(၁၄) ကြိမ်မြောက် ဒါဇင်ပလပ်စ် နှင့် မှတ်မှတ်ရရ မွေးနေ့.
၂၀၁၃ခုနှစ်၊ စက်တင်ဘာလ(၁)ရက်၊တနင်္ဂနွေနေ့..။
မန်းဂဇက်.ဝက်ဆိုဒ်တွင် စာရေးစာဖတ်ပြုရာမှ ရင်းနှီးခင်မင်လာသူများ.အပါအဝင် ကိုယ်စီကိုယ်ငှ ပက်သက်နေရာ.
ပတ်ဝန်းကျင်မှမိတ်ဆွေများဖြင့် ပါဝင်ဖွဲ့စည်းထားသော ကျွှှန်တော်များဒါဇင်ပလပ်စ်ပညာရေးဦးစားပေး လူမှုကူညီရေးအဖွဲ့ငယ်လေး၏
၂၀၁၃ ..စက်တင်ဘာလအတွက်ရည်ရွယ်သော (၁၄) ကြိမ်မြောက်လှူဒါန်းမှုကို (၁.၉.၂၀၁၃)ရက်.တနင်္ဂနွေနေ့တွင်
ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်. (၈)ရပ်ကွက် သီရိမင်္ဂလာလမ်းရှိ ဘုရားသုံးဆူထေရာရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ
မိဘမဲ့ ကလေးငယ်များထံသို့ စာရေးကိရိယာမျိုးစုံ. မုန့်အစားအသောက်အပါအဝင် ငွေသားတချို့ကို သွားရောက်လှူဒါန်းပြီးစီးခဲ့ပါ ကြောင်း.။
၁ ။ စုံစုံလင်လင်
မိဘမဲ့.ခိုးကိုးရာမရှိ ကလေးငယ်များ၏ လူမှုဘဝ မြှင့်တင်ရေးတွင် အဓိက ကျသောပညာသင်ကြားရေးအတွက်
ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်လှူဒါန်းသော စာရေးကိရိယာဖိုး (၈၈၀၀၀) ကျပ် ၊ ..ငွေသား (၁၆၀,၀၀၀) တိတိ အပါအဝင် ။
မန်းဂဇက် ရွာသား ဦးကျောက်ခဲ၏ မန်းဂဇက်စာပေဆုရ စားပွဲတင်နာရီ အပြင် ရွာသူမခိုင်ဇာဝင်း(ဆွိ) မှ မွေးနေ့အမှတ်တရ အဖြစ်
ကလေးငယ်များအာဟာရအတွက်. ဂွတ်မောနင်းပေါင်မုန့် များအပါအဝင် အလှူပစ္စည်းအစုံအား
ကျောင်းထိုင်ဆရာတော်.ဘဒ္ဒန္တ ထေရဝံသ မှ လက်ခံရယူပေးခဲ့ပါသဗျ ။
၂ ။ ကျောက်စ်စ် ဒါန 😛
၃ ။ ဆွိ ကုသိုလ် 😛
ဒီစက်တင်ဘာလအလှူမှာ ထူးထူးခြားခြားအဖြစ် ရွာ့ကဗျာပဟေဌိ အဖြေမှန်ရှင်
ကိုမဟာမြန်မာ ရရှိမည့်ဆုငွေကိုလည်း ပို့စ်ပိုင်ရှင် မခိုင်ဇာထံမှ လက်ခံရရှိပီး အလှူတွင်ပေါင်းစပ်ထည့်ဝင်ပေးခဲ့ပါတယ် လို့..။
ဒီခေါက်.ဝေးဝေးလံလံ အချိန်ပေးရမဲ့ကျောင်းမသွားနိုင်မှာမို့.မြို့ထဲ အနီးနား လှည်းတန်းနားရွေးမိပေမဲ့လည်း ဘုန်းကြီးကျောင်းပတ်ရှာနေရတတ်တဲ့
ဒါဇင်ပလပ်စ် ထုံးစံကတော့ မပျက်ခဲ့ပါဘူး ရယ်..။ 😛
ကျောင်းရောက်တော့ ကနေ့က ကလေးတွေ နားရက်မို့ သေချာမတွေ့ခဲ့ရပေမဲ့..
