Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အမှန်တရားဆိုတိုင်းလည်း မယုံနဲ့ ။ အဟက် အဟက်

alinsettAugust 27, 20131min71441

 

 

တစ်ခါတုန်းက . . . . . .

 

ဒေါက်တာအလင်းဆက် ဆိုတဲ့ စ်ိတ်ရောဂါကုဆရာဝန်တစ်ယောက်က

သူကုသပေးနေတဲ့ လူနာ သုံးယောက် စိတ်ရောဂါအခြေအနေ ဘယ်လောက် တိုးတက်ကောင်းမွန်လာပြီလဲ ဆိုတာကို စမ်းသပ်ပါတယ် ။

 

( ((( သူ ကုနေတဲ့ လူနာတွေ အခြေအနေ မတိုးတက်ရင် . . သူ ညံ့တယ် လို့အထင်ခံရမှာ စိုးတဲ့ စိတ်ရောဂါတစ်ခု အဲဒီဆရာဝန်ကြီးဆီမှာ

ရှိနေလို့နေမှာပေါ့ ။)))))

 

**************************

 

သူနာပြုဆရာမလေးချစ်သုဝေ ကို လက်ကလေးဆွဲကိုင်ပြီး ူစိတ်ရောဂါကုဆရာဝန်ကြီးအလင်းဆက်ကလူနာသုံးယောက်အရှေ ့မှာ ထိုင် / စမ်းသပ်ချက်တွေ ပြုလုပ်ပါတယ် ။

 

မေးခွန်းလေးတစ်ခု စ မေးပါတယ် ။

 

တစ်ယောက်ချင်းဆီကို မေးတာပါ။

 

ပထမဆုံးလူနာတစ်ယောက်ကို

မေးလိုက်တယ် ။

 

” သုံး သုံးလီ ဘယ်လောက်လဲ ”

 

အဲဒီမေးခွန်းကို ပထမဆုံးဖြေမယ့်စိတ်ဝေဒနာသည်က ((နာမည်က အံစာတုံး ပါ))

တော်တော် စဉ်းစားပြီးမှ ဖြေတာပါ ။

 

“ 3 × 3 = 126 ပါ ”

 

အဖြေကို ကြားတော့ ဆရာဝန်ကြီး စိတ် ပေ သွားပါတယ် ။

((( စိတ်ညစ်တာနဲ ့စိတ်ပေတာ တစ်သဘောထဲပါပဲ )))

 

အံစာတုံးရဲ့ စိတ်ရောဂါ အခြေအနေဆိုးတုန်းပါပဲလားးလို့မှတ်ချက်ချင်္ပြီး နောက်ထပ်တစ်ယောက်ကို မေးပါတယ် ။

 

***********************************

 

နောက်တစ်ယောက်ကိုလည်း . . . . . အဲဒီမေးခွန်းလေးပဲ ပြန်မေးပါတယ်။

 

” 3 × 3 = ??? ”

 

ဒုတိယ စိတ်ဝေဒနာသည်က

(( နာမည်က ကနားစီး ဂီ ပါ )) သေသေချာချာ စဉ်းစားတွက်ချက်ပြီး ပြန်ဖြေပါတယ် ။

 

” 3 ×3 = ကြာသပတေး ပါခည ”

 

ဆရာဝန်ကြီး အလင်းဆက် လက်လန်သွားပါတယ် ။

 

သုံး သုံးလီရဲ့ ရလဒ် က

ဂဏန်း တောင်မဟုတ်တော့ပဲ

ဗျည်းအက္ခရာတွေ ဖြစ်လာတော့

 

ဒီ ဂီဆိုတဲ့ လူနာ. . . တော်တော်အခြေအနေဆ်ိုးနေသေးတယ် လို့မှတ်လိုက်ပါတယ် ။

 

ဆရာဝန်ကြီးအလင်းဆက် ကိုယ်တိုင်လည်း ရင်ပူလာပါပြီ ။

 

သူ ကုသနေတဲ့လူနာတွေ အခြေအနေတိုးတက်မလာပဲ

ပိုများ ဆိုးလာပြီလား ဆိုပြီး တွေးမိလို့ပါ။

 

