တိုက်ပွဲခေါ်သံ
အခုတလော ကားလမ်းတွေပိတ်နေတာမတရားနင်းကိုဖြစ်နေတာပါပဲ။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်သုံးနှစ်လောက်ကိုပြန်စဉ်းစားကြည့်မိတယ်။ ရန်ကုန်မှာ ကားတွေများတယ် ဆိုပေမဲ့ ကားမောင်းရတာ ဘာပြသနာမှမရှိဘူး။ လိုင်းကားတွေကလဲ ဆိုးတယ်ဆိုပေမဲ့ သူ့လမ်းသူမောင်းပြီး အားလုံးအေးရာအေးကြောင်းပဲလို့ထင်မိတာပဲ။ အခုပါမစ် တွေ ထုပ်ပေးပြီးနောက်ပိုင်းမှာ ဆိုးဆိုးလာလိုက်တာ။ မြို့ထဲတခါထွက် ဟိုနားမယ် ဂျွတ်၊ ဒီနားမယ် အုန်း၊ ဟိုးရှေ့နားမယ်ဗျောင်းနဲ့နေအောင် ကားချင်းညိနေကြ တာတွေ့ရတယ်။ လိုင်းကားတွေဆိုတာလဲ သူမမောင်းတဲ့လမ်းမရှိဘူး။ လမ်းလုံးပြည့်ကိုမောင်းနေတာ။ Taxi ဆိုတာကတော့ အိုး တိုးမယ်တိုက်မယ် ဆဲမယ်ဆိုတာချည်းပဲ။ လမ်း ပြောင်းပြန် မောင်းတာတွေကလဲအတော်ကိုစိတ်ညစ်စရာပါပဲ။ ဘာဖြစ်လို့များတဖက်လမ်းဝင်မောင်းတယ်မသိဘူး။ ကျွန်မစဉ်းစားလို့ကိုမရဘူး။ တကယ်ပါ။ အားလုံးဟာလု ယက် မောင်းနေကြတာကိုစိတ်ပျက်စရာတွေ့နေရတယ်။ ငါသွားမယ်ဆိုတဲ့သူချည်းပဲ။ ရတယ်မင်းသွား ငါစောင့်မယ်ဆိုတဲ့သူတယောက်မှမရှိဘူး။ အခုကားမောင်းရင် အိုး ရှေ့နောက်ဝဲယာအကုန်ကြည့်တာတောင် တခါတခါ တိုက်တော့မလိုဖြစ်ဖြစ်သွားသေး။ ဘာမှန်းမသိ အတင်းတိုးဝင်တာပဲ။ ကိုယ်ကမမြင်လို့အရှိန်မလျော့မိရင် ညိပွဲပဲ။ နောက်ကအသာလိုက်ပေါ့။ ရှေ့ကားနဲ့ နောက်ကားတတောင်လောက်ကွာရင်ကို နောက်ကနေကျော် တက်ပြီးခေါင်းထိုးဝင် တာပဲ။ နောက်ရှိသေး ကျော်ပြီး တာနဲ့ ချက်ချင်း ကိုယ့်ရှေ့ဝင်ချလာတာ နားမလည်တာလား လူပါးဝတာလားစဉ်းစားလို့ကိုမရဘူး။ ဘယ်သွားသွားကားတွေချည်းပဲ။ ဒီကားလမ်းပိတ်တာကို ဘယ်လိုတင်စားရမှန်း ကိုမသိဘူး။ ပြောတော့ပြောချင်နေတာ။ ကားမောင်းပြီးချောချောမောမော အိမ်ပြန်ရောက်လာရင်တောင် ရင်တုန်ပန်းတုန်ဖြစ်နေရတဲ့ကာလဖြစ်နေလေတော့ ဘယ်လိုပြော ရမှန်းကိုမသိတုန်း အသိတယောက်နဲ့စကားစပ်မိတော့ သူကပြောတယ်
ဟိုနေ့က လှိုင်သာယာဘက်သွားတာ ဘုရင့်နောင်တံတားကိုလုတက်ရတာ တကယ့်ကို တိုက်ပွဲခေါ်သံပါပဲ အမရယ်တဲ့။
ဟုတ်ပါ့ရှင်။ သူပြောမှပဲ ကျွန်မတို့ကားမောင်းနေတာက တကယ့်ကို တိုက်ပွဲတခုဆင်နွဲနေရသလိုပါပဲ။ အကဲစမ်းလို့ကြောက်တဲ့ကောင်ကျန်ခဲ့ဆိုတာမျိုး ခေါင်းထိုးကြည့် လိုက်လို့ တွန့်သွားရင် နောက်ကားတွေလုသွားတာ ကိုယ်ကတိုက်ပွဲကျသွားသလိုပါပဲ။ 😥 မောပါ့ရှင်။
28 comments
ရာမည
October 6, 2013 at 6:29 pm
ဆက်ပြောပါဦး အစ်မကြီးရယ်
ဥပဒေကလည်း ခေတ်မမှီတော့ပဲ တဘက်စောင်းနင်းဖြစ်နေတယ်လေဗျာ။
TNA