နေမကောင်းတဲ့ကြားက ထူထလာပီး အလှူငွေလက်ခံပေးတဲ့ ဆရာတော်ကိုပဲ သိချင်တာတွေ မေးမြန်းခဲ့သပေါ့..။
ကမာရွတ်မှာ.ဘုန်းတော်ကြီးသင်ကျောင်း (၃) ကျောင်းသာရှိတဲ့ အပြင် တကျောင်းကို ကလေးငယ်တရာ မကျော်တာကတော့ ကောင်းတဲ့အချက်ထင်တာပဲ..။
ဘုရားသုံးဆူ ကျောင်းမှာ ဆိုလည်း လက်ရှိဦးရေ (၆၀) ခန့်သာတာဝန်ယူစောင့်ရှောက်ထားပီး ၁၉၉၃ ခုနှစ်ကတည်းမှအစပြုခဲ့ပါသတဲ့.။
ကလေးအများစုတော့ ရှမ်း.ပအို့ဝ် တိုင်းရင်းသားကလေးငယ်ပဲ ဖြစ်ပီး မူလတန်းအရေအတွက်ကို သင်ကြားရေးအကူအညီပြုဆရာတော်
အပြင်သွားနေလို့ သေချာမသိရပေမဲ့ အထက်တန်းကျောင်းသား ၁ဝ ဦးကျော် နဲ့ လက်ရှိ စီးပွားရေးတက္ကသိုလ်နောက်ဆုံးနှစ်တန်းကို တက်ရောက်နေသော
ကျောင်းသားတစ်ဦးရှိကြောင်းတော့ သိခဲ့ပီး..မနှစ်က ဘွဲ့ယူခဲ့သူ နှစ်ဦး ရှိခဲ့တာကိုလည်း ဆရာတော်ဂုဏ်ယူပြောပြတာလေး နားထောင်ခဲ့ရသေး သဗျ ။
ဘုန်းကြီးကျောင်းမှာ မူလတန်းအထိသာ သင်ကြားပေးပီး ငါးတန်းအထက် ကလေးငယ်များကို အစိုးရ အတန်းကျောင်းများသို့ စေလွတ်ပါသတဲ့.။
ကျောင်းချိန်ကိုတော့ နေ့လည် ၁၂ နာရီကနေ ညနေ ၅ နာရီထိ သင်ပေးပီး.။ အပြင်က ဆရာမ (၂)ဦး ဌားရမ်းထားတဲ့အပြင် ဘုန်းကြီးနှစ်ပါးက လိုအပ်တာ
ပံ့ပိုးပေးပါသတဲ့ ။ (စာဝင်သင်ပေးတယ်လို့ ပြောဖူး နော့..) 😛
အရင်က ဆရာမနှစ်ဦးအတွက်လစာကို ကိုယ်တိုင်ပေးရပေမဲ့.ဒီနှစ်ကစပီး သာသနာ ထွန်းကား ပြန့်ပွားရေးကပေးပေးတာမို့ သက်သာရာရပီး
ကလေးတွေပုံမှန်စရိတ်တွက်လည်ပတ်ဖို့သာ လိုပါကြောင်း နဲ့ ကျောင်းမနေချင်. နှစ်ကျဖြစ်သူတချို့
သူတို့ဆန္ဒပါရင်တော့ ကားဝပ်ရှော့.၊ပန်းထိမ်.ပို့လွှတ်ပေးတာမို့ လက်ရှိ အတော်ကျွမ်းကျင်သူတွေတောင် ဖြစ်နေပါသတဲ့ ။
၄။ တွဲလက်များ..ညီညီ
ဆိုတော့ဆရာတော်ရဲ့ တနိုင်တပိုင် လုပ်ဆောင်ချက်တွေ အဆင်ချောနေတာမြင်ရသလို.ကိုယ်တွေရဲ့ လှူဒါန်းမှုတွေကလည်းလိုအပ်တဲ့ နေရာကို ရောက်တာကို
မြင်ရတာမို့.မုဒိတာပွား ကြည်နူး မိခဲ့ပါ သဗျ..။
ထုံးစံအတိုင်း အိမ်အပြန် ကျနော်တို့ ဒါဇင်ပလပ်အဖွဲ့သူားတိုင်း.ကိုယ်စီ စိတ်အတွေးမှာလည်း နောက်လ နောက်တကြိမ်အလှူကိုကြိုတင်မျှော်တွေးရင်း..
