Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကေဇီ ရဲ့ Arranged Marriage အလွဲများးးး

ဇီဇီOctober 23, 20131min97445

 

 

ဟိ။  :mrgreenn:

 

ကိုယ့် အရှက်ကို ခွဲလိုက်ပါဦးမယ်။

ကေဇီတို့ မေမေဟာ တခြားနေရာတွေမှာ လေဘာဒယ် ကျသလောက် အိမ်ထောင်ရေးမှာ အတော် ကွန်ကျပါတယ်။ ငယ်တုန်းကတည်းက ရိုက်သွင်းထားတဲ့စကားက

သူကမေးးးး “အိမ်ထောင်ရေးကို ဘယ်လို ဆုံးဖြတ်မယ်??”

ကေဇီက ဖြေ “မာမီ စီစဉ်ပေးတာပဲ ယူပါ့မယ်” အဲလိုကို ဇာတ်တိုက်ထားခံရတာပါ။

ကေဇီစိတ်ထဲလည်း ဒါကို အထွေအထူး ချုပ်ချယ်တယ် ဘာတယ်လို့ မခံစားရပါဘူးးး တခြားနေရာကျ အတော် အလိုလိုက်ထားခံရကိုးးးး စိတ်ကြိုက်နေရတော့ သူ့ အလိုကို ဒီ နေရာမှာ လိုက်မယ်လို့ပဲ တွေးထားပါတယ်။

 

အဲ! ခက်တာက သူတို့ မောင်နှမတွေ အကုန်လိုလိုက Arranged Marriage  ပဲ နာခံခဲ့တာဆိုတော့ အဲဒီ အတွေးကလည်း တူပါတယ်။

ကေဇီ ကံဆိုးတဲ့ အချက်က တူမဦးးး သားဦး ဆိုတော့ သူတို့ အချစ်ဆုံးကို သူတို့ စိတ်ကြိုက်လူနဲ့ပဲ စီစဉ်မယ် ဆိုတဲ့ အတွေးတွေကလည်း တူတူပါပဲ။ အရွယ်ရောက်ကတည်းက အပြိုင်ရှာပြီး ဟိုလူ မကောင်းဘူးလားးး ဒီ လူလေး မဆိုးဘူးနဲ့ အမေ/အဒေါ်/ဦးလေး တွေ အပြိုင်ရှာရာက အလွဲတွေလည်း စ လာတာပေါ့။

 

အလွဲ (၁)

မွေးသမိခင်ဟာ ရောက်ရာ အရပ်မှာ အရာရှိ တစ်ယောက်ယောက် ရဲ့ သား သင့်တော်ပြီ ထင်တာနဲ့ အမေအချင်းချင်း စလိုက်နောက်လိုက်နဲ့ စကားတွေ ကျူးကြပါတယ်။

တစ်ခါသား နယ်တစ်ခုမှာ အဲဒီ လိုပဲ မိသားစုတစ်စုကို ထမင်းစားဖိတ်ပါတယ်။ သမီးလက်ရာလည်း ပြချင်တာပေါ့လေ။

ဒါမဲ့လည်း (အစားပုတ်သလောက်၊ ချက်ရမှာဆိုးလို့) အဖို ဆိုရင် မီးဖိုနားကို မကပ်တဲ့ သမီး ရထားတဲ့ အမေ အနေနဲ့ ကေဇီပိုင်တဲ့ အသုတ် တစ်ခုခုပေါ့လေ သုတ်ခိုင်းပါတယ်။

ကတိပေးလိုက်ပါတယ်။ လက်ဖက် ကို စပယ်ရှယ်သုတ်ပေးမယ်ပေါ့။  :mrgreenn:

 

စပါပြီ။ ကေဇီ စပယ်ရှယ် လက်ဖက်သုတ်။

– ခရမ်းချဉ်သီးလေးကို ပါးပါးလှီး၊ ငရုတ်သီးစိမ်းလေးကို ပါးပါးလှီးး ပြီး သံပုရာရည်၊ငံပြာရည်နဲ့ စိမ်ထားပါတယ်။

– ဂေါ်ဖီထုတ်လေး ပါးပါးလှီးပြီး တစ်ပုံ ပုံ၊

– ဒညင်းသီးကို ပြုတ်ထားတာလေး ပါးပါးလှီးပြီး တစ်ပုံ ပုံ၊

– ကြက်သွန်နီလေး ပါးပါးလှီးပြီး တစ်ပုံ ပုံ

– ကြက်သွန်ဖြူ အသေးအမွှာလေးတွေ တစ်ပုံ၊

– ပြောင်းဖူးပြုတ်ထားတာကို ချွေထားတာကို တစ်ပုံ ပုံ၊

– ၂ ပြန်ကြော်လေး ထည့်

– ပုဇွန်ခြောက်မှုန့်လေး ထည့်

– ဆား နဲ နဲ ထည့် ဆီလေး ဆမ်းပြီး နယ်လိုက်ပါတယ်။

အပေါ့ အငံ မြည်းလိုက်တဲ့ အချိန်မှာလည်း “ဝါးးးးးး” သုတ်ဖူးသမျှထဲမှာ ဒီ လက်ဖက်သုတ် အရသာ အကောင်းဆုံး လို့ ဆိုရမယ်။

