အိပ်မက်
တစ်လောကလုံးသည်….မီးဟုန်းဟုန်းတောက်လျှက်…ဖုန်းဆိုးတောအသွင်…..ပျားပန်းခတ်မျှလှုပ်ရှားခဲ့သော…မြို့တော်ကြီးများမှာ..
.ကျီးနှင့်ဖုတ်ဖုတ်….အချိန်က..အမှောင်ခောတ်…..မကောင်းဆိုးရွား…ဖုတ်ကောင်များကြီးစိုးရာ…အချိန်ကာလ….
.လူသားမျိုးနွယ်တို့ရှင်သန်ရပ်တည်ရေးအတွက်….မေးခွန်းထုတ်ခံနေရသည့်အချိန်…
လောက၏တစ်ဖက်ခြမ်းတွင်ကား…လူသားမျိုးနွယ်၏ နောက်ဆုံးခံတပ်…
အေးချမ်းတည်ငြိမ်နေသေးသော…..အင်အားတောင့်တင်းလှသော…..ပြင်ဦးလက်နက်အင်ပါယာကြီး…
” အူဝဲ ”..ကလေးတစ်ယောက်၏ စွဲမက်ဖွယ်…ခန့်ညားသော…ငိုသံ…
ပြင်ဦးဧကရာဇ်နိုင်ငံတော်၏ ဥလျှောင်…ဘုရင်မင်းမြတ်၏ နန်းမွေခံ …အိမ်ရှေ့စံမင်းသားလေး..မွေးဖွားလာခြင်း…..
အနှီ…မင်းသားငယ်လေးမှာ…မွေးရာပါ..ခန့်ညားတည်ကြည်ခြင်းရှိသည့်အပြင်….ပွတ်သစ်စရွှေကဲ့သို့…ဝင်းမွတ်သောအသားအရောင်ဖြင့်..
လူမက..နတ်မကျ…ချောမောခန့်ညားလေသည်…
အပျိုတော်..ရံရွှေတော်…စီနီယာ…ဂျူနီယာများအပြင်..မိဖုရားငယ်များပင်..မနေနိုင်မထိုင်နိုင်ဖြစ်ကာ…ပုခက်အတွင်းမှ..
မင်းသားငယ်လေးအား..” ချစ်စရာလေး..ဟယ်.. ”ဟု ပြောဆိုပြီး…..အာဘွားရှလူးကျသဖြင့်…..ခမည်းတော်..ဘုရင်မင်းမြတ်ပင်..
မနာလိုတိုရှည်ဖြစ်ကာ…..ပလာယာဖြင့်ဆွဲနှုတ်မည်ပြုသည်ကို….မိခင်မိဖုရားခေါင်ကြီး..ငိုယိုတားမြစ်သဖြင့်သာ….ယခုကဲ့သို..
လူတဥ..သူတဥ…ဖြစ်နေသည်…ထိုမျှလောက် …ချောမောခန့်ညားသည်….
ထို့ကြောင့်..အရွယ်ရောက်လာသည့်အခါတွင်…အရပ်ရပ်နေပြည်တော်…ကျော်ချင်တိုင်းကျော်ပြီး…ပြင်ဦးအိမ်ရှေ့စံ..ပါခန့်စော်ကြည် မင်းသားလေးဆိုလျှင်……အရွယ်ရောက်ပြီး…မိန်းကလေးထု၏ အိပ်မက်အရှင်သခင်..စော်အလန်းတသန်း၏.မျှော်လင့်ရာအဖြစ်…နာမည်ကျော်ခဲ့လေသည်…
မင်းသားလေးမှာ…အဆင်းတွင်ပြိုင်ဘက်ကင်းသလောက်…အချင်းတွင်လည်း…စစ်တပ်ဆိုင်ရာ.မန်းနေ့ဂျ်မန့်….အက်မင်နစ်စတေးရှင်း..
