ဘုရင့်နောင် ဖောင်ဖျက်(သို့)ဆုတ်သာတက်သာ (Do or Die Vs Plan B)
ကျမမှာ တူမချော ၁ဝယောက်ရှိပါတယ်။
(သတိ…ဒီပို့စ်မှာ ကွန်မန့်ပေးရင် ဒီအကြောင်းမပါရ)
တူမအကြီးဆုံး ချိုက Photographer ပါ။
ဂဇက်က ဒါ့ပုံဆြာကြီးတွေလောက်နီးနီး တော်ပါတယ်။
(သူရိုက်တဲ့ပုံတွေ ရွာထဲမှာ တွေ့ဖူးကြပါတယ်)
သူက ကျမတို့ဖက်လို ရုပ်မဆိုးပဲ သူ့အမေ ကျမ ယောင်းမနဲ့တူပြီးတော်တော်ချောသူပါ။
(ကြွားတယ်ထင်လည်း ကြွားတယ်ပေါ့အေ )
ဟိုတလောက သူ့အောက်က ဒုတိယ တူမလေး တုံတုံ မင်္ဂလာဆောင်ပါတယ်။
ပထမတူမ တယောက် မင်္ဂလာဆောင်တုံးက ဓာတ်ပုံ စိုင်းဘုန်းထူးနဲ့အဖွဲ့က
ဓာတ်ပုံရော ဗွီဒီယိုပါ ရိုက်ပေးပါတယ်။
ကျမတို့ အမျိုးတွေ အများကြီးကို တဖွဲ့ပြီးတဖွဲ့ စိတ်ရှည်လက်ရှည်ရိုက်ပေးသလို
ထွက်လာသမျှ ဓာတ်ပုံတွေ အကုန်လှနေပါတယ်။(လူတွေလှလို့ဖြစ်မှာပေါ့နော်)
ဒီတခါတော့ သတို့သားဖက်က စီစဉ်တာဖြစ်လို့
စိုင်းဘုန်းထူးမခေါ်ဖြစ်ပဲ နောက်ဓာတ်ပုံဆိုင်တဖွဲ့ကို ခေါ်ဖြစ်ပါတယ်။
မင်္ဂလာဆောင်ပွဲများစွာ ပရော်ဖက်ရှင်နယ်ရိုက်နေကျဆိုင်ဆိုတော့
သူလည်းအရင်တခါလို ပုံကောင်းတွေ ထွက်မှာပဲလို့ စိတ်ချလိုက်ပါတယ်။
ချို က မင်္ဂလာပွဲ မစခင် ကျမကို တိုင်ပင်ပါတယ်။
`တီလေးရေ၊ဓာတ်ပုံဆရာရှိနေပြီပဲ ၊တုံတုံတို့ ပုံတွေ မီး
မရိုက်တော့ဘူးနော်၊အပိုတွေထပ်နေမယ်´
ကျမကလည်း သဘောတူပါတယ်။
ဟုတ်တယ်လေ။
ကျမတူမက ဂါဝန်ကျောပြောင်ဝတ်၊ခြောက်လက်မဟိုင်းဟီးနဲ့ လှလှလေးပြင်ဆင်ထားတာ၊ ကင်မရာမည်းမည်းကြီး တကားကားရိုက်နေရလို့ ဘယ်ဖြစ်မလဲ။
`အေး၊မရိုက်ပါနဲ့ မီးရာ။ဓာတ်ပုံဆရာ သူ့ဖာသာသူရိုက်ပါလိမ့်မယ်။´
ဒါတောင် လူကနေပေမယ့် ဝါသနာကမနေဘူး။မင်္ဂလာပွဲမှာ
သူ့ကင်မရာကြီးဆွဲလာပြီး သူ့အမေ၊သူ့အဒေါ်တွေကို portrait
လိုက်ရိုက်ပေးနေပါတယ်။
ဒီနှစ် သူ့ရဲ့ project က portrait တွေရိုက်ဖို့ပါတဲ့။(သူရိုက်ပေးတဲ့
ပုံတွေ တော်တော်လှပါတယ်။မလှတဲ့သူတွေတောင် နည်းနည်းလှသွားပြီး
လှပြီးသားသူတွေပိုလှသွားအောင် ရိုက်နိုင်ပါတယ်။…ကြော်ငြာဝင်တာပါ)
ကြော်ငြာခန်းပြီးတော့ ဇာတ်လမ်းဆက်ပါမယ်။
မင်္ဂလာ အခမ်းအနားကို ကျမတို့ အဒေါ် သတို့သမီးရဲ့အဖွား အသက်
၉၆ နှစ်ကိုယ်တိုင် ရောက်လာ ချီးမြှင့်တော့
ပိုဝမ်းသာဂုဏ်ယူရပါတယ်။
အသက်ရှည်ရှည် ကျန်းကျန်းမာမာရှိတဲ့ ဖိုးဖွားများရှိတာ
အားကျဂုဏ်ယူစရာမင်္ဂလာပဲ မဟုတ်ပါလား။
မင်္ဂလာ အခမ်းအနားပြီးတဲ့အခါ ထုံးစံအတိုင်း
မင်္ဂလာ မောင်မယ်နဲ့ကျမတို့ဆွေမျိုးတွေ တွဲရိုက်ကြပါတယ်။
ညပွဲဖြစ်ပြီး နယ်ကလာတဲ့ အမျိုးတချို့က ပြန်ဖို့ လောဆော်နေကြတော့
လျှာရှည်တဲ့ ကျမက အမျိုးတွေ တော်တော်စုံနေတုံး ဂရုပုံ အရင်ရိုက်ရအောင်လို့
စိတ်ကူးပေါက်ပါတယ်။
ဒါနဲ့ တဖွဲ့စီ အရင်မရိုက်ပဲ ဆွေမျိုးအားလုံးလာကြပါလို့ လိုက်စုရပါတယ်။
မင်္ဂလာစင်မြင့်လေးပေါ်မှာ ဆွေမျိုးတွေအားလုံး အရပ်ရှည်သူတွေ နောက်ကရပ်
၊အရပ်ပုသူရှေ့ကရပ်၊သုံးတန်းလောက်စီပြီး မဆန့်သေးတော့ တချို့က ရှေ့မှာ
ထိုင်ကြရပါတယ်။
