Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Obamacare (၂၀၁၄)ခုနှစ် ရှေ့ပြေးအကြိုအစီအစဉ်များ – မောင်မိုးညို

kaiSeptember 6, 20133min5029

အမေရိကပြည်ထောင်စု၏ ကျန်းမာရေးစောင့်ရှောက်မှုအာမခံစနစ် (၂၀၁၄)ခုနှစ် ရှေ့ပြေးအကြိုအစီအစဉ်များ

(မောင်မိုးညို)

(၂၀၁၀) ခုနှစ်မှစတင်၍ အထစ်အငေါ့များစွာ၊ ဆန့်ကျင်ကန့်ကွက်မှုများစွာကြားမှ ပေါ်ထွက်နေပြီဖြစ်သော အမေရိက၏ ကျန်းမာရေးစောင့်အာမခံစနစ်၏အဓိကရုပ်လုံးကား (၂၀၁၄) ဇန္နဝါရီ (၁) ရက်တွင် ပေါ်ထွက်လာတော့မည်ဖြစ်သည်။ စီးပွားရေးအကြိုးအမြတ်ကိုအဓိကထားလိုကြသော အချို့သော စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ ကျန်းမာရေးစောင့်ရှောက်မှုအာမခံစနစ်ကိုမိမိတသက်တာခံစားခွင့်မရှိသော ဝင်ငွေချို့တဲ့သူလူတန်းစားများ၏အကျိုးခံစားခွင့်ရရှိလာမည်ကိုမလိုလားကြသူများ နှင့် တယူသန်အမျိုးသားရေးဝါဒီများ နှင့်နိုင်ငံရေးသမားအချို့တို့က ဤဥပဒေရုပ်လုံးပေါ်လာနိုင်မည့် အခြေအနေအခွင့်အလမ်းများကို နည်းမျိုးစုံနှင့်တားဆီးမှုများလုပ်ခဲ့ကြသည်။ မငြင်းနိုင်သောအချက်ကား (၃) နှစ်သားသက်တမ်းရှိလာပြီဖြစ်သော  ဤ Affordable Care Act (ACA) ခေါ် Obamacare ၏အကျိုးထူးများကို၊ နိုင်ငံတဝှမ်းရှိ လူထုအပေါင်းကမျက်ဝါးထင်ထင်မြင်လာကြရပြီဖြစ်ပါသည်။ ထိုမျှသာမက အာမခံလုပ်ငန်းကုမ္ပဏီကြီးများ (Insurance carriers) ကပါ လက်ခံသဘောတူလာသည်နှင့်အမျှ အပြုသဘောဆောင်သောအစီအမံများလမ်းခင်းဆောင်ရွက်ပေးလာကြသည်ကိုတွေ့နေရပြီဖြစ်သည်။ နှစ်အလိုက် အာမခံပေးသွင်းရမည့် premium ကြေးများ ပုံမှန်မြှင့်တင်ကြသည်မှအပ၊ ဆန်ုကျင်သူများကဆိုခဲ့ကြသလို၊ premium ကြေးများအဆမတန်တိုးမြှင့်လာမည်ဟူသော မှန်းဆမှုများ မတွေ့မြင်ရပေ။ ထူးခြားချက်တခုကား နိုင်ငံတဝှမ်းအငြင်းပွားနေသော Obamacare  လက်ခံနိုင်မှု မလက်ခံနိုင်မှု၊ နိုင်ငံသားတို့၏ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအခြေခံခံစားခွင့်ကို ဖျက်ဆီးသည် ဟုစွပ်စွဲကြသူတို့ကိုယတိပြတ်အဆုံးအဖြတ်ပေးသော ပြည်ထောင်စုတရားလွှတ်တော်ချုပ် (Federal Supreme Court decision) အဆုံအဖြတ်ထွက်ပေါ်လာခြင်းပင်။ တရားလွှတ်တော်ချုပ်က ဤဥပဒေသည် ပြည်သူ့အခြေခံခံစားခွင့်ဟူသော ဖွဲ့စည်းပုံအခြေခံဥပဒေအနှစ်သာရကို မဖျက်ဆီးကြောင်း  (ဇူလိုင်လ၊ ၂၀၁၂)၊ အာမခံမရှိသူများကဒါဏ်ကြေးပေးရမည်ဟူသောပြဌာန်းချက်သည် အခြေခံဥပဒေကိုမထိခိုက်ကြောင်း၊ အဆုံအဖြတ်ပေးခဲ့ခြင်းသည်သမိုင်းတွင်သွားစေသော မှတ်ကျောက်တစ်ခုဖြစ်ခဲ့သည်။

ACA ၏ပင်မပြောင်းလဲမှုများပြုလုပ်မည့်အစီအမံလမ်းကြောင်းကိုအောက်ပါအတိုင်းတွေ့ရမည်ဖြစ်သည်။

၂၀၁၀  – ယခင်ရောဂါခံကြောင့်အာမခံ ခံစားခွင့်ငြင်းပယ်ခံရသူအားလုံးအတွက် သီးသန့် အာမခံစနစ်ထူထောင်ခြင်း၊ ခံစားခွင့်တန်ဘိုးရာသက်ပန်ကန့်သတ်ချက်ပယ်ဖျက်ခြင်း၊ ဝန်ထမ်း(၂၅) အထိသာရှိသောလုပ်ငန်းရှင်များက ယင်းဝန်ထမ်းများအတွက်အာမခံစနစ်ပံ့ပိုးပါက အခွန်ကင်းလွတ်ခွင့်ပေးခြင်း၊ ကလေးသူငယ်များကို ယခင်ရောဂါအခံကြောင့်အာမခံငြင်းပယ်ခြင်း ကိုဖျက်သိမ်းခြင်း၊ မိဘနှင့်အတူနေသားသမီးများကို အသက်(၂၆)နှစ်အထိ မိဘ၏အာမခံအောက်တွင်ဆက်လက်ခံစားခွင့် သက်တမ်းတိုးပေးခြင်း။

