Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ထိုင်ဝမ်နိုင်ငံ မှ ကြောင်ရွာ ( Cat village )

Don Juan RonaldOctober 10, 20139min69222
CATSKY~1

အား လုံး မင်္ဂလာ ပါ  ! ♥ ♥ ♥

ဒီရက်ဒီနေ့ ၊ အောက်တိုဘာလ ၁ဝ ရက် နေ့ သည် ု ကျနော် တို့ ထိုင်ဝမ်ကျွန်း ပေါ် မှာ တည် ရှိနေ တဲ့ တရုတ်သမ္မတနိုင်ငံ ၏ ၁၀၃ကြိမ် မြောက် အမျိုးသားနေ့ ဖြစ်ပါ သည် ။

ကျနော် ဒီနေ့ အလုပ် အားရက် ဖြစ် ပါ သည် ။ အဟုတ်သရုတ် တပိုင်း နှင့် မဟုတ်သရုတ် တပိုင်း ဖြီး ပါ ရ စေ ။

ခေါင်းစဉ် ရဲ့ ကြောင်ရွာ( Cat Villagev ) အ ကြောင်း စ တင် ကြ ပါ စို့ ။

 ထိုင်ဝမ် နိုင်ငံ ၏ မြောက်ဘက် ပိုင်း တွင် ဟိုဒုံ ကျေးရွာ တစ် ရွာတည်ရှိပါ သည်  ၊ ယခု အချိန် မှာ ၎င်း ကျေးရွာ သည် ကြောင် ရွာ အဖြစ် ဖြင့် နာမည် ကြီး နေ ပါ သည် ။

DSC02520
ဟိုဒုံ ( Houtong )ဘူတာ မှာ ဆင်း လျှင် ကြောင်ရွာ ကို ရောက် ပြီ ။

 

1365734041-1660138065_n
ကြောင်ရွာ သို့ အထူး သီးသန့် ပြေးဆွဲ ပေး သော ရထား ။
1365734033-2256164776_n
သန့်ရှင်း သပ်ရပ် သော ရထား ၏ အတွင်း ပိုင်း ။

 

8620161302_be4c55eaa5_z
ကြောင်ရွာ အတွက် သီးသန့် ပြေးဆွဲ ပေး နေ တဲ့ ကြောင်ကြီးဘတ်စ်ကား ။
136568380671
ရုံးပိတ်ရက် ၊ အားလပ်ရက် တွင် အမြဲ စည်ကား နေ တဲ့ ဟိုဒုံးဘူတာရုံ ။

 ဓါတ်ပုံ တွေ အနည်းငယ် ကြည့် ပြီး တဲ့ နောက် ကြောင်ရွာ အကြောင်း နည်းနည်း တင်ပြ ပေး ပါရစေ။

အမှန် တော့ ဟိုဒုံးရွာ သည် တိမ်ကော သွား တဲ့ မိုင်းတူး သည့် ရွာ ဖြစ် ပါ တယ် ၊ လူသူ မနေ တော့ တဲ့ မိုင်းတွင်း ဟောင်း များ ဟာ စွန့်ပြစ်ခံ ကြောင်လေလွင့်များ  တို့ ၏ ခိုအောင်း ရန် အကောင်း ဆုံး သော ဌာနေ မဟုတ် ပါ လား ။

ကြောင် ဆို သော သတ္တဝါ သည် ၊ မျိုးပွား စွမ်းအား ကောင်း သော သတ္တဝါများ ထဲ မှ တမျိုး ဖြစ် သည့် အ လျှောက် ၊ ဟိုဒုံးရွာ တွင် တဖြေးဖြေး နှင့် ကြောင် ဦးရေ တစ်ရာ နီးပါး ခန့်  ဖြစ် လာ ပါ သည် ။

၂၀ဝရ ခုနှစ် တနေ့ သော အခါ ချောမော လှပ သော အမျိုး သမီး တယောက် ဟိုဒုံးရွာ သို့ ရောက် ရှိ လာ ပြီး ကြောင် များ အ တွက် ဓါတ်ပုံ များစွာ ရိုက်ကူး သွား ပါ သည် ။

