“ကိုလေး လိုလူ………ရှောင်တော်မူ ………..”

“ကိုလေး လိုလူ………ရှောင်တော်မူ ………..”

 

ကိုအောင်မောင်းတို့ ရုံးက နယ်အရောင်းအဖွဲ့ ဘိုဆန်ဆန်ပြောရင်တော့ မိုဘိုင်းအဖွဲ့တနင်္ဂနွေနေ့ညနေကပြန်ရောက်လာပါတယ်။                                                 နောက်လေးရက်လောက်နေတော့ အဲဒီအဖွဲ့ခေါင်းဆောင် စိုးထွန်းက  ခွင့်တောင်းလာပါတယ်။

သူအခုပြန်လာတဲ့ နယ်က ဆိုင်တစ်ဆိုင်က ပစ္စည်းတွေပြန်သိမ်းခွင့်ပြုဘို့ပေါ့။

အဲတော့ အကျိုးအကြောင်းကို မေးရပါတော့တယ်။

သူတို့သွားရောင်းတဲ့မြို့က ဆိုင်တစ်ဆိုင်က သူတို့ဆီက စီးကရက်ဆယ်ပုံးယူပါသတဲ့။

တန်ဘိုးတွက်ကြည့်ရင် ဆယ်သိန်းကျော်ကျော်ပေါ့။

အသွားမှာ ပစ္စည်းချ သူတို့ကားပြန်လာရင် အဲဒီကုန်ဘိုးရှင်းပေးမယ်ဆိုတော့လဲရောင်းခဲ့ပါသတဲ့။

တကယ်သူတို့ပြန်လာတဲ့အခါ ကုန်ဘိုးရှင်းမပေးလိုက်ပါဘူးတဲ့။

ပစ္စည်းလဲကျန်သေးတယ်ပေါ့။

တနင်္လာနေ့ရောက်ရင် ဘဏ်ကနေလွှဲပေးမယ်ဆိုပြီး ပြောလိုက်ပါသတဲ့။

စိုးထွန်း တို့ အဲဒီဆိုင်ကိုရောက်တာ သောကြာနေ့ပေါ့

လွှဲပေးရမယ့် ဘဏ်တို့ ထုတ်မယ့်သူရဲ့မှတ်ပုံတင်နံပါတ်တွေဘာတွေယူထားလိုက်ပါသတဲ့။

ဒါပေမယ့် အင်္ဂင်္ါနေ့ထိငွေလွှဲမလာပါဘူး။                                       ဖုန်းဆက်တော့လဲမကိုင်ပါဘူးတဲ့။                                                                စိုးထွန်း  စိတ်ပူလာပါတယ်။

အဲဒါနဲ့သူတို့လို့ အရောင်းသမားအချင်းချင်းစုံစမ်းတဲ့အခါ အဲဒီဆိုင်အနေအထားက သိပ်မဟုတ်ဘူးဆိုတာသိလာရပါတယ်။

ကုန်တွေကို အကြွေး ယူထားလိုက်တယ်။

ပြီးတော့ ကုန်ဘိုးငွေပေးချိန်ရောက်ရင် အကြောင်းပြချက်အမျိုးမျိုးနဲ့ရှောင်နေတတ်ပါသတဲ့။

ဒီလိုအဖြစ်က ကုမ္ပဏီပေါင်းဆုံက အရောင်းသမားတိုင်းနီးပါးလောက်ကြုံရတာလို့လဲဆိုပါတယ်။

အဲတော့ နောက်ဆုံးအဆင့်အနေနဲ့ပစ္စည်းကိုပြန်သိမ်းဘို့ စီစဉ်ရပါတော့တယ်။

နောက်ရက် စိုးထွန်းနဲ့ အဖော်တစ်ယောက်လိုင်းကားနဲ့သွားပြီးသိမ်းတော့မှ

ပစ္စည်းတွေပြန်ရလာခဲ့မှဟင်းချ နိုင်ပါတော့တယ်။

************************************************************

 

