ကိုရင်စည် အတ္တကြီးနေသည်…
ချစ်သူ …
လူတစ်ယောက်ဟာ ပန်းတစ်ပွင့် မဟုတ်နိုင်ဘူး၊ သို့ပေမဲ့ မင်းဟာ ငါ့အတွက် ပန်းတစ်ပွင့်၊ လူတစ်ယောက်ဟာ မီးလျှံတစ်ခု မဟုတ်နိုင်ဘူး၊ ဒါပေမဲ့ မင်းကတော့ ငါ့နှလုံးသားကို လောင်ကျွမ်းစေတဲ့ မီးလျှံ၊ ငါ့နှလုံးသားကတော့ မီးလောင်နေတဲ့ တောင်တန်း။ ငါ့တစ်ကိုယ်လုံးဟာ မင်းကျွေးသမျှ မီးလျှံတွေကို စားရတဲ့ သံတွေခဲတစ်ခု…။
ချစ်သူ …
အချစ်အတွက် အသက်စွန့်ကြသတဲ့။ ဘုရားသခင်အတွက်၊ ဘုရင်မင်းမြတ်အတွက်၊ ယုံကြည်မှုအတွက် လူတွေဟာ အသက်ကို စွန့်ကြသတဲ့။ ဒါပေမယ့် ချစ်သူ… မင်းနဲ့ ပတ်သက်လို့ကတော့ စက္ကန့်တိုင်းကိုပဲ ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ ငါပါ။ မင်းပူဆွေးသောက ရောက်နေပါရဲ့ ဆိုတဲ့ အချိန်မျိုးမှာတောင် မင်းရဲ့ အလိုရမ္မက်ကို ငါ အသေအချာ မြင်နိုင်ခဲ့ရဲ့။
လူအဖွဲ့အစည်း တစ်ခုကို ပေါင်းကူးဆက်သွယ်ဖို့လည်း အချစ်က မွေးဖွားမလာနိုင်ဘူး။ နားလည် လိုက်လျောမှု တစ်ခုတည်းနဲ့လည်း အချစ်က မွေးမဖွားလာနိုင်ဘူး။ အပေးအယူ ပုံစံမျိုးနဲ့လည်း အချစ်က မွေးဖွား မလာနိုင်ဘူး။ မင်းဟာ ငါမဖြစ်နိုင်သလို၊ ငါဟာလည်း မင်းမဖြစ်နိုင်ဘူး။ ဒါပေမဲ့ တို့နှစ်ဦး ပေါင်းစပ်ခဲ့ကြတယ်။ အခြေခံမတူတဲ့ နှစ်ဦးအဖို့ ပိုပြီးနီးစပ်လာခြင်းကိုက ပိုပြီး ဝေးကွာစေဖို့ပဲဆိုတာ ငါသဘောပေါက်ခဲ့ပြီ။
ချစ်သူ …
အမုန်းတရားဆိုတာ သေးသိမ်တဲ့ အတ္တတစ်ခုပါ။ ငါ့ကြေကွဲမှုဆိုတာ ငါ့ပျော်ရွှင်မှုထဲက ဆုတ်ယုတ်သွားတဲ့ ပေးဆပ်မှုတစ်ခုပါ။ နှလုံးသားဆိုတာ ကြေကွဲမှုနှင့် ပျော်ရွှင်မှု တစ်ခုခုကိုသာ ထမ်းဆောင်နိုင်တဲ့ အရာပဲ မဟုတ်လား။ ငါဒေါသ ဖြစ်နေတယ်။ ငါတောက်လောင်နေတယ်၊ ငါကြေကွဲနေတယ်၊ ငါဝမ်းနည်းနေတယ်၊ ဒါပေမဲ့ ဆုံးရှုံးလိုက်ရတဲ့ ပျော်ရွှင်မှုကို မင်းပိုင်ဆိုင်နိုင်သွားလိမ့်မယ်တော့ ငါမယုံကြည်ဘူး။
လူတစ်ချို့ဟာ ကိုယ်ကြိုက်တဲ့ အစားအစာတွေကို လျှာပေါ်မှတင်ပြီး တစိမ့်စိမ့်ဝါးစားရမှ အရသာရှိတာ မဟုတ်ဘူး၊ အခြားလူတစ်ယောက် ဒုက္ခရောက်နေတာကို တစိမ့်စိမ့် ထိုင်ကြည့်ပြီးတော့လည်း အရသာ ရှိတတ်ကြတယ်။ အဲ့ဒီလို နည်းမျိုးစုံနဲ့ မင်းပျော်ရွှင်နိုင် ပြီပေါ့။
ချစ်သူ …