ထို အမျိုး သမီး သည် အပျော်တမ်းစာရေး ဆရာမ ၊ အပျော်တမ်းဓါတ်ပုံဝါသနာရှင် ( ဂျပန် တွင် ဆု ရဘူးသည် ) ၊ ကြောင် သတ္တဝါ မြတ်နိုးသူ ၊ တချိန်က သားသမီး နှစ်ယောက် ကို ပြုစု ရန် အတွက် ၊ သူမ တွင် ကောင်းမွန် စွာ မွှေူးမြူ ထား သော ကြောင် ၁၃ ကောင် ကို စိတ်ဆင်းရဲစွာနှင့် မိတ်ဆွေ များ အား ပေးဝေ ခဲ့ ရ ပါ သည် ။ သူမ သည် pets များ ဆေးကုသ ပေး သော ဆေးရုံ ပိုင်ရှင် ၏ ဇနီး လည်း ဖြစ် သည် ၊ ဆေးရုံ ၏ Blog အတွက် ဟိုဒုံးရွာ သို့ ဓါတ်ပုံ လာ ယူ ခြင်း ဖြစ် ပါ သည် ။ The Lady Cat ဆို သော နာမည် ကို ယူ ပြီး ေf့စ်ဘုခ်တို့ ၊ Blog တို့ မှာ ကြောင် နှင့် ပါတ်သက် သည့် ဗဟုသုတ ဆောင်းပါး များ ၊ Q & A များ ကို ရေးသား ပြီး ၊ သူ့ခင်ပွန်း၏ pet ဆေးရုံ နှင့် pet အစားအစာ များ လည်း ကြော်ညာ ပေး လေ့ ရှိ ပါ သည် ။

သူမ ၏ ဆော်ေဩာမှု ကြောင့် ၊ ကြောင်ချစ်သူ များ ၊ တိရစ္ဆာန်ဆောင့်ရှောက် ရေး အဖွဲ့ များ ၊ တက္ကသိုလ်ကောလိပ် ကျောင်း သား များ စသဖြင့် တို့ သည် ၊ဟိုဒုံးရွာ သို့ အသီးသီး ရောက် ရှိ လာ ပြီး ကြောင် များ ၏ ၊ သန့်ရှင်းရေး အတွက် ပိုးသတ် ဆေး ဖျန်း ၊ အမိုက်းရှင်း ။ နေထိုင်ရေး အတွက် ကြောင်အိမ်လေး တွေ တည်ဆောက်ပေး ။ ကျန်းမာရေး အတွက် ကြောင် များ အား ကာကွယ်ဆေး ထိုး ပေး ချင်း ၊ မျိုးပွားအင်္ဂါ ကို ပိုက် ပေး ခြင်း စသဖြင့် ပေါ့ ။

မီဒီယာ တွေ ဖြစ့်တဲ့ TV တို့ ၊ ရေဒီယိုတို့ ၊ သတင်းစာ နှင့် ဂျာနယ် တို့ ၊ အထူးသဖြင့် အင်တာနက် မှာ ရော၊ စိတ်ဝင်စား ဖွယ်ရာ  ဟိုဒုံးရွာ အကြောင်း ပါ လာ တဲ့ အ တွက် ၊ ပြည်သူ များသည် ဟိုဒုံးရွာ သို့ ပြုံ ပြီး လာ ရောက် လေ့လာ လည်ပတ် ကြ ပါ တော့ သည် ။

အစိုးရ ၏ Tourism & Traveling ဌာန သည် ဘတ်ဂျက် တွေရေး ဆွဲ ပြီး ၊ ငွေကျေး များစွာ ကုန်ကျ ခံ ကာ ဟိုဒုံးရွာ ကို ပြုပြင် မွန်းမံ ပြီး Traveling point တခု ဖြစ် သွား အောင်ပြုလုပ် ခဲ့ ပြီး ၊  ဟိုဒုံးရွာ ကို ကြောင်ရွာ( Cat Village ) နှင့် အတူ ပူးတွဲ ပြီး ခေါ် လိုက် ပါ သည် ။

ဥပမာ ။ လူ နဲ့ ကြောင် တပြိုင် တည်း ဖြတ်တန်း သွားလာ နိုင်သည့် ကုန်းကျော် တံတား တစ်ခု ကို ထိုင်ဝမ် ဒေါ်လာ သိန်း၁၈ဝ ကုန်ခံ ပြီးတည်ဆောက် ပေး ခဲ့ သည် ။

