Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


amatminSeptember 1, 20131min83425
၂၀၁၃ခုနှစ်၊ စက်တင်ဘာလ(၁)ရက်၊တနင်္ဂနွေနေ့..။ မန်းဂဇက်.ဝက်ဆိုဒ်တွင် စာရေးစာဖတ်ပြုရာမှ ရင်းနှီးခင်မင်လာသူများ.အပါအဝင် ကိုယ်စီကိုယ်ငှ ပက်သက်နေရာ. ပတ်ဝန်းကျင်မှမိတ်ဆွေများဖြင့် ပါဝင်ဖွဲ့စည်းထားသော ကျွှှန်တော်များဒါဇင်ပလပ်စ်ပညာရေးဦးစားပေး လူမှုကူညီရေးအဖွဲ့ငယ်လေး၏ ၂၀၁၃ ..စက်တင်ဘာလအတွက်ရည်ရွယ်သော (၁၄) ကြိမ်မြောက်လှူဒါန်းမှုကို (၁.၉.၂၀၁၃)ရက်.တနင်္ဂနွေနေ့တွင် ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်. (၈)ရပ်ကွက် သီရိမင်္ဂလာလမ်းရှိ ဘုရားသုံးဆူထေရာရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ မိဘမဲ့ ကလေးငယ်များထံသို့ စာရေးကိရိယာမျိုးစုံ. မုန့်အစားအသောက်အပါအဝင် ငွေသားတချို့ကို သွားရောက်လှူဒါန်းပြီးစီးခဲ့ပါ ကြောင်း.။ ၁ ။ စုံစုံလင်လင် မိဘမဲ့.ခိုးကိုးရာမရှိ ကလေးငယ်များ၏ လူမှုဘဝ မြှင့်တင်ရေးတွင် အဓိက ကျသောပညာသင်ကြားရေးအတွက် ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်လှူဒါန်းသော စာရေးကိရိယာဖိုး (၈၈၀၀၀) ကျပ် ၊ ..ငွေသား (၁၆၀,၀၀၀) တိတိ အပါအဝင် ။ မန်းဂဇက် ရွာသား ဦးကျောက်ခဲ၏ မန်းဂဇက်စာပေဆုရ စားပွဲတင်နာရီ အပြင် ရွာသူမခိုင်ဇာဝင်း(ဆွိ) မှ မွေးနေ့အမှတ်တရ […]


amatminApril 1, 20131min62819
                                                        မျှော်လင့်ခြင်းမဲ့နေတဲ့ အတွေးတွေကို သံယောဇဉ်နဲ့ ထွန်းညှိပီး… စိတ်ကူးလမ်းသစ်တွေ ဖွင့်ပေးတဲ့အတွက် မင်းကို ကျေးဇူးပါ..။   လဲပြိုလုမတတ် နာကျင်ခြင်းကြုံတိုင်း.မျှဝေခံစားပီး… ခေါင်းမော့ရပ်တည်ဖို့.လက်ကမ်းပေးသမျှအတွက်. မင်းကိုကျေးဇူးပါ..။   စခဲ့တဲ့ချိန်ကတည်းက အရှုံးထင်စရာလမ်းကို ပွင့်လင်းမှုနဲ့ညင်သာစွာတွဲယူပီး… နိုင်လိုခြင်းကင်းတဲ့ ချစ်ခြင်းနဲ့ ရင့်ကျက်စေခဲ့မှုအတွက်..မင်းကို ကျေးဇူးပါ..။   ကြေကွဲစရာ တွေဝေမှု တွေကြား အပြုံးတလက်နဲ့နွေးထွေးဖေးကူပီး… ကြည်လင်စိတ်ရင်း […]