တနိုင်တပိုင် စာနာမှု ခဲလုံးလေးများ၏.မှန်ကန်သောပစ်ချက်တိုင်းအတွက် ..
ဝမ်းမြောက်စွာပြုံးပျော်ရင်းဂေဇက်မှ ရွာ့မိတ်ဆွေများအတွက်သာဓုခေါ်စရာ ဝေငှလိုက်ပါတယ် လို့….။
…………………………………။…………………………………………… ။
ရွာသားကိုမဟာမြန်မာရဲ့ အဖြေမှန်အလှူငွေအတွက်လည်း ကျေးဇူးပါ နော့..။
ချစ်သောရွာသားကြီးဦးကျောက်ကိုလည်း နာရီလှူပေးလို့ ကျေးဇူးတင်ရင်း လိုချင်.ဖြစ်ချင်တာတွေ အချိန်မဆိုင်း မှန်မှန်ရပါစေလို့.။
မွေးနေ့အလှူပါဝင်ပေးတဲ့. ဆွိမမ အဖို့လည်း..
ကိုယ်ချင်းစာ.အကောင်းမြင် စာနာ နားလည်တတ်တဲ့ စိတ်တွေနဲ့ဘဝကို ဖြတ်သန်းနေသူမို့.
နေ့တွေတရက်ပီးတရက်ပြောင်း..နှစ်တွေချိန်းနေလည်း..အချိန်တိုင်း အေးချမ်း ပျော်ရွှင်ရင်း
လိုချင်.ရချင်.ဖြစ်ချင်တာတွေလည်း..ရနေ.ဖြစ်နေတတ်ပီး ..
ဒီနေ့လို့အေးချမ်းတဲ့မွေးနေ့ရက်တွေအပြင်..စိတ်ရော ကိုယ်ပါ ပျော်ရွှင်တက်ကြွစွာနဲ့ အောင်မြင်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ပါစေလို့ ။
လေးစားစွာဖြင့်
Dozen+ အဖွဲ့သူအဖွဲ့သားများ
(www.dozenplus.org)
25 comments
အလင်းဆက်
September 1, 2013 at 3:28 pm
ဒါဇင်ပလပ်စ် ရဲ ့လှုပ်ရှားမှုတွေကို မြင်တိုင်း သာဓုခေါ်မိမြဲပါ။
=======
မမခိုင်ဇာလည်း
မွေးနေ ့ပေါင်းများစွာ လာဦးမည့် နေ့ရက်များစွာမှာ
ပျော်ရွှင် ကြည်နူး အေးချမ်းပြည့်စုံတဲ့ နေ့ရက် အချိန်နာရီများ ဖြစ်တည် နေပါစေ လို ့
. . . . .
amatmin
September 2, 2013 at 10:57 am
သာဓုခေါ် အားပေးစကားမြင်ရတာကိုက စိတ်ကျေနပ်စရာခံစားမှုမို့…
ကျေးဇူးပါ ကိုရင်အောင်လင်းဆက်.. 😛
အောက်က ဆရာမ ဆွိ..
