်ပလုတ်ကောင်တစ်ယောက်လွမ်းတာများ စာဖွဲ့လို့…။
ဟိုက ပေါင်စတာလင် သိန်းသန်းနဲ့ ချီတဲ့ လစာငွေတွေအတွက် ကျားကွက်ရွှေ့သလို သူတို့ ဘဝတွေကို ရွှေ့လို့…။
ချောပေ့လှပေ့ ဆိုတဲ့ မော်ဒယ်လ်မတွေ…မင်းသမီးတွေ…အဆိုတော်မတွေကို…တော်ကောက်သိမ်းပိုက်လို့…။
မင်းလွမ်းတာလောက်တော့ ဒီ လူလွန်မသားတွေက လှည့်ကြည့်နေလိမ့်မယ် ထင်မနေနဲ့ဦး…။
အေး ဒင်း တို့ကို ငါ မလွမ်းတော့ဘူး…။
ဒါပေမယ့်…။
တစ်စုံတစ်ယောက်ကိုတော့ လွမ်းဆွတ်တမ်းတခွင့်ပြုပါ ကွယ်…။
ဆာ အဲလက်စ် ဖာဂူဆန်…။
ဟုတ်ပါတယ်…။
ဒါလေးတစ်ခုတော့ ခွင့်ပြုပါ…။
ခင်ဗျားကြီး ရက်စက်လွန်းပါတယ် ဆာအဲလက်စ် ဖာဂူဆန်…။
ခင်ဗျားကြီးက အားကောင်းလွန်းတဲ့ မုန်တိုင်းတစ်လုံးပါဗျာ…။
တစ်လောကလုံး ကို မညှာမတာ လှည့်ပတ်တိုက်ပြီး…တိုက်စရာမကျန်တော့မှ
လှည့်ထွက်သွားသလိုမျိုး ခင်ဗျားမို့ လုပ်ရက်တယ်…။
ကျွန်တော်တို့မှာတော့ ခင်ဗျားတိုက်ခဲ့တဲ့ မုန်တိုင်းဒဏ်ကြောင့် ဗြောင်းတွေကိုဆန်လို့…။
ဒါပေမယ့် ကျွန်တော်တို့ စိတ်မနာနိုင်ပါဘူး…။
ခင်ဗျားကြီးကို လွမ်းဆွတ်တမ်းတနေဆဲပါ…။
အချိန်ရလို့ မြန်မာပြည်ဘက်ရောက်ရင် ဝင်ခဲ့ပါဦးဗျာ…။
ဝိုင်ကြိုက်တတ်တဲ့ ခင်ဗျားကြီးကို
မြန်မာပြည်ရဲ့ မေမြို့ဝိုင်လေး တစ်ခွက်လောက် တိုက် မလားလို့…။

ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။
(မှတ်ချက်။ ။ မန်ယူ နှင့် ဝီးဂန် ကန်ခဲ့သော ပွဲပြီးခဲ့သည့် ည က ရေးထားခဲ့သော ပို့စ် ဖြစ်ပါသည်…။
အခု မန်ယူ က ဆွမ်ဆီး အသင်းအား အဝေးကွင်းတွင် ၄ ဂိုး ၁ ဂိုး ဖြင့်နိုင်ပြီး ချန်ပီယံခြေစွမ်း ပြခဲ့ပြီးဖြစ်ပါသည်…။
ပို့စ်မတင်တာလည်း ကြာ…၊
ရေးပြီးသားကလည်း ဒါပဲရှိလို့…၊
တင်လိုက်ခြင်းဖြစ်ပါသည်…။
မန်ယူ ပရိသတ် စစ်စစ် များ သည်းခံခွင့်လွှတ် ဖတ်ရှုကြပါကုန်…။)

