Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ညဉ့်ပွဲခင်း

ဟက်ဟက်ငြီးငြီး ရယ်ဟီးသံတွေနဲ ့ …
ကမ္ဘာပျက်သလို..
သွေးညှီနံ ့တွေ ထပ်လောင်းလို ့
မကောင်းဆိုးဝါးတွေ တွန်နေကြ…။
လူရိုးတွေကို ပရမ်းပတာရိုက်လို ့
စည်းဝါးလိုက်ရင်း မိစ္ဆာဗုံတွေတီးကြ…။
ကာလပျက်

ခေတ်ပျက်

နိုင်ငံပျက်
ပျက်သမျှအပျက်ထဲမှာ….
ဒီနေရာအပျက်ဆုံးဘဲ။
အချင်းချင်း သွေးစုတ်တဲ ့
သွေးစုုတ်ဘုတ် ပိတုန်းကောင်တွေကလည်း
နေရာအနှံ ့တဝီဝီခေါ်ရင်းတုတ်ကြ….။
ပြောမယ်ဆို နာနာဘာဝကလည်း
နာနာဘာဝလောက်တော့ စွမ်းတာဘဲ…။

ရင်ဘတ် ပေါက်နေသူတွေများ
လောင်မီးကျ မြေပြင်မှာမှ
အပွင့်တွေတပ်ရင်း ပြုံးနိုင်ကြသေးတယ်…

အလောင်းချင်းထပ် ငတ်သေသူတွေကြားမှာ

တိုက်ပုံတွေ ရင်ဖုံးလို  ့ပြုံးနိုင်ကြသေးတယ်

သူတို ့ရဲ ့ လက်တစ်ဖျစ်စာ ညဉ့်တွေပေါ့လေ….။
မသတီစရာ ဖန်ဆင်းမှုတွေနဲ ့
မျက်စိလည်စရာ ကောင်းတဲ ့အထဲ…
တစ်ချို ့က
မျက်စိလည်ချင်ယောင်ဆောင်ရင်း ရူးနေကြ….။
နိုင်ငံအနှံ ့ လ”ကတော့မိုက်နေဆဲဘဲ
ကြယ်ကြွေအချို ့ရဲ ့ တိမ်မြှုပ်မှုတွေနဲ ့…..
လမ်းတွေ ဖောက်သမျှ
လမ်းတွေ ပျောက်နေရတယ်…
ဖြတ်သွားသမျှလည်း ဖမ်းစားတတ်လို ့
တစ်ချို ့များ …ဘုတ်နာတွေကပ်နေကြ….။
သူတို ့က…
အစွမ်းရှိသလောက် က” ကြမှာ…
မိုးခါးရေ သောက်သူတွေကတော့
ပွဲကောင်းသတဲ ့လေ…
သေလိုက်ကြတာမှ….
သွေးစုတ်ခံလို ့သေတဲ ့အခါ
ဖုတ်သက်ပြန်ဝင်ပြီး….
သွေးစုတ်တတ်သွားကြပြန်ရော….။
သတိထား….
သူတို ့ရဲ ့မိစ္ဆာ ဆိုင်းချက်တွေ ပိုပြင်းလာတယ်
က”ကွက်တွေ ဆန်းလာတယ်
ပိုးဖဲ စိန်ရွှေတွေ ပိုဝတ်လာတယ်…
အပွင့်အခက်တွေ ပြောင်းရွှေ ့လာတယ်