ကျေးဇူးတင်တဲ့ အတွက်ရော.. အမှတ်တရဖြစ်တယ်ဆိုလို့ရော..
ပြန်ကျေးဇူးပါ နော့..။
ဇဂါးမစပ်..လမ်းဟောင်းကြီးကနေ လမ်းကြောင်းတော့တည့်နေဘီမှတ်ထှာ ပဲ.. ! 😉
KZ
September 1, 2013 at 3:34 pm
အစစ အရာရာ ကူညီမှုအတွက်ရော။
ဒီနေ့မှာ တိတိပပ မွေးနေ့ရက်အတိုင်း လှူဖြစ်ဖို့ အကြံပေးတဲ့အတွက်ရော။
မှတ်မှတ်ရရ ဒီပို့(စ) လေးအတွက်ရော။
ကျေးဇူးတင်ပါတယ် ကိုဂျီးမတ်။
ဒီနှစ်အတွက် တကယ် အမှတ်တရပါ။
🙂
အရီးခင်
September 1, 2013 at 8:12 pm
သာဓုပါ ကိုကျောက် – အချိန်ကုန် နေတာ မြင် ရခြင်း ကို လှူရခြင်းကြောင့် လိုရာ အချိန် ကို မနှေးအမြန်ဆုံး ရောက်ပါစေသား။
သာဓုပါ ဒါဇင်ပလပ် နဲ့ ကိုမဟာ – ဆထက်တပိုးတိုး အများအကျိုးဆောင်နိုင်ပါစေ။
သာဓုပါ ကေဇီ လေးရေ – အစားတွေ ပိုစားနိုင်ပြီး လိုရာဆန္ဒများပြည့်ပါစေ။
May you be blessed with happiness, peace, joy, good health and success today and always!
Best wishes for the happiest day filled with love and laughter.
A Very Happy Birthday!!!!
ကျေးဇူးပါအမတ်မင်း – Post လေးအတွက်။
😛
amatmin
September 2, 2013 at 11:05 am
အရီးရေ..
လူငယ်တွေကို ချစ်သလို ..
ကောင်းတာလုပ်သမျှကို အမြဲမပြတ်တမ်း
အားပေးနေတတ်လို့..ကျေးဇူးပါ ။
ကိုရင်ရဲရင့်လှိုင်. မင်္ဂလာပါ နော့ ။
မတွေ့တာတောင် အတော်လေးကြာနေကိုး..
ကျနော်တို့ ဒါဇင်ပလပ်စ်ကို အားဖြည့်ပေးမယ်ဆိုလို့ ကျေးဇူးကြီးပါ ဗျာ..။
ဒီလိုပဲ ကိုယ့်အလုပ်လည်းလုပ်ရင်း ဒီဒါဇင်ပလပ်စ်ကိုလည်း ရှေ့ဆက်အောင်တွန်းနေကြတာမို့..
