Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“တောင်စဉ်ရေမရ´´

ခင္ခAugust 30, 20131min4616

“တောင်စဉ်ရေမရ´´

 

အချိန်သည်က ညနေခင်း နေမင်းပျောက်ကွယ်လုဆဲဆဲမို့ ပတ်ဝန်းကျင်တစ်ခုလုံး နေရောင်ဖျော့ကာ ရရှိနေပြီး မိုးတိမ်တွေကလည်း ကောင်းကင်းမှာညိုကာလွင့်မျှောလို့ရှိနေလေသည်။

နေရာသည်က မန္တလေးကျုံး၏မြောက်ဘက်အရပ် တစ်နေရာတွင်ဖြစ်ပေသည်။

အဲဒီအချိန်ကာလ၊နေရာတွင် သီချင်းဆိုသံ ခပ်သဲ့သဲ့လေးကြားလိုက်ရလို့ ကျွန်တော် အသံလာရာဆီကို လှမ်း ကြည့်မိကာ နားစွင့်မိ လိုက်သည်။

♩ ♪ ♬♭♫  ပိတုန်းရောင် ကေသာ♩ ♪ ♬ ♯♭  ဖြန့်လိုက်ရင် တစ်ကိုယ်လုံး ဝေဝေစာစာလွင်လွင်♬ ♮ ♯♭♫

သူမ ကသာ ပိတုန်းရောင်ကေသာလို့ သီချင်းစာသားဆိုလိုက်ပေမယ့် သူ့ဆံပင်ကတော့ ပိတောင်ရောင် ကေသာမဟုတ်ဘဲ နီကြောင်ကြောင်အရောင်ဆံပင်ဟာ ခပ်ကွေးကွေးတွန်လိမ်ပြီး ရှုပ်ထွေးနေသောဟန် ရှိလေသည်။ ရှေးတုန်းကနဲ့ ကျွန်တော်တို့လူပျိုအရွယ်လောက်အထိ ဆံပင်ဆိုရင်နက်မှောင်နေပြီး ပိတုန်းရောင် ရှိနေမှ ဆံပင်၏ကောင်းခြင်းမည်သည်ထင်ခဲ့ အသိအမှတ်ပြုခဲ့သည်။ ခေါင်းကဆံပင်တွင် အဖြူတစ်ပင်တွေ့ရပြီ ဆိုရင် အပြင်ထွက်ရမှာ ရှက်သလိုထင်ခဲ့မိကြတယ်။ အခုခေတ်များတော့ အဲလိုမဟုတ်တော့ဘူး ခုနပိတုန်း ရောင် နက်မှောင်နေသောရှိရင်းစွဲဆံပင်ကိုပင် အညိုဆိုးမလား ရွှေအိုရောင်လား ရောင်စုံကာလာလား တကူး တကကို ဆိုးလာကြတယ် ပြီးတော့ ဖြောင့်စင်းကာနွဲ့သွားရအောင် ဆံပင်ကိုဖြောင့်လာကြတယ် အဲလိုတွေ လုပ်လာကြတာကိုတွေ့လာရတယ်။ အဲဒီတော့ အခုခေတ်မှာ မိန်းကလေးများ ကာလာစုံဆံပင်နဲ့ ဖြောင့်ကာ တစ်သွယ် အလှကြွယ်ကြပြန်ရောလေ။

ထိုအချိန်မှာဘဲ ခုနကောင်းကင်ညိုမှိုင်းကာလွင့်မျှောနေသောမိုးတိမ်တွေကြောင့် မိုးဖွားလေးတွေ တစ်ပေါက် နှစ်ပေါက်ကြလာပြီဆိုရင်ဘဲ ခုနသီချင်းသံရှင် သူမ တစ်ယောက် အနီးနားက အပင်လေးအောက်ကိုရွှေ့ကာ ထိုင်ရင်း တေးသီချင်းကို ဆက်ငြီးနေတာက

♩ ♪ ♬♭♫  ဟိုး တောင်ပေါ် ဟို တောင်ပေါ်ရိုးဆီက မြူခိုးတွေလွင် ♬ ♮ ♯♭♫ မိုးရွာမယ် မိုးရွာမယ်မထင်မိပါလို့ ♩ ♪ ♬♭♫  ပါလာသည့် ခြုံတစ်ဘက်လေး ခေါင်းပေါ်တင်မိရင်ဘဲ သဲသဲမဲမဲရွာပြန်တော့ ♩ ♪ ♬♭♫

