တစ်ခါကနှင့် အိမ်မက်လိုလိုမျက်ဝန်းညို
ညို …
ဟိုး ….. တောင်ထိတ်မှာ
မိုးရိပ်ညိုညို
မိုှင်းပြီဆိုလျှင်
ပိုလို့တမ်းတ
သတိယလျှက်
ဖြေပြေခက်လို့
မျက်ဝန်းထဲမှာ မိုးတွေရွာပြီ… ညိုှ ….။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အချစ်နဲ့ပတ်သက်ပြီး သတ္တိ နဲ့ ဆင်ခြင်တုံတရား ဘယ်ဟာရှိသင့်သလဲဟုဆိုပါလျှင် ကျနော်ကတော့ ကံ ကိုသာပုံချမိပါလိမ့်မည်။
ကံဇတ်ဆရာ၏ ကြိုတင်ရေးထားသောဇတ်ညွှန်းထဲမှ ကျနော်မရုန်းနိုင်ခဲ့ပါ။
ကိုယ့်ကိုကိုယ် ခတ်ညံ့ညံ့လူတစ်ယောက်ဟုမှတ်ယူထားသောကျနော်၏ဘဝဖြစ်စဉ်များသည် ကသောင်းကနင်းဖြင့်ရယ်ရွှင်ဖွယ်လည်း
ဖြစ်ခဲ့ဖူးပါသည် ။ ထို့အတူ လွမ်းမောတသ သတိယစရာများလည်းရှိခဲ့သည် ။
သတိယစရာများကိုပြန်တူးဆွလျှင် ရွှန်းလဲ့ညို ဆိုသော… ညို ကို ဖယ်ထား၍ရမည်မထင်။
ညို သည် ကျနော့ဘဝထဲမှ အစိတ်အပိုင်းတစ်ခုအဖြစ်ရှိခဲ့ဖူးပါသည် ။
ကမ္ဘာရပ်ဝန်းတစ်နေရာတွင်ရှိနေနိုင်သော ညို သည် ဒီစာကိုဖတ်မိပါက
ကျနော်သည်အချစ်အတွက် စွန့်လွှတ်ခဲ့ခြင်းလား… ဒါမှမဟုတ် စွန့်စားခဲ့လေသလား ..ဟု နားလည်နိုင်မည်ထင်၏။
ညို မမြင် ညို မသိခဲ့လေသော ကံတရား၏အလှည့်အပြောင်းများကို နှစ် ၂ဝ ကျော် မြီုသိပ်ခဲ့ပြီးပါပြီ ။
ယခုတော့ …. ညို သိနိုင်ပါစေ ..ဟု ….
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၁၉၈၉ ခုနှစ် ….. န ဝ တ ခေတ် …
” ချာတိတ်…ချာတိတ်….. ညဘက်နှိတ်စက်အိပ်လို့မရတဲ့အရိပ်ကလေး. × × × × နှလုံးသားထဲထိ မင်း အပြုံးလေးတွေ … နေရာယူ ထားတယ်.. ×××× မင်း ကိုယ့်ကိုစိုးမိုးလွန်းပါတယ်..♥♥♥♥ …”
အဆိုတော်ဂျော်နီရဲ့ ချာတိတ် သီချင်းကို အားပါးတရအော်ဆိုနေတုန်း….
” ဟေ့ ..ဟေ့ .. ဟိုမှာတံခါးလေးပွင့်လာပြီကွ… တွေ့လားနိုင်မိုး.. ”
ကိုဦးက မနေနိုင်မထိုင်နိုင်လက်တို့ပြီးပြသဖြင့် သီချင်းဆိုရင်းလှမ်းကြည့်မိသည် ။
ဟုတ်ပါသည်။ တံခါးတစ်ချပ် ခတ်ဟဟလေးပွင့်နေသည် ။
ပြူတင်းပေါက်နောက်ကွယ်အမှောင်ထုထဲတွင် ကျနော်ရည်ရွယ်သော နတ်မိမယ်လေး ရှိနေပါလိမ့်မည်။
စိတ်အားတက်ကြွစွာပင် နောက်ထပ်သီချင်းတွေဆိုမိသည် ..
အဆိုတော်အောင်နိုင်ရဲ့…. မောင့်သီရိမေ သီချင်း …
” မောင့်..သီရိမေ…မောင့် သီရိမေ.. သု ယူ ပါစေ… မောင့်ရဲ့သီရိမေ…×××မောင့်ရဲ့သီရိမေ….ပျော်ရွှင်ပါစေ.♥♥♥♥ ငြိမ်းချမ်းမုှအပေါင်းတွေ..ခ ညောင်းနိုင်ပါစေ…”
ပြီးတော့… အဆိုတော် ပက်ထရစ်ရဲ့ .. လွမ်းတယ်ခင် ….
” … လဝန်းရိပ်မြင်…မကြည့်ချင်မေရယ် ××× .. မင်းမျက်နှာလေး လွမ်းးးတယ်ခင် ♥♥♥♥ ….”
နောက်ဆုံး နှုတ်ဆက်သီချင်းကတော့…
အဆိုတော် ခင်ဝမ်း၏ .. နှုတ်ဆက်ခဲ့ပါတယ် ..