လစ်ဟာ လိုအပ်တာမြင်ရင်လည်း အကြံပေးပါ..။
YE YINT HLAING
October 2, 2013 at 7:25 am
ဒီနေ့ အဆင်ပြေမယ်ဆိုရင် အကို့ဆီကို သူငယ်ချင်းတွေပါဝင်တဲ့ အလှူငွေ နှစ်သောင်းအပါအဝင် စုပေါင်းလေးသောင်း လာပေးချင်ပါတယ်။ BANK တခုခုကနေ လွှဲပေးလို့ အဆင်ပြေရင်လည်း လွှဲပေးလိုက်ပါမယ်။အကို့ဖုန်းကိုဆက်သွယ်ကြည့်တာ အဆင်မပြေလို့ ကျနော့်ဖုန်းကို ဆက်သွယ်ပေးပါဦး၊ ကျနော့်ဖုန်းက 09448045267။
Shwe Ei
October 2, 2013 at 11:20 am
ဟုတ်ကဲ့ ကိုရဲရင့်လှိုင်ရှင့်…အလှူငွေ လက်ခံဖို့ကိတ်စ ကိုမတ်က ပြောလိုက်ပါတယ်
ဒီတရက် နှစ်ရက် နဲနဲ အလုပ်ရှုပ်နေမှာမို့
ဘဏ်ကနေ လွှဲပေးနို်င်ရင် ပိုအဆင်ပြေပါတယ်
မအိကြည်ပြာစိုး
၈/မကန (နိုင်) ၁၆၀၃၁၂
ကမော္ဘဇဘဏ် (ရွှေဂုံတိုင်-ဗန်ဒါပင် ဘဏ်ခွဲ) ကိုလွှဲပေးလိုက်ရင် ရဘာဘီ
ဖုန်းနံပတ် ဝ၉ ၇၃၁ ၈၉ ၂၆၁
ဒီလအလှူမှာ ပါအောင် ထည့်ပေးပါမယ်ရှင့် 🙂
YE YINT HLAING
September 1, 2013 at 8:41 pm
လစဉ် ပုံမှန် နှစ်သောင်းကျပ် ဒီလ စက်တင်ဘာ က စပြီး ကျွန်တော်လည်း ပါဝင် အားဖြည်.မယ် အကိုမတ် ရေ ! အကို့ ဖုန်း ကို ဆက်သွယ်လိုက်ပါမယ်။
e tone
September 6, 2013 at 2:45 pm
ကိုရဲရင့်လှိုင်ရေ …. welcome ပါ …
ဒါဇင်ပလက်စ်နဲ့ ချိတ်ဆက်ပြီး လှူဒါန်းမယ်ဆိုတာ သိရလို့ဝမ်းသာပါတယ် ။ ကျေးဇူးလည်းတင်ပါတယ် ။
မဟာရာဇာ အံစာတုံး
September 2, 2013 at 1:02 am
ဒါဇင်ပလက်စ်ရဲ့ အလှူပွဲတွေ
ရှေ့ဆက်ကာ ဆထက် ထမ်းပိုး တိုးဝေနိုင်ပါစေလို့ ….။
စကားမစပ် …

ဟိတ်လူ ခညားက အုငေးကို ဆုတောင်းပေးဒါ နည်းနည်း …
မမကေဇက် ကို ဆုတောင်းပေးဒါက များများ
သိပ် ဟုတ်ချင်ဘူးးးးးး
နောက်ဒါ …
amatmin
September 2, 2013 at 11:11 am
ဟတ်လူ ဘိုအံ..
ခင်ညားဂျီးမေ့နေဘီလား..
ဟိုလူရီးက ပြန်လာတိုင်း ခွက်တိုက်ပီး ဆုတောင်းနေကြမို့ အတော်များနေဘီ ရယ်..။
နောက်ပီး ဒေါ်ဆွိဆွိ လည်း ဒွတ်ဘယ်ဘလက် မျက်နှာဒွေ ရှိသေးမို့
ဂလောက်ကလေးမဆိုသလောက် ရှည်သွားမိတာပါ ဗျာ..
