Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘာပဲပြောပြော…မိုးစက်ဝိုင် နှင့် အစပြုသည်…။

black chawOctober 9, 20131min89347

ဘာပဲပြောပြော…မိုးစက်ဝိုင် နှင့် အစပြုလိုက်ပါသည် ပေါ့ ခင်ဗျာ…။
ဟေးဟေး…။
တိမ်တွေပြာမပြာတော့မသိဘူးဗျာ…။
နေ့ကတော့ ပြီးခဲ့တဲ့ စနေနေ့ပေါ့…။
နေရာက ဂျဒ်စင်ရှေ့ က Prome စားသောက်ဆိုင်မှာပါ…။
မင်္ဂလာဆောင်တော့ မဟုတ်ဘူးကွယ်…။
လူပြိုကြီး အမတ်မင်းရဲ့ မွေးနေ့ပွဲလေး ကျင်းပနေတဲ့ အခိုက်ပေါ့…။
အနီတွေရော နှစ်ခါပြန်အနက် တွေရောနဲ့ ကောင်းနေကြတဲ့ အခိုက်ပေါ့…။
ညီမငယ် နွယ်ပင်က သူ့ကိုကို Rကြီးကို
(Rဇာနည် မဟုတ်ပါ…။ မူလလက်ဟောင်း Rဂခင်ဗျ…။)
ဖေ့ဘုတ်ပေါ်က ပုံလေးတစ်ပုံလှမ်းပြပါတယ်…။
ဟုတ်ပါတယ်…။
မိုး…စက်…ဝိုင်…ပုံပါ…။
( Lamborghini ) ကား လေးပေါ်က ဆင်းလာတဲ့ မိုးစက်ဝိုင် ပုံပါ…။
ထပ်ပြီး အထူးပြုရရင် သူမ နံဘေး မှာ ပုဂ္ဂိုလ်အကောင်းစားလေးတစ်ယောက်ကလည်း ရပ်လို့ဗျ…။
အဲဒီ ပုဂ္ဂိုလ် ကြောင့်ရယ်ပဲ သူမရဲ့ Image ဟာ ကျဆင်းသွားခဲ့ရ…။
အော် နန်းခင်ဇေယျာ တုန်းကလည်း ရွာထဲပို့စ်တစ်ပုဒ်တင်ပြီး ဂုဏ်ပြုခဲ့ပါတယ်…။
(နန်းခင်ဇေယျာလေးနဲ့ ညားရပါစေရဲ့ ဆိုပြီးတော့လေ…။)
နောက် ခင်ဝင့်ဝါ လေးကျတော့လည်း တာဝန်သိသိ ဂုဏ်ပြုခဲ့ပါတယ်…။
(တကယ့်ယောက်ျားတွေအတွက်…တကယ့်ခင်ဝင့်ဝါ ဆိုပြီးတော့ပေါ့…။)
အခု မိုးစက်ဝိုင်…။
ဒင်းကလေးကိုလည်း ပို့စ်လေးတစ်ပုဒ်တော့ ရေးထုတ်ပြီးသကာလ ဂုဏ်ပြုလိုက်ဦးမဟဲ့ပေါ့လေ…။
အကြံအစည် တကယ်ကြီးကို ရှိထားခဲ့ပါကြောင်း ဝန်ခံပါတယ် ကိုကိုတို့ရေ…။
သို့သော်လည်း…
( Lamborghini ) ကားရယ်…၊
နာမည်ကျော် ပုဂ္ဂိုလ်လေးရယ်၊
ဒင်းကလေးရယ်ကို…
အတူတွဲ တွေ့လိုက်ရတော့ အဖြူရောင် ဂုဏ်ပြုချင်တဲ့စိတ်တွေပျောက်ပြီး…
ကွယ်…အမည်းရောင် ဂုဏ်ပြုချင်စိတ်တွေ ပေါ်လာတော့တာပဲဗျာ…။
အဲဒီအကြောင်း အဘဖေါက ပို့စ်တစ်ပုဒ်တင်ခဲ့ပြီးပါပြီ…။
ဆိုတော့…
မိုးစက်ဝိုင်ရေ…
နေတတ်ထိုင်တတ်တယ်ဆိုတာလည်း…
ပညာရပ်တစ်ခုပေပဲမို့…
ဘယ်လိုနေဘယ်လိုထိုင်ရမယ်ဆိုတဲ့ ဘာသာရပ်ကလေးကိုပါ…
လေ့လာသင်ယူထားဖို့ အကြံပေးချင်ပါတယ်ဗျာ…။