25 comments

  • အလင်းဆက်

    August 25, 2013 at 8:07 pm

    ဘောစကားဆိုတော့…
    ကိုယ်နဲ ့ ဆိုင်တာပဲဟ..ဆိုပြီး….
    ခပ်မြန်မြန် ဝင်ဖတ်လိုက်ပါတယ်..လေး ဘလက်ရေ… ။

    :kwi:

  • uncle gyi

    August 25, 2013 at 10:40 pm

    ကိုဘလက်ကဆာကြီးကိုလွမ်းနေတာကိုး
    ကောင်းတာလည်းကောင်းတာပ
    နဲနဲတော့အချိန်ပေးပြီးစောင့်ကြည့်ပါအုန်းလေ
    ချက်ချင်းကြီးဆာကြီးနဲ့ယှဉ်လို့ဘယ်ဖြစ်ပါ့မလဲနော်

  • surmi

    August 26, 2013 at 7:36 am

    အားဟားး
    ကိုဘလက်​ကြီး​ရေ … ပြန်​​တွေ့ရတာဝမ်​းသာတယ်​ဗျို့
    ကျ​နော်​လည်​း ဆာကြီး ကိုသတိယလျက်​ပါဗျာ
    ​လောင်​းကစားသမားဘက်​ကကြည်​့ရင်​လည်​း ဆာကြီး ကအ​သေမသတ်​ဘူးဗျို့
    ပြန်​​တော့​ပေး​သေးတယ်​ 🙂
    ကစားကွက်​နဲ့ မန်​ယူစိတ်​ဓတ်​ကို ​ဖော်​​ဆောင်​တာအကြိုက်​ဆူံးပဲ

  • Min Zarni

    August 26, 2013 at 7:44 am

    သိပ်ပရိုဆန်လွန်းတော့လည်း ကဗျာ ဆန်ချင်မှ ဆန်လိမ့်မပေါ့ ဘဘဘလက်ရေ..
    ဘိုးတော် က သိပ်လှတဲ့သမိုင်းကို ထားခဲ့သူပါဗျာ..
    သူအိုပြီလေ …သူနာတော့မှ မိသားစုကို အချိန်ပေးမယ်ဆို သူသိပ် တကိုယ်ကောင်းဆန်ရာကျမပေါ့
    သည်တော့ သူ့ လက်ကျန် ကာလအပိုင်းအခြားကို မိသားစုအတွက် ပေးတာကျနော်တို့ မတ်တပ်ရပ် လက်ခုပ်တီးကြရအောင်လားဗျာ…
    မိုယက်စ်ကိုလည်း အားပေးရင်းပေါ့..(စကော့အချင်းချင်း သတင်းလွေ့လွေ့လုပ်သွားတာတော့ သိပ်မနှစ်မြို့ဘူးဗျ)
    တကယ်တော့ ယူနိုက်တက်ဆိုတာ မော်ရင်ဟို ခေါ်မလား ကာပယ်လိုခေါ်မလား ကမာ္ဘ့ထိပ်တန်းတွေအကုန်
    မျက်ခုံးပင့်ကြည့်ရတဲ့အသင်း မဟုတ်လား… မိုယက်စ်က ဒုတိယတန်းစား ဆန်လွန်းတယ်..သို့ပေတဲ့
    သူ့ကိုရွေးပြီးပြီ ဆိုမှတော့ ယုံကြည့်ကြရုံသာ ..
    နောက်တဆင့်ကို အတူတူ တက်ကြတာပေါ့ ဗျာ…
    ဝိုင်းကြ ဝန်းကြမယ့် နဗီးလ် တို့ ဂစ်စ် တို့ကလည်း လူညံ့တွေ ဖလာ တွေမှမဟုတ်တာရယ်..