ကုမ္ပဏီတိုင်းက အရောင်းသမားမှန်သမျှ ကို ဖိစီးထားတဲ့အရာကတော့ ( sale volume) နဲ့                      (sale target) လို့ ခေါ်တဲ့ အရောင်းပမဏနဲ့ အရောင်းလျာထားချက်ပါဘဲ။

ဘော်လွန်းမ် မပြည့်ရင် တာဂက်မရောက်ရင်ခေါင်းခြောက်ရပါတယ်။

အဲဒီနှစ်ခု မမှီရင် အထက်က ထုချေလွှာတောင်းတာနဲ့စာတိုစာရှည်တွေရေးရ

ဖြေရှင်းချက်တွေပေးရနဲ့အင်မတန်ခေါင်းခြောက်ပါတယ်။

အရောင်းသမားတွေက ကော်မရှင်စားဖြစ်တဲ့အတွက် နောက်ဆက်တွဲကတော့

ဝင်ငွေလျော့တာပေါ့။

အဲ တာဂက်မှီအောင် ဘောလွန်းမ်ပြည့်အောင်ရောင်းပြီးတဲ့အခါ ရောင်းထားတဲ့

ကုန်ဘိုးကို သတ်မှတ်ရက်အတိုင်းရအောင် အကြွေးကောက်ရပြန်ပါတယ်။

အဲဒီအခါ မှန်မှန်ကန်ကန်ပေးလိုက်တဲ့ ဆိုင်ရှိသလို စောင့်ပါ့အုံးဆိုတဲ့ဆိုင်တွေလဲရှိပါတယ်။

သတ်မှတ်ရက်ကို ငွေမသွင်းရင် ရုံးက စာရင်းကိုင်တွေက ဝမ်နိမ်တွေပေးပြန်ပါတယ်။

အချိန်မီမပေးနိုင်တာ ကြွေးဆုံးတာတွေရှိလာပြန်ရင်လဲ ရစရာရှိတဲ့ ဆိုင်ကို ချော့လိုက်ခြောက်လိုက်နဲ့တောင်းလိုက်ရ နဲ့အတော်မျက်နှာငယ်ပါတယ်။

အဲ တောင်းလို့မှ မရတော့ဘူး ဆိုပြန်ရင် လဲ ထုခြေလွှာတွေပေးရ

စာတိုစာရှည်တွေရေးရ စိုက်သင့်တဲ့အခါလဲ စိုက်ရ ဆိုပြန်တော့အရောင်းသမား

တစ်ယောက်ရဲ့ဘဝက ဆူးကြားထဲက ဘူးသီးက မှ ဆူးနဲ့လွတ်တဲ့နေရာရှိသေးတယ်လို့

ဆိုကြပါတယ်။

တယ်တော့လဲ မချောင်လှပါဘူး။

********************************************************************

ကိုယ်ရောင်းရတဲ့ ပစ္စည်းက လူအသုံးများတယ် လူကြိုက်များတယ် ဟော့နေတဲ့ပစ္စည်းဆိုရင်တော့

အရောင်းသမားက ခေါင်းမော့ လို့နေနို်င် ရောင်းနို်င်ပါတယ်။

ဒါပေမယ့်လဲ ဒီပစ္စည်းမျိုးက တစ်ရာမှာ တစ်ခုမရှိနိုင်ပါဘူး။

အရောင်းသမားက အောက်ကနေ ရောင်းရတာများပါတယ်။

ပုံမှန်ရောင်းနေကျ ပစ္စည်းထက်  တံဆိ်ပ်အသစ် ရောင်းရတဲ့အခါ ပိုဆိုးပါတယ်။

အခုခေတ်မှာတော့ ပစ္စည်းတစ်မျိုးထဲကိုဘဲ တံဆိပ်အမျိုး မျိုး ပုံစံအမျိုးမျုးိနဲ့ထွက်ကြပါတယ်။

 