သုတ်ပြီး ပန်းကန်လှလှလေးထဲ ထည့်၊ အပေါ်က ပုဇွန်ခြောက် အကောင် လှလှလေးတွေ ဖြူးပြီး ထမင်းစားပြီး အချိုပွဲမှာ သွားပေးတာပေါ့လေ။  :mrgreenn:

 

လူကြီးတွေ အလိုက်တသိ ရှောင်ပေးတယ်ပေါ့လေ။ “မေမေတို့ ပန်းခြံထဲ ဆင်းပြီး လမ်းလျှောက်မယ် ဘာမယ်” ပေါ့။ ဂလို!  :mrgreen:

ကေဇီလည်း ဗိုင်းကောင်းတော့ ကျောက်ဖိ၊ လေလာတော့ ပွစိ (အဲလေ) ဗိုင်းကောင်းကျောက်ဖိ ဒီဇိုင်းနဲ့ ဧည့်ခံရတယ်ပေါ့။

သကောင့်သားက လက်ဖက်သုတ် တစ်ဇွန်းစားပါတယ်။ ပြီးတော့ စဉ်းစားခန်းဝင်သလိုလုပ်တယ်။ နောက်တစ်ဇွန်းစားတယ်။

ကေဇီက ကိုယ့်လက်ကို ယုံပြီးသားလေ၊ ညင်းညင်းညင်းးးးးး၊ မြည်းလည်း မြည်းပြီးသားဆိုတော့ စိတ်အပူပါဘူးးးး  :mrgreenn:

 

သကောင့်သား – ညလေးးးး၊ ဒါ ဘာသုတ်လဲ ညော်??

ကေဇီ – ချင်!! လက်ဖက်သုတ်လေးပါချင့်!

သကောင့်သား – ဘာတွေ ထည့်သုတ်တာလဲ ညော်??

ကေဇီ – (အမေးမြန်းကလည်း ထူပါ့) အစုံ ပါတယ်ညော်။ ဂေါ်ဖီ၊ ဒညင်းး၊ ပြောင်းဖူး၊ ဖြူ/နီ၊ ပုဇွန်ခြောက် စားလို့ ရတာ အကုန်ထည့်ထားတာပဲ ညော်။ ဘာလို့တုန်းငင်?? စားလို့ ကောင်းဗူးလားလို့။

သကောင့်သား – ဟုတ်ပါဘူး ညော်! လက်ဖက်သုတ် ထဲမှာ လက်ဖက်မပါလို့ မေးကြည့်တာပါ ညော်!

ကေဇီ – ငွင် !!!!

 

အဲ! ဟုတ်တယ်။

အဟင့်!! ပြင်လွန်း ဖင်ချွန်းးးးး! လက်ဖက်သုတ်က လက်ဖက်မပါသွားဘူးးး

ရှက်လွန်းလို့ နောက် သူတို့ နဲ့ မတွေ့အောင်ရှောင်နေတော့တာ။

:hint:

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အလွဲ (၂)

 

ဒါက မန်းလေး တိုက်ခန်းလေးမှာ။

အဒေါ် အငယ်ဆုံးက လာပြောတယ်။ သူ့ သူငယ်ချင်းကို ထမင်းစား ခေါ်လာမတဲ့။

ဒတ် လိုက်ပါတယ်။

သူ သဘောကျတဲ့ သားရှင်တစ်ယောက်ယောက်ပဲလို့။ ပြောမရမှတော့ အိုကေပေါ့။  :mrgreenn:

 

သူတို့ လာတဲ့ အချိန် က ကျန်တဲ့ ဟင်းကျက်လို့ အစိမ်းကြော် ကို ပူပူလေး စားရအောင် နောက်ဆုံးမှ ကြော်မလို့ ဆိုပြီး အတူ နေ အဒေါ်က ဟင်းရွက်သင်နေတုန်း ပါ။

အဲဒါနဲ့ ကေဇီလည်း ဟိုဘက်က အဒေါ်သူငယ်ချင်းတွေနား သွားလည်းမထိုင်ချင်၊ ခါတိုင်းလိုလည်း လွတ်လွတ်လပ်လပ် နေမရဆိုတော့ ဟင်းရွက်သင်တဲ့ အဒေါ်နဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး ဟင်းရွက် တစ်ပန်းကန် ခွဲပြီး ဟိုဟာဆိတ်လိုက်၊ ဒီ အရွက် ဆော့လိုက်နဲ့ ဆော့နေပါတယ်။

 

ရုတ်တရက် ဆိုသလို အဒေါ်ဘက်က ဟင်းရွက်ထဲက ဆိတ်တို့ ကောင်သေးသေးလေး (ခူစိမ်းလို့လည်း ခေါ်တယ်ထင်ရဲ့) ကေဇီဘက်ကို တွန့်တွန့် နဲ့ ကူးလာပါတယ်။ စားပွဲက ချောတော့ သူမှာ တတွန့်တွန့်နဲ့ လိုရာမရောက်နိုင်ပါဘူးးး

 

အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး!!!!