လူရေကြည့်တော့ အားလုံး ၆၆ ယောက်ရှင့်။
ဖွဘုတ်ပေါ်တင်ထားမိတော့ တချို့လည်း အဲဒီပုံမြင်ဖူးကြမှာပါ။
ဓာတ်ပုံဆရာက အိုင်ဒီယာကောင်းတယ်။
ရိုးရိုး စတေပုံရိုက်အပြီးမှာ ဟေးလို့တပြိုင်တည်းအော်ပြီး အားလုံး
လက်တွေလေထဲကို မြှောက်ထားလိုက် လုပ်ခိုင်းပါတယ်။
အဲဒီပုံလေးလည်း တကယ့်ကိုကောင်းပါတယ်။
ကြည့်မိရင် တပျော်တပါးကြီး ဖြစ်သွားစေပါတယ်။
အဲဒီ မဟာဂရုဖိုတိုကြီးရိုက်ပြီးတော့ တမိသားစုချင်းထပ်ရိုက်ချင်ကြပါသေးတယ်။
အဲဒီအခါ ကလေးငယ်ပါတဲ့မိသားစုမှာ
ကလေးတွေက ရှူးရှူးပေါက်၊အီအီးပါ။ဂျီတိုက်တဲ့သူက တိုက်၊
ကလေးအမေတွေလည်း ဗျာများ၊
ကလေးအဖေတွေက ဆေးလိပ်ထွက်သောက်။
အပျိုကြီးတွေက အချင်းချင်း တွေ့တုံးလေး လေတွေပစ်။
ဆယ်ကျော်သက်တွေက ရေခဲပန်းပုမှာ အလှပုံသွားရိုက်။
အဲဒီလို ကယောက်ကယက်ကြားထဲ ဓာတ်ပုံရိုက်ဖို့ လူစုတာ မိသားစုတဖွဲ့တဖွဲ့ကို
မနည်းလိုက်စုနေရပါတော့တယ်။
ဓာတ်ပုံဆရာတွေလည်း စိတ်မရှည်ချင်တော့ဘူး။
ဒါနဲ့ လောဆော်ပြီး `ကဲ၊ကဲ ရှိတဲ့သူတွေနဲ့ ရသလိုရိုက်´ဆိုပြီး တွေ့တဲ့မိသားစု
တဖွဲ့ပြီးတဖွဲ့ စင်မြင့်ပေါ် မောင်းတင်လိုက်ရပါတယ်။
လျှောက်ရသွားရခက်တဲ့ ကျမအဒေါ် ၉၆နှစ်ခမျာ စင်မြင့်ပေါ်က
ဆင်းခွင့်မရတော့ပါဘူး။
သူနဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် သူ့ကိုပါထည့်ရိုက်ပလိုက်တော့တာပဲ။
အဲသလိုနဲ့ မင်္ဂလာပွဲကြီး အောင်မြင်စွာပြီးသွားပါတယ်။
တပတ်လောက်နေတော့ မင်္ဂလာပွဲပုံတွေ ရပါတယ်။
အခြားပုံတွေထက် ဒါရိုက်တာ ပဒုမ္မာစီစဉ်သော ဆွေတော်မျိုးတော်တွေရဲ့
မဟာဂရုဖိုတိုကြီးကို လူတိုင်းသဘောကျကြပါတယ်။
ကျမလည်း ဒီပုံကြီးကို12”x18” ပုံကြီးချဲ့ မှန်ဘောင်သွင်းပြီး ဆွေမျိုးတွေ
လက်ဆောင်ပေးမယ်။
သူတို့ တမိသားစုချင်း ရိုက်တဲ့ပုံတွေလည်း ပုံကြီးချဲ့ လက်ဆောင်ပေးမယ်လို့
စီစဉ်ပါတယ်။
ပြဿနာက အဲဒီမှာတွေ့တာပါပဲ။
လေးငါးယောက်ပဲရှိတဲ့ မိသားစုပုံတွေမှာ ပုံအကြီးကြီးထဲ
လူတွေက သေးသေးလေးနဲ့ ချဲ့ကြည့်ရင်
မျက်နှာတွေဝါးနေပါတယ်။Backdrop နောက်ခံစာတမ်းရဲ့ စာသားတွေမှာ
focus ရောက်နေပါတယ်။
ဖြစ်ပုံက လူ ၆၆ ယောက်တွက် ချိန်ထားတဲ့ setting အတိုင်း ပြန်မချိန်တော့ပဲ
ကျန်တဲ့ အဖွဲ့တွေကို နင်တက်နင်ဆင်းရိုက်သွားပုံရပါတယ်။
ဓာတ်ပုံရိုက်တယ်ဆိုတာ ပြန်မရနိုင်တော့မယ့် တခဏလေးတွေကို
မှတ်တမ်းတင်ရတာပါ။
(ခရက်ဒစ်တူ မောင်ဂီ)
မင်္ဂလာဆောင်ပုံတွေဆိုတာ ချက်ခြင်းတော့
အဖိုးတန်မှန်းမသိသာပေမယ့် နောင်အနှစ်
၂၀-၃ဝကြာသွားတဲ့အခါ နောက်မျိုးဆက်တွေကို အမှတ်တရပြစရာဖြစ်လာပါတယ်။
အမျိုးထဲများ နာမည်ကျော်တဦးဦးပါလာခဲ့ရင်
သမိုင်းဝင်ဓာတ်ပုံတွေတောင်ဖြစ်နိုင်ပါသေးတယ်။
အသက်ကြီးတဲ့သူတွေပါရင် ပိုတောင် အဖိုးတန်ပြန်ရော။
အဲဒီပုံရိုက်တုံးက ဘယ်နှစ်ခုနှစ်မှာပေါ့။သူတော့ရှိသေးလေရဲ့။အဲသလိုပြောလို့ရပါတယ်။
(ကျမတို့ ဂဇက်တွေ့ဆုံပွဲပုံတွေလည်း သိမ်းထားကြပါနော်။
အန်တီပဒုမ္မာလေ ဘယ်နှစ်ကြိမ်မြောက်အထိ
အသက်ရှိသေးပြီး တွေ့ဆုံပွဲတက်နိုင်သွားသေးတယ်လို့
