ကျွန်တော်နဲ့ ပညာရေး – ပါမောက္ခဒေါက်တာအောင်ထွန်းသက်
ကျွန်တော့်ဘဝမှာ အလုပ်တွေအများကြီး လုပ်ကိုင် ခွင့်ရခဲ့ပါတယ်။ ပြည်တွင်းမှာရောပြည်ပမှာပါ အလုပ်မျိုးစုံ။ ဒီအလုပ်တွေအထဲမှာ ကျွန်တော်အခင်မင်ဆုံးအလုပ်က ကျောင်းဆရာအလုပ်ဖြစ်တယ်။ တစ်နည်းပြောရရင် ပညာရေးဝန်ထမ်းတစ်ယောက်အနေနဲ့ လုပ်ခဲ့ရတာကို ကျေနပ်တယ်၊ သဘောကျတယ်။ ဒါကြောင့်လည်း အခုအချိန်ထိ အခွင့်ရတိုင်းစာသင်တယ်၊ ဟောပြော တယ်၊ ဆွေးနွေးတယ်။ ပညာရေးလောကကြီးဟာ အခုခေတ်မြန်မာနိုင်ငံမှာ ရေပန်းစားနေတာ တွေ့ရတယ်။ ပညာရေးနဲ့ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း ပုံစံအမျိုးမျိုးနဲ့ ဆွေးနွေးနေကြတယ်။
ကွန်ရက်တွေလည်း အများကြီးပဲ။ နေပြည်တော် မှာလည်း မကြာခဏ အစည်းအဝေးတွေ၊ အလုပ်ရုံဆွေးနွေး ပွဲတွေ လုပ်နေကြတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လည်း အခုလိုပဲ ဦးစားပေးပြီး တိုင်ပင်နေကြတယ်။ ဆွေးနွေးနေကြတယ်၊ ရန်ကုန်တက္ကသိုလ်နဲ့ ပတ်သက်ပြီး လည်း ပြောနေကြတယ်။
အခုလိုဖြစ်လာတာကို ကျွန်တော့်အနေနဲ့ ကြိုဆိုမိပါ တယ်။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာ ပြောကြ၊ ဆိုကြ၊ ဆွေးနွေးကြတဲ့သူတွေဟာ အမှန်တကယ် ပတ်သက်နေတဲ့ သူတွေ့ရဲ့ တစ်စိတ်တစ်ပိုင်းသာဖြစ်တယ်လို့ သုံးသပ်မိပါ တယ်။ နေရာတကာမှာ ခေတ်စားတဲ့ဝေါဟာရက ှအေုန့သိူနမ ဆိုတဲ့ စကားလုံးဖြစ်တယ်။ အဓိပ္ပာယ်က အကြောင်းအရာတစ်ခု၊ ကိစ္စတစ်ခုနဲ့ပတ်သက်ပြီး သက်ဆိုင်သူအားလုံးကို ဆိုလိုပါတယ်။ ဥပမာအားဖြင့် စီးပွားရေးလုပ်ငန်းကုမ္ပဏီတစ်ခု ဆိုပါစို့။ တစ်ချိန်က ဒီကုမ္ပဏီနဲ့ပတ်သက်လာရင် ပတ်သက်၊ သက်ဆိုင်သူတွေ ကှအေုန့သိူနမ တွေဆိုတာ ပိုင်ရှင်၊ အစုရှယ်ယာဝင် တွေကိုသာ အသိအမှတ်ပြုကြတယ်။
ကုမ္ပဏီတစ်ခုမှာ အရေးကြီးဆုံးပုဂ္ဂိုလ်တွေက အစု ရှယ်ယာဝင်တွေသာဖြစ်တယ်လို့ ယူဆကြတယ်။ တစ်နည်း ပြောရရင် အမြင်ကျဉ်းကျဉ်းနဲ့ သုံးသပ်မှုဖြစ်ပါတယ်။ မျက်မှောက်ခေတ်မှာတော့ ကုမ္ပဏီတစ်ခုရဲ့ အစု ရှယ်ယာဝင်တွေအပြင် ကုမ္ပဏီနဲ့ပတ်သက်တဲ့ ှအေုန့သိူနမ အားလုံးကို ထည့်တွက်ရမယ်လို့ လက်ခံ လာကြတယ်။ ကုမ္ပဏီတစ်ခုရှဲ့အေုန့သိူနမ တွေဟာ ဘယ်သူတွေလဲ။ စောစောက အစုရှယ်ယာဝင်တွေပါဝင် တာတော့ အမှန်ပါ။ ဒါပေမယ့် အစုရှယ်ယာဝင် ပိုင်ရှင် တွေသာမက ကုမ္ပဏီဝန်ထမ်းတွေကိုလည်း အလေးထားဖို့ လိုတာကိုလည်း လက်ခံလာတယ်။ ဝန်ထမ်းတွေသာမက ကုမ္ပဏီမှထုတ်လုပ်တဲ့ ကုန်စည်နဲ့ဝန်ဆောင်မှုကို သုံးစွဲတဲ့ စားသုံးသူဖောက်သည်တွေဟာလည်း အရေးကြီးတာကို အသိအမှတ်ပြုလာတယ်။ ဒီလိုပဲ ကုမ္ပဏီကို ပစ္စည်းတွေ သွင်းတဲ့သူတွေဟာလည်း အရေးပါတယ်လို့လက်ခံလာ တယ်။ နောက်ဆုံးအနေနဲ့ ဒီကုမ္ပဏီရပ်တည်နေတဲ့ လူ့အဖွဲ့အစည်းကိုလည်း အသိအမှတ်ပြုလာပါတယ်။ အခလိုု ပါဝငပ် တသ် ကသ် အူားလုုံး ဖြစတှဲ့်အေုန့သိူနမ တွေကို စဉ်းစားမှ ပိုပြီးပြည့်စုံမှာဖြစ်ပါတယ်။
ပညာရေးနဲ့ပတ်သက်လာရငှ်အေုန့သိူနမျ တွေ က ဘယ်သူတွေလဲလို့ အခုထိခွဲခြားပြီး သုံးသပ်နေတာ မရှိဘူးလို့ သုံးသပ်မိတယ်။ ကျွန်တော်အမြင်တော့ ပညာရေး နဲ့ပတ်သက်လာရငှ်အေုန့သိူနမျ တွေလို့ သတ်မှတ်နိုင် တဲ့ ပညာရေးလောကမှာကျင်လည်နေကြတဲ့ ပညာတတ် ပညာရှင်တွေကိုသာ တိုင်ပင်နေလို့မဖြစ်ဘူး။ှအေုန့သိူနမျ တွေကိုတိုင်ပင်ရင် ပညာတတ်ပညာရှင်တွေအပြင်၊ ကျောင်းသား ကျောင်းသူတွေလည်း ပါဖို့လို့ပါတယ်။ သူတို့တစ်တွေ့ရဲ့ လိုအပ်ချက်ဆန္ဒ၊ မျှော်လင့်ချက်တွေကို သိဖို့အရေးကြီးတယ်။ ဆရာတွေက တစ်ဖက်သတ်ဆုံးဖြတ် တာမျိုး မဖြစ်သင့်ဘူး။
”ဒို့ငယ်ငယ်တုန်းက တွေ့ကြုံခဲ့တာ ဒီလိုပါ” ဆိုတဲ့ အကြောင်းပြချက်က မလုံလောက်တော့ဘူး။ ယခုခေတ် ကျောင်းသား ကျောင်းသူတွေဟာ အရင်ခတ်က ကျောင်းသား ကျောင်းသူတွေနဲ့ မတူကြတော့ဘူး။ ခံယူ ချက်၊ တန်ဖိုးထားမှု၊ လိုအပ်ချက်တွေဟာ မတူတော့ဘူး။ ဆရာ ဆရာမတွေအနေနဲ့ ငယ်ငယ်တုန်းက ”ဒို့ ဒီလိုပဲ စဉ်းစားခဲ့တာပဲ” လို့စဉ်းစားလို့ မဖြစ်တော့ဘူး။ မိဘ တွေဟာလည်း အရေးပါလှတှဲ့အေုန့သိူနမျ တွေဖြစ် တယ်။
သူတို့ရဲ့ဆန္ဒ၊ သူတို့ရဲ့အမြင်တွေကိုလည်း ထည့် စဉ်းစားရလိမ့်မယ်။ မိဘတွေရဲ့ပညာရေးနဲ့ပတ်သက်ပြီး ရှိနေတဲ့ လိုအပ်ချက်တွေကို ဖော်ထုတ်ရမှာဖြစ်တယ်။ အလုပ်ရှင်တွေဟာလည်း ပညာရေးနဲ့ပတ်သက် လာရင် အလွန်အရေးကြီးတှဲ့အေုန့သိူနမ တွေဖြစ် တယ်။ ပညာသင်ပြီးတဲ့သူတွေကို အလုပ်ရှင်တွေက အသုံး ချရတာဖြစ်တယ်။ ဒါကြောင့်လည်း သူတို့ရဲ့လိုအပ်ချက်ကို ဖော်ထုတ်ဖို့လိုအပ်ပါတယ်။ကျွန်တော်တို့နိုင်ငံမှာ တော်လှန်ရေးအစိုးရလက်ထက်ကစပြီး ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခဲ့တယ်။ ဆိုရှယ်လစ်စနစ်ကို အထောက်အကူဖြစ်စေမယ့် ပညာရေးစနစ်ကို ဖန်တီးလိုတဲ့ အတွက် အကောင်းပကတိရှိနေတဲ့ စနစ်တစ်ခုကို ဖျက်ဆီး ခဲ့တယ်။