ဘာပြောကောင်းမတုန်းးးး?

ဟုတ်။ ဘာမှ ပြောမကောင်းပါဘူးးး

😥

အာသီးပေါ်အောင် အော်ပြီး ဟင်းရွက် ဗန်းငယ်ကို လွှတ်ချပြီး အခန်းထဲ ဝင်ပြေးမိပါတယ်။ ။

 ဝှီးးးးးးးးးးးးးးးးးးးး  ဝှစ် !! ဝှစ် !! ဝှစ် !!!

ကေဇီ ဒီလို အကောင်တွေကို မြွေထက်ကြောက်တတ်တာ ဆွေမျိုး အစုံသိသော်လည်း ကေဇီ အော်သံနက်ကြီး ကြားလိုက်ရတဲ့ မတော်လိုက်ရတဲ့ ယောက္ခမကတော့ နောက် ဘယ်တော့မှ အိမ်ကို လိုက်မလာနိုင်ပါဘူးးးး

😥

အိမ်မှာ ဟာသဖြစ်သွားတာတစ်ခုက ကေဇီ အော်သံကြောင့် ဆိတ်တို့ကောင်လေး ကလည်း အဒေါ်ဘက်ကို ပြန်ပြေးပါသတဲ့။ အလာတုန်းကထက် မြန်တဲ့ အတွန့်နဲ့ တွန့်သွားပါသတဲ့။

ဒီ အော်သံကို ဒီလို အကောင်လေးကတောင် ကြောက်တယ် ဆိုတဲ့ သဘောနဲ့ ဟားကြတာပါ။

:hint:

ကတောက်! အဲဒီ ကတည်းက ဗူးညွန့်၊ ဖရုံညွန့်၊ ဂေါ်ရခါးညွန့်ဆို ပြန်စောင်းမကြည့်ချင်တာ။

~~~~~~~~~~~

 

အလွဲ (၃)

 

နောက် ၁ဝ အောင်ပြီး သင်္ကြန်၊

ရန်ကုန်က ဦးလေးအငယ်ဆုံးရောက်လို့ ကားတစ်စီးနဲ့ လည်ကြမယ်ပေါ့။ ဒါမဲ့ တကယ်လည်တော့ ဟိုလူ စ ဒီလူ စ နဲ့မို့ ကားရှေ့ခန်းထဲ ထိုင်ခိုင်းပြီးမှ လည်တာပါ။

ခါတစ်လေ သူတို့ စိတ်က နားလည်ရခက်ပါတယ်။ ဆွေမျိုး အစုံနဲ့ အေးဘုံ ဇာတ်လမ်းတွေ နောက်မှ လာပါဦးမယ်။

 

တူမကို ကားရှေ့ခန်းမှာ ထိုင်ခိုင်းထားတော့ စိတ်ကောက်မှာလည်း စိုးတော့ ဘာလုပ်တုန်းဆို ဆိတ်သားကင် ဝယ်ကျွေးထားပါတယ်။ ငါးမုန့်ကြော်လေးနဲ့ အအေးဗူးလေးနဲ့။

ကေဇီ က အစားအသောက်နဲ့ပဲဟာ ငြိမ်ငြိမ်လေးပေါ့။ ရှေ့ခန်းထဲ!  :mrgreenn:

 

တစ်နေရာ အရောက် ကားတံခါးကို ဦးလေးက ခေါက်ပြီး သူ့မိတ်ဆွေရဲ့ ညီ နဲ့  မိတ်ဆက်ပေးပါတယ်။

ဦးလေးး – ဆွီတီလေးးး၊ ဒါ လေးလေး သူငယ်ချင်း ညီ ဖိုးသားလို့ ခေါ်တယ်။ မိုးကုတ်က။

ဖိုးသား – ဟုတ်! ညီမလေး တွေ့ရတာ ဝမ်းသာပါတယ်။

ကေဇီ – ဟုတ်ကဲ့ရှင့်။ ………..   လေးလေးးး ဟိုလေ…… ခုဏ က ဆိတ်သားကင် ကျန်သေးလားးး  မဝသေးဘူး စားချင်သေးတယ်။  :mrgreenn:

 

ဟတ်ကဲ့။ ကေဇီ အလွဲက စပါပြီ။

သူတို့ရဲ့ မဟာ စီမံကိန်း ကို ပထမဆုံး အကြိမ် ကြုံတာမို့ အပါးမဝချက်က အဲဒီလိုပါ။

စိတ်ထဲမှာလည်း တံခါးလော့ချလည်ရတဲ့ ရှေ့ခန်းကို သူလာတုန်းမို့ စိတ်ထဲရှိတဲ့ အတိုင်း ပူစာလိုက်မိတာ။

:hint:

အိမ်ရောက်တော့ကို မိန်းကလေး မပီသချက်က ဘာညာသာရကာ အဆူ ခံရပါတယ်။ သူတို့ မောင် နှမ တွေလည်း သတ်ကြပါတယ်။

ဟွန့်! အရင်တုန်းက ဒီလို ရဲတင်းသွက်လက် ဖြစ်အောင် မြှောက်ပေးတဲ့ထဲ သူ မပါတဲ့ အတိုင်းးးး။ အသက်ကလည်း ၁၅ နှစ်လောက်ပဲ ကွာတာဆိုတော့ သူငယ်ချင်းလိုကိုဖြစ်နေတာ။

နောက်ပိုင်း ကေဇီ အိမ်ထောင်ရေး ဘာလေး ဆွေးနွေးရင်ကို “လုပ်မနေပါနဲ့ဗျာ၊ ဆိတ်သားကင်သာ ကျွေးထားလိုက်ပါ” လို့ကိုပြောပါတယ်။

“ဆိတ်မွေးမြူခြံပိုင်လေး” ဘာလေးနဲ့ စီစဉ်ပါဗျာဆို ဟုတ်တုတ်တုတ်!!  :mrgreenn:

 

