လူသိဖို့ လူတက်လုပ်နေသူများ (facebook တွင်း လုပ်ဆောင်ချက်)
လူသိဖို့ လူတက်လုပ်နေသူများ
(facebook တွင်း လုပ်ဆောင်ချက်)
တွေ့နေမြင်နေရတာကြာပြီဖြစ်သလို ဒီအကြောင်းတွေ ရေးချင်သားချင် နေတာ တော်တော်ကြာပါပြီ။ သို့ပေမယ့် သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်း မပြောချင်တာရော မြို့မေတ္တာခံယူကာ ဖရုဿဝါစာ အလှူခံ မဖြစ်လိုတာရော ပေါင်းပြီး ပြောချင်တာတွေကို မျိုသိပ်ထားတာ ကြာလှပြီ။
ကဲ… အခုတော့ မမြင်သာတဲ့အရာတွေကိုတောင် ပွင့်လင်းစွာ ထုတ်ဖေါ်ပြသနေတဲ့ ခေတ်ကြီးထဲမှာ အကျွန်ုပ်လဲ ပွင့်လင်းစွာပြောတော့မည်။
တစ်နေ့တစ်နေ့ ကြိုးပေါ်(online) တက်လိုက်တိုင်း အထူးသဖြင့်Facebook ထဲဝင်လိုက်တိုင်း ပို့စ်(posts)တွေ စတေးတပ်စ် (status)တွေများ ကြည့်မနိုင်လောက် အောင် အရာ အထောင် အသောင်း။ အဲ့ထဲမှာမှ ဘာမဟုတ် ညာမဟုတ်တဲ့ အကြောင်းအရာတွေ ဥပမာဆိုရရင် “ချစ် ကိုယ်ထမင်းစားပြီးသွားပြီ ချစ်ကော စားပြီးပြီလား” “ဝါး… အိပ်ချစ်လိုက်တာ” “— — — feeling သော်ရူးထနေသည်” ဆိုတာတွေက မြင်မကောင်းလောက်အောင် ဆယ်ကျော် ရာကျော်။ ဒီကြားထဲမှာမှ ကာရာအိုကေ ဖွင့်ကာ သီချင်းဆို ဗီဒီယိုရိုက်ပြီးတင်ထားတဲ့ ဟာတွေရော လက်ခုတ်သံစုဖို့ (ကန်တော့ပါရဲ့) xင်လှမ်မပြရုံတမယ် စာသားတွေ ဓာတ်ပုံတွေကလဲ မရေတွက်နိုင်။
အင်းပေါ့လေ ခေတ်ကြီးကိုက အလွဲခေတ်ဆိုတော့လဲ တလွဲလုပ်မှ အဟုတ်ဖြစ်တဲ့ သဘော ဆောင်နေတာကိုး။
နေ့စဉ်နေ့တိုင် အဲ့မျက်နှာစာအုပ်ကြီးကို ကြည့်မိတိုင်း ဒီအကြောင်း ဒီပုံစံတွေကိုမြင်လေတိုင်း မရိုးမရွနဲ့ သောက်ခွက်ပြောင်ချင်သလိုလို ကဲ့ရဲ့လိုက်ချင်သလိုလို အဝှာတက်အောင် ကမယ့်လူတွေအတွက် လက်ခုတ်ပဲတီးပေး လိုက်ချင်သလိုလို စိတ်တွေဖြစ်မိတာလဲ အခါခါ။
ဘယ်သို့ဘယ်ပုံဖြစ်စေ ဆယ်ခါ့ရံတစ်ခါတော့ ကောင်းကောင်းကမ်းကမ်း အကြောင်းအရာလေးတွေ၊ ဟာသလေးတွေ၊ ဓာတ်ပုံလေးတွေ၊ သတင်းတွေက ကျွန်တော့အတွက်တော့ ဝီစကီကို ကိုလာရောသောက်လိုက်ရသလို ခါးသက်သက်အရသာကို ဂရုမပြုနိုင်စေမယ့်ဆေးပေါ့။
သို့တစေ ကျွန်ုပ်စိတ်ထဲ တစ်ခု ဘဝင်မကျတာက အချို့အချို့သော လူတွေရဲ့ ပုဆိုးခြုံထဲက လက်သီးပြနေခြင်း။ ရိုင်းစိုင်းသောနာမည်များကိုပေးကာ ဖွင့်ထားတဲ့ ပေ့ချ် (page) များ အတွင်းက ယုတ်မာသော စကားလုံးများနဲ့ အခြေ အမြစ်မရှိတဲ့ သတင်းများ။ အဖွဲ့တစ်ခုခုကိုဖြစ်ဖြစ် လူတစ်ဦးတစ်ယောက်ကိုဖြစ်ဖြစ် အသလွတ် ဝေဖန်တိုက်ခိုက်နေခြင်းများကို ကျွန်ုပ် လုံးဝ ဘဝင်မကျ။