မေတ္တာတရားသာ မပါခဲ့ရင်တော့ သစ်ပင်တစ်ပင်တောင် စိုက်ပျိုးလို့ မရှင်သန်နိုင်ဘူးလို့ ငါယုံကြည်တယ်။ ရာစုခေတ်တွေ တရွေ့ရွေ့ကုန်ဆုံးလာတာနဲ့အမျှ မေတ္တာတရားနဲ့ ပတ်သက်တဲ့ ခံစားမှုတွေဟာလည်း လူတွေရဲ့ နှလုံးသားမှာ တဖြည်းဖြည်း ခမ်းခြောက် လာတဲ့ ဒီလိုခေတ်ကြီးထဲမှာတောင် ကံကောင်းထောက်မစွာနဲ့ နင်က ငါ့ ချစ်ခြင်းမေတ္တာတွေကို အရယူနိုင်ခဲ့တယ်နော်။
ချစ်သူ …
ငါ့ရဲ့ စွန့်လွှတ်မှုတွေကို မင်းအထင်မကြီးခဲ့ဘူး။ ငါ့ရဲ့ မအောင်မြင်မှုကိုတော့ မင်းအထင်သေးခဲ့တယ်။ ငါဟာကျော်ကြားမှုတစ်ခုနောက်ကို သွေးရူးသွေးတန်း လိုက်နေတဲ့ လူတစ်ယောက် မဟုတ်ဘူးဆိုတာကိုလည်း မင်းနားမလည်နိုင်ခဲ့ဘူး။
မြေကြီးပေါ်လေးဖက်ထောက် သွားခဲ့ရတဲ့ ခေတ်တွေတုန်းကလည်း လူဆိုတာ အမှန်တရားကို လက်ခံသူရှိမယ်၊ ငြင်းဆန်သူရှိမယ်။ မင်းတို့ ငါတို့ရဲ့ လက်ရှိခေတ် ကာလမှာလည်း ဒီအတိုင်းပဲ မဟုတ်လား။ ဘာများ တိုးတက်လာလို့လဲဟင်။ တစ်ဦး တစ်ယောက်ရဲ့ ပေါ့တန်မှုကြောင့် လူသမိုင်းဟာ နစ်မြုပ်သွားနိုင်တာမို့ လူတိုင်း လူတို်င်းဟာ ကိုယ့်ကိုတာဝန်ယူပြီး အမှန်တရားနဲ့ နီးစပ်အောင် ကြိုးစားသင့်တယ်လို့ ငါ ယုံကြည်တယ်။
ချစ်သူ …
ပြည့်လျှံကြွယ်ဝတဲ့ စိတ်ကူးစိတ်သန်းတွေထဲမှာ ရုန်းမထွက်ရအောင် နစ်မြုပ်နေတဲ့ အရူးတစ်ယောက်လို ငါဟာ ဝမ်းနည်းနေရတယ်၊ ငါ ဒေါသဖြစ်နေရတယ်၊ ငါတောက်လောင်နေရတယ်၊ ငါကြေကွဲနေရတယ် … ဒါပေမယ့် ဆုံးရှုံးလိုက်ရတဲ့ ပျော်ရွှင်မှုကို မင်းပိုင်ဆိုင်သွားပြီလိုတော့ ငါ မယုံကြည်ဘူး ……..။
ခင်မင်လေးစားစွာဖြင့်
ကိုရင်စည်သူ
11 comments
အရိပ်စစ်
October 24, 2013 at 6:27 am
ငါကြေကွဲနေရတယ် … ဒါပေမယ့် ဆုံးရှုံးလိုက်ရတဲ့ ပျော်ရွှင်မှုကို မင်းပိုင်ဆိုင်သွားပြီလိုတော့ ငါ မယုံကြည်ဘူး ……..။
တိမီးလည်း မယုံကြည်ဘူး ပေပေ
ချစ်သူလည်း မပျော်ရွှင်လောက်ပါဘူး…
ဦးကျောက်ခဲ
October 24, 2013 at 7:53 am
ကိုရင်စီသွပ်ကလည်း ဝမ်းဂိုး တူးကမ်းပေါ့…
ကိုယ့်အတ္တနဲ့ သူ့အတ္တ… ပုံဆောင်ခဲချင်းမတူရင် လွှတ်ချလိုက်ပါလေ…
🙂
ကိုရင်စည်သူ
October 24, 2013 at 11:34 am
ကိုရင်ဂ တနားဒတ်တော့.. သာမီးလေးတွေဆို မရက်ချက်ဒတ်ချင်ဘူးညှော်…
လွှတ်ချရမှာလဲ တလုံးတခဲကြီး ကိုင်ထားရမှာလဲ.. အလေးကြီးဆိုတော့..