” …… နှုတ်ဆက် ခဲ့ပါတယ် .××× ကျနော်သွားး..တော့မယ်.××× လမ်းရဲ့သယ်ဆောင်ရာ… ဟိုအဝေးးကို…♥♥♥♥ လွမ်းတတ်ရင်လည်း …လမ်းမှာဘဲ ××× လွမ်းးတော့မယ်..××♥♥ ..”
ဒီလိုနဲ့ပဲ.. … ဂစ်တာတစ်လုံးထမ်းပြီး လမ်းဘေး ၊အုပ်ခုံ ၊သစ်ပင်အောက်၊မှောင်ရိပ်တို့တွင် တေးသီငှက်လုပ်နေတတ်သော ကျနော်နှင့် …..
“ကျနော်တို့ နယ်မြို့လေး၏ မြိုု့နယ်အဆင့်အုပ်ချုပ်ရေးအရာရှိကြီးတစ်ဦး၏သမီး ညို … သို့မဟုတ်.. ရွှန်းလဲ့ညို .. တို့ ဆုံဆည်းခဲ့သည် ။
ညဘက်ဆိုလျှင် ညို တို့အိမ်နားက တံတားပေါ်မှာ ဂစ်တာတီး…
နံနက်.. ညိုဈေးသွား ဈေးပြန် လက်ဘက်ရည်ဆိုင်ကထိုင်ချောင်း …
ညို တို့အိမ်က ထမင်းချက်အဒေါ်ကြီးကိုလက်ဆောင်ပေးပြီးပေါင်း….
ဒီလိုနည်းလမ်းဟောင်းတွေနဲ့ဘဲ ညိုနဲ့ နီးစပ်ရန်ကြိုးပမ်းခဲ့သည် …။
အချစ်မီးလျှံကိုမှ ချော့မြှူလိုသော ၁ရ နှစ်အရွယ် ညိို သည် ကျနော်၏ ခတ်ရိုးရိုးဗျူဟာအောက်တွင် မျက်စိလည်သွားလေပြီ ။
လွယ်လွယ်ပြောရလျှင် ကျနော်တို့ ချစ်သူတွေဖြစ်ခဲ့ကြပါသည် ။
နယ်မြို့ တစ်မြို့တွင် ချောချောလှလှလေးတွေပြောင်းလာတိုင်း ကာလသားတို့ ဝိုင်း လိုက် ကြသည်မှာ ထုံစံပင်ဖြစ်နေသည် ။
ယခုတော့ … ကျနော် အောင်လံထူခဲ့ပါပြီ ။
ထိုင်နေကျလက်ဘက်ရည်ဆိုင်ထဲသို့ဝင်လိုက်တိုင်း အားကျသောအကြည့် .. မနာလိုသောအကြည့်များကို ကျေကျေနပ်နပ်ခံယူရင်း … ကျနော်ပျော်ခဲ့ပါ၏ ။
နယ်မြို့ဖြစ်သောကြောင့် … ညို သည် ထင်ရှား၍လူသိများသည်။
ထို့ကြောင့် … ညိုနှင့် ချစ်သူတွေဖြစ်သော်ငြား နှစ်ကိုယ်တူတွေ့ဖို့ဝေးစွ … လက်ဖျားလေးပင်ယောင်၍မက်ုင်စဖူး ။
မှတ်မှတ်မိမိဆိုရလျှင် အအေးဆိုင်တွင် တစ်ခါသာထိုင်ခဲ့ဖူးသည် ။
လူတွေ့မှာစိုးရိမ်လွန်းသော ညိုသည်အပြင်သို့တစ်ခါမှ ချိန်း၍မရ။
” ဘယ်လောက်ချစ်တာ သိနေတာဘဲမဟုတ်လား မောင်ရယ်”…. တဲ့ ..
ဒီလိုလေးတွေ စာထဲဖတ်ပြီးကြည်နူးနေမိပြန်သည်။
ရိုမန့်တစ် ခတ်ဆန်ဆန် အချစ်ဇတ်လမ်းသည် လျောက်ပြန်သံပေး..ခြေအေးဝမ်းယောင်အခြေအနေဖြင့်ပင် ပတ်လည်ရိုက်လို့နေသည် ။
သူတပြန် ကိုယ်တပြန်စာတွေရေးလျှက် စိတ်ကူးနှင့်ရူးလေသော
ကျနော်တို့အား သူငယ်ချင်းများကပြောကြလေပြီ။
” …. နတ်တွေကမှ အငွေ့ရှူဦးမယ်…မင်းတို့က အငွေ့လည်းမရှူ ၊ အပူလည်းမထိ.. ဘာကြီးတုန်းကွာ…” တဲ့…
ရှိပါစေတော့ ..
