က = ကိုယ်ကျိုးတော့နည်းပါပြီ…..
ငယ်ငယ်က ဖတ်ဖူးတဲ ့ ဟာသလေးတစ်ပုဒ် ပြောပြဦးမယ် ။
ဖတ်ဖူးတဲ ့သူတွေကလည်း.. .. မဖတ်ခဲ့ဖူးသလိုလိုနဲ့ ပြန်ဖတ်ဗျာ ။
————————————————————————————–
သီလရှင်တစ်ယောက်… ဆေးခန်းထဲ ဝင်လာတယ် ။
ဆရာဝန်ကို သူ ့ကျန်းမာရေး အခြေအနေ လာပြ / လာ ကုသတာပါ ။
ခက်တာက… အဲဒီ သီလရှင်… လာပြတဲ ့ ရောဂါက…
အဲဒီ ဆရာဝန်… အတွက်…. ကုသရန်ခက်ခဲသောရောဂါလို ့ပြောရမယ်.. ။
သီလရှင်က.. စကားမပြောတတ်ဘူး ။
ဆွ ံ့အနေတာပေါ့ဗျာ..။
အဲဒီ အ ..နေတာကို.ကောင်းသွားအောင် လုပ်ပေးပါ..လို ့…လာပြောနေတာ ။
ဆရာဝန်ကလည်း.. အ နေတာကို.. ဘယ်လိုကောင်းအောင် လုပ်ရပါ့မလဲ..ဆိုပြီး..စိတ်ရှုပ်သွားတာပေါ့ ။
ဒါပေမယ့်…ဝူးဝူးဝါးဝါးနဲ ့.. လာပြောနေတဲ့ သီလရှင်လေး.ပုံ ကြည့်ရတာ…ကု မပေးရင်..
ဝူးဝူးဝါးဝါးနဲ့ပဲ.တစ်ထာင့်တစ်ညတိုင်တိုင်….ပြောဆိုနေမယ့်ပုံ ရှ်ိနေတယ် ။
ဒါနဲ ့ပဲ…..
ဆရာဝန်က… သီလရှင်ကိ်ု…. ကုသပေးဖို ့…ခေါင်းညိတ်လက်ခံလိုက်ရပါတယ် ။
သီလရှင်ကို.. လူနာကုတင်ပေါ် ပက်လက် အိပ်ခိုင်းလိုက်တယ် ။
သီလရှင် ပက်လက်အနေအထားနဲ ့… ရှိနေတဲ ့အခါမှာတော့….
နားကြပ်ကြီးနဲ ့.. ဟိုထောက် ဒီထောက် ထောက်ပြီး.စမ်းသပ်ပေးလိုက်ပါတယ် ။
ဆရာဝန်တစ်ယောက် ရောဂါရှိဖွေတဲ့ပုံစံနဲ ့… အိုက်တင်ကောင်းကောင်း..ပေးပြီး…စမ်းသပ်နေတာပါ ။
အားလုံးစမ်းသပ်ပြီးတော့….
ခေါင်းတစ်ချက်ခါလိုက်တယ် ….။
သီလရှင်က… ဘာများ..ထူးခြားနေလို ့လဲ…ဆိုတဲ ့မျက်နှာပေးနဲ ့…. ဆရာဝန်ကြီင်္းကို..မော့ကြည့်နေဆဲမှာပဲ…….
ဆရာဝန်က.. သက်ပြင်းတစ်ချက်ချပြီး….ပြောလိုက်တယ်….။
သီလရှင်ကြီးမှာ….. ကိုယ်ဝန်ရှိနေပါပြီ…..တဲ ့….။
—————————————————————————-
ဆရာဝန်ဆီက… အဲဒီ စကားကြားတော့….
သီလရှင်ကြီး..အိပ်နေရာက ခုန်ထတယ် ။
အလန့်တကြားနဲ ့…ထအော်တယ်…။
အောင်မယ်လေး..ကိုယ်ကျိုးတော့နည်းပါပြီ…..
မဖြစ်နိုင်ဘူး…မဖြစ်နိုင်ဘူး….ဒါ ….ဒါ..မဖြစ်နိုင်ဘူး…..
