အမည် မရှိ
မနက်ဖြန် အတွက် . . .
မနေ့က တည်ဆောက်ထားသမျှ ပြိုကျပျက်စီးသွားခဲ့ပြီပဲ။
အားယူ ပြန် ထဖို ့တောင် . . . . ခြေထောက်တွေ အားအင်တွေ
ပျောက်ရှ ထားပြီးပြီ ။
ဘယ်လို လုပ်မလဲ ။
အသက်ရှူဖို ့တောင် လေ ရှာ မတွေ ့ဘူး။
အသက်ရှင်ဖို ့တောင် အချိန်ကာလ မဲ့နေပြီ။
ဘယ်လိုလုပ်မလဲ ။
သူတို ့ပြောတဲ့ ကံတရားဆိုတာက ငါ့အတွက် ဆူးချွန်တွေ သိပ်များနေတယ် ။
ဘယ်လို ရှေ့ဆက်ရမလဲ ။ စကားတွေပြောချင်ပေမယ့် ပြောသမျှတွေက စကားမဖြစ်တော့ဘူး။
အလံတလူလူလွှင့်ထားပါလျက်နဲ့တောင် ဒူးထောက်ခိုင်းချင်သေးသလားကွယ်။
သိပ် မများလွန်းဘူးလား။
မာယာတွေ ။
ဒီ လောက မှာ အများဆုံးရှိနေတဲ့အရာက ဘာတွေ ပါလိမ့် !!!
ယင်ကောင်တွေလား။
ပုရွက်ဆိတ်တွေလား။
ရေတွေလား ။
သစ်ရွက်တွေ လား ။
နာမည်တွေလား။
အနံ ့တွေလား ။ လေတွေလား။ မျှော်လင့်ချက်တွေလား ။ အိပ်မက်တွေလား။ အတွေးအခေါ်ဝါဒတွေလား။
ဘာပဲ ဖြစ်ဖြစ် . . .
အဲဒါတွေက. . .
ငါ့အတွက် ဘာမှ အသုံးမကျတော့ဘူး။
လူသားတစ်ယောက်အနေနဲ ့ ရပ်တည်နေရသူတွေထဲမှာ . . .
ငါက မျှော်လင့်ချက်မပါတဲ့လူ။
အိပ်မက်မပါတဲ့လူ။
ရည်ရွယ်ချက် မပါတဲ့လူ။
ကုန်ကုန်ပြောရရင် . . .
နာမည်တောင် မပါတဲ့လူ ။
ဘာလုပ်ရဦးမလဲ ။
မေးခွန်းတွေတိုင်းက
ငါ့ကို စိတ်ဓါတ် ထပ်ကျစေတယ်။
ဘာလုပ်ရဦးမလဲ။
ငါ့အဖြေတွေတိုင်းက
မင်းကို စိတ်ပျက်စေလိမ့်မယ် ။
ငါ့အတွက် မဟုတ်တဲ့ ဟင်းတစ်ခွက် ကို မှ ငါက နှိုက်စားမိသူ ။
ငါ့အတွက် စားစရာမှ မရှိတော့တာ။
ငါကိုးကွယ်ဖို့ ့လူရိုသေရှင်ရိုသေ
ဘာမှ မှ မရှိတော့တာ ။
ငါက အတ္တ ကို အကျီ င်္ချုပ် ဝတ်မထားဘူး။
ငါက မာယာကို လွယ်အိတ်ထဲ ထည့်မထားဘူး ။
ငါက ရယ်သံနဲ့ ့သူငယ်ချင်း
ဖွဲ ့မထားနိုင်ဘူး ။
ငါက မျှော်လင့်ချက်ဆိုတဲ့ လမ်းပေါ်မှာ လမ်းမလျှောက်တတ်ဘူး။
ငါက . . .