တစ်ချိန်တုန်းက အာရှမှာ နာမည်ကြီးလှတဲ့ မြန်မာ့ ပညာရေးစနစ်ကို ရိုက်ချိုးလိုက်တယ်။ ကျဉ်းမြောင်းလှတဲ့ အမျိုးသားရေးဝါဒကြောင့် အခြေခံနဲ့အထက်တန်းပညာ ကျောင်းတွေကို စနစ်တကျဆောင်ရွက်နေတဲ့ သာသနာပြု ကျောင်းတွေကို ပြည်သူပိုင်သိမ်းခဲ့တယ်။ ဝါရင့်ဆရာ၊ ဆရာမတွေကို ပြည်နှင်ဒဏ်ပေးခဲ့တယ်။ နာမည်ကျော် ဥထ်သမိ တက္ကသိုလ်၊ ဃောဘမငိါန တက္ကသိုလ်ကို နမူနာ ယူပြီး အဆင့်မြင့်မြင့် သင်ကြားနေတဲ့ ရန်ကုန်တက္ကသိုလ်ကို ခွဲထုတ်ပြီး ဆိုရှယ်လစ်သဘောသက်ရောက်တဲ့ တက္ကသိုလ် တွေတည်ထောင်ခဲ့တယ်။ အင်္ဂလိပ်စာကိုလည်း ပဉ္စမတန်း မှ စသင်ရမယ်လို့ သတ်မှတ်ခဲ့တယ်။
နောက်တစ်ကြိမ်လုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုက တက္ကသိုလ်မှာ ဒေသကောလိပ်တွေထည့်ဖွင့်ခဲ့တဲ့ ကိစ္စပဲ ဖြစ်တယ်။ ဒီဒေသကောလိပ်ဟာ အမေရိကန်ပြည်ထောင်စု မှာရှိတဲ့ ဃသာကညငအပ ဃသူနါန ရဲ့ပုံတူကိုယူခဲ့တာ။ အမေရိကန်ပြည်ထောင်စုမှာ တက္ကသိုလ်မတက်နိုင်တဲ့ သူတွေသာ ဃသာကညငအပ ဃသူနါန ကိုတက်ကြတာဖြစ် တယ်။ နှစ်နှစ်သင်တန်းတွေဖြစ်ပြီး ဘွဲ့မပေးဘူး။
ဒီလိုနဲ့ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ ပုံစံတစ်မျိုးနဲ့ ပညာရေးစနစ်ကို ပြင်ခဲ့ပြန်တယ်။ တကယ်တော့ ရင်ဆိုင် နေရတာက နိုင်ငံရေးပြဿနာ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ ပညာရေးစနစ်ကို တရားခံ အဖြစ် အသုံးချခဲ့တယ်။ ဒါကြောင့်လည်း သွားလို့၊ လာလို့ ခက်ခဲတဲ့ ဝေးလံလှတဲ့ နေရာတွေမှာ တက္ကသိုလ်တွေဖွင့်ခဲ့ တယ်။ အင်မတန်မှ အဆင့်အတန်းရှိလှတဲ့ အဆောင်စနစ်ကို ဖျက်ခဲ့တယ်။
ကျွန်တော်ကျန်းမာရေးဝန်ကြီးဌာနမှာ တာဝန်ယူစဉ် ဝန်ကြီးဖြစ်သူရဲ့ တာဝန်ပေးချက်အရ ရန်ကုန်မြို့လယ် မှာသူနာပြုတက္ကသိုလ်အသစ်တစ်ခု ဖွင့်ဖို့ဆောင်ရွက်နိုင်ခဲ့ တယ်။ ကျောင်းသူတွေနေဖို့အဆောင်တွေလည်း ဖွင့်ပေး နိုင်ခဲ့တယ်။ အဆောင်တွေပိတ်လိုက်တော့ ကျောင်းသူ တွေဟာ အနီးအနားမှာရှိတဲ့ သရက်တောကျောင်းတိုက်မှာ နေကြရရှာတယ်။ ရှိနေတဲ့ အဆောင်တွေကျတော့ ဒီအတိုင်း ထားတာ။ ဒါကြောင့် ရန်ကုန်တက္ကသိုလ်ဝင်းထဲ စာသင်ဖို့ သွားတဲ့မနက်တိုင်း ပျက်စီးနေတဲ့ ရွှေဘိုဆောင်တို့၊ စစ်ကိုင်း ဆောင်တို့၊ ပဲခူးဆောင်တို့ကို မြင်ရရင် ရင်ထဲကနာတယ်။ စိတ်မကောင်းဖြစ်ရတယ်။
ခေတ်အဆက်ဆက် ပညာရေးပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်တဲ့အခါ တာဝန်ရှိသူတွေက သူတို့ဖြစ်ချင်တာ၊ လိုချင်တာကို သတ်မှတ်ဖော်ထုတ်မှာဖြစ်ပါတယ်။ ဒါက သူတို့ရဲ့ကိစ္စဖြစ်တယ်။ ဒါပေမယ့် ဒါတွေလုပ်သင့် မလုပ် သင့်ကို ပြောဖို့ တာဝန်ရှိတဲ့သူတွေက ပညာတတ်၊ ပညာရှင် လို့ပြောတဲ့ ကျွန်တော်တို့ပဲဖြစ်တယ်။ လူကြီးအကြိုက်လိုက်ပြီး လုပ်ခဲ့တာက ပညာတတ်တွေ။ ဒီလိုမလုပ်သင့်ဘူး။ မဖြစ် သင့်ဘူး။ ဆက်ပြီးလုပ်ရင် လက်မခံနိုင်တာမို့ အလုပ်က ထွက်တဲ့သူ တစ်ဦးတစ်ယောက်မှ မရှိခဲ့ဘူး။ သတ္တိတွေ နည်းခဲ့ကြတယ်။ အခုအချိန်လည်း ပညာရှိတွေ၊ ပညာတတ် တွေက ဆွေးနွေးနေကြပြန်ပြီ။
ကျွန်တော်ကတော့ မြန်မာ့ပညာရေးလောကနဲ့ ပတ်သက်လို့ စောစောကပြောတဲ့ ကြူအင-ျအေုန့သိူနမ ပါဝင်ပတ်သက်၊ သက်ဆိုင်သူတွေအားလုံးနဲ့တိုင်ပင်ပြီး အဖြေတွေရှာစေချင်တယ်။ ဒါမှရလာတဲ့ အဖြေတွေဟာ ပတ်သက်သူအားလုံးအတွက် အကျိုးရှိနိုင်မှာ။ လက်ရှိ ပညာရေးစနစ်ရဲ့ အခြေခံအားနည်းချက်က သင်ကြားမှု ွှနခေ့ငညါ ကိုဦးစားပေးခြင်းဖြစ်တယ်။ တတ်တဲ့ဆရာ၊ ဆရာမတွေက မတတ်တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို သင်ကြားနေတဲ့ စနစ်ဖြစ်တယ်။ တစ်နည်းပြောရရင် ဓဥကအျငိန-ငညဓ ”အပြင်ကအတွင်း”သို့ စနစ်ဖြစ်တယ်။ သင်ရိုးညွှန်းတမ်းတွေကိုမပြီးပြီးအောင် ဖိသင်တယ်။
အမှန်ဖြစ်သင့်တာက ကျောင်းသား ကျောင်းသူတွေရဲ့ ွှ့ငညုငညါ (စဉ်းစားတွေးခေါ်ချင့်ချိန်နိုင်တဲ့) အရည်အချင်း တွေကို မွေးထုတ်ရမှာဖြစ်တယ်။ စဉ်းစားတတ်တဲ့သူတွေ ဖြစ်အောင် ဖန်တီးဖို့လိုအပ်ပါတယ်။ ပိုပြီး လိုအပ်တာက ဓှုညျငိန -သကအဓ ”အတွင်းကအပြင်” ထုတ်နိုင်တဲ့ ချဉ်းကပ်မှု၊ ကျောင်းသား ကျောင်းသူရဲ့ ကိုယ်ပိုင်အတွေးအခေါ်ကို ဆရာလုပ်သူက ထုတ်ယူနိုင်ဖို့ ဖြစ်တယ်။ ကျောင်းသား ကျောင်းသူတိုင်းမှာ အသိရှိတယ်။ စဉ်းစားတတ်တယ်။ သူတို့မှာရှိတာတွေကို ဆရာလုပ်သူကဖော်ထုတ်ပေးရမှာ ဖြစ်တယ်။