    တော်သေးဘီ
    ခင်တဲ့
    ဂီ

  • garfield

    August 26, 2013 at 8:50 am

    ခဏ စောင့်ဦးးးး
    မန်ယူ ပိတ်သတ် စစ်စစ်လေးသွားခေါ်လိုက်ဦးမယ်။ 😀

  • Zaw Thant

    August 26, 2013 at 10:12 am

    .. မန်ယူမှာ player ကောင်းတွေ ဝင်လိုက်ထွက်လိုက်လုပ်ကြတာ ကြာတော့ သိပ်မခံစားဖြစ်တော့ဘူး.. ဘက်ခမ် ထွက်သွားတုန်းကတော့ အတော် feel ဖြစ်လိုက်ပါသေးတယ်.. နောက်တော့ ဒါ သဘာဝပဲ လိုသိသွားတော့ သိပ်မခံစားဖြစ်တော့ဘူး.. ဒါပေမယ့် ဆာအဲလက်စ် ထွက်သွားတာကတော့ ခြားနားတဲ့ ကိစ္စတစ်ခုပါ.. ကို်ယ့် မသိစိတ်ထဲမှာ မန်ယူ နဲ့ ဖာဂူဆန်ဆိုတာ သက်သက်စီမြင်လို့ရခဲ့တဲ့ ကိစ္စတစ်ခုမှ မဟုတ်ပဲလေ.. ဒါပေမယ့် အောင်အောင်မြင်မြင် နှုတ်ဆက်သွားနိုင်တာရယ်၊ သူ့မိသားစု အတွက် အချိန်ပေးနိုင်ဖို့ ဖြစ်တာရယ်ကြောင့် ကျွန်တော်တို့ ကျေကျေနပ်နပ် ဂုဏ်ပြုလို့ရလိုက်ပါတယ်..

    .. မိုယက်စ် ကိုတော့ ကျွန်တော့်အနေနဲ့ စောင့်ကြည့်ဖို့ပဲရှိပါတယ်.. ဖာဂူူဆန်ကိုယ်တိုင် မန်ယူကို စကိုင်ကာစက လျှမ်းလျှမ်းတောက် နည်းပြ အနေနဲ့ဝင်လာတာမဟုတ်တာကြောင့် သူနဲ့ အလားသန္တန်တူတဲ့ နိုင်ငံတူ ဂျူနီယာတစ်ယောက်လက်ထဲ ထည့်ပေးလိုက်တယ်လို့ ယူဆရပါတယ်.. 🙂

  • Crystalline

    August 26, 2013 at 10:57 am

    သူ့အသက်အရွယ်ကလည်းနားဖို့အနေအထားဆိုတော့လဲ.. နားပါစေလေ.. အနိုင်နဲ့ပိုင်းပြီး သိက္ခာရှိရှိနည်းပြဘဝကိုအဆုံးသတ်နိုင်ခဲ့တဲ့ ဘိုးတော်ကြီးအတွက်ဂုဏ်ယူပါတယ်.. တခါတလေလူမထင်တဲ့အကွက်တွေနဲ့ထွက်လာတတ်တဲ့အဖိုးကြီးကိုတော့ သတိယနေရအုန်းမှာပါ..

  • black chaw

    August 26, 2013 at 11:59 am

    @ အလင်းဆက် ;
    စိတ်ဝင်စားသည် ဖြစ်စေ၊ မဝင်စားသည်ဖြစ်စေ…။
    ကွန်းမန့်လည်းပေးသွားတယ်…။
    ပထမဆုံးကွန်းမန့်လည်း ဖြစ်တယ်…။
    အဲဒီအတွက် အထူး…အထူး…အထူး…ကျေးဇူး…။
    😀

  • black chaw

    August 26, 2013 at 12:02 pm

    @ uncle gyi ;
    မဆုံဖြစ်ကြတာ အတော်တောင်ကြာနေခဲ့ပြီ နော်…အန်ကယ်ကြီးရေ…။
    ဘာရယ်မဟုတ်ပါဘူးခင်ဗျာ…။
    အဲဒီအချိန်မှာ ဖြစ်နေတဲ့ ခံစားမှုကို ချရေးလိုက်တာပါ…။
    ဟုတ်ပါတယ်…။
    မိုရက်စ် ကို ကျွန်တော်တို့ အချိန်ပေးရမှာပါ…။
    ကွန်းမန့်လေးအတွက် ကျေးဇူးအထူးပါဗျို့…။
    😀