ဟိုအရင်ခေတ်က ပစ္စည်းအသစ် တံဆိပ်အသစ်ထွက်တယ်ဆိုတာ နည်းပါတယ်။

ဟိုးရှေးက ဆိုရင် ဆပ်ပြာဆိုလဲ ရွှေဝါ ဆပ်ပြာမူန့်ဆိုရင်လဲ သက်သာ ကိုယ်တိုက်ဆပ်ပြာဆိုရင်လဲ

မွှေးနဲ့ကာဘော်လစ်။

ဒါလောက်ဘဲရှိပါတယ်။

အခုခေတ်မှာတော့ ဆပ်ပြာဆိုပြန်ရင်လဲ နာမယ်ပေါင်းများစွာ

ဆပ်ပြာမူ့န်ဆိုပြန်ရင်လည် အမျိုးအစားများစွာ

ကိုယ်တိုင်ဆပ်ပြာဆိုရင်လဲပြည်တွင်းဖြစ်ရောနို်င်ငံခြားဖြစ်ရော စုံမှစုံပါဘဲ။

ပဲဆီ နှမ်းဆီဆိုပြန်ရင်လဲ ပိဿာချိန် နဲ့ရောင်းကြတာပါ။

အခုခေတ်မှာတော့ ပဲဆီ ဆိုပြန်ရင်လဲ တံဆိပ်အမျိုးမျိုး အလေးချိ်န်အမျုးိမျိုးနဲ့

ထုတ်ပြီးရောင်းကြတာကိုး။

ဖြစ်ချင်တော့ အခုခေတ်မှာ ဈေးဆိုင်ခန်းလေးတွေက လဲ ခပ်ကျဉ်းကျဉ်း

ထုတ်လုပ်ထားကြတဲ့ ပစ္စည်းကများများ ဆိုတော့ အားလုံးကို မတင်နိုင်ပါဘူး။

ပစ္စည်းတစ်ခုအသစ်ထွက်လို့ သွားပြီး စပ်ပြီဆိုတာနဲ့

“ consigment (အပ်ကုန်)ထားမှာလား

Credit (အကြွေး)ရောင်းမှာလား

အကြွေးဆို ဘယ်နှစ် လပေးမှာလဲ။

ရောင်းမကုန်တာ တို့ရက်လွန်တာတို့ ပျက်စီးတာတို့ပြန်လဲပေးမှာလား။

ပရိုမိုးရှင်းက ဘာတွေပါသလဲ၊

တီဗွီမှာကြော်ငြာပြီး ပြီလား

ဘယ်သူတွေနဲ့ကြော်ငြာထားတာလဲ”

ဆိုတဲ့မေးခွန်းတွေက ဆက်တိုက်လာပါတော့တယ်။

ဒါပေမယ့် ဘယ်လိုအာပေါက်အောင်ပြောပြော နောက်ဆုံးအဖြေကတော့

“လူအမေးများမှတင်မယ် ဆိုင်နေရာကျဥ်းကျဥ်းလေးဆိုတော့ အသစ်တင်ဘို့နေရာမရှိဘူး”

ဆိုတာနဲ့ဘဲ မရောင်းလိုက်ရတာများပါတယ်။

အရောင်းသမားတွေကို ကိုယ်ချင်းစာတတ်တဲ့ဆိုင်တွေ၊

အသစ်ကလေးတွေကို အားပေးချင်တဲ့စိတ်ရှိတဲ့ဆိုင်အနည်းအကျဉ်းလောက်ကသာဝယ်ပါတယ်။

အဲတော့ ပစ္စည်းအသစ်ဖြန့်ရတဲ့ အရောင်းသမားများမှာ အတော်လေးကိုအောက်ကျနောက်ကျခံပြီး

လိုက်ရောင်းရပြန်ပါတယ်။

မရောင်းရဘူး ဆိုပြန်ရင်လဲ အထက်က မန်နေဂျာ က ဖိထောင်းမှာကြောက်တော့

မရ ရတဲ့နည်းနဲ့ရောင်းရပြန်ပါတယ်။

အဲလိုခက်ခက်ခဲခဲရောင်းနေရချိန်မှာ ဆိုင်တစ်ဆိုင်လောက်ကများ

သူတို့ကိုကောင်းကောင်းမွန်မွန်မေးမြန်းပြီး ယူမယ်ပြုမယ်များဆိုရင်

အဲဒီဆိုင်ကို ကျေးဇူးတင်လို့ကို မဆုံးနိုင်ပါဘူး။

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

ကိုအောင်မောင်း ကိုယ်တိုင်လဲ နုစဉ် အချိန် လမ်းလျောက်အရောင်းသမားဘဝမှာကြုံခဲ့တာလေးကို