တိုက်ပုံတွေ ချိတ်ပုဆိုးတွေ

ရောင်းဈေးတက်လာတယ်
ကနေရင်း ပြုံးနေရင်း သွေးပေနေတဲ ့အစွယ်တွေ …
လူသိသာအောင် ပိုရှည်လာတယ်..။
…..
ရိုးမနားနီးတော့ တောနက်တယ်…
တောင်တန်းတွေကြားကဘဲ…
ပုဇွန်ဆီရောင်လေး သန်းလာလိမ့်မယ်
သူတို ့ဘဝက နေမထွက်ခင်လေးဘဲစွမ်းတာ
တို ့လက်တွေ သတိနဲ ့ဆုပ်ကိုင်ထားပါ..
ခဏပါ….
မိုးမလင်းခင်လေးပေါ့…
မိုးဆိုတာ တစ်သက်လုံး မလင်းတတ်တဲ ့အမျိုးမှ မဟုတ်တာ…။
မိုးလင်းတဲ ့အခါ…
မိစ္ဆာတွေ မြူးတဲ “့ ကြပ်” ရွာဆိုတာ
ပျဉ်းမနားဘက်မှာ …
ရှာတွေ ့မှာတောင် မဟုတ်တော့ဘူး…။
မိုးမလင်းခင်လေးပါ…။

 

ခေါင်

20 comments

  • lele kyi

    September 20, 2013 at 5:19 am

    လေးစား အားကျ ဖတ်ရှုသွားပါသည် ဆြာခေါင်။

    • ကျော်စွာခေါင်

      September 20, 2013 at 11:05 pm

      စာပေမြတ်နိုးသူ အချင်းချင်း ခုလိုအားပေးတာ ကျေးဇူးပါ မလဲ့ ရေ..။

  • KZ

    September 20, 2013 at 7:55 am

    အရင် ရန်တွေ့ရရင်တော့ တူညား ကို ကဗျာပေးပါ တောင်းထားတာကိုကျ မပေးဘူးးးးးးးး

    ကဗျာကတော့ ဖတ်ရင်း မြင်ယောင်လာတာက ၂ ကိုယ်ခွဲ ဇာတ်ရိုက်နေတဲ့ မင်းသားကြီးများကို။
    အသည်း နှလုံးမပါတာတို့ ရင်ဘတ်တင်မှ ပေါက်နေတာတို့ မဟုတ်ပါဘူးးးးး
    မျက်စိတို့ နားတို့ လည်း မပါတဲ့ သူတွေပါ။
    🙁

    ဒီ ပွဲခင်းကို လည်း ဆက်မကြည့်ချင်တော့ပါဘူးးးးး။
    နံနက်ခင်းရောင်ခြည် အမြန်လာပါတော့။

    • ကျော်စွာခေါင်

      September 20, 2013 at 11:13 pm

      ရန်မတွေပါနဲ ့ မကေ
      ကဗျာက ပို ့ချင်ပါတယ်..နည်းနည်း အရှိန်ယူနေတာ…
      ဟို..ဘယ်လိုပြောရမလည်း…
      မတရားမှုတွေကို မြင်ရကြားရပြီး ပေါက်ကွဲနေတော့ ကျနော့်ကဗျာတွေက စုတ်ချက်တွေ ကြမ်းနေလို ့ပါ…
      တစ်ကယ်ရေးချင်တာလေးတွေက….

      မမ
      မ…ရဲ ့မှဲ ့နက်လေးတလုံးဟာ
      ကမ္ဘာသက်တမ်းဆုံးထိ
      ညှို ့ငင်ရင်း လွှမ်းပတ်..
      နှလုံးသွေးရပ်မတတ်…ကျနော့်ကို လွမ်းစေတယ်….တို ့ဘာတို ့…အဟိ..
      အဲလိုလေးတွေ လွမ်းချင်တာ… ဒါကြောင့် နှလုံးသားကို ပေါင်းတင်နေတဲ ့ခဏ….
      ကဗျာ တာဝန်ခံများ သီးခံပေးကြပါ…ခုခွိ ခုခွိ

  • kyeemite

    September 20, 2013 at 8:41 am

    ရသမြောက် သရုပ်ပေါ်လှတဲ့ ကဗျာ ကိုဖတ်ရင်း ဆြာသိန်ဖေမြင့်ရဲ့
    “အရှေ့ကနေဝန်းထွက်သည့်ပမာ တစ်နေ့တို့ခေတ်ရောက်လာရမည်မလွဲပါ”…ဆိုတဲ့
    စာအုပ်လေးသတိရသွားတယ်ဗျာ….
    အော်…ညတာကလည်း ရှည်လွန်းပါဘိ 🙁