  • black chaw

    August 26, 2013 at 12:07 pm

    @ surmi ;
    ကျွန်တော်လည်း ဝမ်းသာ ပါတယ် ကိုဆာမိကြီးရေ…။
    မမြင်ရတာ အတော်တောင်ကြာပြီနော်…။
    ဒါ…ဆာအဲလက်စ် ကို လွမ်းတဲ့ ပို့စ်လေးပါ…။
    အတူလွမ်းကြတာပေါ့ဗျာ…။

  • black chaw

    August 26, 2013 at 12:11 pm

    @ Min Zarni ;
    အီတာလျန် ခရေဇီ ဖြစ်တဲ့ ညီလေးကတောင်
    ဆာအဲလက်စ် ရဲ့ အနားယူမှုကို နားလည်စာနာပေးနိုင်တယ်ဆိုတော့…
    မန်ယူခရေဇီဖြစ်တဲ့ ကိုယ်တို့က ပိုနားလည်ပေးရမှာပေါ့ကွယ်…။
    အဲဒါကိုက လွမ်းစရာကောင်းနေပြန်ရော…နော့်…။
    😀

  • black chaw

    August 26, 2013 at 12:13 pm

    @ gar field ;
    မန်ယူပိတ်သတ် စစ်စစ်လေး တဲ့…။
    သွားခေါ်ခဲ့…။
    စိတ်ရှည်လက်ရှည် စောင့်…ဦး…မှာ…။
    😀

  • black chaw

    August 26, 2013 at 12:18 pm

    @ Crystalline ;
    ကွန်းမန့်လေး အတွက် ကျေးဇူးပါဗျာ…။
    သတိရတယ်ဆိုတာလည်း လွမ်းခြင်းတစ်မျိုးပေပဲမို့…
    အတူတူ သတိရပြီး…
    အတူတူ လွမ်းကြတာပေါ့…နော့်…။
    😀

  • amatmin

    August 26, 2013 at 2:43 pm

    ကျောင်းဒကာကြီးပြောသလို ဒီရာသီ မန်ယူပွဲကြည့်ရတာ
    ဟာတာတာဖြစ်နေတာတော့ အမှန်ပဲ ။
    သို့ပေသိ အပြောင်းအလဲ ဆိုတော့လည်း
    နောက်လူက သူ့ထက်မသာတောင် သူ့လောက်နီးနီးကောင်းပါစေလို့ပဲ. ။
    ဒီညပွဲကြည့်ပီးမှ မန်ယူအသင်းကို ခြေမှန်လို့ရမယ်ထင့် ။
    ကိုယ်တချိန်ကိုင်ရမယ်လို့ သေချာနေသလောက်ရှိတဲ့ အသင်းကို
    ဝင်နည်းပြသွားတဲ့ မိုယက်စ်လိုနည်းပြထက်သာကြောင်း
    ပြချင်လွန်းနေမဲ့ မော်ရင်ဟို နဲ့ ဒီလိုအသင်းကိုနည်းပြဖို့အတွက်
    အဆင့်မှီကြောင်း ဒီပွဲမှာ သက်သေပြချင် ညဏ်ကုန်ထုတ်မဲ့ မိုယက်စ် … ။
    ဒီချိန်ဆို ချစ်သောဖာဂီလည်း မိုယက်စ်နဲ့ မန်ယူ တသားတည်းဖြစ်ဖို့ပဲ မျှော်လင့်နေမှာရယ် ။

