သေဂျင်းဇိမ်း နဲ့ -င်တု

ムラカミAugust 30, 20131min51920

အဘေးက သာကီ

အဘိုးက ဘာမထီ

အဖေက အာဇာနည်

ငါက …ငါက …

ဟီး.. ငါက ဆပ္ပလီ..။

 

 

ကာလရွေ့လျောတော့ ဂလိုပဲ သေဂျင်းဇိမ်း တယောက်လည်း ဒုတိယနှစ်ကို လိမ်ဖယ်လိမ်ဖယ်နဲ့ ဆပ္ပလီဖြေရင်း ရောက်လာလေရောပေါ့ဗျာ..။

အဲ့ဒီမှာ သေဂျင်းဇိမ်းတယောက် ကျောင်းမှာ ကိုယ်လုံးကိုယ်ပေါက် သိပ်လှတဲ့ စိနမလေးကို ခြစ်မိလေသပေါ့။

(ဟိတ်လူဒွေ- ကိုယ်လုံးတော့ ဟုတ်ပါဘီ ကိုယ်ပေါက် ဆိုတာ ဘာလဲ ကပ်သီးကပ်ဖဲ့ လာမမေးနဲ့ နှုတ်ခမ်းကိုပြောဒါ သွပ်သွပ်)

ဒင်းကလေးက မျက်နှာလေးက ငုံးအုလေးလို လုံးချွန်ချွန်လေး ..(မေးဖျားပြောပါတယ်) … ငိ .. ပြောရင်းသဒိယလာဘီ..

 

ထားပါတော့လေ… သေဂျင်းဇိမ်း ခညာ အရင်ယဲဇား ထားသွားလို့ အယက် လှိမ့်သောက်နေတဲ့အချိန် ဒင်းကလေးနဲ့တွေ့တာ ..

ဖြစ်ချင်တော့ ..ကိုယ့်ဟာကိုယ်သာ မသိတယ် လူကြားသူကြား ဆေးဘဲ လို့ နာမည်ကြီးနေတဲ့အချိန်..

ဘုရားစူးရစေ့ဗျာ .. သေဂျင်းဇိမ်းက ဖဥထုတ်တလုံးတော့ လွတ်ကြောင်း ဘုရားမှာ ကျိမ်တွယ်ဝံ့ပါရဲ့…

(ဖဲမရိုက် -ာမချ ဖိုးမထိုး သူပါလေ)

 

အဲ့ဒါနဲ့များ ဘာလို့ ဆေးဘဲလို့ နာမည်ကျော်သလဲ မေးရင် အဖြေက ဂလိုခည..။

မနက်မိုးလင်းလို့ အိမ်ကထွက်ပဟေ့ ဆိုတာနဲ့ ကျောင်းအတူသွားတဲ့ ဘော်ဘော်နဲ့အတူ မြေနီကုန်းက

အယက်ဆိုင်တဆိုင်ဆိုင်ကို တံခါးခေါက်ပြီး အရောင်တင်လေ့ရှိသတဲ့ .. (အော် ကြည်ညိုစရာ)

ကျောင်းရောက်တော့ ကောင်းနေပီပေါ့ဗျာ ..။ လက်ချာ ကို ကောင်းကောင်းနဲ့ လိုက်တာ ..

(ဒုတိယနှစ်ရဲ့ စကတ်ဂျူလ်းက မနက် လက်ချာ ညနေ ပရက်တီကယ် ပါခည..)

အဲ.. ထမင်းစားဆင်းတဲ့အချိန် လှည်းတမ်းသွားပြီး အရောင်ထပ်တင်ချင်တင် မတင်ရင်

ကျောင်းထဲမှာတင် ပုလင်းယူတင်သဗျ.. (အဲ့အကြောင်းအောက်မှာလာမယ်..)

လက်ချာချိန်ကို ဂီတာတီးတယ်ဗျာ ..ပရက်တီကယ် ချိန်ဆို လက်မှတ်လောက်ထိုးပီး ဘောပြေးကန်တာရယ်..

ဒဘလျူလို့ ခေါ်တဲ့ ဂိုးကျဉ်း ဆိုပါတော့ ..။

 

 

 

အဲ့လိုနဲ့ တနေကုန်တနေခန်း ခြေစွမ်းလက်စွမ်းပြလိုက်တာ ညနေကျူရှင်ရောက်တဲ့အခါကျ

အနံ့လည်း မထွက်တော့သလို မျက်ခွံလည်း မပင့်နိုင်တော့ဘူး ဆိုတော့ ..လူကလည်း ပိန်ပိန်

မျက်ခွံတွဲလွဲ မျက်တွင်းဟောက်ပက် ကို ဘယ်သူ ဆေးဘဲ မထင်ဘဲ ခံနိုင်မတုန်းဗျာ..။

အဲ့လို..အဲ့ဒါ နဲ့ အဲ့ကာလမှာ အနှီ ကိုယ်လုံးအင်မတန်လှတဲ့ စကီလေးနဲ့ ဆုံခဲ့သပေါ့..။

 

