ဆက်လျှောက်ရဦးမည့် လက်ဆင့်ကမ်း အနာဂတ် ( ရွှေကူမေနှင်း )
“အခုတစ်လော ဖုန်းလာရင် ကိုင်ရမှာတောင် ခပ်လန့်လန့်ပဲ”
အထက်ပါစကားကို ကျမအနေနှင့် ရယ်စရာပြောခြင်း မဟုတ်ပါ။
စာရေးဆရာတယောက် ကွယ်လွန်၍ ဈာပန လိုက်ပို့သည့်နေ့မှာ နောက်တယောက် ကွယ်လွန်ကြောင်း ကြားရသည်။
ထိုတယောက်ကို လိုက်ပို့ပြီး နောက်နေ့မှာ နောက်တယောက် ကွယ်လွန်ကြောင်း ကြားရပြန်သည်။
သူတို့သည် ရိုးရိုး စာရေးဆရာများ မဟုတ်။ တိုင်းပြည်အပေါ် စေတနာမှန်သူများ ဖြစ်သည်။
တိုင်းပြည်အတွက် တစုံ တရာ စွန့်လွှတ် အနစ်နာခံခဲ့ကြသူများ ဖြစ်သည်။
ထို့ကြောင့် ဤကဲ့သို့ ပုဂ္ဂိုလ်မျိုး ကွယ်လွန်သွားကြခြင်း၊ အထူးသဖြင့် ရှေ့ဆင့်နောက်ဆင့်ကွယ်လွန်သွားရခြင်းသည် တိုင်းပြည်အတွက် များစွာထိခိုက်သည်ဟု ဆိုရပါမည်။
ထို့ပြင် တိုင်းပြည်တည်ဆောက်ရေး ကာလ၊ အားပြိုင်နေရသော ကာလတွင် ကိုယ့်ဘက်သားများ အင်အားလျော့နည်းသွားရသဖြင့် အားလျော့မိတာကိုလည်း ဝန်ခံရပါမည်။
မတရားမှုကို “သရော်စာ” ဖြင့် ကလိတတ်သဖြင့် ထိရောက်လှသော အကျိုးပြုစာများကို ရေးသားတတ်သူ မင်းလူ။
နိုင်ငံရေးကို အတွင်းကျကျ နားလည်ပြီး ရိုးသားဖြူစင်စွာ ဆင်ခြင်တိုင်းတာလျှက် နှစ်ဖက် အဆင်ပြေအောင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုကို အရယူပေးနိုင်သူ မောင်ဝံသ။
ဘယ်သူ တရားပျက်ပျက် ကိုယ်မပျက်နဲ့ ဟူသော လက်သုံးဝါဒဖြင့် မြန်မာ့ငြိမ်းချမ်းရေး အတွက်
“ရန်သူမရှိ၊ မိတ်ဆွေသာရှိ” ဟူသော မေတ္တာ တရားဖြင့် လူငယ်တွေ၏ ဒေါသမီးကို ငြှိမ်းသတ်ပေးနိုင်သူ ဆရာ ဒဂုန်တာရာ။
ရှေ့ဆောင်လမ်းပြ လုပ်ဆောင်ခဲ့ကြရင်း ပျပျလေး မြင်သာသော ကမ်းအရောက် ဖြုတ်ခနဲ ကျဆုံးသွားခဲ့ကြ၏။
ရှေ့တန်းက ပုဂ္ဂိုလ်များတပြိုင်နက်တည်း ကျဆုံးခြင်းသည် တပ်ပျက်လု မတတ် သွေးပျက်ဖွယ် ဖြစ်နေသည်။
အလုပ်တွေက မပြီးသေး။ ကိစ္စတွေက မရေရာ။ ဘာကိုမှ စိတ်ချ၍ မဖြစ်သေးသော အနေအထား။
ရှိသမျှအားတွေ စုစည်းပြီး “တို့လူတွေ တောင့်ထား” ဟု အချင်းချင်း အားပေးနေရသည့် ကာလ။
သူတို့ကို လိုက်ပို့ရသည့် ပန်းခြင်းများသည် အရှုံးပန်းများ ဖြစ်၏။ အလွမ်းပန်းများ ဖြစ်၏။
