” ကျွန်တော် နှင့် တောနက်တွင်းက မိန်းမလှများ “
ဒီလမ်းက စစ်ပြေးလမ်းဗျ ! နောက် သုံးနာရီ လောက် ဆက်ပြီး သွားမယ် ဆိုရင် ကြိုး တတားပျက်တွေ တွေ.ရလိမ့်မယ် ။ စစ်တွင်း က အသုံးပြု ခဲ့ကြတာပေါ့ဗျာ ! နောက်ပိုင်း ချင်း တောင် ပေါ် က လူ တွေ ဒီ လမ်းကို သုံးခဲ့ကြသေးတယ် ။ ခုတော့ ဂန့်ဂေါ–ဟားခါး လမ်းတွေ ပွင့်သွား ပြီဆိုတော့ ဒီလမ်းကို လုံးဝ မသုံးကြပြန် တော့ဘူး ။ နွား မှောင်ခို သမား တွေလောက်ပဲ သုံးကြတော့တယ် ။ လာဗျာ ကိုရဲရင့် ! ထူး ထဲ ဆင်းပြီး ရေချိုးကြရအောင် ။ ဪ အေး အေး —- ကောင်းတာပေါ့ကွာ —-
ဒါနဲ့ ကျွန်တော် လည်း လွင်မိုး ခေါ် ရာ ထူးဆို တဲ့နေရာ ကို ရောက်ခဲ့တယ် ။ ဪ — ထူး ဆိုလို့ ဘာများ မှတ်တယ် —- အလျှား ပေ ၃ဝ ၊ အနံ ၁၅ ပေ အနက် ၅ ပေ လောက် ရှိတဲ့ သဘာဝ ကျောက်ရေအိုင် ကြီးပဲ ။ စိမ့်ရေ က အဝင် အထွက် ရှိသလို ကြမ်းပြင် နဲ့ အိုင်ထဲ မှာကူးနေတဲ့ ငါးလေးတွေ မြင်နေရလောက် အောင်ကို ရေ က ကြည်နေတယ် ။ ရေထဲ ဆင်းလိုက် တော့ ရေက စိမ့်အေး နေတာ မို့ တကိုယ်လုံး နေရာအနှံ့ ကြက်သီးလေးတွေ ထသွားတယ် ။ ဒါပေမဲ့ ရေချိုးပြီးချိန် မှာတော့ တကိုယ် လုံး လန်းသွားတယ် ။အားအင်တွေလည်း ပြည့်လာ သလို တက်တက်ကြွကြွ လေးဖြစ်လာတာမို့ ကျွန်တော် တို့စခန်းချ နားခိုရာ ဦးညိုမောင် တဲရောက်တော့ —- “လွင်မိုး ! သောက်ရအောင် ပြင်ကွာ ။ ပြင်ပြီးရင် အားလုံးစုပြီး တပျော်တပါး သောက်ကြတာ ပေါ့ ”
ကျွန်တော် တို့ ဝိုင်းဖွဲ့ သောက်နေကြ တဲ့ စင်ရဲ့ မြောက်စူးစူး အရပ်မှာ တောမီး က အကြီးအကျယ် လောင်နေတယ် ။ သိပ် မဝေးတဲ့ နေရာ က ဂျီ ဟောက်သံ ကလည်း အတိုင်းသား ကြားနေရတယ် ။ အရက်မြည်း က လည်း တောကောင်သားတွေ ချည်းပဲ ။ အရက် စ သောက်စ မှာ စိတ်မကောင်း ဖြစ်သွားသေးတယ် ။ တောကောင်လေးတွေ အတွက် ပါ ။ ဒါပေမဲ့ — ငါလည်း ဘာတတ်နိုင်မှာလည်း ဆိုတဲ့ အတွေး နဲ့ စိတ်မကောင်းဖြစ်နေတဲ့ ခံစားချက် ကို ရပ် – လွင်မိုး သီချင်း ဆိုကွာ ဆိုပြီး အဆို အက ဝါသနာ ပါသလို ဇတ်တွေထဲ လိုက် က ဘူးတဲ့ လွင်မိုး ကို ဆွ ပေးလိုက်တယ် ။ တဖြေးဖြေး နဲ့ အချိန်တွေ ကုန်လာ သလို လွင်မိုး လည်း ဆိုစရာ မြန်မာ သီချင်း မရှိတော့ဘူး ထင်တယ် ။ ကုလား သီချင်းတွေ ကိုရီးယား သီချင်းတွေ တရုတ်သီချင်းတွေ ဟုတ်တာကော မဟုတ်တာကော မူးမူးနဲ့ ရောကျိတ်လာတော့ အခြေအနေမှန်ကို ကို သိတဲ့ ကျွန်တော့ အတွက် အကြီးအကျယ် ဟာသ ဖြစ်နေပေမဲ့ ခပ်ရိုးရိုး နယ်ခံ ဘိုးတော် ကြီး က ခေါင်း တငြိမ့်ငြိမ့် နဲ့ သဘောကြနေလေရဲ့ ။ဒီလိုနဲ့ ည ၁ဝ နာရီ ကျော်လောက် ရောက်မှ ဝိုင်း သိမ်းပြီး အိပ်ယာ ကိုယ်စီ ဝင်ခဲ့ ကြတယ် ။ ဦးညိုမောင် ရဲ့ တဲ က အတန်အသင့် ကျယ်ပေမဲ့ တဲပေါ် မှာ ဦးညိုမောင်နဲ့ ကျွန်တော်ပဲ အိပ်တယ် ။ ကျန် တဲ့သူတွေ က တဲအောက်နဲ့ တဲရဲ့ အရှေဘက်ပြင် မှာ အိပ်ကြတယ် ။
အဒီ ညက ည – ၂ – နာရီ ကျော်လောက် အချိန်မှာ တဲပေါ် ကို လူ တက်လာ သံ ကြားရ သလို တပြိုင်တည်း နိုးလာတယ်။ ပြီးတော့ ထထိုင်ပြီး တဲပေါ် တက်လာတဲ့သူတွေကို ကြည့်လိုက်တယ် ။ အမျိုးသမီး နှစ်ယောက် ဆိုတာလောက်ပဲ သိရပြီး ဘာမှ မသဲကွဲ တာမို့ နေရောင်ခြည် သုံး ဓာတ်မီး ကို ထွန်းပြီး ပလပ်စတစ် ကြိုးတန်းလန်း ချည်ပြီးသားမို့ တဲအမိုး မှာ ဇောက်ထိုး တွဲလောင်း လုပ်လိုက်တယ် ။ ကျွန်တော် အံ့ဩမှင်သက် သွားတယ် ။ ကျွန်တော့ အိပ်ယာ ခြေရင်းမှာ အမျိုးသမီးထိုင် ပုံစံ နဲ့ ကြုံ့ကြုံ့ လေးတွေ ထိုင်နေကြသူ တွေက အသက် နှစ်ဆယ် ဝန်းကျင် – အရွယ်တူ ၊ ရုပ်တူ ၊ ဝတ်စားပုံတူ ၊ ကိုယ်နေဟန် တူ ၊ ဆံပင် သိမ်းစည်းထုံးဖွဲ့ ပုံတူ တဲ့ ကျက်သရေရှိတဲ့ အလှမျက်နှာပိုင်ရှင် တွေဗျ ! ရင်ဖုံး နဲ့ ထမီ ရှည်ရှည်တွေ နဲ့မို့ ရှေးပုံ တောပုံပေါက် ကြပေမဲ့ ကျက်သရေ ရှိတဲ့ အလှမျက်နှာ ၊ ကိုယ်နေ ဟန်ထား ရှိတဲ့ နှစ်ယောက်ပါ ။
ကျွန်တော် နဲ့ သူတို့မျက်နှာချင်းဆိုင်ထိုင်နေ ကြတာမို့ ကျွန်တော့ညာဘက် က တယောက် က စပြီး ကျွန်တော့ ကို စကားပြောလာတယ် ။” မောင်ငယ် ကတော့ အရက် ကြောင့် အကျိုးနည်း ရတော့မယ်တဲ့ ” အဲဒီ ကနေ စပြီး သူတို့ နှစ်ယောက်ပဲ ကျွန်တော့ အကြောင်း တွေကို တောက်လျှောက် ပြောတော့တာပဲ ။ ကျွန်တော် ကတော့ တခွန်းစ နှစ်ခွန်းစ သူတို့နှစ်ယောက်မေးတာ ဖြေရုံပဲ ။ အဲဒီ လို ပြောဆို နေကြရင်းကနေ ရယ်စရာ မောစရာ အကြောင်း လေးတွေကို ရောက်သွားပြီး ကျွန်တော်က ရယ်တယ် ။ သူတို့ နှစ်ယောက် ကတော့ အပြုံး ပွင့်ပွင့် လောက်ပဲ ရယ်တယ် ။ ပြောနေတဲ့ အကြောင်းအရာ အားလုံးက ကျွန်တော့ ကို ဗဟို ပြုထားတဲ့ ကျွန်တော့ အကြောင်းတွေ ။ ဒါပေမဲ့ ကျွန်တော့ အတွက် သူတို့ ပြောနေတဲ့ ကျွန်တော့ အကြောင်း တွေဟာ တစ ထက် တစ ဟာသ ပိုမြောက်လာတယ် ။ ကျွန်တော် ပါးစပ် နဲ့ ရယ်လို့ အားမရတော့ လက်တွေပါ ပါလာပြီး တဟားဟားနဲ့ ကြမ်းပြင် ကို ပုတ်ပြီး ရယ်တယ် — ရယ်တယ် — အဲဒီ ရယ်တာကြီး ကို ကျွန်တော် မထိန်း နိုင်တော့ဘူး ။ မျက်ရည် တွေ စိမ့်လာတယ် ။ ဗိုက်ခေါက် တွေနာလာတယ် ။ ကြမ်းကို ပုပ်ပြီး ကျွန်တော် ရယ်နေတယ် ။
အဲဒီ လို ကြမ်း ကို ပုတ်ပြီး ရယ်နေရင်း ကနေ ကျွန်တော် အိပ်ယာ က နိုးလာတယ် ။ နေ့ခင်းဘက် ပင်ပန်းကြတာရယ် အရက်သောက်ပြီး အိပ်ယာ ဝင်ခဲ့ ကြတာရယ်ကြောင့် အားလုံး အိပ်နေလိုက်ကြတာ များ နှစ်နှစ်ခြိုက်ခြိုက် ။ ကျွန်တော် ကြမ်းကို ပုတ်ပြီး ရယ်နေတာ ကို ဘယ်သူမှ မသိလိုက် ကြဘူး ။ နောက်ရက် အဲဒီ အိပ်မက် အကြောင်း ကို တော့ အားလုံး ကို ပြောပြ ဖြစ်တယ် ။ ဒီ လို နဲ့ ရက်အနည်းငယ် ကြာတော့ တည နေမှာ အသက် ၈ နှစ် ကျော်အရွယ် ရှိတဲ့ ထုံကြီး ဆိုတဲ့ အမဲလိုက် ခွေး နဲ့ ကျွန်တော် – တဲ ကို ပြန်လာကြမဲ့ သူတွေကို မျော်နေ ခဲ့ကြတယ် ။ ထုံကြီး ကတော့ ပြန်လာကြမဲ့ လမ်း ရှိရာ ကို တလှုပ်လှုပ် နဲ့ ကြည့်နေတယ် ။ နေလုံးကြီး တောင်ကို ကွယ်သွားပြီး ၁၅ မိနစ် လောက် အလွန် မှာတော့ တဲ ရဲ့ အနောက်မြောက် ထောင့်ကနေ လူသံကြား လာတယ် ။ ထုံကြီး လည်း ကျွန်တော် ကြားတဲ့ ဘက်ကို မျက်နှာမူပြီး အမြီး တလှုပ်လှုပ် နဲ့ ကြည့်တယ် ။ အမြဲ တမ်း တဲဝန်းကျင်ကို လူလာပြီ ဆိုရင် စိမ်းစိမ်း ကျက်ကျက် ရုပ်မမြင် အသံ မကြားရ ခင်ကတည်း ဟောင်နေ ကြ ဒီခွေး က ခု မ ဟောင်ပဲ အသံကြား ရာကို အမြီး တလှုပ်လှုပ် နှုတ်က တအီအီ နဲ့ ပဲ ကြည့်နေတယ် ။ လူသံ တွေ က နီးလာ လိုက် ဝေးသွား လိုက်မို့ လေသင့် လို့လို့ ကျွန်တော် တွေး နေတုန်း ရှိသေးတယ် ။ မိန်းမ သံ နဲ့ ရယ်တဲ့ အသံ တွေ ကြားရပါလေရော ။
ဆက်ရေးပါဦးမယ် ။ ဖတ်ရှူအားပေးကြသူများကို ကျေးဇူးပါ။
ရဲရင့်လှိုင်
20 comments
အလင်းဆက်
September 1, 2013 at 6:32 pm
ဒီ ဇာတ်လမ်းကို ဖတ်ရင်း မျောသွားလိုက်တာ
စာသားအလျဉ်ထဲ . . . .