ကဲ…မိုးစက်ဝိုင် ကို ဒီနေရာမှာတင် သတ်ပစ်လိုက်တော့မယ်ဗျာ…။
(ခရက်ဒစ် တူ ကိုအောင်မိုးသူ ကဗျာ)
မိုးစက်ဝိုင် အကြောင်းတော်ကြစို့ရဲ့…။
တခြားသတင်းလေးတွေဘက် လှည့်ကြဦးစို့…။
Iron Cross ရဲ့ ဖခင် စောဘွဲ့မှူး ရဲ့ သားမက်…၊
မီးမီးခဲ ရဲ့ လင်တော်မောင် (လက်ရှိ ကွဲကွာနေကြတယ်လေကွယ်)
ထူးအယ်လင်းတစ်ယောက် အင်တာဗျူးတစ်ခုမှာ သူ့အိမ်ထောင်ရေးကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေတယ်ဆိုလား…။
I’m trying ရယ်လို့ ပြောသွားပါတယ်တဲ့ဗျာ…။
ဆက်ကြိုးစားပါ ထူးအယ်လင်း ရေ…။
ပရိသတ်အားလုံးကလည်း ခဏတာ ကွဲကွာနေကြတဲ့ ခင်ဗျားတို့ စုံတွဲရဲ့
ပြန်ပေါင်းထုတ်ခန်းကို စောင့်မျှော်နေကြပါတယ်…။
မိုက်ကယ်ဒေါက်ကလပ်ကြီးနဲ့ ကက်သရင်းဇီတာဂျုန်းကြီးတို့တောင်
နောက်ဆုံးမင်းရဲ့ ရင်ခွင်ဆီ ဆိုပြီး ပြန်ပေါင်းထုပ်ဖို့ လုပ်နေကြပြီဗျ…။
ကိုယ်ပေးသော်လည်း ပေးတိုင်းပြန်မရတာ…
အချစ်လို့ ခေါ်သလား
ဆိုတဲ့ သီချင်းလေးနဲ့ လူပျိုပြန်လှည့်ကြည့်ဖို့ အကြံပေးလိုက်ပါတယ်ဗျာ…။

ပြီးခဲ့တဲ့ အပတ်က ရေးခဲ့တဲ့ မေဆွိ မေခလာ Two Women Show သတင်းနဲ့ ပတ်သက်ပြီး
ပြင်ဆင်ဖြည့်စွက်ချက်လေး ထည့်ပေးလိုက်ပါရစေဦး…။
ပွဲစီစဉ်သူတွေက ကြော်ငြာတွေမှာ Two Lady Show တဲ့ ခင်ဗျာ…။
ဟေးဟေး…။
ဒီလိုပွဲမျိုးကို ဒီလိုပဲ ရေးတဲ့ အစဉ်အလာရှိတယ် ထင်ပါရဲ့…။
ငါးဆယ်ကျော် ကြီးတွေပဲဆိုပြီး ဘလက်ကြီးက Women လုပ်ထည့်လိုက်တာ ဟုတ်ဘူးတဲ့ဗျ…။
လေဒီ ပဲတဲ့…။
နည်းနည်းမှ မလျှော့ဘူးတဲ့…။
ကဲစိတ်ချမ်းသာသလိုသာရှိပါစေတော့ကွယ်…။
Two Lady Show လို့ သာ မှတ်ကြပါတော့…။
ပွဲ နေ့က အောက်တိုဘာ ၁၁ ရက်နော်…။
နေရာက အမျိုးသား ကဇာတ်ရုံ…။
လက်မှတ်ဈေးနှုန်းတွေက ၃၀၀၀၀၊ ၂၅၀၀၀၊ ၇၀၀ဝ တဲ့ ခင်ဗျာ…။
ကဲ…ဝူးမန်းနှစ်ယောက်ရဲ့ Two Lady Show သတင်းလေးပါဗျာ…။
ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးခြင်းမပြုတော့ဘူးဆိုပြီး ကြေညာထားခဲ့တဲ့…
အကယ်ဒမီ မယ်လိုဒီ တစ်ယောက် ဇာတ်ကားတွေ ပြန်ရိုက်နေပါပြီတဲ့ ခင်ဗျာ…။
ပွားစရာ သတင်းတွေက အများကြီးရှိနေသေးပေမယ့်
အချိန်ကြောင့် ဒီလောက်နဲ့ပဲရပ်နားခွင့်ပြုပါဗျာ…။

47 comments

  • ရာမည

    October 9, 2013 at 10:01 am

    ဝိုင်​တခွက်​ကိုလ
    မြိုရက်​​ပေ့သူ့ခံတွင်​း
    ဒီသတင်​း​တွေဖတ်​မိ​တော့
    ဆတ်​​ကော့လတ်​​ကော့
    မဆတ်​​ဆော့​ပေမယ်​့
    ့အရပ်​က​တော့ ​ပြောပြီမို့
    သတိကိုတမံတုတ်​
    ဉာဏ်​ကို ကတုတ်​ဆင်​
    အ​ဝေးကိုနှင်​ပါကွဲ့.
    ​မြေးလုပ်​သူမယ်​ကိုသိမ်​းမှာစိုး
    တိုးတိုး​လေး​ရေရွတ်​မိ
    မယ်​မြန်​မာ ​ရေ … ​ပြေး..​ပြေး.. လွတ်​​အောင်​​ပြေး 🙂

    • black chaw

      October 10, 2013 at 8:45 am

      ပထမဆုံးချီးမြှင့်ပေးတဲ့ ကွန်းမန့်လေးအတွက်ရော…၊
      ကဗျာလေးနဲ့ ကွန်းမန့်ရေးသွားတာအတွက်ရော…၊
      ကျေးဇူးကိုရာမညရေ…။
      :mrgreen:

  • Crystalline

    October 9, 2013 at 10:04 am

    ဦးဆုံးလာအားပေးသွားတယ်..ဦးဘလက်ရေ.. စိတ်ထင်အဲဒီဘေးမတ်တပ်ရပ်နေသူက ဟိုသတ္တဝါမဟုတ်လောက်ဘူးထင်တယ်.. ဒါပေမယ့် ဥက္ကဌနေရာယူပြီး လူကြီးတွေနဲ့တန်းတူထိုင်နေတာ မြင်ရတော့တော်တော်ခံပြင်းစရာကောင်းတယ်.. ပြောင်းလဲနေပါပြီ ဘယ်လောက်ပြောပြော အဲလိုသတ္တဝါမျိုးကို အဲဒီလိုအခြေအနေမျိုးမြင်ရတာ ကိုက ကျေးဇူးရှင်မိသားစုရဲ့အနေအထား ဘယ်လိုရှိသေးတယ်ဆိုတာ ခန့်မှန်းရတာပဲလေ.. :evill:
    ထူးအယ်လင်းကိုတော့ လောလောဆယ်ချဉ်နေတဲ့အထဲပါတယ်.. မိန်းမနဲ့ခလေးက မိဘအိမ်ပြန်နေရပြီး သူကတော့ မိန်းမလုပ်အားခတွေပါတဲ့အိမ်တွေကားတွေနဲ့အခန့်သား.. ရွံတာ.. :((