သတိရတဲ့အခါ ပြောလို့ရတာပေါ့နော်)
အဲဒီတော့မှ ကျမတို့ နှမျောတသ သုံးကြိမ် ရွတ်လိုက်ကြရပါတော့တယ်။
အဲဒီတုံးကများ ကျမတူမ ချို သာ ကင်မရာကိုင်ရိုက်မိရင် ဒီထက်သာတဲ့
ဓာတ်ပုံတွေရမှာပဲ လို့။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အလုပ်တခု စီစဉ်ပြီဆိုရင် တလမ်းတည်း တမျိုးတည်း
တခုတည်းရွေးပြီး နောက်မဆုတ်တမ်း ဒီနည်းလမ်းပဲသုံးတဲ့နည်းကို
ဘုရင့်နောင်ဖောင်ဖျက်လို့ နားလည်လွယ်အောင် သုံးချင်ပါတယ်။
ဘိုလိုတော့ခ်ရရင် Do or Die ပေါ့။
ရွေးချယ်စရာလမ်းမရှိတဲ့အခါ သေသေကြေကြေ ဒီ တခုကိုပဲ
မကောင်းကောင်းအောင် ကြိုးစားလုပ်ဖို့
တွန်းအားပေးသလို ဖြစ်တဲ့အတွက် အောင်မြင်မှုကို ပိုရစေတယ်လို့
ဘုရင့်နောင်က ရွေးချယ်သွားတဲ့နည်းဖြစ်ပါတယ်။
လူမရှုပ်ဘူး၊ပစ္စည်းမရှုပ်ဘူး၊စကားမရှုပ်ဘူး၊စားရိတ်မပိုဘူး။
ဒီတခုမှ မအောင်မြင်ရင်လည်း လုံးဝ ဆုံးရှုံးပေတော့ပဲ။စစ်မနိုင်ရင်
အသက်ပါပေးရမယ့် စစ်ပွဲပေါ့။
တချို့ကတော့ Plan B ခေါ်တဲ့ ရွေးချယ်စရာ ဒုတိယနည်းလမ်းလေးကို
အရံထားတတ်ပါတယ်။
ဒီလမ်းမရရင် နောက်တလမ်းသုံးမယ်။ဒီနည်း
မအောင်မြင်ရင် နောက်တမျိုးကြိုးစားမယ်။ဒီတခုမကောင်းရင် နောက်တခု
ထုတ်သုံးမယ်။အဲသလို အဆင်သင့် အရံသင့် ဆောင်ထားတဲ့ နည်းကို
ဆုတ်သာတက်သာလို့ သုံးချင်ပါတယ်။
ဒီနည်းလမ်းက ဘုရင့်နောင်ဖောင်ဖျက်လို စိတ်ဓာတ်မြှင့်တင်ပြီး
မဖြစ်ဖြစ်အောင်ဇွဲခတ်သွားတဲ့နည်းတော့ မဟုတ်ပေဘူး။
ဒါပေမယ့် မအောင်မြင်ရင် ကျရှုံးတယ်လို့ ယူဆလို့မရပါဘူး။
အသင့်အတင့်ကောင်းတဲ့ အဖြေကိုတော့ ရနိုင်ပါသေးတယ်။အဆင်ပြေရင်
မတိမ်မယိမ်းလေးတောင် ရနိုင်သေးသပေါ့။မအောင်မြင်မှာ သိပ်စိတ်မပူရတဲ့နည်းပါ။
ဒါပေမယ့် လူရှုပ်တယ်။ပစ္စည်းရှုပ်တယ်။စကားရှုပ်တယ်။စားရိတ်ပိုတယ်။
ဒီနည်းကိုသုံးတဲ့အခါ အရံနည်းလမ်းဟာ လူသာဖြစ်ခဲ့ရင် သဘောထားကြီးသော
အရံလူလည်း ဖြစ်ရပါမယ်။
လူတွေရဲ့ သဘောက ကိုယ့်ကို အရံလို့ သတ်မှတ်ရင် မကြိုက်ချင်ကြဘူးရှင့်။
ကျမကတော့ အသက်ကြီးလာလို့ပဲလားမသိ၊စိတ်ဖိစီးမှုများတဲ့
ဘုရင့်နောင်ဖောင်ဖျက်ကို မကြိုက်ပါဘူး.။
ဘယ်အရာပဲဖြစ်ဖြစ် အရံလေး၊အဆင်သင့်လေး၊ဆုတ်သာတက်သာလေး
ထားထားတတ်ပါတယ်။
အဲဒီတော့ အထူးချွန်ကြီးတော့မဖြစ်ပေမယ့် ဆုံးရှုံးမှုလည်းနည်းပါတယ်။
ရှုပ်တတ်တာတွေကိုတော့ မရှုပ်အောင် ဆင်ခြင်ရတာပေါ့နော်။
စာဖတ်သူများရော ဘယ်နည်းလမ်းများ သဘောကျ ကျင့်သုံးကြသလဲဆိုတာ
သိချင်ကြားချင်မိပါတယ်။
44 comments
padonmar
October 14, 2013 at 12:54 am
မွသဲကို စာမေးပွဲပြီးရင်ရေးပါမယ်လို့
ကတိပေးထားတဲ့အတိုင်း
ခါနာတလုပ်တွက်
ဝါစာကမာ တပုဒ်ရေးလိုက်ပါပြီ။
တာဝန်ကျေပြီး။
TNA
October 14, 2013 at 4:50 pm
အာဟိ ကျေးကျေးပါအန်တီဒုံရေ။ အဲဒါလေးတွေကြောင့်ချစ်တာရယ်။
ကျော်စွာခေါင်
October 14, 2013 at 1:16 am
မမမာ
အပေါ်က တိမ်တိုက်တွေနဲ ့ပုံ လှလိုက်တာ အမရယ်.. တူမလေးရိုက်ချက်က ပရိုတန်းတောင် ဝင်ပါတယ်..