..စတတ်တပ်တစ်..လော်ဂျက်စတတ်…ဆပ်ပို့တင်း…ဘက်စုံထူးချွန်လေသည်…ကလပ်စစ်ကယ်…စစ်နည်းပညာပါရဂူ ..ဆွန်ဇူးပင်..သူ၏ အညံ့ဆုံး..တပည့်စာရင်းတွင်ပါဝင်ခဲ့လေသည်….ထို့ကြောင့်ပြင်ဦးလက်နက်နိုင်ငံတော်မှာ..
.မကောင်းဆိုးဝါး..ဖုတ်ကောင်စစ်တပ်ကျူးကျော်မှုမှ…ကြံ့ကြံ့ခံတွန်းလှန်နိုင်ခဲ့လေသည်…..
ထို့ကြောင့်..ဖုတ်ကောင်စစ်သူကြီးမှာ.ဆောရိုးမင်းသားလေးကိုလုပ်ကြံရန်အစီအစဉ်ရေးဆွဲလေတော့သည်…
အထူးလက်ရွှေးစင်..အားကောင်းမောင်းသန်.မကောင်းဆိုးဝါး…စစ်သည်..တစ်သန်းခွဲဖြင့်…..ဆောရိုးမင်းသားလေး..
.ဂေါ့ဖ်ရိုက်မည့်အချိန်ကိုရွေးပြီး…လျှပ်တပျက်လုပ်ကြံလေသည်…..
သို့သော်လည်း…တိုက်ခိုက်ရေးပညာ လက်ကုန်တတ်မြောက်ထားသော….ပါခန့်စော်ကြည် ဆောရိုးမင်းသားလေး.မှာ ..လက်ရည်မမျှလွန်းသဖြင့်..ညာဘက်လက်ကို..ဘယ်ဘက်စတိုင်ပန်အိတ်ထဲနှိုက်ပြီး…ပြန်လည်တိုက်ခိုက်ရာ…
ဖုတ်ကောင်စစ်သူကြီး…တစ်ယောက်သာ.အသက်ရှင်လျက်..ကျန်တော့လေသည်….
ထိုအခါ..အနှီငတိမှာ….မနိုင်မှန်းသိလျှင်..ပါခန့်စော်ကြည်မင်းသားလေး.ခြေသလုံးမွှေးအား..ဆွဲနှုတ်လေတော့သည်…
“” ဗြုတ်…ဗြုတ် ”’
“‘ အား….”‘ ဟု အသကုန်အော်ပြီး…မျက်လုံးဖွင့်ကြည့်လိုက်သည်…ခြင်ထောင်နှင့်လူလုံးထွေးလျက်….အိပ်ရာရင်းတွင်ကား….
စပ်ဖြဲဖြဲမျက်နှာပေးများနှင့်မမ.လေယဉ်မယ်.နှင့် တစ်ဥထဲပေါက်ထားသော သေမင်းတမန်ကချင်မ …
”…အခုချိန်ထိအိပ်တုန်းလား….ထ.” ဟု ခြေသလုံးမွှေးများကို ဂျိမ်းဘွန်း သေနတ်ပြောင်းလေမှုတ်ထုတ်သလို လုပ်ရင် း…..ပျစ်ချွဲချွဲ ..ကညုတုတုအမိန့်သံဆန်သော..တောင်းဆိုမှုအောက်တွင် ..လမင်းဆယ်စင်း ခွေးဆယ်ကောင်
( လင်းလဲလင်းသည်..ဆူလဲဆူသည် )
မောင်ဆောရိုးသည် …မမ.လေယာဉ်မယ်ခေါ်ဆောင်ရာ မနက်စာစားရာသို့ ..ပေကလပ်ပေကလပ်……
ကုတ်ချောင်းကုတ်ချောင်းဖြင့် သူမမောင်းသောကားနောက်သို့ ..အဝတ်စားမလဲပဲ.လိုက်သွားသတတ်…..အဟင့်ရွှတ်
( စာကြွင်း…ထိုနေ့က ငပျင်းလို့ ပြောသဖြင့် …ရွဲ့စိန်မလုပ်ပြီး သွားမတိုက်ပါ ..အာဟိ )
8 comments
အလင်းဆက်
September 19, 2013 at 7:33 am
ခေါင်းစဉ် ေပေးထားတာကို အပြင်က ချောင်းကြည့်ပြီး
အတွင်းမဝင်ခင်ကတည်းက
အိပ်မက်မှန်း သိသွားစေတဲ့ ပိူစ့်တစ်ပုဒ်ပေါ့နော့
:kwi:
KZ
September 19, 2013 at 8:10 am
1) မမ
2) လေယာဉ်မယ်
3) ကချင်မ
၃ ယောက်လားဟမ်???