    • black chaw

      August 27, 2013 at 10:12 am

      @ amatmin ;
      မြင်ရတွေ့ရခဲတဲ့ ညီလေးရဲ့ ကွန်းမန့်လေးကို
      မြင်ခွင့်တွေ့ခွင့်ရတာနဲ့တင် ဒီပို့စ်လေး တင်ရကျိုးနပ်ပြီပေါ့ဗျာ…။
      ညက ကန်သွားတာတော့ ဘောလုံးပိုင်ဆိုင်မှုရော ကစားကွက်ရော
      မန်ယူက သာတယ်ဗျ…။
      လိုရာဆွဲပြောရရင် လက်ထိဘောတွေသာ ပင်နယ်တီရခဲ့ရင်…
      မော်ကြီး ငိုင်ကျသွားမှာ မြင်ယောင်နေသေး…ဟေးဟေး…။
      😀

  • ကိုရင်စည်သူ

    August 26, 2013 at 2:49 pm

    ဆရာဘလက်ချော.. ခုမှ မန်ယူဖန် ဖြစ်တာ သိရတော့တယ်…
    ဖာဂူကြီးမရှိတော့ မန်ယူကစားကွက်ပိုင်းနဲ့ စိတ်ဓါတ်ပိုင်းတော့
    အရင်ကတော့လောက် ဒီနှစ်ရာသီရှိမယ်မထင်တော့ဘူး…။ ။
    သို့ပေမဲ့ ဆင်ပိန်ကျွဲလောက်ရှိပါသေးတယ်… ပရီးမီးယားလိဂ်ပိုင်း
    စိတ်ချလို့ရပေမဲ့ ချန်လိဂ်တို့ ဥရောပအဆင့်ကျတော့ ဒီနှစ်
    တယ်ပီးအောင်မြင်မယ်လို့ မမှန်းဘူး။ သေချာဒါကတော့ မိုယက်စ်လည်း
    နည်းပြညံ့မဟုတ်ပါဘူး.. မန်ယူ ဖန်များ စိတ်အေးအေးထားဘာလော့..
    ကိုယ်တွေ လီဗာဘူးကြီး ခုထိ ရှူံးပွဲမရှိသေးဘူး.. ငိငိ…
    ပြန်ရောက်မှ. .မန်ယူနဲ့ ဘာဘူတွေ့ရင်.. လေးဘလက်နဲ့ ဝမ်းစလုတ်ကြေးလောင်းမယ်…
    ရှူံးဒဲ့လူ ဒရက်ကူလာ ဖြစ်ကြေးးး :mrgreen:

    • Min Zarni

      August 26, 2013 at 3:06 pm

      ဖာဒီနန် ဗီဒစ် အီဗရာ ၃ယောက်ပေါင်း အသက် တရာလောက်နဲ့ ဘာဖလား လိုချင်တာတုန်း
      ဟာဇက် မာတာ အော်စကာ ..သိပ်မြန်တဲ့ကောင်ဒွေ…
      ဒချိ ဒချိ လိုက်လို့ ငိငိ မအော်နိုင် ဖြစ်သွားမယ်

    • black chaw

      August 27, 2013 at 10:18 am

      @ ကိုရင်စည်သူ ;
      ကွန်းမန့်လေးအတွက် အထူးကျေးဇူးနော် ညီလေးရေ…။
      ကိုယ်က မန်ယူ ဖန် ဖြစ်မဖြစ်တော့ မသိဘူးကွယ်…။
      မကျေနပ်ရင် ဓါးယူလာခဲ့…။
      လက်မောင်းကို ဆတ်ကနဲ ထိုးထည့်လိုက်…။
      ထွက်လာတဲ့ သွေးကိုက မန်ယူသွေး စစ်စစ်…။
      (အစ်မခင်လတ်ရေ…အစ်မသူငယ်ချင်း ကျွန်တော့်ဆရာသမားရဲ့
      ဒိုင်ယာလော့ခ်ကို ခိုးချထားတာ ရှက်ရှက်နဲ့ ဝန်ခံပါတယ်ဗျာ…)
      လီဗာပူး တဲ့လား…။
      နားစွန်နားဖျားကြားမိဘူးတယ်ထင်ပါတယ်…။
      ဟေး…ဟေး…။
      (အပျော် ပါ ညီလေးရေ…။)
      😀