၂၀၁၁  – Medicare စနစ်ခံစားနေရသူများကို ဆေးဝါးများအတွက်အပိုပေးနေရသော တန်ဘိုးကို လျှော့ဈေးဖြင့်ငွေပြန်အမ်းပေးခြင်း၊ (၂၀၂၀) တွင် ဆေးဝါတန်ဘိုး၏ (၂၅%)ကိုသာပေးရန်လိုအပ်တော့မည်ဖြစ်သည်။)

၂၀၁၃  – အခွန်ကင်းလွတ်ခွင့်ရနေဆဲဖြစ်သော Flexible Spending Accounts များ၏ နှစ်အလိုက်ကန့်သတ်ချက်ကို ($2,500) သတ်မှတ်ပြီး၊ နှစ်အလိုက်တိုးမြှင့်သွားခြင်း၊ Medicare ခံစားနေကြသူ ဝင်ငွေများသော (နှစ်သိန်းခွဲ ရ လင်မယား/နှစ်သန်းရ လူတစ်ဥိးချင်း) ကို အခွန်(၃.၈%)တိုးမြှင့်ကောက်ခံခြင်း၊ နှစ်လယ်ပိုင်းမှစ၍ အကြိုးအမြတ်ကိုအဓိကမထားသော non-profit insurance co-op သမဝါယမစနစ်ထူထောင်ခြင်း။

၂၀၁၄  – ယခင်မူလရောဂါအခံရှိသူများကိုအာမခံခံစားခွင့်ကန့်သတ်ခြင်း (သို့) ငြင်းပယ်ခြင်းကို အပြီးတိုင်ဖျက်သိမ်းခြင်း၊ အာမခံမဲ့သော ဝင်ငွေနည်းသူများ၊ လုပ်ငန်းရှင်အငယ်စားများအတွက် အာမခံရွေးချယ်ဝယ်ယူခွင့်ရမည့် စနစ်သက်ဝင်လာခြင်း၊ ယင်းတို့အတွက် အခွန်ကင်းလွတ်ခွင့် ရလာကြမည်ဖြစ်သလို၊ ချွင်းချက်အနည်းငယ်မှအပ အာမခံမရှိသူများကို အခွန်ဒါဏ်ရိုက်မည့် အစီအမံများစတင်အသက်ဝင် လာခြင်း၊ လက်ရှိ Medicaid စနစ်တွင် ဝင်ငွေအလွန်နည်းပါးသူ (federal poverty line 133%) များ ပါဝင်လာခွင့်ချဲ့ထွင်ခြင်း၊ ဝန်ထမ်း(၅၀) နှင့်အထက်ရှိသောစီးပွားရေးလုပ်ငန်းရှင်များက အာမခံပံ့ပိုးမှုမပြုပါက ပြစ်ဒါဏ်ရိုက်ခြင်း။ (ဇွန် ၂ ရက်နေ့က ဤကန့်သတ်ချက်ကိုတစ်နှစ်တိတိဆိုင်းငံ့ကြောင်းသမ္မတကအမိန့်ထုတ်ပြန်ခဲ့သည်။ လုပ်ငန်းရှင်အများစုအနေဖြင့် ဤပြဌာန်းချက်ကိုလိုက်နာနိုင်မည့်အနေအထားမရှိသေးကြောင်း တွေ့ရသဖြင့်ဟုအကြောင်းပြထားသည်။))

၂၀၁၈  – ကြွယ်ဝချမ်းသာသူအချို့သာခံစားနေကြသော Cadillac Health Plan ရှိသူများ၊ တစ်ဥိးချင်းဝင်ငွေ ($10,200) (သို့) ($27,000) အထက်ဝင်ငွေရနေကြသူများကို အပိုအခွန်ကောက်ခံမည့် အစီအမံများစတင်ခြင်း။

၂၀၂၀  – Medicare ဆေးဝါးအတွက်အိပ်စိုက်ပေးရသော အပိုတန်ဘိုး (‘Donut hole’ ခေါ် Gap coverage) စနစ် ပပျောက်ခြင်း။

လျှောက်ထားချိန် (application) မှစတင်ပြီး အတည်ပြု (approval) အထိလုပ်ငန်းစဉ်ကိုလေ့လာကြပါစို့။

 

ကျန်းမာရေးအာမခံဈေးကွက်များတည်ထောင်ရန်ယင်းဥပဒေကပြဆိုခဲ့သည့်အတိုင်းသက်ဆိုင်ရာပြည်နယ်များ

ကဈေးကွက်များမတည်ထောင်လိုပါကဗဟိုအစိုးရက၊ ဝင်ရောက်တည်ထောင်ပေးမည်ဖြစ်သည်။ ဥပဒေပြဌာန်းထားသည်နှင့်အညီ၊ အာမခံထားရှိရန်ပျက်ကွက်သူတို့ အခွန်ဒဏ်ကြေးဆောင်ရမည် ဖြစ်သည့်အတွက်၊ လူတိုင်းအာမခံလျှောက်ထားရန်လိုအပ်လာပါသည်။ လျှောက်ထားပုံနည်းလမ်း ကိုလွယ်ကူရှင်းလင်းနိုင်သမျှရှင်းလင်းအောင်၊ လူတိုင်းနားလည်လွယ်အောင် စီစဉ်မည်ဆိုသော်လည်း၊ ထင်သလောက်မရှင်းလင်းနိုင်ကြောင်းတွေရပေမည်။ လူဦးရေအချိုးအစားပေါ်မူတည်၍ စာမျက်နှာ (၅) မျက်နှာမှ (၁၅) မျက်နှာခန့်ရှိနိုင်သည်ဟုဆိုထားသည်။

 

