Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ခ = ခဏခဏ သောက်ရဲ့လား ?

alinsettSeptember 26, 20131min44718

ဖတ်ခဲ့ဖူးတဲ့ ဟာသလေး ပြောပြဦးမယ်။

 

သိဖူးကြားဖူးရင်လည်း အခုမှ သိသလိုလိုနဲ့ ပြန်ဖတ်ပေးဦးဗျာ။

=====================

 

အမေတစ်ယောက်က သားငယ်လေးတစ်ယောက်ကို ထမင်းရည်တိုက်နေတယ်။ အဆာလည်းပြေအောင် အာဟာရလည်းဖြစ်အောင်ပေါ့။

 

ခက်တာက . . . . .

သားငယ်လေးက မသောက်ချင်ဘူးးးးလို့အော်ဟစ်ပြီး ပတ်ပြေးနေတာ ။

 

အမေလုပ်သူက ချော့တစ်ခါခြောက်တစ်လှည့် ကောက်ကောက်ပါအောင် လိုက်တိုက်ပေမယ့် ဟင့်အင်းပဲ ။ သောက်ဘူးးးးတဲ့။

အမေလုပ်သူက မောလည်း မောပြီ ။

စိတ်လည်း မရှည်တော့ဘူး။

 

ဒါနဲ့ပဲ . . . . ယောကျာ်းဖြစ်သူ ကို လှမ်းအော်ခေါ်လိုက်တယ်။

ရှင့်သားကို ရှင်ပဲ ထမင်းရည်တိုက်ပေတော့ ပေါ့။

 

ယောကျာ်းလုပ်သူကလည်း သားလေးကို ထမင်းရည်သောက်ဖို့ပြောတယ်။ သားလေးက ခေါင်းခါပြတုန်းပဲ။

 

ဒါပေမယ့် အဖေလုပ်သူက

သားရဲ့နား နားကို ကပ်ပြီးစကားတစ်ခွန်းပြောလိုက်တယ်။

 

အဲဒီ စကားလည်း ကြားရော သားလုပ်သူက ချက်ချင်းပဲ ထမင်းရည်ဇလုံကို ဆွဲယူပြီး အားရပါးရသောက်တော့တာပဲ။ ခဏလေးနဲ့ ကုန်သွားတဲ့အပြင် ရှိသေးလားပါမေးတယ်ပေါ့ဗျာ ။

 

အဲဒီမှာ အမေလုပ်သူက အံ့ဩသွားတာပေါ့။

 

အမေတိုက်တုန်းက မသောက်။ အဖေတိုက်တော့ စကားတစ်ခွန်း ကပ်ပြောလိုက်တာနဲ့သောက်တယ်။

 

့သားကို ကပ်ပြောလိုက်တာ ဘာစကားပါလိမ့်။

 

စိတ်ဝင်စားတာပေါ့။ သိချင်တာပေါ့။ ဒီတော့ ချက်ချင်းပဲ မေးလိုက်တယ်။

 

” ရှင် . . သားကို ဘာပြောလိုက်တာလဲ”

 

” ဘာမှ မဟုတ်ပါဘူးကွာ ”

 

” ရှင် ဘာပြောတာလဲပဲပြောပါ ”

 

” မသိချင်ပါနဲ့ကွာ ”

 

” သိချင်တယ်တော်”့

 

” ဒီလောက်တောင် သိချင်နေလည်း ပြောပြမယ်ဟေ့ ။ သားကိုပြောလိုက်တာက

ထမင်းရည် ပုံမှန် မသောက်ရင် . . .

သားရဲ့ ရွှေပန်းလေးက. . . ကြီးလာတော့မှာ မဟုတ်ဘူး လို့ ့ပြောလိုက်တာ ။ ”

 

အဲဒီ လို ပြောတာကို ကြားတော့ အမေလုပ်သူက သူ ့ယောကျာ်းဖြစ်သူရဲ ့ ခေါင်းကို ဒေါင်ခနဲ ခေါက်ထည့်ထိုက်တယ်။

 

ပြီး စကားတစ်ခွန်းကို ဆောင့်ကြီးအောင့်ကြီး ပြောလိုက်တယ်လေ။

 

” ဟင် . . . ရှင် . . . ငယ်ငယ်တုန်းက ထမင်းရည် ဘာလို ့ ပုံမှန် မသောက်ခဲ့လဲ ”

 

=====================

 

ဟာသလေးကတော့ အဲဒါပါပဲ။

 

=====================

 

ကျွန်တော် တွေးမိတာက . . .

ကလေးငယ်ရဲ့ ဇ အကြောင်းလည်း မဟုတ်ဘူး။

 

အဖေလုပ်သူရဲ့ ဉာဏ်အကြောင်းလည်း မဟုတ်ဘူး။

 

ကလေးထက်ဆိုးတဲ့ အမေလုပ်သူရဲ့ ဇကို တွေးနေတာ ။

 

တွေးတွေးပြီး ရယ်ချင်လိုက်တာဗျာ ။

 

အဟိ ။

 

=========================

 

အဲ . . . . . .