Houtong_Cat_Bridge
ကြောင် နှင့် လူ ဖြတ် သွား နိုင် သည့် NT$ 18 million တန် ၊ ကုန်းကျော် တံတား ။

 

貓夫人4812164250_1b48e9fdb6_z
The Lady Cat ဆို သော နာမည် ကို ခံ ယူ ထား သော ဓါတ်ပုံဝါသနာရှင် အမျိုးသမီး ။

 

貓夫人weekly_201302021512232
ခလေး နှစ် ယောက် အမေ လို့ တောင် မ ထင် ရ တဲ့ The Lady Cat ဆို သော အမျိုးသမီး။
taipei13-2_20130306_600_163
ကြောင် များ တွေ နဲ့ ပျော် နေသည့် အမျိုးသမီး The Lady cat
1330596132-1945116563_n
ကြောင် ချစ်သူ များ အဖွဲ့ ၊ အပေါ်အင်္ကျ ီဖြူ နှင့် အမျိုးသမီးThe Lady Cat ။
20111005-D5k6s_1493
ကြောင်ရွာ သို့ လာရောက် လုပ်အားပေးသွား တဲ့ အဖွဲ့ များတွေထဲမှ တဖွဲ့ ၊ တိရစ္ဆာန်ဆရာဝန် များ လည်း ပါ သည် ။

ကြောင်ကြီး ရေ ~~~ ပြေးဟ ~~~ မြန်မြန်ပြေး ၊ ပိုက် ဖြတ် တဲ့ ဆရာဝန် တွေ လာ နေပြီ ။*:)) 開懷大笑

20111005-D5k6s_1499
ကြောင် တွေ ကို ပိုက် (Ligation)လုပ် ပေး နေ ပြီ ။
970937_480699918666095_1799173298_n
ချီတက်ပွဲ ကြောင် များ တန်းစီ ပြီး လာ နေ ပြီ ၊ ကြောင်များ အရေး ! ဒို့အရေး ! ! ! ဒို့အရေး ! ! !

 

1367853136-1618705728_n
ဖြေးဖြေး မောင်း ၊ ကြောင် များ အဝင်အထွက် ရှိ သည် ။

 

1365734238-2346126515_n
ခွေး များ ခေါ် ခဲ့ ရန် မ သင့် ပါ ။ လက်ျာ ဘက် အပေါ်မှာ( No Dog ) လို့ ပါ သည် ။

 

1365734062-468572878_n
ခွေး ပါ ခဲ့ လျှင် ၊ ဒီလို ဖြစ် တတ် လို့ ပါ ။

 

936121_412215745558608_1303136582_n
ချစ် စရာ ကောင်း တဲ့ ကြောင်အိမ် ကလေး များ ။

 

 

998907_412220228891493_1624662237_n
ကြောင် ထီး ကြီး များ ၏ လက် ချက် ကြောင့် မီးဖွား တော့ မည့် ကြောင်မလေး ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

5
ဖေဖေ ဓါတ်ပုံ ရိုက် ပေး မယ်။
da255828-a4da-4423-b223-eff7fba26b0b_640#640
ကြောင် အသုံးအဆောင် ပစ္စည်း အထူး အရောင်း ဆိုင် ။
swfupload51511a0946101
ကြောင် ဇရာအို နဲ့ ကညာပျို ။
d213889
ကြောင် အ ကြောင်း ကို ဆွေး နွေ နေ တဲ့ လူ ငယ် များ ။
14cb3b56886c14
ဒီ ပုံစံ နဲ့ ဓါတ်ပုံ မ ရိုက် ခဲ့ လျှင် ၊ ကြောင်ရွာ ရောက် ဘူး သည် ဟု မ ဆို နိုင် ။

ထိုင်ဝမ်နိုင်ငံ ၏ အမျိုးသမီးများ သည် ၊ အား လုံး နီး ပါး မျှ ချောမော လှပ ပြီး ၊ ပေါင်တန် ဖြူဖွေး သည့် အ တွက် ၊ အကယ်၍ ဆရာ ကြောင်ကြီး