October 6, 2013 at 8:39 pm
စောင်းနင်းချက်ကတော့ လမ်းမှာဖမ်းခံရရင် အကိုရယ် ကြည့်လုပ်ပါအုံးဆိုရင် ဘယ်နှစ်နာရီ ဘယ်ကိုလာခဲ့ ဆိုပြီး အမှု့ကြီးရင်ကြီးသလိုချိန်းတာ။
padonmar
October 6, 2013 at 8:23 pm
အခုတလောတော့ လမ်းပြောင်းပြန်မောင်းတဲ့ကားသမားတွေ ထောင်ချမယ်ကြားမိတယ်။
တကယ်လုပ်မလုပ်တော့ မသိ။
ဘုရင့်နောင်တံတားအတက်ကတော့ ပြိုင်လာရင် အရှုံးပေး နှလုံးအေးတဲ့ဆေးတဲ့။
နည်းနည်း နောက်ကျတာအရေးမကြီးပါဘူးလေ။
အိမ်က စောထွက်လိုက်တယ်။
TNA
October 6, 2013 at 9:12 pm
အခုတလောလေးတော့ လမ်းပြောင်းပြန်မောင်းတဲ့သူတွေမတွေ့မိတော့ဘူး အန်တီဒုံရေ။ တကယ်ဖမ်းတယ်ထင်ပါ့။ ကမ်းနားလမ်းမှာပိုသိသာတယ်
မဟာရာဇာ အံစာတုံး
October 7, 2013 at 7:20 am
အိုက်ဒီ တိုက်ပွဲခေါ်သံ ကတော့ လွယ်ဘာဝူးးး

ကားတွေ ကြပ်တာကလည်း ပြော မပြောချင်ဝူးးး
နာရီဝက် ခရီးကို ၁ ခွဲလောက် သွားနေရတယ် …
ရန်ကုန်မှာ နေရဒါ ရေလည် စိတ်ညစ်ဖို့ ကောင်းလာဘီ …
ဒီအတိုင်းဆို ရွာဘဲ ပျံနေဒေါ့မယ် …
ချစ်သည်းလေးကို ခေါ်ပီးဒေါ့ပေါ့ကွယ် … ငှယ် .. ငှယ် …
TNA
October 7, 2013 at 3:24 pm
ဟဲ့ ဟိုကလိုက်မှာမို့လားအေ။ သေချာအောင်မေးပါအုံး။ မတော် တယောက်ထဲပြန်သွားရအုံးမယ်အေ 😀
alinsett
October 7, 2013 at 7:24 am
ဘုရင့်နောင် တံတားကို ဖြတ့်ပြီး လှိုင်သာယာဘက်သွားတုန်းက
လိုင်းကားကျပ်ကျပ်ပေါ်မှာ
စစ်တိုက်ရသလို ပင်ပန်းခဲ့ဖူးတယ်
အန်တီ သဲ ပြောာသလိုပါပဲ
တိုက်ပွဲခေါ်သံပေါ့
ဆိုလိုက်ဦးမယ်
ဂဘာ မကြေ
ဗမာ ပြည်. . . . . .
🙂
TNA
October 7, 2013 at 3:25 pm
ကဲ ဆိုအေ ဒညင်းဝက်ရေ နာဒို့ဆိုင်းဘုတ်ကိုင်မယ် ညီးရှေ့ကနေနော်
Wow
October 7, 2013 at 9:11 am
ဟင့် နေ့တိုင်းတိုက်ပွဲခေါ်သံတွေနဲ့ ရုံးတက်နေရသပေါ့ :harr:
TNA
October 7, 2013 at 3:26 pm
အောင်မြင်ပါစေ အောင်မြင်ပါစေ အောင်မြင်ပါစေ 😀
sorrow weaver
October 7, 2013 at 9:50 am
အဲ့လာပေါ့ ..သူကြီးပြောတဲ့ နှစ်တထောင်ကျိန်စာ ….( ဆိုင်မဆိုင် မတိဘူး ..ရောကြိတ်တာ… အဟိဟိ )
TNA
October 7, 2013 at 3:28 pm
စနစ်ကြောင့်မဟုတ် စနစ်ကြောင့်မဟုတ် ( ဒဂျးီးပြောဒါ )
kyeemite
October 7, 2013 at 10:26 am
ဟုတ်တယ်ဗျာ…
ကားမောင်းပြီးချောချောမောမော အိမ်ပြန်ရောက်လာရင်တောင် ဝမ်းသာနေရတာ။
ဒါကြောင့်မလွှဲသာမှပဲ ကားသုံးတော့တယ်။ :harr:
မဟာရာဇာ အံစာတုံး
October 7, 2013 at 10:50 am
ကား မသုံးဂျင်လည်း

ကျော့် ဆိုက်ကားနဲ့ လဲလို့ ရဘာဒယ် …
ဘိုလဲ … အကြော်သည်ဂျီး ..