စိတ်အားငယ်ဖွယ် ပန်းများလည်း ဖြစ်သည်။ သည်လို အရေးတကြီး အချိန်တွင် သည်လို ပန်းခြင်းတွေကို မပြင်ဆင်ချင်တာ အမှန်ပါပဲ။
ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်နိုင်စွမ်းသော၊ ရုတ်တရက်အားဖြင့် နားမလည်လွယ်သော နည်းဗျူဟာများကို လုပ်တတ်သူများ ဖြစ်၍ အစားထိုးရန် ခဲယဉ်းနေသည်။
“ကျနော်တို့ဟာ ဂန္ဒီလို သည်းခံပြီး၊ ဗိုလ်အောင်ကျော်လို ရဲရင့် ရမယ်”
အထက်ပါ စကားကို ၁၉၉ဝ ခုနှစ် တုန်းက နာမည်ကျော် ဂန္ဒီအစည်းအဝေး၌ ဆရာမောင်ဝံသက ပြောခဲ့ခြင်း ဖြစ်၏။
အောင်ပွဲသို့ ချီတက်ရာတွင် ရဲရင့်၍ ချည်း မလုံလောက်။ သည်းခံနိုင် ရပါဦးမည်။
ဟုတ်ကဲ့၊ ကျမတို့ သည်းခံခဲ့ကြ ပြီးပါပြီ။ ရဲရင့်ခဲ့ကြပြီးပါပြီ။ အောင်ပွဲလည်း မြင်ရခါနီးနေပါပြီ။
သို့သော်…
ပန်းဝင်ခါနီးမှ မြင်းကောင်း ခွာလိပ်ဖြစ်တတ်ကြောင်း သတိချပ်ရ ပါဦးမည်။
တခါတရံ ပန်းဝင်စောသည့်တိုင် လိုင်းမှား ဝင်မိ၍ ဆိုပြီး အပယ်ခံရတတ်ပါသေးသည်။
ပန်းတိုင်ကို မိမိရရ ဆုပ်ကိုင်ပြီးသည့်တိုင် လက်လွှတ်၍ မဖြစ်သေး။ ခိုင်မာသည် အထိ မြဲမြဲဆုပ်ကိုင်ထားဖို့ လိုသည်။
လက်ဆင့်ကမ်း တာဝေးပြေးပွဲ ဆိုတော့ ပို၍ပင် ဂရုစိုက်ရသည်။
ပြေးနေဆဲ တဦးဦးက ခြေခေါက်၍ လဲသွားစေဦးတော့၊ ကျန်လူများက အလံကို ကောက်ကို်င်ကာ ဆက်ပြေးဖို့ လိုသည်။
ရှေ့ကလူ လဲကျစဉ် လျော့ကျသွားသည့် ခရီးတာကို ကာမိအောင် နောက်လူများက ပို၍ ပြေးကြရန် လိုပါသည်။
ရှေ့တန်းက လူတွေ တယောက်ပြီး တယောက်ကျဆုံး သွားခဲ့ကြပြီ။
ကျမတို့ လုံးဝ မကျေနပ်။ သို့သော် ဘာမျှ မတတ်နိုင်။ ကျမတို့ လုပ်ဖို့တာဝန်က လဲကျသွားသော အလံကို ကေက်ကိုင်ပြီး ရှေ့သို့ ပြေးရန် ဖြစ်၏။
သူတို့ ဆုံးရှုံးခဲ့သော ခရီးတာကိုပါ မိမိတို့က ကာမိအောင် ပို၍ အားစိုက်ရန် ဖြစ်သည်။
သူတို့ လွတ်ကျခဲ့သော အလံ (လောလောဆယ်မှာ စာပေလွတ်လပ်ခွင့် ဥပဒေ) ကို ကျမတို့သည် စာဖတ်သူများ ရုပ်သံမှ လည်းကောင်း၊
အခြား အခြားသော မီဒီယာများမှ လည်းကောင်း ခပ်ကျယ်ကျယ် ပြောခဲ့၏။ သူတို့ကလည်း ထပ်ကာထပ်ကာ လွှင့်ကြ၏။
ပြောရမည်။ လွှင့်ရမည်။ သူတို့ မရှိတော့ပြီမို့ သူတို့ ကိုယ်စားပါ ပို၍ ပြောရတော့မည်။