မိုးသဲသဲမဲမဲရွာတာနဲ့ပက်သက်ပြီး ကျွန်တော်သွားသတိရမိတယ် ကျွန်တော်ရဲ့မွေးရပ်မြေဖြစ်တဲ့ ရန်ကုန်မှာ ဟိုတလောက မိုးတွေရွာသမို့ လမ်းမပေါ်တွေမှာ ရေတွေလျှံနေကာရှိနေကြလို့ ဆိုပြီးဖေ့ဘုတ်မှာ ဓာတ်ပုံတွေ တွေ့ရတယ်။ ကျွန်တော်တို့ ငယ်ငယ် ရန်ကုန်မြို့ စမ်းချောင်းမှာနေခဲ့စဉ် ကျွန်တော်နေတဲ့ အိမ်ရှေ့မှာ လူတစ်ရပ် မရှိတရှိမြောင်းရှိတယ် အဲဒီတုန်းကဆို မိုးရွာပြီးရင် အဲဒီမြောင်းထဲရေတွေ ဒလဟောစီးနေလို့ စာရွက်အဟောင်း တွေနဲ့ စက္ကူလှေကလေးတွေ လုပ်ပြီးလွတ်ခဲ့ကြတာကို သွားသတိရမိတယ်။ အခုနောက်ပိုင်းတော့ ရန်ကုန်မြို့ ကလည်း နေထိုင်လာတဲ့ လူဦးရေက အဆမတန်တိုး အိမ်တွေကနေ တိုက်အဆောက်အဦးတွေ ကွန်ဒိုဆိုတဲ့ အထပ်မြင့်တွေနဲ့ အမျိုးမျိုးအစီအရီပေါ်လာပေမယ့် ရေမြောင်းတွေကတော့ ဟိုးအရင်ကျွန်တော်တို့ ငယ်ငယ် တုန်းကရှိပြီးသား မြောင်းတွေဘဲဖြစ်မယ်ထင်ပါတယ်၊ အဲဒီတော့ရေထွက်မြောင်းတွေရဲ့စနစ်က ထူးခြားပြီး ကောင်လာတာမျိုးမဟုတ်တာရယ် ရန်ကုန်ဆိုတာက မိုးရာသီဆို မိုးများတဲ့အရပ်ဖြစ်လေတော့ လမ်းမတွေဟာ မိုးများများရွာပြီဆို ချောင်းအဖြစ်သာပြောင်းပြီး လမ်းတွေပေါ်ကနေရေတွေစီးပေမပေါ့လေ။ ဒါကို ပြုပြင်ဖို့ အစိုးရပိုင်းကလည်း အတော်ခက်နေမယ်ဆိုရင် ပြင်ဆင်ရေးစီမံကိန်းတွေလည်း သေချာမရှိဘူးဆိုရင် နှစ်စဉ် ဝါဆိုဝါခေါင်မှာကွယ် ရွှေမိုးလေးတွေညိုတော့ ငိုချင်းချကာနေပေါ့ဆိုလို နှစ်စဉ်ကြုံရပေမပေါ့လေ။

 

♩ ♪ ♬♭♫  မျက်စိကိုအနားပေး မှေးကနဲညအိပ်ယာဝင် ♬ ♮ ♯♭♫ အိမ်မက်အလည်ဝင် အတွေးဖြန့်မိရင် ♩ ♪ ♬♭♫ ချောင်းလိုလိုမြစ်လိုလို တစ်ခုသောကမ်းစပ်မှာ ရောက်နေရာတွင် ♩ ♪ ♬♭♫

သူမတစ်ယောက် မိုးလေးက မသဲပေမယ့် ဖွဲဖွဲလေးကျနေသမို့ ထိုင်နေဖြစ်တဲ့ သစ်ပင်ကိုမှီရင်း သီချင်းပြောင်း ကာငြီးပြန်တော့