~~~~~~~~~~~~~~~~~~~~

အဟွတ်!

ပို့(စ) နည်းနေလို့ တင်တာပါ။

အပျော်ပါ။

ဂယ်မမှတ်ကြပါနဲ့။

😀

 

မတော်လိုက်ရတဲ့ ယောက္ခမ သဲ အတွက် ရည်ရွယ်ပါတယ်။
ခုမှ ဝန်ခံရရင် ကျနော် အသဲ လေးကို အတော်ချစ်ပါတယ်။

 

:chit:

45 comments

  • TNA

    October 23, 2013 at 4:47 pm

    ငါ့ရီလိုက်ရတာအေ။ လဘက်မပါတဲ့လဘက်သုတ်မြင်ကြည့်ပြီးတခါ အကောင်မြင်လို့ အုန်းဆိုပြေး တာ မြင်ပြီးတခါ ရီလိုက်ရတာ ဝက်ဝက်ကွဲဘဲ မျက်ရည်တောင်ထွက်ပြီးခါမှ နောက်ဆုံးစာကြောင်း
    “ခုမှ ဝန်ခံရရင် ကျနော် အသဲ လေးကို အတော်ချစ်ပါတယ်။” 😥
    ဟင့် နာ့ကိုနာပြန်စမ်းရသေးတယ်။ ခြောက်တွားဘလားလို့ :mrgreen:

    • KZ

      October 23, 2013 at 4:51 pm

      မကြောက်ပါနဲ့ မမြသဲ ။
      ဗိုကေဇီချစ်တာ စိတ်ထားကောင်းလို့ပါ။

      :mrgreen:

        • TNA

          October 23, 2013 at 4:55 pm

          ဟင့်အိုက်ဒါကလုပ်လို့လဲရတော့ဝူး 😥

        • KZ

          October 23, 2013 at 4:57 pm

          ဘီ ဝိုင် အီး အီး မွသဲ

          :byee:

        • TNA

          October 23, 2013 at 5:43 pm

          :byee:

  • မဟာရာဇာ အံစာတုံး

    October 23, 2013 at 5:07 pm

    ငယ်တုန်းရွယ်တုန်းက ငမ်းငမ်းတတ် လိုချင် .. အဲလေ .. ဟုတ်ပါဘူး …
    အဟမ်းး ဆိုဒေါ့ဂါ …
    လွဲခဲ့လေသမျှ သဲရေသို့ကျဆိုသလိုနဲ့ပဲ
    အခုလို အပိုဂျီး ဖစ်လာဒယ် ဆိုဘာဒေါ့ ….
    လွဲလွဲလေးပဲ ကောင်းဒယ် ဆိုပေမယ့် … အသက်တွေဂဒေါ့ ပြန်ငယ်တွားဘူးနော့ …
    အိုက်ဒါ … အိုက်ဒါ ..

    • KZ

      October 23, 2013 at 5:10 pm

      ဒူ ကြော ဒုန်းးးးးးး??

      😀

  • sorrow weaver

    October 23, 2013 at 5:18 pm

    ကံခေသူကြီးလားဗျ….အထက်ပါ သကောင့်သားတွေကို တစိလေးမှ ဖိုးသိုးဖတ်သတ် မဖြစ်မိဘူးလား ..အပျိုကြီး ….အဟိ

    • KZ

      October 23, 2013 at 5:28 pm

      အွန်။
      ဘွမှာ စိတ်ထဲက ချစ်ခဲ့ဖူးတာ ဆိုလို့။
      တစ်ယောက်………………..