    • ကျော်စွာခေါင်

      September 20, 2013 at 11:14 pm

      ကိုမိုက်ရေ…ကျေးဇူးပါ
      ကြာရှည်လွန်းတဲ့ညတွေ ခါးသီးမိတယ်..ကိုမိုက်ရေ..။

  • ရာမည

    September 20, 2013 at 9:27 am

    ပန်​းချီလည်​း​ ရသ​မြောက်​သလို
    ကဗျာလည်​း​ကောင်​းလှပါတကား …
    ​လေးစာပါတယ်​ ဆရာ​ခေါင်​ခင်​ဗျာ

    • ကျော်စွာခေါင်

      September 20, 2013 at 11:21 pm

      ကိုည….လာဖတ်တယ်..
      အမငီးးးးးး ရဲ ဆို…ဟိုတခါဖတ်ရတယ်..
      ကိုည လာအားပေးတာ…မျက်ခုံးတွေ လှုပ်လိုက်တာ…။
      …..

      …….
      အလကားစတာပါ…
      စာပေမှာ ရန်သူမရှိ …
      သမတ မရှိ
      စစ်ဗိုလ်မရှိ
      ရဲ မရှိ….
      မိတ်ဆွေဘဲ ရှိတာ…ဟုတ်တယ်ဟုတ်..။
      မကြောက်ပါဘူးးးး တစ်ယောက်ယောက်လာမေးရင်.
      .ကျနော် ကိုညသူငယ်ချင်းပါ ခင်ညာ…မယုံရင် ဒီမှာ ကြည့်ပါ သူကိုယ်တိုင် ကွန်မန် ့ရေးပြီး အားပေးတာပါဆိုပြီး
      ကော်ပိဆွဲပေးလိုက်မှာ…။ နော….

      ( ခင်မင်မှုနဲ ့ကျနော် စပြီးရေးနေတာပါ…ကိုရာမည ရဲ ့အားပေးမှုကို စော်ကားသလို ဖြစ်နေခဲ့ရင် ခွင့်လွှတ်ပါဗျာ…)

  • sorrow weaver

    September 20, 2013 at 10:05 am

    ဘက်စုံရ ဆရာခေါင်ပါဗျာ ..အားကျဂုဏ်ယူပါတယ်… 🙂

    • ကျော်စွာခေါင်

      September 20, 2013 at 11:23 pm

      S W
      ရဲ ့ စာတွေ ကဗျာတွေလည်း ကောင်းတာပါဘဲ… ဟို ..အရိပ်တောင် သော့ခတ်ချင်တာဆိုတာလေးလေ…
      အဲဒီ စာသား တော်တော့်ကို သဘောကျတာ..။
      ဘယ်လို များ စာသားလေး ပေါက်ဖွားလာပါလိမ် ့လို ့တောင် ချဲ ့တွေးမိတဲ ့အထိပါ..။

      • sorrow weaver

        September 21, 2013 at 10:35 am

        ဆြာခေါင် ကိုယ်စား အရမ်းဂုဏ်ယူမိပါတယ်ခင်ဗျာ .ကျွန်တော်တို့က ပေါတောတောပဲရေးတတ်တာပါ… သည်းခံဖတ်ပေးပါခင်ဗျာ .. 🙂

  • အလင်းဆက်

    September 20, 2013 at 6:10 pm

    ဦးခေါင်ရည်

    စာသားတွေက ထိမိလွန်းတယ်
    ဦးခေါင်ရဲ့ ပန်းချီကားတွေလိုပဲ ကြည့်ပျော်ရှုုပျော်နဲ့ ဆွဲဆောင်နေတယ်

