ကျားမေမေ ဆိုသည်မှာ
မနက် ၅နာရီ
သူမ အိပ်ယာထတယ်..
မနက် ၆နာရီ
သူမဈေးသွားတယ်..
အပါတ်တိုင်း သူမ အုံးစားရတဲ့ကိစ္စက ဒီတပါတ် ကလေးတွေကို ဘာကျွေးမလဲ ဆိုတဲ့ တော့ပစ် ဖြစ်သပေါ့လေ။
မနက် ရနာရီ
ဒီအချိန်ဆို သူမ ဘုရားကျောင်းမှာ စပြီး ချက်ပြုတ်နေရောပေါ့..
တခါမှ မစားဖူးပေမယ့် သူမ ဟင်းချက်တာ အလွန်ကောင်းတယ် ကြားဖူးရဲ့…
တခါက ဟင်းစပ်ပေးတာတော့ ရေထဲက ကို မတက်ဘူးဗျာ..
ငါးရယ် ဂဏန်းရယ် ပုစွန်ရယ် နဲ့ တာလပေါ ရယ် က ခနခနကြားရနေရဲ့
မနက် ၈နာရီ
သူမ ဆိုင်ကယ် တစီးနဲ့ဖြစ်စေ အသိတယောက်ယောက်ရဲ့ ကားနဲ့ ဖြစ်စေ ကလေးတွေလှည့်ပတ်ကြိုတယ်လေ..
မိုးများလို့ ကလေးတွေ အလာနည်းရင် သူမက ငြီးတွားနေတတ်သေးတာရယ်..
ပင်ပန်းပေမယ့် သူမ ပျော်နေပုံပါ။
မနက်၉နာရီ
ဂုတ်ပိုးပေါ်မယ် ကလေးပေါက်စ တကောင်တင်လို့ အနားမယ် ကလေးဘုစုဂရုတွေ ဝိုင်းလို့ … သူမကတော့ပြုံးနေဆဲ
ဖုန်းကျကွဲအောင် မျောက်ရှုံးတဲ့ ချာတိတ်တွေကြားမှာ အလှူရှင်ကို ဘုရားသခင် ပိုလို့ကောင်းချီးပေးပါစေ ပြောတတ်သေးရဲ့..
ထမင်းစား ကလေးတွေလည်း ကျွေး အိုးတွေခွက်တွေ သိမ်းဆည်းနဲ့ သူမအလုပ်များချိန်ပေါ့..
တခါတလေလည်း ပေါက်တူးကိုင်လို့ ရေနှုတ်မြောင်းဖော်နေတတ်သေးရဲ့.. အဲ..
တခါမှတော့ ပင်ပန်းတယ် ငြီးသံမကြားရ
ဘုရားဝတ်ပြုဖို့အချိန်ပေါ့..
သူမက သူမကိုယ်သူမ သက်ဝင်ယုံကြည်သူတယောက်ပါ … တဲ့..
အိမ်ခနပြန်ရေချိုး အနားယူ
နားရတယ် မထင်ပါဘူး ..ကျောင်းတက်နေတဲ့ သူငယ်ချင်းတယောက်ရဲ့ ကလေးကို ခေါ်ထိန်းပေးတတ်နေတာရယ်..
ညနေ ၄နာရီ
ကျေးဇူးတော်ချီးမွမ်းရမယ့်အချိန်လေ
စကားမစပ် သူမ ကျေးဇူးတော်သီချင်းဆိုတာ အရမ်း နားထောင်ကောင်းတာရယ်..
သီချင်းဆုံးသွားတာတောင် ပါဝါတွေ ကာလာတွေ တုန်းတွေ ပစ်ချ်တွေ စောကျောဖို့ မေ့မေ့သွားတာ အမြဲဗျ..
သူမ ဘာသာစကား သင်သေးတာရယ်
ပြင်သစ်စာပီးရင် အသံထွက်အစုတ်ဆုံးလို့ ကျနော် ယူဆထားတဲ့ ယိုးဒယားစာနဲ့ ကိုရီးယားစာ သူမသင်နေတယ်လေ..