လမ်းပေါ်မှာလည်း လူငယ် တဦးစ၊ နှစ်ဦးစ တီရှပ်အဖြူပေါ်မှာ “သတင်းလွတ်လပ်ခွင့်ပေးရေး” ဟူသော စာတန်း ရိုက်ထားသည့် အင်္ကျီ ဝတ်ပြီးသွားနေသည်ကို မြင်ရ၏။
အားတက် သွားမိသည်။ ဟုတ်ပါရဲ့။ တို့လူတွေ အများကြီးပဲ ဟု သတိရ၏။
တက္ကသိုလ်က ဆရာမများ၊ ကုမ္ပဏီမှ ဝန်ထမ်းများနှင့် တွေ့စဉ် “စာပေလွတ်လပ်ခွင့် ဥပဒေ ကျမတို့ ထောက်ခံ လက်မှတ်ထိုးလိုက်တယ် နော်” ဟုပြောကြ၏။
အားတက်သွားရ ပြန်သည်။
လောလောဆယ်မှာတော့ အလွမ်းပန်းခြင်းများကို ငေးမော မျက်ရည်ကျနေ၍ မဖြစ်သေး။
လက်ကျန်လူများ၊ ပြီးတော့ တက်ကြွနိုးကြားသော မျိုးဆက်သစ်လူငယ်များ ရှိသမျှ လူအားနှင့် ကျမတို့ တာဝေးကို ဆက်၍ ပြေးကြရပါဦးမည်။
အလံကို မလွှတ်စတမ်း လက်ဆင့်ကမ်း သယ်ဆောင်ကြရ ပါဦးမည်။ သိပ်မဝေးသော အနာဂတ်တွင် ပန်းတိုင်ကို ပျပျမြင်နေရပြီ။
အသက်ကို ပြင်းပြင်းရှူသွင်းပြီး ကျမတို့ အစွမ်းကုန် ပြေးကြရပါဦးမည်။
ငြိမ်းချမ်းသော အနာဂတ်၊ လှပသော အနာဂတ်၊ ကြည်နူးဖွယ် ကမာ္ဘကြီးကို ကျမတို့ မြင်ကြရမည်မှာ မလွဲပါ။
သည်ကြားထဲ အားခဲ၍ အလုပ် ပိုလုပ်ကြရပါတော့မည်။ ။
( http://burma.irrawaddy.org/archives/47054 )
( ဓါတ်ပုံ ဧရာဝတီ )
11 comments
အလင်းဆက်
August 27, 2013 at 6:00 pm
အင်းး
သွားတဲ့ လူတွေလည်းသွားကြပြီ
ကျန်ရစ်သူတွေ ထဲက အလုပ်ပိုလုပ်ရမယ့်သူတွေကလည်း လုပ်ရဦးမယ်
နာကျင်င်္လမ်းမောဖွယ်ရာ အတိတ်ကို
ခဏ တဖြုတ်လှည့်ကြည့်ပြီး
ယူစရာရှိတာ ယူ
ပြီးတာနဲ့ ပိုကောင်းတဲ့အနာဂတ်ကို
ဖန်တီးဖို ့
လက်တွေက အသင့်ဖြစ်စေရတော့မယ်
ဘာရယ်မဟုတ်
ဒီ ပိုစ့်ဖတ်ပြီး အတွေးထဲ ဝင်လာတာလေးတွေ ပြောပါတယ်။
လေးလေးမျိုး ရေ
စာကောင်းပေမွန်တွေ ဝေမျှပေးလို့ ကျေးဇူးပါပဲဗျ
ခင်မင်လေးစားလျက်
kai
August 28, 2013 at 7:28 am
၈၈ကနေ.. အခုထိကြား.. ဂျင်နရေးရှင်းတခု.. ခါးပြတ်သွားတယ်လို့.. ခံစားမိနေတာ… ဆရာမကြီးစာဖတ်မိတော့.. ပိုသေချာသလိုဖြစ်မိတယ်…။
ဆိုတော့…
လူငယ်တွေကိုသာအားကိုးရာ ရှိပါတော့ကြောင်း…။
Ma Ma
August 28, 2013 at 8:18 am
ဟိုဘက်မှာ မှီ ရေးတဲ့စာက အစိမ်းသေတဲ့ သဂျီးရေ……….. 🙁
garfield
August 28, 2013 at 8:32 am
လက်ဆင့်ကမ်းမဲ့ လူငယ် စာရင်းသိရအောင်
သန်းကောင်စာရင်း အမှန်အကန်ရှိသလား ဟမ်???