နောက်တစ်ချက်က စာမေးပွဲစနစ်ဖြစ်တယ်။ အခု စာမေးပွဲစနစ်က ကျောင်းသားတွေကို အလွတ်ကျက်စေတဲ့ စနစ်။ ဆရာ ဆရာမသင်ကြားသမျှကို ”၏၊ သည်” မရွေး ပြန်ပြီး အံနိုင်ဖို့ လိုတဲ့စနစ်။ မိမိအတွေး၊ မိမိစိတ်ကူးနဲ့ ဖြေရင် စာမေးပွဲကျတဲ့စနစ်၊ ဒီစာမေးပွဲစနစ်ကို မပြောင်း နိုင်ရင် ထိရောက်တဲ့ပြုပြင် ပြောင်းလဲမှုတွေ လုပ်နိုင်ဖို့ခဲယဉ်း လှပါတယ်။ တစ်လောက ထိုင်းသတင်းစာ ြအေငသည က ဆောင်းပါးတစ်ပုဒ်ကို ဖတ်ပြီး စိတ်မကောင်းဖြစ်ရတယ်။
သူတို့နိုင်ငံမှာရှိတဲ့ လူမျိုးစုတစ်စုဖြစ်တဲ့ အခါလူမျိုး တွေရဲ့ ကျောင်းနေရွယ်ကလေးတွေကို ထိုင်းအစိုးရက ကျောက်သင်ပုန်းကွန်ပျူတာတွေကို အခမဲ့ ဝေတဲ့သတင်း။ ကျောက်သင်ပုန်းကွန်ပျူတာဆိုလို့ အထင်သေးလို့မရဘူး။ ဒီကွန်ပျူတာထဲမှာ သူငယ်တန်းကနေ မူလတန်းပြီးတဲ့အထိ အတန်း ၅ တန်းအတွက် ဘာသာရပ်အားလုံးရဲ့ စာအုပ် တွေ၊ လေ့ကျင့်ခန်းတွေ၊ စာမေးပွဲအားလုံး ထည့်ထားတယ်။ ကျောင်းသားဟာ ဘာစာအုပ်၊ ဘာစာရေးကိရိယာမှ မလို တော့ဘူး။ ကျောက်သင်ပုန်းကွန်ပျူတာကိုသုံးပြီး မိမိအရှိန်နဲ့ ကိုက်ညီအောင် ပညာသင်လို့ရတယ်။ ဒါကြောင့် ပညာရေး လောကမှာ နည်းပညာတိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက် နိုင်ဖို့ အထူးလိုအပ်နေတာ တွေ့ရတယ်။
နောက်စိန်ခေါ်မှုကတော့ လောကနှစ်ပါးကို ပေါင်းစပ် ဖို့ဖြစ်တယ်။ ကျွန်တော့်အနေနဲ့ သုံးသပ်ရင်ပညာရေး လောကနဲ့ အလုပ်ခွင်လောက၊ ဒီလောကနှစ်ပါးဟာ ချိတ်ဆက်မှုမရှိလှဘူး။ ကျောင်းတွေမှာနှစ်သက်ရာတွေ သင်ကြားနေတယ်။ အလုပ်ခွင်အတွက် အကျိုးရှိ၊ မရှိ သိပ် မစဉ်းစားလှဘူး။ ဒါကြောင့်လည်း ဘွဲ့ရကျောင်းသား ကျောင်းသူတွေကို အလုပ်ထဲမှာ ချက်ချင်းအသုံးချနိုင်စွမ်း မရှိတာတွေ့ရတယ်။ ဒီစိန်ခေါ်မှုကို စောစောက ကျွန်တော် တင်ပြခဲ့တှဲ့အေုန့သိူနမ အချင်းချင်းတိုင်ပင်ဆွေးနွေးပြီး အဖြေရှာရမှာဖြစ်တယ်။
ကျွန်တော့်စိတ်ထဲမှာ အခြေခံပညာရေးစနစ်တစ်ခု လုံးဟာ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်နိုင်အောင် ဖန်တီးထားတဲ့ ပုံစံဖြစ်နေတယ်။ ပညာရေးလမ်းခရီးကို ဆုံးခန်းတိုင်မတက်နိုင်တဲ့ အကြောင်းကြောင်းကြောင့် ကျောင်းထွက်ရတဲ့ကလေးတွေအတွက် မစဉ်းစားဘူး။ ကျောင်းသားကျောင်းသူတိုင်းဟာ ဆယ်တန်းအထိ ပညာ သင်ခွင့်မရကြပါဘူး။
တချို့က မူလတန်းကထွက်ကြတယ်။ တချို့က ရှစ်တန်း အောင်ပြီး အလုပ်ခွင်ထဲ ရောက်သွားကြတယ်။ ကျွန်တော် ဥပမာတစ်ခုပေးချင်ပါတယ်။ ကလေးတစ်ယောက်ဟာ ကျောင်းကိုတစ်နှစ်ပဲတက်နိုင်တယ်ဆိုပါစို့။ သူငယ်တန်း တက်ပြီး ပထမတန်းမတက်နိုင်တဲ့ ကလေးဟာ သူငယ်တန်း မှာ ဘာတွေသင်ခဲ့ရသလဲ။ သူဟာ ပထမတန်းတက်နိုင်မယ့် စာတွေကိုသာ သင်ခဲ့ရတယ်။ သူ့အနေနဲ့ တစ်သက်လုံး တစ်နှစ်ပဲ စာသင်ကြားခွင့်ရရင် အခုလိုပထမတန်းတက်ဖို့ စာတွေသင်ကြားမယ့်အစား သူ့ဘဝအတွက် အကျိုးရှိ နိုင်မယ့်ဘဝတစ်သက်တာကျွမ်းကျင်မှုတွေကို သင်ကြား သင့်တယ်။
အခုတော့ မူလတန်းရဲ့သင်ရိုးညွှန်းတမ်းဟာ ပထမနှစ် တက်နိုင်မယ့်ပညာတွေကိုသာ သင်ပေးတာ ဖြစ်တယ်။ ပညာရေးကို ဘဝနဲ့ယှဉ်ပြီးစဉ်းစားနိုင်မှ လူအများအတွက် အဓိပ္ပာယ်ရှိနိုင်မှာဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ ကလေးတိုင်းကျောင်းမတက် နိုင်ဘူး။ ကျောင်းမနေနိုင်ကြဘူး။ ဝမ်းစာရှာစားကြရတယ်။ အလုပ်ခွင်မှာပါဝင်ကြရတယ်။ လက်ဖက်ရည်ဆိုင်တွေမှာ၊ ကားပြင်တဲ့နေရာတွေမှာ ကလေးတွေအလုပ်လုပ်နေကြ ရတယ်။ တစ်ဖက်ကလည်း ကျောင်းတက်နိုင်တဲ့ကလေး တွေအဖို့တောင် ကျောင်းအထိရောက်အောင်သွားရတာ မလွယ်ဘူး။ တချို့ဆိုရင် တစ်နေ့ကို သုံးလေး မိုင်ခရီး လျှောက်ရတာ။
ဒါကြောင့်လည်း တော်ရုံတန်ရုံဇွဲမရှိဘဲ ကျောင်းမပြီး နိုင်တော့ဘူး။ ခုလိုဖြစ်ရတဲ့ အခြေခံက ကလေးတွေက ကျောင်းကိုသွားနေရလို့ဖြစ်တယ်။ ကျောင်းက ကလေး တွေဆီ မသွားဘူး။
ကျွန်တော်ကဒီလိုပြောရင် ခပ်ကြောင်ကြောင်လို့ အပြစ်တင်ကြလိမ့်မယ်။ အမှန်တော့ ကျောင်းကို ကလေး တွေဆီ အရောက်ပို့နိုင်ပါတယ်။ ကျောင်းဟာဘာလဲ။ အဆောက်အအုံရှိမှ ကျောင်းမဟုတ်ဘူး။
့ြှုဃင်္န အဖွဲ့အစည်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ မှာရှိတဲ့ ကလေးသူငယ်တွေရဲ့ ပညာရေးအခွင့်အရေး မဆုံးရှုံးရအောငှ်ခ့သသူ-ငည-ေ-ဘသထ လို့ခေါ်နိုင်တဲ့ ကျောင်းတစ်ကျောင်းအတွက် လိုအပ်မယ့်သင်ထောက်ကူ ပစ္စည်းအားလုံးကို ပုံးတစ်ပုံးထဲ ထည့်နိုင်အောင် ကြိုးစားတယ်။ ဒီပုံးရှိရင် နေရာတိုင်းမှာ ကျောင်းဖွင့်လို့ ရတယ်။ ရပ်ကွက်တစ်ခုမှာရှိတဲ့ လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်နေတဲ့ ကလေးတွေကို တစ်နေ့မှာတစ်နာရီ၊ နှစ်နာရီလောက် အလုပ်ရှင်တွေက ခွင့်တောင်းပြီး သင့်တော်မယ့်နေရာတစ်နေရာမှာ ကျောင်းဖွင့်ပြီး ပညာရေးအခွင့်အရေးပေးလို့ရပါတယ်။ ကတ်သီး ကတ်သတ်ပြောနေတယ်လို့ မယူဆစေချင်ပါဘူး။