ည ရနာရီ
ဆြာမတွေနဲ့ စကားစမည်ပြော ပန်းထိုး .. ဝေယျာဝစ္စလုပ်ပေါ့..
ပြီးမှ အစာရှာ ထွက်တာရယ်
တခါတခါလည်း အသီးတမျိုးမျိုးလောက် သာ စားလေ့ရှိပြန်တယ်..
ည ၉နာရီ
သူမအိမ်ပြန်ချိန်လေ..
ရေချိုးပြီးရင်တော့ ဒီနေ့ ဘာတွေလုပ်တယ်မှတ်တမ်းကို တင်ချင်တင်မပေါ့ဗျာ..
ည ၁ဝနာရီ
မအိပ်ခင် အနည်းဆုံးတော့ .. မောင် ငါ နင့်ကို အရမ်း သတိရတယ် လောက်တော့ ပြောလေ့ ရှိသပေါ့ဗျာ..။
တခါတလေလည်း သီချင်းတွေ နားထောင်ကြတယ်..
မိုးချုပ်သွားတာလည်း ခနခန ပေါ့…
ည ၁၂နာရီ
Good Night Shee!… I LuV u honey !!..
P.S ဘာရယ်မဟုတ် ဒီနေ့ အလွန် သတိရနေတဲ့ ကျားမေမေရဲ့ ဆန်းဒေး စကတ်ဂျူးလ်ကို ချရေးကြည့်တာပါဗျာ..။
အဟမ်း… မဲဆောက်က ကျောက်စ် ဘော်ဘော်တစ်ယောက်ကလည်း…

ကျားမေမေရဲ့ အမှုတော်ထမ်းအလုပ်ကို ချီးမွမ်းသွားသေးတယ် ခင်ဗျ…
အဲသည်တော့ ကိုရင်ဂီလည်း ထမင်းဟင်းကူချက်ဖို့ ပြင်ပါလေ… အားဟိ
Was this answer helpful?
LikeDislikeကနေ့ သူဟိုကိုသွားတယ် အူးလေးကျောက်စ်ရေ…
အဲ့မှာ ကော်မရဝူးလေ …
ဆိုတော့ ..တနေကုန် မတွေ့ရဝူး …
လွမ်း သဗျာ..
Was this answer helpful?
LikeDislikeသာဓု!!
ဂလောက် စိတ်ထားကောင်းလို့ လှတာနေမှာ။
ကလေးမလေးဘက်က နာ လာသလိုလိုဖြစ်လာပြီ။
မတန်မရာအေ။
Was this answer helpful?
LikeDislikeဆံပင်နီနီ မျက်လုံးပြူးပြူး သမီးလေး မွေးလာတဲ့အခါ …
ခီညားနာမည်ပေးဘာ့မယ်…
Was this answer helpful?
LikeDislikeကလေးတွေလက်ထဲကနေ
ကျားမေမေ ကိုလုဖို့ ကြံစည်နေတာလား….
ဒါမှမဟုတ် ကလေးတွေအတွက်
ဖားဖေဖေ အားတစ်ခု ထပ်တိုးမှာလား…
ကလေးတွေမေးရင် အဖြေရှိပြီလား….
…
Was this answer helpful?
LikeDislikeဒီမေးခွန်းကို ဒဲ့ဖြေပါဆိုရင်တော့ ကလေးတွေလက်ထဲကနေ ကျားမေမေကို လုမှာပါလို့ ဖြေရမှာပါ…။
ဒါပေသိ … သူကိုယ်တိုင် လက်နဲ့ လုပ်မပေးနိုင်တော့သည့်တိုင် ကျနော်ပါ ပူးပေါင်းပြီး
(ကျန်ခဲ့မယ့်ဆြာမတွေ ဆက်လုပ်ကြမယ့် activity) ကို အဝေးမှာနေပေမယ့် ဝိုင်းဝန်း Promote လုပ်ပေးဖို့
ပိုလူသိများ ပိုတွင်ကျယ်စေဖို့ ဆိုတဲ့အလုပ်ကို အတူတူ လုပ်ဖို့ရည်စူးထားပါကြောင်းဗျာ..။
(ခုလည်း လုပ်နေပါတယ်လေ..)