လျှောက်လွှာတင်သွင်းခွင့်ကာလ

(၂၀၁၃) အောက်တိုဘာ (၁) ရက်မှစ၍၊ (၂၀၁၄) မတ် (၃၁) အထိ မဖြစ်မနေလျှောက်ကြရန် တိုက်တွန်းထားသည်။ သို့သော် မိမိ (သို့) မိသားစုအတွင်း လက်ခံနိုင်လောက်သော အပြောင်းအလဲ (qualified life event change) ပါကချွင်းချက်အနေဖြင့်လက်ခံနိုင်မည်ဟုဆိုသည်။ ဥပမာ- ကလေးသစ်မွေးဖွားခြင်း၊ နေရာဒေသပြောင်းခြင်း၊ အလုပ်အကိုင်ပြောင်းလဲခြင်း၊ စသည်တို့ဖြစ်သည်။

Obamacare

Coverage ဆိုသည်မှာ

 

ACA မှ အာမခံဝယ်ယူကြမည့်သူအားလုံးကိုနားလည်လွယ်၍ရှင်းလင်းမြင်သာသော စောင့်ရှောက်မှုရရှိမည့် စနစ်ကိုထူထောင်ရန် ကြပ်မတ်ပြဌာန်းထားသည်။

(၁) short, plain-language of summary of benefit and coverage (SBC) – တိုတုပ်ပြီးနားလည် ရလွယ်သော လွှမ်းခြုံကာကွယ်မှုကို လူတိုင်းသို့ပေးရန်တာဝန်ရှိသည်။

(၂) uniform glossary and  – မည်သည့်အာမခံတွင်မဆို ညီညာ၍တပြေးညီသော ဝေါဟာရ အဓိပ္ပါယ်သတ်မှတ်ချက်များကိုသာသုံးရမည်။

အောက်ပါလွှမ်းခြုံမှုများ (comprehensive package known as “Essential Health Benefits”) ရရှိရန်ဥပဒေက အာမခံကုမ္ပဏီတိုင်းကို ညွှန်ကြားထားသည် –

(၁) Ambulatory patient services – နေ့ချင်းကုသမှုများ

(၂) Emergency services -အရေးပေါ်ကုသမျှများ

(၃) Hospitalization – ဆေးရုံကုသမှုများ

(၄) Maternity and newborn care – ကိုဝန်ဆောင်မိခင်နှင် မွေးကင်းစကလေးစောင့်ရှောက်မှုများ

(၅) Mental health and substance use disorders –  စိတ်ရောဂါဝေဒနာ နှင့် မူးယစ်ဆေးစွဲကုသမှုများ

(၆) Behavioral treatment – အပြုအမူနှင့်ပါတ်သက်သောကုသမှုများ

(၇) Prescription drugs, rehabilitative and devices services -ဆေးဝါး၊ ကိရိယာအသုံးအဆောင် နှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာကုသမျှများ

(၈) Preventive and wellness services and chronic diseases management – ကြိုတင်ကာကွယ်ရေး နှင့်ရောဂါကာကွယ်ရေး ဆေးစစ်မှုများ၊ နာတာရှည်ရောဂါများပြုစုစောင့်ရှောက်ခြင်းများ

(၉) Pediatric services – ကလေးသူငယ်ကျန်းမာရေးစောင်ရှောက်မှုများ

(၁၀) Oral and vision care – ခံတွင်း နှင့် မျက်စေ့ကျန်းမာရေးစောင်ရှောက်မှုများ

 

 

အာမခံဈေးနှုန်းဖေါင်းပွရန်/ဈေးနှုန်းတက်ရန်ဖြစ်နိုင်ချေရှိမရှိ

 

ACA ၏အဓိကမောင်းနှင်အားကား မူလရောဂါရှိသူများကိုအာမခံငြင်းပယ်ခွင့်မရှိယုံမက၊ ထိုရောဂါအခံကြောင့်ဈေးနှုန်းမြှင့်တင်နိုင်ခွင့်မရှိတော့ခြင်းကား လူတိုင်းလက်ခံလာကြသော ပြဌာန်းချက်ဖြစ်လာပေပြီ။ နှစ်စဉ်အာမခံပရီမီယံကြေးနှုန်းထား( premium rates) မြင့်မားမှုကို စောင့်ကြည့်လေ့လာ ကြသောအစိုးရဌာနအဖွဲ့အစည်းများ၏အဆိုအရ၊ ဈေးတက်ခြင်းနှုးန်ကငွေကြေးဖေါင်းပွမှုနှုန်းထား(Consumer Price Index) အတိုင်းလိုက်နေကြောင်း ယေဘူယျသုံးသပ်ကြသည်။ ကာလီဖိုးနီးယားပြည်အတွင်း ငွေကြေးဖေါင်းပွမှုနှုန်း CPI (2.2%) ရှိချိန်တွင် premium rate ( 6.4%) သာတွေ့ရှိရသည်ဟုဆိုသည်။ နှစ်အလိုက် နိုင်ငံအဝှမ်းဆေးဝါးနှင့်ကုသစရိတ် နှစ်စဉ် ( ၃ – ၄%) သာရှိသော်လည်း၊ အကျိုးအမြတ်အတွက် အာမခံကုမ္ပဏီများက မြှင့်တင်မှုကများကြောင်း သုံးသပ်ထားသည်။ လုပ်ငန်းရှင်များကတဆင့်ပံ့ပိုးသော အာမခံစနစ်များတွင် ပေးသွင်းရသော ပရီမီယံနှုန်းကိုလျှောချပြီး အိပ်မှ စိုက်ထုတ်ပေးရသော deductible တိုးပေးသော insurance rebalancing စနစ်များတိုးလာဘွယ်တွေ့ရှိရသည်။ သို့သော် ACA ကနှုန်းထားတိုးမြှင့်မှုကို တားဆီးနိုင်သော ပြဌာန်းချက်အလျင်းမရှိချေ။ ယင်းနှုန်းမြှင့်တင်မှုကိုသက်ဆိုင်ရာပြည်နယ်အစိုးရလက်သို့အာဏာအပ်နှင်းထားသည်။ သို့သော် ယခင်က အာမခံလုံးဝမရှိခဲ့သူလူများစုကို အာမခံ exchange တွင်းဝင်ရောက်လာသည်နှင့်အမျှ ဈေးနှုန်းများတပြေးညီပြန့်သွားစေပြီး၊ နှုန်းထားမြင့်တက်လာစေမှုကိုထိမ်းကျောင်းသွားနိုင်မည်ဟု တွက်ချက်ကြသည်။ ACA ကလည်းပရီမီယံကြေး (၁) ဒေါ်လာတိုင်း တွင်လူနာအတွက် (၀.၈၅) ဒေါ်လာကို ဆေးဝါးကုသစရိတ်တွင်အသုံးပြုရန် ပြဌာန်းထားချက်လည်းပါဝင်သည်။