amatminJanuary 21, 20138min113886
  ရွာ့တွေ့ဆုံပွဲတက်ခဲ့တာ ဘယ်သူ.ဘယ်ဝါ.ဘယ်လိုပုံတွေ ဆိုတာ မှန်းကြ.ကြည့်ကြစေဖို့ ပုံတွေကိုမနေ့တည်းကတင်ပေးချင်ပေမဲ့.. မနေ့ကပွဲကအပြန် တနေ့လုံးနီးပါးကန်တော်ကြီးထဲမှာ.အိမ်ပြန်လမ်း မမှတ်မိဘဲ လမ်းပျောက်နေခဲ့တာကြောင့် ကနေ့မနက်မှ ရွာ့ ဓါတ်ပုံတွေ တင်ပေးနိုင်တာ ခွင့်လွှတ်ကြပါဗျို့.. 🙂   +++++++++++++++++++++++++   +++++++++++++++++++++++++ +++++++++++++++++++++++++


amatminJanuary 14, 20131min84225
၂၀၁၃ခုနှစ်၊ ဇန်နဝါရီလ(၁၃)ရက်၊တနင်္ဂနွေနေ့.. မန်းဂဇက်.ဝက်ဆိုဒ်တွင် စာရေးစာဖတ်ပြုရာမှ ရင်းနှီးခင်မင်လာသူများ.အပါအဝင် ကိုယ်စီကိုယ်ငှ ပက်သက်နေရာ. ပတ်ဝန်းကျင်မှမိတ်ဆွေများဖြင့် ပါဝင်ဖွဲ့စည်းထားသော ဒါဇင်ပလပ်စ်ပညာရေးဦးစားပေး လူမှုကူညီလေးအဖွဲ့ငယ်လေး၏ ဒီဇင်ဘာလအတွက်ရည်ရွယ်သော ခြောက်ကြိမ်မြောက်လှူဒါန်းမှုကို (၁၃.၁.၂၀၁၃) ရက်.တနင်္ဂနွေနေ့တွင် ရန်ကုန်တိုင်း.သုဝဏ္ဏမြို့နယ်..ရန်ကုန်သစ်ရပ်ကွက်ရှိ သီရိရတနာ သီလရှင်စာသင်တိုက်နှင့် အမျိုးသမီးပရဟိတကျောင်းမှ မိဘမဲ့ ကလေးငယ်များထံသို့ စာရေးကိရိယာအပါအဝင် ငွေသားတချို့ကို သွားရောက်လှူဒါန်းခဲ့ပါ၏.။ မိဘမဲ့.ခိုးကိုးရာမရှိ ကလေးငယ်များ၏ လူမှုဘဝ မြှင့်တင်ရေးတွင် အဓိက ကျသောပညာသင်ကြားရေးအတွက် ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်လှူဒါန်းသော စာရေးကိရိယာတချို့အပါအဝင်..ငွေသား (၁၅၀,၀၀၀) ကျပ်တိတိကို သီလရှင်ဆရာမကြီး ဒေါ်စန္ဒာရီမှ လက်ခံရယူခဲ့ပါသည်။ အလှူတိုင်းအတွက် တွဲလက်များ 🙂 အထက်ပါ သီရိရတနာ ကျောင်းတွင်.မိဘမဲ့ကလေး ၁၆ဝ နီးပါးကိုသီလရှင်ဆရာမကြီး ဒေါ်စန္ဒာရီ တပါးတည်းမှ.. တာဝန်ယူစောင့်ရှောက်ထားပီး ၂၀၀၉ ခုနှစ်တွင် အစပြုခဲ့ကြောင်းလည်း သိခဲ့ရသည်။ ၆ နှစ်ကျော် […]


amatminSeptember 6, 20122min87836