အရင်တုန်းက ငါတောင် ဟုတ်မနေတော့ဘူး ။
ငါ့ကို တချို ့ကပြောတယ် ။
နားလည်ရ ခက်တယ်တဲ ့။
ငါ့လောက်လွယ်တာ ငါပဲ ရှိတာကို
သူတို ့မသိတာ ခက်လိုက်တာ ။
တချို ့ကတော ့ငါက ဘယ်လိုယောကျာ်းလဲကွယ် . . . . တဲ့။
ငါက ဒီလို ယောကျာ်းပေါ့ လို့ ့ပြန်မပြောတော့ပါဘူး။
ငါ့ကိုယ်ငါ
ဘယ်လို ယောကျာ်းမှန်းသိနေရင်
ပြီးတာပဲ ။
ဟိုတလောက နှုတ်ခမ်း နဲ ့အနမ်းကို
ဒီနေ ့ထိ မေ့မရသေးတဲ့ အကြောင်း ငါပြောချင်လိုက်တာကွာ ။
ဒါပေမယ့် အဲဒီ အကြောင်း
ပြောပြဖို ့စကားလုံး မရှိ / ဒီဘာသာစကားက အသုံးမကျ ။
ဒီဘာသာစကားကို စွန် ့ပယ်ပြီး
ငါ ဝတ္ထုတွေ ကဗျာတွေ ရေးဖူးတယ် ။
ဘယ်သူ ့ကိုမှ မပြရဲလို ့
တိတ်တိတ်ကလေး သိမ်းထားတယ် ။
ငါ ဆွဲထားတဲ့
ပန်းချီကားလေးတစ်ချပ်ရဲ ့နာမည်က ရှုံးနိမ့်ခြင်း တဲ့ ။
အနီရောင် သစ်ပင်တစ်ပင်
ပြိုလဲလုလု ပုံ ပေါ့။
ဒါပေမယ့် ရုတ်တရက်ကြည့်ရင် ဘာသစ်ပင်ကို်မှ မမြင်ရလောက်ဘူး။
ဘာ အနီရောင်ကို မှ မတွေ ့ရလောက်ဘူး။
အသံကို ကြားပြီး ခံစားကြည့်မှ အနီရောင်သစ်ပင်ကြီး ပြိုလဲလုလု ဖြစ်နေတာကို သိနိုင်မှာ ။
ငါ ပြောသားပဲ ။ ဘယ်သူ ့ကိုမှ မပြရဲပါဘူးဆို ။
တခါတခါကျတော့လည်း
ငါ အသံမဲ့ ငိုကြွေးနေတာကို တစ်ယောက်ယောက် မိသွားတတ်တယ်။
ငါ ငိုကြွေးနေတာ အသံမပါတော့
ဘာတွေ တွေးပြီးကြည်နူးနေတာလဲ လို့ ့အမေးခံရပါလေရော ။
ဒီလိုပါပဲ ဟိုလိုပါပဲ အင်း အဲ နဲ့
ငါ့ကြေကွဲမှု လေး. . .
ဖြစ်တည်မှု ပျောက်ဆုံး သွားတာပေါ့။
စိတ်ရှိလက်ရှိသာ ငိုကြွေးပစ်လိုက်ရ ရင် နောက်ထပ် ပင်လယ်တစ်ခု ပေါ်လာမလားပဲ ။
အဲဒီအခါ ကျရင်လည်း . . .
ငါ့မျက်ရည် ပင်လယ် ကမ်းစပ်မှာ အပျော်တွေနဲ့ အပန်းဖြေဖို့ ့
သူတို ့လာဦးမှာ ။
စိတ်ညစ်တယ်ကွာ ။
မိုးတွေက ဗျစ်တောက်ဗျစ်တောက် ရွာလွန်းတယ် ။
မိုးခါးကြီးရေ မရွာသေးဘူးလား။
အများမသောက်ဘူးဆိုတဲ့အချိန်မှာ ငါသောက်ချင်လို ့။
===================
အလင်းဆက်
13 . 9 .2013 .
19 comments
မနှင်းဖြူ မှန်မှန်ပြော
September 13, 2013 at 1:22 pm
ငါ ငိုကြွေးနေတာ အသံမပါတော့
ဘာတွေ တွေးပြီးကြည်နူးနေတာလဲ လို့ ့အမေးခံရပါလေရော ။
alinsett
September 13, 2013 at 2:39 pm
မနှင်းဖြူရေ
ဖတ်ရှု ခံစားပေးသွားတဲ့အတွက် ကျေးဇူးပါ။
မနှင်းဖြူရေ
အဲဒိလို မျိုး
အသံမပါတော့ ငိုနေမှန်းမသိတဲ့ လူတွေက
ကြည်နူးနေတယ်ထင်ပြီး လာမေးတတ်ကြတယ်
အမေးခံရတယ်
sorrow weaver
September 13, 2013 at 1:59 pm
” ဘယ်လိုလုပ်မလဲ ။သူတို ့ပြောတဲ့ ကံတရားဆိုတာက ငါ့အတွက် ဆူးချွန်တွေ သိပ်များနေတယ် ” အဲ့ရာလေး က …ကဗျာတစ်ပုဒ်လုံးကို ဆွဲမထားသလိုပဲ .