တကယ်တော့လည်း ကျနော်ကိုယ်တိုင်က တွေ့မှ ၊ထိမှ၊နမ်းရမှ..အချစ်လို့ထင်တာမဟုတ်ပါ။
မြတ်မြတ်နိုးနိုး တန်ဘိုးထားခဲ့သည်မို့ စိတ်ခြင်းနီးဖို့က အဓိက ဟုမှတ်ယူထားခဲ့မိသည်။
ညို လည်းဒီလိုမျိုးပဲ တွေးနေမည်ထင်သည် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒါပါပဲကွယ်…
ပုံပြင်ရယ်ထား
အိမ်မက်များလို
မေ့သွားနိုင်ရိုး
အဖြစ်မျိုးလား
မြတ်နိုးနှောင်ရစ်
သောကမြစ်လျှံ
ချစ်ခြင်းဆင်းရဲ
မိုးသားမဲညို
ပြိုမည်အုန်းအုန်း
မိုးထစ်ချုန်းပြီ
နှလုံးသားတောင်ထိတ်က
အလွမ်းမိုးရိပ်တွေပါ…ညို ….။
ညိုရယ်…. ဘယ်သူတွေမှ နားလည်မပေးနိုင်ပေမယ့် ကိုယ်တို့ပျော်ရွှင်ကြည်နူးခဲ့ကြတယ်နော်…
အချစ်ဆိုတာ နှလုံးသားရဲ့ခံစားမုှလို့ဆိုရင်…
ရင်ထဲကဘဲ ချစ်နေလို့ရတာပဲလေ…
ဘယ်သူမြင်မြင် ဘယ်လိုထင်ထင် အကြင်နာဆိုတာ မမြင်သာလည်းရတာမို့
အရိပ်လေးပဲတွေ့ရရင်တောင် ကြေနပ်နေသူပါလေ…
ဒါပေမယ့်… မှတ်မိသေးတယ်ညို…
အဲဒီနေ့ကပေါ့ …
ညိုတို့အိမ်က ထမင်းချက်အဒေါ်ကြီးဈေးအပြန်မှာ ညို ရေးလိုက်တဲ့စာကိုရပါတယ် …
” ….. မောင်.. ဖေဖေရာထူးတက်ပြီးနယ်ပြောင်းရတော့မယ်… မောင်နဲ့မခွဲနိုင်ဘူး.. နောက်နေ့မနက်အစောကြီးထွက်ကြရမှာ…။ ဒီည မောင်နဲ့လိုက်ခဲ့တော့မယ် ်မောင်ရယ်… ညိုစောင့်နေမယ်နော် ..”တဲ့..
ကိုယ် ရုတ်တရက် အံ့ဩသွားမိတယ် ညို ..။
စိုးရိမ်ထိတ်လန့်တတ်တဲ့ ညို ဟာ သတ္ထိ တွေကောင်းနေလို့ပါ ။ ကိုယ်လည်း သတ္ထိမွေးပြီ …..ညိုရေ…
ဒီလိုနဲ့ပဲ …..
သူငယ်ချင်းတွေနဲ့ တိုင်ပင်ကြတယ်လေ… ။ ကားတစ်စင်းငှါး..ပြီးတော့.. သူငယ်ချင်းတစ်ယောက်ရဲ့ အမျိုးတွေရှိတဲ့အညာကိုပြေးကြမယ်ပေါ့..
ငွေကြေးအဆင်သင့်မဖြစ်တဲ့ ကို့ယ့်ကို သူငယ်ချင်းတွေစုပြီးရှိတာလေးတွေပေးကြတယ်လေ..
နာရီ နှစ်လုံး ၊ လက်စွပ်တစ်ကွင်း ၊ ဆွဲကြိုးပါးပါးလေးတစ်ကုံး…ပြီးတော့ ပိုက်ဆံ နှစ်ရာ ….
အဲဒီနေ့ ညနေမှာဘဲ နာရီတွေဆွဲကြိုးနဲ့လက်စွပ်တွေကိုအပေါင်ဆိုင်ပို့ပြီး ကားတစ်စင်းငှါးထားလိုက်တယ် ..
အစီအစဉ်ကို ညု်ိသိအောင်လို့ ထမင်းချက်အဒေါ်ကြီးကိုပြောခိုင်းလိုက်တယ်လေ….
ညိုရေ… ကိုယ့် ရင်တွေခုန်လိုက်တာညိုရယ်…
မကြာခင် ညိုနဲ့ ဘဝတစ်ခုတည်ဆောက်ရတော့မှာပေါ့နော်…
…….လာခေါ်မယ် ညိုရေ….
ဒီည ..ဆယ့်နှစ်နာရီ မှာ ညို့ ကို မောင်လာခေါ်ပါ့မယ်…..
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
” ရွှီးးးး………”
ရုတ်တရက် ညို တို့နေသောလမ်းထဲသို့အဝင်… ဝီစီမုှတ်သံကြားလိုက်ရပြီး ကားကို တားထားလေသည်။
ရဲ တပ်ဖွဲဝင်များနှင့် ရ ဝ တ လူကြီးများကိုတွေ့လိုရ၏..။
” ဟေ့..ကောင်တွေ..မင်းတို့ထဲမှာ နိုင်မိုးသူ ဆိုတာပါလား”
ကျနော်နာမည်မေးသံကြောင့်အံ့ဩသွားမိသော်လည်း ….
” ကျနော်ပါ”..
” ကောင်းပြီ….ကားဆရာ..ရဲစခန်းကိုမောင်းတော့”
” ဗျာ…. ဘာလုပ်မလို့လဲဗျ.. နေပါဦး…”
ကျနော်အလန့်တကြားမေးမိသည်။ ရဲ အရာရှိမှာ ခတ်တည်တည်နှင့် ..
” စခန်းရောက်မှ ပြောတာပေါ့ကွာ..” တဲ့
ဒီလိုဖြစ်ခဲ့ကြမည် ဟုကျနော်မထင်ထားပါ ။ ယောင်၍ပင် အိမ်မက် မမက်ခဲ့ဖူးပါ….