    ကဗျာပြခန်းကလည်း ဦးခေါင်ရဲ့ကဗျာတွေကို ကြိုဆိုလျက်ပါနော်

    • ကျော်စွာခေါင်

      September 21, 2013 at 1:02 am

      အလင်းဆက်လေးရေ
      အားပေးတာ ကျေးဇူး…
      ကဗျာတွေက ပို ့မှာပါ… နည်းနည်း ကြောက်နေလို ့…
      ဟို ဆာမကြီး ကေ ဆိုတာလေ.. အယ်ဒီတာလား ဘာလား..သားသား ကြောက်ကြောက်..
      ဟို မွန်မလေးရောလေ…
      ကြားတာက အဲဒီမွန်မလေးလုံလုံဆိုတာ အဒေါ်ကြီးဆို…မျက်မှန်တတ်ထားလို ့ ငယ်ငယ်လေးလို ့ထင်ရတာတဲ့..ဟုတ်လား
      သူငယ်ချင်းတွေဆိုလို ့ မေးကြည့်တာပါ..။

      • အလင်းဆက်

        September 21, 2013 at 7:45 am

        ဟုတ်တယ် ဦးခေါင်
        မွန်မလေးလုံလုံဆိုတာ ဂျီးဒေါ်လုံပေါ့
        အဖွားအိုပေါက်စလေးလေ
        အခု အဖိုးအိုပေါက်စလေးတစ်ယောက်နဲ့ သတင်းတွေ ထွက်နေဒယ် ။

        🙂

  • အဘ ဖားသက်ပြင်း

    September 20, 2013 at 6:50 pm

    မှော်အောင်နေတာကြားမိပါတယ်အူးလေးရာ
    ကျော်တို့ပေါက်ကရရေးတာလည်းသီးခံဝေဖန်ပေးပါဗျား.

    ခင်တဲ့

    ဂီ

    • ကျော်စွာခေါင်

      September 20, 2013 at 11:28 pm

      ဖျားးးးးဖျားးးးး
      ..
      ..
      ရှီးမေမေ
      ဂီရယ်လေ…
      မှော်အောင်နေတယ်ဆိုပြီး မဟုတ်တမ်းတရားတွေ ပြောလို ့ အချွန်နဲ ့မ…နေတယ် မေမေ
      သားးးး သိပ်ဝမ်းနည်းတာဘဲ မေမေရှီး..။
      နောက်…
      သိးခံဝေဖန်ပေးပါလို ့လဲ ပြောတယ်မေမေရယ်…ကြည့်ပါဦး..
      တကယ်ဆို သူစာရေးတာ တော်တယ်ဆိုတာ မေမေလည်း သိနေတာဘဲ မဟုတ်လားမေမေ..။

  • Shee

    September 21, 2013 at 12:01 am

    ငို ဘာနဲ့ တားရယ်. . .ရှီးမေမေသိပါဒယ်. . . . .

    • ကျော်စွာခေါင်

      September 21, 2013 at 1:05 am

      ကြည့်…
      ဘယ်လောက်ချစ်စရာကောင်းလဲဆိုတော့…
      ၂ယောက်လုံး စိတ်တူကိုယ်တူ..

  • Crystalline

    September 21, 2013 at 9:53 am

    ဒီတခါတော့ပေါက်ကွဲသံစဉ်ပါလား…

  • Mr. MarGa

    October 1, 2013 at 2:10 pm

    ကိုကြီးကျော်
    တစ်လလောက် အလုပ်ရှုပ်သွားသမို့ ကျော်ခွသွားတာတွေ များသွားတယ်
    အခုမှ ပြန်ဖတ်ဖြစ်တယ်
    ကဗျာ၊ပန်းချီ၊ ဆောင်းပါး
    သုတ၊ ရသ စုံပါပေ့ဗျာ
    ကဗျာပို့ပေးပါနော့
    ကျွန်တော်တို့ ပြခန်းလေးက စောင့်နေတာပါဗျာ။။

Leave a Reply