ပြန်သတိရမိပါတယ်။

၂၀၀ဝခုနှစ်ပါတ်ဝန်းကျင်ဆိုပါစို့။

ကိုအောင်မောင်းတို့ ကုမ္ပဏီကနေ ဆပ်ပြာမူန့် အသစ်တစ်မျိုးထုတ်ပါတယ်။

တီဗွီကြော်ငြာဆိုတာ တနင့်တပိုးနဲ့အရမ်းဈေးကြီးတယ်ဆိုတော့

မထည့်နိုင်ဘူးပေါ့။

အဲတော့ လဲ ကြော်ငြာဝေါရှိလေးပေး ဆပ်ပြာမူန့်ထုပ်လေး လက်ဆောင်ပေးပြီး

ရောင်းရတာပေါ့။

အချိုုဆိုင်တွေကလဲ စိတ်ရှည်လက်ရှည်နားထောင်။

အချို့ကလဲ ဆိုင်မှာဈေးဝယ်ကျနေတယ် နောက်မှာလာခဲ့။

အချို့ဆိုင်တွေက လဲ စကားတောင် အဟ မခံ။

အတော်လေးကို စိတ်ပျက်စရာကောင်းပါတယ်.။

မှတ်မှတ်ရရ ကိုအောင်မောင်းတို့ မနက် ကိုးနာရီလောက်ကစပြီး ပစ္စည်းအသစ်ကိုဆိုင်ပေါက်စေ့

လိုက်ရောင်းကြတောင်မှနေ့လည်ထမင်းစားချိန်ထိ ဈေးဦးမပေါက်သေးပါဘူး။

ကိုအောင်မောင်းတို့အရောင်းအဖွဲ့ (၅)ယောက်လဲအတော်လေးကိုစိတ်ဓါတ်ကျနေပါပြီ။

နေ့လည်ပိုင်း  ကိုအောင်မောင်းတို့ နောက်တစ်ခေါက်ပြန်ထွက်ပြီး သုံးလေးဆိုင်လောက်

ဝင်အပြမှာ ဆိုင်တစ်ဆိုင်က ကလေးတစ်ယောက် ကသူတို့ကိုလာခေါ်ပါတယ်။

သူတို့ဆိုင်ရှင်အကို ကြီးကတွေ့ချင်လို့ပါတဲ့။

အဲဒါနဲ့ကိုအောင်မောင်းတို့ အဲဒီဆိုင်လို်က်သွားကြတာပေါ့။

ဆိုင်ပေါ်လဲရောက်ရော ဆိုင်ရှင် အကိုကြီးက ပြုံးပြုံးရွှင်ရွှင်နဲ့ကြိုဆိုပြီး

နေရာတွေပေးပါတယ်။

နောက် ကိုအောင်မောင်းတို့ပစ္စည်းတွေအကြောင်းကို အသေးစိတ်မေးပါတယ်.။

သူပြန်ဆွေးနွေးတာလဲအကျအန.။

ခဏနေတော့ ကိုအောင်မောင်းတို့အတွက် လက်ဖက်ရည်တွေရောက်လာပါတယ်။

သူက နမူနာတွေကြည့်ပြီး သူ့နယ်ဖောက်သည်တွေဆီ ကို ဖုန်းတွေဆက်လို့

ကိုအောင်မောင်းတို့ လာဖြန့်တဲ့ ပစ္စည်းအကြောင်းကို ပြောပြပြီးအော်ဒါကောက်ပါတယ်။

အဲလိုလေးမြင်တော့ ကိုအောင်မောင်းတို့ အဖွဲ့ မှာ ဝမ်းတွေသာလို့ပေါ့။

အဲဒီအချိန် ကိုအောင်မောင်းတို့ထိုင်နေတဲ့ဆိုင်အနီးနား က လူတွေကို လှမ်းကြည့်တော့              သူတို့ကလဲ ပြုံးလို့ဗျာ။

