Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


amatminSeptember 1, 20131min78525
၂၀၁၃ခုနှစ်၊ စက်တင်ဘာလ(၁)ရက်၊တနင်္ဂနွေနေ့..။ မန်းဂဇက်.ဝက်ဆိုဒ်တွင် စာရေးစာဖတ်ပြုရာမှ ရင်းနှီးခင်မင်လာသူများ.အပါအဝင် ကိုယ်စီကိုယ်ငှ ပက်သက်နေရာ. ပတ်ဝန်းကျင်မှမိတ်ဆွေများဖြင့် ပါဝင်ဖွဲ့စည်းထားသော ကျွှှန်တော်များဒါဇင်ပလပ်စ်ပညာရေးဦးစားပေး လူမှုကူညီရေးအဖွဲ့ငယ်လေး၏ ၂၀၁၃ ..စက်တင်ဘာလအတွက်ရည်ရွယ်သော (၁၄) ကြိမ်မြောက်လှူဒါန်းမှုကို (၁.၉.၂၀၁၃)ရက်.တနင်္ဂနွေနေ့တွင် ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်. (၈)ရပ်ကွက် သီရိမင်္ဂလာလမ်းရှိ ဘုရားသုံးဆူထေရာရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ မိဘမဲ့ ကလေးငယ်များထံသို့ စာရေးကိရိယာမျိုးစုံ. မုန့်အစားအသောက်အပါအဝင် ငွေသားတချို့ကို သွားရောက်လှူဒါန်းပြီးစီးခဲ့ပါ ကြောင်း.။ ၁ ။ စုံစုံလင်လင် မိဘမဲ့.ခိုးကိုးရာမရှိ ကလေးငယ်များ၏ လူမှုဘဝ မြှင့်တင်ရေးတွင် အဓိက ကျသောပညာသင်ကြားရေးအတွက် ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်လှူဒါန်းသော စာရေးကိရိယာဖိုး (၈၈၀၀၀) ကျပ် ၊ ..ငွေသား (၁၆၀,၀၀၀) တိတိ အပါအဝင် ။ မန်းဂဇက် ရွာသား ဦးကျောက်ခဲ၏ မန်းဂဇက်စာပေဆုရ စားပွဲတင်နာရီ အပြင် ရွာသူမခိုင်ဇာဝင်း(ဆွိ) မှ မွေးနေ့အမှတ်တရ […]


NovyMarch 12, 20132min90527
ဒါဇင်ပလပ် အဖွဲ့သားများရဲ့ အဌမအကြိမ်မြောက် စုပေါင်းအလှူကို  ၁၀.၃.၂၀၁၃ နေ့မှာ အောင်မြင်စွာနဲ့ သွားရောက်လှူဒါန်းပြီးဖြစ်ပါတယ်၊ ရွာသူားအပေါင်းလည်း သာဓုခေါ်ကုသိုယ်ယူနိုင်ရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်၊ သာကေတမြို့နယ် ၊ (၁၀) မြောက်ရပ်ကွက်ထဲက ၊ ငှက်ပျောကျွန်း သီလရှင် ပရိယတ္တိစာသင်တိုက်နှင့်နယ်စပ်ဒေသတိုင်းရင်းသူလေးများစောက်ရှောက်ရေးနှင့် ပညာသင်ကြားရေးကျောင်းဖြစ်ပါတယ် ကျောင်းရဲ့မျက်နှာစာ – photo from အိတုံး ကျမတို့ ဒါဇင်ပလပ်အဖွဲ့သားတွေ သွားလှူတဲ့အချိန်မှာတော့ ဆရာလေးဒေါ် ဥတ္တရဉာဏီ နဲ့ ကလေးအချိုသာတွေ့ခဲ့ရပါတယ်ကျန်တဲ့သူတွေကတော့ဘုရားဖူးသွားကျတယ်လို့ ပြောပါတယ် ဆရာလေးကိုပဲသိချင်တာလေးတွေမေးပြီး စာရေးကိရိယာပစ္စည်းတွေနဲ့ လှူငွေနဲ့ ကိုပေရဲ့ဒါန SEIKO နာရီ ကို လှူဒန်းခဲ့ပါတယ် ကိုပေရဲ့ဒါန- photo from အိတုံး စာရေးကိရိယာပစ္စည်းတွေ အပြုံးကိုယ်စီ   ဆရာလေးဒေါ် ဥတ္တရဉာဏိရဲ့ပြောပြချက်အရသိခဲ့တာတော့ ဒီကျောင်းလေးကို (၁၉၉၃)ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။ အခုထိတော့ မူလတန်းအဆင့်ထိပဲ […]


Nyein NyeinFebruary 7, 20131min54618
ဒါဇင်ပလပ် အဖွဲ့သားများရဲ့ သတ္တမအကြိမ်မြောက် အလှူကို ၃.၂.၂၀၁၃ နေ့မှာ အောင်မြင်စွာ လှူဒါန်းနိုင်ခဲ့ပါတယ်။ ဒီတစ်ခေါက် သွားလှူခဲ့တဲ့ကျောင်းကတော့ (၅)ရပ်ကွက်၊ (၇/၈)လမ်းဆုံအနီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ထဲက တိက္ခာရာမ သီလရှင်စာသင်တိုက်နှင့် သီလရှင်သင်ပညာရေးကျောင်းတစ်ကျောင်းပါ။ မိဘမဲ့ကလေးတွေနဲ့ ဆင်းရဲနွမ်းပါးတဲ့ကလေးတွေကို အခမဲ့ပညာသင်ကြားပေးနေတဲ့ကျောင်းလေးပဲဖြစ်ပါတယ်။ ကျောင်းကို အဓိကအုပ်ချုပ်နေတာကတော့ ဆရာလေးဒေါ်တိက္ခဉာဏီနဲ့ ဆရာလေးဒေါ်ကုသလဉာဏီ တို့နှစ်ပါးပါ။  ဒါဇင်ပလပ်အဖွဲ့သားတွေ သွားလှူတဲ့အချိန်မှာတော့ အုပ်ချုပ်တဲ့ ဆရာလေးနှစ်ပါးလုံးက ခရီးထွက်နေလို့ မတွေ့ခဲ့ရပါဘူး။ ဒါနဲ့ ကျောင်းမှာရှိနေတဲ့ ဆရာလေးတွေကိုပဲ စားစရာ၊ စာရေးကိရိယာပစ္စည်းတွေနဲ့ အလှူငွေ(၁၆၂၅၀၀)ကို လှူဒါန်းခဲ့ပြီး သိချင်တာလေးတွေကို တစ်ယောက်တစ်ပေါက် အင်တာဗျူးခဲ့ရပါတယ်။ ဟိုလူမေး၊ ဒီလူမေးတာတွေကို ဖြေပေးရတာနဲ့ ဆရာလေးတွေလည်း တော်တော့ကို အလုပ်ရှုပ်သွားပါတယ်။ ၁။ လေးပေါက်ရဲ့ဒါန SEIKO နာရီ၊ ကရဲစည်လှူတဲ့ ခေါက်ဆွဲသုပ် ပွဲတစ်ရာ၊ ဒါဇင်ပလပ်အဖွဲ့သားများရဲ့ ပညာဒါန […]


amatminJanuary 14, 20131min78425
၂၀၁၃ခုနှစ်၊ ဇန်နဝါရီလ(၁၃)ရက်၊တနင်္ဂနွေနေ့.. မန်းဂဇက်.ဝက်ဆိုဒ်တွင် စာရေးစာဖတ်ပြုရာမှ ရင်းနှီးခင်မင်လာသူများ.အပါအဝင် ကိုယ်စီကိုယ်ငှ ပက်သက်နေရာ. ပတ်ဝန်းကျင်မှမိတ်ဆွေများဖြင့် ပါဝင်ဖွဲ့စည်းထားသော ဒါဇင်ပလပ်စ်ပညာရေးဦးစားပေး လူမှုကူညီလေးအဖွဲ့ငယ်လေး၏ ဒီဇင်ဘာလအတွက်ရည်ရွယ်သော ခြောက်ကြိမ်မြောက်လှူဒါန်းမှုကို (၁၃.၁.၂၀၁၃) ရက်.