alinsett
September 13, 2013 at 2:42 pm
ခံစား အားပေးသွားတဲ့အတွက်
ကျေးဇူးပါနော်
ရင်တွင်းဖြစ်တွေလေ
:kwi:
au kyein
September 13, 2013 at 4:28 pm
ရင်တွင်းဖြစ်တွေ တစ်မတ်ဖိုးလောက်ပြန်မျှပါလား…ဖတ်ရတာစိတ်မချမ်းသာလို့
မြန်မြန်ကုန်သွားအောင်အားပေးမလို့ပါ ။
alinsett
September 13, 2013 at 4:40 pm
ချစ်သော ဦးကြိုမ်ရေ
မျှဝေ ခံစားဖို ့
တစ်မတ်ဖိုး လောက်ပဲ ဖြစ်ဖြစ် အားပေးဖော်ရတာ ကျေးဇူးတင်ပါအိ
🙂
thaw dar
September 14, 2013 at 7:09 pm
ငါက အတ္တ ကို အကျီ င်္ချုပ် ဝတ်မထားဘူး။
ငါက မာယာကို လွယ်အိတ်ထဲ ထည့်မထားဘူး ။
ငါက ရယ်သံနဲ့ ့သူငယ်ချင်း
ဖွဲ ့မထားနိုင်ဘူး ။
အလက်ဆင်းရေ လူ့ဘဝဆိုတာ အနိမ့်အမြင့် အတက်အကျတွေနဲ့ ပြည့်နှက်နေတဲ့ ခရီးလမ်းရှည်ကြီးတစ်ခုပေါ့။ ရိုးသားတဲ့သူ.. မာယာမများတဲ့သူတွေကလည်း တခါတရံ ရှုံးနိမ့်တတ်ပါတယ်။
အလက်ဆင်းရဲ့ စာအရေးအသားလေးတွေကို သဘောကျပါတယ်။ mandalay gazette ရွာသူ ရွာသားအားလုံးကိုလည်း အရမ်းခင်မင်မိပါတယ်။
အလင်းဆက်
September 14, 2013 at 7:30 pm
သားသားကို ..အလက်ဆင်း…လို ့… ချစ်ခင်ရင်းနှီးစွာနဲ ့…
နာမည် ပြောင်းပြန်ခေါ်ပြီး.. ကွန်မန့်ပေးပြီဆိုကတည်းက..
ဒီ ရွာမှာ.. အားလုံးနဲ့ ချစ်ခင်စည်းလုံးစွာ ပျော်ဝင်နိုင်မယ့်သူဆိုတာ.ရိပ်မိပြီဗျို ့…။
:kwi:
ကျွန်တော့် စာအရေးအသားတွေကို.. သဘောကျပြီး..ဖတ်ရှု ခံစားပေးတဲ့အတွက်..
ကျေးဇူးအများကြီးတင်ပါတယ်နော်..။
ဆိုတဲ့ ..အားပေးစကားလေးကြောင့်…..
ကျနေတဲ့ စိတ်ဓါတ်ကလေး.. အားပြန်တင်းလိုက်နိုင်တယ်…။
ကျေးဇူးပါ… သော်တာရေ….