:kwi:
Min Zarni
August 28, 2013 at 9:11 am
လက်ဆင့်ကမ်းရမယ့်လူငယ်လား
ဘီယာဆိုင် ဂိမ်းဆိုင် မာဆတ် နဲ့ တည်းခိုခန်းတွေမှာ လူလိုက်စုဗျာ…
ငိငိ
ဒါတောင် တိမ်စီးပီး လွင့်နေတဲ့ ကိုယ်တော်မြုပ်တွေ ကျန်ဦးမယ်…
ဦးကျောက်ခဲ
August 28, 2013 at 9:18 am
လက်ကမ်းလို့သယ်မည့် လူငယ်မျိုးဆက်ကို…
သမိုင်းအမှားတွေပေး ဝါဒရေးရာ မှိုင်းတိုက်ထားတာ…
မဆလခေတ်နဲ့ နောက်တိုး စစ်ကျွန် ငွေရတုတောင်ရှိခဲ့ပြီမို့ ရင်လေးပါရဲ့ဗျာ…
kyeemite
August 28, 2013 at 11:12 am
ရှေ့ရေးတွေးပြီး…ဒီကဗျာလေးပဲ ပြန်သတိရမိပါတယ်…အိပ်ပျော်မေ့လျော့နေသူများ…
ထလော့ မြန်မာ ထလော့..။
ထလော့ မြန်မာ
ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေဝယ်
စေတီစပါး များလည်းများ၏
များပါလေလည်း တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင် ယာစကာမျိုး
တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း
ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက်
မစားလေရ ဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေဝယ်
ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား များလည်းများ၏
များပါလေလည်း တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
မြင်သာမြင်ရ မစားရ၍
တောက ပြိတ္တာဖြစ်မည်တည်း။
ထလော့မြန်မာ မြန်မာထလော့
အားမပျော့နှင့် မလျှော့လုံ့လ
သူကစ၍ ငါကအားလုံး
လက်ရုံးမြားမြောင် ဉာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ ဆောင်ကြလေလော့
ဤမြေဤရွာ ဘယ်သူ့ရွာလဲ
ဤယာစပါး ဘယ်သူ့စပါးလဲ
ထားလော့တာဝန် ပွန်လော့လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍ တဝမ်းတစိတ် ညီစေသတည်း။
ဇော်ဂျီ
kai
August 28, 2013 at 11:59 am
မြန်မာပြည်ထဲရင်းနှီးမြုတ်နှံဖို့.. မြန်မာပြည်တောထဲအထိဆင်းလေ့လာနေတဲ့ ဂျပန်တယောက်ပြောတာ…
ကားနဲ့သွားရင်.. ရွာတွေဖြတ်တဲ့အခါမယ်.. တဲကုတ်တွေ. အိမ်စုတ်တွေ.. တဲကုတ်တွေ. အိမ်စုတ်တွေ.. တဲကုတ်တွေ. အိမ်စုတ်တွေ.. .. တွေ့နေရပြီး.. ဘွားကနဲ့အိ်မ်ကြီးအိ်မ်ကောင်းတခု…
မေးကြည့်… ဘုန်းကြီးကျောင်းတဲ့…
… တဲကုတ်တွေ. အိမ်စုတ်တွေ.. တဲကုတ်တွေ. အိမ်စုတ်တွေ.. တဲကုတ်တွေ. အိမ်စုတ်တွေ.. တွေ့နေရပြီး.. ဘွားကနဲ့ကျောင်းကြီးရခိုင်တခု… မေးကြည့်… ဘုန်းကြီးကျောင်းတဲ့…
ကြားထဲ..တောင်မြင့်..နေရာကောင်းမှန်သမျှ.. စေတီတွေများလည်းများတယ်တဲ့..
ပြန်တော့မယ်တဲ့လေ..
ဆိုတော့..
အဲဒီ..သာသနာဘာသာနားမလည်တဲ့.. ဂျပု.. အဲ..အဲ.. (အခုရှည်ကုန်ပြီ)..ဂျပန်ကောင်..
ပြန်တာကောင်းတယ်…
ငါတို့ဖာငါတို့.. လှူမယ်…တန်းမယ်..