TNA
October 7, 2013 at 3:31 pm
ညီးနာနေအုံးမယ်မိအံရေ။ ချင်းချင်းချားချားပြော
TNA
October 7, 2013 at 3:30 pm
ဟုတ်ပါ့ ဦးမိုက်ရေ။ ကားမောင်းရတာ ချွေးကိုပြန်နေတာပဲ။ ဒီကြားထဲ မိန်းမမောင်းလာတာဆိုပြီး တက်ဆီတို့ လိုက်ထရပ်တို့ကဖင်နဲ့ရိုက်ရိုက်ပြီးဝင်သွားတာရှိသေး။ ဆင်းရိုက်ချင်တာ 😥
KZ
October 7, 2013 at 11:05 am
နာ့ အမွသဲရဲ့
တိုက်ပွဲခေါ်သံကို သီဟတင်စိုးနဲ့ ရိုက်ရင် ကောင်းမားးးးး၊ နေထက်လင်းနဲ့ရိုက်ရမားးးးးးး 🙄
😀
TNA
October 7, 2013 at 3:33 pm
ဟင့် ကိုနေကိုတိုးလေးနဲ့ အဲလေ နေတိုးလေးနဲ့ပဲရိုက်မွှာ
black chaw
October 7, 2013 at 3:14 pm
တိုက်ပွဲခေါ်သံ ဆိုလို့
လွတ်လပ်ရေးမရရှာသေးတဲ့ သီဟတင်စိုးကြီး မှတ်နေတာ…။
အင်း…။
သီဟတင်စိုး တိုက်တဲ့ တိုက်ပွဲထက်တောင် ကြမ်းနေပါပေါ့လား…။
အားပေးသွားပါတယ် မသည်းနုအေးရေ…။
😀
TNA
October 7, 2013 at 3:35 pm
ဟီး ကားမောင်းရတာ ချွေးပြန်နေတုန်း အသိပြောလိုက်တဲ့စကားလေးသဘောကျလို့ရေးလိုက်တာပါဦးဘ လက်ရေ။ ကြမ်းချက်ကတော့
ကျွန်မလဲရှေ့ကနေလုပ်ချင်တာလုပ်တာပါပဲ။ မတိုက်ပြီးရော ပေါ့နော့ 😀
ကျော်စွာခေါင်
October 8, 2013 at 5:33 am
မနုအေး
ကျနော်ဆို မောင်းရဲမှာကို မဟုတ်ဘူး..ရန်ကုန်မှာလေ..။
လိုင်စင်တာ ရသွားတာ တစ်ချို ့က လမ်းစည်းကမ်းလည်း မသိ… စည်းကမ်းထိမ်းသိမ်းသူကလည်းမမှန်
အဲဒီ စနစ်ကြီးကို ဘယ်ကစ ဘယ်လိုပြင်ကြမယ် ဆိုတာ စဉ်းစားကြည့်တာနဲ ့..ရင်မောတယ်.. မနုအေးရေ..။
တိုင်းပြည်က တံခါးဖွင့်တော့ ဧည့်သည် နိုင်ငံခြားသားတွေ လာရင် အထင်သေးမှာ..။
လမ်းမကောင်းတာထက် စည်းကမ်းမကျတာက ပိုပြီး မျက်နှာပူစရာကောင်းတယ်..။
TNA
October 8, 2013 at 11:22 am
ဟားစည်းကမ်းမရှိတာတော့ ဟိုအုတ်သဲကျောက်တင်တဲ့ကားလိုမျိုးမောင်းတဲ့သူတွေက ပိုတောင်ဆိုးသေး။ လမ်းစည်းကမ်းလုံးဝနားမလည်တာအရမ်းထင်ရှားတယ်။ မနေ့ကဆို လမ်းကျဉ်းထဲကွေ့ဝင်တာ သူကနောက်ကလိုက်ကွေ့ရမှာကို စိတ်မရှည်လို့တဲ့ ကျွန်မနဲ့ယှဉ်ပြီးအတင်းအရှိန်နဲ့လိုက်ကွေ့ဝင်တာ။ လုံးဝမထင်ထားဘူး။ ဘေးမှာဘွားကနဲ့သူ့ကားခေါင်းတွေ့လိုက်မှ လန့်ပြီးကိုယ့်ကားခေါင်းသိမ်းတာမြန်လို့ မဟုတ်လို့ကတော့တိုက်ပြီ။ အလျော်ရမှာလဲမဟုတ်ဘူးရယ်။ 😥