Was this answer helpful?
LikeDislikeစိတ်ထားမြင့်မြတ်မှု
ပရအတွက် ကိုယ့်အချိန်တွေပေးထားတာ
အားလုံးအတွက် လေးစားပါတယ် မစ္စတာဂီရေ…
Was this answer helpful?
LikeDislikeတနှစ်ခွဲလောက်တော့ ရှိပြီဗျ ..တောက်လျောက်ပါပဲ..
ဆက်လည်း လုပ်ဖြစ်နေမယ် မှတ်ပါတယ်.. (ယောက်ျားမယူခင်ထိ)
Was this answer helpful?
LikeDislikeအခုလို တစ်နေ့စကတ်ဂျူးလ်ကို ရေးပြတော့ သူမဟာ ကောင်းသောလုပ်ရပ်ကို လုပ်နေသူပါလား။
ကောင်းတာလုပ်နေတဲ့သူမကို သူမယုံကြည်ရာဘုရားသခင်ရဲ့ ကောင်းချီးပေးခြင်းကို ခံစားရမှာပါလို့ ယူဆပါတယ်။ ရေရှည်လည်းလုပ်နိုင်ပါစေဗျ။
Was this answer helpful?
LikeDislikeတနိုင်လုပ်တာမို့ ..စွမ်းသလောက်တော့ ကူမယ် ဆုံးဖြတ်ထားတာပါပဲ..
အနည်းဆုံးတော့ လမ်းပေါ်က ကလေး ကနေ စက်ရုံလုပ်သားလောက်တော့ ဖြစ်လာအောင် ပါဗျာ..
Was this answer helpful?
LikeDislikeမြဝတီရေကြီးတုန်းက ကလေးတွေတော်တော်သေကြတယ်ကြားတယ်.. စိတ်မကောင်းလိုက်တာ.. အဲဒီဖက်မှာက အမေအဖေတွေက ဟိုဖက်မဲဆောက်မှာအလုပ်သွားလုပ်.. ကလေးတွေပဲကျန်ခဲ့ကြတာလေ.. အသိအိမ်တစ်အိမ်က တံတားနားမှာ သုံးထပ်အိမ်က အောက်တစ်ထပ်လုံးမြှပ်တယ်တယ်တဲ့..
အပေါ်က ပဲပြုတ်ထမင်းရော.. အောက်က အသုတ်လေးတွေရော..စားချင်စရာ.. ဒီတခါမဲဆောက်ရောက်မှ ဆရာဂီဆီကွန်တက်တောင်းပြီး.. Shee လက်ရာသွားစားအုန်းမှပါလေ..
Was this answer helpful?
LikeDislikeသွားလှူမယ်တော့ မစိဝူး သွားစားမယ်တဲ့..
ရှီးရေ လာလို့ကတော့ ရေလည်ကျွန်းမှာ ရောင်းစားလိုက်
Was this answer helpful?