အဲလို တိမ်တိုက်တွေနဲ ့တောင်ကုန်းလေးက ကျနော် အိပ်မက်နေတဲ့ ကမာ္ဘလေးပေါ့…
တိတ်တိ်တ်လေးနေ… တိတ်တိတ်လေး သေချင်တယ်.. အဲလို အရပ်လေးမှာ..။
ဓါတ်ပုံလေးကို ကျနော် သိမ်းထားပါရစေ..ခွင့်တောင်းပါတယ်.. ခွင့်ပြုပါနော်..။
တူမလေးကိုလဲ ဆက် ကြိုးစားပါလို ့ ပြောပေးပါ
padonmar
October 14, 2013 at 1:38 am
အဲဒါ ကျိုက်ထီးရိုးမှာ ရိုက်ထားတာ ခေါင်ရဲ့။
မြန်မာ့အလှစစ်စစ်ပါ။
ဓာတ်ပုံလည်း သိမ်းနိုင်ပါတယ်။
တူမကသူ့ပုံတွေ ကြိုက်တယ်ဆို သဘောကျမှာပါ။
ဆက်ကြွားလိုက်အုံးမယ်။အဲဒီမှာလည်း အားပေးလို့ရပါတယ်လို့။
http://www.eyecandybycho.com/p/my-portfolio.html
ကျော်စွာခေါင်
October 14, 2013 at 2:16 am
မမမာ
ချို ့ ဘလော့ဂ်ကို သွားကြည့်ပြီးပြီ..
သူက ပညာရှင် အဆင့်ဖြစ်နေပြီဘဲ.. တော်တော် ကောင်းတဲ့ပုံတွေပါ..
သူ ့ဆိုက် လိပ်စာပါ သိမ်းထားတယ်.. နောက်အမြဲသွားအားပေးမယ်..
အလင်းအမှောင် အယူအဆ ပိုကြိုက်တယ်.. ဥပမာ မန်းလေး ရွှေကျောင်းက ပန်းပုလက်ရာ အဖြူအမဲပုံ..ကြိုက်တယ်
အင်းလေး ပုံတွေ… အလှုငွေ စာအိပ်လေးကို ကိုင်ထားတဲ့ ကိုရင်လေး…တော်တော်များများကြိုက်တယ်..
တစ်ကယ်ကို ဝါသနာပါပြီး တစ်ကယ်ကို ချိုက တော်တာပါ..။
padonmar
October 14, 2013 at 8:46 pm
ခေါင်နဲ့မိတ်ဆက်ပေးထားမယ်။
သူ့လက်ရာကြိုက်ရင် ပန်းချီဆွဲလို့ရအောင်။
inz@ghi
October 14, 2013 at 9:06 pm
ကျော် ကျော် ၊ ကျော် နဲ့ရော
မိတ်ရှက် ပေးဂျင်ဝူးရား ဟင်င်င်င်
padonmar
October 15, 2013 at 8:45 am
ရှီးရေ..ဟောဒီမှာလာကြည့်အုံး။
(ကျော်တို့ ချို့ကိုသိပြီးသားပါ)
kai
October 14, 2013 at 3:57 am
တလောကလေးတင်… ဘုရင့်နောင်ဖောင်ဖျက်ကိစ္စ…ယူအက်စ်အစိုးရအရာရှိတယောက်နဲ့..ပြောဖြစ်သေးတယ်…။
လက်တွေ့လောကမှာ.. အဲဒါကသောက်တလွဲလို့ဆိုတာပဲ..
ယူအက်စ်စစ်တပ်ဆိုရင်.. အော်ပရေးရှင်းကြီးတွေမှာ.. အမြဲပလန်င်အေ..ဘီ..စီ စသဖြင့်ထားပြီးမှလုပ်ရတယ်…. တဲ့..။
ပုဂ္ဂလိကတဦးချင်းလည်း.. ဒီအတိုင်းပါပဲ..။
ဘုရင့်နောင်ဖောင်ဖျက်စိတ်ဓါတ်ဟာ.. ခေါင်းဆောင်က..ငယ်သားတွေကို.. စိတ်ဓါတ်မြှင့်ပေးပြီး.. ညာခိုင်းရာမှာသာ… ကောင်းပါတယ်..။
ခေါင်းဆောင်ကိုယ်တိုင်အတွက်တော့.. ပလန်င်ဘီရှိသင့်..ထားသင့်ကြောင်း…
ဒန်တန်တန်…။
kolumbus
October 14, 2013 at 11:08 pm
ကျနော်လည်း လိုအပ်ရင်သုံးဖို့ ပလန် ဘီ၊ စီ မကပဲ ဇက်အထိထားပါတယ်။ မလုံလောက်ရင် အေအေ၊ ဘီဘီ ဆက်ဆွဲပါတယ်။ ဘယ်တော့မှနောက်မဆုတ်ဘူး…. အဲ..အဲ.. နောက်ဆုတ်တာလည်း ပလန်ထဲမှာပါတယ်။
padonmar
October 15, 2013 at 9:51 pm
နောက်ဆုတ်တတ်တာက Plan Backward ပေါ့နော။
padonmar
October 14, 2013 at 7:24 am
ကျမ ဒီစာခေါင်းစဉ်ပေးဖို့ စဉ်းစားတာမှာဆုတ်သာတက်သာတွက် ဘာပေးရမလဲအမျိုးမျိုးရွေးနေတာ။
တကယ်ချရေးတော့ မေ့ကုန်ရော။
သူကြီးရေးမှ Plan B ဆိုတာ သတိရတယ်။
ပြန်ပြင်လိုက်မယ်။
ဦးကြောင်ကြီး
October 14, 2013 at 8:21 am
တူမချော
သူစပြော
ခြူစထော
လူလှရော
ဂူဝတော
အူကျဘော
မြူထသော
ကူခဖော..