နောက်ဆုံးကျန်တဲ့ စိတ်ဝေဒနာသည်ကို စမ်းသပ်ရပါဦးမယ် ။

 

***********************************

 

တတိယ စိတ်ဝေဒနာသည်ကိုလည်း အဲဒီမေးခွန်းပဲ မေးရပါတယ် ။

 

 

တတိယ စိတ်ဝေဒနာသည်ကတော့ သေချာတောင် စဉ်းစားမနေပါဘူး။

ချက်ချင်းလက်ငင်းပြန်ဖြေလိုက်ပါတယ်။

((နာမည်က အတာလွင် ပါ ))

 

” 3 × 3 = ??? ”

 

” 3 × 3 = 9 ပါ ဆရာကြီး ”

 

ဆရာကြီး ရင်ခုန်သွားပါတယ် ။

အဖြေက မှန်နေပါလားး ။

 

ဒီ လူနာ တယ် ဟုတ် ပါလားးပေါ့။

 

ဝမ်းသာအားရနဲ့ ဆရာကြီးက

သေချာအောင် ထပ်မေးလိုက်ပါတယ် ။

 

”’ သုံး သုံးလီ ကိုး . . .

ဘယ်လို ရတာလဲ ကွယ့် ။

ဘယ်လို တွက်ပြီး ရတာလဲ ”’

 

အဲဒီ လို မေးလာတဲ့ဆရာကြီးကို

တတိယစိတ်ဝေဒနာသည် အတာလွင် က ထီမထင်ဟန်နဲ ့ပေစောင်းစောင်းကြည့်ပြီး ရှင်းပြပါတယ် ။

 

********************

 

”’ သုံး သုံးလီ ကိုး

ဘယ်လိုရလဲ ဆိုတော့

ပထမဆုံး ဖြေသွားတဲ့ လူရဲ့ 126 ထဲက. . . ဒုတိယ ဖြေသွားတဲ့ လူရဲ ့ ကြာသပတေးကို နှုတ်လိုက်တာ

ကိုးးးရတယ် လေ”’

 

*************************

 

ဆရာကြီး ဂွမ်းသွားပါတယ် ။

 

*************************

*************************

*************************

 

 

ဒီ အဖြစ်ကလေး ကြားပြီးတော့

ကျွန်တော် တို့ တွေးယူလို့ ရတာက

မှန်နေပြီ ဆိုတိုင်းလည်း ယုံကြည်လို့မရသေးဘူး ဆိုတာပဲ။

 

အဲဒီ အမှန်တရားကို သေချာ စစ်ဆေး တိုင်းတာကြည့်ဖို့လိုသေးတယ် ။

 

တချို ့အမှန်တွေက အတွင်းသားလှိုက်စားပြီး

မှားနေတာတွေ ။

 

**********************************

ရလဒ် ဟာ

အဖြေမှန် ဖြစ်နေရင်တောင်

ယုံယုံကြည်ကြည်နဲ့ ့ယုံပစ်လိုက်လို့မရသေးဘူး ။

 

***********************************

 

((( 2009 လောက်က စင်္ကာပူနိုင်ငံ စာပေဟောပြောပွဲ မှာ ဆရာနေဝင်းမြင့် ပြောခဲ့တာလေးကို အခြေခံပြီး ကျွန်တော် ဆက်တွေးး ဆက်ရေး မိတာလေးပါ ။ ))))

 

 

လေးစားစွာဖြင့်

 