LikeDislikeအဲဒီမှာ သုတ္တံကျမ်းတွေ၊ တမာန်တော် ဝတ္တုတွေ နဲ့ ကလေး တွေ ကို ဘာသာရေး ၂မျိုး သင်နေတာလား။
ကလေးတစ်ယောက် ထမင်းပုဂံ ရှေ့ချပြီး အစားမစားခင် ဆုတောင်းနေတာလား။ တရားထိုင် နေတာလား။
မျက်နှာလေး နဲ့ အဝတ်လေးတွေမှာ ဂျီးလေး တွေ နဲ့ ပေမဲ့ သနားစရာ၊ ချစ်စရာလေး။
ဓာတ်ပုံလေးတွေထဲ ထင်းစည်းကြီး နဲ့ ကလေးတွေ တွေ့ ရတာ ရောဂါပြန်ထ လာတယ်။
ဒီလောက် လေးတဲ့ ထင်းစည်း တွေ ကို အသက်လေး တွေ နဲ့ မလိုက် မထမ်းစေသင့်ပါဘူး။
အဲဒါ အဲဒီနေရာမှာတင်မဟုတ်။
မြန်မာပြည်ထဲမှာ နေရာအနှံ့ ဒီလို ပုံတွေ အများကြီး။
ရှီး လို စိတ်ဓာတ်လေး တဖဲ့လောက် ဒီ အစိုးရ မှာ ရှိရင်တောင် ကလေး တွေ ဘဝ လှ ဦးမယ်။
ဒီလောက် စိတ်ထားမြင့်မြတ် တဲ့ ချစ်စရာမိန်းကလေး ကျားမလေး ကို မှ အပိုင်မသိမ်းနိုင်ရင် ကြွက် သာ လုပ်လိုက်ပေတော့ မောင်ဂီ ရေ။
အဲဒီ မိန်းကလေး အစား အစိုးရ က ကလေးတွေ ကို စောင့်ရှောက်ဖို့ စေတနာ ပေါ်လာပါစေ။
အဲဒါ သူတို့ တာဝန်ဘဲ။
တာဝန် မယူနိုင်ရင်၊ မယူတတ်ရင်။ အစိုးရ မလုပ်နဲ့။
Was this answer helpful?
LikeDislikeဒေါ်ယဉ်လတ် က သူရို့ဆီက ကလေးတွေအတွက် ဝိုင်ဖိုင်နဲ့ တက်ဘလက် ပေးဖို့ လုပ်နေချိန်မှာ
ကျော်တို့ ဆီက အူးလေးတွေက ဆိတ်ဖမ်းလို့ကောင်းတုန်း
လေဘာဒယ်ဗျာ…
ခလေးတွေခညာလည်း
အစားခေါ်ကျွေး စသင်ပေးတာတောင်မှ အပါတ်စဉ် မှန်အောင် မလာနိုင်ကြရှာသူတွေရှိသတဲ့…။
ဝဋ်ကြွေး လို့ခေါ်မလား အနှစ် ဘယ်လောက်ကျိန်စာ ခေါ်မလားရယ်…
အလှူရှင် နဲ့ ဘတ်ဂျက် အခက်အခဲကြားကနေ ခေါက်ဆွဲပြုတ်ကျွေးရတဲ့အပါတ်ဆို စိတ်မချမ်းသာဝူးတဲ့လေ..။
အဲ့ဒါ ဒီတပါတ် ငါးသွားဝယ်ပြီး မုန့်ဟင်းခါး ချက်ကျွေးသတဲ့..။
အဟီး..
ရအောင်ယူမှာပါခီညာ … သီလရှင်ဝတ်မယ် စိတ်ပိုင်းဖြတ်ထားသူကို ပိုးရင်ငယဲကြီးမာလား ဟင်င်င်င်င်င်။
Was this answer helpful?
LikeDislikeဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဗယ်ဆုရတာ.. ၈၈ အရေးတော်ပုံရှိ်လို့ပါ…။
အခုလည်း.. ကျားမေမေ.. ကမ္ဘာ့အသိအမှတ်ပြုဆုတခုခုမရဘူးလို့.. မပြောနိုင်…
ဆိုတော့…
ဒီခေတ်လူငယ်.. လူရွယ်တိုင်း…
အဖတိုင်းပြည်အခက်အခဲတွေတွေ့တိုင်း/ရှိနေတိုင်း. ဒါဟာ.. ငါ့ကိုဘဝမြှင့်စေဖို့.. ကမ္ဘာတန်းကအသိအမှတ်ပြုဖို့.. အခြေအနေတွေ”ချ”ပေးနေတာပဲလို့.. မှတ်ပါ..
“အခက်”ကို “အချက်”အဖြစ်ယူပါ…။
“သခင်မျိုးဟေ့.. ဒို့ Burman”
Was this answer helpful?
LikeDislikeကမာ္ဘတန်းဆု ရအောင် ကျော်က မယူဘဲ နောက်ဆုတ်ပေးရမယ့်ပုံ …။
သွားသွားမမြှောက်ပေးပါနဲ့ အူးလေးရာ..
သီလရှင်ဝတ်ဖို့ စိတ်ပြန်လည်သွားပါအူးမယ်..။
:hee:
Was this answer helpful?