မန်းလေးဂေဇက်ဝက်ဆိုဒ်ကို သုံးစွဲရင်း စိတ်တူကိုယ်တူလူငယ်များမှအခြေတည်ခဲ့သော. ဒါဇင်ပလပ်စ် လူမှုကူညီရေး အဖွဲ့၏ ရည်ရွယ်ချက်ဖြစ်သည့်သစ်စိမ်းပင်ပေါက်ကလေးများဖြစ်သည် ပညာသင်ကြားရန်လစဉ်ပုံမှန် အလှူဖြစ်သည့် ဒုတိယမြောက်အလှူကို ၂.၉.၂၀၁၂ တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်အတွင်းရှိ မြိုင်သီလရှင်ကျောင်းသို့ သွားရောက်လှူဒါန်းခဲ့ပါ၏.။ လူမှုဘဝမြှင့်တင်ရေးအတွက် အဓိကကျသော.ပညာသင်ကြားနိုင်ရန်.အခက်အခဲဖြစ်နေသော.ကလေးငယ်များအတွက်. ဒါဇင်ပလပ် အဖွဲ့ဝင်များမှ ကိုယ်စီပါဝင်လှူဒါန်းသော ငွေ.၁၂၅၀၀ဝ (တသိန်းနှစ်သောင်းငါးထောင်ကျပ်တိတိ) အားသီလရှင်ဆရာမကြီး ဒေါ်သုနန္ဒာ မှလက်ခံခဲ့ပါ၏.။ အလှူငွေ မှတ်တမ်း.. အထက်ပါမြိုင်သီလရှင်ကျောင်းတွင် ခိုလှုံနေထိုင်ရင်းပညာလာရောက်သင်ကြားနေသည့်ကလေးငယ်အရေအတွက်အားဖြင့်. သူငယ်တန်းမှ သတ္တမတန်းအထိ စုစုပေါင်း ၆၅၅ ဦးခန့်ရှိနေပီး အနီးအနားမှလာရောက်ပညာသင်ယူနေသည့်ကလေးငယ်များလည်း ပါဝင်ကြောင်းသိခဲ့ရသည်။ ကလေးငယ်များအတွက် လိုအပ်သည့် စာရေးကိရိယာ မျိုးစုံကိုလည်း မြိုင်သီလရှင်ကျောင်းမှပင် ထောက်ပံ့ပေးနေပီး အစားအသောက်အပါအဝင်နေ့စဉ် ကုန်ကျစရိတ်အနေဖြင့် ၂ သိန်း ၂ သောင်းခန့် ရှိကြောင်းသိရသည်.။ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်ကလေးငယ်တချို့အတွက်မူ စေတနာရှင် ဆရာ/ဆရာမ လေးဦးမှ စနေတနင်္ဂနွေ […]


amatminJuly 17, 20123min171836
ကျနော် ဘိုကလေးကနေ ရန်ကုန်အပြန် လမ်းတကြောမှာ စိတ်ကူးတည့်ရာရိုက်ခဲ့တဲ့ ဒါ့ပုံ မည်ကာမတ္တလေးတွေပါဗျာ..။ (ဒါ့ပုံ..ခွက်ဒစ်တူ ကိုဂီ) 😛 မြစ်ကမ်းဘေးက အိမ်တချို့ မှောင်ရီဝိုးတဝါး.အိမ်တန်းမျာ ခိုလှုံရာခေါ်တွင်တဲ့ ဒါသူတို့အိမ်.. ရှပ်ပြေးရေယာဉ် အတွင်းပိုင်း စွန့်စွန့်စားစား ခရီးသွား.. 🙂 ခရီးတဝက်ဝယ် အတင်းတက်သူများ.. ရိုက်ချက်က ဝါးပေမဲ့ ဘဝခရီးသည်ရဲ့ ဇိမ်တချက် 🙂 လှေပေါ်က ဈေးသည်အတွက် ရိုက်ချက်. ရေပြင်ကျယ်မှာ မမောတန်းခရီးဆက်.. မြစ်ပြင်ကျယ်မှာ ငါးဖမ်းဝမ်းစာရှာ ဘဝကိုကျောင်းနေတဲ့ လှေသေးပေါ်ကသားအမိဘဝ.. မိုးရိပ်ကြားက ရန်ကုန်ဆိပ်ကမ်းနဲ့ ရွှေတိဂုံစေတီတော်.. ဒီပေါ်ကနေ လက်သရမ်းခဲ့တာပေါ့. 