ကြောက်လန့်တကြား..အော်ဟစ်နေတော့တာပါ ။
သီလရှင်င်္ကြီး…စကားပြောနိုင်သွားပါတော့တယ်…။
——————————————————————————
——————————————————————————
ကျွန်တော်တို ့..လူသားတွေရဲ ့ ဘဝမှာ…
ဒုက္ခဆင်းရဲဆိုတာတွေ… ရောက်ရောက်လာတတ်ပါတယ် ။
အခုဖြစ်လာတဲ ့ ဒုက္ခဆင်းရဲတွေဟာ…
နောင် အချိန်တစ်ချိန်မှာ..ပြန် ကြည့်တဲ့အခါမှာတော့….
သိပ်ရင်နာစရာမကောင်းတော့ပါဘူး ။
အဲဒီတုန်းက… အဲသလောက်တောင် ဒုက္ခရောက်ခဲ့တာပေါ့ကွယ်…လို ့..တောင်…ခပ်ပြုံးပြုံးလေးနဲ ့..
ပြန် ပြောပြနိုင်သွားတာပါပဲ..။
ကိုယ်ကျိုးတော့…နည်းပါပြီ..လို ့…
ကျွန်တော်တို ့..ကြောက်လန့်တကြား..အော်ညည်းတွားခဲ့ဖူးတဲ ့…အချိန်တွေ….
အဲဒီ အခိုက်အတန့်တွေ…ထဲမှာ…..
ကျွန်တော်တို ့ အတွက်…
အဆိုးထဲက.အကောင်းတွေ… ရှိနေတတ်ပါတယ်…။
ယူတတ်မယ်ဆိုရင်… ရမယ့် အရာတွေပေါ့ ။
ကိုယ်ကျိုးနည်းလောက်အောင်.. ဒုက္ခ ဖြစ်နေချိ်န်မှာ…..
အနည်းဆုံး..တော့…..
ကျွန်တော်တို ့ဟာ……
ဆိုးဝါးတဲ ့ ဘဝ အတွေ့အကြုံကို… ရပါတယ် ။
အဲဒီ ဘဝအတွေ ့အကြုံဟာ…ကိုယ့် ခံနိုင်ရည်စွမ်းအားကို..မြှင့်တင်ပေးတဲ ့.. စွမ်းအားတစ်ခုပါ ။
စစ်တိုက်ဖူးတဲ ့သူနဲ ့..စစ်ကားတောင်မကြည့်ရဲတဲ့သူ…ကွာသလို.ကွာသွားစေနိုင်တဲ ့….အတွေ ့အကြုံပါ။
—————————–
ကျွန်တော် ခုဏ ပြောလိုက်တဲ ့ သီလရှင်င်္ကြီးလိုပေါ့…။
((ဟာသပုံပြင်ဆိုတော့.. မဖြစ်နိုင်ဘူးလို ့ပြောလည်း ရပါတယ် ။
ဒါပေမယ့်.. ဖြစ်နိုင်တယ်..ဆိ်ုတဲ ့ အယူအဆနဲ့ပဲ.ဒီအတွေးကို ဆက်တွေး ပါတယ် ။ ))
ကိုယ်ကျိုးတော့နည်းပါပြီလို့ … အလန့်တကြားအော်ဟစ်လိုက်နိုင်တာကိုက….
အဆိုးထဲက အကောင်းတစ်ခု ရလိုက်တာ…။
——————————–
စကားအတင်းစပ်ပြီးပြောရရင်တော့….
ကျွန်တော်…အခု…..
ကိုယ်ကျိုးတော့….နည်းပါပြီလို ့…..အလန့်တကြားအော်နေရတဲ ့ အချိန်မှာရောက်နေတယ်ဗျ ။
(((ကျွန်တော်မှာကိုယ်ဝန်ရှိနေပြီ လို ့..သိရလို ့မဟုတ်ပါဘူး ။)))
နောက်တစ်နည်းပြောရ ရင်….
ကျွန်တော်..အခု စစ်တိုက်နေရတယ် ။
စစ်ကားမကြည့်ရဲတဲ ့သူတွေထက်တော့…….