အလင်းဆက်

 

~~~~~~~~~~~~~~~~~~~~~~

 

((( ကိုဂီ ~ အံစာတုံး ~ အတာလွင် ~ တို့ရဲ့ နာမည်တွေကို ချစ်ခင်စွာ ထည့်ရေးလိုက်ပါတယ် ။ အပျော်သဘောလေး ထည့်ရေးတာ ချိတ်ချိုးရဘူးနော် ။ )))

 

 

🙂

 

🙂

 

🙂

 

 

 

 

 

41 comments

  • Mr. MarGa

    August 27, 2013 at 6:19 pm

    ဆိုတော့
    အသင်က ဘာကို လိုချင်သလဲ
    အမှန်တရား လား
    အမှန်တရား ထွက်ပေါ်လာဖို့ လိုအပ်တဲ့ တွေးတောမြော်မြင်မှု လား
    မှန်နေတိုင်း ယုံကြည်လို့ မရဘူး ဆိုတာတော့ မှန်ပေမင့်
    အသင်က အမှန်တရား၊မှန်ကန်မှုကို လိုချင်တာ ဆိုရင်တော့
    ဒီအတိုင်းသာ ယုံလိုက်ပါ…

    • အလင်းဆက်

      August 27, 2013 at 6:30 pm

      အို သဂျား

      အကျနုပ်သည်ကား
      စစ်မှန်သော သစ္စာတရားကိုသာ
      မြင်တွေ ့လို ၏
      ထို့ကြောင့်
      အကျနုပ်သည်
      သစ္စာတရားကို ရှာဖွေသူဖြစ်ပေတော့သည် အသင်သဂျားးး

      အဟိ
      🙂

      ပထမ ဒီ ပိုစ့်ကိုရေးထားတုန်းက
      တတိယ ဖြေဆိုသူ နာမည်ကို
      ဦးမာဃ ဖြစ်တဲ့ နီ ့ကို ထည့်ရေးထားတာ

      ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့
      ဟိုဟို ဒီဒီ လျှောက်တွေး တဲ့သူတွေ တွေးမှာ စိုးလို ့
      ချစ်တဲ့သကြား နာမည်ကို ဖြုတ်ပြီး
      ဟိုအစုတ်ပလုပ် အတာလွင် ဆိုတဲ့နာမည်ကို ထည့်ပစ်လိုက်ရတာတွ

      ဟိုတစ်ခါ သဂျီးနဲ့ နားထိုင်းများ တုန်းကလို
      တညိုးတွေ ထင် မှာ စိုးသလေ

      :kwi:

      ချစ်ခင်လေးစားလျက်

      ဆက်ဆက်

      • Mr. MarGa

        August 27, 2013 at 6:47 pm

        အဟွန်း အဟွန်း
        သစ္စာကို ရှာလိုက် မေတ္တာကို ရှာလိုက်နဲ့
        သိပ်တော့ မရိုးဘူး အဟက်
        အဲဒီ အတာလွင် ကို အစုတ်ပလုပ် လို့တော့ မပြောနဲ့လေကွယ်
        တော်ကြာ ကဗျာလေးတွေ ထွက်မလာမှ ပြခန်းအတွက် ကဗျာနည်းနေပါဦးမယ် :kwi:

        • အလင်းဆက်

          August 27, 2013 at 8:54 pm

          အတာလွင်ကို ကြည့်မရဘူး ။
          အဲဒီကောင်က … ဟိုမင်းသာေးလးနဲ ့ တူနေလို ့….။
          သူ ကလည်း..ချစ်သုဝေကို ကြိုက်တာပဲ.တဲ ့..။

          အတာလွင်.. ကို ကြည့်မရဘူးးး
          🙂

          🙂

          သစ္စာ နဲ ့ မေတ္တာ.. ငါ..ရှာဖွေနေတာ…
          နေရာတော်တော်များများမှာ…
          ဗလာ ဗလာ….

          အဲဒိ စာသားကို သီချင်းရေးမယ် တွာ..။

          :kwi:

  • Min Zarni

    August 27, 2013 at 6:55 pm

    တိန်. ၃. သုံးလီ ၁ဝ ခည.
    ( လျှော့မတွက်နဲ့ )

    အာ ဟိ

    • အလင်းဆက်