တကယ်တော့ ကျနော်တို့အဖြစ်သည် ကျားရှေ့ မှောက်လိက်လဲသည်ထက်ပင်ဆိုးပါသေးသည် ။
ကိုယ့်ကို သတ်မည်သူရှေ့တွင် ခေါင်းထိုးပေးခဲ့မိလေပြီ ။
ကျနော်တို့ ငှါးထားသောကားပိုင်ရှင်သည် ချစ်လှစွာသောညို့ဖေဖေ၏ မိတ်ဆွေဖြစ်နေသည် ။
ဖြစ်ကြောင်းကုန်စင် ညို့ဖေဖေသိသွားသဖြင့် ရဲစခန်းတွင် အမုှဖွင့်ပြီး ကျနော်တို့ကိုစောင့်ဖမ်းခိုင်းလေ၏ ။
အသက်မပြည့်သေးသော ချစ်သမီးရွှန်းလဲ့ညို ကိုခိုးယူပေါင်းသင်းရန်ဖျားယောင်းသွေးဆောင်မုှ …..ဟူ၍…
ထိုညက ကျနော်တို့အဖွဲ့ ရဲစခန်းတွင်အိပ်ရသည် ။ မနက်လင်းသောအခါမှ မိဘများက ခံဝန်ချုပ် ၊ အာမခံ များဖြင့်အသီးသီးလာထုတ်ကြလေသည် ။
ထိုနေ့ နံနက်လေးနာရီ ခန့်တွင် ညို တို့တစ်မိသားစုလုံး ကိုယ်ပိုင်ကားဖြင့်
ပြောင်းရွှေ့သွားကြလေပြီ ။
ညို သည် ကျနော့်အဖြစ်ကိုသိဟန်မတူ။
ကျနော်ချိန်းထားသောအချိန်ကိုစောင့်နေပါလိမ့်မည်။ ပြီးတော့…
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ညို တို့ပြောင်းသွားပြီး (၅) ရက်လောက်အကြာမှာဘဲ ထမင်းချက်အဒေါ်ကြီးနဲ့တွေ့တယ် ညိုရေ…
ညို မသွားခင်နောက်ဆုံးအချိန်လေးမှာ ရေးပေးခဲ့တဲ့ ညိုရဲ့စာကို လာပေးတာပါ ။
ကိုယ် ရူးပြီ ညို ………
ညိုရဲ့ ဝိုင်းစက်နေတဲ့ လက်ရေးလှလှလေးတွေနဲ့ ကိုယ့်နှလုံးသားကို ထိုးဆွနေသလိုပါပဲလ….
ကိုယ် အခုထိမှတ်မိနေပါတယ် ညို …..
မောင်….
အချစ်အတွက် သတ္ထိနဲ့ ဆင်ခြင်တုံတရားကို မခွဲခြားတတ်တဲ့ ညိုအဖြစ် မှတ်ယူထားလိုက်ပါတော့နော်…
မောင့် ကိုလေးစားပါတယ် ။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးဆုံးဖြတ်တတ်သူအဖြစ်နဲ့ပေါ့။
မောင့်ကို အပြစ်မတင်ပါဘူး..မောင်…
မောင့် ကို ချစ်နေဆဲပါ …
နောင်နှစ်ဘယ်လောက်ကြာကြာအထိ မောင့်ကို ချစ်နေမှာလား …
မောင့်ကို ဒီည လာမခိုးဖြစ်ခဲ့လို့ကျေးဇူးတင်နေမှာလားဆိုတာတော့… ညို မတွေးတတ်တော့ဘူးမောင်ရယ်….
အခုချိန်မှာတော့ ..
ညု်ိ့ မျက်ဝန်းမှာ မိုးတွေရွာပြီ… မောင်…….
တစ်ခါက
မောင်ဆာမိ
ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)၏ ကဗျာကို ခံစား၍ ယူသုံးထားပါသည်။
46 comments
alinsett
October 23, 2013 at 3:09 pm
မျောသွားတယ်
ဦးဆာရယ်
ပြန်ဆယ်ပေးပါဦး
surmi
October 23, 2013 at 3:20 pm
ပြန်ရောက်ပြီလား ညီလေး..
အလွမ်းမျောရင် အလွမ်းနဲ့လိုက်လေ… 🙂
surmi
October 23, 2013 at 3:21 pm
ပြန်ရောက်ပြီလား ညီလေး..
အလွမ်းမျောရင် အလွမ်းနဲ့လိုက်လေ… 🙂
ဦးကျောက်ခဲ
October 23, 2013 at 3:28 pm
ဟမ်း… ကိုရင်ဆာ၊ ကျောက်စ်တို့ခေတ်က သိချင်းတွေကိုအမှတ်ရမိသလို…
ကံဇာတာမွဲတဲ့ အတိတ်မြို့ဟောင်းကို ပြန်ရောက်သွားတယ်…
အခုတော့ ကိုငှက်ကြီးရဲ့ သီချင်းကို ဆိုရပြီပေါ့ဗျာ…
“ချစ်တိုင်းလည်း… မညား… စကားကိုသာ တီးတိုးရေရွတ်မိတာ…
ကိုယ့်နှလုံးသား အသည်းအိမ်မှာ… အချစ်များစွာ”
😥
surmi
October 23, 2013 at 4:02 pm
ဘာရယ်မဟုတ်ပါဘူးကိုကျောက်ရယ်…
ပျင်းပျင်းရှိတာနဲ့ ဟိုမွှေဒီမွှေ လုပ်ရင်း ဆရာမောင်စိန်ဝင်းကဗျာလေးတွေ့လိုက်လို့ပါ…
အဖြစ်အပျက်က ပြောထားဖူးတဲ့အတိုင်းဆိုပေမယ့်
သူငယ်ချင်းတစ်ယောက်ရဲ့ ကိုယ်တွေ့ပါ..လို့ 🙂
အခုတော့လည်း….