ကျွန်တော်က…….
သာတယ် ။
————————————-
လေးစားစွာဖြင့်…..
အလင်းဆက်
24. 9 .2013
alinsett.art@gmail.com
28 comments
kai
September 24, 2013 at 11:26 am
အခုအချိန်က.. ကျုပ်လည်းစစ်တိုက်နေရတဲ့အချိန်ပါပဲ..
ပြောရရင်..
အင်း…
ဘဝဆိုတာ.. တိုက်ပွဲကြီးပါပဲ..
အလင်းဆက်
September 24, 2013 at 11:32 am
ကဲ…
ဒါဆို…သူင်္ကြီးနဲ ့..ကျွန်တော်…..
(နောက်.ဘယ်သူရှိဦးမလဲ…. )
စစ်ကားတောင်မကြည့်ရဲတဲ့သူတွေထက်တော့…
သာတယ်….
:kwi:
KZ
September 24, 2013 at 11:34 am
ဪ။
အလက်ဆင်းလေးးးး
တိုက်သာတိုက်ပါ။
ကြာလာရင် တိုက်ပွဲရည်ဝပြီး ငြိမ်နေရတဲ့ အခါ ပျင်းလာဦးမှာပါ။
စိတ်ရော၊ ကိုယ်ပါ လတ်ဆတ် လန်းဆန်းနေမှသာ ဘဝက နေရကျိုးနပ်ပါတယ်။
စိတ်လှုပ်ရှားစရာ မရှိတဲ့ ဘဝဟာ ပျင်းစရာပါ။
ဉာဏ်ရောင်စုံလေးများလိုအပ်ရင် လာမေးပါ။
ညစ်ကွက်လေးတွေ သိချင်ရင် အကြောင်းကြားလိုက်ပါ။
အလင်းဆက်
September 24, 2013 at 11:44 am
တိုက်နေတယ်..မမခိုင်ဇာရေ…
လက်နက်မဲ့…..တိုက်နေရတာ…
ထူစရာ အလံဖြူတောင်..ရှာမရ…။
ကျွန်တော့်အကျင့်ကလည်း.. ဆိုးဝါးတဲ ့ဒုက္ခတွေ…
စိတ်ညစ်စရာတွေကြုံလာရင်…
ဖတ်ခဲ့ဖူးတဲ ့ ဟာသတွေ နဲ ့.. ပြန်ပြန်တွေး..ပြီး..
အားယူ ပြန် ထရတာ..။
အမှန်တော့…..
ဟာသတွေ ရယ်စရာတွေ…ကို ဇွတ်ကြိတ်မှိတ်တွေးနေလို ့သာ…
ကျွန်တော်….ရူးမသွားတာ…။
:kwi:
ခရီးသည်ကြီး
September 24, 2013 at 11:44 am
စစ်ပွဲတွေ ချက်ခြင်းရပ် !!!
စစ်မဖြစ်ဖို့အရေး …ဒို့အရေး ..
အလင်းဆက်
September 24, 2013 at 11:56 am
ဒီ စစ်ပွဲ….
ရပ်လိုက်ချင်ပြီ…ခရီးသည်ကြီးရေ..
ခက်တယ်…
အလံဖြူ….ထူစရာတောင် မရှိပါဘူးဆို…..
😥
kyeemite
September 24, 2013 at 1:38 pm
အက္ခရာ ဇတ်လမ်းတွေပြန်စတာလားကွ
ဘဝ ဆိုတာ တိုက်နေရမှာတဲ့….မာသာထရီဇာကပြောတာနော…
“Life is life, fight for it.” ― Mother Teresa
:kwi:
အလင်းဆက်
September 24, 2013 at 5:53 pm
ဦးကြီး ရေ
အက္ခရာတွေ ပြန်စ ကြည့်ဦးမယ်။
ဒီတစ်ခါတော့ ဖတ်ဖူးတဲ့ဟာသလေးတွေကို
ကိုယ့်အတွေး ခံစားချက်နဲ့ ရောပြီး
ရေးကြည့်ဦးမယ်လေ
အခု ဟာသ ကတော့
မရီရတဲ့ ဟာသ ဖြစ်သွားတယ်
ရေးပြသူကိုယ်တိုင်က ငိုချင်ချင်ဖြစ်နေတာကိုးး
:kwi:
Ma Ma
September 24, 2013 at 2:41 pm
တခါတလေမှာ ဘဝမှာကြုံတွေ့ရတဲ့ အခက်အခဲက ကိုယ့်အရည်အချင်းကို ပိုမိုပြောင်လက်လာတောင် တိုက်ချွတ်ပေးသလိုဖြစ်တာမို့………….