padonmar
October 14, 2013 at 6:58 pm
ညတ်ချွာဖျား
ကြောင်ရှေ့မှောက်ရက်လဲမိပြီ။
🙂 :cryy:
Ko chogyi
October 14, 2013 at 8:30 am
ဘုရင့်နောင်ဖောင်ဖျက်ဆိုတာက သူ့အချိန်ကာလအခြေအနေနဲ့ကိုက်လို့
(ကံကောင်းလို့)အောင်မြင်သွားတာပါ။
အမှန်တစ်ကယ်တော့ ရူးမိုက်ခြင်းတစ်မျိုးသာဖြစ်ပြီး။
ခေတ်စကားနဲ့ပြောရရင် ညစ်လုံး လုံးတာပါ။
padonmar
October 14, 2013 at 7:11 pm
ကိုချိုကြီးရေ
ရာဇဝင်ဆိုတော့ တုတ်ထမ်းဒါးထမ်းပြောနေရအုံးမယ်။
ကျမလည်း မကြိုက်ဘူး။
ဒီတခါမနိုင်သေးလည်း နောက်တခေါက်ထပ်တိုက်မှာပေါ့။အရေးကြီးတာ လူ့ အသက်လို့ မှတ်ပါတယ်။
(ကိုယ်လည်း အသေမခံနိုင်ဘူး။ကိုယ့်ရဲဘော်တွေလည်း မသေစေချင်ဘူး)
Wow
October 14, 2013 at 8:36 am
အနော်က တော့ ကန်ရာသီဖွားပီပီ ဘာမဆိုကြိုကြံစီတတ်လို့ ကိုယ့်အတွက် တစ်ကွက်ကျန်မဲ့ Plan B အမြဲရှိပါတယ်… :kwi:
padonmar
October 15, 2013 at 9:54 pm
နောက်ဆုတ်တတ်တာက Plan Backward ပေါ့နော။
Wow
October 17, 2013 at 9:41 am
အောင်မြင်စွာ ဆုတ်ခွာသီလို့ ခေါ်တယ် အန်ကယ်ဒုံရဲ့
KZ
October 14, 2013 at 8:37 am
အနော့မှာဆို ဘာပဲလုပ်လုပ် ချောင်မပိတ်အောင်
ပလန် အေ တူ ဇီ သာမက
လိုအပ်ရင်
အေဝမ်း-အေတန်း တူ ဇီဝမ်း-ဇီတန်း ပါ ထားတတ်ကြောင်းပါ။
ခါတလေ ဂယ်ပေါက် တွေ အများကြီးမို့
အရေးဟယ် အကြောင်းဟယ် ဘယ်ဂယ်ပေါက်ကနေ ဘယ်ပလန်နဲ့ထွက်ရမှန်းကို မသိတတ်ပါဘူးရယ်။
ခုခိ ခုခိ။
😀
ဓာတ်ပုံကတော့ဖြင့် ပါရမီရှင်လို့ပဲပြောရတော့မှာပါ အာတီဒုံ။
ပထမတိမ်ပုံကတော့ဖြင့် မောင်မာဃ ရဲ့ နေရာလား ထင်မှတ်မှားပါရဲ့။
🙂
padonmar
October 15, 2013 at 10:00 pm
ကေဇီလေးနဲ့ မမဝိုး
သူတို့က ကိုယ့်ထက်တောင် ပလန်တွေများနေပါလား။ပြန်အတုခိုးရတော့မယ်။
ဦးဦးပါလေရာ
October 14, 2013 at 8:44 am
အခန်းအနား ဓါတ်ပုံသမား (ဓါတ်ပုံဆရာဟု မခေါ်နိုင်ပါ) တွေအကြောင်းကတော့
စိတ်နာတာများလို့ မမန့်တော့ပါဘူး..
ကျနော့်ဘဝမှာတော့ အလေးထားမိတဲ့ကိစ္စတွေဆိုရင် Plan C အထိ ရှိလေ့၊ တွက်ထားလေ့၊ ပြင်ဆင်ထားလေ့ရှိပါတယ်။
ကျနော့် အကျင့် ခေါ်ရမလား၊ ဝါသနာ ခေါ်ရမလား ပေါ့နော
ခက်တာက
အလေးထားမိတဲ့ကိစ္စက သိပ်များများမရှိဘူး
အကုန်လုံးနီးပါးကို ခပ်ပေါ့ပေါ့တွက်ထားရင်း…
မှား တော့မှပဲ
မှား တော့တာပဲ..
🙁
padonmar
October 15, 2013 at 10:10 pm
ဦးပါ
မိကဲအမေကိုတွေ့ရင် ဦးပါမှာ ပလန်စီတောင်ရှိတယ်လို့ ချွန်တွန်းအုံးမှပဲ။
kyeemite
October 14, 2013 at 11:55 am
အာတီဒုံရေ..