ဟဲ ဟဲ ….
KZ
October 23, 2013 at 3:40 pm
😥
မျက်ဝန်းထဲမှာ မိုးရွာပြီ ညို !!!
မရင့်ကျက်သေးတဲ့ အရွယ်က အချစ်က ပိုပြီး သန့်စင်ပြီး
မေ့ပျောက်ခဲလေသလားးး
surmi
October 23, 2013 at 4:06 pm
မေ့ပါပြီ ဂျီးတော်ရယ်…
ဖြူစင်ကြတာတော့အမှန်ပါ
အရီးလတ်တောင်မှပြောဖူးသေးတယ်
ဘာတဲ့… ဖိုးချိုရဲ့ ချစ်သူကို ဆိုတဲ့သီချင်းအတိုင်းဘဲလေ..
Ma Ma
October 23, 2013 at 3:45 pm
ကဆာမိတို့ စွံချက်။ 😉
ခုနေများ ညို တစ်ယောက် ပြန်ပေါ်လာလို့ရှိရင်…… :loll:
surmi
October 23, 2013 at 4:13 pm
အန်တီမမရေ..
ကျနော် အဲ့လောက်မစွံပါဗျာ 🙂
သူများအကြောင်းတွေလျောက်ရေးတာ ဟဲဟဲ
မဟာရာဇာ အံစာတုံး
October 23, 2013 at 3:59 pm
အော် .. ညို .. ညို .. ညို ..
တစ်ချိန်က … ညို …
သူ့ မျက်ဝန်းမှာလည်း မိုးတွေ ရွာနေသလို
ကိုယ့်ရင်ထဲမှာလည်း ရေတွေရစ်ဝိုင်းလို့ … စို ….။
ညိုရယ် ….
အခြားအခြားသောသူတွေရဲ့ မနာလိုသောအကြည့်များကို ကျေကျေနပ်နပ်ခံယူတတ်ခဲ့ပေမယ့် …
ကံတရားရဲ့ အဲ့ဒီ ရိုက်ချက်မှာတော့ …
ကိုယ့်နှလုံးသား ပြုတ်ထွက်လို့ သွားခဲ့ရပါတယ် ညို …..။
😥
ဒါတွေကို ညို တစ်ယောက် သိပါစေလေ …..။
လွန်ခဲ့တဲ့ အနှစ် ၂ဝ က အဖြစ် …
အခုဆို ညို့ အသက်က ၃ဝ နဲ့မှ ရ နှစ် …
အကယ်၍ အပြိုကြီး ဖြစ်ခဲ့ရင်လေ ….
ဒီစာကို ညို ဖတ်မိပါစေလေ ………………။
surmi
October 23, 2013 at 11:57 pm
၃ရ မဟုတ်ဘူးမောင်အံရေ..
၄ဝ ကျော်ပဟ … 🙂
အန်တီလေးအရွယ်ပေါ့ကွာ…
အင်း… သူ့သမီးလည်းကျောင်းပြီးတော့မယ်ထင့်…
နောက်တာပါ… အတည်ပြောတာ…
အဲ့ဒါ… တခြားလူရဲ့ ညို … ယုံတယ်ဟုတ်
အရီးခင်
October 23, 2013 at 4:00 pm
ဟိ ဟိ။ 😉
အရီးခင်
October 23, 2013 at 4:02 pm
စောရီးပါ။
သများတွေ လွမ်းနေတာကို ပြုံးမိသွားလို့။
သေချာပါတယ် ….
ညို လဲ လွမ်းနေတော့မှာ ဟုတ်ပါဘူး။
စိတ်လျှော့ ကဆာမိ။ စိတ်လျှော့။ 😛
surmi
October 24, 2013 at 12:13 am
အရီးရေ…
လွတ်လွတ်လပ်လပ် ရီလို့ရပါတယ်…
ဇတ်လမ်းက ရီစရာလည်း ဖြစ်ခဲ့သကိုး..
အရီးပြောသလို သူတို့လွမ်းတော့မှာမဟုတ်ဘူး…
ကြားထဲက ဇတ်စုံသ်နေတဲ့မောင်ဆာမိဘဲ အငှါးခံစားနေတာ 🙂
တကယ့် ဖြစ်ရပ်မှန်ပါ အရီးရေ…
နာရီနှစ်လုံးထဲက တစ်လုံးက ကျနော့နာရီပါ ။
ကျနော့်သူငယ်ချင်းရဲ့ ဇတ်လမ်းလေးပါဗျာ…
ဟဲ ဟဲ …..