မှတ်မိပါသေးတယ် ၂၀၀၄ ခုနှစ် ပေါ့. ယခု ဘောစပွန်စာ လုပ်နေတဲ့ ပြည်တွင်းဖြစ် နာမည်ကျော် အရက်ကန်ပနီကြီးခည …။

ဘောလုံးဟာ အလုံးကြီးဆိုတာ အဲ့သည်က မာကတ္တာတွေ မသိဝူးထင့် .. အသင်းနာမည်တွေ ပုလင်းခွံမှာ ထည့်ပီး

ကိုယ်ပေါက်ထားတဲ့အသင်းက အဆင့်ဘယ်လောက်ရောက်ရင် ဘယ်လောက်ပေးမယ် ဆိုပီးပေါ့ဗျာ ..လုပ်ထားတဲ့ကမ်ပိန်းကပြောပါတယ်။

ကန္နားစီးတို့က အရက်ကလည်းကြိုက် ယဲဇားကလည်းထားသွား ဟော တဖက်မှာလည်း ဘောပွဲနဲ့ကံစမ်းမဲ

ဖိနပ်ပြတ်နဲ့ ခွေးငတ် တွေ့ကြသတည်းပေါ့ …။ ပေါက်ပါတယ် လတ်ဗီးယားတို့ ရုရှားတို့ ခရိုအေးရှား ဆွစ်ဇာလန်တို့..

ဖွတ်ကျား အသင်းတွေလေ..။သူရို့လုပ်ပုံက နာမည်ကျော် ပြင်သစ် ပေါ်တူဂီ အင်္ဂလိကန် တို့ကိုတော့ နည်းနည်းပဲထည့်မယ်ဗျာ..

ဖွတ်ကျား အသင်းတွေကိုတော့ ဖောဖောသီသီ ထည့်ထားတယ်ပေါ့…။ အဲ့တုန်းကဆောင်ပုဒ်က ဘာတဲ့… ရင်ခုန်သံများနဲ့ချန်ပီယံ တဲ့ ..

ကံနတ်ဘုရားမက ကြည်စားတာပြောပါတယ် ကနားစီးမပေါက်တဲ့နောက်ထပ်ဖွတ်ကျားတသင်း ဂရိ ဖလားရသွားလို့

ဒင်းတို့ လှိမ့်နေအောင် ခံလိုက်ရတာရယ်… (သိန်း၅ဝ ဆိုတာ အဲ့ခေတ်က ရွှေ၁ဝသားလောက် ရသဗျ..)

ခံပေါ့ ..မရလောက်ဘူးထင်ပီး စွတ်ထည့်ထားတာ..။

 

 

 

သေဂျင်းဇိမ်း ကန္နားစီးတို့ ပွေးပုံပြောပါတယ်.. ပုလင်းကို လွယ်အိတ်ထဲထည့် ကန်တင်း မှာ ရုပ်တည်နဲ့ ထိုင်

ကိုလာ မှာ .. (ဒီနေရာမှာ ဝီစကီနဲ့ စပ်လို့ ရေအကောင်းဆုံး ဆော်ဒါအကောင်းဆုံး လာမငြင်းနဲ့) ကိုလာမှ ကိုလာပဲ…

ကိုလာရဲ့ အရောင် ကိုလာရဲ့ အနံ့နဲ့က တော်ရုံ ဟိုဘက်ဝိုင်းမှာ ကထိကတွေ ထိုင်နေတောင် ရုပ်မပျက်ဘဲ မော့လို့ရတာကိုယ်တွေ့..။

တခုတော့ စိဒယ် ကိုလာက ၂ပုလင်းထက်ပိုမသောက်နိုင်လေတော့ ..ပုလင်းတလုံးရဲ့ ရာဇဝင် နှောင်းပိုင်းကာလတွေမှာ

ကိုလာက ကိုလာနဲ့မတူဘဲ မန်ကျီး ဖျော်ရည်ရုပ်ပေါက်ပေါက်လာတတ်တာပါပဲ… ထားဦးဒါက သတိမမူဂူမမြင်လောက် ကိစ္စရပ်။

 

အဲ့သည့် ကောင်မလေး တွဲတဲ့အထဲမှာ ဂျော်လကီလေး တယောက်ပါတယ်။ အနှီ ဂျော်လကီက ကန္နားစီးအတွက် အကွက်။

ကနားစီး သောက်သောက်နေတဲ့ ပုလင်းက “ရင်ခုန်သံများနဲ့ ချန်ပလုံ” ဆိုတဲ့ စတစ်ကာကြီး ခွာခွာပီး အနှီ ဂျော်လကီလေးကို

အလစ်မှာ သွားသွားကပ်တာ ပြောပါတယ်။ Roll call sheet လက်မှတ်ထိုးဖို့ လုပ်တဲ့အချိန်တို့ ဟဲ့ ..စာအုပ်ခနငှားဇမ်း တို့