thaw dar
September 14, 2013 at 8:46 pm
ရွာထဲက စာတွေကို ဖတ်ပြီး ရွာသူ ရွာသားတွေရဲ့ နာမည်ပြောင်တွေကို အလွတ်ရနေတာပါ။ 🙂
စာတွေ မရေးဖြစ်ပေမဲ့ ရွာကို နေ့တိုင်း ဖြတ်လျှောက်နေတယ် ဆိုပါတော့လေ..။
အခုကတော့ comment တွေ ပဲပေးဖြစ်အုံးမှာပါ။ စာရေးဖို့ကတော့ ကြိုးစားနေတုန်းပါလေ..။
အလက်ဆင်းပြောသလို ရွာမှာ ချစ်ခင်စည်းလုံးစွာ ပျော်ဝင်နိုင်မဲ့သူ ဖြစ်ချင်ပါတယ်။
thaw dar
September 14, 2013 at 7:11 pm
အခုအချိန်မှာတော့ စာဖတ်သူပဲပေါ့။
post တင်နိုင်အောင် ကြိုးစားသွားပါ့မယ်။
အလင်းဆက်
September 14, 2013 at 7:34 pm
Post လေးတွေ.. တက်လာမှာကို မျှော်နေတယ်နော်..။
မောင် ပေ
September 14, 2013 at 7:58 pm
အမည်မရှိ
မညှီငပိ
ပလီအစိ
အလင်းဆက်
September 14, 2013 at 8:15 pm
အဟီး
အဲဒီ ကာရန်တွေနောက်ကို …
ကျွန်တော်….
သိပ်မလိုက်နိုင်တော့တာပါ….လေးပေရယ်…
:kwi:
TNA
September 14, 2013 at 10:07 pm
ညီးမယ်အမည်ချိဘာဒယ် ဒညင်းဝက်ရယ်။
အလင်းဆက်
September 15, 2013 at 7:56 am
အမငီးးး
အဲဒီ . .
နံနံစော်စော်
နှစ်ခြမ်းကွဲ ကြီးကိုပဲပြေးမြင်စေတဲ့
ဒညင်းဝက် ဆိုတာကြီးးးးခေါ်နဲ့
ခေါ်ရင် နိုမှာပဲ ။ ချစ်တုဝေလေးကို ဖက်ပြီးးးး
အဟိအဟိ
🙂
kai
September 15, 2013 at 3:16 pm
မြင်းခွာတချက်ပေါက်..
မီးဟုန်းဟုန်းတောက်တဲ့ကဗျာမျိုးလေး.. လွမ်းမိ…
ထိချည်းနေတဲ့ ငါ-သူ့ဘဝ
တရိရိ အိ၍မကျခင်
တိကနဲ့ဖြတ်ပိုင်းတဲ့ ကလောင်ကိုင်လက်
ဆာမူရိုင်းစိတ်ဓါတ်နဲ့
နင်းဂျားအလွမ်းကို ပိုင်းချ
ဘူရှိဒို အဓိပတိတင်
အော်-အင်း
ခွမ်းကနဲ့အပေါက်.. ဟုန်းကနဲ့ထတောက်တဲ့
မီးတောက်ကလေးသာလွမ်းမိ…။ ။
အလင်းဆက်
September 15, 2013 at 5:12 pm
သိုင်းကျမ်းလျှို ့ဝှက် လမ်းညွှန်များလားသဂျီးရယ်
🙂
ချစ်လို ့ ့စတာပါ။
စာသား အလန်းတွေကို
ရွှမ်းရွှမ်းဝေအောင် ဖတ်လိုက်တယ်
🙂
ခင် ခ
September 15, 2013 at 6:02 pm
မိုးခါးကြီးရွာလို့ အများမသောက်ပေမယ့် မောင်ရင်သောက်မယ်ဆိုကထဲက သိလိုက်ပြီ မောင်ရင်က တစ်ယောက်တည်းသမား သိုမဟုတ် တစ်ကိုယ်တည်းနေနေသူ
အလင်းဆက်
September 15, 2013 at 7:39 pm
တစ်ယောက်တည်းနေတတ်တာတော့.. အမှန်ပါပဲ.. လေးခရေ.. ။
မိသားစုနဲ့အတူနေပေမယ့်.. သိးသန့်ဆန်ဆန်နေတတ်ပြီး..
အပေါင်းအသင်းလည်း..နည်း..
အပေါင်းအသင်းလည်း.မတတ်…
စကားအပြောအဆိုလည်း.. မတတ်..
လူတောလည်း.မတိုး…
အဲဒလိုဖြစ်နေတာ…။
တကယ် ။
တစ်ခါတစ်ခါမှာတော့..
လောက ဒဏ်ရာတွေကို.. . တကယ်တည်း ကြိတ်ခံစားရင်းနဲ ့…
ရင်ဖွင့်တိုင်ပင်ထော်တောင် ရှာမရပဲ.. ထွက်ပေါက်တွေပိတ်..
ရူးချင်ချင် ဖြစ်လာတဲ့အထိပဲ…။
😥