===========
ဖတ်ရင်းနဲ ့တွေးမိတာက
ဆရာမောင်သာရ ရဲ့ ရေးဟန်လေးနဲ ့တူလိုက်တာ လို ့
YE YINT HLAING
September 1, 2013 at 7:46 pm
“ဖတ်ရင်းနဲ ့တွေးမိတာက
ဆရာမောင်သာရ ရဲ့ ရေးဟန်လေးနဲ ့တူလိုက်တာ လို ့”
အဲဒီ မှာ ကျွန်တော် သတိရ သွားတာက ဆရာမ နုနုရည် ( အင်းဝ ) ရဲ့ “နမ်းမှာလားရှင့် မွှေးတယ်မောင်” ကို ဝိုင်းပြီး ဒါကို ဒီလိုရေးရမလား ဆိုပြီး စာပေ အသိုင်းအဝိုင်းက ကန့်ကွက်တော့ ဆရာ မောင်သာရ က အယ်ဒီတာ စာတည်းမှာ စာမရေးပဲ သုံးလလောက် နေခဲ့တယ် ပြောတယ် ။ဒီတော့ ဆရာ နေမကောင်းလို့လား — ဘာကြောင့် စာမရေးတာလဲ ဆိုပြီး ဆရာ့ ပရိတ်သတ် နဲ့ ဆရာ့အသိုင်းအဝိုင်း မေးကြတယ် ။ အဲဒီမှာ ဆရာ က စာပေ မီးသတ်သမား ဆိုပြီး ဆရာမ နုနုရည် ( အင်းဝ ) ဘက်က ရပ်တည်ခဲ့ တယ်လို့ သိရတယ်ဗျ ! ကျွန်တော် လည်း လက်တွေ. ဘဝ တွေ ကို အတွင်း ကျကျ ရေးတဲ့ ဆရာမ နုနုရည် ( အင်းဝ ) ရဲ့ စာတွေကို ကြိုက်သလို လူကိုလည်း လေးစားတယ် ။ ခုလို ဖတ်ရှူအားပေးပြီး ပထမ အဦးဆုံး မန့် ပေးတဲ့ ကိုအလင်းဆက် ကို ကျေးဇူးပါဗျာ !
kai
September 4, 2013 at 1:49 pm
“နမ်းမှာလားမောင်ရဲ့ မွှေးတယ်ရှင် ” လို့ထင်နေတာဗျ…
ဟတု်မဟုတ်.. ကွန်ဖမ်းလုပ်ပါဦး…
အရီးခင်
September 4, 2013 at 2:02 pm
ကွန်ဖမ်းပါတယ်။
ငါးအကြီးကြီး သုံးကောင် ပါလာတယ်။ 😉
YE YINT HLAING
September 4, 2013 at 7:25 pm
အဲ — ဟုတ်တယ် သူကြီး ဟုတ်တယ်။ “နမ်းမှာလားမောင်ရဲ့ မွှေးတယ်ရှင် ” ။ နှစ်တွေ မနည်းကြာခဲ့ ပြီဆိုတော့ လွဲသွားတယ်။ ဆောတီး ဆောတီး ။
မဟာရာဇာ အံစာတုံး
September 2, 2013 at 1:16 am
တောနက်တွင်းက မိန်းမလှများ ဆိုတော့
ဥစ္စာစောင့် တွေများ ဖြစ်နေမလား မသိဘူး ….
ဆက်ရေးဗျာ ….
ဆက်မရေးဘဲနဲ့တော့ ပျောက်မသွားနဲ့နော့ …
အိမ်ထိ လိုက်လာမှာ ….
YE YINT HLAING
September 2, 2013 at 7:38 am
အိမ်ထိ လိုက်လာလည်း ရပါတယ်ဗျာ ! ဦးဇာ ကိုထမင်းလည်း ကျွေးမယ် ၊ နင်းလည်း ပေးမယ် ။ အဲ — ဦးဇာ ဆိုတာ မောင်မောင်ဇာ ကို ပြောတာဟုတ်ဘူးနော် ! ဆက်ရေးပါဦးမယ် ။ ကျေးဇူးပါ ။
KZ
September 2, 2013 at 8:21 am
ဟယ်။။
မိန်းမလှလေးတွေ စမြင်ခါစမှာတင် ရပ်သွားတယ်တော့။
ခုတလောတော့ တောတွင်း ပို့(စ) လေးတွေ တာစားမဲ့သဘော ရှိတယ်။
🙂
မြန်မြန်ဆက်ရေးပြီး တင်ပေးပါ။
kyeemite
September 2, 2013 at 9:03 am
ဖတ်ကောင်းတုန်းဇတ်ကနဲရပ်ပြစ်တော့ ဆန့်တငံ့ငံ့ဖြစ်ကျန်ခဲ့တယ်ဗျာ..