ထိုင်ဝမ်နိုင်ငံ ကို လာလည် ခဲ့ လျှင် ၊ Video ကို fast forward နှိပ် လိုက် ၊ ရုပ်ပုံ လေး တွေ တတွတ်တွတ် နဲ့ ခုန်ပြေး နေ သလို ၊ ကြောင်ကြီး လည်း ငန်း ရ လွန်း လို့ ၊ တောင်ကြည့်မြောက်ကြည့် ၊ ရှေ့ကြည့်နောက်ကြည့် ၊ အပေါ်ကြည့်အောက်ကြည့် နဲ့ ကြောင်ကြီး ရဲ့ ဦးခေါင်း လည်း တတွတ်တွတ် နဲ့ လှုပ် နေ သည် ကို မြင်ယောင် မိ ပါ သည် ။*:)) 開懷大笑

One day အိမ်က ဘွားတော် ( မိုင်ဝိုက် F ်) ကို လှမ်း မေး လိုက် တယ်  “ ပျားရည် ရေ ~~~ ( ဗိုလ် လို Honey ကနေ တိုက်ရိုက် ဗမာ လို ဘာသာပြန် ထား သည် ) ငါတို့ ကြောင်ရွာ ကို တခေါက် လောက် သွား လည် ရ အောင် လား ??? ”

ပျားရည်  “ ကြောင်ရွာ ဆို တာ သူများ တတွေ ခလေးသူငယ် ၊ သမီးရည်ူးစား တွေ သွား ပျော်မဲ့ နေရာ ၊ ရှင့် လို မျိုး pressure cooker နဲ့ ချက် ရင် တောင်မနူးတော့ တဲ့ ဘဲအိုကြီးကများ ၊ ကြီး မှ ဝက်သက်ပေါက် ချင်သေးတယ် ပေါ့ ၊ ဟုတ်လား ??? ”  ( pressure cooker ဆို တဲ့ စာလုံး ကို သုံး မိ တာ အရေးကြီး သလား မသိ ဘူး ၊ စည်အိုင်အေ က လာ ရှာ မ လား မသိဘူး  )

ရက်စက် လှ ချည် လား မိန်းမ ရယ် ။*:-B 老古板

««« ♥♥♥ »»» ««« ♥♥♥ »»» ««« ♥♥♥ »»» ««« ♥♥♥ »»» ««« ♥♥♥ »»» ««« ♥♥♥ »»»

သတိ ။ ။ရှေ့ ဆက်မည့် အရေး အသား သည် လူကြီး များ နှင့် သာ သင့်တော် သည့် အတွက် ၊ ခလေးများ ၊ အမျိုးသမီးများ နှင့် မိမိ ကိုယ် ကို မိမိ သူ တော်စင် ဟု ယူဆ သူ များ ဆက်လက် ပြီး မ ဖတ် ရှု ပါ ရန် ။

ကျနော် မျိုးလည်း နေ့ အချိန် ကြောင်ရွာ မ သွား ရ တော့ ၊ ည အိပ်မက် ထဲ ကြောင်ရွာ ကို ရောက် သွား ပါ ရော ။

ရွာ အ ဝင် ပင်လျှင် ၊ နာမည် မဖေါ်ပြ လို သူ ဆို တဲ့ သတင်း ထောက် က ရွာ့ သူကြီး ကို အင်တာဗြူး လုပ် နေ သည် ကို တွေ့ ရ ပါ သည် ။

နာမည် မဖေါ်ပြ လို သူ သတင်း ထောက် “ သူကြီးမင်း ခင်ဗျာ ၊ ယခု လို အင်တာဗြူူးခံ ပေး သည် ကို ကျေးဇူး များစွာ  တင် ပါ တယ် ၊ ကြောင်ရွာ အခြေအနေ ရဲ့ အဆိုး နဲ့ အ ကျိုး ကို နဲနဲ မိန့် ပေး ပါ လား ။ ”