မျက်စိဆိုလို့ ဟိုတစ်နေ့သတင်းစာထဲပါ သတင်းတစ်ပုဒ်က တရုတ်နိုင်ငံမြောင်ပိုင်း ရှန်းရှီးပြည်နယ်မှာ ကိုယ် အင်္ဂ ါ အစိတ်အပိုင်းများကို တရားမဝင်ရောင်းချသူဟု ယူဆရသည့် အဆိုပါအမျိုးသမီးသည် ယခု သီတင်းပတ် အတွင်း က ဆော့ကစားနေသည့် ကော့အမည်ရှိ အသက်ခြောက်နှစ်အရွယ်ကလေးငယ်တစ်ဦးကို လယ်ကွင်း တစ်ခု အတွင်းသို့ဖြားယောင်းခေါ်ဆောင်သွားပြီးနောက် ယင်းကလေးငယ်၏မျက်လုံးကို ထိုးဖောက်ပြီးနောက် မျက်ကြည်လွှာကို ယူငင်၍ထွက်ပြေးသွားခဲ့ကြောင်း၊ အဆိုပါကလေးငယ်ကို မိဘများကရှာဖွေတွေ့ခဲ့ပြီး ပြည်နယ်မြို့တော်တိုင်ယွမ်မြို့ရှိ ဆေးရုံသို့အရေးပေါ်ပို့ဆောင်ခဲ့ပြီး ထိုဆေးရုံမှ မျက်စိအထူးကုဆေးရုံသို့ လွဲပြောင်းပေးခဲ့တယ်။ ကော့အနေဖြင့် မျက်လုံးများပြန်လည်ရရှိခဲ့သော်လည်း မျက်စိအလင်းရောင်ကို ပြန်လည် ရရှိနိုင်တော့မည်မဟုတ်ဟု အဆိုပါဆေးရုံကဆရာဝန်များက ဆိုတယ်တဲ့၊ ကော့၏မျက်လုံးကို ထိုးဖောက်ကာ မျက်ကြည်လွှာကိုလုယူသူငို ရဲတပ်ဖွဲ့ကစုံစမ်းရှာဖွေနေပြီး သတင်းပေးနိုင်သူကိုလည်း ဆုငွေ အဖြစ် ယွမ် ၁၀၀၀၀၀(ဒေါ်လာ ၁၆၁၂၉) ချီးမြှင့်မည်ဟု ကြေငြာထားကြောင်းသတင်းဖတ်လိုက်ရတယ်။ သတင်းဖတ်ပြီး စိတ်မကောင်းဖြစ်မိရင် လက်ျာဝဲသုန္ဒရအမတ်ရေးစပ်တဲ့ ကဗျာတစ်ပိုဒ်ကို သတိရမိတယ်  “ သူတည်း တစ်ယောက် ကောင်းဖို့ရောက်မှာ သူတစ်ယောက်မှာ ပျက်လျင့်ကာသာ ဓမ္မတာတည်း´´ တဲ့။ ဪ ကိုယ့်အဆင်ပြေဖို့ ကိုယ်အမြတ်ရဖို့အတွက်ဘဲကြည့်ပြီး ဘယ်သူသေသေ ငါမသေပြီးရော သူတစ်ပါးကို ဒုက္ခပေးကာ စီးပွားရှာကြတဲ့ အတ္တလောဘလူတွေကလည်း ရှိကြတာပါလားလေ။ အဲဒီမှာဘဲ သတင်းတစ်ပုဒ် က ထပ်ပြီးရီစရာဖတ်ခဲ့ရတယ် ဩဂုတ် ၂၈ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ စားသုံးသူကာကွယ်ရေးအသင်း နှင့် ငါးပိလုပ်ငန်းရှင်များပေါင်းကာ မမှန်ကန်သော ထုတ်လုပ်မှုများ ဖော်ထုတ်မည်တဲ့။ ပြည်တွင်းဈေးကွက်တွင် ရောင်းချသည့် ငပိများတွင် ဓာတုဗေဒနှင့် ဓာတ်မြေဩဇာများ ပါဝင်သည်ဟူသောသတင်းဖြစ်ပေါ်နေလို့ တွေ့ဆုံဆွေးနွေးကြပြီး ဈေးကွက်ထဲမမှန်မကန်လုပ်ရောင်းသူတွေကို ဖော်ထုတ်မလို့ လိုက်စစ်ဆေးမယ် ဆိုတော့ ငပိလုပ်ငန်းရှင်တွေ ဒါမျိုးမလုပ်ကြဘူးဆိုတဲ့သဘောဖြစ်နေတယ်၊ ဈေးကွက်ထဲက အဲလိုငပိတွေက ငပိလုပ်ငန်းရှင်တွေရှိက မဟုတ်ရင် တစ်နိုင်တစ်ပိုင်လုပ်ကြတဲ့သူတွေဆီကဆိုရင် ငပိလုပ်ငန်းရှင်တွေဆီက ငပိတွေ ဘယ်ကိုများရောင်းချနေပါသလဲတွေးမိလိုက်တယ်၊ သုံးလုံးချဲထီနဲ့ နှစ်လုံးလောင်းကစားဒိုင်တွေကို ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေပူပေါင်းပြီး စီမံချက်နဲ့ဖမ်းလိုက်ကြပြီး ထောင်ချအရေးယူလိုက်တယ်။ အဲဒီလို စီမံချက်ပြီး နှစ်လုံးသုံးလုံးပပျောက်သွားသလားဆိုတော့ မပျောက်ပါဘူး၊ ဘယ်ပျောက်မလဲ တကယ်အင်အား ကြီးအဓိကဒိုင်လုပ်သူက ခုနစီမံချက်နဲ့ဖမ်းတဲ့ ပူပေါင်းအဖွဲ့ထဲကကိုး ဆိုသလိုဖြစ်နေမလားဘဲလေ။