sorrow weaver
September 19, 2013 at 11:38 am
တစ်ယောက်ထဲပါဂျာ…အဟီး
ဗုံဗုံ
September 19, 2013 at 3:40 pm
ဖစ်မှဖစ်ရလေ ကိုရိုးရယ်… အိမ်မက်ကလည်းမက်မှမက်တတ်ပါ့ ကိုရိုးရယ်…
sorrow weaver
September 19, 2013 at 3:59 pm
အာဟီးးး
ဗုံဗုံ
September 19, 2013 at 4:07 pm
အဟီး..အဟီးနဲ့ စာနဲ့ မရယ်ဘဲနဲ့
သများလို အရုပ်လေးတွေနဲ့ ရယ်ပါ့လား….ကိုရိုးရယ်..
lele kyi
September 19, 2013 at 8:58 pm
အိမ့်မက်ကလှတယ်..ဘဝကရုပ်ဆိုးတယ်…ကိုထီးသီချင်း ဆိုတာပါ။ တုက်ဆိုင်သွားရင်ကိုထီး ကိုသာ အပစ်တင်ပါလေ။
အဲ့လိုနဲ့ နေ့လည်စားဖို့ ဝက်နံရိုးကင်။ ကြံမဆိုင်ဟင်းချို ရယ်။ ငါးကင်ရယ်။ မှို ကန်စွမ်းရယ် မှာပြီးသကာလ မမလေယဉ်မယ်ကချင်မ ဘေးကို ကြည့်လိုက်မိသည်။ “ဟောတော့..ငပျင်းရွဲ့စိန်မ ဘယ်ချောင်ပုန်းနေသတုန်း-ပိုက်ဆံရှင်းရမှာစိုးလို့။” တာယာဝီဝါ ကအနားမှာရှိမနေဘူး။
အဲ့ဒါနဲ့ တစ်ယောက်တည်း စိတ်ဆိုးဆိုးနဲ့ တီးပလိုက်တာပြောင်ပါလေရော။ ဘယ်ရီ ဂျု့စ် လေး သောက်နေတုန်း ဗြန်းဆို ချွေးသံရွှဲရွှဲနဲ့ နံနံစော်စော် ပေစောင်းစောင်း ငတိတစ်ကောင်စားပွဲပေါ်လာလို့ ဆိုင်ရှင်ကို လှမ်းအအော်။ “မမလေယဉ်မယ်ကချင်မ…ကျော်…ကျော် တာယာဝီဝါပါ..မမ ပဲကားနောက်ကလိုက်ခဲ့ဆိုလို့ကျော်မှာ မှီအောင်လို့ မာရသွန် ပြေးလိုက်ရတာ-ဟင့်”။ “ဪ ဒါဆို ထိုင်လေ အဲ့မှာ ကျန်နေသေးတဲ့ နံရိုးကိုက်လေ”
🙂
sorrow weaver
September 20, 2013 at 10:00 am
စိတ်ကောင်းမွေးပါ..ဝဋ်လည်တတ်တီ….အဟီး