ပညာရေးနဲ့ပတ်သက်ပြီး ဆွေးနွေးနေကြတာကို ဖတ်ရှုလေ့လာနားထောင်ကြည့်တဲ့အခါ မကြားရတဲ့အသုံး အနှုန်း၊ မသုံးကြတဲ့ ဝေါဟာရတစ်ခုကို သတိပြုမိတယ်။ ပညာရေးနဲ့ပတ်သက်လာရင် နိုင်ငံတော်ကစေတနာနဲ့ ပညာရေးအခွင့်အလမ်းတွေပေးတယ်။ လိုအပ်တဲ့ ဘတ်ဂျက်ငွေကြေးတွေတိုးပြီး သုံးစွဲတယ်လို့ပြောကြဆို ကြတယ်။ အမှန်တော့ ပညာရေးဟာ လူ့အခွင့်အရေး တစ်ရပ်ပါ။ နိုင်ငံသားတိုင်းမှာ ပညာသင်ခွင့်အခွင့် အရေးရှိပါတယ်။ ဒီပညာရေးအခွင့်အရေးကို ပေးရမယ့် တာဝန်က နိုင်ငံတော်မှာရှိပါတယ်။ တစ်ဖက်ကတော့ ဒီအခွင့်အရေးရှိတာနဲ့အမျှ ကလေးတွေရော၊ မိဘတွေပါ ဒီပညာရေးအခွင့်အရေးကို ရအောင်ယူဖို့ တာဝန်ရှိပါတယ်။ ကျွန်တော်အမြဲပြောနေသလို လူတိုင်းမှာ လူ့အခွင့်အရေး ခံစားခွင့်ရှိသလို လူတိုင်းမှာလည်း တာဝန်တွေရှိပါတယ်။
မိသားစုအနေနဲ့ဖြစ်စေ၊ နိုင်ငံတော်အနေနဲ့ဖြစ်စေ ပညာရေးနဲ့ပတ်သက်လာရင် အသုံးစရိတ်၊ ကုန်ကျစရိတ် ဆိုပြီး မစဉ်းစားစေချင်ဘူး။ လွှတ်တော်မှာ ပညာရေး အသုံးစရိတ်တွေ ယခင်ကထက် တိုးပြီးသုံးစွဲမယ်လို့ ကြေညာတာဖတ်လိုက်တဲ့အခါ ပညာရေးအပေါ်မှာထားတဲ့ ငြညိ-ှနအ (စိတ်သဘောထား)ပြောင်းဖို့လိုပြီလို့ သတိပြု မိပါတယ်။ ပညာရေးနဲ့ ပတ်သက်လာရင် အသုံးစရိတ် မဟုတ်ပါဘူး။ တကယ်တော့ ပညာရေးအတွက် ရင်းနှီးမြှုပ်နှံမှုသာဖြစ်ပါတယ်။ ပညာရေးနဲ့ပတ်သက်တဲ့ စရိတ်စက၊ အသုံးစရိတ်တွေကို ယခုလိုအပြင် အယူအဆ ပြောင်းပြီး ရင်းနှီးမြှုပ်နှံမှုလို့ စဉ်းစားနိုင်ရင် ကျွန်တော်တို့ မျှော်မှန်းတောင့်တတဲ့ ပညာရေးကို အလေးထားတဲ့၊ တန်ဖိုးထားတဲ့ လူ့အဖွဲ့အစည်းဖြစ်လာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက် ချက်တွေနဲ့ပတ်သက်လာရင် လုပ်ရည်ကိုင်ရည်၊ စွမ်းဆောင်မှု(ဃစေခေငအပ)ဟာ သော့ချက်ဖြစ်ပါတယ်။ ဒီစွမ်းဆောင်မှုကို ဆောင်ရွက်အားပေးနိုင်တာက ပညာရေးသာဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ ပညာရှာတဲ့ သူများ မွေးထုတ်နိုင်ပါစေ။
မှတ်ချက်။ ။ ကြေးမုံ ဩဂတ်စ်လ ၂၈ထုတ်ပါဆောင်းပါးကို ပြန်လည်ဖေါ်ပြခြင်းဖြစ်ပါသည်။
16 comments
အရီးခင်
August 30, 2013 at 4:11 am
ဆရာကြီး ပြောတဲ့
{{{ ခေတ်အဆက်ဆက် ပညာရေးပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်တဲ့အခါ တာဝန်ရှိသူတွေက သူတို့ဖြစ်ချင်တာ၊ လိုချင်တာကို သတ်မှတ်ဖော်ထုတ်မှာဖြစ်ပါတယ်။
ဒါက သူတို့ရဲ့ကိစ္စဖြစ်တယ်။ ဒါပေမယ့် ဒါတွေလုပ်သင့် မလုပ် သင့်ကို ပြောဖို့ တာဝန်ရှိတဲ့သူတွေက ပညာတတ်၊ ပညာရှင် လို့ပြောတဲ့ ကျွန်တော်တို့ပဲဖြစ်တယ်။
လူကြီးအကြိုက်လိုက်ပြီး လုပ်ခဲ့တာက ပညာတတ်တွေ။
ဒီလိုမလုပ်သင့်ဘူး။ မဖြစ် သင့်ဘူး။ ဆက်ပြီးလုပ်ရင် လက်မခံနိုင်တာမို့ အလုပ်က ထွက်တဲ့သူ တစ်ဦးတစ်ယောက်မှ မရှိခဲ့ဘူး။
သတ္တိတွေ နည်းခဲ့ကြတယ်။ အခုအချိန်လည်း ပညာရှိတွေ၊ ပညာတတ် တွေက ဆွေးနွေးနေကြပြန်ပြီ။ }}}
ဒီအချိန်မှာ ဒီ စကားက အရမ်းအရေးကြီးနေပါပြီ။
ဆရာကြီး ဒီလို ပြောပေးတာ တနည်း တပ်လှန့်ပေးလိုက်သလိုပါဘဲ။
အဲဒါဟာ နိုင်ငံနိမ့်ကျခဲ့တဲ့ အကြောင်း ထဲ က အမှန်တရားတစ်ခု ကို ဖော်ထုတ်ပေးလိုက်တာပါဘဲ။
တနည်း အလယ်က လူတွေ စကားဝဲ နေခဲ့တာ။
အခုလဲ တစ်ချို့ ဝဲ နေဆဲပါဘဲ။
ပညာရေးမှာသာမက နေရာတိုင်းမှာ စကားဝဲ သူတွေ သတိလေး နဲ့ အမှန်တရား ဘက်က ရပ် ရဲ ဖို့သင့်ပါပြီ။
ဆရာကြီး ပြောသွားတဲ့ “Stakeholder” ဆိုတဲ့ စကားလုံး က အများကြီး တန်ဖိုးရှိပါတယ်။
အသေအချာ တွေးကြည့်ရင် ပညာရေးလောက တင်မက အားလုံးမှာ သုံးကြည့် သင့်တာ။
အသေအချာ ရှာတင်ပေးလို့ ကျေးဇူးပါ သူကြီးရေ။
စကားလုံးတိုင်း က တန်ဖိုးရှိတဲ့ ဆောင်းပါးလေးပါ။
ဆောင်းပါးမဖတ်မိခင် စကားလုံး တစ်ပိုင်းတစ်စ ကြား နဲ့ ဝေဖန်မိတဲ့ ကိုယ့်အဖြစ်ကို အပြစ်တင်မိတယ်။
ဒါပေမဲ့ ကလေး တွေ ကို အလုပ်ထဲ ကခေါ်ထုတ်ပြီး နာရီပိုင်း စာသင်ဖို့ က လက်တွေ့မဖြစ်နိုင်ပါဘူး။
ဒီမှာ လဲ အလုပ်ခွင်ထဲမှာ စာသင်တယ် ဆိုတာ ရှိပါတယ်။
ကလေးအသက် ၁၅ နှစ် မတိုင်မှီ အလုပ်လုပ်ခွင့် မရှိပါ။
ဒီလို ကလေးတွေ ကို ခိုင်းရင် အလုပ်ရှင် တရားစွဲခံရပါမယ်။
၁၅နှစ်အထိ ကျောင်းပြီးအောင် တက်ကိုတက်ရပါတယ်။
ကျောင်းတက်ရတာလဲ အလကားပါ။