    • black chaw

      October 10, 2013 at 8:48 am

      @ Crystalline ;
      နည်းနည်းလေး နောက်ကျသွားတယ် သမီးလေးရေ…။
      ဒုတိယ ကွန်းမန့်ရှင်ပေါ့…နော့်…။
      ဘယ်လိုပဲ ဖြစ်ဖြစ် မိုးစက်ဝိုင် သတင်းလေးအတွက်ရော…
      ထူးအယ်လင်း သတင်းလေးအတွက်ပါ
      မှတ်ချက်ပေးသွားတာ အတွက် ကျေနပ်ပါကြောင်း…။
      :mrgreen:

  • sorrow weaver

    October 9, 2013 at 10:04 am

    ဝိုင်လေးရယ်…ဦးဘလက်ကြီး အသဲမာပေမယ့်….ကိုကို ဆောရိုး အသဲမမာအပြစ်မမြင်ပါဘူးကွယ်…အဟိဟိ

    • black chaw

      October 10, 2013 at 8:52 am

      @ sorrow weaver ;
      အဲဒီလို
      လွတ်လပ် ပေါ့ပါး ပျော်ရွှင် ရင်းနှီး တဲ့
      ကွန်းမန့်လေးတွေ မြင်ချင်လို့
      ဒီလိုပို့စ်လေး တင်ပေးလိုက်တာပါဗျာ…။
      :mrgreen:

  • KZ

    October 9, 2013 at 10:17 am

    ဟယ်။
    ကျန်တာတွေ မပြောချင်။
    မယ်လိုဒီလေး ပြန်လာပြီတဲ့။

    :chit:

    • black chaw

      October 10, 2013 at 8:57 am

      @ KZ ;
      ဟယ်…။
      ကျန်တာတွေ မပြောချင်…။
      ဒေါ်ခိုင်ဇာ လေး ကွန်းမန့်လာရေးသွားပြီတဲ့…။
      ဟေးဟေး…။
      ကျေးဇူးနော် မခိုင်ဇာရေ…။
      မနေ့က ရေးသွားတဲ့ ကွန်းမန့်ထဲက ဆက်လုပ်ဆိုတာ
      ပို့စ်ကောင်းကောင်းလေးတွေ ဆက်ရေးတင်ဖို့ တိုက်တွန်းသွားတာပါဗျာ…။
      တကယ် လေးစားမှုနဲ့ တောင်းဆိုသွားတာပါ…။
      အခုလို ကွန်းမန့်မျိုးလေးတွေလည်း ဆက်ရေးပေါ့…နော့်…။
      :mrgreen:

  • Wow

    October 9, 2013 at 10:21 am

    နေတတ်ရင် ကျေနပ်စယာ လောကဂျီးမှာ မနေတတ်ရင် လေဖြတ်တိုက်တာနဲ့ဒင်…. ဟီးးးး ဘာဆက်ပေါရမလဲ မသိတော့ဝူး :mrgreen:

    • black chaw

      October 10, 2013 at 8:59 am

      @ Wow ;
      ဟုတ်ကဲ့…။
      ဒေါ်ဝေါင်းရေ…။
      ပေါက်ကွဲလို့ အားမရနိုင်သေးပဲ
      ကျွန်တော့်ပို့စ်ထဲမှာ လာပေါက်ကွဲနေတာလားဗျာ…။
      :mrgreen:

  • မဟာရာဇာ အံစာတုံး

    October 9, 2013 at 11:24 am

    ကျုပ်ဂဒေါ့
    နန်းလည်း မတိ
    ဝင့်လည်း မတိ
    ဂု ဝိုင်လည်း မတိ …
    အို … ဗျာ …
    ကျုပ်သည်းလေးကလွဲပြီး ဘီသူ့ကိုမှ မတိ … ကွိကွိ ..
    :mrgreen:

    • ကထူးဆန်း

      October 9, 2013 at 11:55 am

      လုံးဝ လုံးဝ မယုံပါ ..
      ယုံချင်ယောင် ဆောင်သူလည်း ရှိချင်ရှိမှာပေါ့လေ ..

      • မဟာရာဇာ အံစာတုံး

        October 9, 2013 at 12:40 pm

        ခညား မယုံလည်း အေးချေးဘဲ …
        အဓိက က သည်းလေး ယုံဖို့ဘဲ …
        သူဂ ယုံချင်ယောင် ဟုတ်ဘူးးး
        ယုံကို ယုံဒါ … ဟုတ်ဒယ်နော် … သည်းလေး …
        :mrgreen:

    • black chaw

      October 10, 2013 at 9:03 am

      @ မဟာရာဇာ အံစာတုံး ;
      အံစာကြီးရေ…။
      ဒီအချိန်မှာ ဒီလိုပါပဲကွယ်…။
      သည်းလေးကလွဲပြီး ဖွဲ…ဇကွဲ…။
      အနာက နုသေးတာကိုးကွဲ့…။
      အေး…အနာရင့်လာတော့မှ
      ဘယ်ကသည်းလေးလဲ ဆိုတာမျိုးတွေ
      မေးတတ်တယ်လို့
      လူကြီးတွေ ပြောတာကြားဘူးတယ်ကွယ်…။
      :mrgreen:

    • sorrow weaver

      October 10, 2013 at 10:31 am

      အံစာဒုံး…ညည်း အသံတွေတုန်နေသလားလို့…အဟိဟိ ….မသိဘူးလဲပြောသေး…နာမည်တွေလဲ တန်းစီခေါ်သွားတေးးးးး… အဟေးဟေး…အလွတ်ဝင်ချွန်တာ…

  • မယ်မြန်မာလေးက သတင်းစာရှင်းလင်းပွဲလုပ်သတဲ့။ မိုးစက်မဆင်ခြင်လိုက်တဲ့အရာတစ်ခုကြောင့် ဖြစ်သွားခဲ့တာပါတဲ့။ စကားမှားတော့ နဂိုကတည်းက ဟိုသကောင့်သားကို ခပ်ချဉ်ချဉ်ဖြစ်နေတဲ့ သတင်းထောက်တွေက ပြန်ထောက်ရောပေါ့။ အနော်ကတော့ ရိုးရိုးလေးပဲ တွေးကြည့်ပါတယ်။ ဘဘကြီးမြေးက ကားမောင်းသရုပ်ပြတယ်။ လက်ရှိနာမည်အကြီးဆုံး မင်းသမီးလေးကို သူ့ဘေးမှာထိုင်ခိုင်းတယ်။ မင်းသမီးလေးကလည်း ငြင်းလို့မရဘူးထင်ပါရဲ့။ စုစုပေါင်း သုံးမိနစ်ပဲကြာခဲ့ပါတယ်တဲ့။ အမုန်းဆုံးနဲ့ အချစ်ဆုံးကို တွဲတွေ့လိုက်ရချိန် မင်းသမီးလေးက ဓားစာခံဖြစ်သွားတယ်ထင်ပါ့

    • black chaw

      October 10, 2013 at 9:04 am

      @ လုံမလေး မွန်မွန် ;
      ကွန်းမန့်လေး အတွက် ကျေးဇူးပါ မွန်မွန်ရေ…။
      :mrgreen:

  • ကထူးဆန်း

    October 9, 2013 at 11:46 am

    ဪ ဘယ်သော အခါမှ သဘောထားကြီးတာတွေ ခွင့်လွှတ်တာတွေ တန်းတူညီမျှရှိမှုတွေ .. ဘုရားဟောတွေ လိုက်နာ နိုင်ကြမလဲ မသိ…
    :harr:

    မယ်စကြာဝဠာ ပြိုင် ပွဲ အတွက် မြန်မာ အမျိုးသမီးတစ်ဦးဦး ကိုသာ နိုင်ငံ့ ကိုယ်စားပြု စေလွှတ်သင့်ကြောင်း ဆန္ဒထုတ်ဖော်မည်… နှစ်ပေါင်း ၅ဝ ကျော် ဝေးကွာ ခဲ့သည့် နိုင်ငံ တကာ အဆင့် ပြိုင်ပွဲ တွင် မြန်မာ တိုင်းရင်းသား အမျိုးသမီး တစ်ဦး ကို သာ နိုင်ငံ့ ကိုယ်စား ပြု စေလွှတ် ရန် တောင်း ဆို လှုပ်ရှား မှု ကို အောက်တိုဘာလ ၁ဝ ရက် ကြာသပတေးနေ ့ညနေ ၅ နာရီ အချိန် တွင် ရန်ကုန် မြို ့ မြို ့ တော် ခန်းမ ရှေ ့ဉ် ကျင်း ပမည် ဟု သတင်း ရရှိသည်။ ၂၀၁၃ ခုနှစ် အောက်တို ဘာလ နှောင်း မှ နိုဝင်ဘာ လ ဆန်း အထိ ရုရှား နိုင်ငံ မော်စကို မြို ့ ခရိုကပ်(စ) စီတီး စင်တာ တွင် ကျင်း ပမည့် မယ်စကြာဝဠာ ပြိုင် ပွဲ တွင် မြန်မာ နိုင်ငံ ကိုယ်စား ပြု ပြီး ရွေးချယ် ခံရသည့် မိုးစက်ဝိုင် မှာ မြန်မာ လူ မျိုး မဟုတ် ပဲ သူမ ၏ အမိ အဖ နှစ်ဦး စလုံး တရုတ် လူ မျိုး များ မှ မွေးဖွာ ခြင်း ဖြစ် သောကြောင့် အခြား မြန်မာ အမျိုးသမီး ငယ် တစ်ဦးဦး နှင့် အစား ထိုးရန် အစိုးရ ကို တောင်းဆို မည် ဟု သတင်း ရရှိသည်။ ဆန္ဒ ပြ ပွဲ စီစဉ် သူ က နိုင်ငံ တကာ က မြန်မာ ကို တရုတ် လူမျိုး အနွယ် သို ့ မဟုတ် မြန်မာ မိန်း ကလေး များ လှပ ကျော့ ရှင်း မှု မရှိ ဘဲ ဉာဏ် ရည် နိမ့် သည် ဟု အထင် ရောက် သွား နိုင် သောကြောင့် ထိုသို ့စီစဉ် ရခြင်း ဖြစ်သည် ဟု ပြောသည်။ Source: Freedom News Group(Burma) More Photos >> http://www.myanmarcutegirl.com <<
    :harr: :harr:

    • black chaw

      October 10, 2013 at 9:07 am

      @ ကထူးဆန်း ;
      သက်သာ ရဲ့လား ကိုထူးဆန်းကြီးရေ…။
      ကွန်းမန့်လေးတွေ တွေ့တွေ့နေရတာ မင်္ဂလာတစ်ပါး ပေါ့ဗျာ…။
      နန်းခင်ဇေယျာတုန်းက ကျွန်တော့်ကို ဝိုင်းအားဖြည့်ပေးခဲ့တာကို
      အမှတ်ရနေမိတယ်…။
      :mrgreen:

  • kai

    October 9, 2013 at 12:36 pm

    သိသလောက်.. ကမ္ဘာ့တန်းပွဲကြီးတွေတော်တော်များများ..မယ်သုံးမယ်ဆိုရင်… အဲလိုကားအကောင်းစားကြီကို.. လူသူတောင်း..အဲ..အဲ.. အကောင်းစားလေးက မောင်းပို့ကြလေ့ရှိတယ်ထင်တာပဲ…။
    ပုံစံရိုက်ခိုးချတယ်လို့ထင်ပါတယ်..။
    ဆိုတော့…
    စပွန်စာပေးမယ့်သူတွေ ပက်လက်လန်ကုန်သပေါ့…။ ရွေးချယ်ခွင့်မရတော့မယ့်သဘောဖြစ်တယ်ပဲ..ဆိုပါစို့..။

    အဲဒီမယ်မမက.. အသက်၂၅နှစ်ကျော်နေသမို့… ကမ္ဘာတန်းမယ်လောကထဲမတော့.. ဘွားဘွားရာထူးပါ..။
    မရရေးချ.. မရ…။ :mrgreen:

    • black chaw

      October 10, 2013 at 9:11 am

      @ kia ;
      အယ်…သူကြီးရယ်…။
      ၂၅ နှစ်ကျော်နေလို့ ဆိုတော့…
      Miss Universe အဟောင်းတွေရဲ့
      အသက်တွေကို သိချင်စိတ်ဖြစ်မိပါရဲ့…။
      တတ်နိုင်ရင်…လုပ်ပါဦးဗျာ…။
      :mrgreen:

  • TNA

    October 9, 2013 at 1:02 pm

    မယ်လိုဒီကရုပ်ချင်ရိုက်တော့ဝူးဆို။ သူတို့ အနုပညာရှင်တွေက စကားကို အတည်အတံ့ပြောတတ်ကြ ဘူးနဲ့တူဘာတယ်နော်။ ခိုင်သင်းကြည်တုန်းကလဲရုပ်ရှင်မရိုပ်ပါဘူးဆိုပြီးရိုက်တယ်။ မို့မို့မြင့်အောင်တုန်းက လဲဗွီဒီယိုမရိုက်ပါဘူးဆိုပြီးရိုက်တယ်။ ဘာတွေမှန်းကိုမသိဘူး။ စကားတွေပြောရပြီးရောပြောနေကြတာ စိတ်ပျက်စရာပါ။

    • black chaw

      October 10, 2013 at 9:16 am

      @ TNA ;
      ဒီလိုရှိပါတယ် မသည်းနုအေးရေ…။
      မော့စ် ရဲ့ သား ထိုက်စံ နဲ့ တွဲရိုက်ပေးဖို့
      မော့စ်ကိုယ်တိုင် မကွယ်လွန်မီ တောင်းဆိုခဲ့လို့ ဆိုလားဗျာ…။
      ဆိုတော့…မယ်လိုဒီလေး ရုပ်ရှင်ပြန်ရိုက်တာ ကြိုဆိုပေးလိုက်ပါဗျာ…။
      :mrgreen:

  • Foreign Resident

    October 9, 2013 at 1:23 pm

    ဝိုင်လေး ၊ သနားပါတယ်ဗျာ ။
    အဘ တို့လိုပဲ တရုတ်မလေး ပါဗျာ ။
    သူလေး ဘယ်လောက်တောင် စိတ်ဆင်းရဲ ရှာမလဲ ။
    အပြစ် သိပ် မရှိရှာပါဘူး ဗျာ ။
    ရက်စက်လိုက်ကြတာ ။

    • kai

      October 9, 2013 at 1:43 pm

      ပါမေးနန့်အလုပ်က.. ပါစယ်ဒီးနား(City of Pasadena, California) မှာတဲ့…။ ပြန်လာလုပ်မယ်ပြောနေတယ်တဲ့..။ အမေရိကန်မလေးများတောင် ဖြစ်နေသလားမသိ..။ :mrgreen:

    • black chaw

      October 10, 2013 at 9:19 am

      @ Foreign Resident ;
      ရက်စက်လိုက်ကြတာ တဲ့ လား အဘဖေါရယ်…။
      ကျွန်တော်ရေးတဲ့ အထဲမှာ
      မိုးစက်ဝိုင် ကို အပြစ်ပြောထားတာ မပါပါဘူးဗျာ…။
      ဘလက်ကြီးက မရက်စက်တတ်ပါဘူးဗျ…။
      သို့ပေမယ့်…
      သူ့ image ကိုတော့
      ဆိုးဆိုးရွားရွား ထိခိုက်သွားတယ်ဆိုတာလောက်ပါ…။
      :mrgreen:

  • အရီးခင်

    October 9, 2013 at 7:34 pm

    လူပြောများလွန်း တဲ့ အကြောင်း ကို လွတ် နေလို့ ပြိုင်ပွဲဝင် ပုံတွေကို ရှာကြည့်ပါတယ်။
    နံပါတ် ၁၆ ဆိုတာကို ဘဲ မျက်စိထဲ ထင်ထင်ရှားရှား ကျန်ပါတယ်။
    အရပ်အမောင်း ကောင်းတာက က အစ ချစ်စရာ မျက်နှာလေး ပြုံး နေတာ အဆုံးမို့ ဒိုင်တွေ အရွေးမှန် တယ် ဆိုတာ သေချာပါတယ်။
    သူ့ဟာသူ ဘာလူမျိုးဖြစ်ဖြစ်၊ ဘယ်သူ နဲ့တွဲတွဲ …..
    အရည်အချင်းပြည့်ရင် အဲဒီ အဘကြီး မြေး ဖြစ်ဖြစ်။ ဘာဖြစ်သေးလဲ။
    မြန်မာပြည် အတွက် ကိုယ်စားပြု ပြိုင်မှာ နဲ့ ဘာဆိုင် လို့ လဲ ပရိတ်သတ်ကြီးရယ်။

    ၂၅ ဆိုတာ ဒီလောက် မကြီးသေးပါဘူး။
    သူ့မျက်နှာ က တစ်ချို့ ပြိုင်ပွဲဝင်သူတွေထက် နု ပါသေးတယ်။
    http://www.missuniverse.com/members/contestants/year:2013

    နိုင်ငံတကာ နဲ့ ယှဉ်ရင် ဘာသာစကား ကောင်းကောင်းပြောနိုင်မယ်၊ ချိုသာ ပြီး ချစ်စရာကောင်း တဲ့ မျက်နှာပေးရှိမယ်၊ လှပသွယ်လျတဲ့ ခန္တာ နဲ့ ပေဒေါက်မှီမယ်။
    အကျင့်စာရိတ္တကောင်း မယ်၊ သူတကာ နဲ့ ပြိုင်နိုင်မဲ့ ပညာအရည်အချင်း ပြည့်မယ်။
    ဒါတွေ နဲ့ မှ မပြည့်ရင် မြန်မာ က ဘယ်လို ပွဲတိုးပါ့မလဲ။
    ထိုင်း မှာ လဲ တကယ် နိုင်ငံတကာ ပြိုင်ပွဲ ဝင်တဲ့ မိန်းကလေး တွေ ဟာ အစပ် တွေချည်းဘဲ။
    နှာတန် သိပ်မထင်းတဲ့ ယိုးဒယားရှေးရိုးမျက်နှာ က အနောက်တိုင်းသူ တွေ ကြားမှာမှ မပေါ်တာ။
    မြန်မာ မျက်နှာစစ်စစ် တွေ ကလဲ ဒီလိုပါဘဲ။

    သူ့လို စံရည်မှီ တဲ့သူ ကို ရှာလိုက်နိုင်တာ ကို အားပေး ရမဲ့ အစား ပေါက်တတ်ကရ အမြင်ကျဉ်းကျဉ်း စကား တွေ နဲ့ ကိုယ့် နိုင်ငံ ကိုယ်စားပြု ကို ဖျက်မြင်း လုပ်နေကြတာ အံ့ဩ လို့ မဆုံးဘူး။

    ဟိုလူ ကို မုန်း ရင် ဟိုလူ ကို သာ တိုက်ရိုက်ပြောပါလား။
    သူတို့ နဲ့ ဆက်သွယ်လို့ ရန်သူ ဖြစ်ကြေး ဆို သူတို့ နဲ့ ဆက်သွယ် သူတွေ ရောင်းတဲ့ လူသုံးပစ္စည်း တွေ၊ ဝန်ဆောင် Service တွေကိုလဲ အားမပေးကြပါနဲ့လား။
    သူတို့လောက နဲ့ လွတ်တဲ့ ပစ္စည်းမရှိ။
    တကယ်လို့ အဲဒီ ပုဂ္ဂိုလ်လေးက ဖုန်းကဒ် တွေ ကျပ် ၁၀၀ဝ နဲ့ ရောင်းလို့ ကတော့ ပြေးဝယ်ကြမှာ ကိုများကွယ်။

    မြန်မာပြည်မှာ လူမျိုးရေး၊ ဘာသာရေး ခွဲခြားနေတာဟာ တကဲ့ကို ခေတ်နောက်ကျ ကျန်နေတာ ဆိုတာ သိဖို့ကောင်းပြီ။
    တို့ မြန်မာ များ ခေတ်ပြောင်းချိန်မှာ စိတ်ဓာတ် ရင့်ကျက်ဖို့ အချိန်တန်ပြီ။

    (ကဘချော Post မှာ ကန့်လန့်လာတိုက် လို့ စောဒီးပါ) 😛

    • ဖွတ်ပြောင်

      October 9, 2013 at 7:39 pm

      ကိုင်း

      ရဲဘော်ဒို့
      ဝိုင်လေးဂို ကျောချင်းကပ်ဂျ

      • black chaw

        October 10, 2013 at 9:27 am

        @ ဖွတ်ပြောင် ;
        ကျောချင်းတော့ ကပ်ချင်ဘူးကွယ်…။
        ကပ် ချင်း ကပ်…
        ဘေးချင်းပဲ ကပ် ချင် တယ် လို့ ပြောမလို့ပါဗျာ..။
        :mrgreen:

  • padonmar

    October 9, 2013 at 10:33 pm

    မိုးစက်ဝိုင်အကြောင်းကတော့ ပြောချင်တာတွေ မလတ်ပြောတဲ့အတိုင်းပဲ။
    ဒီမှာ ကဘချော
    ၅ဝကျော်ရင် လေဒီ မတပ်ရဘူးလို့ ဘယ်သူကပြောဒုံး။
    မေဆွိတို့ မေခလာတို့က ကိုယ့်ရွယ်တူတန်းတွေဆိုတော့ သူရို့ကိုယ်စား ရန်တွေ့ပေးလိုက်မယ်။