Plan B အကြောင်းပြောရရင်တော့
ဟောဒီ မန်းဂဇက်ဆိုတဲ့ သဂျီးဝက်ဆိုဒ်မှာ
ကွန်မန့်ပေးတာတောင် Plan B အနေနဲ့
ဝပ်ဒ်ဖိုင်တစ်ခုဖွင့်ထားပြီး ကွန်မန့်ကိုကူထားရတယ်
အဲလိုလုပ်မထားရင်..
တခါတလေ ကိုယ်ကဖီးတက်ပြီးအသေအချာမန့်ပြီး
ဆပ်မစ် လုပ်လိုက်တဲ့အခါ ဒေတာဘေ့စ်အယ်ရာဆိုပြီးပိတ်သွားရော
ရေးထားတဲ့ကွန်မန့်လေးပါဆုံးပါလေရော 😀
ကိုယ်ပေးတဲ့ကွန်မန့်လေး အောင်အောင်မြင်မြင်တက်သွားမှ
ဝပ်ဒ်ဖိုင် ရက်ကော့ကိုဖျက်ပစ်ရတယ်… 🙄
padonmar
October 15, 2013 at 10:11 pm
ဦးမိုက်
ဂဇက်ရွာသူားတွေရဲ့ ဆောင်ပုဒ်က
လုံခြုံရေးသတိ အမြဲရှိ တဲ့။
Mr. MarGa
October 14, 2013 at 2:28 pm
ဟုတ်တယ်
တခြားနေရာမှာ ဘုရင့်နောင် ဖောင်ဖျက်ချင် ဖျက်မယ်
သဂျီးဆိုက်မှာတော့ မလုပ်
ဆုံးခဲ့တာတွေ များပြီမို့
အခုဆို ပို့စ် တင်ရင်တောင် plan B နဲ့ တင်ရတယ်
အပေါ်က တိမ်ပုံကတော့ ပြောလည်းပြောချင်စရာ
ကျွန်တော့်နေရာအလား ထင်မှတ်မှားပါရဲ့ 🙂
padonmar
October 15, 2013 at 10:14 pm
သဂျားအတွက် အပိုင်တောင်းလိုက်မယ်။
အဲဒါ ကျိုက်ထီးရိုးခရီးမှာဆိုတော့ ဘိုးဘိုးကြီးနဲ့ညှိနော်။
TNA
October 14, 2013 at 4:54 pm
အန်တီဒုံတို့ မိသားစုပုံတွေ့ဖူးတယ်။ သိပ်လှတယ်။ ပျော်စရာကြီးနော်။ တကယ်အားကျတယ်။ တူမလေးဆိုဒ်လဲဝင်ကြည့်လိုက်တာ တကယ့်ကိုတော်တာပဲ။
အခုတော့ကျွန်မလဲ ဘုရင့်နောင်ဖောင်ဖျက်ထားသမို့ ရင်မောစိတ်ညစ်နေရပါတယ် အန်တီဒုံရေ။
padonmar
October 15, 2013 at 10:19 pm
မွသဲရေ
ဘယ်အရာမှ မတည်မြဲတဲ့ မြန်မာပြည်မှာတော့
ခြေစောင့်လက်စောင့်ဆိုတာတွေ ရှိရင် အကောင်းဆုံးလို့ ထင်တယ်။
အလုပ်ဆိုလည်း variety ထားထားရင်တော့ တဖက်ကမကောင်းတဲ့ အချိန် နောက်တဖက်ကို အားပြုရပ်တည်ရမယ်ထင်တယ်။
ကျမကို ကုန်လှောင်တဲ့သူတွေက အကုန်ရောင်းရမလား၊စောင့်ရအုံးမလားမေးရင် တဝက်ရောင်းထားလိုက် ၊တက်ရင်လည်း ရောင်းစရာရှိသေးတယ်။
ကျရင်လည်း ရောင်းထားမိတာ အမြတ်ပေါ့လို့ အကြံပေးလေ့ရှိတယ်။
စိတ်ချမ်းသာအောင် ကိုယ့်ကိုကိုယ်မွေးယူတာလေ။
TNA
October 16, 2013 at 11:33 am
ပလန် ဘီတော့ရှိတယ်။ ဖြစ်နိုင်ရင် အဲဒါကြီးမသုံးချင်လို့ အဲအခြေနေထိမရောက်ဖို့ပဲ ဆုတောင်း နေရတယ်အန်တီဒုံရေ။ 😥
alinsett
October 14, 2013 at 10:48 pm
အန်တီလိုပဲ….
အန်တီ့အရွယ်ကျရင်….
အဲဒီလို.ပြောမှာပဲ…။
အခုတော့….
🙂
padonmar
October 15, 2013 at 10:21 pm
ဆိုလိုတာက အလက်ဆင်းက အခုတော့ နောက်မဆုတ်နဲ့ ကိုကံချွန်ပေါ့ ဟုတ်လား။
ကြားမိတာကတော့ ချစ်သုဝေလေးမရရင် ဒေါ်ဖွားမေဆို။
sorrow weaver
October 15, 2013 at 9:04 am
အန်တီဒုံ ရေ .တားတား လေယဉ်လက်မှတ်တွေ…ဟိုတယ်ဘွတ်ကင်တွေလုပ်ပေးတတ်တယ်…ဝေါဝိုက်နော် အဟိဟိ..အန်တီဒုံ တူမချောချောကလေး …နိုင်ဂျံကားသွားရင် ကူညီလို့ရအောင်ပါ..