အလုပ်ခွင် လိုက်ပြီး စာသင်ပေးတာ အခြေခံပညာအောင်ပြီးချိန် ကောလိပ်မတက်တော့ဘဲ အလုပ်ခွင်ထဲ ဝင်လိုက်တဲ့ ကလေးတွေ အတွက်ပါ။
ဥပမာ – တစ်ချို့က ကားပြင် အလုပ်လုပ်မယ်၊ တစ်ချို့ က စာရေးလုပ်မယ်။
အဲဒီ သူတို့ ရဲ့ အလုပ်ပေါ်မှာ ပိုပြီး ကျွမ်းကျင်အောင် အဆင့်မြင့် သွားအောင် သက်ဆိုင်ရာ ဘာသာတွေ ကို အလုပ်လုပ်ရင်း လေ့လာသွားရတာပါ။
ဆရာ/ဆရာမ တွေက သူတို့ အလုပ်ထဲ ထိလာပြီး လိုတာတွေ ပံ့ပိုး ပေးတာပါ။
ဒီတော့ အလုပ်လုပ် ရင်း ဒီပလိုမာ တွေ ရပါတယ်။
မြန်မာပြည်မှာတော့ ကျောင်းမတက်ဘဲ အလုပ်လုပ် နေတဲ့ ကလေး ဆိုတာ အသက် ၅ နှစ်က စရှိနေမှာ။
လဘက်ရည်ဆိုင်မှာ စားပွဲထိုး ကလေး ကို နောက်ကနေ ကကြီး၊ ခခွေး လိုက်တိုင် ပေးနေရမလားဘဲ။
အလုပ်ချိန်တွင်း စားပွဲတွေ သုတ်ရင်း အေ၊ ဘီ၊ စီ ချရေးခွင့် ပေးမှာလား။
ဒီကလေး တွေ ကို စားတဲ့သူက ပိုက်ဆံရှင်းချိန် အပေါင်းအနှုတ် သင်ပေးဖို့တော့ လွယ်သားပေါ့။
ဘယ် ဆရာက လိုက်ပြီး ဆိုင်တွေထဲ စာသင်ပေးမှာလဲ ဆိုတာ မတွေးတတ်ဘူး။
ဒါဟာ ဘယ်လိုမှ လက်တွေ့မဖြစ်နိုင်မဲ့ စီမံကိန်းပါ။
ဖြစ်သင့်တာက ဒီလို ကလေး တွေ စာသင်ခန်း ထဲ မရောက်ရောက်အောင် ပံ့ပိုး ပေးဖို့ပါ။
အာဖရိကလို တိုင်းပြည်တွေ မွဲ နေတဲ့ နေရာမှာမို့ဒီလို လုပ်ရတာ သဘာဝကျပါတယ်။
မြန်မာပြည်လို ကိုယ်ပိုင်ဝင်ငွေရှိတဲ့ နိုင်ငံမှာ တိုင်းပြည်ဘဏ္ဍာ ကို တကယ်ဘဲ တိုင်းပြည်က သုံးနိုင်ရင် ကလေးတွေ ကို ကျောင်းစရိတ်ပေးစရာဘဲ ကျောင်းတက်နိုင်အောင် ရင်းနှီးပေးနိုင်တဲ့ အနေအထားပါ။
အဲဒီ တိုင်းပြည်ဘဏ္ဍာ ကို ဖြတ်ခုတ်ပြီး မတတ်ဘဲ တတ်ယောင်ဆောင် မဟုတ်တာတွေ လက်ညိုးထိုးခိုင်း နေသူ တွေ ကို ဖြုတ်နိုင်ဖို့သာ လိုတာပါ။
ဆရာကြီးတို့လို တတ်သိ ပညာရှင်တွေ ပြည်သူတွေ အတွက် တကယ်ဘဲ မားမားမတ်မတ် ရပ်ပေးမယ် ဆိုရင် ကျွန်မတို့ သံယံဇာတ မရှားတဲ့ တိုင်းပြည်၊ လူတွေ မညံ့တဲ့ တိုင်းပြည် ပြန်တိုးတက်ဖို့ မဝေးပါဘူး။
Zaw Thant
August 30, 2013 at 10:20 am
.. ကလေးတွေကို စာသင်ခန်းထဲ မရောက်ရောက်အောင် ပို့ဖို့ ဆိုတာ သိပ်တော့ မလွယ်လှဖူး အရီးရေ.. ကျွန်တော့် သူငယ်ချင်း NGO သမားတွေ ပြောတာကို အမှတ်ရပါတယ်.. ဆင်းရဲတဲ့ မိသားစုတွေမှာ သူတို့ကလေးတွေကို ကျောင်းပို့ဖို့ပြော၊ လိုအပ်တာအကုန်ထောက်ပံ့ပါမယ် ဆိုတာတောာင် မပို့ချင်ကြဘူး တဲ့ဗျ.. ကလေးတွေရဲ့လုပ်အားကို သူတို့အလုပ်ထဲမှာ သုံးချင်တာတို့၊ တခြားအလုပ်ခိုင်းရင် ငွေပိုလေး ရတာတို့နဲ့ ဆိုတော့ ကလေးကိုရော မိဘကိုရော ဆွဲဆောင်ရခက်ပါသတဲ့.. တိုင်းပြည်ရဲ့ ပညာရေးနဲ့ စီးပွားရေး၊ လူမှုရေးတို့ ဆက်စပ်နေတဲ့ သဘောပေါ့ဗျာ.. ဆက်ပြောရရင် နိုင်ငံရေး၊ တိုင်းပြည်ဦးဆောင်သူတွေနဲ့ ဆိုင်တာပဲ.. ပြောရင်းနဲ့ ဒီဘူတာ ပဲဆိုက်လာမိပြီ.. 😀
KZ
August 30, 2013 at 11:52 am
ဒါ မမှီ ရဲ့ အစိမ်းသေ ဆိုတာ ဖတ်ကြည့်။
http://myanmargazette.net/184251
ဒီ ဘူတာပဲ ပစ်မလွဲမို့ တစ်ပြုံလုံးဖြုတ်လဲမှ သာ ကောင်းမှာပဲ။
ဒါကို ပြောင်လေးမဆိုးပါဘူးးး မန်းလေးဆို ကောင်းမလား လုပ်နေသရွေ့ ခံပေဦးတော့ နောက်ထပ် ဘယ်နှစ်နှစ်။ 🙁
Zaw Thant
August 31, 2013 at 10:55 am
.. ဖတ်ပြီးပါပြီ.. တပြုံလုံးဖြုတ်လဲမှ ကောင်းမှာကဟုတ်ပါတယ်.. ဒါပေမယ့် အဲ့ဒါက ကိုယ်ဖြစ်ချင်တာပဲ ရှိသေးတာလေ.. ဖြစ်နိုင်တာကိုလည်းထဲ့ စဉ်းစားရသေးတယ်.. တပြုံလုံးကိုဖြုတ်လဲအောင် စွမ်းဆောင်နိုင်မဲ့သူရှိရင်တော့ ဦးသုံးကြိမ်ချပါ့မယ်.. အဲ့လိုလူမျိုးမပေါ်သေးသရွေ့တော့ ဖြစ်နိုင်ခြေတွေကို မျက်ခြေမပျက်ချင်ဘူး..
kai
August 30, 2013 at 5:48 am
အဲဒါလေး..နည်းနည်း.. ထောက်ခံပါတယ်..။ မြန်မာကျောင်းသားတွေ.. တကယ်စာတတ်စေချင်ရင်.. နိုင်ငံတကာရင်ဘောင်တန်းနိုင်စေချင်ရင်… ကိုယ်ပိုင်အတွေးအခေါ်နဲ့ထုတ်သုံးရမယ်ပေါ့..
ဒီလိုမှ.. အောင်မြင်တဲ့.. ပညာရှင်.. လုပ်ငန်းရှင်.. အလုပ်သမား.. တွေဖြစ်လာမှာပါ…
အမှန်က. ဆရာဗဟိုပြုတာကနေ…တပည့်ဗဟိုပြုဆုံးဖြတ်ကြရင် ကောင်းမယ်လို့… မြင်ပါတယ်..။
ဆိုတော့…
လက်တွေ့ဖြစ်ဖို့ရာမှာ.. ယဉ်ကျေးမှုကခံနေကြောင်း…
ဆရာက.. ဟိုးးးးးးးးးးးးးးးးး ထိပ်မှာဦးပန်ဆင်ထားရတဲ့…
အနန္တော အနန္တဂိုဏ်းဝင်တဲ့..
အပြန်အလှန်လေးစားသမှုနဲ့.. လူသားချင်းတန်းတူညီမျှမှု.. အလုပ်နဲ့. .အလုပ်ရှင်/အလုပ်သမားသဘောကိုကျော်လွန်နေတဲ့.. ရှေးးးးကွန်ဆာဗေးတစ်အယူအမြင်ဖြစ်ပါတယ်..။
အဲဒါကို ပြန်မရှင်းသမျှ… ဘယ်တော့မှ မရ… ရေးးးးးချ.. မရ..။
အဲ..တခုတော့ရှိတယ်..
ခရစ်ယန်ကျောင်းတွေပြန်လာဖွင့်ပြီး.. ခရစ်ယန်ဆရာတွေစာလာသင်ရင်တော့.. ဖြစ်နိုင်ဂျောင်း..