ခင် ခ
October 23, 2013 at 4:28 pm
ခုတော့လည်း ဒါတွေ ဒါတွေ ပြီးခဲ့ပါပြီ ပြီး ခဲ့ ပြီ
ဒါပေမယ့်လည်း တစ်ရံတစ်ခါတော့ သတိရနေပါသည်
ဪ …… ဟို အကိုကြီးရဲ့ ………………….။
surmi
October 24, 2013 at 7:43 am
သူဘယ်မှာလဲ….သတိယနေတယ် ♥♥♥♥
တခါတလေတော့လည်း××××..လွမ်းမပါတယ်♥♥♥
🙂 သီချင်းဆိုတာနော် ကိုခ…
Mr. MarGa
October 23, 2013 at 5:49 pm
အင်
ဦးဆာ အလွမ်းထဲမှာ တလည်လည်ဖြစ်တာ များနေပီနော့ :mrgreenn:
ဒါပေမင့် ဖတ်ကြည့်ပြီး ဝေဖန်ရရင် (အဟီး)
နှစ်ဖက်လုံးအတွက်
ကြားက ဗီလိန်လုပ်သွားတဲ့ မတော်ရသော ယောက်ခမဂျီးကတော့ အတော် စေ့စပ်တယ်လို့ ထင်တာပဲ…
surmi
October 24, 2013 at 7:50 am
မောင်သဂျားရေ..
အဲဒါသာကြည့်တော့နော်..
ဘယ်လောက်များအကွက်ရွေ့ကောင်းလဲဆိုတာ..
ကျုပ်က သိပ်မလွမ်းတတ်ပါဘူးကွယ်
ပါးပါးလေးပါ…. ဟဲ ဟဲဟဲ
ရွှေ ကြည်
October 23, 2013 at 7:23 pm
သူများသားသမီးကို ရဲစခန်းမှာ အိပ်ခိုင်းတယ် လာခိုးမှာသိမှတော့ ကိုယ့်သမီးကိုယ်ပဲ အပြင်ထွက်မရအောင်ထိန်းပေါ့ ဆိုးပါ့ အဲဂလို မိဘချင်းကိုယ်ချင်းမစာတာတွေကို မုန်းတယ် ဒါပဲ
ဟဲ ကိုရင်ဆာမိ အရေးအသားမှာ တွေဝေငေးမောသွားတယ်
အတွေးတို့က အဝေး သို့………………………………
surmi
October 24, 2013 at 8:09 am
ပြောပလိုက်စမ်းပါမရွှေကြည်ရေ.. 🙂
ကျနော် ဘယ်ခေတ်ဆိုတာကိုပြောထားတယ်မဟုတ်လား
ဒီတော့..
အဲဒီလူကြီးဘယ်သူဆိုတာတွေးကြည့်ပေါ့ဗျာ…
လုံမလေးမွန်မွန်
October 23, 2013 at 8:58 pm
မောင်
ညို မောင်နဲ့ မခွဲနိုင်ဘူး
ဒီည ၁၂ နာရီ မောင့်အိမ်ရှေ့ကစောင့်နေနော်။ မောင့်ကို ညိုလာခေါ်မယ်
ဟိ . . . သာမီးသာဆို အိုက်လိုလုပ်ပလိုက်မယ်လို့
surmi
October 24, 2013 at 8:12 am
ပြောတဲ့အတိုင်း လုပ်ရဲပါစေလုံမရေ့ …
မှတ်ထားလိုက်ပြီနော 🙂
အမှန်က အဲဒီလိုလုပ်လိုက်ရင်ပြီးရော…
အခုတော့ …..
padonmar
October 23, 2013 at 9:01 pm
အတော်ဒါးထက်တဲ့ ယောက်ခမမတော်လိုက်မိတာ ကံကောင်းလို့ ကိုယ် အခုအောက်မေ့နေပြီ ညို
surmi
October 24, 2013 at 8:16 am
အစ်မပဒုမ္မာရေ..
ဒါးခက်တာတော့သိတဲ့အတိုင်းပဲ..
သူတို့ခေတ်ကိုးဗျ..
အင်းးး…. ကျနော့သူငယ်ချင်းလည်း ၃နှစ်လောက်တော့ လွမ်းနေပါသေးတယ်..
အခုတော့…အိမ်ထောင်ကိုယ်စီဖြစ်နေကြပြီထင်ပါရဲ့ …
ကိုရင်စည်သူ
October 24, 2013 at 12:16 am
အူးဆာရယ်.. ရေးရက်တယ်ဗျာ.. ရင်ခွင်မှာ ညိုမှိုင်းနေပါဒယ်ဆိုမှ…
ကျော့်စိတ်ကလေ.. ဒုတ်ခရောက်နေတာ တူတူတောင် အသက်မပြည့်သေးတဲ့
သာမီလေးတွေကို ပိုသနားတတ်တာ…
ဂယ်ဆို ကျော့်ဘွက အသက်ကျော်နေတဲ့ သာမီးဂျီးကို ခိုးဖို့ကျံရင်းနဲ့
အူးကြောင်တို့လို လပြိုဘဝကို ရောက်နေဘာဘီဗျာ..
surmi
October 24, 2013 at 12:25 am
တိန်¡¡!!
ဘယ့်နှယ်ကြောင့်လက်နှေးနေသတုန်းဗျ…
အသက်ကျော်မှတော့ ခိုးစရာရှိခိုးတော့လေဗျာ ဟဲဟဲ
ဒီတခါမပြန်ခင် မြင်ချင်တယ်ဗျို့ … 🙂
ကိုရင်စည်သူ
October 24, 2013 at 12:53 am
အဘဆာရယ်… လူလေး ကောင်းရောင်းကောင်းဝယ်ပဲ လုပ်စားပါတော့မယ်..
အဘဆာမြင်ချင်လဲ.. ကိုယ်ရောင်ပြဖို့ ကျော့်က အသင့်ဘာ..