 

ကျွန်တော် ငယ်ငယ်က တော့. . . . . . .ထမင်းရည် ပုံမှန်သောက်ခဲ့ပါတယ် ။

 

🙂

 

18 comments

  • sorrow weaver

    September 26, 2013 at 11:30 am

    ဓါးအကြီးအသေးက အရေးမကြီးဘူးတဲ့ .ထိုးတတ်ဖို့ပဲ ပိုအရေးကြီးတယ်တဲ့….အာဟိ….ဖတ်ဖူးတာလေးပြောပါတယ်…

  • DEPARKO DEPARKO

    September 26, 2013 at 7:47 pm

    ငါ့အမေကိုအပြစ်တင်ရမယ် အမေကရေခမ်းဘဲချက်ခဲ့တာကိုး
    ခုတော့ အမေ့ကြောင့် အဟင့်

    • အလင်းဆက်

      September 26, 2013 at 8:08 pm

      အဟိ… အဟိ…

      ဖြစ်သမျှ အကြောင်းးး
      အကောင်းပဲပေါ့…လေ…
      ဘယ်တတ်နိုင်မတုန်းးး

      🙂

  • လူရိုင်း

    September 26, 2013 at 8:07 pm

    ထမင်းစားပြီးတိုင်း ရေမသောက်ရ အဖေကထမင်းရေ တစ်ပုဂံ ပုံမှန်သောက်ရတဲ့ ကျနော် ခုတော့
    လူတွေကပြောတယ်…………….ပဲမြစ်တဲ့။

    • အလင်းဆက်

      September 26, 2013 at 8:11 pm

      အော်..။
      ဖြစ်မှ ဖြစ်ရလေ..။

      ဆန်များ..ကွာသလား..မသိ ။

      အဟိ

      🙂

  • ဦးကြောင်ကြီး

    September 27, 2013 at 9:03 am

    ထမင်းရည်သောက်တာထက် ပေါင်မုန့်စားဒါ ပိုကြီးစေဗုံရဒယ်…. အဖြူကောင်တွေထက် သာကြီးနိုင်အုံးမား…

    • အလင်းဆက်

      September 27, 2013 at 1:11 pm

      ကျွန်တော်က ပေါင်မုန့်ကြမ်းလည်း
      ကြိုက်တယ်ဗျ

      အဟိ

      🙂

  • Ma Ma

    September 27, 2013 at 10:15 am

    (သိဖူးကြားဖူးရင်လည်း အခုမှ သိသလိုလိုနဲ့ ပြန်ဖတ်ပေးဦးဗျာ။)
    စာရေးဆရာပေကိုးးးး ပြောတတ်လိုက်တာ။ 🙂

    တခါက ပင်စင်စားဝန်ထမ်းကြီးတစ်ယောက်ပြောတာလေး သတိရမိသွားတယ်။
    လက်ရှိမိတ်ဆွေဝန်ထမ်းတစ်ယောက်က အဲဒီပင်စင်စားမိတ်ဆွေကို မီးမှန်မှန်လာရဲ့လားလို့ မေးတော့…
    မကြာမကြာ လာပါတယ် လို့ ပြောလိုက်တော့ နားထောင်တဲ့သူက ကြောင်သွားတယ်။
    “ဟုတ်တယ်လေ။ ပျက်လိုက် လာလိုက်ဆိုတော့ မကြာမကြာလာတာ မဟုတ်ဘူးလား”…. တဲ့။ :-DD

  • ဆူးရဲ

    September 28, 2013 at 4:53 pm

    အလင်းဆက်ရေကျွန်တော်လည်းငယ်ငယ်ကထမင်းရည်သောက်တာပါပဲအခုကြီးလာတော့အားလုံးကတဆစ်သီးလို့ပြောကြတာပါပဲ

    • အလင်းဆက်

      September 28, 2013 at 5:12 pm

      ဆန်များ ကွာသလားလို့ပါ
      ကျွန်တော်တော့ ဆားမခတ်ပဲသောက်တာ

      အဟိ

      🙂

  • မဟာရာဇာ အံစာတုံး

    September 29, 2013 at 5:47 am

    ထမင်းရည် ခပ်ကြဲကြဲကို
    အားရှိအောင် တောက်ပီး
    တူနှစ်ကိုယ် ဖျာစုတ်လေးတစ်ချပ်ပေါ်မှာ
    ဘာလုပ်မယ် ညာလုပ်မယ် ဆိုလားဘဲ …
    ကြားဖူးတာ ပျောပျဒါ ….

    • အလင်းဆက်

      September 29, 2013 at 7:42 am

      ဟွန်းး
      အတွေးဂိုဂ

      ဖျာစုတ်လေးပေါ်မှာ
      အသာထုတ်ပြလိုက်ပေါ့

      မှတ်ပုံတင် ပြောပါတယ်

      🙂

  • TNA

    September 29, 2013 at 5:19 pm

    အောင်မယ်လေးအေ ညဲဒို့ဒွေ 😳

  • Mr. MarGa

    October 26, 2013 at 3:08 pm

    အဲဒါကြောင့်မို့ နေမှာ
    သာလွန်မင်း တိုင်းခန်းလှည့်တုန်းက ထမင်းရည် သွန်ပစ်နေတဲ့ ကလေးအမေကို ကြိမ်စင်္ကြာနဲ့ ဆော်တာ။
    သာလွန်မင်းကို ကျေးဇူးတင်ရမယ်။
    သူ အဲလို လုပ်ခဲ့လို့ တို့တွေ ထမင်းရည် နပ်မှန်နေတာ :mrgreen:

    • alinsett

      October 26, 2013 at 3:39 pm

      ဒဂျားမဲ
      ပုံမှန် သောက်တာပဲလား
      ဒါမယ့်
      နီ ့ပုံက
      ကုတ်ကွကုတ်ကွနော့

      ခွစ်ခွစ်
      🙂

Leave a Reply