      August 27, 2013 at 8:50 pm

      အော်… သုံး သုံးလီ ကြာသပတေး ပြောလိုပြော..
      တစ်ဆယ်ပြောလိုပြောနဲ ့…
      ဒိင်္ ဂီကိုဆေးထပ်တိုက်မှပါ ။

      အဟိ။

      ဦးချိုကြီး.. ကျနော့်ကို လာတို်ကနေတဲ ့ဆေးတွေ ကိုဂီ ့ကို တိုက်ချင်တယ် ။
      ———————-

      ကိုဂီရေ….
      နာမည်လေး ထည့်ရေးထားတာ ခွင့်လွှတ်နော်..။
      ချစ်လို ့စတာပါ ။
      🙂

      :kwi:

  • Ko chogyi

    August 27, 2013 at 7:31 pm

    ညီလေးအလင်းဆက်
    လိမ်မာပါတယ်။
    ဆေးသောက်ချိန်ရောက်ပြီ သောက်လိုက်ဦးနော်
    ပြီးမှ စာဆက်ရေး။
    ဆေးမသောက်ရင် ဆရာဝန်နဲ့ သူနာပြုတွေက ချုပ်ပြီးတိုက်နေဦးမယ်။
    သောက်လိုက်နော်..

    • အလင်းဆက်

      August 27, 2013 at 8:45 pm

      တိန် ။
      စိတ်ရောဂါကု ချရာဝင် ပါ ဆိုနေမှ…
      ဆေး လာတို်က်နေတယ် ။
      နိုလိုက်မှာနော်…
      ချစ်သုဝေကို ဖက်ပြီးးးး

      🙂

  • အရီးခင်

    August 28, 2013 at 2:03 am

    သူ့ဟာသူ ဘယ်လို တွက်တွက် အဖြေမှန် ရင်ပြီးတာဘဲ မဟုတ်လား။
    အဖြေ ရ ဖို့ က တစ်နည်းထက် မက ရှိနိုင်တာဘဲ။
    သူတွက်တာ မှားတယ် လို့ ဘယ်လို သက်သေပြမလဲ။
    မှားကြောင်း သက်သေပြလေ။
    (ပိုပြီး ရူးအောင် လို့။) 😉

    ဒါထက်
    အတာလွင် ဆိုတာ မသိပါလား။

    • အလင်းဆက်

      August 28, 2013 at 7:40 am

      အရီးရေ

      အတာလွင် ဆိုတာက
      ကဗျာရေးတဲ့ ရွာသားတစ်ယောက်ပါ။
      ပြခန်း ၆ မှာ ပူးတွဲ ပထမ ရထားတဲ့
      လူသားအတွေး ကိုရေးတဲ့လူပေါ့

      ရွာနာမည်က သပ်သပ်ရှိတယ်။
      အဲဒီ နာမည်ကို အမည်မဖော်လိုသူ

      :kwi:

  • kai

    August 28, 2013 at 7:21 am

    အေးလေ..
    အဲဒီတွက်ပါတယ်ဆိုတဲ့.. သချင်္ာကြီးကရော.. ဘယ်လောက်မှန်နေလို့လည်း..

    အချိန်တန် လင်ယူမှာပဲမဟုတ်လား..
    (ယူတောင်ပြီးနေပြီလားမသိ. ) :mrgreen:

    • Min Zarni

      August 28, 2013 at 8:14 am

      ဘယ်က သင်ချာကြီး ပါလာရတာတုန်း..
      သင်ချာကြီး အရိုးရင့်သွားဘီ …
      ကဒုံးမ ဖြစ်ကတည်းက စိတ်နာသွားဒါ…
      ခုတော့ ယုစ့် မှ ယုစ့်ပဲ…
      (ကရင်စီ လာဆဲဇေသဒီး)

  • အလင်းဆက်

    August 28, 2013 at 7:42 am

    comment တွေ ဖတ်ပြီးတော့
    ဒေါက်တာအလင်းဆက်လည်း
    ရူးချင်ချင်ဖြစ်နေပြီ ။
    အဟ်ိ

    သုံး သုံးလီ ဧဝရက် တောင် ရတယ်ကွ

    🙂

    :kwi:

  • surmi

    August 28, 2013 at 7:52 am

    ဝတ္ထုထဲကလိုအမှန်​တရားကိုရှာမယ်​ဆိုြပြီး ဂန္ဓာရီလှည်​့ကွာ 🙂

    • အလင်းဆက်

