Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

2013 မှာ ပျောက်ဆုံးသွားတဲ့ နည်းပညာပစ္စည်း (၁၀) မျိုး

Mr. MarGaOctober 23, 20134min68314

၂၀၁၃ ကိုတော့ မဟာနည်းပညာတွေရဲ့ ကျဆုံးခန်း လို့ ပြောရင် ရမယ်လို့ ထင်ရတယ်ဗျ။

နည်းပညာ ကုမ္ပဏီတွေ တစ်ခုပြီးတစ်ခု သူတို့ရဲ့ နည်းပညာကျဆုံးခန်းတွေကို ထုတ်ဖော်ကြေညာခဲ့ရတယ်။

အခု ပြောပြမှာက ဒီနှစ်ရဲ့ အကြီးမားဆုံး ကျဆုံးမှု ဆယ်ခု ပါ။

 

1. Google Reader

R.I.P Google Reader

Google ဟာ တစ်နှစ်တစ်နှစ်ကို ထုတ်ကုန်အသစ်၊ တီထွင်မှုအသစ်တွေ မြောက်များစွာ လုပ်လေ့ရှိပါတယ်။ ဒါ့အပြင် ပုံမှန် ရှင်းလင်းရေးအနေနဲ့ အဲဒီထုတ်ကုန်တချို့ကိုလည်း  ပြန်လည် ရပ်ဆိုင်းတတ်ပါသေးတယ်။ ဒီနှစ်မှာ အကြီးမားဆုံး ရပ်ဆိုင်းမှု အဖြစ် ကြေညာချက်ကတော့ Google Reader ပေါ့။ ဒီနှစ် ဇူလိုင်လကစလို့  ဒီထုတ်ကုုန်ကို ရပ်ဆိုင်းခဲ့ပါတယ်။ ရလာဒ်အနေနဲ့ကတော့ ကျန်တဲ့ RSS Reader တွေဖြစ်တဲ့ Feedly, Newsblur, Flipboard တို့တွေကို အသုံးပြုသူတွေ ပြောင်းလဲသုံးစွဲခဲ့ရပါတယ်။

 

2. BlackBerry, Dell, BMC as public companies

Dell 

Blackberry, Dell နဲ့ BMC တို့ကို အများပိုင်အဖြစ်နဲ့ တွေ့ရမှာ မဟုတ်တော့ပါဘူး။ ဒီနှစ်မှာပဲ စတော့ ရှယ်ယာဈေးကွက်ကနေ ကျောခိုင်းသွားခဲ့ကြပါပြီ။ တစ်ချိန်မှာ ပြန်လည်ဝင်ရောက်လာဖို့ ရှိပေမယ့် အချိန်အတိုင်းအတာ တစ်ခု အထိတော့ အတော် ရုန်းကန်ကြရဦးမှာပါ။

 

3. Cloud storage provider Nirvanix

Farewell Nirvanix!

Cloud storage ကို စတင် ဦးဆောင်ခဲ့တဲ့ Nirvanix ဟာ စတင်ခဲ့ပြီး ခုနှစ်နှစ် အကြာမှာတော့ ဒီ စွန့်ဦးတီထွင် လုပ်ငန်းနယ်ပယ်ကနေ ထွက်ခွာသွားပါပြီ။ အသုံးပြုသူတွေအတွက်တော့ အဖြစ်အပျက်တွေဟာ အရမ်းမြန်ဆန်စွာ ဖြစ်ပေါ်လာခဲ့ပါတယ်။ အသုံးပြုသူတွေကို သူတို့ရဲ့ သတင်းအချက်အလက်တွေ တခြားကို ပြောင်းရွှေ့ဖို့ ရက်သတ္တပတ် အနည်းငယ်ပဲ ကြိုတင် သတိပေးခဲ့တာကြောင့်ပါ။ (ဒီအဖြစ်အပျက်က ကျွန်တော့်အတွက်တော့ Cloud Storage ရဲ့ စိတ်ချရမှုကို နည်းနည်း စိုးရိမ်ဖို့ ဖြစ်လာတယ်ဗျ)

 

4. Windows RT tablets (other than Microsoft Surface 2)

 

