“ချစ်ရင်ထားပါ ပဓာဏမို့´´
“ချစ်ရင်ထားပါ ပဓာဏမို့´´
တူနှစ်ကိုယ်တဲအိုပျက်မှာ နေရနေရ
ရွှေဘုံပေါ်မှာ စံရစံရ
ချစ်သာချစ်သာ ပဓာဏလို့
ဆိုချင်ပါတယ်မောင်ရယ်……….။
ကြားခဲ့ဖူးတယ် သီချင်းကွယ်
တကယ်တွေးကြည့် ရှေးကဖြစ်နိုင်၏
အဲဒီခေတ်အခါ တစ်ယောက်လုပ်စာ
ထိုင်ကာစားပြီး ပိုလျှံစုလို့
အလှုလည်းပေး၊
တန်ဖိုးရှိသလေ မြန်မာပိုက်ဆံတွေ
ငွေတစ်ကျပ်နဲ့ တစ်ဒေါ်လာ
ဇတူလဲလို့ ရတယ်ဗျာ
မောင်ကောင်းစံလင်း ငွေမှာအတိအလင်း။
အခုများတော့ ပြောင်းလဲခဲ့တယ်
မြန်မာရယ်၊
တစ်ဒေါ်လာကို လဲရကျပ်မှာ
တစ်ထောင်နီးပါးမို့
အိမ်ရှိလူကုန် အလုပ်လုပ်ရသကိုး
ဒါတောင်စုဖို့ခပ်ဝေးဝေး
အလှုဆိုရင် ကန်တော့ဆွမ်းပါမနှေး
ပြောရချည်သေး။
ဒီလိုခေတ်အခါ ပြောရမည်မှာ
တူနှစ်ကိုယ် ကွန်ဒိုလေးမှာနေရနေရ
အိမ်ခြံကြီးမှာ စံရစံရ
ချစ်ရင်ထားပါ ပဓာဏမို့
ဆိုချင်ပါတယ် မောင်ရယ်…………….။
ခင်ခ။
12 comments
KZ
September 9, 2013 at 10:19 am
အဲလို “ဆို” မိရင်တော့ ဘယ်သူမှ ယူချင်မှာဟုတ်တော့ဘူးးး
ဟိ။
အမျိုးကောင်းသားများကလည်း ဒိုးတူပေါင်ဖက် မှ မဟုတ်ရင် မစဉ်းစားချင်တဲ့ ခေတ်။
:kwi:
ခင် ခ
September 9, 2013 at 10:28 am
ခေတ်အခြေအရ ငွေတန်ဖိုးတွေ ကွာဟလာမှုကို ဖော်ညွှန်းကြည့်တာပါ KZ ရေ။
ဦးကျောက်ခဲ
September 9, 2013 at 10:27 am
တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ…. ဆိုတာ စိတ်ကူးယဉ်ပါ ဆရာခရယ်…
ထမင်းရည်ပူ အတူလျက်ကြည့်ပါလား… ထတောင်သတ်ကြဦးမယ်…
ဘာတဲ့… အခုခေတ်က “အလိမ္မာ၊ အိမ်ပါ၊ တိုက်ပါ၊ ကားပါ၊ ခြံပါ…” တဲ့
ဟီ ဟိ… မောင်ကျောက်စ် ပြောတာမဟုတ်ဘူး၊ သူများပြောတာ ကြားဖူးတာ…
😀
ခင် ခ
September 9, 2013 at 10:33 am
“တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ…. ဆိုတာ စိတ်ကူးယဉ်ပါ ဆရာခရယ်…´´ လို့ ရမ်းမဆိုနဲ့အုံး ကိုကျောက်ရေ အပေါ်က မန့်ချက် ဆရာမကတော့ ဒိုးတူပေါင်းဖက် ချစ်သက်ရှည်ရှည် တဲ့နော်။
ခင် ခ
September 9, 2013 at 10:42 am
ကြားဖြတ်သတင်း
မနေ့က(စက်တင်ဘာလ ၈ ရက်) နေ့အထိ ခင်ခပိုမိုရှင်းအတွက် ရေတွက်ပြီးမှတ်တမ်းအရ
စက်တင်ဘာလ ၃ ရက် ပိုစ့်များထဲမှ
ကျောက်နဲ့ စကားစမြည် – KZ ( ၁၁ ) ခု တွေ့ရှိ။
ကေဇီရဲ့ ဆယ်လစ်ဗျစ်တီ အလွဲများ- KZ (၃) ခုတွေ့ရှိ။
ဆယ်ကျော်သက် feeling – Conny Kim (၄) ခုတွေ့ရှိ။
တောနက်တွင်းက မိန်းမလှများ ( ဇတ်သိမ်း) – YE YINT HLAING (၁၂ ) ခုတွေ့ရှိ။
စက်တင်ဘာလ ၄ ရက် ပိုစ့်များထဲမှ –