တနင်္ဂနွေနေ့တွင် ရန်ကုန်တိုင်း.သုဝဏ္ဏမြို့နယ်..ရန်ကုန်သစ်ရပ်ကွက်ရှိ သီရိရတနာ သီလရှင်စာသင်တိုက်နှင့် အမျိုးသမီးပရဟိတကျောင်းမှ မိဘမဲ့ ကလေးငယ်များထံသို့ စာရေးကိရိယာအပါအဝင် ငွေသားတချို့ကို သွားရောက်လှူဒါန်းခဲ့ပါ၏.။ မိဘမဲ့.ခိုးကိုးရာမရှိ ကလေးငယ်များ၏ လူမှုဘဝ မြှင့်တင်ရေးတွင် အဓိက ကျသောပညာသင်ကြားရေးအတွက် ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်လှူဒါန်းသော စာရေးကိရိယာတချို့အပါအဝင်..ငွေသား (၁၅၀,၀၀၀) ကျပ်တိတိကို သီလရှင်ဆရာမကြီး ဒေါ်စန္ဒာရီမှ လက်ခံရယူခဲ့ပါသည်။ အလှူတိုင်းအတွက် တွဲလက်များ 🙂 အထက်ပါ သီရိရတနာ ကျောင်းတွင်.မိဘမဲ့ကလေး ၁၆ဝ နီးပါးကိုသီလရှင်ဆရာမကြီး ဒေါ်စန္ဒာရီ တပါးတည်းမှ.. တာဝန်ယူစောင့်ရှောက်ထားပီး ၂၀၀၉ ခုနှစ်တွင် အစပြုခဲ့ကြောင်းလည်း သိခဲ့ရသည်။ ၆ နှစ်ကျော် […]


ကြောင်ဝတုတ်December 17, 20124min140659
၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့၊ တနင်္ဂနွေနေ့ ကျွန်တော်တို့ မန္တလေးဂဇက်အင်တာနက်စာမျက်နှာတွင် စုစည်းမိကြသော ဝါသနာအရစာရေးသူများ၊ အားပေးစာဖတ်ကြသူများ၏ စေတနာ စုပေါင်းပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာ၌တည်ရှိသော မင်္ဂလာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာတွင် ဂဇက်ရွာ၏ သမိုင်းဝင်အလှူတစ်ရပ်ကို အောင်မြင်စွာကျင်းပခဲ့ကြပါသည်… မနက် (၆)နာရီမှာ ပထမစုရပ်ဖြစ်သော တာမွေအဝိုင်းထိပ်မှ စတင်ထွက်ခွာလာသော ကျွန်တော်တို့ခရီးသွားကားသည် စုရပ်များတွင်လိုက်ပါလှူဒါန်းကြမည့်အလှူရှင်များကို ကြိုဆိုပြီး လှိုင်သာယာမှတဆင့် တွံတေးနှင့် ကော့မှူး၊ ကွမ်းခြံကုန်းလမ်းဆုံသို့ မနက်ပိုင်း (၈)နာရီကျော်ခန့်အချိန်တွင်ရောက်ရှိခဲ့ပြီး၊ ဘုရားကြီးကျေးရွာတည်ရှိရာ ကော့မှူး၊ ကွမ်းခြံကုန်းဘက်သို့ ထွက်ခွာခဲ့ကြရာ ဘုရားကြီးကျေးရွာမရောက်မီ လက်ဘက်ရည်ဆိုင်ငယ်တစ်ခုတွင် နံနက်စာစားသုံးခေတ္တနားခဲ့ကြပါသည်… လမ်းခရီးတွင် လိုက်ပါလာသူများကို ဆီထမင်း၊ ကောက်ညှင်းပေါင်းများနှင့် တည်ခင်းဧည့်ခံပေးသော ရွာသူအစ်မနိုဗီအားလည်းကောင်း၊ စမူဆာဖြင့်တည်ခင်းဧည့်ခံသော ရွာသူညီမလေးမရွှေအိအားလည်းကောင်း၊ ဘုရားကြီးကျေးရွာသို့မရောက်မီ လမ်းပေါ်တွင်ရှိသော လက်ဘက်ရည်ဆိုင်တွင် ထမင်းဆီဆမ်း၊ ကော်ဖီ၊ လက်ဘက်ရည်ဖြင့် လိုလေသေးမရှိ ဧည့်ခံပေးသောကိုရဲစည်အားလည်းကောင်း […]


