ဘလော့ခ်ရေးရာဝုယ်-1
စာရေးခြင်းသည် ကျွန်တော့်အတွက် ငြိမ်းချမ်း၏။လောဘ၊မောဟ၊ဒေါသနည်း၏။အပူအပင်နည်း၏။
ထို့ကြောင့် စာရေးခြင်းအလုပ်သည် ကျွန်တော့်အား ငြိမ်းချမ်းစေ၏။အကုသိုလ်နည်းစေ၏။ဘဝအား ဖြတ်သန်းရာ
တွင် ပေ့ါပါးလွတ်လပ်စေ၏။သို့သော် စာရေးသက်ကြာလည်သည်နှင့်အမျှ စာရေးသည့်အလုပ်သည်
ပေါ့ပေ့ါတန်တန်လုပ်ရ် မရကြောင်း အလေးအနက် သိလာရသည်။
ကျွန်တော်ရေးလိုက်သောစာသည် ပြီးကပြစ်ဖြစ်သွားပါက ချက်ခြင်း Response တက်လာသည်။အရင်ဆုံး
အယ်ဒီတာထံမှ အပြောခံရသည်။နောက် စာဖတ်သူမှ တဆင့် Response တက်လာသည်။ကြိုးကုတ်အားထုတ်လုပ်သည့်
စာမူဆိုလျှင်ကား ဖုန်းဖြင့်တစ်သွယ်၊လူဖြင့်တစ်သုံ အကြောင်းကြား အားပေးစကားပြောကြားကြသည်။အမှန်တော့
စာရေးသူတစ်ယောက်အတွက် စာဖတ်ပရိသတ်၏ အားပေးမှုလက်ခုပ်သံသည် အားဆေးတစ်ခွက်မုချပင် ဖြစ်သည်။
သို့သော် ထိုအားဆေးသည် ဖြူစင်မှုအရင်းခံပြီး ရယူဖို့ လိုအပ်သည်။စာဖတ်သူအား မညာရ၊မလိမ်ရ၊မဖြီးရ၊ရမ်းမတုပ်ရချေ။
စာဖတ်သူဆိုသည်မှာ မိမိထက် အသက်၊ဝါ၊အတွေ့အကြုံ၊ပညာကြီးသော်သူလည်း ပါသည်။ငယ်သော်သူလည်း
ပါသည်။ထို့ကြောင့် စာဖတ်သူများအား လေးစားရမည်။ငါရေးသည့်စာ ဖတ်ချင်ဖတ်၊မဖတ်ချင်နေသဘောမျိုးဖြင့်
မရေးရချေ။ယင်းသို့သော် စည်းမျဉ်း၊စည်းကမ်း၊ဘောင်များသည် Printing Media များတွင် အတွေ့ရနည်းသလောက်
Online Media များတွင်ကား အတွေ့ရများပေသည်။အထူးသဖြင့် Blog များတွင် အတွေ့ရ များတတ်သည်။
Blogger များ၊Free and Fun Site Creator များ
မြန်မာဘလောခ်ရေးသူများအား လေ့လာကြည့်ရာတွင် အကြမ်းဖျဉ်းနှစ်မျိုးနှစ်စားခွဲခြားနိုင်သည်။တစ်မျိုးကား
အပျော်တမ်း ဘလော့ခ်ကာများ၊နောက်တစ်မျိုးကား မိမိသက်ဆိုင်ရာ၊ကျွမ်းကျင်ရာနယ်ပယ်အလျှောက် ရေးကြသူများပင်
ဖြစ်သည်။ပထမတစ်မျိုးကား အတွေ့ရများသည်။ Blogger,Free Fun Site Creator တစ်ယောက်၏
အသက်၊အတွေ့အကြုံတို့မှာလည်း ဆယ်သုံးနှစ်မှ သုံးဆယ်ကျော်အထိ တွေ့ရတတ်သည်။အများဆုံး ဆယ်ရှစ်၊ဆယ်ကိုးမှ
နှစ်ဆယ်ကျော်ဝန်းကျင်လူငယ်များ ဖြစ်ကြသည်။
နောက်တစ်မျိုးကား မိမိ Professional အလိုက် ကွန်ပြူတာဆိုလည်း ကွန်ပြူတာဆိုင်ရာဘလောခ်လုပ်ကြသူများပင်
ဖြစ်သည်။ နည်းပညာနှင့်သက်ဆိုင်သော ဘလော့ခ်လုပ်သူများသာ များကြပေသည်။
Online Readers
အွန်လိုင်းစာဖတ်ပရိသတ်နှင့်ဘလော့ကာတို့သည် တစ်ဦးတည်းဖြစ်သည့်အခါနှိုက်လည်း ရှိသကဲ့သို့ စာရေးသည့်လိုင်းက
သက်သက်၊စာဖတ်သည့်လိုင်းက သက်သက် ခွဲထွက်သည့် တစ်လိုင်းမောင်းသမားများလည်း
