Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သံယောဇဉ်ကြီးသူကြီး ကိုထူးဆန်းသို့ သံယောဇဉ်ကြီးသူကြီး ဘလက်ချောမှ မေတ္တာစာတစ်ပုဒ်…။

black chawSeptember 30, 20131min60432

( အူအတက်ယောင် လို့ ခွဲစိတ်ခံရပြီးဆေးရုံမှာ ၉ ရက်လောက် နေစဉ်
ဖတ်လိုက်မိပြီး၂၈-၉-၂၀၁၃ ည ၉ နာရီ ခန့် က အိမ်ပြန်ရောက်ပါသည်။
ယခု ရေးတင်လိုက်ပါသည်။ )

ဒီနေ့ တနင်္လာနေ့မနက်ပိုင်း ရတဲ့အချိန်လေး အင်တာနက် ဆိုင် ဝင်ထို်င်မိပါတယ်…။
ထုံးစံအတိုင်း…ရွာထဲ ဘာတွေ ဖြစ်နေပြီလဲ ဆိုတာလေး…စနည်းနာလိုက်တော့…
အထက်ပါ ကိုထူးဆန်းရဲ့ အူအတက်ယောင်လို့ ခွဲစိတ်ကုသခံရတယ်ဆိုတဲ့ သတင်းလေး ရတယ်ပေါ့ဗျာ…။
သတင်းပေးသူ ကိုယ်တိုင်က ပို့စ်ရေးတင်လိုက်တာ ခင်ဗျ…။

အော်…ကိုထူးဆန်းကြီးက နေမကောင်းဖြစ်နေတာတောင် ပို့စ်တစ်ပုဒ်ရေးပြီး…
ရွာကို သံယောဇဉ်ဘယ်လောက်ကြီးကြောင်း ပြသွားပါရော့လား…။
အင်း…ငါ့လို လေးလုံးခြောက်ပက် ပေါင် ၂၀ဝ ကျော်ခန္ဓာကိုယ်ပိုင်ရှင်ကြီးက တော့ရောတဲ့…။
ဟယ်…ငါလည်း ရွာကို သံယောဇဉ်ကြီးကြောင်းပြဖို့ ရေးလိုက်တော့မယ်…
လာလေရော့ ပို့စ် တစ်ပုဒ်…။

ကိုထူးဆန်းရေ…။
ခင်ဗျားပို့စ်မှာ ကွန်းမန့် သွားမရေးတော့ဘူးဗျာ…။
ဒီနေရာကပဲ ရေးလိုက်တော့မယ်…။
ကျန်းမာရေးကို ဂရုစိုက်ပါဗျာ…။
ကျန်းမာခြင်း သည် လာဘ်တစ်ပါး ဆို မဟုတ်လားဗျာ…။
အနိစ္စ အမြဲမရှိဆိုတာလေးကိုလည်း သတိရပါဗျာ…။
နေမကောင်းတဲ့ ကြားကရေးတဲ့ ခင်ဗျားပို့စ်လေးကိုဖတ်ပြီး…
ကျွန်တော် ဒီပို့စ်ကိုရေးဖြစ်တယ်ဆိုတာလေး…
သိစေချင်ပါတယ်ဗျာ…။

ကဲ ဒီလောက်နဲ့ပဲ ပို့စ်ကို အဆုံးသတ်ခွင့်ပြုကြပါဗျာ…။
မန္တလေး ဂဇက် ရွာရယ်
မန္တလေး ဂဇက် ရွာသူားတွေ (အားလုံးနော်…တစ်ယောက်မှမကျန်ဘူး)ရယ်
မန္တလေး ဂဇက် သူကြီး ဦးခိုင် ရယ်…
အားလုံးကို ချစ်ခင်လေးစားလျက်…
ဘလက်ချော…။
၃၀-၉-၂၀၁၃
တနင်္လာနေ့
နံနက် ၁ဝး၅၁
ရန်ကုန်မြို့…။

32 comments

  • Myo Thant

    September 30, 2013 at 11:13 am

    ကျနော်လည်း ပို့စ် မတင်နိူင်သေးပါဘူးဗျာ ၊
    ကြိုးစားပါဦးမယ် ၊

    ကိုထူးဆန်းလည်း အမြန်ဆုံးကျန်းမာပြီး
    ကျန်တဲ့ ရွာသူရွာသားအပေါင်းလည်း
    ခေါင်းကိုက် ဇက်ကြောတက်တာမျိုးကလွဲပြီး
    ကျန်းမာရွှင်လန်းနေနိူင်ကြပါစေ ၊
    ကိုဘလက်လည်း ဂရုစိုက်ဦးနော ၊