:kwi:
GARFIELD
September 2, 2013 at 8:31 am
ဒါဇင်ပလပ်ကတော့…
ဒီလိုပဲ… လစဉ်လတိုင်း… အဖွဲ့သူားတွေအားမယ့်ရက်ကို ငြှိရင်းနှိုင်းရင်းနဲ့…
လစဉ် လတိုင်းရဲ့ ပထမဆုံးတနင်္ဂနွေနေ့အတတ်နိုင်ဆုံးကြိုးစားပြီး အလှူဖြစ်မြောက်အောင်လုပ်ကြပါတယ်…
သို့ပေမယ့်…
ဝမ်းရေးကလဲရှိနေပြန်တော့… ပထမဆုံးတနင်္ဂနွေတိုင်းလဲမဖြစ်ခဲ့ပြန်ပေဘူး…
နားလည်ခွင့်လွှတ်စေချင်ပါတယ်…
ပထမဆုံးတနင်္ဂနွေဖြစ်ပြန်တော့လဲ… တစ်ခါတစ်လေ လူအင်အားနည်းပြန်ပါသေးတယ်…
မည်သို့ပင်ဆိုစေကာမူ…
ပါဝင်ကြသူတို့ရဲ့ စေတနာနဲ့ ဂရုဏာကတော့ တစ်ပြားသားမှမလျော့… လူတိုင်းအတူတူပါပဲ…
ဒါဇင်ပလပ်စ်မြင်တွေ့နေရသမျှ… နွမ်းပါးသူ… ခိုကိုးရာမဲ့ကလေးသူငယ်များဟာ အခုထက်ပိုတဲ့…
အကူအညီတွေ… အခုထက်ပိုတဲ့ထောက်ပံ့မှုတွေလိုနေပါတယ်…
အဲဒီအတွက်… ဒါဇင်ပလပ်ကို အားဖြည့်မယ့်အလှူရှင်တွေ ယခုထက်ပိုမိုလိုအပ်နေကြောင်း…
ဒီနေရာကနေ မချွင်းမချန်ပြောကြားလိုက်ရပါတယ်…
အဲဒီလိုပဲ လစဉ်အလှူရှင်အနေနဲ့ ကိုရဲရင့်လှိုင်ပါဝင်လာမယ်ဆိုတာကို အလွန်အမင်းဝမ်းမြောက်ဝမ်းသာ…
ဖြစ်မိရင်း… လက်ကမ်းလို့ကြိုဆိုလျက်ပါခင်ဗျာ…
နောက်ထပ် စိတ်ပါဝင်စားသူ အလှူရှင်များ… ငွေအင်အားနှင့်ပင်မက… လူကိုယ်တိုင်လိုက်လံလှူဒါန်းလိုတယ်
ဆိုရင်ဖြင့်… ဒါဇင်ပလပ်စ်ကို မေ့ကြပါနဲ့လို့…
ကျွန်တော်တို့ သွားရောက်မယ့်ရက်ကို လိုက်ပါနိုင်အောင် ကျွန်တော်တို့ စီစဉ်ပါ့မယ်ခင်ဗျား…
အဲဒီလိုပဲ… အလှူရှင်မဖြစ်ခင်… လေ့လာရေးအနေနဲ့ ကျွန်တော်တို့အဖွဲ့ရဲ့လုပ်ပုံကိုင်ပုံ…
(လိုရင်မစဉ်းမစား… အိပ်ထဲရှိတာစိုက်ထည့်လိုက်ပုံ…ဟီး)
လိုက်လံလေ့လာလိုတယ်ဆိုရင်လဲ ကျွန်တော်တို့အနေနဲ့…
ဝမ်းပန်းတသာ ကြိုဆိုနေပါတယ်ဆိုတဲ့အကြောင်း… ဒီနေရာကနေ ပြောလိုက်ပါရစေဗျား…
အချုပ်အနေနဲ့ ပြောချင်တာကတော့…
လှူကြပါလို့…
ဒါဇင်ပလပ်စ်အတွက်မဟုတ်ပါဘူး…
နွမ်းပါးလွန်းလို့ ကျောင်းမတက်နိုင်တဲ့ကလေးငယ်တွေအတွက်….