ရှိကြပေသည်။အွန်လိုင်းစာဖတ် ပရိသတ်ထဲတွင် ပြည်ပရောက်မြန်မာများနှင့်ပြည်တွင်းရှိ ဆယ်ကျော်သက်လူငယ်အုပ်စုတို့
ကား အဓိက အမာခံပရိသတ်အဖြစ် ရှိကြသည်။ချွင်းချက်အဖြစ် အင်တာနက်နှင့်မကင်းနိုင်သည့် လုပ်ငန်းလုပ်နေရသည့်
သုံးဆယ်ကျော်ယောက်ကျား၊မိန်းမတို့လည်း စာဖတ်ပရိသတ်အထဲ ပါဝင်ပေသည်။
ဘာရေးကြမလဲ
ဆိုခဲ့သည့်အတိုင်း အင်တာနက်အသုံးပြုသူများနှင့်အင်တာနက်ပေါ်တွင် ကျင်လည်လှုပ်ရှားရေးသားနေသည့်
ဘလော့ခ်ကာ များသည် လူငယ်အများစုဖြစ်သည့်အလျှောက် လူငယ်သဘာဝ မိမိအားသန်ရာ ဆိုဒ်များကို
ပြုလုပ်ကြသည်။Porn ဆိုဒ်လုပ်သူရှိသလို NGO ဆိုဒ်လုပ်သူများလည်း ရှိသည်။တိုင်းပြည်၏ အနာဂတ်သည် လူငယ်များ
အပေါ်တွင် မူတည်သည့်အချက်ကို ဂရုပြုလေးစားသည်ဆိုပါက ယင်းလူငယ်များသည့် တိုင်းပြည်၏အနာဂတ်ဖန်တီးရှင်
များ ဖြစ်ကြသည်။ယင်းတို့ ယနေ့လုပ်နေသော်အလုပ်သည် နောင်မနက်ဖြန်အတွက် အသီးအပွင့်ဖြစ်လာနိုင်သည်။
တိုင်းပြည်ရဲ့အနာဂတ်လူငယ်များသည် အင်တာနက်ပေါ်တက်ကာ ဘာလုပ်ကြမည်နည်း။ဘာထိုင်ရေးကြမည်နည်း။
ရည်ရွယ်ချက်မရှိဘဲ၊ဦးတည်ချက်မရှိဘဲ ထောင်ထားသောဆိုဒ်များတွင် အချိန်ကုန်မည့် အစား အကျိုးရှိမည့် ဘယ်သို့သော်
အရာကို ပြုလုပ်ကြမည်နည်း။မြန်မာလူမျိုးတစ်ယောက်၏ တစ်နေ့တာ တိုးတက်မှုသည် မြန်မာနိုင်ငံ၏ တစ်နေ့တာ
တိုးတက်မှု တစ်ခုပင်ဖြစ်သည်။လူတစ်ယောက်မှအစ လူအများအထိ ဖြစ်သွားသော်အခါနှိုက်တွင်မှု မြန်မာနိုင်ငံသည်
လူငယ်အများစုတိုးတက်သောနိုင်ငံဖြစ်လာပေလိမ့်မည်။ယင်းလူတော်လူငယ်များကြီးပြင်းလားသော်အခါတွင်ကား
တိုင်းပြည်၏ အနာဂတ်သည် ထွန်းပြောင်လာပေလိမ့်မည်။ထို့ကြောင့် အင်တာနက်ပေါ်တွင် တစ်နေ့ကုန်ထိုင်ပြီး
ဘာအကျိုးရှိအောင် ရေးမည်ဆိုသည်ကို မိမိဘာသာစဉ်းစားပါ။ဆုံးဖြတ်ပါ။ဝေဖန်ပါ။သုံးသပ်ပါ။အဘယ်ကြောင့်ဆိုသော်
လူငယ်တစ်ယောက်အတွက် အကျိုးရှိမည့်အရာသည် ပညာတည်းဟူသောအရာကလွဲပြီး ကျန်ခြင်းရာ မရှိသောကြောင့်
ဖြစ်သည်။
(ဆက်ပါအုန်းမည်)
5 comments
zawana
August 5, 2010 at 2:17 am
လူငယ်တွေအတွက် အရမ်းကောင်းတဲ့ ပို့စ်တစ်ခုပါပဲ… အခုခေတ် လူငယ် တော်တော်များများက အင်တာနက်ကို အချိန်ဖြုန်းလို့ကောင်းတဲ့ နေရာတစ်ခုလို သတ်မှတ်ထားကြတာ တွေ့ရတယ်။ အကျိုးရှိတဲ့ အချိန်တွေကို အကျိုးရှိတဲ့ နေရာမှာ သုံးတတ်အောင် လမ်းညွန်ပေးတာမျိုး လုပ်သင့်တယ်ထင်တယ်။
ဆက်ရေးပါဦး… အားပေးလျှက်ပါခင်ဗျာ။
ic
August 5, 2010 at 6:41 am
ကောင်းပါ့ အစ်ကိုကြီးရေ အဲဒီလို ပိုစ့်မျိုးအတွက် ကျေးဇူးတင်ပါတယ်..