အဲဒီ ဆိုင်က “ကိုလေး” က ကိုအောင်မောင်းတို့ရောင်းတဲ့ ဆပ်ပြာမူန့် အမျုးိအစားပေါင်းစုံကို

ဆယ်သိန်းဘိုးနီးပါးလောက်ယူလိုက်ပါတယ်။

တစ်လ ဆိုင်းပေါ့။

တကယ်လို့ ထပ်ယူချင်တယ်ဆိုရင် ကြွေးဟောင်းဆပ်ပြီးအသစ်ယူပေါ့။

ကိုအောင်မောင်းတို့အရောင်းအဖွဲ့ရုံးအပြန်မှာတော့ပျော်လို့ ရွှင်လို့။

ဒီဆိုင်ကိုအ ရင်မဝင်မိတာ မှားတယ်လို့တောင် အချင်းချင်းပြောမိကြပါတယ်။

ဒါပေမယ့် အဲဒီ ကိုလေး ဆီကအဲဒီ ကုန်ကြွေး ကို တစ်နှစ်ကျော်ကျော်လောက်

စောင့်ပြီး အကြိမ်ပေါင်းများစွာဖုန်းဆက် အခေါက်ပေါင်းများစွာ သွား

ပိုက်ဆံအလီလီစောင့်တောင်းယူခဲ့ရပါတယ်။

ဒီအခြေအနေရောက်မှဘဲ  ကိုအောင်မောင်းတို့  ကိုလေး ဆိုင်ကို ပစ္စည်းတွေစပ်တဲ့နေ့က

ဆိုင်နီးနားခြင်းတွေရဲ့ အပြုံးကို သဘောပေါက်မိပါတော့တယ်။

ကိုလေး ဆိုင်က အခုချိန်ထိရှိနေဆဲပါဘဲ။

ပစ္စည်းအသစ် အရောင်းသမားအသစ်လေးတွေကို လဲ ကိုလေးက ကြိုဆိုမြဲ။

ကုန်ပစ္စည်းအသစ်ဖြန့်တဲ့ အရောင်းသမားလေးတွေကလဲ ဘုမသိ ဘမသိနဲ့ရောင်းမြဲပါဘဲ။

နောက်တော့မှ အကြောင်းသိပြီဆိုမှရှောင်ကြတာပါ။

ကိုလေး လိုလူကတော့ ဒီမြို့မှာသာ မဟုတ်ဘဲ အမြို့မြို့ အနယ်နယ်ကဆိုင်တိုင်းမှာ

ရှိနေမြဲပါဘဲ။

 

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

27-10-2013

 

 

20 comments

  • kyeemite

    November 8, 2013 at 10:36 am

    ကိုလေးလို လူတွေများတာတော့အမှန်ပဲကိုပေါက်ရေ…
    ဒါပေမဲ့ သူ့အကြောင်းကြိုသိနိုင်ဖို့က ခက်သားကလားဗျာ..
    ဆုတော့ …သိပ်လေချိုနေပြီဆို..သတိသာထားပေတော့ပေါ့..
    “ကောင်းပြီ ဆိုရင် ခံရပြီသာမှတ်” ဆိုတာလေးသွားသတိရတယ်…
    အင်း..အကြွေး…အကြွေး…မပေးမကောင်း..ပေးမကောင်းပေပဲ 💡

    • ကိုမိုက်ရေ
      ကျနော်ကတော့ ဒီအလုပ်မှာ လုပ်တာ အနှစ် 20 ။
      ကြာတော့ လက်ငင်းတောင် မရောင်းတတ်တော့ဘူးဖြစ်နေပါသည်။