 

အလုပ်ရှင်ကပံ့ပိုးရသောအာမခံစနစ်လျော့နည်းဆိတ်သုဉ်းလာနိုင်ခြင်းရှိမရှိ

 

အလုပ်ရှင်များအနေဖြင့် မိမိအလုပ်သမားဝန်ထမ်းများအတွက်အာမခံစနစ်မထားခြင်းကြောင့် ကျခံရမည့်ဒါဏ်ကြေး နှင့် မိမိအလုပ်၏ဂုဏ်သိက္ခာကျဆင်းနိုင်မည့် လုပ်ရပ်ကိုတတ်နိုင်သမျှ ရှောင်ရှားကြလိုသော၊ စိတ်ဆန္ဒများရှိကြဆဲဖြစ်သည်ဟု ပညာရှင်များကလေ့လာသုံးသပ်ကြသည်။ အာမခံပံ့ပိုးခြင်းဖြင့်ရလာမည့်အခွင်ကင်းလွတ်ခွင့်က ဆွဲဆောင်မှုရှိဆဲဟုယူဆကြသည်။ (၂၀၁၄)တွင် အခွန်ကင်းလွတ်ခွင့်ကိုပေးသွင်းသောpremium စုစုပေါင်း၏(၅၀%) အထိခံစားခွင့်ရှိလာကြမည်ဖြစ်သည်။ သို့သော်လည်းကုမ္ပဏီကြီးထွားလာသည်နှင့်အမျှ၊ ယင်းခံစားခွင့်အချိုးကျ နည်းသွားမည်ဖြစ်သည်။ သို့သော် အလုပ်ရှင်အချို့က အာမခံပံ့ပိုးပေးရန်မလိုသော ယာယီနေ့စား၊ ရာသီလိုက်ခန့်ထားသော နည်းကိုအသုံးပြုလာကြဘွယ်ရှိနိုင်သည်။ စိတ်ဝင်စားဘွယ်အချက်တခုကား ယခုနှစ် ယခုအချိန်စီပွားရေးဦးမော့လာသည့်နောက်ပိုင်း အလုပ်ရှင်အများစုက၊ ဝန်ထမ်းအသစ်ခန့်ထားရေးကို အပြေးအလွှားမလုပ်ကြတော့ဘဲ၊ နည်းပညာပိုင်းဆိုင်ရာအဆင့်မြှင့်မှုများပိုမိုတိုးချဲ့လာကြသည်ကိုတွေ့ရသည်။ လူအစား၊ နည်းပညာကိုအားကိုးလာသော ခေတ်သို့ဦးတည်နေပြီဆိုသည့်အချက်ကိုတွေ့ရသည်။

 

အလုပ်ရှင်ကပံ့ပိုးရသောအာမခံစနစ် နှင့် အာမခံ exchange market ဘယ်ဟာရွေးသင့်သလဲ

 

(၂၀၁၄)မှစတင်၍ မိမိအလုပ်ရှင်ကပံ့ပိုးသော employer-sponsored coverage ကိုမကြိုက်နှစ်သက်ကြသူတွေ၊ exchange တွင်ဝယ်ယူခွင့်ရှိကြမည်ဖြစ်သည်။ သို့သော် သတိပြုရမည့်အချက်အချို့ကားရှိနေသည်။

(၁) နှစ်ပါတ်လည် premium ကြေးသည် မိမိ တစ်ဦးတည်းဝင်ငွေထက် (၉.၅%) ပိုများရမည်။ ဤနေရာတွင်သတိပြုရမည့်အချက်ကား၊ ဝထန်းဖြစ်သူတစ်ဦးတည်း၏ဝင်ငွေပေါ်မှမူတည်၍ ဤချွင်းချက်ကိုတွက်ချက်ထားခြင်းဖြစ်သောကြောင့်၊ ကျန်မိသားစုဝင်တစ်ဦးဦး၏ ကုန်ကျစရိတ်က (၉.၅%)ထက်များသော်ငြားလည်း  exchange market တွင်ဝယ်ယူခွင့်အကြုံးဝင်မည်မဟုတ်ဆိုသည့်အချက်။ အခွန်သက်သာခွင့်ရမည်မဟုတ်ဆိုသည့်အချက်ကိုပင်။

(၂) ပေးသွင်းရသောpremiumကြေး ၏(၆၀%)ကိုသာအာမခံကပေးဆောင်နိုင်ပြီး (၄၀%) ထက်မနည်းကိုဆေးကုသစရိတ်အတွက် မိမိအိပ်မှစိုက်ထုတ်ပေးရခြင်း။