Windows RT Tablets

Microsoft ရဲ့ Windows RT Tablet ထုတ်လုပ်မှုအတွက် ပူးပေါင်းခဲ့တဲ့ ပါတနာတွေဟာ တစ်ယောက်ပြီးတစ်ယောက် စွန့်ခွာနေကြပါပြီ။ နောက်ဆုံး လက်ကျန်ဖြစ်တဲ့ Dell နဲ့ Asus တို့တောင် ဒီ device  တွေကို ထုတ်လုပ်မှု ရန်တန့်ဖို့ စီစဉ်နေကြပါတယ်။ ဒါပေမယ့် ဒီနှစ် စက်တင်ဘာလမှာ ထွက်လာတဲ့ သူ့ရဲ့ နောက်ထပ်မျိုးဆက် Surface 2 နဲ့အတူ Microsoft ကတော့ tablet နယ်ပယ်မှာ အရှုံးမပေးဘဲ ဆက်လက် တိုက်ပွဲဝင်ဖို့ ပြင်နေတုန်းပါ။

 

5. AltaVista search enginee

Altavista Search Engine

ဟုတ်ပါတယ်။ တစ်ချိန်က ထိပ်တန်းဖြစ်ခဲ့တဲ့ သတင်းအချက်အလက် ရှာဖွေရေးဝက်ဘ်ဆိုက်ဟာ ဒီအချိန်ထိ ရှိနေတုန်းပါ။ ဒါပေမယ့် Yahoo ရဲ့ ကန့်သတ်ချက်တွေနောက်ကွယ်မှာပါပဲ။ သို့သော် ဒီနှစ်နွေမှာတော့ Yahoo ရဲ့ RSS Alerts နဲ့ Yahoo Neighbors Beta တို့နဲ့အတူ ဖျက်သိမ်းခြင်း ခံခဲ့ရပါပြီ။

 

6. Original iPhone

iPhone 2G

Apple နဲ့  သူ့ရဲ့ သုံးစွဲသူအများစုကတော့ မူလစတင်ခဲ့တဲ့ iPhone 2G ကနေ အတော် ဝေးကွာတဲ့ နေရာကို ရောက်နေပါပြီ။  နောက်ဆုံး ထွက်ရှိလာတဲ့ iPhone 5s, 5c တို့နဲ့အတူပေါ့။ ဒီနှစ် ဇွန်လမှာတော့ Apple က ဒီ ပထမမျိုးဆက် iPhone ကို အတိတ်မှာ ကျန်ခဲ့တဲ့အရာ အဖြစ် သတ်မှတ်ခဲ့ပါတယ်။ သူ့အတွက် အပိုပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို Apple Store ကနေ ထပ်မံ ထောက်ပံ့ပေးမှာ မဟုတ်တော့ပါဘူး။

 

7. Hotmail

 

Left Hotmail behind and Switch to Outlook.com

ဒီအပြောင်းအလဲကတော့ သိပ် မသိသာပါဘူး။ ခင်ဗျားတို့မှာ အခုထိ hotmail address တွေ ရှိနေနိုင်ပါသေးတယ်။ ဒါပေမယ့် Microsoft ကတော့ မေလကတည်းက Outlook.com ကို ပြောင်းလဲခဲ့မှုနဲ့အတူ Hotmail ကို ပိတ်သိမ်းလိုက်ပါပြီ။ ဒီ အပြောင်းအလဲထဲမှာ SkyDrive Cloud storage နဲ့ SMTP ပံ့ပိုးမှုတွေနဲ့ တစ်ပါတည်းပေါ့။

 

8. Fuduntu Linux

Cross Platform between Fedora and Ubuntu

စွမ်းအင်သုံးစွဲမှု နည်းပါးတဲ့ device တွေအတွက် ရည်ရွယ်လို့ Fedora နဲ့ Ubuntu ကို ပေါင်းစပ်ပေးထားတဲ့ Fuduntu ကို ၂၀၁ဝ မှာ စတင်ထုတ်ဝေခဲ့ပါတယ်။ ဒီနှစ် ဧပြီမှာတော့ ဒီပရောဂျက်ဟာ အဆုံးသတ်သွားပါပြီ။ အဓိက အကြောင်းရင်းကတော့ သူ့ရဲ့ GNOME 2 desktop environment ကို အရင်ကထက် ပံ့ပိုးပေးမှု နည်းလာတာကြောင့်လို့ တရားဝင် ဘလော့ပို့စ်တစ်ခုအရ သိရပါတယ်။