  • မဟာရာဇာ အံစာတုံး

    November 8, 2013 at 11:14 am

    လူအမျိုးမျိုး ပေါ့ ဒက်ဒီပေါက်ဂျီးရေ …
    ခီညားဒို့က အတက်လည်း ကြီးဘီ
    အတွေ့အကြုံတွေလည်း အတော်ဂျီးစုံနေဘီ
    နောက်လူဒွေ မမှားရလေအောင်
    ခုလို ရေးပျပေးဒါ သန်းကျူး သာဒု ပါ ဒက်ဒီပေါက်ဂျီးရေ့ …

    • မသေခင် သိသလောက်ပြောခဲ့ပါမည်။
      ဟုတ်၏ မဟုတ်၏ မှန်၏ မမှန်၏ ကို တော့ ကိုယ်တိုင်ဆုံးဖြတ်စေလိုပါသည်

  • ဦးကျောက်ခဲ

    November 8, 2013 at 11:53 am

    ပြောရရင်တော့… ဘဏ်အာမခံစံနစ် မထွန်းကားတာပဲ ဆြာပေါက်ရေ…
    ဒီမှာကတော့ အပ်ကုန်ပဲဖြစ်ဖြစ်၊ အကြွေးပေးပဲဖြစ်ဖြစ်…
    ဘဏ်အာမခံစာရွက်ပေါ်ကနေ အလုပ်လုပ်ကြတာ…
    အဲဒါသာပါ… လူစိမ်းကိုလည်း ပစ္စည်းပေးရဲသလို…
    ဖြန့်တဲ့သူရဲ့ ပရိုဖိုင်းသာ တံဆိပ်တုံးထု ကော်ပီပေး….. ယူရဲကြတယ်ခင်ဗျ…

    • မြန်မာပြည်မှာ ဘဏ်အာမခံစံနစ်နဲ့ အိမ်တွေ အပေါင်ခံလိုက်တာ
      ခွက်ခွက်လန်ကုန်ပါရောလား
      ရာဖြတ်တွေက သမာ သမတ်မရှိကြလို့ဖြစ်ကုန်တာ
      ငါဆယ်တန်ကို 200
      200တန်ကို 800လုပ်ခဲ့ကြတာကိုးဗျ

  • alinsett

    November 8, 2013 at 4:51 pm

    ကိုလေးလိုလူ ကို ရှောင်တော်မူသင့်တာလေး
    ချက်ကျလက်ကျ ရေးပြသွားတာ

    အားရပါးရ ဖတ်လိုက်ရတယ်

  • TNA

    November 8, 2013 at 5:51 pm

    ဒီစာလေးဖတ်မှပဲ ဟိုတုန်းက မားကက်တင်းဆင်းတုန်းက မျက်နှာငယ်ခဲ့ရတာတွေ ပြန်ပြန်သတိယလိုက် တာလေးပေါက်ရေ။ ကိုလေးလိုလူတော့မတွေ့ဖူးပေမဲ့ ကိုယ်ကုန်ကအသစ်မို့ မတူသလိုမတန်သလိုဆက်ဆံခံ ရ ရုံးထိတိုင်တာခံရနဲ့စုံလို့ပါပဲ။ အော်ငယ်ဘဝလေးလွမ်းတာ။

    • ကျနော်ကိုယ်တိုင်လဲ ခံရဘူးပါတယ်။
      ဘီစကွတ်လိုက်ဖြန့်တုံးကပေါ့။
      ဆိုင်ရှေ့ မှာနာရီဝက်လောက်ရပ်စောင့်နေတာကို ဝေ့ဝိုက်ပြီး
      နောက်မှ ဘာ လဲမေးပါသည်။
      အကြာကြီး ရှင်းပြ ပြီး တဲ့ အခါ မှ မယူဘူးပြောလွှတ်တာ ခံခဲ့ရဘူးပါသည်
      လောကကြီးက ဒီလိုပါဘဲ။
      ရောင်းချင်ရင် ကောင်းအောင် ကိုယ့်ဘက်က ကြိုးစားရမှာပေါ့