ကြောင်ရွာ့ သူကြီး “ ယခု လို တပြည် လုံး သို့ ကျနော့ ခံ စား ချက်များ ကို ထုတ်ဖေါ် ပြောဆို နိုင်ခွင့် ပေး ခြင်း အတွက် အထူး ကျေး ဇူး တင် ပါ သည် ၊ ပထမ ဦးဆုံး အကျိုး အပိုင်း ကို နဲနဲ ပြောပါ မယ် ၊ ကြောင်ရွာ ကို လူ များများ လာ လည် ရင် ပါးစပ် များများ ပါလာတယ် ၊ ပါးစပ် များများ ပါ လာ ရင် တော့ ၊ များများ ဝယ်စား မယ် ၊ များများ ဝယ်စား မှ တော့ ၊ ရွာ့ စီးပွား တိုး တက် ချမ်းသာ တာ ပေါ့ ။ ”

ကြောင်ရွာ့ သူကြီး ကဆက်လက်ပြီး “ အဆိုး ရဲ့အကြောင်း ကို ပြော ရ ရင် တော့ နဲနဲ အားနာ တယ် ၊ လူကြီးမင်း တို့ သိ တဲ့ အ တိုင်း ကြောင် ဆိုသည့် သတ္တဝါ ဟာ ၊ မျိုးပွား တဲ့ ကိစ္စ ကို ဆောင်ရွက် တဲ့ အ ခါ မှာ အားရပါးရ ၊ အော်ကြီးဟစ်ကျယ် နဲ့ အော် ပြီး ဆောင်ရွက် တတ်လေ့ ရှိ သည့် အတွက် ၊ တရွာ လုံး ရှိ ကြောင် များ အား လုံး တ ပြိုင် နက် အဲဒီ ကိစ္စ ကို ဆောင်ရွက် လိုက် လျှင် ၊ လေထု ညစ်ညမ်း မှု တော်တော် ဆိုး မှာ ဘဲ ………”

ထိုအချိန်တွင် သူကြီး ၏ ဘေး မှာ မှေး ပြီး အိပ် နေ တဲ့ ကြောင်ကြီး တကောင် ဟာ ရုတ်တရက် ထ လာ ပြီး ၊ ခံပြင်း စွာ နဲ့  “ မင်းတို့ လူ တွေ က ပို တောင် အော် နိုင် သေး တယ် ၊ ကုလား ဖြူ တွေ ကြ တော့ အိုး~~~ ယား~~~ အိုး~~~ ယား~~~ နဲ့ တအား အော် ပြီး ၊ ဖက်ဆစ် ဂျပန် တွေ ကျ တော့ အီတိုက်~~~အီတိုက်~~~ ပြီး တော့ အီကူ~~~ အီကူ~~~ တဲ့ ဗျာ ၊ ဘာတွေ မှန်း လည်း မ သိ ဘူး  ”

ကြောင်ရွာ့ သူကြီး သည် မျက်နှာ အနည်းငယ် နီရဲ သွား သည် ။

အဲဒီကြောင်ကြီး ဟာ လူ နှင့် အတူ Adult Video သို့မဟုတ် TV မှ Adult Channel ကို ကြည့်ဘူး သည် နှင့် တူ တယ် ၊ အရင် သခင် ဆီ မှာ နေတုုန်း က ကြည့်ဘူး တာ လား? ၊ ဒါ မှ မဟုတ် သူကြီး ဘေး မှာ နေနေတယ် ဆို တော့ ၊ သူကြီး ကြည့် တဲ့ အချိန် သူ ကြည့် မိ တာ လား ၊ ဘာဘဲ ပြောပြော လူ ကြည့် မှ သို့မဟုတ် လူ က ပြ ပေး မှ ကြောင် ကြည့် ရတာ တော့ သေချာ ပါ တယ် ။

ကဲ ~ ကဲ~ ကဲ~ ဤ လောက် နဲ့ ဘဲ တော် သင့် ပြီ ဒါ က တော့ သူ များ ရဲ့ personal ကိစ္စ ၊ နှိုက်နှိုက်ချွတ်ချွတ် ဝင် မ စွက် သင့် ပါ ဘူး ။

အိပ်ရေး နိုး လာ ပြီး နောက် အထက် ကိစ္စများ ကို စိတ် ထဲ မထား တော့ ပါ ဘူး ၊ အိပ်မက် ဘဲ ဥစ္စာ။

 

««« ♥♥♥ »»» ««« ♥♥♥ »»» ««« ♥♥♥ »»» ««« ♥♥♥ »»» ««« ♥♥♥ »»» ««« ♥♥♥ »»»

 