နောင်ဘဝကျ.. ရွှေအိမ်..ပတ္တမြားအိမ်ကြီးနဲ့နေမယ်… နင်လိုအကောင်ကို အိမ်အကူလုပ်ခိုင်းစားမယ်.. လို့.. မပြောလိုက်ပါဖူး… အဲ.. ဘူးးးးးးးးးးးးး။ :kwi:
ကွိ…။
လိုက်ဆို…
အရီးခင်
August 28, 2013 at 2:07 pm
တူတို့ ဂျပန် မှာလဲ တောင်ကုန်း အမြင့်ကြီးပေါ်မယ် ကွမ်ရင်မယ်တော် ရုပ်ထု အကြီးကြီး တည်ထားတာ ရှိပါတယ် မဟုတ်လား သူကြီးမင်း ရဲ့။
မြန်မာပြည်မှာ အိမ်ကြီး အိမ်ကောင်း တွေ နဲ့ နေနိုင် တဲ့ အစိမ်းရောင် လူတန်းစား က အများကြီးကို ပိုပြီး များပါတယ် သူကြီးရယ်။
ဘာသာရေး က ခုတုံး ပါ။
မြန်မာပြည် ဆင်းရဲ ရခြင်း တရားခံ က အာဏာရှင်/ အာဏာရူး တွေ ကြောင့်ပါ။
မြန်မာပြည်က ဘာသာရေးကိစ္စ တွေတစ်ချို့ ကို သူတို့ ကြိုးဆွဲ နေတာကြောင့်ပါ။
ကိုမျိုး ရေ ဆရာမကြီး စကား လေးတွေ မျှပေးလို့ ကျေးဇူးပါ။
ကျွန်မတို့ ရှေ့မှာ တော်တဲ့ မျိုးဆက်ရှိခဲ့တယ်။
ကျွန်မတို့ က သူတို့ လောက် မတော်ခဲ့ဘူး။
ကျွန်မတို့ အနောက်က မြန်မာပြည်ရဲ့ လက်ရှိ လူငယ်မျိုးဆက် က ကျွန်မတို့ လောက် တောင် အဖြစ်မရှိဘူး ခံစားရတယ်။
ဒါတွေဟာ ဒီအတိုင်း ဖြစ်သွားတာမဟုတ်ဘူး။
ပြုစုပေးမဲ့ ဥယျာဉ်မှူး မရှိခဲ့လို့ပါဘဲ။
kai
August 28, 2013 at 3:48 pm
အဲဒါ.. အဲဒီဂျရှည်ဂျပန်ပြောတဲ့အတိုင်း… ပြန်ပြောပြတာ…
ဆိုတော့… မြန်မာပြည်မယ်.. တောင်ကုန်းမြင့်မြင့်.. နေရာဆန်းဆန်းတိုင်း.. စေတီလိုက်တည်သလောက်တော့.. စိနသားတို့.. နိပွန်းဂျင်တို့တွေမဆန်းနိုင်.. ပိုက်ဆံမပေါနိုင်ပါဘူးလေ..
ရွာတရွာမှာ.. အကောင်းဆုံးအိမ်ဆိုရင်.. အစိမ်းဂိုဏ်းဝင်ထက်.. အဝါဂိုဏ်းဝင်က.. ပိုသာတယ်ထင်မိတယ်..။
ကျုပ်က… ဓါတ်ပုံတွေ..ဗီဒီယိုတွေကြည့်ပြောတာမို့.. အမြင်မှားတာလည်းဖြစ်ချင်.. ဖြစ်မပေါ့…
တကယ်တော့.. စေတီတည်ထားကိုးကွယ်တယ်ဆိုတာ… ဂေါတမဗုဒ္ဓလက်ထက်ကမရှိပါ..။
စေတီမှာထိုင်ကန်တော့.. ပန်းကပ်..ဆွမ်းကပ်တာမျိုးလုပ်ဖို့ကလည်း.. ဘုရားမဟောခဲ့ပါ…။
ဗုဒ္ဓအနားကပ်ကြည်ညိုနေသူကိုတောင်..ဗုဒ္ဓက ဟောက်လွတ်သမို့.. အဲဒီရဟန်းခမျာ သူ့ကိုယ်သူသတ်သေပါသတဲ့လေ…။
( အင်္ဂလိပ်လိုရေးတဲ့စာတွေမတော့.. အဲဒီလူသေစေမှုကို.. ဗုဒ္ဓနဲ့သွယ်ဝိုက်သက်ဆိုင်သလားလို့တောင် ဝေဖန်ရေးနေကြတာဖတ်ဖူးတယ်..)
စေတီတည်.. သသနာပြုတာမျီုးကို.. နောက်များမှ.. အုပ်ရောင်းသူတွေ..ဘိုးတော်တွေနဲ့ပေါင်းပြီး.. မားကက်တင်းလုပ်ထည့်လိုက်သလားမသိ.. :kwi:
ပြောရရင်.. (ခုတုံးလုပ်ထည့်လိုက်သူတွေရဲ့.. )စစ်တပ်အင်အားထက်.. ဘုန်းကြီးအင်အားကပိုများနေပါတယ်..။
ဘယ်သူက..ဘယ်သူ့ခုတုံးလိုက်သလည်း.. စဉ်းစားကြစေချင်… :kwi:
Wow
August 28, 2013 at 1:47 pm
ဟို အလေးပုသွားတဲ့ လူကြီးဒါ့ပုံကော မပါဝူးလား