ဘာတို့မှာပေါ့ .. အဲ့ဒါကို မြင်ရင် ဟိုစကီလေးက ဟယ် ရင်ခုန်သံများနဲ့ ချန်ပယံကြီးဟယ် ဆိုပြီး ရီပွဲဖွဲ့..။

တနေ့တနေ့ အဲ့သည့် ဂျော်လကီလေးကို ဘယ်အချိန်ဘယ်လို စတစ်ကာ ကပ်မယ် ဆိုတာကို ရင်တဖိုဖိုနဲ့ စောင့်ကြည့်ရတာကိုက

ကျော်တို့ကြားက ဇာတ်လမ်းလေးတပုဒ်။ သိတယ်မလား ဗီဒယို ခေတ်ကောင်းစဉ်က အင်မတန်ခေတ်စားခဲ့တဲ့ ကိုမျိုးမင်းရဲ့ နှင်းဇီဝိုင်

ကြည့်ကြီးလာခဲ့ရတဲ့ ချာတိတ်တွေဆိုတော့က…။ (လွမ်းသားကွယ်..)

တရက်သား ပေါ့ဗျာ ..ထမင်းစားဆင်းချိန်။ ကန်တင်းမှာ လူတွေရှုပ်ရှုပ် ကနားစီးက နှစ်ကျတွေ (နှစ်ကျကို ကျောင်းမှာ Roundထိတယ်လို့ခေါ်သဗျ)

ချောင်ကျကျ စားပွဲမှာ Round တွေနဲ့ ဂီတာပိုက်ရင်း ပုလင်းတိုက် နေတဲ့အချိန်ပေါ့ ..။ ဟာသပြောရဦးမယ်.. (အဲ ..အခုလည်း အတည်ရေးနေလို့လား)

 

စကားမစပ် အမျိုးသမီးတွေရဲ့ သားအိမ်ကို ဖမ်းထိမ်းထားတဲ့ အရွတ်ပြား ကို Round Ligament လို့ခေါ်ပါသတဲ့..။

ဂလိုဗျ ဆေးပညာမှာ တခုခု ဆို ရှာတွေ့တဲ့လူနာမည်ကို အစွဲပြုပြီးပေးထားကြတာ ထုံးစံပါတဲ့..။

ဥပမာ အူကျရောဂါကို ချောမမ ကရှာတွေ့တယ် ဆို ချောမမအူကျရောဂါ တို့ လိပ်ခေါင်းထွက်တာကို

ဂလိုဏ်ကျောက်စ် က ရှာတွေ့တယ်ဆို ဂလိုဏ်ကျောက်စ် လိပ် တို့ စသည်ဖြင့်ပေါ့ဗျာ..။

အနှီ ဘဲတွေက အဆိုပါ အရွတ်ပြားLigament ကို ငဒို့ Round ထိခဲ့တဲ့ကောင်တွေ ရှာတွေ့ခဲ့တာ ငဒို့ကို ဂုဏ်ပြုမှည့်ခေါ်တာ ဆိုပီး

ကြံဖန် ဂုဏ်တင်ကြတာရယ်။ Round ဆိုလို့ Round ဆိုတာ ဘာသာစုံကျလို့ အတန်းမတက်ရတာဗျ

တခု နှစ်ခုသာကျလို့ကတော့ ဆပ္ပလီ ဆိုတာပြန်ဖြေခိုင်းပီး အတန်းတင်ပေးတာရယ်။

နိုင်ငံတော်ရဲ့ စေဒနာတွေပါ ..ဒီနည်းနဲ့ ဂျိန်းစဘွန်းတွေ မွေးထုတ်ပေးနေတာလေ..

(ဂျိန်းစဘွန်း= လိုင်စင်ရ လူသတ်သမား- ငိငိ အားလုံးကို မဆိုလိုပါ)

 

အဲ့ဒါဗျာ ဝိုင်းနေတုန်း အမြည်းကကုန်လေတော့ အာပူမဟဲ့ဆိုပီး..ကနားစီးလည်း

 

ဟိတ်လူ ကမြင်းဂေါင်း စိုးမျတ်သူဇာ သွားဝယ်ကွာ

လို့ဆိုသတဲ့ .. (ဟိုဘဘတွေအသည်းကျော် အန်တီယီးမဟုတ်ပါခီညား)

မိုးနတ်သူဇာ ဆိုတဲ့ မရမ်းပြားအထုပ်ကို မိဂီတို့တသိုက် နာမည်ဖျက်ထားတာပါ

 

ဂလိုနဲ့ ဒီဘဲ စကီလေးဒွေ တိုးဝှေ့နေတဲ့ အချဉ်ထုတ်ဆိုင် မှာ မရမ်းပြား အဝယ်ထွက်သွားသတဲ့ဗျာ..