    • black chaw

      October 1, 2013 at 9:04 am

      @ Myo Thant ;
      ပထမဆုံးချီးမြှင့်ပေးတဲ့ ကွန်းမန့်လေးအတွက်ကျေးဇူးပါ ကိုမျိုးသန့်ရေ…။
      စကားအတင်းစပ်ရရင်ဖြင့်…
      ကျွန်တော်သည်လည်း
      အောက်တိုဘာ ၂၁ မွေးနေ့ရှင်ဖြစ်ပါကြောင်း…။
      :kwi:

      • Myo Thant

        October 1, 2013 at 11:21 am

        တကယ် ?

        အိုး ဟိုး ဟိုး တစ်ခုခုကြံရင်ကောင်းမယ်ထင်တယ် ၊

        အင်းးးးး ကိုမိုက်ကို ကြေးအိုးတိုက်ခိုင်းမှထင်တယ် ၊ 🙂

  • Wow

    September 30, 2013 at 11:22 am

    ယောနသံစင်ရော်ပုံလေးတင်ပီး… ဘယ်ဘက်ကိုပျံနေလဲ လေးဘလက်ရေ…. :kwi:

    • black chaw

      October 1, 2013 at 9:06 am

      @ Wow ;
      စင်ရော်မှန်းလည်းသိတယ်…။
      ယောနသံမှန်းလည်း သိတယ်…။
      ဂုဏ်ထူးမှတ် ပေးလိုက်ပြီ ဝေါင်းရေ…။
      နေဆီကိုပျံနေတယ်လို့သာ မှတ်ပါဗျာ…။
      🙂

  • မဟာရာဇာ အံစာတုံး

    September 30, 2013 at 11:33 am

    ဒီလူကြီး ဒီလူကြီး
    လှပြီးဝပြီးလာလို့
    ဂဇက်ကို မေ့သွားလေပြီလားလို့ …
    အင်းး မေ့မှ မေ့သေးဘဲနဲ့ …
    :mrgreen:

    • black chaw

      October 1, 2013 at 9:15 am

      @ မဟာရာဇာ အံစာတုံး + လုံမလေးမွန်မွန် ;
      အချိန်ကရှားတယ်ကွယ်…။
      ၂ ယောက်တစ်ခါတည်း ပေါင်းပြီး ကွန်းမန့်ပြန်လိုက်ပါတယ်…။
      နောက်ဆုတ်ဖို့ ကြိုးစားရင်း ရှေ့တိုးနေမိတာပါဗျာ…။
      သံယောဇဉ် သက်သေအဖြစ် ဒီနေ့လည်း ပို့စ် တစ်ပုဒ်
      တင်…ဦး…မှာ…။
      :mrgreen:

  • kai

    September 30, 2013 at 11:36 am

    ရန်ကုန်လာဖြစ်ရင်.. အတွေ့ချင်ဆုံးနောက်တယောက်ခင်ဗျ…။
    ဆိုတော့…
    မေတ္တာကြိုဆိုစာကလေး… ကျီးကန်း :mrgreen:

    • black chaw

      October 1, 2013 at 9:20 am

      @ kai ;
      ရန်ကုန်မြို့မှ လှိုက်လှဲစွာ ကြိုဆိုနေပါမယ်ဗျာ…။
      ရောက်မယ့်ရက်သာ သံချောင်းခေါက်လိုက်ပါ…။
      :mrgreen:

  • KZ

    September 30, 2013 at 11:43 am

    မသိပေါင်။
    ကျုပ် ရွာထဲ ဝင်လာချိန်မှ ပျောက်တာဆိုတော့
    ကျုပ်ကို မတွေ့ချင်ဘူးမှတ်တာပဲ။

    :kwi:

    • black chaw

      October 1, 2013 at 9:23 am

      @ KZ ;
      နိုး…နိုး…။ လုံးဝ…မဟုတ်ရပါဘူးဗျာ…။
      တိုက်ဆိုင်သွားတာပါ…။
      ဟေးဟေး…။
      :mrgreen:

    • Foreign Resident

      October 2, 2013 at 10:22 am

      KZ says:
      ” ကျုပ် ရွာထဲ ဝင်လာချိန်မှ ပျောက်တာဆိုတော့
      ကျုပ်ကို မတွေ့ချင်ဘူးမှတ်တာပဲ။

      :kwi: ”