==
အနန္တော အနန္တငါးပါး။
• အနန္တဂုဏ်ရှင် ၅-ပါး။ ။ အနန္တော အနန္တငါးပါးလည်းဟူ၏။ ပညာရှိသူတော်ကောင်းတို့ ပညတ်ထားရှိခဲ့သော (ဘုရားဟောမဟုတ်)အနန္တကျေးဇူးဂုဏ်ရှင်ငါးပါး။
(၁) ဗုဒ္ဓ- ဘုရားရှင်ကိုယ်တော်မြတ်၊
(၂) ဓမ္မ- ဘုရားရှင်၏တရားတော်များနှင့်အခြားယဉ်ကျေးမှုတရားစုဟူသမျှ၊
(၃) သံဃ- ရဟန်းတော်များ၊
(၄) မာတာပိတု- မွေးသမိခင် မွေးသဖခင်၊ မိခင်ဖခင်နှင့်အလားတူကျေးဇူးပြုသူ၊
(၅) အာစရိယ- အတတ်ပညာပေးသူ၊ ဆိုဆုံးမသူ ဆရာ။
ဆရာ
အာစရိယ ဂုဏော၊ အနန္တော ဟု၊ မိန့်ဟောအရ၊ ကောက်ယူကြသော်၊ နယ နည်းနာ၊ အဖြာဖြာကို၊ လိမ္မာစေကြောင်း၊ မေတ္တာလောင်း၍၊ မကောင်းကိုကြဉ်၊ ကောင်းရာယှဉ်လျက်၊ နှုတ်မြွက်သံချို၊ ဆုံးမဆိုသား၊ အဟိုများစွာ၊ သံသရာဝယ်၊ သုံးသွယ်သော ကပ်၊ လေးရပ် အပါယ်၊ ရှစ်သွယ် ရပ်ပစ်၊ ဆိုးညစ်ယုတ်မာ၊ ပယ်စွန့်ခွာ၍၊ ခေမာ ဘုမ္မိ၊ ဘေးမရှိအောင်၊ နိဗ္ဗာန်သောင်သို့၊ ရောက်အောင်ပြညွှန်၊ သွန်သင် ပေတတ်၊ ဆရာမြတ်ကို၊ အဟံ အကျွန်ုပ်သည်၊ ဝန္ဒေ ဝန္ဒာမိ၊ သဒ္ဓါ ညွတ်ကျိုး၊ လက်စုံမိုး၍၊ ရှိခိုးပူဇော်ပါ၏ အရှင်ဘုရား။
အရီးခင်
August 30, 2013 at 2:10 pm
kai says: {ခရစ်ယန်ကျောင်းတွေပြန်လာဖွင့်ပြီး.. ခရစ်ယန်ဆရာတွေစာလာသင်ရင်တော့.. ဖြစ်နိုင်ဂျောင်း.}
သူတို့က သိပ္ပံ၊ ဇီဝ ပညာတွေကို ယုံကြည်မှု အပြည့် နဲ့ သင်မယ် ဆိုရင် ဘုရားသခင်ဖန်ဆင်းမှု တွေ နဲ့ ထိပ်တိုက် ဖြစ်ကုန် မယ် မထင်ပေဘူးလား သူကြီးရေ့။
အမှန်က Richard Dawkins တို့ အေးသီးရစ် ပါမောက္ခဆရာကြီး တွေ ကို ခေါ်ရမှာ။
အလှူပေးတာ နောင်ဘဝ အတွက်မဟုတ် ကိုယ့်လူသားချင်း ကူညီဖို့ အတွက် လှူတာ ဆိုတာ နဲ့ အစပျိုးလို့ … 😉
ဆရာ ဆိုတာလဲ တပည့်တွေဆီ က ပြန်ပြီး သင်ရတာတွေရှိမယ် ဆိုတဲ့ စိတ်ဓာတ်တွေ နဲ့
နေရာတိုင်း၊ အဖြစ်အပျက်တိုင်း ဟာ သင်ကြား လေ့လာစရာ လို့ သတ်မှတ်ထားတဲ့ Open Mind ရှိတဲ့ ဆရာ တွေပေါ့။
😛
ဦးကြောင်ကြီး
August 30, 2013 at 8:39 am
ဆရာသခင်အားလုံးကို လူမိုက်ဗာလာနံ မာမွတ်လျှာပွတ် မိုးပြားထိုးဝါး မာမီချာပီ သဂျီးခိုမ် ကိုယ်စား ဤနေရာမှာ မြွေစွယ်တုတ်ကျိုး ခြေသုပ်ပုဆိုးပမာ ဝပ်ဆင်းခယ တောင်းပန်ပါသည်…. ဗွေမယူပါနဲ့ ဆရာဂျီး ဆရာလေး ဆရာမ အပေါင်းတို့ခင်ဗျား…..
kai
August 30, 2013 at 1:43 pm
UNIVERSAL DECLARATION OF HUMAN RIGHTS
Article 1.
All human beings are born free and equal in dignity and rights.They are endowed with reason and conscience and should act towards one another in a spirit of brotherhood.
အဲဒီUNIVERSAL DECLARATION OF HUMAN RIGHTS မှာ တဦးက တဦးကို.. တစုကတစုကို.. တဂိုဏ်းက တဂိုဏ်းကို.. နှိမ့်ချပြီး “သူက/ကိုယ်က. .ဒါလုပ်လို့.. ဒါဝတ်လို့..ဒီလိုကျင့်လို့.. တပါးသူထက် ပိုမြင့်မြတ်တယ်ဆိုတဲ့… နေရာရှိနေရမယ်“ဆိုတဲ့.. အခြေအနေမပါဘူး..
လူသားတိုင်းတန်းတူဆိုတာမှာ.. မလေးမစားလုပ်ရမှာလည်း မပါဘူး..။ တဦးနဲ့တဦး.. လူသားအချင်းချင်း.. စော်ကားရမှာလည်း.. မပါပေဘူးဗျ…
ဆရာ/တပည့် မှာလည်း.. “ထိုက်သင့်တဲ့အပြန်အလှန်လေးစားမှု” ရှိရမယ်လို သိထား/သတိထားကြရမှာပါ…။
ဆိုတော့..
ကိုရင်ကြောင်ကြီးက.. တန်းတူမဟုတ်တာနဲ့.. ခေါင်းတက်ကန်..အဲ..အဲ..ခေါင်းတက် ချေးပါမယ့် မူရင်းစိတ်ရင်းပြတာပဲ..
အဲဒါ… အမြုတ်စိတ်ပေါ်တာလို့ခေါ်တယ်..။
မူလ “ကြောင်စိတ်” ပေါ့လေ…
အဖြူမဟုတ်ရင်.. အမဲ.. ဟိုဖက်အစွန်းကနေ.. ဒီဖက်အစွန်း စိတ်ထဲကတောင်မရွေ့သင့်ပါဘူး..
ကြားထဲ.. စိမ်းနီပြာဝါညိုတွေနဲ့.. အလှဆင်နိုင်ပါကြောင်း…
ကွိ.. ညောင်းးးးးးးးးး.
လုံမလေးမွန်မွန်
August 31, 2013 at 10:18 pm
မြန်မာဆိုတာ သူများတွေထက်တော့ နည်းနည်းလေး ပိုလိုက်ရမှ နေသာတယ်ထင်တယ်…. အရင်တုန်းကတော့ အာစရိယဂုဏံဆိုပြီး ဆရာပြောသမျှ တစ်သွေမတိမ်းလုပ်ကြတယ်.. (အဲ့ထဲတော့ လုံမတို့ မပါဘူး… ဆရာမှားနေတယ်လို့ ထင်ရင်လည်း ထပြောဖို့ လုံးဝဝန်မလေးဘူး..ကိုယ်ကျေနပ်လောက်တဲ့အထိ ရှင်းမပြနိုင်မချင်း ကိုယ့်အယူအဆကို လုံးဝ လက်မလွှတ်ဘူး..)