( အဟီး…အလွတ်ဖားတာ ) .
padonmar
October 16, 2013 at 9:11 pm
ဒူဝါဇောရိုးက အာတီဒုံတွက်တော့ မကူညီချင်ဘူးပေါ့။
လေယာဉ်မယ်ကို ပြန်ပေးဆွဲခိုင်းမယ်။
black chaw
October 15, 2013 at 10:16 am
အစ်မရေ…
ဟိုတုန်းကတော့…
ဘုရင့်နောင် ဖေါင်ဖျက်တဲ့ ကိစ္စက…
ဂုဏ်ယူဝင့်ကြွားစရာ ကိစ္စကြီးတစ်ခု လို့ ထင်ခဲ့ကြပါတယ်…။
ထင်ခဲ့ကြလို့လည်း မြန်မာရာဇဝင်မှာ
ဒါကြီး အားကောင်းခဲ့တာပေါ့…။
ဒီဘက်ခေတ်…
Management ပညာရပ်ကို လေ့လာလိုက်စားလာကြတဲ့ အချိန်ကျတော့…
ဘုရင့်နောင် ဖေါင်ဖျက်တဲ့ ကိစ္စဟာ
သူကြီး ကွန်းမန့်ထဲရေးသလို တစ်လွဲ ဖြစ်နေပြန်ရောဗျာ…။
ဟုတ်ကဲ့…။
နားစွန်နားဖျားကြားဖူးတာလေးတစ်ခုက
နှိုင်းနှိုင်းချိန်ချိန် သုခမိန် ဆိုလား…။
ဟေးဟေး…။
မီးစင်ကြည့်ကတာကသာ အကောင်းဆုံးပါ အစ်မရေ…။
ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။
padonmar
October 16, 2013 at 9:12 pm
ကိုဘလက်
မီးစင်ကြည့်က ဆိုတာလေးလည်း မှတ်သားလောက်ပါတယ်။
ကျေးကျေး။
inz@ghi
October 15, 2013 at 11:17 am
ကေ့စ် ဘိုင် ကေ့စ့် လို့ ပဲဖြေချင်တော့တယ်ခည…
ဆိုပါစို့ ဘောလုံးတပွဲ မိနစ် ၇ဝလောက်မှာ ၂-ဝ နဲ့ ရှုံးနေတယ်…
မိနစ်၉ဝ အတွင်း နောက် ၂ဂိုးပြန်ရမှ သရေကျမှာမို့ …အဲ့သည့်အနေအထားက
ဖောင်ဖျက်ရမယ့် ကိစ္စရပ် ခည … တိုက်စစ်သာဖွင့်ဆော့တော့ ကိုယ့်ဆြာရေ့…
ပလင်န် ဘီ က ပါဝါဂိမ်း ကစားမယ် … ပလင်န်စီက ပိုဇစ်ရှင် ဇောင်းပေးပြီး
ပရက်ရှာဂိမ်း ကစားမယ် ဆိုတာတွေ ပလင်န်ကောင်း ပလင်န် လာနိုင်ပါတယ်
မေ့လိုက်ပါ ..အတင်းဝင် အတင်းထွက် …စုပြုံတိုး … ကောင်းသူထိပ် မကောင်းသူထိပ်
ခြေမနဲ့ထိုး တဂိုး ရဖို့သာ အရေးကြီး တော့ သကိုးဗျာ…
မိနစ်၉ဝ ဆိုတဲ့ အနားသတ်မျဉ်း ရှိနေသေးသကိုး ….
အဲ …. ၂-ဝ နဲ့လည်း ရှုံးနေပြီးသားပဲမို့ ..သေမထူးနေမထူးလေဗျာ..
ကိုယ့်ထက် ပိုကောင်းလို့ ကိုယ့်ကို ၂-ဝ သိပ်ထားတဲ့အသင်းမို့
တိုက်စစ်ထဖွင့်ကာမှ ကောင်တာမိပြီး ပွဲပီးတဲ့အခါ …၄-ဝ ဒါမှမဟုတ် ၃-၁ လောက်
ဖြစ်သွားတယ် ဆိုလည်း ပိတ်သတ်က ဆဲမယ် မထင်ဘူး …
အနားသတ် ဒတ်ဒ်လိုင်း ရှိတဲ့ ကိစ္စတွေက ဖောင် ဖျက်ရမယ့် သဘော ရှိတတ်သဗျို့….
အဲ ..real world မှာတော့ အနည်းငယ် ကွာခြားလိမ့်မယ်ဗျ ….. သွေးအေးဖို့တော့ လိုပါလိမ့်မယ်…
ဖောင်ဖျက်မယ့်အစား retreat လုပ်တာ flank attack လုပ်တာ hybernate mode နဲ့ အကွက်ချောင်းတာ
ဂေါ်ရီလာ ပြောက်ကျား အကွက်ရွှေ့တာ အပါအဝင်ပေါ့….