နောက်တချက်ကား မိမိသုံးစွဲမည့် premium ကြေးအပေါ် အခွန်ကင်းလွတ်ခွင့်ကား၊ federal poverty guideline တွက်ချက်မှုအပေါ်မူတည်နေပြန်သည်။ မူအားဖြင့်ကား မိမိနှစ်သက်ရာကိုလျှောက်ခွင့်ရှိသော်လည်း၊ coverage ခံစားခွင် ့နှင့် အခွန်ကင်းလွတ်ခွင့်တို့ကား၊ ယင်းအချက်ပေါ်တွင်များစွာမူတည်နေပေသည်။

 

ဒါဏ်ကြေးသတ်မှတ်ချက်မည်သိုရှိမည်လဲ

 

ချွင်းချက်အနည်းငယ်မှအပ၊ အာမခံမရှိသူမားကို အခွန်ဒါဏ်ကြေးပေးဆောင်ကြရမည်ဟုဥပဒေက ဆိုထားသည့်အတိုင်း၊  (၂၀၁၅)အခွန်ဆောင်ချိန် တွင်တစ်ဦးချင်းအနေဖြင့် (၉၅ဒေါ်လာ) မှ (၂၀၁၇) တွင် (၆၉၅) ဒေါ်လာအထိတက်သွားဘွယ်ရှိမည်ဖြစ်သည်။ (၂၀၁၀) လူဦးရေစစ်တမ်းအရ တနိုင်ငံလုံးလူဦးရေ၏ (၅၅%) ကအလုပ်ရှင်မှပံ့ပိုးသောအာမခံစနစ်ရှိနေကြပြီး။ (၁၄-၁၇%) က Medicare/Medicaid မှခံစားနေကြကြောင်းတွေ့ရသည်။ အာမခံမထားသူ (၁၆%) ရှိကြောင်းတွေရသည်။

 

ဆရာဝန် နှင့်ဆေးရုံးများအနေဖြင့် ACA ၏အကျိုးအမြတ်ခံစားခွင့်ရလာနိုင်ကြမည်လား

 

(၂၀၁၅)မှစတင်၍ လူနာကြည့်ရှုမှုအရည်အသွေးကောင်းသော ဆေးရုံဆရာဝန်များ လစာအချိုးကျခံစားခွင့်မြှင့်တင်ရန် ဥပဒေကတိုက်တွန်းပြဌာန်းချက်များပါဝင်လာသည်မို့၊ ဆရာဝန် နှင့်ဆေးရုံများအတွက်သတင်းကောင်းတခုဟုဆိုနိုင်ပါသည်။ ထိုမျှသာမက ယခင်အာမခံမရျိခဲ့ဘူးသူသန်းပေါင်းများစွာတို့ ကိုလွှမ်းခြုံကုသပေးနိုင်မည်ဖြစ်သဖြင့် ဝင်ငွေများလာဘွယ်ရှိနေသည်ဟုတွက်ဆကြသည်။ Medicare စနစ်အောက်တွက်လုပ်ကိုင်ကြသောဆရာဝန်၊ဆေးရုံးများက integrated-services (တနေရာတည်းတွင်၊ တထိုင်တည်းနှင့်ရောဂါရှာဖွေမှုနှင့်ကုသမှု) ပြုလုပ်ပေးနိုင်လျင် တစုတပေါင်းတည်းစရိတ်ပေးခြေမှုစနစ် အတွက်သီးသန့်ချီးမြှင့်ငွေ(bundled payment incentives) ရရှိကြမည်ဖြစ်သည်။

 

Medicare နှင့် ACA

 

ACA သည်လက်ရှိ Medicare ခံစားနေရသူများ၏ခံစားခွင့်ကိုမလျှောချယုံ၊ မဖြတ်တောက်ယုံသာမက၊ မိမိအိတ်စိုက်ပေးနေကြရသော ဆေးဝါးအသုံးစရိတ် (prescription expenses) ကိုပါ နှစ်အလိုက်အချိုးကျလျော့နည်းသွားစေမည်ဖြစ်သည်။ (၂၀၁၂) ခုနှစ်တွင် စာရင်းဝင်တစ်ဦးကိုပျမ်းမျှ (၁၂ရ ဒေါ်လာ) ငွေပြန်အမ်းနိုင်ခဲ့သည်။ နှစ်ပါတ်လည်ကျန်းမာရေးဆေးစစ်ခြင်းနှင့်ရောဂါကာကွယ်ရေးအတွက် ပြုလုပ်ရသော colonoscopy/mammograms များပါသော “wellness visit” များကိုအခမဲ့ ခံစားခွင့်ရနေကြပြီဖြစ်သည်။ သို့သော်လည်း ဝင်ငွေများသူတို့က အထက်တွင်ဆိုခဲ့သည့် အတိုင်း ပရီမီယံကြေးများပိုသွင်းကြရတော့မည်ဖြစ်သည်။ Medicare Part A တခုတည်းရှိကြသူတွေအနေဖြင့် ACA ကိုလိုက်နာကြသူဟုယူဆသည်ဟု U.S. Medicare and Medicaid Services ကဆိုထားသည်။ ထို့အတွက်ဒါဏ်ကြောင်းဆောင်ရန်မလိုသင့်ဟုဆိုထားသည်။ သို့သော်ပြည်နယ်အများစုက ACA ကိုအဓိပါ္ပယ်ဖွင့်ဆိုရာတွင်၊ လူတိုင်း လွှမ်းခြုံသောအာမခံ (comprehensive care) ရှိရမည်ဟုဆိုထားသဖြင့် ပြည်နယ်များ၏လိုအပ်ချက်ကို လိုက်နာရန်လည်းလိုအပ်ပေသည်။

 

ဥပဒေမှကင်းလွတ်ခွင့်ရှိသူတွေ ဘယ်သူတွေလဲ

 