ထားပါ..အခုကျတော့ လူလူချင်းတန်းတူအခွင့်အရေးလား ဘာလားတော့ မသိ… ဆရာတွေဆို ကလေးတွေက တွေ့ရင်တောင် ပခုံးချင်း တိုက်သွားချင်ကြတာ… အရမ်းမိုက်ရိုင်းလာကြတယ်… မိဘတွေကလည်း ကဲကဲ နဲ့ သဲသဲ…. ပိုက်ဆံပေးသင်တယ်ဆိုတဲ့ အချိုးမျိုးတွေ… သားသမီးတွေကလည်း ဘာအသိတရားမှမရှိ…. ကျောင်းစာတွေနဲ့ဖိထားခံရတဲ့ ကလေးတွေ.. စီးပွားရေးထဲ ခေါင်းမြုပ်ထားရတဲံ မိဘတွေ…. ဒီခေတ်ကလေးတွေ အလိမ္မာစာတွေမဖတ်နိုင်၊ အသိကောင်းတွေ အသင်ကြားမခံနိုင်ရဘဲ မိုက်မိုက်ရိုင်းရိုင်းကြီးပြင်းလာတာ.. စနစ်လား..လူလား… 🙂
KZ
August 30, 2013 at 9:33 am
ဒီမှာတော့ ကျောင်းတွေမှာ ဖိဘက် စင်တာ ရှိတယ်။
မိဘတွေကလည်း လိုအပ်ချက်တွေ ထောက်တယ်။ ကျောင်းသားတွေကလည်း လိုအပ်တာတွေ ပြောတယ်။
ပရိုင်း မီနီစတာက တစ်နှစ်တစ်ခါ ကျောင်းသားတွေ၊ မိဘတွေ ကို တိုက်ရိုက်တွေ့စုံ စကားပြောလေ့ရှိတယ်။
စကားပြောတာကိုလည်း တီဗီက တိုက်ရိုက်လွှင့်တယ်။
နောက်ပြီး နေရှင်နယ်ဒေးတိုင်းမှာ ပညာရေးနဲ့ ပတ်သက်တဲ့ အပြောင်းအလဲ/တိုးမြှင့်မှု စတာတွေ အမြဲ ပြောတယ်။
ဒီ နှစ်ဆိုရင် မိဘတွေရဲ့ တော်စေချင် တတ်စေချင်တဲ့ ဖိအားကြောင့် ကျောင်းသားတွေ စာသင်ရာမှာ စိတ်ဖိစီးမှုရှိတဲ့ကိစ္စတွေကို ဘယ်လို ပြောင်းလဲမယ်ဆိုတာ ပညာရေးဝန်ကြီးနဲ့ အတူပြောသွားတယ်။
ဒါက ကလေးတွေ နဲ့ ဆရာ/ဆရာမ တွေရဲ့ အသံကို နားထောင်ပေးတဲ့ အကျိုးဆက်မျိုးပေါ့။
ကျနော်တို့ဆီက လူကြီးတွေ အဲဒီရဲ့ တစ်ဝက်လောက် ကလေးတွေကို စိတ်ဝင်စားရင်သိပ်ကောင်းမှာပဲ။
အမှန်ဆို ကျနော်တို့ လူမျိုးတွေ ဉာဏ်သိပ်ကောင်းပါတယ်။
သူများနိုင်ငံမှာ ကျောင်းတက်နိုင်တဲ့ ကျောင်းသားတိုင်း အသိ အမှတ်ပြုကြတယ်။
အရင်ကတည်းက ကြားဖူးနေတဲ့ “မိဘ ဆရာ ပူးပေါင်း ကလေးပညာကောင်း” တို့ဘာတို့ဆိုတာ ဆိုင်းဘုတ်ပေါ်မှာပဲ ရှိနေလားးးး
ကလေးတွေရဲ့ သဘောထားကို အဖတ်မလုပ်တဲ့ အစဉ်အလာကရော ဘယ် အထိ ယူသွားကြဦးမှာလဲ။
kyeemite
August 30, 2013 at 10:55 am
“ ပညာရေးနဲ့ ပတ်သက်လာရင် အသုံးစရိတ် မဟုတ်ပါဘူး။ တကယ်တော့ ပညာရေးအတွက် ရင်းနှီးမြှုပ်နှံမှုသာဖြစ်ပါတယ်။ ”
အဲဒီသဘောထားကိုကြိုက်ပါကြောင်း…
အရီးခင်
August 30, 2013 at 2:12 pm
ဒါကြောင့်လဲ မိဘ တွေ ထမင်း ဆီဆမ်း ဆားဖြူးစားပြီး ကျောင်းစားရိတ် ပေးနေကြရတာ။ 😉
Swal Taw Ywet
August 30, 2013 at 12:58 pm
အေးအေးဆေးဆေး ထပ်ခါတလဲလဲဖတ်ရအောင် သိမ်းထားလိုက်ပြီ။
ပြန်ပြောခွင့်မရတဲ့ဘဝမှာ ဆက်မြောမနေဘဲ နှုတ်ထွက်ခဲ့တာကို နောင်တမရပါ။
စက်သက်ကနေ အင်ဂျင်နီယာတွေမွေးထုတ်ရာမှာ မှားခဲ့တဲ့သမိုင်းလေးတွေချရေးမပြဖြစ်သေးတာတော့ အားနာမိပါတယ်။
သူကြီးရေ ကျေးကျေး ပါ။
Let’s try our best for our mother land.
With respect,
Swal Taw Ywet.
kai
August 30, 2013 at 2:27 pm
(ဦး)ဘိုဘိုကျော်ငြိမ်း ဖေ့စ်ဘုတ်ကမလာတာပါ..
ဒီတော့ပစ်နဲ့သိပ်မဆိုင်ပေမယ်လို့… အတင်းဆိုင်ချင်လို့ပါပဲ..
ဆိုင်စေရတု..ဆိုင်စေရတု.. :kwi:
==========
FYI
ဒါ…သူ့ Field မှာအာင်မြင်နေတဲ့ မြန်မာပါမေက္ခတဦးပါဝင်ရေးတဲ့စာအုပ် လူငယ်လေးတွေ အားကျရအောင်တင်ပြလိုက်တာပါ။
ပါမောက္ခဒေါက်တာ TIm Hla ဟာတချိန်ကမြန်မာနိုင်ငံမှာ နံမည်ကျော်ကြားတဲ့ Heart Specialist ဒေါက်တာမိုုဟန်း နဲ့ ပါမောက္ခဒေါက်တာဒေါ်နှင်းရီ တို့ရဲ့ သားအကြီးဆုံးဖြစ်တယ်။
ဒေါက်တာ Tim Hla ဟာဝါရှင်တန် George Washington University က Microbiology နဲ့ Ph.d ဘွဲ့ ရခဲ့ပြီး ယ္ခု Cornell University Medical Center မှာ ပါမောက္ခလုပ်ရင်း lab တခုလုံးကိုဦးစီးပြီး research ကီုဦးဆာင်လျှက် ရှိရာ သူဘာသာရပ်မှာတော့ leading voice လာဖြစ်တယ်။
သူ့ရဲ့ညီအငယ်ဆုံးဟာလည်း သူ့လိုပဲ Ph.D ဘွဲ့ရကာ University of Connecticut မှာ lab တခုလုံးကို ဦးဆောင်ကာ သူလည်းသူ့ Speciality မှာ နံမည်ရလျှက်ရှိတယ်။ သူတို့ရဲ့ ညီမအငယ်ဆုံးက ရန်ကုန်က ဆရာဝန်ဖွဲ့ရလာပြီး Neurology မှာ residency ပြီးပြီး နံမည်ကျော် Standford University မှာ research doctor လုပ်နေတယ်။ လွန်ခဲ့တဲ့ (၂) နှစ်လောက်က Connecticut က ပါမောက္ခ နဲ့ Stanford ဆရာဝန် ၊ မောင်နှမနှစ်ယာက် collaborate လုပ်ပြီးအလွန်ကောင်းတဲ့ research paper ထွက်လာလို့ မစ္ဇျိမမှာ ဆောင်းပါးရေးခဲ့သေးတယ်။
ပါမောက္ခဒေါက်တာမိုဟန်း ဟာသူ့ချိန်က အတော်ဆုံးမို့ ဦးနေဝင်းကခေါ်ကုရတယ်။ ပါမောက္ခဒေါက် တာဒေါ်နှင်းရီဟာ စာရေးသူအကို ဒေါက်တာထွန်းကျော်ငြိမ်း ဆေးကျောင်းသားဘဝမှာ အလွန်လေးစား ရတဲ့ ဆရာသမား။ သူ့တို့သမီးတစ်ယောက်က Computer Science နဲ့ ဘွဲ့လွန်ပြီးတယ်။
မိသားစု တစ်စုလုံး ပညာတတ်လူရည်ချွန်တွေကြီးပဲ။
ဗမာနိုင်ငံသားတွေ ကမ္ဘာမှာယှဉ်နိုင်တယ် ဆိုတာ လူငယ်လေးတွေ သိစေချင်လို့ပါ။
ဒီလိုလူတွေ ကမ္ဘာမှာ အများကြီးရှိကြတယ်။
ဒီလိုလူမျိုးတွေကို နိုင်ငံက ကိုယ့်စရိတ်နဲ့ကိုယ် ပညာတော်သင်လွှတ်ထားတယ်လို့ပဲ သဘောထားရမယ်။
သူတို့ အတွေ့အကြုံတွေ ဆုံ ပြီးရင် မြန်မာနိုင်ငံကို တလှည့်အလုပ်အကျွေးပြုကြရင် မြန်မာနိုင်ငံအတွက် ဘယ်လောက် အကျိုးရှိလိမ့်မလဲ။
ဘယ်အစိုးရတက်တက် ဒီလိုလူတွေကို မြန်မာနိုင်ငံကို ပြန်ဖိတ်ခေါ်ပြီး နိုင်ငံတည်ဆောက်ရေးမှာ ကူညီလာအောင် အကူညီပေးဖို့လိုတယ်။