Shwe EiDecember 10, 20123min47612
မင်္ဂလာပါ မန်းဂဇက်စာဖတ်သူများရှင့်။ ယခုလ ၉ရက် ၁၂လ ၂၀၁၂ခုနှစ်မှာ ကျမတို့ ဒါဇင်ပလပ်လူမှုကူညီရေးအဖွဲ့လေးရဲ့ ငါးကြိမ်မြောက်ပညာဒါနလှူဒါန်းမှု ပြုလုပ်ခဲ့ပါတယ်။ သွားရောက်လှူဒါန်းခဲ့တဲ့ ဘုန်းကြီးကျောင်းက ရွှေပြည်သာမြို့နယ်ထဲက တပ်ဦးကျောင်းပါ။ တကယ်တော့ ရဲတပ်ရင်း(၁)နဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိနေတဲ့ကျောင်းဖြစ်လို့ တပ်ဦးကျောင်းအမည်တွင်တာဖြစ်ပြီး ကျောင်းထိုင်ဆရာတော်ရဲ့ ဘွဲ့တော် ဦးကောသလ္လ ကိုမေးပြီးရှာမှ ကျမတို့လှူရမဲ့ ဘကကျောင်းကိုရောက်တာပါ။ တပ်ဦးကျောင်းကလဲ ရွှေပြည်သာမြို့နယ်ထဲတင် ၃ခုလောက်ရှိတာမို့ မျက်စိလည်လမ်းမှားပြီး ၁နာရီလောက်ပတ်ရှာမှ ရောက်တော့တာရှင့်။ နိဒါန်းချီတာများလို့ စိတ်မရှိပါနဲ့။ ကို့အလှည့်ကျတုန်း လျှာရှည်ရတာမို့ သည်းခံတော်မူကျဘာ။ ဦးကောသလ္လ တပ်ဦးကျောင်းမှာ ၁၉၉၃ခုနှစ်က စပြီး ဘ/ကကျောင်းဖွင့်လှစ်သင်ကြားတာဖြစ်ပါတယ်။ တည်ထောင်စက ကျောင်းသာဦးရေ (၅၀) လောက်နဲ့စခဲ့တာပါ။ အခု ကျောင်းသားဦးရေ သူငယ်တန်းမှလေးတန်းထိ (၄၉၆) ယောက်ရှိပါတယ်။ လွန်ခဲ့တဲ့ ၃နှစ် ၂၀၀၉~ ၂၀၁ဝ ဝန်းကျင်လောက်ကစပြီး […]


အာဂNovember 7, 20123min58420
ကျွန်တော့်တို့ ဒါဇင်ပလက်စ် အဖွဲ့သူအဖွဲသားတွေအပါအဝင် အခြားသော စေတနာရှင် ၊ကုသိုလ်ရှင်များရဲ့ ပညာကမ်းလင့် ကုသိုလ်ရေးအလှူဖြစ်တဲ့ စတုတ္ထအကြိမ်မြောက် အလှူကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၄ရက်နေ့ တနင်္ဂနွေ မနက်ပိုင်းက ရန်ကုန်တိုင်း ကျောက်တန်းမြို့၊ မြိုင်သာယာ (၁)ရပ်ကွက်မှာရှိတဲ့ ဇမ္ဗုဥသျှောင် သီလရှင်စာသင်တိုက် နှင့် (ပရဟိတ) သီလရှင်သင်(အခမဲ့)ပညာရေး ကျောင်းမှာသွားရောက်လှူတန်းခဲ့ပါတယ်။       အဆိုပါ သီလရှင်စာသင်တိုက် ကို ဆရာလေး ဒေါ်နန္ဒသင်္ဂ ီ နဲ့ ဆရာလေး ဒေါ်ဝိမလစာရီ တို့က