 

ခုနကဖွဲဖွဲမျှရွာနေတဲ့မိုးဟာ မိုးပြေးသဖွယ်ဖြစ်ပြီး မိုးရွာတာရပ်သွားပြန်တော့ သူမက အပင်ရိပ်လေးအောက်မှာ ထိုင်နေရာက ထပြီး အရင်ထိုင်နေတဲ့ ပလက်ဖောင်းအစပ်နားကိုရွှေ့ကာထိုင်လို့ပေါ့။ ညနေ နေအတော် စောင်း သွားပြီး မိုးလေလည်းကင်းပြီဆိုတော့ လမ်းရဲ့တစ်ဖက်  ကျုံး နံဘေးလမ်းလျှောက်လာကြတဲ့ ကောင်မလေး နှစ်ယောက် ဂျင်းဘောင်းဘီကွာတားဝတ်ကာ လမ်းလျှောက်သွားတာကိုတွေ့လို့ သူမ သီချင်းလေးငြီးပုံက

♩ ♪ ♬♭♫  မြို့ထဲမှာ လမ်းလျှောက်ရင် ဂျင်းပန်နဲ့ ♬ ♮ ♯♭♫ ံငါကြိုက်တာ ဂျင်းပန်အပြာ  ♩ ♪ ♬♭♫ နွေမိုးတွေ ဆောင်း ရောက်လည်း ဂျင်းပန်ပြာဘဲ  ဖြူနေပစေ ဝတ်မယ်ဂျင်း ♩ ♪ ♬♭♫

ဖက်ရှင်ဆိုတာလည်း ခေတ်ရေစီးကြောင်းနဲ့အတူ အမျိုးမျိုးပြောင်းလဲမှုတွေရှိတတ်စမြဲပါဘဲ။ ကျွန်တော်မှတ်မိ သလောက် ကျွန်တော်တို့လူပျိုအရွယ်လောက်က မိန်းကလေးတွေ ထမီကို ခြေသလုံးတစ်ဝက်အထက်နား ခြေသလုံးပေါ် သလောက်ဝတ်ကြတယ်၊အဲဒီတုန်းက ကိုချစ်ကောင်းက xxx ခြေသလုံးသားက အလှတရား ပါကွာ သူဟာထမီတိုတို xxx ထမီတိုဝတ်တဲ့ ချစ်သူရေ XXX အဲဒီလို သီချင်းတောင်လုပ်ဆိုခဲ့သေးတယ်လေ၊ နောက်တော့ မိန်းကလေးတွေ ထမီကို ခြေမျက်စိဖုံးတဲ့အထိ တရွတ်တိုက်ကာ အရှည်ကြီးဝတ်လာကြပြန်ရော၊ ဟော နောက်တော့ ကိုရီးယားကားတွေ မြန်မာအသံက ပြတာများပြီး ကိုရီးယားယဉ်ကျေးမှု ကူးဆက်တယ် ထင်တာဘဲ ထမီစကပ်ဆိုပြီး ထမီပုံစံစကပ်တွေ ဝတ်လာကြရာကနေ ဘေးခွဲ နောက်ခွဲ စကပ်တွေပါ ခေတ်စား ကာဝတ်ခဲ့ကြတယ်၊ နောက်တော့ ဘောင်းဘီ ဖိုးကွာတား သရီးကွာတား ဆိုပြီး ဒူးစစ်အောက်လောက်ရှိတဲ့ ဘောင်ဘီလေးတွေကနေ တဖြေးဖြေး ထပ်ကတိုလာရင်းအခုတော့ တင်းနစ်ကစားပွဲတွေမှာ ကျွန်တော်တို့ ငယ်ငယ်ကဝတ်တတ်တဲ့ ပေါင်ရင်းလောက်ဘောင်းဘီတိုလေးတွေနဲ့ မိန်းကလေးတွေလည်း ဖက်ရှင်စတိုင် ထုတ်ကာဝတ်နေကြတဲ့ အခြေအနေအခုတော့ ဖြစ်နေပြီလေ။ အဲဒီမှာ တလောက သတင်းတစ်ပုဒ်ဖတ်လိုက် ရတယ် တရုတ်ပြည်မှာ အခုလို ပေါင်းရင်းလောက်ဘောင်းဘီဝတ်တတ်တဲ့ မိန်းကလေးတွေရဲ့ ပေါင်မှာ အမျိုးသားများနှင့်ဆိုင်တဲ့ ပစ္စည်းကြော်ငြာတွေကို ဆေးရေးပန်းချီချယ်ပြီး ပိုမိုးရှင်းကြော်ငြာခြင်းသည် ထိရောက် နိုင်ဖွယ်ရှိသဖြင့် ကြော်ငြာလက်ခံမည့် မိန်ကလေးများကို လိုက်ဌားနေကြကြောင်းတဲ့ ဪ ဒီလိုဆိုတော့ လည်း သူတို့ပေါင်လေးတွေက အနာဂတ်မှာ အဖိုးတန်လေးတွေပါလားကွယ်။