 

9. Roadrunner Supercomputer

Roadrunner Supercomputer

ကမာ္ဘ့ အမြန်ဆုံး စူပါကွန်ပျူတာ တစ်လုံးဖြစ်တဲ့ IBM ရဲ့ roadrunner ဟာ တစ်စက္ကန့်ကို တွက်ချက်မှုပေါင်း တစ်သန်း ဘီလီယံ အထိ ထုတ်ပေးနိုင်တဲ့ ကွန်ပျူတာတစ်လုံပါ။ ဒီနှစ် မတ်လကုန်မှာတော့ သူ့ကို ပြန်လည် ဖျက်သိမ်းလိုက်ပါပြီ။ ဒီကွန်ပျူတာဟာ ထိပ်ဆုံး အမြန်နှုန်းကို ၂၀၀၈ ခုနှစ်မှာ ရရှိခဲ့ပါတယ်။ Los Alamos အမျိုးသား သုတေသနဌာနမှာ တပ်ဆင်ပြီး မကြာမီမှာပေါ့။ ဒီဌာနက Gary Grider ကတော့ “ဖျက်သိမ်းအပြီးမှာတောင် ကျွန်တော်တို့ဟာ သူ့ဆီက လေ့လာနေတုန်းပါပဲ” လို့ operating system ရဲ့ memory compression ကိစ္စတွေကို ညွှန်းဆိုလို့ ပြောကြားခဲ့ပါသေးတယ်။

 

10. Yahoo T-shirt rewards

Yahoo T-Shirts

ဒီနှစ် အောက်တိုဘာလမှာတော့ Yahoo ဟာ တီရှပ်တွေ ပေးတဲ့အစီအစဉ်ကို ရပ်ဆိုင်းတော့မှာဖြစ်ပါတယ်။ Yahoo ရဲ့ လုံခြုံရေးအားနည်းချက်တွေကို ရှာဖွေနိုင်တဲ့သူတွေကို ဆုလာဘ်အဖြစ် ဒီတီရှပ်တွေကို ပေးတာဖြစ်ပါတယ်။ ဒါပေမယ့်  လူအများက ဒီအစီအစဉ်ကို “t-shirt gate” လို့ ပြောင်လှောင်ခေါ်ခဲ့ကြတာကြောင့် အခုအခါမှာတော့ တီရှပ်တွေအစား ဒေါ်လာ ၁၅ဝ ကနေ ၁၅၀၀ဝ အထိ အားနည်းချက် အရွယ်အစားကိုလိုက်လို့ ပေးအပ်ဖို့ စီစဉ်ခဲ့ပါတယ်။

 

______________________________________________________

မနက်က ဖတ်လိုက်ရတဲ့ သတင်းလေးပါ။

စိတ်ဝင်စားစရာမို့ ကြိုးစား ဘာသာပြန်ပေးလို်က်ပါတယ်။

မူရင်းက ပိုစုံတာမို့ မူရင်းလင့် http://www.efytimes.com/e1/fullnews.asp?edid=119162 မှာ အပြည့်အစုံ သွားဖတ်နိုင်ပါတယ် လို့

 

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

14 comments

  • sorrow weaver

    October 23, 2013 at 5:17 pm

    တော်ပါ့ တဂျားရာ…နာအရင်ဆုံးလာမန့်တာကွ…အာဟိ

    • Mr. MarGa

      October 23, 2013 at 5:29 pm

      ထိပ်ဆုံးကနေ နေရာလာဦးတာပေါ့
      ပြီးရင် ဘာတွေဖတ်လဲ သိရအောင် ပြန်မေးဦးမှ 🙂

  • alinsett

    October 23, 2013 at 5:18 pm

    ဗုသုတ ရပါတယ် ။ ကျေးကျေးပါ ဖားသဂျိုး

    :kwi:

    တစ်ခုတော်သေးတာက
    ဒေါ်ဖွားမေနဲ့ ချစ်သုဝေ ၂၀၁၃မှာ မပျောက်ဆုံးသွားတာပဲ။

    🙂

    • Mr. MarGa

      October 23, 2013 at 5:31 pm

      အေးး သေချာရဲ့လား
      ၂၀၁၃ က ကုန်သေးဘူးနော့
      နာတော့ စောင့်ကြည့်လိုက်ဦးမယ်

  • KZ

    October 23, 2013 at 5:25 pm

    ဒီပျောက်ဆုံးမှုတော့ မလွမ်းလောက်။
    ဘာလို့ ဆို ဘာမှ မသိလို့။

    😀

    • Mr. MarGa

      October 23, 2013 at 5:34 pm

      တကယ်ကတော့
      ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်လို့ ပြောလို့ရသဗျ
      အတော်များများက တစ်ချိန်က လျှမ်းလျှမ်းတောက်ခဲ့ပြီး အခုတော့ မှေးမှိန်သွားတာတွေလေ
      ဒါကြောင့် ကျဆုံးတယ် ပြောတာပေါ့… 🙂

  • နာလည်း ဘာမှသိပ်မသိဝူးဟ ။ အခုလိုဖတ်လိုက်ရတော့ ဗဟုသုတရသွားတယ် ။ ဘာသာပြန်ပေးတာ ကျေးကျေးပါ။

    • Mr. MarGa

      October 24, 2013 at 1:07 pm

      ဗဟု သုတ ဆိုတာ
      ရှာဖွေလေ တွေ့ရှိလေ ကွယ့်
      ရှာလိုက်၊ နည်းနည်းလေး တွေ့လိုက်
      ပို သိအောင် အစကို ဆွဲထုတ်ကြည့်လိုက်
      ဒါဆို တသီတတန်းကြီး ပါလာလိမ့်မယ် :mrgreen:

  • kyeemite

    October 24, 2013 at 1:32 pm

    “ဘာဘာ ဘာမှမသိပါ” လို့ပဲပြောရတော့မယ် ကိုသဂျားရေ….
    ကွန်ပြူတာတွေနက်ဝပ်တွေနဲ့ အဲ့လောက်ဝေးတာ.. :mrgreen:

    • Mr. MarGa

      October 24, 2013 at 1:48 pm

      ဟီးးး
      ပြောရမယ်ဆိုရင် အဲဒီထဲက အတော်များများက ကိုယ်မသိတာတွေများတယ်ဗျ
      ဖတ်ပြီး ပြန်မယ်လုပ်မ အသေအချာ နောက်ကြောင်းကို googling လုပ်ကြည့်ရတာ
      ဘာပဲဖြစ်ဖြစ် နည်းနည်းလေးတော့ သိသွားတာပေါ့ဗျာ…. 🙂

  • TNA

    October 24, 2013 at 2:50 pm

    ်အစတဲက သိကိုမသိတဲ့ဟာတွေမို့ ပျောက်သွားမှန်းတောင်မသိဘူး တဂျားထဲရှိဒဲ့မင်းရေ။

    • Mr. MarGa

      October 24, 2013 at 3:41 pm

      သိပ် မကြာခင်မှာ
      ဖိုင်တွေဟာ ကွန်ပျူတာတွေထဲကနေ တိမ်တွေပေါ်ကို လေဟုန်စီးတော့မယ် ဗျ
      ဒါပေမင့် အခုမှ အရှိန်ရဖို့ ကြံတုန်း ရှိသေး
      ယုံရခက်ခက် ဖြစ်နေပြီ 😛
      အခု ပြောတာတွေလဲ သိရဲ့လား မသိ ဟီဟိ

      • TNA

        October 24, 2013 at 6:13 pm

        ်အဲဒါလဲမသိ။ ကျုပ်က အိုင်တီပညာရပ်နဲ့ အဝေးကြီးမှာရယ်။ ဘာဆိုဘာမှမတိ 😥

        • Mr. MarGa

          October 24, 2013 at 7:22 pm

          အချိန်တန်ရင်
          သိလာမှာပေါ့ဗျာ…… 😉

Leave a Reply