🙂 စကားမစပ်ဗျာ..ကျနော် ကိုယ့်နယ်ကပြန်လာပီးမှ တွေးမိတာလေးတခုက.. ကျနော့တို့တိုင်းပြည်မှာ ဆင်းရဲတဲ့ဒေသချင်း အတူတူကို ဧရာဝတီတိုင်းက ပိုများဆိုးနေသလားလို့.. 🙁 ဘာကြောင့်ဂလိုပြောရလည်း ဆိုတာတော့ ကျနော်လည်း မသိတတ်တော့ဘူး.. […]


amatminJuly 16, 20122min68342
ဘာရယ်မဟုတ်ပါဗျာ..ခရီးထွက်ရင်.စိတ်ပြေလက်ပျောက်ရှိတယ်. ပင်ပန်းပေမဲ့ စိတ်သစ်လူသစ်ပြန်ဖြစ်တတ်တယ်.ဆိုတော့ အချိန်အားကလေးဖြစ်တဲ့ ကျန်ခဲ့တဲ့ပိတ်ရက်ကလေးမှာ ဘိုကလေးဘက်တကြောကို ရောက်ဖြစ်ခဲ့တာနဲ့ပဲ. လမ်းမှာရိုက်လာခဲ့သမျှ ဓါတ်ပုံလေးတွေကို.ပြန်မျှရင်း ဝင်ငွေတိုးအောင်ကြံဖန်လိုက်ပါသဗျ. 😛 ခရီးသွားရင်းကြုံသလို လက်ဆော့ထားတာမို့..မှတ်တမ်းဒါ့ပုံသက်သက် ပါလို့.. တမျှော်တခေါ်.လယ်တကြော မထွန်မယက်သေးတဲ့ အပျိုစင်လယ်ကွက်လေး 😛 ထွန်ရေးညက်တဲ့ လယ်သမားလေး မျိုးစပါးပင်က ပျိုးရန်အသင့် ကောက်စိုက်ဖို့ စကြလေပြီ.. လျှပ်တပြက် စိုက်ချက်.. စိုက်ပီးသွားတဲ့ လယ်တကွက်.. စိမ်းစိမ်းစိုစို အပင်ပျိုများ ကျနော်ရွာကိုရောက်တော့ အိမ်ကိုဦးကြီး.ဒေါ်ကြီး အိမ်နီးပါးချင်းတွေ လာလည်ကြသပေါ့ဗျာ.။ သူတို့နဲ့ စကားတွေပြောကြတော့ ဖုန်းအကြောင်းမပြောဘူး.ကားအကြောင်းမပါဘူး 🙂 ဒါပေမဲ့ သူတို့ကျနော့ကို ချစ်သောဒေါ်အောင်ဆန်းစုကြည်အကြောင်းမေးတယ်.. ဘာတွေရှေ့ဆက် ဖြစ်လာမလဲ အရမ်းသိချင်နေကြတယ်.နောက်ပီးသူတို့ဆီလာတတ်တဲ့ အမ်ဂျီအို အဖွဲ့တွေအကြောင်းပြောပြတယ်..။ အဆုံးမတော့ သူတို့ စိုက်ပျိုးအားထုတ်သလောက် အကျိုးအမြတ်လျော့နေတဲ့ စပါးဈေးကြောင့်.. စိတ်ညစ်ညူးနေတာကိုတော့ ကြားမိခဲ့ပါသဗျာ.. အခုမိုးစပါး စိုက်ပျိုးဖို့အတွက်ကို […]


amatminJuly 13, 20121min67422