မိမိရဲ့ဓာတ်ပုံအစစ်ကို တင်မထားရုံမက နာမည်ကလဲအတုနဲ့ အကောင့် ပိုင်ရှင်တွေရဲ့ ဆဲရေးတိုင်းထွာမှု စတေးတပ်စ် ဖြစ်ဖြစ် ကွန်မန့်ပဲဖြစ်ဖြစ် တွေ့လေတိုင်း ကျွန်ုပ်ကတော့ တစ်ခုပဲပြောချင်မိတယ်-
“သတ္တိတစ်ကယ်ရှိတယ်ဆို၊ ကိုယ်ခံယူချက်ကို တစ်ကယ်ယုံကြည်တယ်ဆို၊ ကိုယ့်စကားကိုယ် တာဝန်ယူရဲ့တယ်ဆို နာမည်အစစ် ဓာတ်ပုံအစစ်တင်လိုက်”
တစ်ကယ်ပါ။ တစ်ခါတစ်လေကျ ဒီလို ဆန်အိုးထဲက ပိုးတွေကို ဒီလို ရိုင်းရိုင်းစိုင်းစိုင်းပဲ ပြန်ပြောချင်ချင်။ (ပသို့ဆိုစေ ပရိုဖိုင် အစစ်ဖြင့် ဝေဖန်ရဲ ကဲရဲ့ရဲ့တဲ လူတွေ၊ ကိုယ့်အမြင်ကို ရဲရဲကြီး ထုတ်ပြရဲသူတွေကိုတော့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကျွန်ုပ်က ဆလံပေးပြီး ဆလုရိုက်ပါတယ်)
နိုင်ငံရေးနဲ့ ပက်သတ်တဲ့ ပို့စ်တွေမှာလဲ ABCD တောင်မတက်တဲ့ ကျွန်ုပ်တို့လိုလူတွေက ph.D တွေကို သွားသွားပြီး ဝေဖန်ရှုံ့ချနေတာကိုလဲ တွေ့ရလေရဲ့။ ကိုယ့်အမြင် ကိုယ့်အတွေးကို လွတ်လပ်စွာ ထုပ်ဖေါ်ခွင့်ရှိတယ်ဆိုပေ မယ့် ကိုယ့်အမြင့် ကိုယ့်အတွေးနဲ့စကားတွေဟာ အဓိပ္ပါယ်မဲ့ မဖြစ်ဖို့တော့ လိုပါမယ်။
ဥပမာဆိုရရင် အဘပြောင် (သမ္မတကြီး ဦးသိန်းစိန်) နဲ့ပက်သက်တဲ့ ပို့စ်တွေရဲ့ ကွန့်မန့်တွေမှာ ရိုင်းဆိုင်းသော စကားလုံးတွေဆိုနေတာ ပြီးတော့ သူ့ရဲ့ အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေကိုမမြင်နိုင်လောက်အောင် အဝိဇ္ဇာဖုံးနေတဲ့ အယူအဆတွေကို မြင်ရတော့ စိတ်မကောင်း။ ဒီလိုပဲ အမေစု (ဒေါ်အောင်ဆန်းစုကြည်) ရဲ့ အကြောင်းအရာတွေမှာလဲ ကုလားမယားတို့ ဘာတို့လို အခြေအမြစ်မရှိ မိုက်ရိုင်းစွာ စော်ကားနေခြင်းအတွက်လဲ စိတ်မကောင်း။
နောက်ပြီး ၈၈အဖွဲ့နဲ့ ပက်သတ်ကာ အလကား ဘွဲ့တောင်မရတဲ့ ပညာမဲ့တွေက သောက်ကြီးသောက်ကျယ်နဲ့ဆိုတာမျိုးစကားတွေ ဖတ်ရတာလဲ ဝမ်းနည်းစရာ။ ဘာပဲဖြစ်ဖြစ် သူတို့တွေ (အားလုံးသော နိုင်ငံရေးသမားတွေ) ဟာ ကိုယ့်ထက်သာလို့ ကိုယ့်အမြင့်ကိုရောက်နေတယ် ဆိုတာ ကိုတော့ မမေ့သင့်ပါ။
ဒီနိုင်ငံရေးအကြောင်းတွေ တော်လိုက်ဦးစို့။ တစ်ကယ်ရေးချင်တာက တစ်ခြားအကြောင်း။
ကျွန်ုပ်မသိလို့မေးပါရစေ။ ဖေ့စ်ဘုတ်ဆိုတာ ဖွဘုတ်အဖြစ် ပြောင်းသွားပြီလား။
နည်းပညာတွေ၊ ဗဟုသုတတွေ၊ သတင်းထူးတွေ၊ အကျိုးရှိတဲ့ အကြောင်းအရာတွေကို ဝေမျှဖို့ ပြုလုပ်ထားတဲ့ ဒီ ဆိုရှယ်ဝက်ဆိုဒ် တွေဟာ ကောလဟာလတွေ၊ အရေမရ မဖတ်မရ အကြောင်းအရာတွေ၊ စော်ကားမှု ပုတ်ခတ်မှု တွေလုပ်ဖို့ ဖြစ်သွားပြီလား။
ကိုယ့်ကို သူမှမသိဘဲဆိုပြီး လုပ်ချင်ရာလုပ်ဖို့ဖြစ်သွားပြီလား။