အထက်က ဒါ့ပုံကိစ္စ ပြန်ပြောရရင်တော့ …wedding photography အတွက်က တော့ normal lens တပ်ထားတဲ့
body တလုံးအပြင် tele တလုံးပါ 2nd shooter အနေနဲ့ ခပ်လှမ်းလှမ်းက ထောက်နိုင်ရင်ပိုကောင်းမှာ ဖြစ်ပါကြောင်း…
လိုအပ်မယ်ထင်ရင် prime တလုံးလည်း ပါသင့်ပါကြောင်း… ထပ်ကွန့်ရရင်တော့
ပေါ့ထလိပ် ရိုက်တဲ့ wide တလုံးပါရင် ပိုကောင်းဦးမယ် ဖြစ်ပါကြောင်း
ကျော် ဆောင်ရင်တော့ အင်မတန် အဆဲသန် တဲ့ ဆြာ တယောက် အင်မတန်အစားမက်တဲ့ ဆြာတျောက်
အင်မတန် အပေါက်အကျယ် သုံးတဲ့ ဆြာ တယောက် ဖူးဖလိမ် ခလော့ဖလိမ် ၁တွဲ နဲ့ အားမရလို့ ဖိုးသာ့ဒ် ထပ်ဝယ်တဲ့
မိန်းမသိပ်ကြောက်ရတဲ့ ဆြာတယောက် ၊ မြို့ထဲ အတင်းလယ်ပြောတဲ့ နှာဘူး ဒတ်ဆြာတယောက် ဒီ ၅ယောက် ရရင် တော်ပါဘီ ဖစ်ပါကြောင်း …. ငိငိ…
(အရက်ဖိုး တော့ ခုကတည်းက ကြိုစုရမယ်ထင့်)
ဒချိ ဒချိ
padonmar
October 16, 2013 at 9:20 pm
မောင်ဂီ
ဒါမှ မူလလက်ဟောင်းမောင်ဂီကွ။
ညည်းပြောတဲ့ flank attack ဆိုတာ မသိလို့ ဒစ်ရှင်နရီပြေးလှန်ရသေးတယ်။
နံကြားပြေးကန်တယ်လို့ ရမ်းသန်းပြန်ရမလားပဲ။
မောင်ဂီနဲ့ ရှီး မင်ဂါဆောင်ရင် ကျုပ်တို့ကလည်း ဖုန်းကင်မလာတွေနဲ့တော့ ဝိုင်းရိုက်ပေးမှာပါ။
Myo Thant
October 15, 2013 at 11:30 am
အင်း ငယ်ငယ်ကတော့ ဒီကိစ္စကို ဒီနည်းနဲ့လို့ ပုံသေတွက်ထားလို့
ဂျွမ်းပြန်ပေါင်းလည်း များခဲ့ပါတယ် ၊
ဘာမဆို အို ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်အခံနဲ့ကိုး ၊
သားသမီးရလာပြီးချိန်မှာတော့ အဲသလိုမဖြစ် ဟိုလိုနည်းနဲ့ ဆိုတာမျိုး
တွက်တတ်လာခဲ့တယ် ၊ အိမ်ထောင်ရေး ရှင်းမယ်လို့ ဆုံးဖြတ်ပြီးချိန်မှာ
တောင်လိုလို မြောက်လိုလို ဖြစ်မှာစိုးလို့ ကို Plan ၄ – ၅ မျိုးနဲ့ တစ်ခါတည်းဖြတ်ခဲ့တာ ၊
တနင်္ဂနွေသား စိတ်ကြီးတယ် ၊ နိူး ဆိုရင် ဂိုး တော့ပဲ ၊
ဒီပို့စ်အတွက် ကျေးဇူးပါ အာတီဒုံ ခညာ ၊
padonmar
October 16, 2013 at 9:23 pm
တနင်္ဂနွေသားမို့ အမေက အေးငြိမ်းလို့ နာမည်ပေးထားတယ်။
အဲဒါကို သကောင့်သားက မျိုးသန့်လို့ နာမည်ပြောင်းပလိုက်တယ်တဲ့။
ဟုတ်လားကိုမျိုးသန့်။
နိုးဆိုရင် ဂိုးတော့ ဆိုတာလည်း ဖောင်ဖျက်ခြင်းတမျိုးပဲမလား။
Ma Ma
October 15, 2013 at 3:43 pm
ီsafety first လို့ ဆိုကြတယ် မဟုတ်လား။
တချို့ ဇွဲထက်သန်သူတွေအနေနဲ့ ဖြစ်ကို ဖြစ်ရမယ်၊ ရကို ရရမယ်ဆိုတဲ့ စိတ်နဲ့ ဘုရင့်နောင်ဖောင်ဖျက်တတ်ကြတယ်။
ကိုယ်တိုင်တော့ လုံ့လလည်းမရှိ၊ ဝီရိယလည်း မကောင်း၊ ဇွဲဆိုတာတော့ ဘာလဲမေးရမယ့်သူအတွက် ရေလိုက်ငါးလိုက်ဆိုသလို ပိုကာပလန်နဲ့ နှစ်ပါးသွားနေတော့တာပဲ။
padonmar
October 16, 2013 at 9:28 pm
ဟော စကားပုံနောက်တခုရပြန်ပြီ။
ရေလိုက်ငါးလိုက်တဲ့။
ကိုဘလက်နဲ့ မောင်နှမပေါ့။
အခုထိ စာရင်းကောက်ရသလောက်တော့
လူငယ်တွေက Do or Die ဖက် အားသန်ပြီး
လူကြီးတွေက Plan B ဖက်အားသန်တယ်။
ကျားတွေက ဖောင်ဖျက်ချင်ကြတာများပြီး
မတွေက ဆုတ်သာ တက်သာချင်ကြတယ်။
လည်သလိုကြည့်စား အဲမှားလို့
ခြံစည်းရိုးပေါ်ထိုင်မယ်ဆိုတဲ့ ကြားနေလည်း ရှိတယ်။
kai
October 16, 2013 at 10:59 pm
“Do, or Die”မြင်လို့ပါ..။ ယူအက်စ်ရဲ့သမိုင်းဝင်စာသားကလေး ရေးပြချင်လို..”Join, or Die” တဲ့..။
အဲဒါနဲ့.. ယူနိုက်တက်(ပြည်ထောင်စု)စိတ်ဓါတ်တည်ဆောက်ခဲ့တာပေါ့..
ဝင့်ပြုံးမြင့်
October 17, 2013 at 2:24 am
အန်တီမာ ပို့စ်မှာ မျှစ်ကြော်ကတော့ ပလန်းဘီ အကြောင်း မတွေးမိဘဲ လူ့စွမ်းအားအကြောင်း တော်တော်ကိုတွေးမိနေတာ။ မျှစ်ကြော်တို့မိသားစု နောက်ရောက်သွားတဲ့ ဖြစ်ရပ်မှန်ကတော့ လူ့စွမ်းအားမရှိတာပါပဲ။ သူများတွေ ဆွေမျိုးအုပ်လိုက်ကြီးနဲ့တွေ့ရင် စိတ်ထဲ တစ်မျိုးဖြစ်တယ်။