မိဘအထောက်အပံ့မရှိလို့… ကျောင်းမနေနိုင်တဲ့ကလေးငယ်တွေအတွက်…
အကြောင်းကြောင်းကြောင့် အနာဂတ်မဲ့နေကြသောကလေးငယ်တွေအတွက်…
တိုင်းပြည်နဲနဲလေးပိုကောင်းဖို့… လိုအပ်နေသော ပညာတတ်မျိုးဆက်သစ်လေးတွေအတွက်…
ထပ်ပြောချင်တာကတော့…
လှူကြပါလို့ပါ… ခင်ဗျာ…
ခင်မင်လျက်-
ကြောင်ဝတုတ်
ဦးကျောက်ခဲ
September 2, 2013 at 8:55 am
ကျောက်စ်ကိုယ်စား လှုပေးကြတဲ့ ဒါဇင်ပလပ်စ် အဖွဲ့သားများကို…
ကျေးဇူး အထူးတင်ရှိပါတယ်လို့…
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်…
😀
amatmin
September 2, 2013 at 11:25 am
အောက်မှာ အူးမိုက် မန့်ထားသလိုပဲ.
ကျောက်စ်စ် လိုချင်တာရော. မစွန့်လွှတ်နိုင်တာရော နှစ်ခုလုံးတွဲပီး တကယ်ပြည့်ပါစေဗျာ..။ 😛
ရွာထဲကဝင်တော့ဖတ်ပေမဲ့..မန့်ဖို့ကမလွယ်တာမို့ အရောက်ကြဲရတာပါ. အူးမိုက်ရယ်..။
ဒါနဲ့..ကျောက်စ်စ် ပြန်လာဖို့ ရှိတယ်ကြားပီး ..။
ဟိုအရည်ကိုတော့ စွန့်လွှတ်ပါ့မယ်လို့ ခုတလော ကတိခံထားရပါသတဲ့..။
မိန်းမယူဖို့အရေး ဂလိုအလှဲအလှယ်ဒွေလည်း ရှိသေးသကိုးးး
:eee:
ဦးကြောင်ကြီး
September 2, 2013 at 11:28 am
ဟိုအရည် စွန့်ရမှာပါ့ ဦးအမတ်ရဲ့… သဘာဝဟာ သဘာဝပါ…။ လှယျာဂျီးနဲ့ လှယျာဂျီးနဲ့…. အဲလို သူကြုံးဝါးနေတာမှ မဟုတ်သာဗဲ…..
kyeemite
September 2, 2013 at 9:25 am
ဒါဇင်ပလက်စ်ရဲ့ အလှူပွဲတွေအတွက် သာဓု…သာဓု…သာဓု…ပါဗျာ
ဒါဇင်ပလတ်စ်အဖွဲ့သားများနဲ့ ဝိုင်းဝန်းအားဖြည့်တဲ့ ကျောက်စ်၊ ကိုမဟာမြန်မာ၊ ကေဇီ တို့လည်း
လိုအင်ဆန္ဒတွေပြည့်ကြပါစေကြောင်း….
ကိုရင်အမတ်လည်း ဒီပို့စ်တင်မှ ရွာထဲဝင်တော့သကိုး… 😛
Shwe Ei
September 2, 2013 at 11:40 am
သများကိုလဲ မွေးနေ့ဆုတောင်း ရှေရှေပြန်တောင်းပေးပါ ကိုမတ် .. 😉
ဒီတပတ်အလှုအတွက် အချိန်မပေးနိုင်တာ ဆောတီးပါ..နောက်တပတ် ကူနိုင်အောင် ကြိုးစားပါမည်
အလှူဖြစ်မြောက်ရေးအတွက် တယောက်နဲ့တယောက် တွက်ကပ်မှုမရှိဘဲ ကြိုးစားဆောင်ရွက် ကြတဲ့
ဒါဇင်ပလပ်စ်အဖွဲသူား များကို ကျေးဇူးအထူးတင်ရှိပါကြောင်း .. :hee:
amatmin
September 2, 2013 at 2:34 pm
မရွှေအိ…
ခင်ညားနဲ့ ကဖက်ကို စိတ်နာဒယ်ဗျာ..
အဲ့မွေးနေ့ အကြောင်းဒွေ ပြန်မဖော် နဲ့တော့..