Ma Ma
October 8, 2013 at 8:15 am
တိုက်ပွဲခေါ်သံဆိုလို့ သေနတ်များ ကိုင်ထားလားဆိုပြီး မရဲတရဲ ဝင်ကြည့်ရတယ်။ 😀
ယာဉ်ကြောပြောင်းပြန် မောင်းရင် အရင်ကလို ဒါဏ်ရိုက်တာရော၊ ထောင်ချတာအထိပါလုပ်မယ်လို့ ပြောသံကြားပြီး စည်းကမ်းလိုက်နာမှဖြစ်တော့မယ်လို့ အတွေးဝင်လာတယ်။
အဲလိုနဲ့ညက ဘုရင့်နောင်ကအပြန် ကားတွေကြပ်ပြီး လုံးဝမရွေ့တာနဲ့ ယာဉ်ကြောပြောင်းပြန်ကျော်တက်ပြီး သွားလိုက်ရတယ်။ 😀
မမြင်ချင်ဟန်ဆောင်ပေးကြပါနော်။ 😀
TNA
October 8, 2013 at 11:24 am
အင်း ဟင့်အင်း များဘာမှညင်ဘူးရယ်။
Novy
October 8, 2013 at 11:39 am
အဟုတ်ပါပဲ အမသဲနုရေ..
အိမ်ကနေထွက်လာပြီး ကားပေါ်တက်တဲ့အထိတော့ ဘုရားစာလေးရွတ်ပြီး
အေးအေးချမ်းချမ်းပါပဲ ကာမောင်းရင်းနဲ့ ဘုရားစာလေးရွတ်ပေါ့
မကြာခင်မှာပဲ ဘုရားစာလေးရွတ်သံပျောက်ပြီး တိုက်ပွဲခေါ်သံကစရတော့တာပဲ
စိတ်ဆိုတာကလည်း အထိန်းရတယ်ခက်သကို
TNA
October 8, 2013 at 8:38 pm
ဒီနေ့ပဲ ရှေ့ကားပိတ်လို့ရပ်စောင့်နေတာ။ ရှေ့ကားလဲထွက်သွားရော နောက်က တက်ဆီကကျော်တက်လာ ပြီး ယှဉ်မောင်းရင်း အဆဲပေါင်းစုံဆဲသွားတယ်။ သူလဲမှန်ပိတ် ကိုယ်လဲမှန်ပိတ်မို့ မကြားရလို့သာ ကြားရလို့ ကတော့ဆင်းရိုက်မိမလားပဲ။ ဘုရားစာလဲမေ့တာပါပဲ မနိုဗွီရေ။
ဦးကျောက်ခဲ
October 9, 2013 at 9:54 am
ရန်ကုန်မှာကားမောင်းရတာတော့ သဲထိတ်ရင်ဖိုပဲ…
“ဇ” မရှိရင် မမောင်းရဲဘူး၊ အထူးသဖြင့် လိုင်းကားတွေ အဆိုးဆုံး…
ပီယဝါစာ ချစ်ဖွယ်သောအသံလေးနဲ့ ဂါထာတွေရွတ်သွားတဲ့ စပယ်ရာတွေကို…
ရွှေဉာဏ်တော်စူးရောက်လွန်းလို့ နားရင်းကျင်းချင်တာ ခဏခဏပဲ…
😀
TNA
October 9, 2013 at 12:05 pm
အဂျစ်လေးနဲ့တင်မောင်းရရင်တော့ ဒါတွေတိဒေါ့ဝူးမှုတ်လား ကျောက်စ်။ အဂျစ်လေးနဲ့ကျတော့ ကိုယ့်ရင် ခုန်သံနဲ့ကိုယ်သဲထိပ်ရင်ဖိုဖြစ်နေရဒယ်မှတ်တယ်။