ဘဆာတို့ဆီက ဘုသုတတွေ ကြားချင်ပါတယ်… ကျော့်လည်း
သမုတ်ဒရာထဲကို ပြန်ကြွပါတော့မယ်… ဘကြီးမိုက် ပွဲတော့ အားလုံးတွေကျဖို့အားခဲထားပါတယ်ဗျာ..
ဘဆာတို့ပဲ လူလေးရဲ့ ဘွကို ချွတ်ပေးပါတော့.. 😥
surmi
October 24, 2013 at 8:29 am
စောစောကပြောတာမဟုတ်ဘူး..
ခယ်မနှစ်ယောက်တောင်ရှိပါ့ဗျာ
အခုတော့…
ယောက်ကျားရသွားပြီ 🙂
ကျော်စွာခေါင်
October 24, 2013 at 1:50 am
ကိုဆာ
တစ်ခြားသူရဲ ့ဇာတ်လမ်းလေး ဆိုပေမယ့် ဖတ်ရတာ ရိုးရိုးလေးနဲ ့ စိတ်မကောင်း ဖြစ်မိတယ် ကိုဆာ…။
ဖတ်နေရင်းနဲ ့ကိုယ်ပါ လွမ်းချင်ချင် ငိုချင်ချင် ကြီး ဖြစ်သွားတယ်..။
surmi
October 24, 2013 at 8:22 am
ဆရာခေါင်ရေ …..
တခါတလေပြန်တွေးမိရင် အဲ့ဒီလို ပေါ့ပေါ့ပါးပါး ဘဝလေးကိုလွမ်းမိသားဗျ
အခုလည်း အထက်ပြောခဲ့သလိုပါပဲ …ကဗျာလေးဖတ်မိရာက
ငယ်ငယ်က စွန့်စားခန်းတွေသတိယလာလို့ပါ။
အမှန်တကယ်လည်း… ကောင်မလေး(ညို) က ြြြဖြစ်ပျက်ခဲ့တာတွသိမသွားပါဘူး
kyeemite
October 24, 2013 at 9:21 am
ကိုရင်ဆာမိ လက်ရာကတော့ရှယ်ပဲ..
ကာယကံရှင်တွေများဖတ်မိရင်တော့
ဘယ်အရွယ်ရောက်နေရောက်နေ
မျက်ရည်တောက်တောက် ကျသွားလောက်တယ်ဗျာ.. 😥
အတွေ့အကြုံခါးခါးတွေ ကို အရွယ်နဲ့ ရင့်ကျက်မှုက မဖျောက်ဖျက်ပစ်နိုင်ပါဘူးထင်ရဲ့…
ကျုပ်တောင် ငယ်ဘဝ ကိုပြန်လွမ်းသွားတယ်…ကိုရင်ဆာရေ့….
🙂
surmi
October 24, 2013 at 9:36 am
ဦးမိုက်ရယ်..
အတွေ့အကြုံခါးခါးဆိုပေမယ့် အခုတော့လည်း
လက်ဘက်စားရသလိုပါဘဲဗျာ..ဟဲဟဲ …
ခါးသက်သက်လေးနဲ့ကိုစိမ့်နေတာ…
အင်း…
အကောင်းဘက်ကပြန်တွေးရင် ဒီလိုဖြစ်ခဲကြတာပဲခတ်ကောင်းကောင်း …လို့..
ဒါမှ.. ကျနော်လည်းရေးစရာကုန်ကြမ်းရှိမှာလေ 🙂
sorrow weaver
October 24, 2013 at 10:03 am
ဦးဆာရယ်…ဘယ်လိုပြောရမှန်းတောင်မသိ….အဲ့မြို့မှာ ကားအဲ့လောက်ရှားသလား…..ကံကိုပဲ အပြစ်တင်ရမလို….ဟက်ကော့ ဆိုတာအဲ့မျိုးမှအစစ်….ပီတိတွေရဲ့ ရင်တွေခုန်နေတုန်း..ရဲစခန်းရောက်တာ…အဟိဟိ
surmi
October 24, 2013 at 10:29 am
ညီလေးဆောရိုးရေ…
၁၉၈၉ ဝန်းကျင်မှာ ဗမာပြည်ရဲ့နောက်ဆုံးကားနံပါတ်တွေက လ/သ လောက်ဘဲရှိသေးတယ်လေ..
နယ်မြို့တစ်မြို့မှာ ကားဆိုတာ လက်ချိုးရေလို့ရသပေါ့…
အဲလိုတွေ ြြဖြစ် ခဲ့ကြတာလေ….. 🙂
Myo Thant
October 24, 2013 at 10:23 am
ဪ ညိုရယ်
ကံဇာတ်ဆရာ အလိုကျ
ကိုယ်တို့က ကနေရတာ မဟုတ်လားကွယ်
surmi
October 24, 2013 at 10:31 am
ဦးမျိုးရေ..
ကံဆိုတာ တစ်ခါတရံ မျက်နှာအတော်လိုက်သလားပဲ …
ဗုံဗုံ
October 24, 2013 at 10:38 am
(မောင်….