နောက် ဆုံး အနေ နှင့် တရုတ်သမ္မတနိုင်ငံ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘယ်လို ခွဲခြား နိုင် သည် ကို ကျနော် တို့ ကြောင်ကြီး နဲ့  ဥပမာ ပြ ပြီး ခွဲခြား ကြ ရ အောင် ။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၏ နိုင်ငံတော် ခေါင်းဆောင် အချို့ သည် ကြောင်ကြီး ကို ငရုတ် သီး ကျွေး တတ် သည် ။https://myanmargazette.net/82240

တရုတ်သမ္မတနိုင်ငံ ၏ နိုင်ငံတော် ခေါင်းဆောင် များ သည် ကြောင်ကြီး ကို ငရုတ် သီး မ ကျွေး ရက် ပါ ။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၏ နိုင်ငံ သား အချို့ သည် ကြောင်ကြီး ကို မြွေသား နှင့်ရော၍ ဟင်းချက် တတ်ပါ သည် ။https://myanmargazette.net/182527

တရုတ်သမ္မတနိုင်ငံ ၏ နိုင်ငံ သား အချို့ သည်မြွေသား ကို ကြောင်ကြီး နှင့်ရော၍ ဟင်း မ ချက် တတ်ပါ သည် ။

 

အဓိက အချက် မှာ တော့ တရုတ်သမ္မတနိုင်ငံ တော်အစိုးရ သည် ကြောင်ကြီး များ အတွက် ကြောင်ရွာ ကို တည် ပေး ပြီး ၊ တရုတ်သမ္မတနိုင်ငံ သားများ သည် ကြောင်ကြီး နဲ့ အတူ Adult  video နှင့် TV မှ Adult Channel များ ကို share ခွင့် ပေး ထား ခြင်း ၊ စသည့် အချက် များအပေါ် မူ တည်ြဲပီး ခွဲခြား လို့ ရ ပါ သည် ။ *:)) 開懷大笑 *=)) 笑倒在地

 

ပြစ်မှားမိ သော ဆရာ သမား အား လုံး ကို တောင်း ပန်းသည် ခင်ဗျား ။

 

ကျေးဇူး တင် ပါ သည် ။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ရွှင်လန်း ကြ ပါ စေ ။

 

22 comments

  • အရိပ်စစ်

    October 11, 2013 at 5:19 am

    ကြောင်ရွာ တဲ့ ထူးထူးဆန်းဆန်းနော်

  • Ma Ma

    October 11, 2013 at 7:50 am

    သနားပါတယ်။
    “ Chinese ပေါ်ဦး ” လက်ချက်နဲ့ ကြောင်ကြီးလည်း မိုးပေါ်ရောက်လိုက် (ကောင်မလေးတွေ လက်ထဲမှာ)
    မြေပေါ်ပြုတ်ကျလိုက် (တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် မြွေသားနှင့်ရော၍) ဖြစ်နေပါပကောလားးးးးးးးးးးးးး :loll:

  • Wow

    October 11, 2013 at 8:40 am

    လှည်းတမ်း ၅ လမ်းထဲက ကြောင် အကောင်သုံးဆယ် ကို အိုက်ကို သွားပို့ရင်ကောင်းမလား…. :kwi:

  • Crystalline

    October 11, 2013 at 8:49 am

    အန်ကယ်ရော်နယ်လ်… ထူးဆန်းထွေလာ.. မမြင်ဖူး မကြားဖူးတာတွေ ပြည့်ပြည့်စုံစုံလေး ဖော်ပြပေးတဲ့အတွက်ကျေးဇူးပါ..
    ဖေဖေဓာတ်ပုံရိုက်ပေးမယ်ဆိုတော့ အိုက်ဒါလေးတွေက အန်ကယ့်မဟေသီနဲ့ဘေဘီလေးတွေလားဟင် 🙄

    • Don Juan Ronald

      October 11, 2013 at 8:25 pm

      သမီး~~~
      ငရဲ ကြီး လိမ့် မယ် နော် ၊

      ဒီအသက် ဒီအရွယ် မှ ဒီလေါက် ငယ် တဲ့ ခလေးတွေ ကို ကျွေးမွေး ရရင် အန်ကယ့် ကို သတ် တယ် နဲ့ မတူ ဘူး လား၊