FIGHTING!!!!!!!!!!!!!!!!!!!
🙂
အလင်းဆက်
September 24, 2013 at 5:54 pm
အန်င်္တီမမ ရေ
အားပေးစကားအတွက် ကျေးဇူးပါနော်
အားတင်းထားပါမယ်
အရီးခင်
September 24, 2013 at 3:12 pm
စစ်ကားမကြည့်ရဲ ဘဲ စစ်တိုက်နေသူ တွေ ….
စစ်ကားကြိုက်ပြီး စစ်မတိုက်သူ တွေ …
ရှိနေသေးတာ။
သူ့ဟာသူတော့ ဟုတ်လို့။ 😉
အလင်းဆက်
September 24, 2013 at 5:58 pm
အရီးရေ
ကျွန်တော်က
စစ်ကားမကြည့်ချင်တတ်သူ
မကြည့်ရဲလို့တော့မဟုတ်
တစ်ဖက်နဲ့တစ်ဖက် တပြုံကြီးတိုက်ခိုက်နေတဲ့ဇာတ်ကားမျိုးထက်
တစ်ဦးကောင်းတစ်ယောက်ကောင်းစွန့်စားတဲ့ အက် ရှင် ကားတွေကို
ပိုကြိုက်တာ။
အဲ ဇာတ်ကားတွေဆီရောက်ကုန်ပြီ။
တကယ်တော့ ကျွန်တော်က ဝါသနာမပါပဲ စစ်တိုက်နေရသူ
ဝါသနာ ပါလာတဲ့အထိကို
တိုက်ရဦးမယ် ထင်ပါရဲ့ဗျာ
🙂
ဦးဦးပါလေရာ
September 24, 2013 at 3:14 pm
အလင်းဆက်ပြောတဲ့ပုံပြင်လေးကို လက်တွေ့ အပလိုင်းလုပ်ကြည့်ရအောင်….
ရွာထဲမဝင်ပဲ မသိယောင်ဆောင်နေတဲ့သူတွေကို ကိုယ်ဝန်ရှိနေပြီ လို့ ဝိုင်းအော်ကြရင် ဘယ့်နှယ်နေမယ်ထင်သလဲ
🙂
အလင်းဆက်
September 24, 2013 at 6:00 pm
ဟုတ်ပါ့ ဦးပါရေ
ရွာထဲ ပဲ အပြေးပြန်ဝင်လာကြမလား
အပြီးပဲ ဝင်မလာတော့မှာလားး
:kwi:
Mahar Myanmar
September 24, 2013 at 4:31 pm
ကိုယ်ဝန် ရှိပြီ အပြောခံ ရမှာ ကြောက် လို့ အခု မှ ပေါ်လာ တာ မဟုတ် ပါဘူး ခင်ဗျား..
နိုင်ငံခြား ထုတ် လက်နက် မျိုးစုံး ဘရန်းနယူ း တစ်ပါတ်ရစ် တွေ ကို
လာ ရောင်း မလို့ ပါခင် ဗျာ… တိုက် ပွဲ ပြင်း ထန် လေ ကျွန်တော် ကြိုက် လေ မို့
များများ ပစ် များ များ ဖြုန်းတီး ပေး ကြပါ…
လက်နက်ကြီး လက်နက်ငယ် ခြုံခို လက်နက် စနိုက်ပါ လက်နက်
ခိုးကြောင်ခိုးဝှက် လက်နက် တွေ ကို တိုက်ပွဲပုံစံ ပေါ် မူတည် ပြီး
အကြံပြု ရောင်း ချ ပေး နေပါ ကြောင်း ခင်ဗျား..