အူးကျောက်ပဲ တာဝန်ယူလိုက်ပါဒေ့ါ…
KZ
October 24, 2013 at 9:07 am
ငါ မ သိ ချင် ယောင် ဆောင် ထား တယ်။
နင် ရွှေ့ နေတဲ့ အကွက် များ လည်း းးးးးး
ဟိ။
ဘန်နီ သီချင်း ဆိုတာပါ။
အချစ်ကို ခွဲခြမ်းစိတ်ဖြာလွန်းရင် တစ်ကိုယ်တည်းဖြစ်တတ်သတဲ့။
သဒိထားဦးးးးးးး
😀
ကိုရင်စည်သူ
October 24, 2013 at 11:43 am
ကျားဆိုဒါလဲ.. သားကောင်နဲ့ ဆော့တလှည့်ချော့တလှည့် ချောက်တလှည့်ဆိုဒါ
ရှိလို့.. ပို့စ်ရှည်ရှည်ပြန်ရေးချင်လို့ လက်ပြန်သွေးကြည့်တာပါ.. မဆွိရယ်.. 😥
surmi
October 24, 2013 at 9:49 am
ဟုတ်သော်ရှိ
မဟုတ်သော်ရှိ
အပေါ်က ဦးကျောက်စကားကိုထောက်ခံတယ်ဗျို့……. 🙂
alinsett
October 24, 2013 at 1:58 pm
စကားလုံးတွေ တအားကို လန်းနေဒယ် ဦးလေး
ခံစားချက် အစစ်တွေပေါ့နော်
TNA
October 24, 2013 at 2:52 pm
အိုက်ဒါနဲ့ဘဲ ဘဘစည်တယောက်သာမီးလေးတွေကိုစိတ်အနာကြီးနာပြီးသကာလ ဘောကွင်းမပြီးရေထဲ ဆင်းသွားပါကြောင်း။
Wow
October 25, 2013 at 1:00 pm
ညီးက ကြောင်မ၊ ငါးမနဲ့ ပဲ ဖစ်မှာပါအေ….
ကျော်စွာခေါင်
October 25, 2013 at 1:46 pm
ကီစို…
စာရေးကောင်းလိုက်တာ…
စကားလုံးတွေရော အကုန်ကြိုက်တယ်..။
…..
….. တူသော အကျိုးပေးမှာပါ.. စိတ်ထဲ မထားနဲ ့။။
ရွာက ညီကို မောင်နှမတွေရဲ ့ ချစ်ခြင်းက နွေးထွေးဆုံးဘဲ..။ မေ့ပလိုက်။
ဗုံဗုံ
October 25, 2013 at 3:25 pm
(ချစ်သူ …
ပြည့်လျှံကြွယ်ဝတဲ့ စိတ်ကူးစိတ်သန်းတွေထဲမှာ ရုန်းမထွက်ရအောင် နစ်မြုပ်နေတဲ့ အရူးတစ်ယောက်လို ငါဟာ ဝမ်းနည်းနေရတယ်၊ ငါ ဒေါသဖြစ်နေရတယ်၊ ငါတောက်လောင်နေရတယ်၊ ငါကြေကွဲနေရတယ် … ဒါပေမယ့် ဆုံးရှုံးလိုက်ရတဲ့ ပျော်ရွှင်မှုကို မင်းပိုင်ဆိုင်သွားပြီလိုတော့ ငါ မယုံကြည်ဘူး ……..။)
နာ အဲ့လိုပြောချင်တာရယ်….မပြောတတ်လို့….ကော်ပီကူးသွားတယ်နော်……
ဒါနဲ့..ပြောင်းပြန်ဖြစ်နေသလားလို့…..