ပြန်လာတော့ မျက်နှာမကောင်းလှ

 

ဟိတ်လူ ဘော်ဒါတွေကို အချဉ်ထုတ်လေး တထုတ်ကျွေးရတာ မင်္ဂလာအူးမှာ သတို့သမီး သွေးဆုံးတဲ့

သဒို့သားသောက်ခွက်နဲ့ ဘာဖြစ်နေတာတုန်း လို့ ယဉ်ယဉ်ကျေးကျေးလေး ပဒိတ်သန်ဒါရပြုလိုက်တော့ …

ဒင်းက ဟိတ်ကောင် ဇာဖားစ် နဲ့ စီးဖိန် .. (အဲ.. စီးဖိန် ဆိုတဲ့ဘဲကလည်း အနှီစကီလေးကို ကြိုက်နေတာဗျ)

တခုခုတော့ မှားနေဘီ တဲ့ ..။

ဟမ် ဘာမှားလို့တုန်း … ငဒို့ ခွက်ပုန်းခုတ်တာ ဇင်ဝိုင်းသိသွားလို့လား  မေးကြည့်တော့ ..။

ငါ ဆိုင်က ပြန်အထွက်မှာ မင့်တို့ စကီလေး ငါ့ကို ဝင်တိုက်သွားသကွ..

ငါကလည်း လက်အောက်ချထားတာ လူကလည်းကျပ်တော့ 

ဒင်းကလေးရဲ့ -င် နဲ့ လက်နဲ့ တိုက်မိတယ်ကွာ ..ဒဲ့

 

 

စီးဖိန်မျက်ခွက်ကြီး ပင်လယ်ဒမြရုပ်ပြောင်းပီး ထိုးမယ်ကြိတ်မယ်ထလုပ်တာ ခီညားတို့ကိုပြချင်သဗျာ..

ငိငိ..

ဒါပေသိ ဂီတာကိုင်နေလို့ အရည်သိပ်မဝင်သေးတဲ့ ကျုပ်က နည်းနည်း သတိရှိနေသဗျ…

စီးဖိန်ကို ဆွဲရင်း

ဟိတ်လူ နေဦး ဂလောက်နဲ့တော့ သူအကြောင်းမရှိဘဲ ထုတ်ပြောမှာမဟုတ်ဝူး

 

(ဟုတ်တယ်လေ သူ့အကျိုးမှ မစိတာ ..) အကြောင်းတခုခုရှိရမယ်

ဟတ်လူ မြင်းဂေါင်း ဆက်ပြော

ဆိုတော့..။

ဟိုလေတဲ့ အသားနဲ့ထိရသလို မဟုတ်ဝူးတဲ့ ..မာဂလောက်ဂျောက်ကြီးတဲ့ ..တခုခုတော့မှားနေဘီ တဲ့..။

ဟိုက်… ဒုတ်ခေါ.. စီးဖိန်က စားပွဲပေါ်မှောက်လို့ ကနားစီးကတော့ ဂီတာပိုက်လို့ ပက်လက်လန်။

 

အဲ့ဒါနဲ့

မောင်ဂီ့လည်း မနေသာတော့ဘဲ ..မိန်းမချင်းတော့ သေချာသိမှာပါလေ ဆိုပြီး

မိညီမကို ဒိုးနတ်နဲ့ ဂါ ပီး မေးမြန်းတီးခေါက်ကြည့်ပါတော့တယ်..

မိညီမတို့ ရင်ဝကို ဖနောက်နဲ့ပေါက်ပုံများ ပြောပါတယ်..

 

 

အေးလေ ..ဟုတ်တယ်လေ သူအတုဝတ်တာ သိသားပဲ..

ေ-ာက်ကောင်ရဲ့ ညီးမွှန်နေမှန်းသိလို့ ပြောလည်းမထူးဘူးဆိုပီး

ဒီတိုင်းထားတာ.. ခုတော့ သိဘီမလား မသာကောင်ရဲ့ တဲ့

(တောက်… ငကျွေးတဲ့မုန့်လည်းစားသေး …။ဟုတ်တောင် ကောင်းကောင်းပြောပါလား မွန်မဇုတ်ရဲ့..)

 
ဂလိုနဲ့ စိတ်ဓါတ်ကျသွားတဲ့ သေဂျင်းဇိမ်းလေးဟာ ..

ကိုယ်လုံးမလှလည်း အို ..ဘာဖြစ်လဲ.. ကိုယ်ပေါက် လှရင်ပီးတာပဲ (နှုတ်ခမ်းကိုပြောပါတယ်)

အဒိက က အဒိက ပဲ လို့ နှလုံးသွင်းပီး ဆက်လိုက်ပါတော့တယ်..။

 

ဗယ်လင်တိုင်းမ် တို့ မွေးနေ့တို့ ချော့ကလက် ပန်းစည်း အကုန်အကျများတဲ့ ကာလေတွေပေါ့ဗျာ..။

စကားလေး ရံခါပြောလိုက် စာအုပ်လေးငှားလိုက် နဲ့ အနေအထားက ရွှေကျား …(အဲ့ ကျားပါလို့မဖြစ်ဝူး)

ရွှေငါးလေးက ရေမှာသွားလို့ ..ဟိ..။

အဲ့လိုနဲ့ အပွဲပွဲနွှဲလာတဲ့ မောင်ဂီ့ ကွဲချင်တော့လည်း ဂလိုဗျာ..(ဖော်ပဟေ့)

 

မောင်ဂီ့ ငယ်သူငယ်ချင်းတယောက် ကောင်းမှုပေါ့ဗျာ…။

ဒီဘဲက ဆွေကြီးမျိုးကြီးထဲက

သူ့အဖေက လူဂျီး ..(ဘာလူဂျီးလဲမမေးနဲ့ )

ပက်ဆံကလည်း အတော်ချမ်းသာ ပီး ..