(၁) ဗဟိုအစိုးရမှအသိအမှတ်ပြုထားသော native Indians များ၊

(၂) အကျဉ်းကျခံရသူများ၊

(၃) နိုင်ငံအတွင်းဥပဒေမဲ့ရောက်ရှိနေသူများ၊

(၄) ဘာသူအယူဝါဒအရ ခံစားခွင့်ကိုငြင်းပါယ်ကြသူများအဖြစ်သက်သေထူနိုင်သူများ၊

(၅) ပရီမီယံကြေး ကမိမိဝင်ငွေ၏(၈%)ထက်ပိုမိုနေကြသူများ၊

(၆) မိမိဝင်ငွေနည်းပါးလွန်းသောကြောင့် အခွန်စီးကြပ်ခြင်းမှကင်းလွတ်ခွင့်ရနေကြသူများ၊

ဗဟိုးအစိုးရခန်းမှန်းချက်အရ (၂၀၁၆)လောက်တွင် အာမခံမဲ့သူ သန်း(၃၀)ခန့်ရှိနေမည်ဟုဆိုသည်။ ထိုအထဲမှ (၆) သန်းလောက်သာ အခွန်ဒါဏ်ကြေးပေးသွင်းကြဘွယ်ရှိသည်ဟုဆိုသည်။

 

အသက် (၂၆) အောက်လူငယ်များ အတွက်

 

ACA ၏အသီးအပွင့်ကို ကနဦးခံစားကြသူများထဲတွင် (၂၆)နှစ်အောက်လူငယ်များဖြစ်ကြသည်။ (၂၆)နှစ်အောက် ရှိနေသမျှ ကျောင်းတက်နေသည်ဖြစ်စေ (သို့) အိမ်ထောင်ကျပြီးသည်ဖြစ်စေ (သို့) မိဘနှင့်အတူမနေကြသည်ဖြစ်စေ၊ (သို့) မိမိဝင်ငွေနှင့်တရားဝင်ရပ်တည်နိုင်သည်ဖြစ်စေ၊ (သို့) မိမိလုပ်ကိုင်နေသောအလုပ်ရှင်က အာမခံစနစ်ရှိသည်ဖြစ်စေ၊ မိမိ မိဘအာမခံတွင်ဆက်လက်နေနိုင်ခွင့်ခံစားခွင်ရှိကြသလို၊ မိမိ မိဘ နှင့်အတူပူးပေါင်ခွင့်၊ ပြန်သွားခွင့်များရှိကြောင်း ဆိုထားသည်။

 

 

(ဤဆောင်းပါးဖြစ်မြောက်ရေးအတွက် Orange County Register, Los Angeles Times, AARP Newsletters, www.healthcare.gov တို့အပြင် community outreached groups များနှင့်တွေ့ဆုံဆွေးနွေးမေးမြန်းချက်များ ပေါ်အခြေခံ၍ စုစည်းတင်ပြထားပါသည်။ ဆောင်းပါးပါအချက်အလက်များ နှင့်ပါတ်သက်၍ အချိန်နှင့်တပြေးညီ ပြောင်းလဲ နိုင်မှုများရှိနိုင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။ ယင်းပြောင်းလဲဖြစ်ပေါ်မှုများကိုဆက်လက် ရေးသားရန်လည်းဆန္ဒရှိကြောင်းဖေါ်ပြအပ်ပါသည်။ ကျန်မာရေးသည် လူတစ်ဦး၊ မိသားစုတစုအတွက် အလွန်အရေးကြီးသော ဘဝအစိတ်အပိုင်းတခုဖြစ်သည်နှင့်အညီ ဤဥပဒေပြဌာန်းချက်၏သက်ဝင်လှုပ်ရှား လာမည့် အစီအစဉ်များကို အမေရိကတဝှမ်းနေထိုင်ကြသော မြန်မာတိုင်းရင်းသားတိုင်းသိထားရန် အလွန်အရေးပါကြောင်း နှိုးဆော်လိုက်ပါသည်။)

9 comments

  • kai

    September 6, 2013 at 2:32 pm

    လျှောက်လွှာတင်သွင်းခွင့်ကာလ

    (၂၀၁၃) အောက်တိုဘာ (၁) ရက်မှစ၍၊ (၂၀၁၄) မတ် (၃၁) အထိ မဖြစ်မနေလျှောက်ကြရန် တိုက်တွန်းထားသည်။ သို့သော် မိမိ (သို့) မိသားစုအတွင်း လက်ခံနိုင်လောက်သော အပြောင်းအလဲ (qualified life event change) ပါကချွင်းချက်အနေဖြင့်လက်ခံနိုင်မည်ဟုဆိုသည်။ ဥပမာ- ကလေးသစ်မွေးဖွားခြင်း၊ နေရာဒေသပြောင်းခြင်း၊ အလုပ်အကိုင်ပြောင်းလဲခြင်း၊ စသည်တို့ဖြစ်သည်။

    .. လျှောက်ထားကြရတော့မည့်.. အိုဘားမား၏ကျမ်းမာရေးစနစ်သစ်သည် … အမေရိကားပြည်တွင်နေကြသူမြန်မာ-အမေရိကန် ၃သိန်းမျှအတွက် အရေးကြီးပါသဖြင့်…. အသိမိတ်ဆွေရှိသူများကလည်း.. ဆက်လက်ဖြန့်ဝေပေးစေလိုပါကြောင်း…။

  • မင်းခန့်ကျော်

    September 9, 2013 at 10:44 am

    kaicare ကိုလည်​း လက်​ခံပါတယ်​ :mrgreen:

    • Ma Ma

      September 10, 2013 at 7:33 am

      မင်းခန့်ကျော်ကို ထောက်ခံပါတယ်။ :kwi:

  • uncle gyi

    September 12, 2013 at 10:37 pm

    မြန်မာမှာအရင်တုန်းကဖူလုံရေးစံနစ်ကဘယ်သူတွေဖူလုံသွားကြတယ်မသိ
    ဒါကြောင့်လည်းဘယ်သူမှစိတ်မဝင်စားကြ
    အခုတော့အစီအစဉ်သစ်တွေစတော့မယ်ကြားတာပဲကိုခိုင်ရေ
    ဘယ်ဆိုင်းတီးပြီးဘယ်အကနဲ့ထွက်လာမယ်တော့မသိ