    • black chaw

      October 10, 2013 at 9:37 am

      @ padonmar ;
      အဲဒီ Two Lady Show ကိစ္စက
      အင်္ဂလိပ်စာ တကယ်နားလည်သူတစ်ယောက်က
      ရှင်းပြစေချင်လို့ကို ထည့်ရေးလိုက်တာ အစ်မရေ…။
      မေဆွိ တို့ မေခလာ တို့ နဲ့ ယှဉ်လိုက်ရင်
      ကျွန်တော်တို့ အစ်မက အများကြီး နု ပါတယ်ဗျာ…။
      အစ်မက လေဒီ…။ သူတို့က ဝူးမန်း…။
      :mrgreen:

  • ဝင့်ပြုံးမြင့်

    October 9, 2013 at 11:54 pm

    ဟုတ်တယ် မိုးစက်ဝိုင်ကတော့ အရီးခင်ပြောတဲ့အတိုင်းပဲ။ တရုတ်စပ်တော့ ကပြားပေါ့။ မျှစ်ကြော်လည်း တရုတ်ကပြားက ဆင်းလာတဲ့ တရုတ် ကကတစ်။ ဒါကြောင့် ကကတစ်ဆိုလည်း အားပေးတယ်။ ကပြားဆိုလည်း အားပေးတယ်။ ဝိုင်လေး သရဖူရပါစေ။

    • alinsett

      October 10, 2013 at 7:29 am

      ချစ်သုဝေ ဂို ချစ်တာလောက်တော့
      ဘူတုဂိုမှ မချစ်နိုင်ဘူး

      :kwi:

      • black chaw

        October 10, 2013 at 9:42 am

        @ အလင်းဆက် ;
        ချစ်သုဝေကို ချစ်တာလည်း ကြည့်ချစ်ပါ အလင်းဆက်ရေ…။
        သူ့ ချစ်သူ ပို့စ်မှာ လည်း ကွန်းမန့်သွားပေးမိနေဦးမယ်…။
        :mrgreen:

    • black chaw

      October 10, 2013 at 9:41 am

      @ ဝင့်ပြုံးမြင့် ;
      ကွန်းမန့်လေး အတွက်ကျေးဇူးပါ မဝင့်ပြုံးမြင့်ရေ…။
      ကဲ…
      ဆုတောင်းသွားတဲ့အတိုင်း
      ဝိုင်လေး သရဖူရ ပါစေဗျာ…။
      :mrgreen:

  • ဦးဦးပါလေရာ

    October 10, 2013 at 5:45 am

    တကယ်တော့ …

    အဲ့ဒီ လူ တွေက ခေါ်ရင်၊ လုပ်ခိုင်းရင်၊ ဖိတ်ကြားရင်

    ငြင်းချင်ရင်လဲ ငြင်းခွင့်မရှိပါဘူး၊ ငြင်းလိုက်ရင် မျိုးကန်းသွားမှာပါ…။

    ဒါကို အနုပညာလောကက လူတွေ အထူးသဖြင့် သရုပ်ဆောင်တွေ ပိုသိပါတယ်။

    ဒီဖြစ်ရပ်ကလေးကနေ အမြတ်ထွက်မှာကတော့-

    ပြည်သူတွေမုန်းရင် ဘယ်လိုမုန်းမယ်ဆိုတာကို အမုန်းခံရမယ့်ပုဂ္ဂိုလ်တွေ သဘောပေါက်သွားကြမှာပေါ့….

    • black chaw

      October 10, 2013 at 9:47 am

      @ ဦးဦး ပါလေရာ ;

      ဒီဖြစ်ရပ်ကလေးကနေ အမြတ်ထွက်မှာကတော့-
      ပြည်သူတွေမုန်းရင် ဘယ်လိုမုန်းမယ်ဆိုတာကို
      အမုန်းခံရမယ့်ပုဂ္ဂိုလ်တွေ သဘောပေါက်သွားကြမှာပေါ့…

      အဲဒီလို ကွန်းမန့်လေးတွေ မမြင်ရတာ
      အတော်တောင်ကြာပြီ ကိုပါကြီးရေ…။
      :mrgreen:

    • Ma Ma

      October 11, 2013 at 7:55 am

      ဦးပါရေ-
      (တကယ်တော့ …

      အဲ့ဒီ လူ တွေက ခေါ်ရင်၊ လုပ်ခိုင်းရင်၊ ဖိတ်ကြားရင်

      ငြင်းချင်ရင်လဲ ငြင်းခွင့်မရှိပါဘူး၊ ငြင်းလိုက်ရင် မျိုးကန်းသွားမှာပါ…။) ဆိုတဲ့ ကွန်မန့်လေးကို သဘောကျလို့ အောက်က လင့်ခ်မှာ ကူးတင်ပေးထားပါတယ်။
      ခွင့်ပြုမယ်လို့ ထင်ပါတယ်။
      https://www.facebook.com/toetoe.wai.7/posts/10200767249928452?comment_id=4616427&offset=0&total_comments=15&notif_t=feed_comment_reply