လူကလည်း လူဖြောင့် .. (ဟိုအဆိုတော်မလေးကို ထားသွားတဲ့ စီလုပ် ရပ္ပါလေးနဲ့တောင် ခပ်ဆင်ဆင်ရယ်)

သူတက်နေတာက တခုသော ဆစ်တက္ကသိုလ်

သူနဲ့ ဘာဂလိုတိုုတိုက ယနေ့ခေတ် အတုမဟုတ်ဘူး ထအော် တဲ့ နာမည်၅လုံးပါ မင်းတမီး

(အဲ့တုန်းကတော့ အရိုးမရင့်သေး-၁ရနှစ်သမီး ကိုး ..)

 

 

ခေတ်က ရပ္ပါတွေ ခေတ်စားတဲ့ကာလကိုးဗျ…

ဒညင်းဝက်ရဲ့ ချစ်တုဝေလေးက အနက်ဂတို့ ဘယ်လိုတော်ကြောင်း ပြောတော့

ဟန်ဒူးလွင်က ကမာ္ဘကျော်နဲ့ တွဲလဲ ေ-ာက်ဂရုမစိုက်ဘူး … ဆိုခဲ့ပေမယ့်

 

ဒီဆြာကတော့ ပန့်တေ ရော့ခ်တေနဲ့ မပေါက်ကွဲပြဘဲ သူလည်း ရပ်ပ် ဆိုတတ်ပါကြောင်း

ရပ်ပ် တွေကြိုက်တဲ့မင်းလိုမိန်းမမျိုး ငါ ရိုင်းမ် rhyme တွေ ရွတ်ပီး ခြစ်မှာပေါ့ ရို့ရို ့..

 

ထလုပ်တဲ့အချိန်…

ကျောင်းခနပိတ်ပါတယ် ရန်ကုန်ဆင်းချလာပီး ..

ညီလေးတဲ့ အစ်ကို သီချင်းသွင်းချင်တယ်ကွာ တဲ့

ညီလေး စတူဒီယို အသိရှိရင် ခေါ်သွားပေးပါ ဘာညာ လုပ်လာရော …။

အဲ့ဒါနဲ့ ကျော်လည်း စတူရီယို ခေါ်သွား- ဂီတာဝင်တီးပေး ဘေ့စ်ဝင်တီးပေး

မယ်လိုဒီ ဆိုပေးနဲ့ ပေါ့ဗျာ ..တလလောက် ဒီဘဲနဲ့ တူနေအတူစား ခဲ့တာကလား ..။

 

ဘဲကြီးက (သဂျီးစကားငှားပြောရရင်) ပိုးကအခြစ်ကိုမြို ရွှေအိုရောင်တွေ ဖလမ်းဖလမ်းထပီးသကာလ

ဟိုးမှာ ကြည့်ဇမ်း ညီလေးရယ် – ရစင်ကြယ်ကို မြင်ရင်လေ. .ကိုယ်တို့ ညီကိုတွေ ငယ်ငယ်က အတူတူကစားကြတာ

အမှတ်ရမိတယ် .. ဒူဝံကြယ်ကို မြင်ရင် ဖေဖေ့ကို သတိရသကွာ ..မောင်ရင်ဆိုင်းထမ်းကြယ်မြင်တော့

ကိုယ်တို့ခြစ်တူ ၂ဦး ဟာ blah blah blah.. အဲ့လိုဒိုင်ကြောင်တွေ အားကြီး လွှတ်တာ…

 

 

ကျော့်မှာ ပြန်ကြိုက်လုနီးနီး စကီလေး ကို အချိန်မပေးနိုင်တာက တဖက် ဒီဘက်ကျတော့လည်း ဘလက်လေဘယ်

အဲ့လေ …စပျစ်သီး ဖြစ်မယ့် အရေးး မို့သာ သီးခံကြိတ်မှိတ်နေရဒယ်။

 

အဲ့လိုနဲ့ တရက်သားဗျာ ..ယူအက်ဖ်အယ်လ် ထင်ပါတယ် … အရပ်ထိုးဇာတ်လောက်သာသာရှိတဲ့ရှိုး

ဝင်ဆိုဖို့ ဖြစ်လာသဗျ..ဘဲဂျီးက လာဂဲ့ဆိုပီး ငက ဘောင်းဘီပွပွ ဂွကျကျ ဝတ်ပီး ကျော့်ကိုတော့

ပန့် ဖက်ရှင် ဝယ်ဆင်ပါတော့တယ်…။

ငဂ ဆစ်သားဖြစ်တော့မှာမို့ တဲ့ (နားပေါက်ဖောက်မရလို့ စိန်နားကပ် ကပ်နားကပ်ကြီးနဲ့ဗျ..)