LikeDislikeဒေါ်အောင်ဆန်းစုကြည် နိုဗယ်ဆုရတာ.. အဓိကညွှန်းဆိုသက်ရောက်လုပ်ပေးလိုက်သူက.. သူ့အမျိုးသား မိုက်ကယ်ပဲ…
အမှတ်မမှားပဲ.. ပြောရရင်.. ဗြိတိသျှလေဘာပါတီကွန်ဖရင့်ထဲဝင်ပြောခွင့်ရတဲ့.. ဗမာဆိုလို့.. ဇိုရာဖန်(ခရစ်ယန်) ရယ်.. ဝေနှင်းပွင့်သုန်(မွတ်စလင်)ရယ်ပဲလို့.. သတင်းထဲဖတ်မိဖူးတယ်..
(ငတို့ထေရာ(ဘုန်းကြီး)ဝါဒကိုးကွယ်သူတွေများ..တော်ပုံ)
ဆိုတော့…
ပါရမီဖြည့်ရင်းဆက်လုပ်ကြဟေ့…။
သွားနိုင်တဲ့ လမ်းပေါ်မှာရောက်နေသူထင်သမို့.. အားပေးကြောင်း…။
Was this answer helpful?
LikeDislikeဗြိတိသျှ တင်မက နိုင်ငံတကာမှာပါ အများတကာလေးစား တဲ့ မိန့်ခွန်းတွေ ပြောနေသူ “ဒေါ်အောင်ဆန်းစုကြည်” က ဘာ “ဘာသာ” ကိုးကွယ်သူ ပါလိမ့်။
Was this answer helpful?
LikeDislikeဒေါ်စုက.. ထေရဝါဒစစ်စစ်တော့ မဟုတ်လောက်ဖူးထင်တာပဲ..
တိဘက်နဲ့..မဟာယာနဗုဒ္ဓဘာသာ.. အမျိုးသားမိုက်ကယ်နဲ့အတူတူ.. ပါရဂူုမြောက်.. တော်တော်လေ့လာဖူးတာမို့.. မဟာယာနနဲ့တော်တေ်ာနီးစပ်မယ်ထင်မိတယ်..
ဒေါ်စု.. အခုလုပ်နေတွေးနေတာတွေကတော့… ထေရာ..ဘုန်းကြီးတွေမှမကပ်ရင်.. လူမချစ်နိုင်လောက်အောင်.. ကွန်ဆာဗေးတစ်တစ်.. ဖြစ်နေတဲ့တိုင်းပြည်မှာမို့.. အခြေအနေထိန်း… နိုင်ငံရေးလုပ်နေတယ် ထင်မိတယ်..။
ဆိုတော့… ကျုပ်ရေးထားတာထဲ..
” ဗြိတိသျှလေဘာပါတီကွန်ဖရင့်ထဲဝင်ပြောခွင့်ရတဲ့..” ဆိုတဲ့.. အညွှန်းစကားလေး.. မမေ့စေချင်ပါကြောင်း အရီးလတ်ရယ်… နော…
Was this answer helpful?
LikeDislikeဘရာဗို ပါအရီးခင်။ ဘာသာတရားကြောင့် ထက် တွေးခေါ်မြော်မြင်နိုင်စွမ်းက လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုမြင့်တင်ပေးပါတယ်။ ဘာသာရေးတံဆိပ်ခပ်ပြီး လူတစ်ယောက်ရဲ့ အရည်အချင်း ကိုဆုံးဖြတ်တာ သူ့ရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်မပြုသလိုခံစားရတယ်။
Was this answer helpful?
LikeDislikeအနီဂိုဏ်းကိစ္စ တခြားသွားငြင်းကြပလားဟင်င်င်င်င်
Was this answer helpful?
LikeDislikeInz@ghi says:
” အနီဂိုဏ်းကိစ္စ တခြားသွားငြင်းကြပလားဟင်င်င်င်င် ”
ဘာ ၊ သူ့ အလှည့်ကျမှ ကြောက်ပါပြီလဲ ။
Was this answer helpful?