မနေ့ကအိမ်မှာပျင်းနေတာနဲ့ စာအုပ်အဟောင်းပုံထဲ ပြန်လိုက်ရှာရင်း အတွေးအမြင်စာစဉ်အဟောင်းလေးတွေ ပြန်ဖတ်မိသပေါ့ဗျာ..။ ဖတ်နေရင်း.ဒသ၁န ကဗျာလေးတပုဒ်တွေတော့ ရွာထဲမှာ ပြန်မျှချင်လာတယ်.. ကျနော်ကိုယ်တိုင်တော့ တလောလေးက ပြောခဲ့သလို စိတ်နေမကောင်းများဖြစ်နေလို့လားမသိ.. ကဗျာလေးကို အလွန့်ကို နှစ်ခြိုက်မိပါ၏.။ ဖတ်ကြည့်မိတဲ့ရွာသူားတွေလည်း ကဗျာကပေးတဲ့ ငြိမ်းချမ်းမှုအတွေး နဲ့ မျှော်လင့်ခြင်းရသ ကိုခံစားမိမယ်လို့ထင်မိပါကြောင်း..။ ရန်များတဲ့.အရပ်ကိုရှောင်ဖယ်မသွားဘဲ ထိပ်တိုက်တွေ့ပီးဖြေရှင်းချင်တဲ့စိတ်.. ငြိမ်းချမ်းမှုကို ကြီးငယ်မဟူ မျှဝေခံစားစေလိုတဲ့စိတ်… အမှောင်ဆိုတဲ့.သောကဒုက္ခတွေနောက်မှာ. မျှော်လင့်ချက်တွေနဲ့တောက်ပနေတဲ့ နေ့သစ်အလင်းရောင်တွေကိုမြင်နေတတ်တဲ့ စိတ်.. ဆိုတော့ ကျနော်တို့ စိတ်တွေကို တစိတ်တပိုင်းထိန်းကျောင်းပေးနိုင်တဲ့ ကဗျာကောင်းလေးမို့. ကိုယ်တိုင်ဖတ်ရင်း အတွေးပွားကြည့်ကြပါလို့..။ မှောင်ရည်ပျောက်လျှင် နေ့သစ်ရောက်မည်.. “လုံခြုံသောအရပ်မှာ မနေလိုပါ..။ ရန်တွေဝေလျှံနေရာ လောကနယ်မှာ.. ခိုင်မာရဲရင့်စွာ စွန့်စားကြဖို့သွားလာ.. ရန်ကိုပြေငြိမ်းဖို့ အို ခိုင်းတော်မူပါ..။။။။” “ရန်များပြေငြိမ်း အေးသောနေ့တာ.. ဤနေ့မှာ ပေါ်ထွန်းတောက်လာ.. သိုးငယ်များ ခြင်္သေ့သားရဲကြားမှာ.. […]


amatminJuly 5, 20121min89532
လူပါး… အတွေးတစ က.. မျှော်လင့်ခြင်းမျဉ်းမှာ. အဆုံးသတ်သွားတယ်.. ဆန့်ကျင်ဘက်ရန်သူကို မှန်ထဲမှာ ခပ်စိမ်းစိမ်းကြီးမြင်လိုက်ရတယ်.. လိုအပ်ချက်တခုမှာ.. မလိုအပ်တာတွေက အသက်ဝင်နေတယ်.. အတ္တဆိုးတခုဟာ.. သေချာသိမ်းထုပ်ထားတဲ့ငါ့ပုံဆောင်ခဲဖြစ်နေတယ်.. အမှန်တရားဟာ.. ဘက်လိုက်ဝါးမြိုမှုအတွက် ဓါတ်စာဖြစ်နေတယ်.. မနေ့/ကနေ့ ဆိုတာ.. ရှင်သန်နေမှုရဲ့ အရိပ်တခုဖြစ်နေတယ်.. မိတ်ဆွေရင်းဆိုတာ.. ထုတ်တန်းပေါ်ခွထိုင်ရင်း ရှာတွေ့တတ်တယ်.. ပျော်ရွှင်မှုဆိုတာ.. အလိုကျခြင်းတွေနဲ့အဖော်ပြုနေတတ်တယ်.. ငြိမ်သက်မှုဆိုတာ.. ရုန့်ရင်းဆန်ခတ်မှုတွေရဲ့နောက်တော်ပါးဖြစ်တယ်.. ရိုးသားမှုဆိုတာ.. ပရိယာယ်အပေါင်းတို့ရဲ့ မာန်နတ်ဖြစ်နေတယ်.. ထောင်လွှားမှုဆိုတာ.. စိတ်မလုံခြုံမှုရဲ့ဆောင်ဓါးဖြစ်နေတယ်.. ပြန်ဆန်းစစ်မှုဆိုတာ.. ပြသာနာပေါင်းစုံအတွက် အဆိပ်ခွက်ဖြစ်နေတယ်.. ရိုးရှင်းတဲ့နေထိုင်မှုဆိုတာ.. တွယ်တာမှုပေါင်းစုံကို ခဝါချမှုထက်ပိုနေတတ်တယ်.. အဖြေမှန်ဆိုတာ.. အမှားအလုံးစုံအတွက် ပြင်မရတဲ့နောင်တဖြစ်နေတယ်.. အဆုံးသတ်ဆိုတာ.. အစတချို့အတွက် သာမန်နိဂုံးထက်ပိုနေတတ်တယ်… ငြင်းခုန်ခြင်းမှာ.. ကိုယ်စီအတွေးတချက်တော့ လက်ဖို့ဆန္ဒပြုမိပါရဲ့.. **************************************************************** ဘာရယ်မဟုတ်ပါဗျာ..စိတ်နေမကောင်းဖြစ်နေတာနဲ့.ပျင်းပျင်းရှိလို့ ပေါက်ကရတွေ တွေးမိလိုက်ပါတယ်.. လျှောက်တွေး.ရေးပြီးတော့လည်း ပို့စ်တင်ချင်ပြန်ရော..ပိုက်ဆံရှာမရတာ အတော်ကြာနေတာလည်း ပါတာကိုး.. […]


amatminJune 5, 20121min80241
ကျနော်ဆူးလေဘုရားအဝိုင်းနားကို သွားရင်းနဲ့ဘေးနားက ဆူးလေ ဗလီရှေ့မှာ မွတ်ဆလင်အမျိုးသားများ ဆိုင်းဘုတ်လေးတွေ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်နေကြတာကို တွေ့ခဲ့မိလို့ ရွာသူားတွေအတွက် သတင်းဓါတ်ပုံအဖြစ်တင်ပေးလိုက်ပါတယ်.. အမှန်တော့ အခုရက်ပိုင်းအတွင်း ဖြစ်နေတာတွေက လူမျိုးရေး ခွဲခြားမုန်းတီးမှုကို ကူးပြောင်းသွားနိုင်တဲ့ဖြစ်ရပ်မို့.. ကွန်မန့်လည်းမပေးဘဲ နေတာတောင်.အခုဒီသတင်းဓါတ်ပုံတွေကိုတော့ သဂျီးပြောနေတဲ့ စီဂျေဆိုတဲ့ထုံးစိတ်ကိုနှလုံးမူပြီး ရေပန်းစားဖြစ်ရပ်ရဲ့ နောက်ဆက်တွဲသတင်း အဖြစ်တင်လိုက်ပါတယ်ဗျ.. သူတို့ပြော.တောင်းဆိုနေကြတာတော့ တရားဥပဒေ ကိုယုံကြည်ချင်ကြတဲ့ပုံပဲဗျ.. လူအုပ်ပေါ်ဖို့ အဝေးရိုက်ချက်. သူတို့တောင်းဆိုတဲ့ စာတချို့ပေါ်လွင်ဖို့ အနီးကပ်ရိုက်ချက် လုံခြုံရေးလည်း အသင့်ပါပဲ ပြန်ကုန်ကြတဲ့ တချို့တဝက် ဆူးလေတံတားပေါ်က ရိုက်ချက် ပုံနည်းရင်.. ဝါးနေခဲ့ရင် သည်းခံကြည့်ပေးကြပါလို့တောင်းဆိုရင်း..ဓါတ်ပုံအတော်များများတော့ကြုံသလို ရိုက်မိခဲ့ပေမဲ ဆိုးရွားတဲ့ ကွန်နက်ရှင်ကြောင့် ဖြစ်ရပ်ကိုပေါ်လွင်စေလောက်မဲ့ ပုံတွေကိုပဲ တင်လိုက်ပါတယ်..နော်.


