” တစ်ခါတုန်းက အဖေ့စကားတစ်ခွန်း”
” တစ်ခါတုန်းက အဖေ့စကားတစ်ခွန်း”
ငယ်ရွယ်တုန်းကပေါ့
အိမ်ကိုအဖေ့ဧည့်သည်လာလည်တော့ မုန့်ပုံးထဲကမုန့်ကိုပုဂံနဲ့ထဲ့ပြီး ဧည့်သည်ကိုဧည့်ခံတယ်၊
အဲဒီဧည့်ခံတဲ့မုန့်ကို စားချင်နေတဲ့စိတ်က ကျွန်တော်မှာမုန့်ပုဂံ ဧည့်ခန်းဆီသွားပို့စဉ်ဖြစ်မိတယ်။
ဒါနဲ့ဘဲ ဧည့်သည်လည်းပြန်လို့ အိမ်ရှေ့ပေါက်ဝမှာ အဖေ့ကိုနုတ်ဆက်နေတုန်းဘဲရှိသေးတယ် ကျွန်တော်က ခုနမုန့်ပုဂံဆီသွားပြီး မုန့်ကိုယူစားလိုက်တယ်။ အဲဒါကို အဖေ့ကလှမ်းမြင်တယ်လေ။
အဲဒီတော့ ဧည့်သည်လည်း ကားမောင်းထွက်သွားတယ်ဆိုရင်ဘဲ အဖေက ခုနမုန့်ပုံးကို ကျွန်တော်ရှေ့မှာချပြီး သားစားစမ်း ကြိုက်သလောက်လို့ ကျွေးတော့ စားတာပေါ့။ ခဏလည်းနေရော ဗိုက်ကပြည့်တော့ ဆက်မစား နိုင်တော့ဘူး တော်ပြီလို့အဖေ့ကိုပြောလိုက်တယ်။ ကျွန်တော်စားတာထိုင်ကြည့်နေတဲ့ အဖေက အဲဒီမုန့်ပုံး ကုန်အောင်ဆက်စား မကုန်ဘဲရပ်ရင်ရိုက်မယ်ဆိုပြီး ကြိမ်လုံးယူလိုက်တယ်ဆိုရင်ဘဲ ဆက်စားပေမယ့် တစ်ခု နှစ်ခုလောက်ဘဲစားပြီးဆက်မစားနိုင်တော့ စားနိုင်တော့ဘူး အဖေလို့လည်းပြောလိုက်ရော အဖေက ဆက်စား မလား အရိုက်ခံမလား ကြိုက်တာရွေးတဲ့ အဖေကရွေးခိုင်း တော့ လက်လေးပိုက်ပြီ အဖေရိုက်ဖို့အဆင်သင့် ရပ်ပေးပြီး သားမစားနိုင်တော့ဘူး အရိုက်ဘဲခံမယ်ဆိုလို့ အဖေကရိုက်တယ်။ ရိုက်ပြီးတော့မှ အဖေကပြော တယ် သားစားချင်တဲ့စိတ်ကိုအဖေနားလည်လို့ မုန့်ကိုအဝ စားဖို့ ချကျွေးတာ ရိုက်တာကတော့ ဧည့်သည်ကို ချကျွေးတဲ့မုန့်ပုဂံက အိမ်မှာဘဲကျန်ခဲ့တာ ဘယ်အချိန် စားစားအိမ်မှာရှိတဲ့သူတွေကရတယ် အဲဒါကို ဧည့်သည် တောင်အိမ်ဝမှာဘဲရှိသေးတာ အိန္ဒြေ မဆောင်နိုင်ဘဲ အငမ်းမရလာယူစားတဲ့ အကျင်စရိုက်ပါသွားမှာမျိုး သားမှာမဖြစ်စေလို့ မှတ်သွားအောင်ဆုံးမတာတဲ့။ အငမ်းမရစားခြင်းရဲ့နောက်မှာ ပြစ်ဒါဏ်ဆိုတာရှိတတ်တယ် ဆိုတာ သားမြဲမြဲမှတ်ထားပါတဲ့။
တစ်ခါတုန်းက အဖေ့စကား တစ်ခွန်းကို ခုထိလည်းကြားယောင်ကာ သားမောင်မှတ်နေစဲပါ အဖေ။
ခင်ခ။
11 comments
KZ
October 28, 2013 at 5:08 pm
ကတောက်!