    • kai

      September 12, 2013 at 11:20 pm

      အသိမမှားရင်.. မြန်မာပြည်ပုံစံက.. ယူအက်စ်အခုပုံစံကို.. အခြေအနေနဲ့ကိုက်အောင် ပြင်ယူထားတာလို့…
      ဂဇက်လိခ်.. :kwi:

    • Swal Taw Ywet

      September 13, 2013 at 2:16 pm

      Uncle Gyi ခင်ဗျာ၊
      လူသိပ်မသိပေမယ့် မန်းလေးက အလုပ်သမားဆေးရုံကြီးကတော့ တော်တော် တာဝန်ကျေပါတယ်။
      လူမှုဖူလုံရေးဝင်ထားသူတွေဆေးရုံတက်တာနဲ့ ကုသမှုဆိုင်ရာ အားလုံးနီးပါးတာဝန်ယူပါတယ်။
      နှလုံးခွဲစိတ်ဘို့ ငွေဆယ်သိန်းထောက် ပံ့ ခဲ့တာ သတင်းစာထဲမှာ ပါဘူးပါတယ်။
      ဆရာဝန်ကြီးတွေညွှန်းတဲ့ဆေး ဆေးရုံကမပေးနိုင်လို့ အပြင်ကဝယ်သုံးရရင် သက်ဆိုင်ရာမြို့နယ်ဖူလုံရေးရုံးတွေက ပြန်ထုတ်ပေးပါတယ်။
      တစ်ရက် အစားအစာ ၃ နပ် ကို ကောင်းကောင်းမွန်မွန် ညီညီမျှမျှ ကျွေးပါတယ်။
      ကျနော်တင်ထားခဲ့တဲ့ ရွာအလွမ်းပြေလှူခဲ့စဉ်က Post လေးမှာလည်းပြထားပါသေးတယ်။
      အောက်ခြေက ကုန်တင်ကုန်ချဝန်ထမ်းတွေအတွက်တော့ အိပ်မက်ပမာ ဖြစ်နေမှာပါ။
      အချိန်ရခဲ့ရင် ကျနော်သိသလောက်တင်ပေးပါဦးမယ်။
      ရွှင်လန်းချမ်းမြေ့ပါစေ။
      With respect,
      Swal Taw Ywet.

  • maungmoenyo

    September 13, 2013 at 10:42 am

    ဆောင်းပါးကို post လုပ်ပေးတဲ့ သူကြီးကိုကျေးဇူးကမ္ဘာပါ။
    သူကြီးပြောသလို မြန်မာက အမေရိကဆီကပုံတူူပုံရတယ်ဆိုတာတော့ ဖြစ်နိုင်လောက်မယ်မထင်ပါဘူး။ မြန်မာပြည်ရဲ့လက်ရှိ ကျန်းမာရေးစနစ် healthcare system ကျွမ်းကျင်ကြသူပညာတတ် ဌာနအကြီးအကဲ (၂) ဦး(၃)ဦးလောက်က အမေရိကရဲ့ ဇောက်ထိုးမိုးမျှော်ဖြစ်နေတဲ့ ကျန်းမာရေးစနစ်ကြီးကို ကောင်းကောင်းကြးီသိနေကြပါတယ်။ ပညာရပ်နဲ့ technological advancement ကိုတော့ အားကျကြပေမဲ့၊ ဒီကပုံတူကိုတော့ ကူးချမယ်မထင်ပါဘူး။
    ပြည်ပရောက်မြန်မာများမှာကြုံတွေ့နေရတဲ့ ဒုက္ခ (တနည်း) ဘဝရဲ့အရေးအကြီးဆုံးရှင်သန်ရပ်တည်ရေးအတွက် ဂရုမစိုက်တဲ့ ဒုက္ခ (၄) ခုရှိပါတယ် –
    (၁) နေစရာအိမ် တခုတည်တည်တန့်တန့်နေရအောင် ကြံရည်ဖန်ရည်ထုတ်ရန်ဝန်လေးခြင်း၊
    (၂) မြဲမြန်တဲ့အလုပ်အကိုင်တခုရှိရန် အဆက်အသွယ် (သို့) သူများကိုသာအားကိုးကြလိုခြင်း၊
    (၃) ကိုယ်မှာကျန်းမာရေးအာမခံရှိမရှိ မသိခြင်း၊ ရှိမှန်းသိရင်လဲ ဘယ်လိုအသုံးပြုရမယ်ဆိုတာ နားမလည်ခြင်း၊ နားလည်အောင်မကြိုးစားကြခြင်း၊
    (၄) Live responsibly ဆိုတဲ့ ကိုယ်တာဝန် ဝတ္တရားကိုနားမလည်ခြင်း၊ နားလည်အောင်အောင်မကြိုးစားခြင်း၊
    -ဆိုတဲ့ဒုက္ခတွေရှိပါတယ်။
    ဒီအထဲမှာ health insurance ဆိုတာကို အချိန်ပေးလေ့လာခြင်းမရှိခြင်းဟာလဲ ကိုယ့်ကိုယ်ကိုဒုက္ခအချိန်မရွေးရောက်စေနိုင်တဲ့ ကိစ္စကြီးတခုပါ။
    စိတ်မကောင်းစရာ ဆိုပေမဲ့ ငြင်းလို့မရတဲ့ အဖြစ်တွေပါ။
    လေးစားအပ်ပါသော Uncle Gyi အလင်းဆက်၊ မင်းခန့်ကျော်နဲ့ မမ တို့ခင်ဗျား – အချင်းချင်းတွေ “”ထောက်ခံ” ကြတာ တွေ့ရတော့ ထောက်ခံကြတာလေးတွေ ဘေးချိတ်ပြီး ဒီဆောင်းပါးကိုမျှဝေပေးဘို့ တောင်းပန်ပါရစေ။
    သိစေလိုတဲ့ကိစ္စတခုကတော့ ဒီဆောင်းပါးက ဘာသာပြန်မဟုတ်ပါဘူး။ မှတ်ချက်မှာပါတဲ့ကိုးကားစာရင်းပေါ်အခြေခံပြီး၊ State Exchange ကိုဆွေးနွေးထားတဲ့ အချက်အလက်တွေပေါ်မှာအခြေခံပါတယ်။
    Uncle Gyi ဆိုထားတဲ့ လူမှုဖူလုံရေးဥပဒေဟာ မြန်မာနိုင်ငံမှာ (၂၀၁၂)ဥိးပိုင်းလောက်မှာဥပဒေဖြစ်နေပါပြီ။ ဥပဒေကိုရေးသားခဲ့သူဟာ အာမခံစနစ်နဲ့ပါတ်သက်ပြီး ပါရဂူဘွဲ့ရထားသူတစ်ဥိးဖြစ်ယုံမက၊ ဒုတိယဝန်ကြးီတစ်ဥိးလဲတာဝန်ယူထားသူပါ။ ဒီဥပဒေကို လွှတ်တော်မှာ မေးသူမရှိ၊ ခြေသူမဲ့ နဲ့ (၂) ရက်ထဲနဲ့ ဥပဒေဖြစ်သွားတော့ အံ့ဩယုံမက စိုးရိမ်မိပါတယ်။ သိပ်ကောင်းတဲ့ဥပဒေမို့ ဖြစ်ပါစေလို့ဆုတောင်းပါတယ်…။