ဒေါက်တာမိုဟန်းက မသေခင် သူ့သားအငယ်မင်္ဂလာဆောင်မှာတွေ့တော့ တိုင်းပြည်အတွက် ခင်ဗျားတို့လူငယ်တွေပဲ ၊ လုပ်ကြရမှာ ၊ လုပ်ကြပါ ဆိုပြီး မျိုးချစ်စိတ် ၊ တိုင်းပြည်ချစ်စိတ် နဲ့ တိုင်းပြည် ကောင်းစားစေချင်တဲ့ စိတ်နဲ့ ပြောသွားရှာတယ်။ နိုင်ငံခြားရောက်နေပေမဲ့ တိုင်းပြည်ကိုမမေ့ဖူး။
ဒါကြောင့် သူ့မိသားစုတခုလုံး အမေရိကားမှာ အောင်မြင်နေပေမဲ့ တိုင်းပြည်ကိုမမေ့ကြဖူး။ တိုင်းပြည်ချစ်စိတ်ရှိတယ်။ လွန်ခဲ့တဲ့ (၃)လကျော်ကျော်ကပဲ ၊ အင်းယားကန်ဘောင်က စားသောက်ဆိုင် မှာစကားပြောကြရင်း ဒေါက်တာ Tim Hla ရယ် ဒေါက်တာထွန်းကျော်ငြိမ်းရယ် စာရေးသူ ရယ် ရှေးဟောင်းနှောင်းဖြစ်တွေပြောကြသေးတယ်။ စာရေးသူတို့ အတူတူ Macomb, Illinois မှာ ငတ် ငတ်ပြတ်ပြတ် ကျောင်းသားဘဝနဲ့ ဘဝတူ ရုန်းကန်ခဲ့ကြရတာကို ပြန်သတိရနေမိတယ်။ ဦးနေဝင်းကို လည်း ကြံဖန်ကျေးဇူးတင်နေမိတယ်။ သူနှိပ်စက်လို့ အားလုံးထွက်ပြေးလာကြပြီး ရုန်းကန်ရင်း မရရအောင် ကုပ်ကပ်တက်ခဲ့ကြလို့ အောင်မြင်ခဲ့ကြတာ။
မြန်မာနိုင်ငံကထွက်းသွားရတဲ့ ပညာတတ်တွေ golf ပဲရိုက်မနေကြပဲ တိုင်းပြည်ကို မိမိရခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ပြန်ကူညီ နိုင်အောင် အစိုးရကလည်း အကူအညီပေးစေချင်တယ်။ နီးစပ် ရာလည်း ပြောပြကြပါ။ သမ္မတနဲ့တွေ့စဉ်ကလည်း ဒီအကြောင်းတင်ပြတော့ စိတ်အားထက်သန်စွာ သဘောတူတာကိုတွေ့ရတယ်။
ဦးနေဝင်းခေတ် နဲ့ စစ်အစိုးရအဆက်ဆက် အကြောင်းကြောင်းကြောင့် နိုင်ငံက မထွက်ချင်ပဲထွက်သွား ရသူတွေ သာ ပြန်လာပြီး မိမိတို့ရခဲ့တဲ့ အတွေ့အကြုံတွေနဲ့ နိုင်ငံကိုပြန်လာကူညီကြရင် နဲတဲ့ Collective Capacity မှမဟုတ်တာ။
ကမ္ဘာမှာမြန်မာနိုင်ငံသားတွေ အောင်မြင်တာတွေ့ရရင် ပျော်မှာပျော်…..
Congratulation Dr Tim Hla!
Zaw Thant
August 31, 2013 at 11:10 am
The Voice Weekly ရဲ့သတင်းပါ..
ဖွံ့ဖြိုးမှုနောက်အကျဆုံး စာသင်ကျောင်းများအတွက် ဒေါ်လာသန်း ၆ဝ အသုံးပြုမည်
ရန်ကုန်၊ ဩဂုတ် ၂၉
ကမာ္ဘ့ဘဏ်မှရရှိသော ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ဝ ကျော်အနက် အမေရိကန်ဒေါ်လာ သန်း ၆ဝ ကို ဖွံ့ဖြိုးမှုနောက်ကျသော ဒေသများရှိ စာသင်ကျောင်း တစ်သောင်းကျော်အတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်က ဩဂုတ်လ ၂၉ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် သတ္တမ အစည်းအဝေးတွင် ပြောကြားသည်။
ယင်းအသုံးစရိတ်များကို ၂၀၁၄ ခုနှစ်မှ ၂၀၁ရ ခုနှစ်အထိ သုံးစွဲသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများမှတစ်ဆင့် ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သွားရေးလာရေး ခက်ခဲသောကြောင့် D အဆင့်၊ E အဆင့် သတ်မှတ်ထားသော စာသင်ကျောင်း ၁၆,၃၈ရ ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ သိန်း ၂ဝ နီးပါးအတွက် ဘဏ္ဍာနှစ်အလိုက် ပံ့ပိုးသွားရန် စီစဉ်ထားကြောင်း ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မင်းအောင်က ဆက်လက်ပြောဆိုသည်။
ယင်းရရှိသော အသုံးစရိတ် ပမာဏများကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၁ဝ သန်း စတင်သုံးစွဲမည်ဖြစ်ပြီး D နှင့် E အဆင့်ရှိ ကျောင်းများအတွက် ၂ ဒသမ ၅ ရာခိုင်နှုန်း အသုံးပြုမည် ဖြစ်ကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၅ သန်းကို ကျောင်းသား၊ ကျောင်းသူ ရ ရာခိုင်နှုန်းအတွက် အသုံးပြုမည် ဖြစ်ကြောင်း အလားတူ ၂၀၁၆-၂၀၁ရ ပညာသင်နှစ်တွင်လည်း ဒုတိယဘဏ္ဍာနှစ်အတိုင်း အသုံးပြုရန် စီစဉ်ထားကြောင်း ဒေါက်တာဇော်မင်းအောင်က ရှင်းလင်းတင်ပြသည်။
မြို့နှင့်အလှမ်းအဝေးဆုံး စာသင်ကျောင်းများ အခက်အခဲများတွင် ဆရာ၊ ဆရာမ မပြည့်စုံခြင်း၊ ကလေးသူငယ်များ ပညာသင်ကြားခွင့် နည်းပါးခြင်းနှင့် အဆောက်အအုံနှင့် ပရိဘောဂများ မပြည့်စုံခြင်းတို့ ကြုံတွေ့နေကြောင်း တနင်္သာရီတိုင်းဒေသကြီး ပညာရေးမှူး (ငြိမ်း) က The Voice သို့ ဆိုသည်။
အခြေခံပညာကျောင်းများကို ကျောင်းအဆင့် ပြန်လည် ခွဲခြမ်းရာတွင် မြို့တွင်းရှိ စာသင်ကျောင်းများကို A အဆင့်၊ မြို့ပြင် ကားလမ်းဘေး ကျောင်းများကို B အဆင့်၊ မြို့ပြင်မှ တစ်ဆင့်ပြန်သွားရသည့် ကျောင်းများကို C အဆင့်၊ နေ့ချင်း မပြန်နိုင်သော ကျောင်းများကို D အဆင့်နှင့် တစ်ပတ်မှတစ်ခါ ပြန်နိုင်သော ကျောင်းများကို E အဆင့်အသီးသီး သတ်မှတ်ထားသည်။
.
.
ဘယ်တွေကို ဘယ်လောက်ရောက်မလဲ စောင့်ကြည့်ကြတာပေါ့နော.. ကျောင်းအရေအတွက် နဲ့ စားချ လိုက်ရင်တော့ တစ်ကျောင်းကို သိန်း ၁၀ဝ လောက်တောင်ကျန်ပါ့မလားပဲ.. ဒီကြားထဲ့ အလေအလွင့်ကလဲ ဘယ်လိုရှိမယ့်မသိဘူး..
ဝင့်ပြုံးမြင့်
September 1, 2013 at 10:40 pm
သူကြီးထံ သီးသန့်စာတစ်စောင်ပို့လိုက်ပါတယ်။ ထွေထွေထူးထူးရယ်လို့ မဟုတ်၊
မန်းဂဇက်ကို ဖတ်တဲ့လူတွေ အကြောင်းပါ။
—-
ပညာရေးက နှေးနေပေမယ့် ဓမ္မစကူးလ် ကတော့ အရှိန်အဟုန်နဲ့ သွားနေပြီ။ ခလေးတွေ အကုန် ဓမ္မစကူးလ် ဆိုရင် ပျော်မှပျော်။ ဆရာမက ဗုဒ္ဓအကြောင်း ပုံပြောပြတယ်၊ အရောင်ခြယ်တာ ဆော့တာတွေ သင်ပေးတယ်။ အာဟာရကျွေးတယ်။ တနင်္ဂနွေနေ့တိုင်း။ ဘာသာရေးကို ကျောင်းတွေက အရမ်းလုပ်နေပြီ။ အဲဒီလို မျိုး အင်္ဂလိပ်စာကိုလည်း အရှိန်အဟုန်နဲ့ လုပ်ရင် ဖြစ်ကိုဖြစ်တယ်။ သူကြီးပြောသလို မီဒီယာကနေ ဆော်ဪရင် ဖြစ်ကိုဖြစ်လာရမှာပါ။ လာမယ့်နှစ်မှာ မူလတန်း အင်္ဂလိပ်စာသင်ရိုးပြောင်းမယ် လို့ ကြားရပါပြီ။ ဒီသတင်းကြားတော့ ဝမ်းသာလိုက်တာ။