မြောက်ဦး မရောက်ဖြစ်လိုက်ရလို့ ရန်တွေ့မခံရတာ
ကံကောင်းတယ် မှတ်..။ 👿
ပြောစရာလား မမဝေါင်း ရယ်..
မြတ်နိုးခြင်းကြောင့် ဖစ်ရတဲ့စိုးရိမ်ခြင်းတွေပျောက်ဖို့..
ဒါဇင်ပလပ်စ်မှာ တလငါးထောင်လှူပီး ဖြောက်ဘလိုက်ဇမ်းဘာ ဗျာ..။ 😛
Wow
September 2, 2013 at 11:50 am
ဒါဇင်ပလပ်စ်ရဲ့ ခရီးမှာ တစ်ခါပါဝင်ဘူးလို့ ဂုဏ်ယူမဆုံးပါဘူး။ အကြောင်းကြောင်းတွေကြောင့် နောက်ပိုင်း မလိုက်ဖစ်ပေမဲ့ စိတ်က အမြဲရည်စူးမိတာပါ။ ကြိုးစားပြီးလိုက်ဖစ်ခဲ့ရင်တော့ လက်ခံပေးကြပါလို့ 🙂
KZ
September 3, 2013 at 9:41 am
ဟယ်။
ဟုတ်သားပဲ။
တစ်လ ငါးထောင် စရံသတ်ရင် သေချာနေပြီပဲ။
အာမခံထားတယ်တော့။
Mahar Myanmar
September 2, 2013 at 3:53 pm
သာဓု..သာဓု…သာဓု ပါ ဗျာ..
ပကာသန မဖက် တဲ့ အလှူအတန်း အတွက်.
ရင်ထဲ မှာ ဝမ်း မြောက်ကျေနပ် မိပါတယ်..
ဒါဇင်ပလပ်စ် အဖွဲ့သား များ ..
တွဲလက် မပျက် ..
ရှေ့သို့ တက်လှမ်း နိုင် ပါ စေ..သော်ဝ်
မဟာမြန်မာ
Crystalline
September 2, 2013 at 4:01 pm
မနေ့က မခိုင်ဇာမွေးနေ့ပေါ့.. မသိလို့ဆုမတောင်းပေးလိုက်ရဘူး.. Happy Birthday ပါ.. မမကေဇီ.. တောင်းတဲ့ဆုရော.. မတောင်းပေမယ့်ကောင်းတဲ့ဆုပါပြည့်ပါစေ
ကိုအမတ်မင်းနဲ့သူငယ်ချင်းများရဲ့အလှူမှာလည်း အခွင့်အရေးရရင် ပါဝင်ချင်ပါသေးတယ်..
KZ
September 2, 2013 at 4:05 pm
ကျေးဇူးပါ ခရစ်(စ) လေးးးး

ဘာဆုရယ်လို့ မတောင်းတတ်ပေမဲ့ ကောင်းစေချင်သူများပေးတဲ့ ဆုတိုင်းပြည့်ပါရစေ။
amatmin
September 6, 2013 at 4:22 pm
ခုမှ ကြည့်မိဒယ်..
ခရစ်.ညီမ အဆင်ပြေမဲ့အချိန်..အဆင်ပြေသလို ပါဝင်လို့ ရပါတယ် လို့..။
အဆင်ပြေသလို လက်ခံလာယူပေးပါ့မယ်.. 😛
ဒါဇင်ပလပ်စ်အဖို့ အလှူရှင်တိုးလေ ဝမ်းသာရလေပါ နော့.။
နွယ်ပင်
September 3, 2013 at 12:11 pm
ဒီတစ်ပတ်အလုပ်လေးတစ်ခုရှိတာနဲ့ အလှူမလိုက်ဖစ်လိုက်ဘူး …
ဒါနဲ့မမဆွိမွေးနေ့နဲ့ ဒါဇင်ပလပ်စ်အလှူလေး ဖူးစာဆုံသွားတာပေါ့နော် … 😛