အဆက်ကိုစောင့်ဖတ်ပါ့မယ်..
Crystalline
September 2, 2013 at 11:40 am
စိတ်ဝင်စားနေတုန်း.. ဇာတ်လမ်းကို တိခနဲ ဖြတ်ချခဲ့တဲ့သူတွေကို တမီးတိတ်မုန်းတယ်မေမေ
YE YINT HLAING
September 2, 2013 at 12:46 pm
ဆက်ရေးပါ့မယ်။ချောချောလေးတွေကို ကြောက်ခဲ့ရတဲ့ အကြောင်း။
ခင် ခ
September 2, 2013 at 1:00 pm
ဆက်မရေးရင်တော့ အသိဘဲနော်။
မိန်းမလှလေးတွေ မိန်းမလှလေးတွေနဲ့ ဖတ်လာတာ ခုထိမတွေ့ရသေးလို့လေ။
Shwe Ei
September 2, 2013 at 1:34 pm
တခါထဲအပြီးရေးလို့ရရဲ့သားနဲ့..အူးလေးက တယ်နောက်တာကိုး … feeling ဆန့်တငံ့ငံ့
cobra
September 2, 2013 at 2:02 pm
အယ်….ဖတ်လို့ကောင်းတုန်းလေးရှိသေးတယ်
တို့လို့တန်းလန်းထားခဲ့ပြန်ပါပြီ
တောတွင်းသူလေးတွေနဲ ့တွေ ့မှရပ်သွားတယ်
ဆက်ရေးပါဦး
Wow
September 2, 2013 at 2:27 pm
ကျိရတာ နာထင်ဒယ် နာထင်ဒယ် (ခွက်ဒစ်… ဦးရာလူ)
Mr. MarGa
September 2, 2013 at 6:44 pm
တစ်ဝက်တစ်ပျက် လုပ်မထားပါနဲ့ဗျို့
အဲဒီ ဖီလင်လောက် ဆိုးတာမရှိ
amatmin
September 2, 2013 at 11:09 pm
ဒီပို့စ်ကို မနေ့တည်းက ဖတ်မို့ ဖွင့်ရခက်နေတာနဲ့..
ခုညမှဖတ်မိတော့ .ကိုယ်လည်း သူရို့လို.အားမလို အားမရ..
ကံကောင်းချင်တော့..
ကိုယ့်အရင် ဖတ်ထားမိသူတွေလောက် ဆန့်တငင်ငင်ချိန် မများ.. 😀
နက်ဖြန်ခါတော့ ဆက်ဖတ်ရကောင်းမယ်ထင်ပါရဲ့ ကိုယ့်ဆြာ ရယ်..။
ဒါနဲ့ ကိုယ်တွေ့ဆို နေရာလေးတော့ သိချင်သား..။
ရွာထဲက လူပျိုကြီးဒွေ အတွက် ပါ.။ 😛
YE YINT HLAING
September 3, 2013 at 10:27 am
နေရာက ချင်းပြည်နယ်နဲ့မကွေးတိုင်း နယ်ခြားမှတ်တိုင်အနီး ၊ စစ်ကိုင်းတိုင်း နယ်ခြားမှတ်တိုင်နဲ့လည်းနီးတယ်။ ဂန့်ဂေါ မြို့နယ် ကန်ရွာ အနောက်ဘက် 7 mile ဝန်းကျင် လောက်ရှိမယ်ထင်ပါတယ်။
အရီးခင်
September 3, 2013 at 3:24 am
စက်လှေ ခရီး လို ဘဲ တကဲ့ အဖြစ်အပျက်ဘဲလား မောင်ရဲ ရေ။
ပျောက်သွားတာ ပြန်ပေါ်လာလို့ ဝမ်းသာလှတယ်။
😛
YE YINT HLAING
September 3, 2013 at 10:39 am
တကဲ့ အဖြစ်အပျက် ပါ အရီးခင် ။