တဲကျောင်းလေးကနေတဆင့် ယခုလိုအခြေအနေအထိရောက်အောင်လို့ ၂၀၀၆ခုနှစ် နိုဝင်ဘာလ ၄ရက်နေ့မှာ တည်ထောင်ခဲ့ပါတယ်။(တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ဒါဇင်ပလက်စ်အဖွဲသားတွေသွားလှူတဲ့ နေ့က ကျောင်းရဲ့ ၆နှစ်မြောက်မွေးနေ့အခါသမယဖြစ်နေပါတယ်။) အဲဒီကနေ တစ်ဆင့် ဆရာလေး နှစ် ပါးရဲ့ စေတနာတွေကြောင့် […]


etoneOctober 8, 20124min81526
မန္တလေးဂေဇက် ကျေးဇူးဖြင့် ရင်းနှီးခင်မင်ခွင့်ရခဲ့သော စိတ်တူကိုယ်တူ ရွာသူ ၊ရွာသားများအပါဝင် ၊ ပညာရေးအတွက်ထက်သန်စွာအားဖြည့် လှူဒါန်းသူ အလှူရှင်များဖြင့် ပေါင်းစပ်ဖွဲ ့စည်းထားသော ဒါဇင်ပလက်စ်အဖွဲ့ဧ။် တတိယအကြိမ်မြောက် ပညာရေးအလှူကို ယနေ့ အောက်တိုဘာလ (၇)ရက်နေ့၊ မနက်ကိုးနာရီအချိန်တွင် ၊ ရန်ကုန်တိုင်း ၊ စမ်းချောင်းမြို့နယ် ၊ ကိုးထပ်ကြီးဘုရားဝင်းအတွင်းရှိ ၊ ရွှေတောင်တိုက်သစ်စာသင်တိုင် ၊ (ဘုန်းတော်ကြီးသင် ပညာရေးကျောင်း)သို့ သွားရောက်လှူဒါန်းခဲ့ကြသည်။ ကြိုတင်အကြောင်းမကြားထားပါပဲ သွားရောက်လှူဒါန်းခြင်းမျိုးဖြစ်သဖြင့် တိုက်အုပ်ဆရာတော် ဦးထေရာဝံသာ ဘိဝံသမှာ ဆွမ်းခံထွက်သွားရာ တိုက်အုပ်ဆရာတော်ကိုယ်စား ၊ ဆွမ်းစားကျောင်း တာဝန်ခံဆရာတော် ဦးဝီရိယမှ ပညာရေးအတွက်အားဖြည့် လှူဒါန်းငွေ တစ်သိန်းရှစ်သောင်းငါးထောင်ကျပ်(၁၈၅,၀၀၀/-)ကို လက်ခံခဲ့ပါသည် ။ ထို့နောက် ပညာရေးတာဝန်ခံဆရာတော် ဦးအာစာရက ကျောင်းဧ။် လတ်တလောအခြနေနှင့် ကျောင်သားများဧ။် သင်ကြားမှူအပိုင်းကို အသေးစိတ်လိုက်လံရှင်းပြပေးခဲ့ပါသည် […]


amatminSeptember 6, 20122min80936
မန်းလေးဂေဇက်ဝက်ဆိုဒ်ကို သုံးစွဲရင်း စိတ်တူကိုယ်တူလူငယ်များမှအခြေတည်ခဲ့သော. ဒါဇင်ပလပ်စ် လူမှုကူညီရေး အဖွဲ့၏ ရည်ရွယ်ချက်ဖြစ်သည့်သစ်စိမ်းပင်ပေါက်ကလေးများဖြစ်သည် ပညာသင်ကြားရန်လစဉ်ပုံမှန် အလှူဖြစ်သည့် ဒုတိယမြောက်အလှူကို ၂.၉.၂၀၁၂ တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်အတွင်းရှိ မြိုင်သီလရှင်ကျောင်းသို့ သွားရောက်လှူဒါန်းခဲ့ပါ၏.။ လူမှုဘဝမြှင့်တင်ရေးအတွက် အဓိကကျသော.ပညာသင်ကြားနိုင်ရန်.အခက်အခဲဖြစ်နေသော.ကလေးငယ်များအတွက်. ဒါဇင်ပလပ် အဖွဲ့ဝင်များမှ ကိုယ်စီပါဝင်လှူဒါန်းသော ငွေ.