      ဘယ်ကဟုတ်ရမှာတုန်း မခိုင်ဇာ ရယ် ။
      ဦးဘလက် က မခိုင်ဇာ ကို အရမ်း အရမ်း ကို ခင်တာပါကွယ် ။
      ဟို တစ်နေ့က မခိုင်ဇာ ရဲ့ Double Black ကို အရင်ဆုံး ဖွင့်ပြီး ၊
      အများဆုံး ဖြိုတာ ဘသူ မှတ်သဒုံး ။ ဟီ ဟိ ။

  • Ma Ei

    September 30, 2013 at 11:49 am

    ကိုထူးဆန်းအတွက် မေတ္တာစာကလေးကိုဖတ်ရင်း
    လက်ဘက်ရည်၊ကော်ဖီ တွေ သတိရနေပါတယ်…
    🙂

    • black chaw

      October 1, 2013 at 9:26 am

      @ Ma Ei ;
      လဘက်ရည်တွေ ကော်ဖီတွေလည်း
      တိုက်နိုင်အောင် ကြိုးစားနေပါတယ် မအိရေ…။
      ကွန်းမန့်လေးအတွက် ကျေးဇူးအထူးပါဗျာ…။
      :mrgreen:

  • TNA

    September 30, 2013 at 1:11 pm

    အူးဘလက်လဲ ရွာထဲပြန်ဝင်ပြီး နာစွန်နားဖျားလေးတွေဖောက်သည်ချပါအုံး။

    • black chaw

      October 1, 2013 at 9:32 am

      @ TNA ;
      နားစွန်နားဖျားကြားမိတာလေးတွေလည်း
      ဖေါက်သည်ချဖို့ ကြိုးစားပါ့မယ်ဗျာ…။
      ကွန်းမန့်လေးအတွက်ကျေးဇူးပါ မသည်းနုအေးရေ…။
      :mrgreen:

  • u kyein

    September 30, 2013 at 2:40 pm

    ဆရာဘလက်ချောရဲ ့တရားရေအေးတိုက်ကြွေးမဲ့နေ့တွေကိုစောင့်ကြိုနေပါတယ်။

    • black chaw

      October 1, 2013 at 9:41 am

      @ u kyein ;
      ကဲ ပြောနေကြာတယ်ဗျာ…။
      ဒီနေ့ပဲ အနိစ္စ အမြဲမရှိ ဆိုတဲ့ အကြောင်းကို
      တရားရေအေး တိုက်ကြွေးမယ်ဗျာ…။
      စောင့်နေစရာမလိုတော့ဘူး…။
      သောက်ရုံပဲ…။
      :mrgreen:

  • kyeemite

    September 30, 2013 at 4:18 pm

    ရဲဘော်ဘလက်ရဲ့ သံယောဇဉ်စာလေးတစ်ပုဒ်ပေါ့နော
    ကျုပ်ဆိုတဲ့ကြီးမိုက်တစ်ယောက် မနေ့က ရွာ့ကွပ်ပျစ်မှာဆွေးနွေးကြပီး
    ပြန်လာကတည်းက ခြေထောက်တောင်မြေကြီးနဲ့ထိတယ်မထင်.. 🙂
    ဝမ်းသာလွန်းလို့…ညနေဖက်ငွေအကုန်ထပ်ခံပြီး အံစာဂျီးကိုချော့ရသေး..ဟေးဟေး
    ဒီမနက်ရွာဝင်တော့လည်း စည်ကားနေတဲ့ရွာကြီးကိုတွေ့ရတော့ပီတိဖြစ်ပါ၏။ 😀

    • black chaw

      October 1, 2013 at 9:48 am

      @ kyeemite ;
      ပီတိ ကို များများစားပါ ဗျာ…။
      အားခွန်ဗလ တိုးပွားတယ်…တဲ့…။
      :mrgreen:

  • Ma Ma

    September 30, 2013 at 4:50 pm

    ရွာသူားတွေ အေးစက်စက်ဖြစ်နေကြတယ်ထင်နေတာ….
    အတွင်းစိတ်တွေက ခင်မင်နိုးကြားနေကြတယ်ဆိုတာ ဒီပိုစ့်တွေ ကွန်မန့်တွေက သက်သေပဲ။ 🙂

    • black chaw

      October 1, 2013 at 9:49 am

      @ Ma Ma ;
      သံယောဇဉ် သက်သေတွေပေါ့ မမရေ…။
      :mrgreen:

  • sorrow weaver

    September 30, 2013 at 4:54 pm

    ဦးဘလက် စာရေး ရမ်းနည်းသွားတယ်နော်… 🙂 ဖတ်ချင်လို့ပါဗျာ

    • black chaw

      October 1, 2013 at 9:54 am

      @ sorrow weaver ;
      လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဘဝမို့…
      အချိန်မရတာလည်း ပါပါတယ် ဗျာ…။
      ကြိုးစားရေးပါ့မယ်…။
      အခုလို ပြောတာ ကျေးဇူးအထူးပါ…။
      :mrgreen:

  • nozomi

    September 30, 2013 at 6:05 pm

    ကိုထူးဆန်းနဲ့ ကိုချော ရော ရွာသူား အားလုံးကျန်းမာရေးတော့ ဂရုစိုက်ကြပါ ဗျာ
    တစ်ခုခု ဆို ငွေလဲကုန် လူလဲပမ်း စိတ်လဲ ညစ်ရနဲ့ တကယ် မလွယ်ဘူး
    ကိုချောကြီး စာတောင် ရိုက်နိုင်သေးတယ် ဆိုတော့ စိတ်တော့ မပူရတော့ဘူး ပေါ့

    • black chaw

      October 1, 2013 at 10:42 am

      @ nozomi ;
      မမြင်ရတာရော (ရုပ်…၊ ပို့စ်…၊ ကွန်းမန့်…)
      မကြားရတာရော (ချိုသာနူးညံ့တဲ့ ကိုနိုဇိုးမိရဲ့ အသံကိုပြောတာပါဗျာ)
      အတော်ကြာပြီဗျာ…။
      မြင်လည်းမြင်ချင်ပါတယ်…။
      ကြားလည်းကြားချင်ပါတယ်…။
      မြင်ခွင့် ကြားခွင့်လေး ပေးသနားတော်မူပါဗျာ…။
      :mrgreen:

  • padonmar

    September 30, 2013 at 7:11 pm

    ဟုတ်ပ ၊စိတ်မပူရတော့ဘူး။
    လှည်းတန်းက ကောင်မလေးနဲ့လည်း တွေ့နိုင်ပြီတဲ့။
    (ကဲ စပိုင်မြင်အောင် ချွန်တွန်းလိုက်ပြီ)
    တကလဲတော်။
    သူတို့ တောင်လှေခါးကြီးခေါ်မှ လာကြတယ်။
    မကျေနပ်ဘူး။
    ချိုပေါ့ကျ ဖျော်တိုက်မှ ကျေနပ်မယ်။
    တခါးစောင့် ပေးမှ ကျေနပ်မယ်။
    နားစွန်နားဖျားပြောမှ ကျေနပ်မယ်။
    (ရွာသူားတွေ ဒို့အရေးအော်ကြရအောင်)

    • black chaw

      October 1, 2013 at 10:45 am

      @ padonmar ;
      လှည်းတန်းက ကောင်မလေးက အရင်ကဇာတ်လမ်းလေးပါ အစ်မရေ…။
      အခု ကျွန်တော့်ကို စိုးမိုးထားတာ ခင်ဝင့်ဝါ လေးခင်ဗျ…။
      ဟေးဟေး…။
      အော် … အနိစ္စ အမြဲမရှိဆိုတာ တယ်မှန်ပါလားဗျာ…။
      :mrgreen:

  • manawphyulay

    October 1, 2013 at 10:45 am

    မတွေ့တာ အတော်ကြာပြီ ဦးဦးဘလက်ချော ဘယ်မှာသွားပြီး ဘာစာရင်းတွေ ပြုစုနေပါလိမ့်

    • black chaw

      October 1, 2013 at 10:48 am

      @ manawphyulay ;
      ရန်ကုန်မြို့မှာပဲ ရှိနေပါတယ် မနောရေ…။
      ကျန်းခန့်သာ လို့ မာပါစဗျာ…။
      ဒီဝါကျွတ်ရင် စားရတော့မလားဗျ…။
      ဟေးဟေး…။
      :mrgreen:

  • ကထူးဆန်း

    October 2, 2013 at 9:31 am

    ရှဲ ရှဲ ပါ ဘဘ ဘလက်ရေ .. သံယောဇဉ် ဘယ်လိုရှိရှိ စားရေးနေရေးရှိနေသေးတော့ ဖတ်ရေးကိုနောက်တန်းပို့ထားရတာတွေ .. အဝိုင်းလည် မရပ်တဲ့ ကိုးနတ်ရှင် ရယ်နဲ့တော့ မကြာခဏတော့ ရွာနဲ့ ပြန်ဝေးဦးမှာပါဘဲ ..

Leave a Reply