  • Mလုလင်

    November 9, 2013 at 1:57 am

    ဟဲဟဲ . . . ပစ္စည်း အသစ်ဆို % ပိုများတယ် လေ . 🙂

  • ကျော်စွာခေါင်

    November 9, 2013 at 3:25 am

    ကိုပေါက်ရေ..
    ဗဟုသုတ ရပါတယ်ဗျာ…။..
    စကားမစ် ဟို လှိုင်းကလေးကို အစအဆုံးဖတ်တယ်..ကြိုက်လဲ ကြိုက်တယ်..အဲဒါ ကြုံတုန်းပြောခဲ့တာနော်..။

  • ကိုခေါင် ကျနော်ဈေးလောက ကျင်လည်နေခဲ့တဲ့
    ဘဝဇာတ်ခုံထဲက အဖြစ်အပျက်တွေထဲက တစ်ခုပေါ့။
    ဆက်ရေးပါအုံးမယ်
    လှိုင်းကလေးကို ကြိုက်တယ်ဆိုလို့ ဝမ်းသာပါတယ်။.
    ဆက်လက်ကြုးိစားနေပါတယ်

  • Ma Ma

    November 9, 2013 at 9:45 am

    ကင်မရာအသေးလေးပျောက်တော့ စာတွေပြန်ရေးဖြစ်တယ်။
    ကင်မရာအကြီး ထပ်ရတယ်။
    🙂

    တီဗွီမှာလာတဲ့ ဟားလောက လို ဈေးလောကအကြောင်းကလည်း ပြောမယ်ဆို တောင်ပုံ ရာပုံ ပါပဲ ကိုပေါက်ရေ။ 🙂

  • မမရေ
    ကျနော် ဂျာနယ်တွေမှာရေးနေရင်း မရေးချင်တော့ဘူးဖြစ်သွားတာ
    အရင်က စာရေးတာကိုယ်ကြိုက်တာ ကိုယ်ရေးတင်တာ။
    ဂျာနယ်မှာရေးတော့ အမြဲကို ခေတ်နဲ့အမှီဖြစ်အောင်ရေးနေရတာ
    ကြာတော့ စိတ်ပန်းသွားရော
    ကျနော်က ရသ ဘဲရေးချင်တာ အခုနောက်ပိုင်းရသ ဘဲ မှန်မှန်ရေးတော့မည်လို့ စဉ်းစားထားပါတယ်။

    အကြီးရပေမယ့် အသေးကို မမေ့ပါ
    ကျနော်ရှဲု သက်မဲ့ဆရာဖြစ်ပါသည်

  • padonmar

    November 9, 2013 at 11:14 pm

    မရောင်းရရင်နေပေ့စေ ကြွေးမပေးဘူးဆိုတော့
    မရောင်းရတော့ဘူး ကိုပေါက်ရေ။
    သံသရာလည်။

  • ဦးဦးပါလေရာ

    November 10, 2013 at 2:56 pm

    လက်လီဆိုင်ရှင်ခပ်များများကလဲ ရောင်းဘိုးငွေရရင် ကိုယ်ပြန်ပေးရမယ့် အကြွေးကို ထည့်မတွက်တာ များပါတယ်။
    အခုခေတ် ငွေရှိရင် ရှိသလောက် သုံးစရာနေရာတွေကလဲ များမှများ ဆိုတော့ လွယ်လွယ်သုံးနှင့်ကြတယ်။
    ဒီလို အသုံးလွန်ရင်း အလုပ်အကိုင်မှားရင်းနဲ့ တကယ်အကြွေးဆပ်ရမယ့်အချိန်မှာ မရှင်းနိုင်တော့လို့ နာမည်ပျက် ဘဝပျက်ကုန်တာတွေလဲ မနည်းလှ။
    ဆိုင်ကို အခန်းငှားဖွင့်ထားတာဆိုရင်တော့ ပိတ်ပြေးမှာလဲ စိုးရသေး ကိုပေါက်ရေ…။

Leave a Reply