      နှစ် ယောက်…………………..

      အွန်းးးး သုံး ယောက်…………………….

      အန်းးး လေး ယောက်………………….

      အဲ ! ငါး ယောက်လောက်ပါပဲ အေ။
      😀

      ဟယ်။
      ဒုက္ခပေးတာ ရ ရက်သား မပြည့်သေးပါလားးးးး
      ကြိုးစားကာနေရဦးမယ်။ :mrgreenn:

  • Ma Ma

    October 23, 2013 at 5:36 pm

    ဟိုဘက်ပိုစ့်မှာ ကဆာမိ စွံချက်က အားကျစရာ ရေးထားတာကို အားကျမခံ ပြန်ရေးပြလိုက်စမ်းပါ ကေဇီ ရာ။ :kwi:
    တခါတလေတော့လည်း ကြုံခဲ့ရတဲ့အလွဲတွေက တသက်တာမှာ ပြန်ပြောစရာ ရီစရာအမှတ်တရတွေကို ဖြစ်လို့။
    :mrgreen:

    • KZ

      October 24, 2013 at 9:02 am

      ဟိ။
      မလွဲတာ ရေးရမယ်ဆို ကွဲတာ (အသည်း) ရေးမှ ရမှာ ချစ်မ။
      ဟိ။
      အလွဲလွဲ အကွဲကွဲ ဖြစ်နေတာမို့ ရီ စရာပဲ ရှာတတ်တော့တာ။

      😀

  • alinsett

    October 23, 2013 at 6:05 pm

    အဟိ

    လွဲ လွဲနိုင်လွန်းတဲ့ မမဂျီးး

    ကျွန်တော့်မေမေတို့များ
    ကိုယ့်သားလေး အိမ်ထောင်ရေး ကို
    သားးးချစ်သုဝေကိုပဲ ယူရမယ်နော် မာမီ ရအောင်ဖန်တီးပေးမယ် လို့ မပြောဘူး
    အဲဒီလို ဇာတ်အတိုက်ခံလိုက်ချင်ဒါဘာဆို

    :kwi:

    • KZ

      October 24, 2013 at 9:00 am

      မမ ကတော့ ဖွားမေဂျီးနဲ့ပဲ သဘူတောတယ် မောင်လေးးး

      :kwi:

  • Mr. MarGa

    October 23, 2013 at 6:14 pm

    ဟီးးးး အဲလိုရေးပြန်တော့ ပိုးကလေးက ထ လာတယ်။
    မကြာမီ တာဝတိံသာက ရည်းစားစာအကြောင်း လာပါမည်
    (ကြိုတင် ကြော်ငြာ ဝင်ခြင်း :mrgreen: )
    ဒါနဲ့ ဒါနဲ့ပေါ့လေ
    အဲလိုမျိုး အစပ်အဟပ် မတည့်တာ ထားပါတော့
    ကိုယ်တိုင်ရော အတွေးထဲကို ရောက်လာတာလေးတွေ ရှိဘူးလား
    ရှိရင် ရေးပါလား လို့
    အဟိ

    • KZ

      October 24, 2013 at 8:58 am

      တစ်ခန်းရပ် လေ။
      ရေးဖူးတယ်လေ။
      ကဗျာလည်း ပေးထားတယ်လေ။

      :mrgreen:

  • padonmar

    October 23, 2013 at 9:16 pm

    ကေဇီလေး
    တကယ် မလိုချင်လို့ အလွဲခံတာပါ

    • KZ

      October 24, 2013 at 8:58 am

      အာတီဒုံ။
      ဟိ။
      ဒါ နောက်ပြီး ရေးထားတာ။
      ဂလောက် ဟုတ်ပါဘူးးး
      🙂

  • ကျော်စွာခေါင်

    October 24, 2013 at 2:02 am

    ဪ…
    မကေ
    ဘယ်လိုပြောရမယ်မှန်းတောင် မသိတော့ဘူး..။
    အမှန်က မွေးမိခင်နဲ ့ဆွေမျိုးတွေကလည်း လိုပါတယ်လေ..။
    ကိုယ့်သမီး အလိမ်မာလေး သနားဘာဒယ်..။

    …..
    ဆိတ်သား တော်တော် ကြိုက်ပုံရတယ်…

    • KZ

      October 24, 2013 at 8:53 am

      မသနား ပါနဲ့။
      ဒါ အပျော်ရေးတာပါ။
      ဟိ။
      ဒမှာ သများမှာ များလွန်းလို့ ခါချနေရတာပါ ခေါင်။
      ဖုန် တွေ ပြောပါတယ်။