  • kai

    September 16, 2013 at 1:13 pm

    Eleven Media Group
    ပြည်သူများအတွက် မရှိမဖြစ် လိုအပ်သည့် ကျန်းမာရေး အာမခံကို ၂၀၁၅ မတိုင်မီ ဆောင်ရွက်မည်

    ပြည်သူများအတွက် မရှိမဖြစ် လိုအပ်သည့် ကျန်းမာရေး အာမခံ ပေါ်ပေါက်ရန်အတွက် ယခုအခါ စတင်လုပ်ဆောင်နေပြီဖြစ်ပြီး ၂၀၁၅ မတိုင်မီ အပြီးဆောင်ရွက်သွားရန် ရည်မှန်းထားကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ကျန်းမာရေး အာမခံနှင့် ပတ်သတ်သည့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

    ယင်းအာမခံ အမျိုးအစားသည် မြန်မာနိုင်ငံတွင် လုပ်ဆောင်ခြင်း မရှိသေးသည့် အာမခံ အမျိုးအစားဖြစ်ကာ လက်ရှိတွင် ကျန်းမာရေး အာမခံနှင့် ပတ်သက်သည့် မြွေအန္တရာယ် အာမခံ အမျိုးအစားသာ ရှိသေးကြောင်း ၎င်းကဆိုသည်။

    “ကျန်းမာရေး အာမခံ အမျိုးအစားကို လုပ်တဲ့အခါမှာ အမျိုးအစား အချက်အလက်တွေကို သုတေသန ပြုရမယ်။ အဲဒါကြောင့် အချက်အလက်တွေရဖို့ အခက်အခဲ အနည်းငယ် ရှိတယ်။ ပြီးတော့ မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ လူမှုစီးပွားရေး ယဉ်ကျေးမှုတွေကိုလည်း ထည့်သွင်းစဉ်းစားရမယ်။ ပြီးတော့ ဒီအာမခံက လူတိုင်းဝယ်နိုင်တဲ့ ပမာဏမျိုးဖြစ်အောင် စဉ်းစားရမယ်။ ဒီအာမခံ ပေါ်ပေါက်လာဖို့အတွက် စာတမ်းဖတ်ပွဲတွေ၊ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့အတွက်လည်း စီစဉ်ဆောင်ရွက် နေပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

    ကျန်းမာရေး အာမခံ ပေါ်ပေါက်လာရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာန၊ ပုဂ္ဂလိက အာမခံ ကုမ္ပဏီများ၊ ဆေးရုံ၊ ဆေးခန်း စသည်တို့နှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကာ ၂၀၁၅ အမီ ပေါ်ပေါက်လာစေရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

    “လူလတ်တန်းစားတွေအတွက် ကျန်းမာရေးနဲ့ အသက်အာမခံက ဈေးကွက်ဖွံ့ဖြိုးဖို့ အဓိကကျတဲ့ အာမခံနှစ်ခုပါ။ အဲဒါက အရင်ဖွံ့ဖြိုးလာရင် ကျန်တဲ့အာမခံ ဈေးကွက်ကပါ ပိုရင့်ကျက်လာမှာ ဖြစ်ပါတယ်” ဟု ဟောင်ကောင်အခြေစိုက် Manulife အသက်အာမခံ ကုမ္ပဏီ၏ senior vice president & regional executive Mr. Indren Naidoo က ပြောကြားသည်။

    မြန်မာနိုင်ငံတွင် ကျန်းမာရေး အာမခံနှင့် ပတ်သက်၍ မြွေအန္တရာယ် အာမခံ အမျိုးအစားကိုသာ ရောင်းချပေးလျက်ရှိပြီး မြွေကိုက်၍ သေဆုံးပါက လျော်ကြေးငါးသိန်းကျပ် ပေးလျော်ကြောင်း သိရသည်။

    မြွေအန္တရာယ် အာမခံထားရှိမှုမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ထားရှိသူဦးရေ ၂၂၀၀၀ဝ ကျော်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၂၃၀၀၀ဝ ကျော်ရှိခဲ့ကြောင်း မြန်မာ့အာမခံ လုပ်ငန်း၏ နှစ်ချုပ်စာရင်းမှ သိရသည်။

Leave a Reply