LikeDislikeသူကြီး မင်း နဲ့ စကားရည်လု ရရင် ကောင်းမလားဘဲ။
လူတစ်ယောက်ကို ကိုယ် တော်တယ် ထင်လို့ ချီးကျူးတာ မှန်ပါတယ်။
သို့ပေမဲ့ အဲဒီကဆက်လို့ အားလုံးသိမ်းကျုံး ခြုံပြီး ချီးကျူး တာဘဲဖြစ်ဖြစ်၊ ရှုံ့ချတာဘဲ ဖြစ်ဖြစ် လုပ်တာ ကတော့ မမှန်ပါဘူး။
ဇိုရာဖန် နဲ့ ဝေနှင်းပွင့်သုန် တို့ ကို ချီးကျူးတာမှန်ပေမဲ့
(ငတို့ထေရာ(ဘုန်းကြီး)ဝါဒကိုးကွယ်သူတွေများ..တော်ပုံ) လို့ ရမ်းလိုက်တာ မမှန်ပါဘူး။
လူတိုင်းမှာ ကိုယ့်ရဲ့ ခံယူချက် နဲ့ လေးစားမှု စံနှုန်း တွေ ကို ထိပါးနိုင်ပါတယ်။
လူတစ်ယောက် နဲ့ တစ်ယောက် ရဲ့ လူတွေကို တန်ဖိုးထားမှု တွေ မတူပါဘူး။
ဒါတွေဟာ ဘာသာရေး တွေ နဲ့ ဘာမှ မဆိုင်လောက်ပါဘူး။
စကားအနိုင်လု ပြောရရင်တော့
ဗြိတိသျှလေဘာပါတီကွန်ဖရင့်ထဲဝင်ပြောခွင့်ရ တဲ့ ကလေး တစ်ယောက် အတွက် ဂုဏ်ယူ နိုင်သလို
ဗြိတိသျှ ဆေးဘက်ဆိုင်ရာ ကွန်ဖရင့် ကြီးထဲ မှာ အသက်ငယ်ငယ်လေး နဲ့ ဆေးသုသေသနစာတမ်းဖတ်နိုင် တဲ့ ကလေး အတွက် ဂုဏ်ယူ စရာရှိပါတယ်။ (တကယ် ရှိတာပါ)
ဒီ မိန်းကလေး ရဲ့ တော်ခြင်းသတင်း တွေ၊ ဗြိတိသျှ ဆေးရုံ ကြီး ပေါ်မှာ စေတနာကောင်း နဲ့ နာမည်ကောင်းသတင်း တွေ က ရပ်မသွားဘူး။
ဆက်သွားနေမှာပါ။
ဒီ မိန်းကလေးက ဆေးပညာတွေ နဲ့ သူ့ဘဝ ကို လူမျိုး ဘာသာ မရွေး အတွက် ပေးဆပ်နေမှာပါ။
ဒီ မိန်းကလေးက ထေရဗုဒ္ဓနာသာဝင် စစ်စစ် ပါ။
ဒါကို ဒီလို နေရာမှာ ဗမာ ခရစ်ယာန်တွေ၊ ဗမာ မူဆလင်တွေ မရှိဘူး။ သူတို့ တော်ချက်က တော့ လို့ ပြောလိုက်ရင် မတရားပါဘူး။
ဘာလို့ လဲ ဆိုတော့ သူတို့ ကြီးပြင်းလာရတဲ့ ပါတ်ဝန်းကျင် မတူလို့ပါ။
ခံယူချက်ခြင်းမတူလို့ပါ။
ခံယူချက်ခြင်းမတူ၊ အားထုတ်ရတဲ့ အခြေအနေခြင်း မတူတာ မှာ ဘာသာရေး က အဓိက နေရာမှာ မရှိတာလေး ကို မြင်နိုင်မယ် ဆိုရင်တော့ ဘာသာတွေကြား ပဋိပက္ခ တွေ နည်းပါမယ်။
မဟုတ်ရင်တော့ အမြင်မတူ တဲ့၊ လူ တွေကို တန်ဖိုးထားပုံခြင်း မတူတဲ့၊ ငါစွဲ တွေများ နေတဲ့ လူတွေကြား မှာ လူမျိုး ဘာသာ ငြိမ်းချမ်းရေး တွေ ဆိုတာ ဘယ်တော့ မှ ရမလာပါဘူး။