ဟိဟိ..ဒီ တစ် ခါ တော့ သူဌေး ဖြစ် ပ ဟ…
ကချင် မှာ ရောင်း မကုန်သေး တဲ့ လက်နက် တွေ အများ ကြီး ရှိသေး တယ် ေ နာ..
လက်နက် ကုန်သည်
မဟာဘီယာ
အလင်းဆက်
September 24, 2013 at 6:02 pm
လက်နက်မဲ့ တိုက်နေရသူပါ
လက်နက်မဲ့တာက မဝယ်နိုင်လို့ပါ
အကြွေးရ ရင် လိုချင်ပါတယ်
🙂
Mahar Myanmar
September 24, 2013 at 4:46 pm
အလင်းဆက်-
အသက် ရှူ နေ သရွေ့
ဘယ်သူ မှ မရှုံး သေဘူး….
ခဏ ဘဝ မှာ အင်အား နည်း သွား တာ…
အဲဒါ ကို ကြံ့ကြံ့ ခံ နိုင် အောင် လုပ် ပါ..
အသက် ရှူပါ…..
အသက် ရှူ ဖို့ ထက် အရေးကြီး တာ
ဘဝ မှာ မတွေ့ ဘူး သေး ဘူး….
ဒါကြောင့် ..
အသက် ရှူ ပါ .. ပြင်ပြင်း ရှူ ပါ ။
မဟာမြန်မာ
အလင်းဆက်
September 24, 2013 at 6:12 pm
ကိုမြန်မာရေ
ဖြစ်ပျက် မှတ်ဖို ့
ဝင်လေ ထွက်လေ ရှုဖို ့ တိုက်တွန်းတယ် မှတ်တယ်
ကျေးဇေးပါပဲဗျာ
ကျွန်တော် တရားလမ်းစဉ်ကို မေ့နေခဲ့တာာ
ကျွန်တော် မရှုံးသေးပါဘူး
ဒါပေမယ့် အခုဟာက
အနိုင်လိုချင်လို့ နိုင်အောင်းတိုက်ချင်လို့မရှုံးသေးတာ မဟုတ်
အလံဖြူ ပြစရာကို မရှိလို ့ မရှုံးသေးတာ
ကိုယ့် ကို ကိုယ် ပြန်ကုစားဖို ့သတိပေး
အားအင်ပေးကြတာ မမေ့တော့ပါဘူး ဗျို့
ခင် ခ
September 24, 2013 at 4:54 pm
အာနာပါန ကျင့်ကြံမှုမှာတော့ အသက်ရှုသံဟာ တဖြေးဖြေး နူးညံသိမ်မွေ့လွန်းလို့ မှတ်လို့မရအောင် ဖြစ်လာတဲ့အခါ အသံရှုတဲ့နေရာမှာ ရှိတဲ့စိတ်အာရုံဟာ ဘာကိုမှတ်ရမှန်း ဖြစ်လာလိမ့်မယ်တဲ့။
မဟာမြန်မာရဲ့ အသက်ရှုပါ ပြင်းပြင်းရှုပါဆိုလို့ တွေးမိသွားတာပါ။
အလင်းဆက်
September 24, 2013 at 6:18 pm
လေးခ ရေ
နက်နက်နဲနဲ မဟုတ်တောင်
စိတ်တည်ငြိမ်ဖို့အတွက်တော့
ဝင်လေ ထွက်လေ ရှုပြီး
ဖြစ်ပျက်သဘောတွေ မှတ်ရတော့မယ့်ကျွန်တော့်အခြေအနေပေါ့
ဝေဒနာ ပစ်စယာ တဏှာတွေ ဖြစ်မသွားအောင် သတိနဲ့ ရပ်ကြည့်ရတော့မယ်
🙂
လူကလေး
September 24, 2013 at 5:50 pm
အလက်ဆင်းကဒီစစ်ပွဲမှာ အလံဖြူပြရမယ့်လူမဟုတ်လောက်ပါဘူး .. နိုင်အောင်တိုက်ပေါ့ဗျာ .. မရှူံးချင်ရင်ပြောပါတယ်..