amatminMay 18, 20121min75719
ယာဉ်တိုက်ခံရသူဟု ဆိုလိုက်သည်နှင့် သေမည်ရှင်မည်.မဆိုနိုင်သေးပဲ. သေလုမျောပါး ဟုဆိုအပ်သောရောဂါကို ခံစားနေရမှန်းလူတိုင်းလိုလိုသိနိုင်မည်ကားငြင်းမရ..။ ယာဉ်တိုက်မှုဖြစ်သည်ဟူသော အသံကိုကြားလိုက်သည်နှင့် တပြိုင်နက်.စုတ်တသတ်သတ်နှင့် သနားကရုဏာကို ဖော်ပြဖို့ရန် ဝန်မလေးတတ်ပေမဲ့ တကယ့်မြင်ကွင်းအပါအဝင်.နောက်ဆက်တွဲသတင်းတိုင်းလိုလိုတွင်ကား.စာနာတတ်ခြင်း ကူညီလိုခြင်းကင်းမဲ့ခြင်းများကြောင့် မသေသင့်ဘဲ သေရသူမှာလည်း ဒုနှင့်ဒေး..။ ကျနော်ယမန်နေ့ညဦးပိုင်းက မြင်ခဲ့ရသော ဖြစ်ရပ်တခုကား လက်တွေ့ကျကျ……။ အချိန်မှာကား ၁၇.၅.၂၀၁၂ ညဦးပိုင်း ရ နာရီ ၃ဝ နီးပါးခန့်…. ဆူးလေမှတဆင့်အိမ်အပြန် ကမ္ဘာအေးဘုရားလမ်းမကြီးပေါ် ကုက္ကိုင်းမီးပ္ပိုင့် မရောက်မှီ ကိုက် ၁၀ဝ ခန့်.အလိုတွင်. အသက်ကြီးကြီးလူတယောက်လဲနေပြီး အပေါ်မှလူတယောက်က ရှေးဦးသူနာပြုစုနည်းဖြင့် ကုသပေးနေကာ. ပါးစပ်မှလည်း လူနာတင်ရန် ကားတစီးလောက်တားပေးကြပါဟု အော်ဟစ်နေ၏..။ ဘေးဘယ်ညာလမ်းတဘက်စီမှ ကားသစ်ကားဟောင်း .လူပေါင်းစုံစွာ ဥပဒေဟိုသွားနေသော်လည်း အခင်းဖြစ်ရပ်ဘေးနားတွင်ကား ထိခိုက်သူ လူနာနှင့် ပြုစုသူမှလွဲကာ ကျန်သူမရှိ..။ နောက်ထပ် မြင်ကွင်းတရပ်သည်ကား အဆိုပါ […]


amatminApril 21, 20121min93140
မြန်မာလူမျိုးတိုင်းအတွက်နှစ်ဟောင်းကုန်လို့နှစ်သစ်တခုကူးမြောက်ခဲ့ပါပြီ.. အားလုံးကိုယ်စီတိုင်းကတော့ နှစ်သစ်အတွက်.ကိုယ်စီခွန်အားသစ်တွေမွေးရင်း အနာဂတ်ကောင်းတွေအတွက် မျှော်လင့်ရင်းဖြတ်သန်းနေကြပါပြီ..တချို့ကတော့ တမူထူးကဲစွာပဲ..အများနဲ့ ဆိုင်တဲ့ နှစ်သစ်ဖြစ်ရုံမက. ကိုယ်အသက်ရဲ့ စတင်ရာနေ့ရက်သစ်ကိုလည်းပျော်ရွှင်စွာ ဖြတ်သန်းခွင့်ကြုံကြတယ်လေ.. ကျနော်တို့ ရွာသူားတွေထဲမှာလည်း တိုက်တိုက်ဆိုင်ဆိုင်နှစ်သစ်အစမှာ ကိုယ့်မွေးရက်နဲ့တိုက်တဲ့လူတွေရှိကောင်းမှာပေါ့. ကျနော်သိတာကတော့..ကနေ့ (၂၁.၄.၂၀၁၂) ရက်နေ့မှာ ကျနော်တို ့ရွာသားလေး ဖရဲသီးရဲ့ ပျော်ရွှင်စရာ..မွေးနေ့ရက်လေးပါလို့..။ ဒါကြောင့် သူ့အတွက်ဆုမွန်ကောင်းလေးတွေ ကိုဝိုင်းဝန်းဆန္ဒပြုနိုင်ကြစေဖို.ရည်ရွယ်ကာ ရောက်တတ်ရာရာမွေးနေ့ဆုတောင်းပို့စ်လေး တင်လိုက်ပါတယ်… ညီလေးဖရဲသီး..