သူကြီးမင်း ကို လဲ အဲဒီ သူတွေ ထဲ ရောမပါစေချင်ပါဘူး။
ထေရဝါဒ ကို အင်မတန် တန်ဖိုးထားတတ် သူ တွေ ရှိနေတာမို့ သူတို့ တန်ဖိုးထားတာ ကိုလဲ လေးစားဖို့ လိုပါမယ်။
နောက်တစ်ချက်ကတော့
ကလေး တွေ ကို တစ်ချို့ မိဘ များ က အင်မတန် ဖြစ်ထွန်းစေချင်တာ မို့ သူများ နဲ့ နှိုင်းနှိုင်းပြီး မခံချင် အောင် တွန်းလေ့ရှိတယ်။
အဲဒါက ကလေး ကို ပိုပြီး ဆိုးတဲ့ ဘက် ကိုရောက်စေတတ်ပြီး သူ နဲ့ ကိုယ့်အကြား မှာ အမြင်တိမ်းစောင်းမှု ဖြစ်နိုင်တယ် ဆိုတာလေး။
အကျန်ဂေါင်းပေးလိုက်သည်။
သူကြီးမင်း ရယ် … နော ….
မြစာကလေး

ဆိတ်ဘေဓ ပညာရှင် ကဘာဆြာမကြီး
Was this answer helpful?
LikeDislikeသဂျီးမာမွတ်ခိုမ်ထိုးတဲ့ ချဲနံပါတ် ဒီတပတ် ၇၈၆ဆို… အပေါက်ဖူးဒဲ့… အဲဒါ ပိုက်ဆံသွားရှင်းလိုက်အုံး…
Was this answer helpful?
LikeDislikeဟိုးးးအရင်တုန်းက ကျားမေမေတို့ရဲ့ အကြောင်း မောင်ဂီ တင်ဖူးသေးတယ်။

အဲဒီတုန်းကတည်းက အသက်ငယ်ပေမယ့် စိတ်ဓာတ်မြင့်မြတ်သူတွေလို့ စိတ်ထဲက ချီးကျူးနေမိတာ။
ခုမှပဲ ချွေးမလောင်းမှန်း သိတော့တယ်။
အရွေးတော်ပါပေတယ်။
Was this answer helpful?
LikeDislikeThis solution has been deemed correct by the post author
အခုလို ရှီး ကိုအားပေးပြီး ချီးမွမ်းစကားပြောပေးကြလို့အားလုံး့ကျေးဇူးအများကြီးတင်ပါတယ်ရှင်…….
အရီးခင်ရေ…..
သုတ္တံကျမ်းတွေ၊ တမာန်တော် ဝတ္တုတွေနဲ့ဘာသာရေး ၂မျိုးသင်တာမဟုတ်ပါဘူး…….ကျမ်းစာတစ်ခုတည်းပါပဲ…ပြီးတော့..ကလေးတစ်ယောက် ထမင်းပုဂံ ရှေ့ချပြီး အစားမစားခင် ဆုတောင်းနေတာပါ……:)
..အရီးခင်ကိုလဲထပ်ပြီးကျေးဇူးပါနော်…..:)
မောင် ငါနင့်ကိုအရမ်ချစ်တယ်…အရမ်းလဲလွမ်းတယ်..
Was this answer helpful?
LikeDislikeအရင်က ကြားဖူးတာ ကိုယ်တော်ကြီး ကို်ယ်တော်လေး တို့ ရေငံပိုင်တို့ ပဲ ကျားစီးတာပါ
ဒီ ခေတ်ကျ မှ ဖားက ကျားစီး ရတယ်လို့
ဒီ ဖား ဘယ်လို ဖား မျိုး ဖြစ်မယ် မသိ
Was this answer helpful?