အချစ်အတွက် သတ္ထိနဲ့ ဆင်ခြင်တုံတရားကို မခွဲခြားတတ်တဲ့ ညိုအဖြစ် မှတ်ယူထားလိုက်ပါတော့နော်…
မောင့် ကိုလေးစားပါတယ် ။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးဆုံးဖြတ်တတ်သူအဖြစ်နဲ့ပေါ့။
မောင့်ကို အပြစ်မတင်ပါဘူး..မောင်…
မောင့် ကို ချစ်နေဆဲပါ …)
အောင်မလေး..လုပ်ရက်လိုက်လေခြင်း အူးဆာရဲ့….. 😥
ဒီလိုစာသားတွေဒီလိုအချိန်မှာမမြင်ချင်ပါဘူး…ဆိုမှ… 😥 😥 😥
surmi
October 24, 2013 at 10:45 am
တိုက်ဆိုင်မှုဖြစ်သွားရင် တည့်တည့်ပြော….အဲ… ယောင်လို့ 🙂
မသိဘူးလေဗျာ…. ရမ်းပစ်တာတည့်တည့်ထိတယ်ဆိုတော့
ဆောဒီးးးးးးးးးး…… 🙂
TNA
October 24, 2013 at 2:58 pm
အချစ်ဦးဆိုတာမြေးဦးရတာတောင်မေ့ဘူးဆိုလား။ အင်း အိုက်ဒုန်းကညိုနဲ့ဆိုရင် အခုချိန်လောက်ဆို အင်းးးးးးးးးးးးးးးးးးးးးးးးးးးး အိုက်လိုလေးများတွေးမိနေမလား။
အခုတော့ အဟောင်းအဟောင်းတွေ အသစ်အသစ်ဖြစ်ပြီး လေးဆယ်ကျော်အလွမ်းပေါ့နော် ကိုဆာမိ 😥
surmi
October 24, 2013 at 3:07 pm
အချစ်ဦးလား .??? ….. နှာစေးနေတယ် 🙂
အကယ်၍များ အဲဒီအချိန်က ထိုသူနှစ်ဦး လက်ထပ်ဖြစ်ခဲ့မည်ဆိုပါလျှင် ……
” မြေးလေးရေ… ဖွားဖွားညိုကိုချစ်လား”
TNA
October 24, 2013 at 6:03 pm
ဟင့်အင်း ဒလိုဖစ်ရမာ
မြေးလေးရေ ဘိုးဘိုးဆာနဲ့ဖွားဖွားညို အဒု့ဂို ပိုချစ် အဟစ်အဟစ်
surmi
October 24, 2013 at 10:31 pm
အောင်မလေးဂျီးတော်မသဲနုရယ်
ဘိုးဘိုးဆာတော့မလုပ်လိုက်ပါနဲ့..
ကျုပ်က ြ ကားလူပါဗျာ 🙂
Nyein Nyein
October 24, 2013 at 9:53 pm
ဇာတ်လမ်းလေးက လွမ်းစရာလေး ဦးဆာရယ်။ တော်တော်ဆိုးတဲ့ ညို့ဖေဖေရယ်။
ဒါပေမယ့် ညိုပေးခဲ့တဲ့ စာလေးကို ကြည့်ခြင်းအားဖြင့် ညိုက နားလည်ပေးခဲ့တယ်ဆိုတဲ့ သဘောပေါ့နော်…….. 🙄
surmi
October 24, 2013 at 10:21 pm
မငြိမ်းငြိမ်းရေ…
ဟိုတုန်းကတော့အဖိုးကြီးကို ကျိတ်ဆဲကြတာပေါ့လေ..
အခုလို သားတွေသမီးတွေရလာတော့လည်း
ကိုယ်ချင်းစာမိပါရဲ့…
၁ရ နှစ်အရွယ်သမီးလေးကို ယောက်ကျားတောက်လိုက်ပြေးဖိုူ့ ဘယ်ခွင့်ပြုနိုင်ပါ့မလဲလေ
နိုင်မိုးသူ( အမည်လွှဲ) ကတော့ အခုထိ လူပျိုကြီးပါဘဲ …
nozomi
October 25, 2013 at 9:49 am
ဆရာဆာ အပြင်မှာ ဘာလုပ်လဲတော့ မသိ
စာရေးဆရာ လုပ်ရင်တော့ အောင်မြင်မှာ သေချာတယ်
ဆရာ ဆာ့ စာတွေ ဖတ်ရင်း
နှလုံးသား နု တုန်းက ဖတ်ခဲ့ရတဲ့ ဆရာ ငြိမ်းကျော် တို့ ဆရာမောင်စိန်ဝင်း တို့ ရဲ့ ကဗျာတွေ စာတွေ သတိရသွားတယ်
surmi
October 25, 2013 at 11:11 am
မင်္ဂလာပါဦးနိုရေ
အပြင်မှာကတော့ စာပေနဲ့အလွန်ဝေးတဲ့အလုပ်ဗျာ
ဝါသနာအလျောက်လက်ဆော့ရုံလောက်ပါဆရာရယ်
အခုလည်း ဆရာမောင်စိန်ဝင်းကဗျာလေးပြန်ဖတ်မိရင်း…..
လာအားပေးသွားတာကျေးကျေးပဲဗျို ့
ကံမကြုံလို့လွဲခဲ့ကြတဲ့အတွဲတွေကို ပြန်သတိယရင်း
ငယ်ဘဝပြန်လွမ်းမိသွားတာ
ကံကြုံရင်လည်း အစ်ကိုတို့နဲ့ဆုံချင်သေးတယ်ဗျို ့ …..