      မူလ ဓါတ်ပုံရှင် ရဲ့ description ကို ဘာသာ ပြန် ထား တာ ပါ ၊

      “ pressure cooker နဲ့ ချက် ရင် တောင်မနူးတော့ တဲ့ ဘဲအိုကြီး ” လို့ ပါ ပြီးပြီ လေ

      အန်ကယ့် profile ကို ကြည့် ရင် အန်ကယ့် Age ကို သိ ပြီး သား ဖြစ် မှာပါ ။ ။

  • Foreign Resident

    October 11, 2013 at 9:02 am

    ကို Don Juan Ronald က ။
    အဲဒီ ကြောင်ရွာ ကို တကယ် မရောက်ခဲ့ဘူးပေါ့ ။
    ပုံထဲက သာမီးချောလေးတွေကလည်း ကို Don Juan Ronald နှင့် ဘာမှ မတော်ဘူးပေါ့ ။
    တော်သေးတာပေါ့ ကို Don Juan Ronald ရယ် ။
    သိပ်မကြာခင် ၊ ဦးကြောင် ရောက်လာတော့မှာ ။

    တစ်နေ့တော့ Taiwan ကို လာလည်ဖြစ်မှာပါ ။
    Taiwan မှာ ဘယ်နေရာတွေ လည်ဖို့ကောင်း ထူးခြားသလဲ ။

    • Don Juan Ronald

      October 11, 2013 at 9:54 pm

      ကို ေF ါ ရေ ~~~

      ဘယ် နေ ရာ လည် ရင် ကောင်း မယ် ဆို တာ ၊ ကျ နော် လည်း မ ပြော တတ် ဘူး ၊

      ဒီ က လူ တွေ ရဲ့ ဆက်ဆံ ရေး တော့ တော်တော် ကောင်း တယ် ၊ တရုတ်ပြည်ကြီး နဲ့ တော့ တော်တော် ကွာ တယ် ။

      ဒီ နှစ် ပိုင်း တွေ မှာ ဗမာ ပြည် မှ ကျနော့ အမျိုး တွေ တော်တော် များများ လာ လည် သွားပြီးပြီ ၊

      အရင် တုံး က ဗမာပြည် က ဆို လက် မ ခံ ဘူး ။

  • ဦးကြောင်ကြီး

    October 11, 2013 at 9:12 am

    ခရစ်စတယ်သာမီးလေးနဲ့ အနော် အဲဒရွာမှာ အတူတူ ညောင်ဂျင်ဒယ်…. အနော့် ပိုက်အကောင်းဂျီးရှိဒုံး သွားဖို့ စီစဉ်ပေးပါ…. 😳 ကုန်ကျစားရိတ်အတွက် အဒက်ချန်နယ်ဂနေ လိုက်ဖ်ရှိုးလွှင်ဂျင်လွှင့်… ခရစ်စတယ်လေး နာမည်ကြီးဖို့ ကြောင်ကြီး အသွေးအသား ပေးဆပ်ပါ့မယ်…

  • kyeemite

    October 11, 2013 at 11:08 am

    ကို Don Juan Ronald ရေ ထူးထူးခြားခြား ခုမှကြားဖူးပါသဗျာ
    တစ်ခုတော့ မေးချင်တယ်…အဲဒီရွာမှာကြောင်ချေးနံ့တော့ဟောင်နေမှာပဲနော
    ကြောင်ချေးကတော်တော်နံတာကလားဗျ

    ။*:)) 開懷大笑

  • TNA

    October 11, 2013 at 12:01 pm

    ချစ်စရာလေးတွေ ကြောင်လေးတွေက။ အဲကိုသွားလည်ချင်လိုက်တာ။ တော်တော်ကိုကြောင်ချစ်သူတွေ စုထားပုံရတယ်။ ကောင်းလိုက်တာ