      August 28, 2013 at 5:50 pm

      ပုန်နားလင်းဆက် ဆိုပြီး ဘယ်ကိုမှန်းမသိ ထွက်သွားချင်သေးး

      :kwi:

  • garfield

    August 28, 2013 at 8:35 am

    ကိုယ့်ဘက်က ကြည့်ရင် ကိုယ့် အမှန်တရားပဲ။

    ဆိုတော့၊

    ဘယ်ဒူဘာပြောပြော စိုင်း လောက် ချောတာ သူ့ အသက်တန်းမှာ မြင်ဘူးပေါင်။ (အဲလာ နာ့ အမှန်တရား ပဲ)

    :kwi:

    • Wow

      August 28, 2013 at 9:27 am

      ဟုတ်ပါ့ ဂါဂါလေးရယ် … ဥစ္စာချော ရုပ်ပေါလေး ကန္နားစီးတို့များ စိုင်းအတုယူဖို့ကောင်း…
      ကဗျာစပ်ရမလား၊ ဝုတ်ထုရေးရမလား ၊ သချင်းဆိုရမလား၊ ဒါတ်ရှင်ရိုက်ရမလား ဘာမဆိုဖစ်တာကြီးပဲ… အာပွားးးး စိုင်း :mrgreen:

      • Min Zarni

        August 28, 2013 at 10:00 am

        စိုင်းက အရမ်းကောင်းတယ်..
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        သေဖို့

      • garfield

        August 28, 2013 at 11:05 am

        စွယ်စုံရ အနုပညာရှင်ဆိုတော့လည်း မနာလိုဖြစ်ကြတာ မဆန်းပါဘူး ဝါးရယ်။
        နေဦးးး
        ပြောနေ ကြာတယ်။
        ကဗျာ ပြခန်း အတွက် ကဗျာလေး တစ်ပုဒ်လောက် သွားတောင်းဦးမှပါ။ :mrgreen:

        တစ်ချို့ကကျ ရဲဇားမရှိရင် ကဗျာမစပ်နိုင်တဲ့လူနဲ့။
        တစ်ချို့က ကဗျာကို စိတ်နာတယ်ပြောတဲ့လူနဲ့။
        ခက်ပါတယ်။
        :kwi:

        • Min Zarni

          August 28, 2013 at 11:10 am

          စွယ်စုံရ-မရတော့ မသိ. .. လုပ်စားနေတာ ဆယ်စုနှစ် ၁ခုကျော်ပြီ
          သက်ဆိုင်ရာ စာပေ-ဂီတ-ရုပ်ရှင် လိုင်းတွေမှာ ဆိုင်ရာနယ်ပယ်က ဘယ် တတ်-သိပညာရှင်ကမှ
          ချီးကျူးတာ မခံရဖူးတာတော့ ထူးခြားချက်တခုလို့ ဆိုရမယ် ခည
          ရေသန့်ဗူးလေးတွေတော့ မကြာခန ချီးမြှင့်ခံရလေရဲ့..
          ဒကောင့် ကဗျောင်တွေသာ ပါလာလို့ကတော့ ပြခန်းကို ဆာယိုနာလ လုပ်မည်ဖြစ်ပါဂျောင်း
          ထုလိုက်ပါသည် မောင်းးးး…။

        • Wow

          August 28, 2013 at 11:17 am

          ဆယ်စုနှစ် တစ်ခုကျော်လုပ်စားနိုင်တဲ့ အရည်အချင်းကို တွေးလေ ကြည်ညိုလေ…
          တတ်သိပြင်ညာရှင်တွေက တတ်သိတာသာရှိတာ အလုပ်မဖစ် :mrgreen:

        • Min Zarni

          August 28, 2013 at 11:34 am

          အဆိပ်ခတ်လို့မမိပါတဲ့
          ပရိတ်သတ်တချို့ရှိဘာဒယ်
          နားကောင်းတော့ ကြားပါဒယ်ဗျာ
          ခညားအခွေထွက်တိုင်း ဟားပါဒယ်..

          ခညားတောင်းဈေးများတာနဲ့
          ရောင်းဈေးလိုက်များလာတယ်
          ခညားပရိတ်သတ်ဂျားမှာတင်ကို
          တချပ်ဆယ်ခွေလောက်ပွားပါတယ်