ဇဘင်အတိုနဲ့မို့ ကွာဒဲ့ ..ကိုကိုညီညီခေါ်သွားပီး ကျော့် ဆံပင်ဂုတ်ထောက် ကို ကောက်ပေးလိုက်ပါရောလားဗျာ..။

ကျော်ကလည်း တညလုံး ဗော်ကယ်ထပ်မဟဲ့ဆိုပီး လေးထောင့် တလုံး ပြောင်သလင်းခါအောင် သောက်ပီး

ဒရမ်ဂျီးဘေး သိုးနေအောင်အိပ်လာခဲ့တာ ဆိုတော့ ..လူကခပ်ထွေထွေ..။

အဲ့ဒါ ကောက်ပီးလို့ ခေါင်းလျှော်တော့မှ စိတ်နဲ့ကိုယ် ကပ်သဗျား..

ဆိုမှာ က ၃-၄လောက် သာလိုတော့တာ..သီချင်းကမတိုက်ရသေး ရုပ်ထွက်တွေကတော့ ဟုတ်နေဘီ..

ကျောင်းကိုက ခြေဦးမလှည့်ဖြစ် …

ဟော တိုက်ပါဘီဗျာ ..သီချင်း .. ။ ရေသန့်က တနေ့ဆယ်လီတာလောက်ကုန်တယ်။

ဒင်းက အမ်မီနန် ကြည့်ပီး အိုက်တင်အလုပ်များလို့ စာသားမေ့မေ့ပီး ခနခန ထပ်ဆိုရ ရေသောက်-သေးပေါက်

ကျော်က အရက်နဲ့ စပ်သောက် သေးပေါက်နဲ့ ဟုတ်နေတာ..

ဒီရက်ပိုင်း ကျောင်းမှာ ဘာဖြစ်နေတယ် ကျနော်မသိ …

အဲ့ဂလိုနဲ့ နက်ဖြင် ဆိုမယ်ဆို ဂနေ့လောက် ပွဲပျက်သွားကြောင်း ဖုန်းဝင်လာပါဒယ်ခင်ဗျား..

ဟိုဘဲလည်း လေပီး မိသားစုနဲ့ ချောင်းသာထွက်သွား ကျော်လည်း ကျောင်းပြန်ရောက် …

အဲ့…။ ဟိုကလေးမနဲ့က ဖုန်းလေးနဲ့ အီနေတာ အဟုတ်…ဖွင့်ပြောပီး ဟိုသီချင်းထဲကလို

နောက် ၃-၄-၅လကြာရင်ထူးခြားမယ်ဒဲ့ဆိုတာမျိုး အင်ကျူအီးရှင်းနဲ့ အတတ်သိနေတာ…

 

ကျောင်းရောက်တော့ …

ဟုတ်ပါတယ် ဂွမ်းပါသဗျား …ရေရေလည်လည်ကို…

ပြန်စဉ်းစားကြည့်ပါ ပိတ်သတ်ကြီးရယ် ၂၀၀၄ ခုနှစ်လောက်က ရန်ကုန်မယ်

ဘာစ ခေတ်စားဒယ် ဆိုတာ ..ဟုတ်ကဲ့ မိန်းကလေးတွေ ဆံပင်ဖြောင့်တာ စခေတ်စားပါတယ်..။

ဒင်းကလေးက ဒီရက်ပိုင်း ဆံပင်ဖြောင့်လာခဲ့ပါသဒဲ့ ..။

 

အထက်မယ် ဆိုခဲ့သလို ငုံးဥလိုမျက်နှာဖူးဖူးလေးက နဂိုဆံပင် လေးနဲ့ အတော်ပနံရတာကလား

ကျောင်းထဲမယ် ထင်ပေါ်သူလည်း ဖြစ်တော့ လူတိုင်းရဲ့ ပါးစပ်ဖျားမယ်…

ဟယ် မလိုက်ထှာ ..နဂိုပုံလေးနဲ့လှနေဒါ ဘယ်လိုဂျီး ဖြစ်သွားတာတုန်း

ရုပ်ဆိုးထှာ ..စသည် စသည်

အလွန်အင်မတန် ရေပန်းစားဝေဖန် တီးတိုး သဖန်းပိုးနေတဲ့အချိန် ဖြစ်ပါသဒဲ့ဗျားးးး

တွေ့ပါဘီ ကနားစီးနဲ့ …

တခေါင်းလုံး ဒတ်လိုက်ထားသလိုပုံနဲ့ ခါတိုင်း ဆံဘင်ဂုတ်ထောက် ဘီးကုတ်ကောက်နဲ့ ကောင်ဆိုတော့ …

ဒင်းကိုရွဲ့ပါတယ် ဆိုပီး နှုတ်ခမ်းကို ပြတ်မတတ်ကိုက် တက်ခေါက်ပြီး

မျက်နှာတော်လွှဲပါသတဲ့ဗျား..