      😀

  • ဦးကျောက်ခဲ

    October 24, 2013 at 7:45 am

    ဟီ ဟိ ကျောက်စ်နှမ မိဇာဂျီး တနားပါတယ်…
    မိဘဆွေမျိုးတွေက ဒီလောက် ရွှေလမ်းငွေလမ်းဖောက်ပေးတာတောင်…
    တူ့ခမျာ အောင်မြင်အောင် ဖျာမရောင်းနိုင်ဘူး…
    နောင်တခါဆို ဓာတ်ရှင်ထဲကလို ပွဲသာကြမ်းပစ်လိုက်… ဟီ ဟိ
    😀

    • KZ

      October 24, 2013 at 8:51 am

      ဟုတ်လယ်။
      နောက်ခါဆို အခန်းထဲပိတ်မယ်။
      မေ့ဆေးအုပ်မယ်။
      ကားတင်ပြေးမယ်။
      အအေးဗူးထဲ ဆေးခတ်မယ်။
      ငါဟဲ့ အောင်ခိုင် မ! ကိုကိုဦး မ!!

      :mrgreen:

      • ဦးကျောက်ခဲ

        October 24, 2013 at 8:57 am

        ဟီ ဟိ စိုင်းအောင်တင့် မ ဟုတ်ဘူးလား…
        ပိုများ တူသလားလို့… ခွိ
        😀

        • KZ

          October 24, 2013 at 9:14 am

          ခွိ။
          အသားအရည်ကို ပြောတာလားးးးးး
          😀
          နာမည်လည်း တူတူဖြစ်သွားအောင် ပြောင်းလိုက်မယ်။
          နာ ဟဲ့ စိုင်းအောင်တင့် မ!!!
          :mrgreen:

  • Crystalline

    October 24, 2013 at 8:18 am

    လက်ဖက်သုတ်ထဲဒညင်းသီးထည့်သုတ်တာအခုမှကြားဖူးတာ.. :)) ဒညင်းသီးစားပြီး နှစ်ကိုယ်ကြားစကားသာပြောရရင်.. :mrgreenn: အသီးတွေထဲလုံးဝမစားဖြစ်တာ.. ဒညင်းသီးပဲ အနံ့မခံနိုင်လို့.. အိမ်ကလူတွေစားလို့ပြုတ်လည်းဝေးဝေးမှာနေတယ်.. ချွိမမက မလိုချင်လို့လွဲအောင်လုပ်နေတာဖြစ်မှာပါ.. 🙂

    • KZ

      October 24, 2013 at 8:56 am

      အရမ်းကောင်းတယ် ခရစ်။
      သုတ်စားကြည့်။
      ဒညင်းကို အုန်းနို့ဆမ်းနဲ့ လက်ဖက်ထဲ ထည့်စား တဲ့ ၂ မျိုးပဲ စားတယ်။

      တမင်လုပ်ဘူး။။။။
      နဂိုလွဲ။
      ဟီးးးးး

      😀

  • surmi

    October 24, 2013 at 9:17 am

    အဲဒါ​ပြောတာ​ပေါ့..
    လူကြီး​တွေများ ကိုယ်​့သမီးကိုအ​ရောင်​တင်​ချင်​လို့အိမ်​တွင်​းမုှလက်​ရာပြရတယ်​လို့..
    တကယ်​ဆိုရင်​ ဧည်​့ခန်​းမှာ လှလှ​လေးပြင်​ပြီးထိုင်​စကယး​ပြောခိုင်​းရမှာ….
    ဒါမှ… သမီးလုပ်​သူပညာပြလို့မရဖြစ်​သွားမယ်​….
    ​ကျေး​ကျေး …. နည်​းလမ်​း​တွေမှတ်​သားထားလိုက်​ပြီ

    • KZ

      October 24, 2013 at 11:31 am

      ဟုတ်တယ်။
      ပြောလိုက်ပါ ဆာဆာရယ်။

      ဟိ
      ဆာဆာနဲ့မက်မှန်လေးလာမှ ငြိမ်ငြိမ်လေး ဧည့်ခံပါ့မယ်။

      😀

  • Ma Ei

    October 24, 2013 at 10:53 am

    လက်ဖက်သုပ်ကြိုက်ပေမယ့် လေအောင့်တတ်လို့
    လက်ဖက်မပါ (ပါလေရုံမျှ) ပါတဲ့ လက်ဖက်သုတ် ကလေး
    စားနေကျမို့ ဆွိ လက်ရာ စားချင်ပါပြီရော…
    🙂

    • KZ

      October 24, 2013 at 11:32 am

      ဟယ်၊။
      ဂလိုလားးး
      မွအိ။
      သုပ် ကျွေးမယ်။
      ဟိဟိ။
      မလွဲစေရဘူးးး

      :mrgreen:

  • ဗုံဗုံ

    October 24, 2013 at 11:06 am

    အော်…ပြောရတော့မယ်…. :mrgreen:
    ဒီကလည်း ဘောလုံးကန်တာ ဝါသနာပါတာကလား..
    ငယ်ငယ်တုန်းက ကျောင်းရဲ့ လက်ရွေးစင်တိုက်စစ်မှူး..
    အသက်ကြီးတဲ့ထိ.ဝါသနာကပါ….
    ပထမနှစ်တက်ပြီးအိမ်ပြန်လာတဲ့ထိ…ကမြင်းတုန်းရှိသေး… :mrgreen:
    ရည်းစားထားဖို့ဝေးစွ….. ဘောလုံးနဲ့..စာအုပ်ရှိရင်..ထမင်းတောင် အစားဗူးရယ်…
    အဟမ်း..အဲ့ဒါနဲ့..ဟိုဘက်နယ်က လူကြီးက လူကြီးချင်း ပြောဆိုပြီး
    ချွေးမလောင်းကို လေ့လာရအောင် လာတာ… အိမ်ပေါက်ဝ ရောက်ခါရှိသေး..ဒီကလည်းမမြင်ဘူးရယ်
    အားရပါးရ ကန်ထည့်လိုက်တာ…ယောက်ခမလောင်း မျက်နှာကြီးကို ဖောင်း ကနဲဆိုပြီးမှန်ပါလေရော..
    အဲ့ဒီကတည်းက….အဲ့ဒီကတည်းက..ဗုံ ဆိုတာကို မမြင်ချင်လို့…သူ့အလှူမှာ ဆိုင်းဝိုင်းတောင်မထည့်ပါဘူးတဲ့….. လွဲချက်ကနာ… 😥 😥

    • KZ

      October 24, 2013 at 11:35 am

      ဟယ်။
      နာ့ ထက် ဆိုးပါလားးးး
      ဦးလေး မိန်းမတောင်းလာရင် လိုက်အလာနဲ့နော်။
      :mrgreenn:
      တော်ကြာ။
      မင်ဂါဆောင်မှာ ဆိုင်းဝိုင်းမပါဖြစ်သွားနိုင်သေးတယ်။
      :mrgreenn:

  • kyeemite

    October 24, 2013 at 11:36 am

    လဘက်သုတ်ထဲ ဒညင်းသီးတော့ထည့်သုတ်ဖူးပါတယ်
    ပြောင်းဖူးနဲ့ ကြက်သွန်နီ ထည့်သုတ်တာတော့တွေ့ဖူးဘူး..
    အံ့ဘွယ်သုတပါပဲ ကေဇီကဗျာလွတ်ရေ…. :mrgreenn:
    မိုက် ဘွမှာလည်းလွဲခဲ့တာတွေများသား…
    ဟိုတစ်ယောက်ရယ်…အင်း…အဲ..ဟိုတစ်ယောက်ရယ်..မရေနိုင်တော့ဘူးဂျာ.. 😀

    • KZ

      October 24, 2013 at 11:47 am

      အာ။
      အဟုတ်ကြီးလား မိုက်မိုက်။
      သုပ်စားကြည့်ပါ။
      လက်ဖက်အရသာ ခါးစိမ့်စိမ့်လေးမှာ ပြောင်းဖူးစိမ့်ချိုချို အရသာလေးးးး နဲ့။
      စားကောင်းတယ်ရယ်။
      😀

  • ကိုရင်စည်သူ

    October 24, 2013 at 12:05 pm

    အစ်မဆွိ လက်ဖက်ကို ဒညင်းသီးနဲ့ သုတ်ပီး အရက်နဲ့ မြည်းရင်..
    သေနိုင်လား.. ဘာရောဂါဖြစ်နိုင်လဲ… ဆာဖိုမှူးဆိုတော့ မေးကြည့်ဒါဘာ..
    ကျော့်က အချိုပဲကြိုက်တော့ ဖွယ်ဖွယ်ရာရာ ချက်တတ်တော့
    နို့ဆီဘူးလေး ရေခဲသေတ္တာထဲထည့်ပီး တို့စားတယ်… :mrgreen:

    • KZ

      October 24, 2013 at 12:09 pm

      ရတယ်။
      သွေးတိုးတတ်မှာပဲ သဒိထားလိုက်။
      ညဘက်မြည်းမိရင် မနက်ဘက် အိမ်သာထဲမှာ အသက်မရှုနဲ့။

      :mrgreen:

  • Myo Thant

    October 24, 2013 at 12:28 pm

    ဪ ကေဇီ ကေဇီ

    ကံစေရာလို့ မှတ်ပါကွယ်

    ဒို့များလည်း အများကြီး အများကြီး လွဲခဲ့ပါရဲ့ နော်

    ခုတော့လည်း နေသားကျပါပြီကွယ်

    • KZ

      October 24, 2013 at 1:02 pm

      မှတ်ပါတယ်။
      ဝမ်းမနည်းပါဘူး မျိုးမျိုးရယ်။
      ရီချင်လို့ပါ။

      😀

  • ခင် ခ

    October 24, 2013 at 1:00 pm

    ကျုပ်အထင်လည်း လွဲပြီဗျ။
    ဒေါ်ကေဇီရဲ့ ဟင်းစပ်ပိုစ့်လေးတွေ တစ်ခါတစ်မျိုးမရိုးရအောင် ဖတ်နေရတော့ ဪ ဒေါ်ကေဇီတစ်ယောက် အစားအသောက်အပြင်အဆင် အတော်တတ်ကျွမ်းတာဘဲဆိုပြီး အထင်တွေကြီးနေခဲ့သမျှ အခု လက်ဖက်သုပ်ဖတ်မိတော့မှဘဲ ကျုပ်အထင်တွေ တတ်တတ်ဆင်အောင်လွဲပါပေါ့ဗျာ။

    အပျိုအရွယ်ကလေးမလေးတစ်ယောက် အိမ်ပြန်ရောက်တိုင်း အမေရေ ဟိုကောင်လေးက သမီးနောက်က တစ်ကောက်ကောက်လိုက်နေတယ် သမီးဖြင့်စိတ်ညစ်တာ နောက်အဲလိုဆို ခဲနဲ့ကောက်ထုလိုက်ရမလား၊ အမေရေ သမီးကျုရှင်ကပြန်လာတော့ တေလေလေးတစ်ယောက်က သမီးဘေးနားကပ်လိုက်လာပြီး ဘာတွေပြောမှန်းမသိလို့ သမီးအော်ပလိုက်တော့မှ ဆက်မလိုက်တော့တာ၊ အဲလို အဲလိုတွေပြောတိုင်း သူ့အမေက ဟုတ်လားသမီး အမေ့သမီးက အချောလေးဆိုတော့ ဒီလိုဘဲရှိမှာပေါ့ ဆိုပြီး စိတ်မပူဖြစ်ဘူး၊ အဲ အတော်လေးကြာလို့ သမီးဖြစ်သူ အိမ်ပြန်ရောက်ပြီး အမေရေ ဘယ်ကောင်လေးက ဘယ်လို ဆိုပြီး မပြောတော့ဘဲနေတာကြာလာတော့ အမေဖြစ်သူခဗျာ ဂဏာမငြိမ်တော့ဘူး သူ့သမီး ကျောင်းသွား အပြင်သွား လိုက်ချောင်းရတာတစ်မျိုး သမီးသူငယ်ချင်းတွေကို စကားနှိုက်မေးရတာတစ်မျိုး ဖြစ်နေ တာပေါ့ဗျ။ အဲလိုစုံစမ်းလိုက်တော့ အမေဖြစ်သူသိလာပြီ သူ့သမီးမှာရည်းစားရှိနေပြီဆိုတာလေ။ အဲလိုဘဲပေါ့ဗျာ မဟုတ်သေးလို့ ရေးတယ်မှတ်ပါတယ်။

    • KZ

      October 24, 2013 at 1:06 pm

      အနော် ခဏခဏ ပြောဖူးပါတယ်ဗျာ။
      ချက်တတ်တာနည်းနည်းပါ။
      စား တတ်တာ ပိုပါတယ်လို့။

      😀

      ဟင်းစပ်က တခြား စားဖိုမှူး အကူအညီတွေနဲ့မို့ ရေးနိုင်တာပါဗျာ။

      ကွကိုယ်ဆို ပညာကုန် မနည်းထုတ်ရမှာ။
      ဟိဟိ။

      မပူပါနဲ့ ဆက်လွဲပါဦးမယ်။
      အလုပ်ခွင်က အလွဲများးးးး

      :mrgreen:

  • အရီးခင်

    October 24, 2013 at 4:18 pm

    ဒီလို အစား က အချစ် ကို လွှမ်းနိုင်တာ ဂုဏ်ယူစမ်းပါအေ။
    လူတိုင်း လုပ်နိုင်တာ မှတ်လို့။ 😛

    • KZ

      October 25, 2013 at 9:56 am

      ဟိ။
      အရီး အားပေးကာမှ အားရှိသွားပြီ။
      ဆက် လွဲ ဦးမှ!

      😀

  • Wow

    October 25, 2013 at 8:31 am

    ပူနဲ့ ချွိလေး… ဒီတစ်ခါမလွှဲ စေရဝူး… မင်ဂါဆောင်ရအောင် :mrgreen:

    • KZ

      October 25, 2013 at 9:55 am

      ဝါး ကယ်မှ ပဲ ရ မဲ့ ဘွပါ။

      :mrgreen:

  • ရွှေမိုးတိမ်

    October 26, 2013 at 10:29 am

    လက်ဖက်မပါတဲ့ လက်ဖက်သုပ်လေးစားချင်ထှာ့ 😀

Leave a Reply