၁၂၅၀၀ဝ (တသိန်းနှစ်သောင်းငါးထောင်ကျပ်တိတိ) အားသီလရှင်ဆရာမကြီး ဒေါ်သုနန္ဒာ မှလက်ခံခဲ့ပါ၏.။ အလှူငွေ မှတ်တမ်း.. အထက်ပါမြိုင်သီလရှင်ကျောင်းတွင် ခိုလှုံနေထိုင်ရင်းပညာလာရောက်သင်ကြားနေသည့်ကလေးငယ်အရေအတွက်အားဖြင့်. သူငယ်တန်းမှ သတ္တမတန်းအထိ စုစုပေါင်း ၆၅၅ ဦးခန့်ရှိနေပီး အနီးအနားမှလာရောက်ပညာသင်ယူနေသည့်ကလေးငယ်များလည်း ပါဝင်ကြောင်းသိခဲ့ရသည်။ ကလေးငယ်များအတွက် လိုအပ်သည့် စာရေးကိရိယာ မျိုးစုံကိုလည်း မြိုင်သီလရှင်ကျောင်းမှပင် ထောက်ပံ့ပေးနေပီး အစားအသောက်အပါအဝင်နေ့စဉ် ကုန်ကျစရိတ်အနေဖြင့် ၂ သိန်း ၂ သောင်းခန့် ရှိကြောင်းသိရသည်.။ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်ကလေးငယ်တချို့အတွက်မူ စေတနာရှင် ဆရာ/ဆရာမ လေးဦးမှ စနေတနင်္ဂနွေ […]


မြန်မာသကရာဇ် ၁၃၇၄ခု၊ ဒုတိယဝါဆိုလဆုတ် (၂)ရက်၊ ၂၀၁၂ခုနှစ်၊ ဩဂုတ်လ (၄)ရက်၊ စနေနေ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အမှတ် ၅၇-၅၈၊ အနောက်မြို့ပတ်လမ်း၊ ဆရာစံမြောက် / အနောက်ရပ်ကွက် စတုဘုမ္မိကမဟာသတိပဌာန်စာသင်တိုက်တွင် တည်ရှိသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တွင် မန္တလေးဂေဇက်အင်တာနက်စာမျက်နှာတွင် စုစည်းမိကြသော လူငယ်သူငယ်ချင်းများစုပေါင်းဖွဲ့စည်းသော ဒါဇင်ပေါင်းများစွာ (Dozen+) အဖွဲ့သူ၊ အဖွဲ့သားများစုပေါင်းရရှိငွေ ၁၀၀,၀၀ဝိ/- (ကျပ်တစ်သိန်းတိတိ)ကို ပညာရေးလိုအပ်ချက်များတွင်အသုံးပြုရန်အတွက် ပထမဆုံးသွားရောက်လှူဒါန်းခဲ့ပါသည်။   Dozen+ အဖွဲ့သူအဖွဲ့သားများသည် မိမိတို့ရှာဖွေစုဆောင်းရရှိသော ချွေးနဲစာမှ လစဉ် ၅,၀၀ဝိ/- (ငါးထောင်ကျပ်တိတိ) စီကို စုပေါင်းပြီး မိမိတို့နိုင်ငံ၏ အနာဂတ်ဖြစ်သည့် မျိုးဆက်သစ်ရင်သွေးငယ်များထဲမှ မှီခိုရာမဲ့ဆင်းရဲနွမ်းပါးသည့်ကလေးငယ်များအား ပညာရေးအတွက်အထောက်အကူပြုနိုင် မည့်နေရာများကိုသာရှာဖွေလှူဒါန်းရန် စီစဉ်ခဲ့ကြပါသည်။ Dozen+ အဖွဲ့သူအဖွဲ့သားများ သွားရောက်လှူဒါန်းခဲ့သော စတုဘုမိ္မကမဟာသတိပဌာန်ကျောင်းတိုက်တွင် ရဟန်းတော် (၆)ပါးမှတာဝန်ယူလျက် ကိုရင်ငယ်လေးများ […]