  • ဦးကျောက်ခဲ

    October 10, 2013 at 6:51 am

    Credit to Irrawaddy Blog

    မိုးစက်ဝိုင် ခေါ် Yang Xinrong ဟာ ၂၀၀၉ ခုနှစ်က Miss Chinese International 2009 ဆုရှင်ဖြစ်ခဲ့ဖူးသလို 2009 Golden Phoenix Cup ရဲ့ Miss China contest runner-up ဆုရှင်လည်း ဖြစ်တယ်လို့ တရုတ်သတင်းမီဒီယာတွေ က ဖော်ပြကြပါတယ်။

    သူငယ်မတော့ နားကားပြီ…
    😀

    • Foreign Resident

      October 10, 2013 at 8:55 am

      မယုံ နှင့် ၊ အလကား ကောလာဟဠ တွေ ။
      အဲဒီ အကြောင်းနှင့် ပါတ်သက်ပြီး ၊ Post ထပ်တင် လိုက်တယ် ။
      ” စဉ်းစားကြစေလိုပါတယ် ( ၆၁ ) ( မိုးစက်ဝိုင် ) “

      • ဦးကျောက်ခဲ

        October 10, 2013 at 9:20 am

        အဘဖောရေ… ရုံးကတပည့်တွေကို ဖတ်ခိုင်းတာ တမျိုးဖြစ်နေတယ်…
        ဘယ်သူရရ မရရပါ… လိုက်ဖွချင် ဖဲ့ချင်တဲ့စိတ်ကို ဆိုလိုတာ ခင်ဗျ…
        ဆိတ်လျှော့ပါ အဘရယ်…
        😀

    • black chaw

      October 10, 2013 at 9:49 am

      @ ဦးကျောက်ခဲ ;
      အို…နားကားချင် ကားပါစေဗျာ…။
      ကျွန်တော် ကတော့ ယူမှာပဲ…။
      အာဟီး…။
      :mrgreen:

  • Ma Ma

    October 10, 2013 at 2:24 pm

    ဘာပဲပြောပြော မိုးစက်ဝိုင်လေးကြောင့် ဘလက်ကော်ဖီသောက်လိုက်တယ်။
    ဝူးမန်းနဲ့ လေဒီဆိုတာ ဘယ်လိုကွာခြားမှန်း မသိဘူး။
    ထင်တာက အသက်အရွယ်ကွာတာခြားတာထက် ………
    လေဒီ= ဂုဏ်သရေရှိအမျိုးသမီး လို့ဆိုလိုချင်သလို အဆင့်အတန်းကွာခြားတာကို ပြောတာလို့ထင်နေတာ။ 😕

    • black chaw

      October 11, 2013 at 9:18 am

      @ Ma Ma ;
      ဘလက်ကော်ဖီ ဆိုပဲ…။
      ခါးခါးလေးပေါ့…။
      သံပုရာသီးလေး ညှစ်ထည့်လိုက်ရင်
      ကျွန်တော်တို့လို ယာမကာလုလင်တွေအတွက်
      ဆေးတစ်ခွက်ပေါ့…။
      အသိအမှတ်ပြု ကွန်းမန့်လေး ချီးမြှင့်ပေးတာ ကျေးဇူးပါ မမရေ…။

  • joe wynn

    October 10, 2013 at 7:49 pm

    one man show တွေ two man show တွေမြန်မာပြည်မှာ ရှိခဲ့ဘူးပေမဲ့ one lady show ဆိုတာကိုတော့ အေးချမ်းမေက စခဲ့တာလို့
    ထင်တာဘဲ ဒီစာသားကို မြန်မာပြည်က ပုဂ္ဂိုလ်ကြီးတစ် ယောက်ကတော့ မှားတယ်လို့ပြောဘူးတယ် man ဆိုတဲ့လူသားဆိုတာ
    အထီး၊အမ နှစ်မျိုးစလုံးအတွက် အကြုံးဝင်တယ် ဒါကြောင့် one man show လို့ပဲရေးသင့်တယ်။ lady ဆိုတာမိန်းမတိုင်းကို
    ခေါ်တာမဟုတ်ဘူး လှပ၊ကျော့ရှင်း၊ကျက်သရေရှိပြီး မျိုးရိုးမြင့်မြတ်တဲ့ အမျိုးသမီးများကိုသာ lady ဘွဲ့ပေးတယ်လို့ပြောတာပဲ။

    • black chaw

      October 11, 2013 at 9:20 am

      @ joe wynn ;
      ဝူးမန်း နဲ့ လေဒီ ကိစ္စလေး ရှင်းပြသွားပေးတာ
      ကျေးဇူးပါ ကို ဂျိုး ရေ..။

  • kyeemite

    October 11, 2013 at 3:54 pm

    အလုပ်များနေလို့နောက်ကျနေတယ်ရဲဘော်ဘလက်ရေ..
    “ငါးဆယ်ကျော် ကြီးတွေပဲဆိုပြီး ဘလက်ကြီးက Women လုပ်ထည့်လိုက်တာ ဟုတ်ဘူးတဲ့ဗျ…။”
    ဒါလေးတော့စဉ်းဇားဂျဇေလိုဘာဒယ် ကိုဘလက်ရေ(ခွက်ဒစ်-ကိုဖေါ)
    မာဂရက်သက်ချာဂျီးဂိုတောင် အိုင်ယွန်းလေဒီ ခေါ်သမို့လား
    နောက်..ကျုပ်တို့ ရဲ့ ရဲရဲတောက် ခွတ်ဒေါင်းလေဒီကြီးလည်းရှိပါသေးသလေ
    ရုပ်ရှင်နာမည်တောင်“သလေဒီ” တဲ့ ကိုဘလက်ရဲ့..စိတ်ရှော့ပါလေ..
    ခွိခွိ 😀

Leave a Reply