 

အဲဒီအချိန်မှာ ဆိုင်ကယ်လေးတစ်စီး သူမ အနီးမလှမ်းမကမ်းမှာရပ်ပြီ ဆိုင်ကယ်စီးလာတဲ့ကောင်းလေးက ကျွန်တော်ထိုင်နေတဲ့ဆိုင်မှာ စားစရာပါဆယ်လာဝယ်ကာ ခုနရပ်ထားတဲ့သူ့ဆိုင်ကယ်ကို စက်နိုးပြီးထွက်တော့ သူမက “ဟဲ့ နေအုံးလေ ငါလည်းလိုက်ခဲ့မလို့´´ လို့ လက်ကလေးပြကာ အော်ပြောပြီးတဲ့နောက်

♩ ♪ ♬♭♫  မခေါ်ချင်ထားခဲ့လေ အမျှော်မြင်တရားနဲ့လေ ♬ ♮ ♯♭♫  နားနားနေနေ ချစ်သူရှိရာ သံသရာရှည်ရှည် ♬ ♮ ♯♭♫  ဒီမိုးအောက်ကမ္ဘာလေ ♬ ♮ ♯♭♫ ယောင်နောက်ဆံထုံးပါစမြဲ ခွဲဘူးကွယ့်ချစ်သူရေ  ♩ ♪ ♬♭♫ တောင် မြောက်ဆုံးပါအမြဲ ရဲရဲဝံ လျှောက်မယ်မသွေ ♩ ♪ ♬♭♫

ငယ်သူတို့သဘာဝ ချစ်ကြကြိုက်ကြတာလို့ ယေဘူယျအားဖြင့် လူကြီးတွေပြေကြတယ် ကျွန်တော်တို့လည်း အခုလိုအရွယ်ရောက်လာတော့ ပြောဖြစ်ကြတယ်၊ တကယ်တမ်းပြန်စဉ်စားကြည့်တော့ ငယ်သူတို့သဘာဝ ချစ်ကြကြိုက်ကြတယ် ဆိုတဲ့စကားရပ်က မဟုတ်ဘူးဗျ။ ချစ်ကြကြိုက်ကြတာ ငယ်ရွယ်သူတွေမှတကယ် လုပ်ကြ တာလား မဟုတ်ပါဘူး အများအားဖြင့်တော့ ငယ်ရွယ်တဲ့အရွယ်မှာချစ်ကြိုက်ကြ ရည်စားထားကာ ပျော်လိုက်ကြ  ဆိုပေမယ့် တစ်ချို့လည်း ဒုတိယအရွယ် တတိယအရွယ်တွေကြမှ အချစ်နလံထ တတ်ကြတာ တွေ အချစ်ဦး အချစ်ရူးတွေ့တာတွေကလည်းရှိလေတော့ လူသားတွေ အသက်ရှင်နေသရွေ့ အချစ်သည် ဖြစ်ပေါ်နိုင်စွမ်း ဖြစ်တည်နိုင်စွမ်းရှိတတ်ကြတယ်လို့ဘဲ ပြောရမလိုပါဘဲနော်။