  • padonmar

    October 11, 2013 at 8:41 pm

    ကြောင်သိပ်ချစ်တဲ့ သူငယ်ချင်းကို ဖွဘုတ်ကနေ ရှယ်လိုက်တယ်။

    • Don Juan Ronald

      October 11, 2013 at 10:02 pm

      ဒေါက်တာ ရေ ~~~~

      ေf့ စ်ဘုခ် မှာ share တာ တော့ ဟုတ်ပြီး ၊

      မကောင်း တဲ့ အပိုင်း လေး တွေ တော့ ပါ မ သွား စေ ချင် ဘူး ။

  • lele kyi

    October 11, 2013 at 8:56 pm

    အမှတ်တရအရောင်းဆိုင်ရယ်။ ခရီးသွားဝန်ဆောင်မှုရယ်က အကျိုးအမြတ်ရ သလို သွားရောက်လည်ပတ်သူတွေအတွက်လည်းကြည်နူးစေ.သတ်တဝါတွေလည်းလွတ်လပ်ပျော်ရွင်။ အတွေးကောင်းတွေကို တောက်ပအောင်ပံပိုးပေးနိုင်တဲ့လူတွေပါပဲ။ သူကြီးအတွက်တော့ ကြောင်သားကင်ပါမှစွဲဆောင်နိုင်မှာ။

  • kai

    October 11, 2013 at 11:38 pm

    အဲဒီမှာ ကြောင်သားဟင်းဆိုင်သာဖွင့်လိုက်ရင်… မားကက်တင်းအရ ပွဲပြတ်… :mrgreen:

    • Don Juan Ronald

      October 12, 2013 at 12:35 pm

      သဂျီးမင်း ရယ်~~~

      ကောင်း လိုက် တဲ့ အိုင်ဒီယယ် ၊

      သဂျီးမင်း က Investment လုပ် မှာ လား ဆရာကြောင်ကြီး ကို ပါ တခါ တည်း ဖိတ် ခေါ် ခဲ့ ပါ ။

    • Ma Ma

      October 12, 2013 at 10:07 pm

      သဂျီးက ကြောင်ကြီးကို ရာဇဝင်ကြွေးဆပ်နေတယ်။ 🙂

  • Char Too Lan

    October 12, 2013 at 2:01 pm

    ကြောင်ချေးစော်နံလို့ ဘူတာကပဲလှည့်ပြန်သွားပါပီ
    တာ့တာ………. 😛

    • Don Juan Ronald

      October 12, 2013 at 6:17 pm

      ကြောင်ချေး ရှင်း ဖို့ အလုပ် သမား ရှိ တယ် ၊ နောက် တခါ ကြုံ ရင် ဝင် လည် ပါ ။

  • KZ

    October 12, 2013 at 2:05 pm

    ခုမှ ကြားဖူးသတော့။
    ကြောင်တွေက ဖီးလို့။ လှလိုက်တာ။
    ဟို ကြောင်မလေးက တော့ ကကြောင် လက်ချက်နေမယ်။
    သနားစရာ။

    😀

    • Don Juan Ronald

      October 12, 2013 at 10:24 pm

      ဘယ် သူ့ လက်ချက် မှန်း သိ ရင် စိတ် ထဲ မှာ ဘဲထား လိုက် ၊

      ထုတ်ဖေါ် မပြောနဲ့ ၊ တော် ကြာ…………..။

  • ကိုရင်စည်သူ

    October 12, 2013 at 10:14 pm

    ကံကြီးပေးလို့ အန်ကယ် ဒွန် ဂျာ.. ဖေဖေဓါတ်ပုံရိုက်ပေးမယ်ဆိုတဲ့ ဓါတ်ပုံကြောင့်
    နှူးဘား ၁၅နှစ်စီမံကိန်းထဲထည့်လိုက်ပေတော့မလို့… ဟီးးး ဟီးး :mrgreen:
    အူးကြောင်ကြီး ထိုင်ဝံ မနှစ်ကသွားပီး ခြေရှူပ်ခဲ့ဒါ အခု ခင်ညားနဲ့ရဒဲ့
    ဓါတ်ပုံထဲက ကြောင်မလေးကို တာဝန်ယူလိုက်ပါဗျာ..။ :mrgreen:
    ခင်ညားပဲ လျှာကျွေးချင်နေပီဆို… 🙂

  • padonmar

    April 3, 2016 at 8:50 pm

    ထိုင်ဝမ်ရောက်တုံး အချိန်ရင်ကြော်ရွာသွားပါလို့ရဲစည်က ပြောတယ်။ကေဇီက ရှာပေးတယ်။ ပို့ပိုင်ရှင်ကိုကျေးကျေး

Leave a Reply