          ခညားနားက ကြားတာနဲ့
          ဒေါမနုဿပွားပါတယ်
          ခိုးကူးလိုက်တားပါတယ်ဗျာ
          သူများဟာ ဆိုတော့ အားမနာဘဲ …

          ငိငိ…

    • ဦးကျောက်ခဲ

      August 28, 2013 at 9:55 am

      ဆိတ်ကူးနဲ့ ရူးရတဲ့ မမဂျီးတွေကို…
      ဆိုင်းက ကွယ်ရာမှာအားဂျီး ဟားတာပဲတဲ့ မေမေရယ်… ဟီ ဟိ
      😀

      • Wow

        August 28, 2013 at 11:19 am

        ဆိတ်ကူးနဲ့ ရူးတာ ဆိတ်ကင်စားလို့ရဒယ်…. နွားကူးဆိုရင်တော့ ဒဂျီးကို ဟာလာလုပ်ခိုင်းမယ်…
        ဘာပဲဖစ်ဖစ် စိုင်းပဲ အာဘွားးးးးး :hee:

    • အလင်းဆက်

      August 28, 2013 at 5:52 pm

      မမခိုင်ဇာ

      စိုင်း ထက် ချောတာတော့ ချိဘာလယ်ဂျ

      အဲဒါ အောင်ရဲလင်းနဲ့ တူဒဲ့
      တားတားပေါ့

      တားတားဘက်က ကြည့်တော့
      တားတား ချောဒယ်

      🙂

      🙂

  • Ma Ma

    August 28, 2013 at 9:22 am

    အမှန်သမား အမှားတစ်ရာ http://myanmargazette.net/59100 ဆိုပြီး ရေးခဲ့ဖူးသေးတယ်။
    တခါတလေကျတော့ ကိုယ်ကတော့ အမှန်အတိုင်းဖြစ်စေချင်ပေမယ့် အများမိုးခါးရေသောက်လို့ လိုက်သောက်ရတဲ့ အဖြစ်မျိုးတွေလည်း ရှိတတ်သေးတယ်။
    မှန်တိုင်းလည်း မကောင်းဘူး အောင်ရဲလင်းနဲ့ တူတဲ့ အလက်းဆက်ရေ။ 😛

    • အလင်းဆက်

      August 28, 2013 at 5:57 pm

      အဲဒိ မိုးခါးရေကြီး
      သားသား မတောက်ချင်ဘူး အန်တီမမရယ်

      အများသောက်ပြီးကိုယ် မသောက်
      အများနဲ့ လိုက်လျောညီထွေ မနေတတ်သူ ဖြစ်
      အဟင့်

      အသင်လောက

      ဘာညာ သာလကာ

      🙂

      တခါတခါကျတော့

      အော်ပလိုက်ချင်လာတယ်

      ========

      အေအာင်ရဲလင်းနဲ့ တဒယ်တူတာနော်

      အဟိ

      တူတယ်ပြောလို့ ကျေးဇူးပါ

      တားတား ဂျယ်လီစားရင် တစ်ဝက်ကျွေးမယ်ဂျာ

      🙂

  • မဟာရာဇာ အံစာတုံး

    August 28, 2013 at 9:33 am

    ဒဂယ်ဒေါ့ …
    နင်နဲ့ ငါ နေရာချင်း လွဲနေဒါဘာ …
    နင်ဂဒါ မဘွားမေ ကို မရလို့ စိတ်ဒဇ ဖစ်နေဒါ ..
    ငါက သည်းလေးနဲ့ အေးဆေးဟ …
    သည်းလေး ကုပေးလို့ စိတ်ရောဂါဒွေ ပျောက်တွားဘီ … ဟီးးဟီးး
    :mrgreen:

  • black chaw

    August 28, 2013 at 10:22 am

    ဆရာနေကြီးရဲ့ စင်္ကာပူစာပေဟောပြောပွဲ ထဲက
    ဒီဟာသ လေးကို ကိုယ်လည်း ပြန်ရေးခဲ့ဘူးတယ် ညီလေး အလင်းဆက်ရေ…။
    ဒါက အလင်းဆက် ဗားရှင်း ပေါ့…။
    ကိုယ်ရေးခဲ့တဲ့ ပို့စ်လေးက
    ဒီမှာပါ…။
    http://myanmargazette.net/125059
    ဆရာနေ က သူ့ဟာသလေး အဆုံးမှာ…