ဆက်ပါဦးနည်းနည်းလောက် အဟိ
kopauk mandalay
August 5, 2010 at 4:19 pm
မှန်ပါတယ် ဒါက စဉ်းစားဆင်ခြင်တတ်တဲ့ အရွယ်ရောက်နေပြီဖြစ်တဲ့ လူကြီးတစ်ယောက်ရဲ့အတွေးပါ၊
ဆင်ခြင်တတ်တဲ့ လူကြီးကတော့ လုပ်လိုက်သမျှ အရာမှန်သမျှကို တန်ဖိုးနဲ့ချိန်ထိုးပြီးတွက်မှာ အမှန်ပါဘဲ။
စဥ်းစားတတ်တဲ့လူကြီးကိုး။
လူငယ်ကတော့ လူငယ်ဆိုတဲ့ သူတို့စိတ်ဝင်စားတာတွေကိုတော့ အကျုးိရှိခြင်းမရှိခြင်းနဲ့ချိန်စက်မကြည့်ဘဲ
အတိုင်းပျော်မယ်ပါးမယ်ဆိုတာလေးကို ဦးစားပေးမှာအမှန်ပါဘဲ။
ဒီတော့ကျနော်တို့က ကလေးတွေကို သူတို့လုပ်ချင်တာကို အကျိုးမရှိဘူးဆိုပြီး ဇွတ်ပိတ်ပင် ဇွတ်နားတွေချ ဇွတ်တရားတွေပြနေမယ်ဆိုရင်
ကျနော်တို့နဲ့သူတို့ပိုဝေးသွားမှာအသေအချာပါဘဲ။
ဒါကြောင့်လဲတစ်နေကုန်အကျိုးရှိတာတွေလုပ်ပါလို့ တိုက်တွန်းမယ့်အစား မင်းတို့ ဝါသနာပါတာလေးတွေကိုလဲလုပ်ပါ။
နောက် ပြီးတော့ မင်းတို့ဘဝအတွက် အကျိုးရှိတာလေးတွေကိုလဲ လုပ်ပါလို့ မျှတစွာတိုက်တွန်းချင်ပါတယ်။
တကယ်ပြောရရင် ကျနော် ကိုပေါက်(မန်းတလေး)ကလဲ အပျော်တမ်းဘလော့ဂါပါ။
စာရေးတာ ဝါသနာပါတာရယ် လူငယ်တွေကို ကိုယ်သိသလောက်ကလေးပြောပြမယ်
ကို်ယ်တွေးမိတာလေး ချပြမယ် ဖတ်မိတဲ့အထူးသဖြင့်ကလေးတစ်ယောက်မှာကောင်းသော
အတွေးတစ်ခု အသိတစ်ခုရပြီ ဆိုရင် တန်တယ်လို့ခံယူပြီးရေးပါတယ်။
တစ်ခါတစ်လေမှာ လူငယ်ကြိုက် ဟာသလေးတွေ ပေါ့ပေါ့ပါးပါးလေးတွေလဲ ရေးပေးပါတယ်။
ဥပမာ (ချက်တင်ချစ်သူလို အပျိုကြီးဖြစ်ရတဲ့အကြောင်းရင်းလို ဖန်စီ ကဗျာလေး)တွေမျိုးပေါ့။
တနည်းအားဖြင့်ပြောရရင် လူစုတာပါ။
ဒါကြောင့်ကျနော်တို့လူလတ်ပိုင်းတွေက လူငယ်တွေကိုကျနော်တို့နဲ့ အတူပါလာအောင် သူတို့ ကြိုက်တာလေးတွေကိုလဲ ခွင့်ပြူ ကို်ယ်ဖြစ်စေချင်တာလေးတွေလဲ
လုပ်ပါလို့ ခွင့်ပေးပြီး ဆွဲခေါ်လိုက်ရင် မကောင်းဘူးလားဗျာ။
mr.dark blood
August 6, 2010 at 8:56 am
အမှန်ပေ့ါဗျာ…။
ဒါ အသင့်တော်ဆုံးနည်းလမ်းပါပဲ။
Yin Nyine Nway
August 6, 2010 at 9:15 am
ဟုတ်တယ်
ဘလော့လေးတွေရှိတော့ပညာရတာပေါ့