  • Mr. MarGa

    August 26, 2013 at 5:54 pm

    အင်း…….
    လောလောဆယ်တော့
    ဆာအဲလက်စ် ကိုယ်တိုင်က ယုံယုံကြည်ကြည် ရွေးချယ်ပေးတဲ့သူမို့
    မိုယက်စ်ကို ကျွန်တော်တို့ မျှော်လင့်ချက် ထားပါတယ်။
    ဘယ်လိုပဲ ဖြစ်နေဖြစ်နေ
    ရလာဒ်တွေ ဘယ်လောက် ဆိုးပြီး နေပါစေ
    နောက်ဆုံးမှာတော့ သရဲနီဟာ သရဲနီပါပဲဗျာ 🙂

    • black chaw

      August 27, 2013 at 10:20 am

      @ Mr. MarGa ;
      ဒီလိုပဲ ဖြစ်ရမှာပေါ့ ကိုမာဃရေ…။
      နောက်ဆုံးမှာတော့ သူရဲနီ ဟာ သူရဲနီပဲ ဖြစ်ရမှာပေါ့ဗျာ…။
      😀

  • kai

    August 27, 2013 at 5:07 am

    ဘောလုံးဆို.. ပေါက်စီလောက်ခေတ်မှာထားခဲ့သမို့…
    မသိရေးချ .. ခရေဇီမဖြစ်ဗျာ…။

    ပြောသာပြောတာ..ခုတလော.. ခလေးမတွေ.. ဘောလုံးဘောင်းဘီတွေနဲ့.. အပြင်မှာခဏခဏတွေ့တယ်..
    ဖက်ရှင်လား.. တကယ်ကန်ကြတာလား.. မသိ.. :mrgreen:

    • Min Zarni

      August 27, 2013 at 6:39 am

      ပါရာဂွိုင်းလ် ရယ် ရီကွယ်မီးလ် ရယ် ဆိုတဲ့ ကီးဝေါ့လေး ၂လုံးနဲ့ ရှာကြည့်သဂျီးရေ…
      ငိငိ

    • black chaw

      August 27, 2013 at 10:23 am

      @ kai ;
      အသာလုပ်ပါ သူကြီးရေ…။
      ပေါက်စီ ဆိုလို့ ကလေးတွေက ဟိုပေါက်စီကို ပြောတယ် ထင်နေဦးမယ်ဗျ…။
      သူကြီးပြောတာ မန္တလေးတိုင်းက ပေါက်စီကို ပြောတာနေမှာပါ…။
      အမေရိကန် ဂိုးသမားလေး ဟုတ်ဆိုလို ကိုတွေ့ရင်…
      သူကြီး ဘောလုံးကို စိတ်ဝင်စားလောက်မယ် ထင်ပါရဲ့…။
      😀

  • kyeemite

    August 27, 2013 at 11:36 am

    ရဲဘော်ဘလက်ရေ..ဘောလုံးအကြောင်း နကန်းတစ်လုံးမှမသိလို့
    ဖတ်ပြီးဘာမှမမန့်တော့ဘူးဗျာ..နော 😀

  • ဦးကျောက်ခဲ

    August 27, 2013 at 12:43 pm

    ဆာအဲလက်စ်ကြီးကို ဘိုင်ယန်က ဂျာမန်တွေ ပုလဲခအောင်လုပ်ဖူးလို့…
    လက်မအကြီး ကြီး ထောင်ဖူးတယ်ခင်ဗျ…
    ကျန်တာကတော့ ကျောက်စ်လည်း ဘောနဲ့ဝေးသူမို့…
    😀

Leave a Reply