ယနေ့ကျရောက်သောမွေးနေ့မှ အစပြုကာ ကိုယ်စိတ်နှလုံးငြိမ်းအေးမှုကို အမြဲရရှိနိုင်ပြီး. ချစ်ခင်ရသောမိဘဆွေမျိုး မိတ်သင်္ဂဟများနှင့် ပျော်ရွှင်ဖွယ်နေ့ရက်ပေါင်းများစွာကို မပြတ်တမ်းဖြတ်သန်းနိုင်ပါစေလို့..ဆန္ဒပြုရင်း… ညီလေးဖရဲ မွေးနေ့အတွက် သက်တန့်ချို ရဲ့ကဗျာတပိုင်းတစလေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်… ဆယ်စုနှစ်တွေကို အံတုရင်း စကြဝဌာရဲ့ အဆုံးမဲ့ပျံသန်းခြင်းမှာ `သူ့´ ငိုကြွေးခြင်းတွေမရှိပါစေနဲ့ အရာရာကို `သင့်ယုံ´ ကလေး ချိန်ဆတွေးလို့ ကံကောင်းခြင်း တောအုပ်နဲ့တောင်တန်းတွေ စိမ်းညှို့ရှင်သန်နေပါစေ . . […]


amatminMarch 30, 20122min4718
နိုင်ငံတော်သမ္မတကြီးက မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရပ်ဆိုင်းခဲ့တာ ၆လပြည့်မြောက်တဲ့နေ့အနေနဲ့ ဧရာဝတီမြစ်ဆုံကိုကာကွယ်ကြသူများ တွေ့ဆုံပွဲကို ရန်ကုန်မြို့ရွှေဂုံတိုင်နားမှာရှိတဲ့ တော်ဝင်နှင်းဆီခြံကသီရိခန်းမမှာ ကနေ့ မတ်လ (၃၀)ရက်နေ့. မနက် ရှစ်နာရီခွဲကနေ.နေ့လည် တစ်နာရီ ခန့်အထိကျင်းပခဲ့ပါတယ်။အခမ်းအနားကျင်းပရေးကော်မတီအဖြစ် ထွန်းလွင်ဖောင်ဒေးရှင်းကနေ ဦးစီးပြီးလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဧရာဝတီအရေးမှာ တက်ကြွလှုပ်ရှားခဲ့ကြသူအတော်များများတက်ရောက်ခဲ့ပါတယ်.. သစ်တောပညာရှင် ဦးအုန်း၊ မိုးလေဝသနှင့်ဇလဗေဒပညာရှင် ဦးထွန်းလွင်၊ စာရေးဆရာမ ဂျူး ၊ ဒေါ်ဒေဝီသန့်စင်၊ ဗကပကျောင်းသားသမ္မဂအတွင်းရေးမှူး မင်းသွေးသစ်၊ ၈၈မျိုးဆက်ကျောင်းသားများ အပါအဝင် ဧရာဝတီမြစ်ဆုံအရေးမှာ တက်ကြွလှုပ်ရှားသူများလည်းတက်ရောက်ခဲ့ကြပါတယ်.. အဆိုပါ ပွဲမှာ အဓိက ထားပြီးပြောသွားတာကတော့. မြစ်ဆုံကိစ္စကိုရပ်တန့်ထားမယ်လို့ကတိတွေပေးထားပေမဲ့ မရပ်တန့်ဘဲ ဆက်လုပ်ဆောင်နေကြတဲ့အတွက် အပြီးသတ်ရပ်ဆိုင်းဖို့အထိ ဆက်လက်ကြိုးစားလုပ်ဆောင်ကြဖို့ကို ဦးတည်ပြောကြားခဲ့တဲ့အပြင် ကချင်ဒေသခံတွေတွေ့ကြုံနေရတဲ့ အခက်အခဲတချို့တဝက်ဖြစ်တဲ့ တန်ဖဲရွာက လူတွေကိုနေရာဖယ်ခိုင်းပြီး နည်းမျိုးစုံနဲ့ခေါ်ပြီး ဝန်ခံကတိထိုးခိုင်းတာတွေအပါအဝင်.သူတို့ပြောတဲ့အတိုင်းမလုပ်ရင် ပုဒ်မ (၁၈၈) နဲ့ အရေးယူမယ်ဆိုတဲ့အပေါ်မှာလည်း အလေးထားဆွေးနွေးသွားကြပါတယ်.. အားလုံးသောတက်ရောက်လာကြသူများကလည်း မြစ်ဆုံအရေးကို […]