တကယ်တော့ စိတ်မမှန်သူ သူမတစ်ယောက် ထင်ရာမြင်ရာငြီးတွားတဲ့ သီချင်းသံတွေပေါ်မှာ ကျွန်တော်လည်း တောင်စဉ်ရေမရ တွေးမိနေတာပါလားလို့ ဒါပေမယ် အဲလို တောင်စဉ်ရေမရ တွေးမိတဲ့တစ်ခဏက ကျွန်တော် အတွက် ဘယ်လိုပြောရမလဲ စိတ်ကျန်းမာရေးတစ်ခုလေလားလို့သာ တွေးမိပြန်သပေါ့ဗျာ။ စာဖတ်သူပရိတ် သတ်ကြီးကော အဲဒီလို တောင်စဉ်ရေမရ တွေးမိတဲ့အခါများ ရှိခဲ့ရင်စိတ်ထဲ ဘယ်လိုနေလဲဟင်လို့ အပြင်မှာသာ တွေ့ရမယ်ဆိုရင် မေးလှချင်ပါရဲ့။

 

 

ခင်ခ။

(တောင်စဉ်ရေမရ အတွေးများပါ)

6 comments

  • ဦးကျောက်ခဲ

    August 30, 2013 at 1:25 pm

    ဆရာခရေ…..
    ငယ်ငယ်တုန်းက မြဝတီမဂ္ဂဇင်းမှာ ဆရာနတ်နွယ်ရဲ့ “တောအကြောင်း တောင်အကြောင်း”ဆိုတာကို…
    ခလေးအတွေးနဲ့ တောတွေ တောင်တွေ အကြောင်းမှတ်လို့ ဖတ်ကြည့်ခဲ့တာ သွားသတိရတယ်…
    အဲ… “တောင်စဉ်ရေမရ” ကတော့ အိပ်မပျော်ရင် အတော်ဆိုးသဗျ…
    🙂

  • surmi

    August 30, 2013 at 1:30 pm

    ​ဆရာခ က​တော့ မိုက်​သဗျာ
    ​တောင်​စဉ်​​ရေမရ ဆို​ပေမယ်​့
    အစီအစဉ်​နဲ့ကို ​ရေး​တော့တာပဲ
    ကြုံရင်​လည်​း သီချင်​း​လေးတစ်​ပုဒ်​​လောက်​ 🙂

  • kyeemite

    August 30, 2013 at 3:12 pm

    တောင်စဉ်ရေမရအတွေးမှဖတ်ကောင်းတာကလား ကိုခရဲ့
    အတွေးတဲ့တဲ့ကြီးတွေဆိုဖတ်မကောင်းဘူးဗျ.. 😀

  • မောင် ပေ

    August 30, 2013 at 8:01 pm

    မိုး တွင်း ဆို တော့ က
    တောင် စဉ် ရေ ကြီး လို ့
    လား ရှိုး မြို ့မှာ ရေ တွေ လျှံ ကုန် သ ဗျ
    ဒု သ မ္မ တ ကြီး ဒေါက် တာ စိုင်း မောက် ခမ်း တောင် သွား စစ် ဆေး ရ သေး တယ်

  • မဟာရာဇာ အံစာတုံး

    August 31, 2013 at 6:57 pm

    ခီညား မိုက်လှချီလားဂျ …
    သချင်း တစ်ပိုဒ် ကို အားဂျီး တွေးနိုင်ဒယ် …
    ချယ်လဘဲ …
    ကျုပ်လည်း ခညားလို တွေးကျိလိုက်အုံးမယ် ..

    သချင်း …. ငါ .. မင်းဂို .. သတ်ဂျင်ဒယ် ….

    အတွေး …. အင်းးးး ဖစ်ဘူး .. ညန်ညန် ထွက်ပြေးမှ ….

    :mrgreen:

    (တခြားဟာ မပေါဒတ်လို့ ဝင်နောက်တွားဒါနော်)

  • အလင်းဆက်

    September 1, 2013 at 1:57 pm

    လေးလေးေရေ
    တောင်စဉ် ရေမရ ဆိုပေမယ့်
    အတွေးတွေရော
    အသိ တွေပါ အများကြီးရ လိုက်တဲ့ပိုစ့်ပါပဲ။

Leave a Reply