    တစ်ခါတစ်လေ မှန်တယ်ဆိုပေမယ့် သေချာမေးဦး၊ အတွင်းလှိုက်စားနေတာ အများကြီး။

    လို့ သတိပေးသွားပါတယ် ညီလေးရေ…။
    ချစ်ခင်လေးစားတဲ့…
    ဘလက်ချော…။
    :mrgreen:

    • အလင်းဆက်

      August 28, 2013 at 6:00 pm

      လေးလေး ရေ

      အခုမှ လေးလေး ရေး ခဲ့တာလေး ပြန်ဖတ်မိတယ်။
      🙂

  • ခင် ခ

    August 28, 2013 at 10:28 am

    ဒေါက်တာအလင်းဆက် အခန်းထဲဝင်လာပြီးမေးသည်
    “မောင်ခင်ခ သုံး သုံးလီ ဘယ်လောက်လဲ ´´
    “ဆရာကြီးကို အကယ်လို့မေးခဲ့ရင်ကော ဆရာကြီး ဘယ်လိုဖြေမလဲ´´
    “ဆရာကြီးကိုမေးရင်တော့ သုံး သုံးလီ ကိုး လို့ဖြေမှာပေါ့´´
    “ကျွန်တော်လည်း ဆရာကြီးဖြေတဲ့အတိုင်း သုံး သုံးလီ ကိုး လို့ဖြေမယ်´´
    ဆရာကြီး ဂွမ်းသွားပါတယ် ။
    ဒေါက်တာအလင်းဆက် စဉ်းစားသွားပြီ ငါက သူ့ကို မေးတာ သူက ငါ့ကို ပြန်မေးပြီး ငါဖြေတဲ့ အဖြေကို ပြန်ဖြေသွားတယ် ဒါဆို “ဟ ဒီအရူးက အရူးပါးဘဲ´´

    • အလင်းဆက်

      August 29, 2013 at 6:54 am

      လေးခ ရေ

      လေးခ နဲ့ တွေ ့တော့လည်း
      ဒေါက်တာအလင်းဆက် ဂွမ်းတာပါပဲလား

      အဟိ

      🙂

      ဖတ်ရှု အားပေးသွားတဲ့လေးခ ကို ကျေးဇူးတင်ပါကြောင်း

      ချစ်ခင်လေးစားလျက်

  • Crystalline

    August 28, 2013 at 10:36 am

    လူနာဂီ.. 3 x 3 ကို Shee လို့မဖြေဘဲ ကြာပသတေးလို့ဖြေတာနဲ့တင်တော်တော်လေးတိုးတက်လာတယ် လို့ဆိုရမယ်.. :kwi:

  • kyeemite

    August 28, 2013 at 11:43 am

    တကယ်တော့ အံစာတုံးက ရောဂါပျောက်နေပြီဒေါက်တို အလက်ဆင်းရဲ့..
    126 ဆိုတာ ဘရိတ်“ကိုး” ပဲ
    တူဂ ချဲသမားဆိုဒေါ့ ချဲစကားနဲ့ပေါ သွားဒါ… 😀

    • အလင်းဆက်

      August 29, 2013 at 7:09 am

      ဦးကြီး ပြောသလိုဆိုတော့လည်း
      3×3=126 = 9 ကလည်း အမှန်ပါပဲလားး

      🙂

      အင်းးး
      လောကဂျီး နားလည်ရ ခက်သကွာာ

      :kwi:

    • အလင်းဆက်

      August 29, 2013 at 7:14 am

      အင်

      ဒီမှာလည်း
      3×3=1001 တဲ့

      အဖြေတွေ ကို ကြည့်ပြီး ဒေါက်တာ အလက်ဆင်း
      ရူးချင်ချင် ဖျစ်သွားသည်

      အဟိ

      🙂

      ဖတ်ရှု အားပေးတာ ကျေးဇူးဘာ

      :kwi:

  • Ma Ma

    August 29, 2013 at 8:32 am

    ဒီဒေါက်တာကို ဟိုဘက်ပိုစ့်မှာ အဲလူနာတစ်ယောက်က ဂလိုဗျင်းထားတယ်။
    အလင်းsex ဆိုပဲ။ :loll:

    • အလင်းဆက်

      August 29, 2013 at 7:17 pm

      ဟုတ်ပါ့ဗျာာ..။

      ဟို နံနံစော်စော် နှစ်ခြမ်းကွဲ ကြီး..ဖြစ်တဲ့ ဒညင်းဝက် ဆိုတာထက်တော့..
      ဆွဲဆောင်မှု ရှ်ိသားနော ့…

      🙂

Leave a Reply