ထင်မယ်ဆိုလည်း ထင်ချင်ဇယာ သေဂျင်းဇိမ်း မျက်ခွက်ပြောင်တာကလည်း

အားလုံးအသိ… ဒင်းကိုလောင်တယ် ထင်ချင်လည်း ထင်ချင်ဇယာ..။

ကျော့်မှာလည်း ကျော့်ဒုက္ခနဲ့ကျော်… အိမ်ကသိမစိုးလို့ ဂျယ်လ်တွေနဲ့ ကပ်နေအောင်

ဖီးပီး ဖုံးဖိ အိမ်ပြန်ရတာလည်း တဒုက္ခ နောက်ဆုံး စိတ်ညစ်ပီး ဂဒုံးတုံးပစ်လိုက်တဲ့အထိပါပဲဗျာ…

ကျုပ်ကလည်း သေတာတောင် ချေးပန်းမရပ်တဲ့အစား ဘဇပ်က

ဟ့ ရော့ကာ ဆိုတာ ဆံရှည်မဟုတ်ရင် ဂဒုံးချည်းပဲ

ဆို အော်နေသေးတာရယ်..

ဟိုကတော့ သူနဲ့အမျိုးတူ လမ်းမတော်သား စိန တကောင်ကို မေတ္တာတုံ့လိုက်ပါသဒဲ့ …။

အဲ …ထူးခြားတာက မေတ္တာတုံ့လိုက်တဲ့နေ့ကစလို့ ..သူ -င်တု မတတ်တော့တာပါပဲခီညား။

ငနဲသားခညာ ငို၍ ရယ်၍ မရသောရုပ်ကြီးနဲ့ခည ..ဘာကြောင့်တုန်း ဆို … ဆိုက်ဇ် က

ကျွဲကောသီး အခွံ မခွာမီနဲ့ အခွံခွာပြီး လောက် ကွာတာကိုး ….။

 

အသီးကွဲ ဂဒုံးလေး သေဂျင်းဇိမ်းဟာ သီယေတာထဲက ဒင်းကလေး ထိုင်နေဂျ ဘန့်ချ် မှာ

အူးဃကြီး ရဲ့ စီးရီးတိုင်တယ်ကို ခဲတံချွန်တဲ့ဒါးနဲ့ထွင်းပြီး ကောရက်ရှင်ရည်ဖြည့်လို့ ..ဟောဒလို ခြစ်ခဲ့ပါတော့တယ်..

 

“နောက်လူမြည်းရင် ချိုပါဇီ”

 

တဲ့

မှတ်ပယား ..။

ဒချိ..ဒချိ။

 

 

20 comments

  • surmi

    August 30, 2013 at 1:55 pm

    သောက်ကျိုးနဲ လွဲတာမှကောင်းနေ 🙂
    ဒါနဲ့ ဘာလို့များ အတုမတတ်​​တော့တာလဲ မသိ …..
    ထင်​ရတာ​တော့ ​နေချရယ်​ဘူးသီး ကိုပဲပြချင်​​တော့တာထင်​့ 🙂

    • Inz@ghi

      August 30, 2013 at 8:57 pm

      စိတ်ဝင်စားရင်နောက်မှချက်နဲ့ပြောပြပါ့မယ် ငိငိ

  • KZ

    August 30, 2013 at 2:09 pm

    ဟို ကလေးမ က သေဂျင်းစိမ်းနာမည်ကိုပဲ မှတ်မိတာ နည်းတောင်နည်းသေးးးး

    :mrgreen:

    • Inz@ghi

      August 30, 2013 at 8:59 pm

      သေဂျင်းဇိမ်းရဲ့ကျေးဇူးတော်အကြောင်းပိုစ့်ရေးမဗျ. ငိငိ.

      (နော်ရှီး. ခွင့်ပြုချက်ရပီး)

      အာဟိ.

  • ဦးကျောက်ခဲ

    August 30, 2013 at 2:10 pm

    ဟီ ဟိ ကျောက်စ် တုန်းက _င် အတုလား အစစ်လားသိချင်လို့…
    သားရေကွင်းနဲ့ စမ်းသပ်လိုက်တာ ဇင်ဝိုင်းရုံးခန်း ရောက်ဖူးတယ်…
    “ဂလိုဏ်ကျောက်စ် လိပ်” တော့ မလုပ်ပါနဲ့…
    ဘူမိကျောင်းတော်သားဘဝမှာ အစစ်ခံပြီးသားပါဗျ…
    😀

  • Crystalline

    August 30, 2013 at 2:20 pm

    အာလူးကြော်စားရင် အဲဒီနေရာထွားတယ်ပြောတယ်.. တူများပြောတာ… :mrgreen:

    • ဦးကျောက်ခဲ

      August 30, 2013 at 2:42 pm

      ဟီဟိ… အဲသာကြောင့် ကိုရင်ကြောင်ရဲ့ အာလူးကျော် ပို့စ်မှာ ပြောထားတာ…
      😀

    • Inz@ghi

      August 30, 2013 at 2:53 pm

      ကြမ်းတိုက် ရတယ်
      ထိုင်ထ လုပ်ရတယ်ဆိုလား…
      ကြားဖူးနားဝ ပါ ဗျာ…။

      အော်.. ဂျေလို ဂျေလို … မာခ့် အန်တိုနီ တောင် မျက်လုံးပဲကျန်ရှာပါတော့လား …။

      ဒက်ဂလောက် ဒက်ဂလောက်..