နာမည်ကြီးချင်တယ်ဆိုရင်လဲ ကောင်းရာကောင်းကြောင်းလေးတွေလုပ်ပြီး နာမည်ကြီးအောင် ကြိုးစားကျပါဗျာ။ လဲ လဲ လဲ တော့မလုပ်ပါနဲ့။ ပါတိတ်ဝတ်ပြီး အွန်လိုင်းပေါ်ကမဆင်းတဲ့ အကြော်သည်တော့ မလုပ်ပါနဲ့။ Mother Fuck You လို့တော့မဆဲပါနဲ့ဗျာ။ မြင်ရတာ မြင်ပြင်းကပ်လို့ပါ။
အောင်မယ်… ဒီလိုဆိုလိုက်တော့ မောင် courage မင်းကဘာကောင်မို့လဲ လို့မမေးလိုက်ပါနဲ့။ အကျွန်ုပ်ဟာလဲ ပေါက်တက်ကရ စတေးတပ်တွေ လျှောက်တင်၊ ကွန့်မန့်တွေ လျှောက်ရေးနေတဲ့ ဓာတ်ပုံအစစ် နာမည်အစစ်နဲ့ အကောင့်ပိုင်ရှင် တစ်ယောက်သာဖြစ်ကြောင်း။ ။
COURAGE
7 comments
အရီးခင်
September 25, 2013 at 3:10 pm
သူတို့ ဘယ်သူ ဆိုတာ တစ်ခြားသူတွေ မသိပေမဲ့ သူ့ဟာသူ တော့ သိမှာပါ။
ကိုယ့်လိပ်ပြာ မှ ကိုယ်မရှက်တတ် တဲ့ သူ ဆိုရင်တော့ ဒီလိုလူ တွေ ဟာ အပြင်မှာလဲ ဟန်မယ် မထင်။
အပြင်မှာ မဟန်တော့ Facebook လို Social Website တွေမှာ လာသောင်းကျန်း။
ဒီလို နဲ့ သံသရာ လည်နေတာပါ့။
ဒါထက်
မင်း Avatar လေး ကို သဘောကျတယ်။ 😛
မဟာရာဇာ အံစာတုံး
September 25, 2013 at 4:58 pm
ကျန်ဒါ မတိဘူးးး
ပေးးး ခညား ဖွဘုတ် အကောင့် …..။
ဖရန့်အက်ရအောင်ရို့ ….။
လူကလေး
September 25, 2013 at 5:09 pm
သတင်း …
အတင်း…
အဖျင်း….
ခံတွင်းထဲမှာမရှိတော့ပါ..
Facebook ထဲတွင်သာ ရှိတော့သည်။
•*¨နန်းတော်ရာသူ •*¨
September 25, 2013 at 8:09 pm
ပေါက်ကရစတေးတပ်တွေတော့ အရူးထတဲ့အခါထရေးမိမှာပဲမတားနဲ့ဗျ
သို့ပေသိ ….
****ဥပမာဆိုရရင် အဘပြောင် (သမ္မတကြီး ဦးသိန်းစိန်) နဲ့ပက်သက်တဲ့ ပို့စ်တွေရဲ့ ကွန့်မန့်တွေမှာ ရိုင်းဆိုင်းသော စကားလုံးတွေဆိုနေတာ ပြီးတော့ သူ့ရဲ့ အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေကိုမမြင်နိုင်လောက်အောင် အဝိဇ္ဇာဖုံးနေတဲ့ အယူအဆတွေကို မြင်ရတော့ စိတ်မကောင်း။ ဒီလိုပဲ အမေစု (ဒေါ်အောင်ဆန်းစုကြည်) ရဲ့ အကြောင်းအရာတွေမှာလဲ ကုလားမယားတို့ ဘာတို့လို အခြေအမြစ်မရှိ မိုက်ရိုင်းစွာ စော်ကားနေခြင်းအတွက်လဲ စိတ်မကောင်း။****
ဒါမျိုးတွေကိုမြင်ရင်တော့ ရန်ဖြစ်ချင်တဲ့စိတ်ကို ကန်ဒီတရားနဲ့ထိမ်းချုပ်နေရတယ်ကော
👿
အလင်းဆက်
September 25, 2013 at 8:30 pm
ဘာပြောရမှန်းတောင်…သိဘူး
လူတက် လည်း..မလုပ်ချင်ဘူး
လူတတ်ပဲ..လုပ်ချင်တယ် ။
🙂
mi miko
September 26, 2013 at 7:19 am
hee hee
kolumbus
September 26, 2013 at 10:22 pm
ဖေ့ဘွတ်ထဲမှာ ရိုင်းရိုင်းစိုင်းစိုင်း ရေးတဲ့သူတွေကို သိလည်းမသိချင်ပါ၊ မြင်လည်းမမြင်ချင်ပါ။ အဲဒီလို လူတွေအတွက် အချိန်မပေးနိုင်လို့ပါ။