LikeDislikeဒီဆိုက်ထဲမှာ မိုးပြာတို့၊ မုတ်ဆိတ်တို့၊ အနီရောင်ဘာသာတရားတို့အကြောင်း
ရွှန်းရွှန်းဝေအောင် ဖတ်ခဲ့ဖူးပါတယ်…
ခုတော့မှ ဒီဘက်ကို ရောက်လာသလားလို့..
ကျွန်တော်လဲ ရေးချင်နေတာရှိလို့ရေးမယ်စဉ်းစားနေတုန်း
ကိုယ်တော့်ကို ယုံကြည်သူတစ်ယောက်အကြောင်း ချီးမွမ်းခန်းဖွင့် (တစ်နည်း)
မွှန်နေတုန်း ဘာလုပ်လုပ် ကောင်းတယ်မြင်နေကြောင်းရေးထားတာ ဖတ်ရတော့ လွန်စွာမှ နှစ်ထောင်းအားရ ရှိလှပါဘိတှောင်း။
နောက်ထပ်ရေးစရာ စာမျက်နှာသစ်တစ်ခု ပွင့်လာပြီဆိုတဲ့အကြောင်း ဝမ်းသာအားရ မန့်လိုက်ပါကြောင်း
စေးကိုင်းခွမ်း
(ခေတ္တလူ့ပြည်)
Was this answer helpful?
LikeDislikeကျားမေမေကတော့ ရုပ်ကလေးက ချော။ မေတ္တာတရားတွေကလည်းများနဲ့
ကြီးပွားဦးမယ့် လက်ခဏာချိတယ်… (နာထင်ရင်လွဲခဲပါတယ်..)
ပရဟိတက အများအတွက်လုပ်နေပေမယ့် ကိုယ့်အတွက်လည်း အကျိုးပြန်များစေမယ့်..
တန်ပြန်ဓါတ်သဘောတစ်ခုဘာ။
ချကားမစပ်.. ကိုရင် မြဝတီ မဲဆောက် ဒေါနတောင်ရိပ်ခိုတုန်းက
တမီးလေးနှစ်ယောက်ဖြစ်တဲ့ ယုစ်နဲ့ ဝင့်စ် တို့နဲ့ မေတ္တာသက်ဝင်တုန်းက
ရခဲ့တဲ့ ဘေဘီးလေးတွေကို ကျားမေမေဆီမှာအပ်ချင်ပါဒယ် ရမရားဟင်…
Was this answer helpful?
LikeDislikeပေါ်ရဲဒယ်…..ကိုရင်စည်..ရယ်…..(..ခလေးဆိုရင် ဘာခလေးဖြစ်ဖြစ်လက်ခံပါတယ်…)
Was this answer helpful?
LikeDislikeကျားမေမေ…

ကျေ မာမားးးး
Was this answer helpful?
LikeDislikeGood Speech –
” လူတစ်ယောက် နဲ့ တစ်ယောက် ရဲ့ လူတွေကို တန်ဖိုးထားမှု တွေ မတူပါဘူး။
ဒါတွေဟာ ဘာသာရေး တွေ နဲ့ ဘာမှ မဆိုင်လောက်ပါဘူး။ “
Was this answer helpful?
LikeDislikeလားရှိုး ဟိုပန်မှာနေခဲ့တုန်းက
ဝ အသင်းတော်မှာ အဲလိုနေပြီး လုပ်ပေးခဲ့ဖူးတယ်
သူများတွေကတော့ ဘာသာပျောက်ဘီ ထင်ကြပေမဲ့
ကိုယ့်ခံယူချက်နဲ့ကိုယ်ပဲ
ဖြစ်နိုင်ရင် … အဲလို တသက်လုံး လုပ်သွားချင်ပေမဲ့
အခြေအနေက မပေးခဲ့ဘူး
ကျားမေမေတယောက် ဘယ်လောက်မေတ္တာဓါတ်တွေ ပြည့်နေမလဲဆိုတာ
သူလုပ်နေတာကိုကြည့်တာရယ်
သူ့မျက်နှာရယ်ကြောင့် ခံစားမိနေလေရဲ့
Was this answer helpful?
LikeDislike