ခင်ဗျား နှယ် ကျုပ်လို တက်တက်ကြွကြွ နေစမ်းဘာာာာ.. အဟဲ.. ငိုမယ့်ငိုတော့လဲ .. ဗြဲချလိုက်ပေါ့ဗျာ .. တစ်ခါ..
အဲဒါဘဲ ဘွ ဆိုတာ.. လွန်ဆွဲနေရင် ရှေ့လည်းမရောက် နောက်လည်းမကျန်နဲ့ .. တို့လို့တန်းလန်း .. အလယ်ကနေ အရှူပ်ထုပ်ဖြစ်သွားမယ်.. ဘယ်နှယ့်ရှိစ
အလင်းဆက်
September 24, 2013 at 6:15 pm
လူကလေးရေ
ညည်းကတော့ ပျေည်ပျော်နေတတ်သူကိုး
ကျုပ်က ခံစားချက်ပြင်းထန်တယ်ဟ
တစ်ခုခု ခံစားရပြီဆို ထောင့်ပေါင်းစုံကတွေးင်္ပြီး ခံစားနေတတ်တာ
အခု ဘယ်လိုဖြစ်နေလဲဆိုတော့
အလံဖြူက ပြမယ်ဆိုရင်တောင် ရှာမတွေ ့ဘူး
ငိုချလိုက်မယ်ဆိုရင်တောင် မျက်ရည်မရှိဘူး
ထုံပေပေကြီး နဲ့ မွန်းကျပ်နေတာလေ
🙁
sorrow weaver
September 24, 2013 at 6:36 pm
ကျောက်ကြားထဲညှပ်နေတဲ့ဓါးနဲ့ခုတ်ပစ်…အဲ့မျိုးကတော့ …အဟီး
အလင်းဆက်
September 24, 2013 at 6:47 pm
ကျွန်တော်က အက်ကြောင်းထဲမှာ ညပ်နေတဲ့ ဓါးတစ်လက်ပါ ။
တာရာမင်းဝေရဲ့စကားပါ။
ဒါမယ့် ကျွန်တော်လည်း အက်ဒိအတိုင်းဖျစ်စ်နေဒယ်
Mr. MarGa
September 24, 2013 at 8:27 pm
ဘဝဆိုတာ တိုက်ပွဲ
ခယ်မ ဆိုတာ လိုက်ပွဲ တဲ့
ဘယ်သူ ပြောတာလဲတော့ မသိဘူး
စိန်ခေါ်မှုတွေ ရှိမှ ဘဝဟာ အဓိပ္ပာယ် ရှိတယ် လို့ပဲ ပြောချင်မိတယ်ဟ
အလင်းဆက်
September 24, 2013 at 9:07 pm
ဘဝတိုက်ပွဲ ဆိုတဲ ့ ပီမိုးနင်းရဲ ့ တက်ကျမ်း ဖတ်ဖူးတယ်…။
တိုက်ပွဲတွေ…. ဆက် ..ဆက်နိုင်လွန်းတဲ ့..ကိုယ့်ဘဝကို..ကိုယ် အံ့ဩတယ်..သကြားရယ်..။
:kwi:
TNA
September 29, 2013 at 7:24 pm
အမှန်ပါပဲအေ။ မနေ့ကပဲ ဟိုးအရင်တုန်းကသေချင်လောက်အောင်ဖြစ်ခဲ့တဲ့ ပြသနာတွေကို ပေါ့ပေါ့ပါးပါး ဇာတ်လမ်းတပုဒ်လိုပြန်ပြောနိုင်ဘီလေအေ။ အခုတော့အိုက်လိုနောက်ပြသနာတခုနဲ့ရင်ဆိုင်နေရပါပကော။ ဘွဆိုတာဒီလိုပဲပေါ့အေနော့
အလင်းဆက်
September 29, 2013 at 9:56 pm
ဒါရှို…
အခုကြုံနေရတဲ့ပြဿနာဆိုတာလည်း..နောင်တချိန်မှာ….
အေးအေးဆေးဆေး ပြန် တွေးတော ပြောဆိုနိုင်မယ့်..အတွေ့အကြုံတစ်ခုပါပဲ..ပေါ့…နော့