    • ဦးကြောင်ကြီး

      September 3, 2013 at 8:38 am

      ခရစ်စတယ်လေးဂို အာလူးနဲ့နယ်ပြီး ဦးကြောင်ရယ် လှယာဂျီးနဲ့ လှယျာဂျီးနဲ့…. 😳

      နောက်လူမြည်း
      ကျောက်ဖြူကြီး
      အောက်သူဇီး
      ကောက်ယူတီး..

  • kai

    August 30, 2013 at 3:09 pm

    တကိလာကို.. မြေပဲနဲ့မြည်းရင်းရေးတာ.. အခုပဲ.. ကိုလာထရောရမလိုလိုဖြစ်သွားတယ်..
    ဆိုတော့…
    တုချင်တာ ဆက်တုကြတော့…
    ကျုပ်တော့မူးပြီး.. ၄ပါးသီလလုံအောင်ထား.. အိပ်တော့မယ်..

    ကွိ.. :mrgreen:

    • Inz@ghi

      August 30, 2013 at 3:19 pm

      ဆားနဲ့ပါ မား…စ်

      :hee:

  • kyeemite

    August 30, 2013 at 3:31 pm

    အော်… သေဂျင်းစိမ်း… သေဂျင်းစိမ်း
    ဒါကြောင့်လည်းနာမည်ကြီးပေတာပဲ 😀

  • cobra

    August 30, 2013 at 4:17 pm

    -င်တုနဲ့ အစစ်နဲ့ကြည့်ရုံနဲ ့ခွဲနိုင်တယ်မဟုတ်လား
    ရှေးလူကြီးပြောလို့သိတာပါ
    အတုကမလှုပ်ဘူး အစစ်ကလှုပ်တယ်ဆိုလားပဲ
    😀

  • Mr. MarGa

    August 30, 2013 at 5:25 pm

    ဪ….
    ဒီ သေဂျင်းဇိမ်းကတော့ ဖြစ်ရမယ်… :mrgreen:

  • Shee

    August 30, 2013 at 8:30 pm

    အော်…………………မင်းချံ……မင်းချံ………..နင်နဲ့နေရင်တော့ငါတော်တော်အသက်ရှည်မယ်……..တကယ့်ငပွေးးးးး….

    • Inz@ghi

      August 30, 2013 at 9:01 pm

      မကြာတော့ပါဘူးနော်ရှီးရယ်.
      <3

  • အလင်းဆက်

    August 31, 2013 at 10:21 am

    ကိုဂွီ ့ အဖျစ်တွေ ဖတ်ပြီး
    သားသား ငယ်ငယ်က စာသင်သားဘွတုန်းက ကျောင်းဆင်းချိန်တခုကို ဒဒိရတွားတယ်

    ချာမတစ်ယောက်ရဲ ့ မသင်ကာစရာကြီး ကို သူငယ်ချင်းတစ်ခု တိုင်ပင်ပြီး
    ပေတံနဲ့ ခေါက်ကြည့်ခဲ့တာ
    ဂေါက် ဂေါက် လို့အသံထွက်တယ်

    အဟိ

    ဘာကြီးလဲတော့ သိဝူး

    ပြေးလိုက်ရတာ တန်းးးးးလို ့

    🙂

  • TNA

    September 1, 2013 at 4:39 pm

    မောထှာသေချင်းဇိမ်းရ။ တကတဲ အသီးကွဲတာနဲနဲ သူသောက်တာများများ

  • GARFIELD

    September 2, 2013 at 8:47 am

    ကျုပ်တုန်းက သားရေကွင်းနဲ့ပစ်ခဲ့တာ… သိချင်ရင် အီးမေးလ်ပို့ပြီးမေး…
    ဒီမှာတော့မပြောဘူး…. ဟိဟိ

    ခင်မင်လျက်-
    ဂါဂါးကြီး

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 2, 2013 at 10:11 am

    ဖဲမရိုက်တတ်တာကတော့ ကောင်းပါတယ်
    ဖိုးမထိုးတာကတော့ အကောင်းဆုံးပေါ့
    ကျန်တာကြတော့ အတွေ့ကြုံလေးဘါလေးရှိသင့်တာပေါ့
    ဒဂယ့်ပွဲကြရင် ခွပ်လှည့်မရှိဘူးတော့ ရေဒွင်းပျက်ဂျီးဆိုပီး ပတ်ပြေးနေမှာမြင်ယောင်သေး :mrgreen:

Leave a Reply