ချစ်ချစ်ချစ်- အပိုင်း (၁)- အခန်း-၄- မင်းခန့်ကျော် – (၁) ခုတွေ့ရှိ။
မိုက်တဲ့ကောင် နီလိုက်ကွာ- Myo Thant – (၁) ခုတွေ့ရှိ။
ပြောကို မပြောချင်ဘူးးးးးး- အလင်းဆက် (၈) ခုတွေ့ရှိ
မွန်းကျပ်နေတဲ့ မြို့”- Hnin Thae Phyu (၂) ခုတွေ့ရှိ။
စက်တင်ဘာလ ၅ ရက် ပိုစ့်များထဲမှ
မခေါ်ရက်တာပါ …. . ပျော်လျက်ရှိတယ် မထင်နဲ့ – အလင်းဆက် (၅)ခုတွေ့ရှိ။
နီနည်းလေးမစကြပါခင်ဗျာ- မင်းခန့်ကျော် (၃)ခုတွေ့ရှိ။
သူမ တစ်ယောက် ၏ အကြောင်း- မနှင်းဖြူ မှန်မှန်ပြော (၂)ခုတွေ့ရှိ။
သူတို့ ကမ္ဘာကို လွှမ်းကြလေပြီ…။- black chaw (၁)ခုတွေ့ရှိ။
ဆားပုလင်း မမနှင်း နှင့် ပရော်ဖက်ဆာဒေါက်တာ ကျောက်ခဲ – အဘ ဖားသက်ပြင်း (၅)ခုတွေ့ရှိ။
၂၀၁၃၀၉၀၅ – အဘ ဖားသက်ပြင်း (၁)ခုတွေ့ရှိ။
စက်တင်ဘာလ ၆ ရက် ပိုစ့်များထဲမှ
ငါ့ရဲ့ ခရီးလမ်း – မနှင်းဖြူ မှန်မှန်ပြော (၄)ခုတွေ့ရှိ
အချစ်-ရှုံးနှိမ့်ခြင်း – Conny Kim (၂)ခုတွေ့ရှိ
ချစ်သူ့အတွက် အိတ်ဖွင့်ပေးစာ- Conny Kim (၁)ခုတွေ့ရှိ
၁၂ ရာသီဖွား အကျင့်စရိုက်လေးများ အပိုင်း (၃) – KZ (၆)ခုတွေ့ရှိ
လွမ်းတဲ့ ရွာ – Myo Thant (၄)ခုတွေ့ရှိ
KZ
September 9, 2013 at 10:55 am
ဟယ်။
တူညားကို ဘယ်လောက် လူချစ်တုန်း အဲဒါသာကြည့်တော့။
😀
Wow
September 9, 2013 at 12:28 pm
ငွေမက်ပါဝူးမောင်ရယ် ဘရန်းလေးသာပေါ်တိုင်းဆင်နော်
ခင် ခ
September 9, 2013 at 4:06 pm
ညာညာသာသာလေး ပူဆာတတ်တဲ့ Wow ပါဘဲကွယ်။
Mr. MarGa
September 9, 2013 at 3:53 pm
ဖောင်းပွ ခြင်း
ဖောင်းပွ ခြင်း
အခု ခေတ်သစ်မှာ
တူနှစ်ကိုယ် တဲအိုပျက်မှာပဲ နေရနေရ လို့ ပြောရင်တောင်မှ
တဲအိုပျက်အတွက် မြေမရှိလို့ မပေါင်းရကိန်း မြင်တယ်ဗျ
ခင် ခ
September 9, 2013 at 4:08 pm
ဒါကြောင့် ကွန်ဒိုတိုက်ခန်းလေး ပူဆာပါတယ်ဆိုမှ ……………..
မဟာရာဇာ အံစာတုံး
September 10, 2013 at 1:36 am
ဟိတ်လူဂျီးးးး
ခညားဟာ ဖတ်ပီး .. အဲ .. အဲ .. ခညားစာ ဖတ်ပီး ပေါဒါ …
ကျုပ် ဟိုသချင်း ဒဒိရလိုက်မိတယ် …
ဘာဒဲ့ ….
ဟန်ထူးလွင် ဆိုထားဒဲ့ မင်ဂါဆောင် ကို ရွှေ့လိုက်တော့ ဆိုဒဲ့ သချင်းလေဂျာ …
အတွေးထဲမှာတော့ မီလျှံနာကြီးဘဲ … ဟိုနား ဒီနားကို သွားရင် မာစီဒီးနဲ့ …
အင်းလျားမြိုင်ထဲမှာ ခြံအကျယ်ကြီးရယ် …. တူနှယ်နှယ် …
အိုက်ဒီ သချင်းကို ပေါဒါ …

အလင်းဆက်
September 10, 2013 at 4:43 pm
အော်
ခေတ်
ခေတ်
ခေတ်ကို စနစ်က ပြထန်းသလား
စနစ်ကို ခေတ်က ပြထန်းသလား
အဟိ
🙂