အရင်က အငမ်းမရ စားခဲ့တဲ့လူကြီးမင်းများရဲ့ အပြစ်ဒဏ်တွေ မြင်ချင်တာဗျာ။
🙁
မိုက်ကယ်ဂျော်နီအောင်ပု
October 28, 2013 at 6:32 pm
အဖေတော့
သဂျီးမင်းရဲ့ ကလေးသူငယ် ညှင်းပန်းနှိပ်ဆက်မှု့
ဥပဒေနဲ့ ညိဘီ
အရိပ်စစ်
October 28, 2013 at 7:11 pm
ဦးဦးခင်ခရေ
ကျေးကျေးပါနော့..
အဲဂလို အဲဂလိုတွေ
မဖြစ်ရအောင် လည်း
မှတ်သား သွားပါဒယ်ညော်…
•*¨နန်းတော်ရာသူ •*¨
October 28, 2013 at 7:38 pm
အိမ်ကကလေးတွေလည်းအဲ့လိုပဲဦးခရဲ့
ဧည့်သည်ပေးတာကို ဧည့်သည်တောင်မပြန်သေးဘူးကုန်အောင်စားချင်တာ
ဘယ်လောက်ပြောပြောမရပါဘူး။
ကလေးသဘာဝကိုက အဲ့လိုတွေလားမသိပါဘူး။
MAUNG
October 29, 2013 at 8:41 am
မှတ်သား သွားပါတယ် ကိုကြီး ခင်
အတွေး ကောင်းလေး တစ်ခုဖြစ်အောင် မျှဝေပေးလို့ ကျေးဇူး ပါ။
ရွှေတိုက်စိုး
October 29, 2013 at 9:04 am
အော် လေးခ ရေးတဲ့အဓိပ္ပာယ်ကို တွေးလို.ရပေမယ့်…
ကျွန်တော်အဖေလဲ အဲလို လက်တွေ.ကျကျ ဆုံးမတဲ့သူပဲဗျ…. အဖေ့ကို လွမ်းလိုက်တာဗျာ…
သေသွားတာတောင် လူမမြင်လိုက်ရတဲ့ ကျွန်တော့်အတွက် အဖေဆိုတဲ့ အသံကြားရင် ရင်ထဲမှာ ငိုနေမိတယ်ဗျာ….
တစ်ခါတလေ အမှားလုပ်ပြီး အဖေရဲ. ဆုံးမ သံလေးကြားချင်နေမိတယ်ဗျို….
ဦးကျောက်ခဲ
October 29, 2013 at 9:58 am
ကျောက်စ်ငယ်ငယ်က မုန့်ပန်းကန်နားကို သီကို မသီရဲဘူး…
နောက်ပြီး သူများမုန့်ကျွေးရင်လည်း မယူရဲ မစားရဲဘူး…
အမေက အရှိုးရာထင်အောင် ရိုက်တာခင်ဗျ…
🙁
kyeemite
October 29, 2013 at 11:04 am
ဟိုးတုန်းကလူကြီးတွေ ခပ်ဆင်ဆင်တွေပါကိုခရေ..
ကျုပ်တို့ငယ်ငယ်ကလည်း ဧည့်သည်များရောက်နေရင်
မခေါ်မချင်း အနားမလာရဘူး…ဧည့်သည်က တခါတလေ
ချစ်လို့ အနားခေါ်ပြီး မုန့်ဖိုးပေးရင် မယူရဘူး..အဖေ့ကိုလှမ်းကြည့်လို့
ခေါင်းငြိမ့်ပြလိုက်မှ..ရိုရိုသေသေလက်နှစ်ဘက်နဲ့ယူရတာ..
အောင်မလေး..ခု ကျုပ်သားသမီးတွေခေတ်ကတော့ ဟုတ်တော့ဘူးဗျို့.. 🙁
ဗုံဗုံ
October 29, 2013 at 11:08 am
ကလေးလေး တနားပါဒယ်..
ကိုယ်ချင်းစာလိုက်တာ….
ရွှေမိုးတိမ်
October 29, 2013 at 2:17 pm
တမီး ငယ်ငယ် တုန်းက ကျလို့ 😀
TNA
October 29, 2013 at 5:39 pm
ဇာတ်သမားလာရင်မှတ်သားစရာပါ ဇာတ်သမားပြန်ရင်မှတ်သားစရာကျန် အဲလေ မွှားလို့ အဖိုးတန်စကားလေးမို့ မှတ်သားသွားပါတယ်။ သားတော်မောင် အစားငမ်းကိုလဲ အဲလိုလေးဆုံးမရအုံးမရှင့်။