Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကကြီးအကြောင်း တတို့နှစ်တို့ (၃)-သူတို့အကြောင်းကိုယ့်အကြောင်းသောင်းပြောင်း

padonmarNovember 10, 20132min67319

ဒီတခါတော့ ကကြီးအကြောင်းမှာ နည်းပညာတွေမပါတော့ဘဲ တွေ့ရာမြင်ရာ ရေးပါတော့မယ်။
ကျမက နိုင်ငံစုံရောက်နေ ရောက်ဖူးတဲ့ သူတွေအတွက်ထက် နို်င်ငံအပြင်မထွက်ဖူးတဲ့ ကျမလိုမျိုး တောသူားလေးတွေအတွက် ရည်ရွယ်ရေးပါတယ်။
မမှန်တာတွေ့လည်း ဝိုင်းပြင်ပေးကြပါ.

၁ဒေါ်လာကိုမြန်မာငွေ ၉၇ဝ ကျပ်=၁၀၄ဝ ကိုရီးယားဝမ် ဆိုတော့ သိပ်မကွာလှဘူးလို့ နားလည်ပြီး တွက်ဖတ်ပါနော်။

(၁)ပထမဆုံးပြောပြချင်တာကတော့
ကိုရီးယား Immigration ပါ။
အပြန်မှာ ကျမရဲ့ ပတ်စပို့ကိုယူ ဓာတ်ပုံနဲ့ လူတူမတူကြည့်ရင်း Oh!Myanmar လို့ရွတ်ပါတယ်။
Do you know Myanmar? လို့ ပြန်မေးလိုက်တော့ Of course လို့ ပြုံးပြုံးကြီး ပြန်ပြောပါတယ်။
ပြုံးပေမပေါ့၊လေယာဉ် တဝက်လောက်က မြန်မာတွေချည်း ဖြစ်နေပြီလေ။

(၂)တနေ့ သင်တန်းကနေ ဟိုတယ်ပြန်တော့ ကိုရီးယားမိတ်ဆွေက တက်စီကို ငှားပေးလိုက်ပါတယ်။
လမ်းမှာ တက်စီ မောင်းတဲ့ အဖိုးကြီးက(ကျမတွေ့သလောက် တက်စီသမားတွေက အသက်ကြီးပိုင်းများပါတယ်)
ကိုရီးယားလိုမေးပါတယ်။ကျမတို့ ဘယ်သူမှနားမလည်တော့ We are not Korean.We are Myanmar. လို့ ပြောလိုက်ကြပါတယ်။
သူက Myanmar ကိုနားမလည်ပါဘူး၊Vietnam, Hanoi ,Phillipine,Laos နဲ့ စုံနေအောင် ရွတ်ပြီးတော့မှ Burma လို့ ထွက်လာပါတယ်။
ဝမ်းသာအားရ Yes လို့ ဝိုင်းဖြေတဲ့အချိန် သူ့နှုတ်က ထွက်လာတာက အောင်ဆန်းစုကြည် တဲ့။ဒေါ်စုကယ်ပေလို့။ 🙄

ကားတိုင်းမှာ GPS မြေပုံကြည့်မောင်းလို့ရတယ်၊မီတာပါတယ်၊Card Swipe လုပ်နိုင်တယ်
ကားတိုင်းမှာ GPS မြေပုံကြည့်မောင်းလို့ရတယ်၊မီတာပါတယ်၊Card Swipe လုပ်နိုင်တယ်

(အခု မြန်မာပြည်မှာ လမ်းမသိရင် တက်စီသမား အားကိုးပြီးသွားလို့ မရတော့ဘူး၊ မြေနီကုန်းမှာ လှည်းတန်းကို ဘယ်ဖက်သွားရလဲ မေးတဲ့ တက်စီသမားကြုံဖူးတယ်။)

(၃)တက်စီတွေက သွားချင်တဲ့ နေရာရှေ့တည့်တည့်ရောက်အောင် လိုက်ပို့ပေးပါတယ်။မျက်နှာချင်းဆိုင်မှာ ရပ်ပြီး လမ်းဖြတ်ကူးသွားလို့ မလုပ်ပါဘူး၊
ဟိုတယ်ရှေ့မှာ ကွေ့မရတော့ U-Turn ကွေ့လို့ရတဲ့နေရာထိသွားပြီးမှ ကွေ့ပြီး ပြန်ချကြပါတယ်။
သူတို့ဆီက U-turn ဂငယ်ကွေ့ကို နေရာတိုင်းကွေ့ခွင့်မပေးပါဘူး၊
မီးပိုွင့် တချို့မှာပဲ ခွင့်ပြုထားပါတယ်။

အဲဒီမီးပွိုင့်နားမှာ မျက်နှာချင်းဆိုင် ယာဉ်ကြောနီပြီး ကိုယ့်ဖက်စိမ်းနေတဲ့ အချိန်ခဏမှာ ဂငယ်ကွေ့ကို စိတ်ချလက်ချ ကွေ့လို့ရပါတယ်။
(ကျမတို့ဆီမှာလို ကွေ့ဖို့ ခေါင်းထိုးထားတဲ့ ကားကြောင့် လမ်းပိတ်ပြီး သွားမရတာ မဖြစ်တော့ဘူးပေါ့)
တက်စီစီးတာနဲ့ ဝမ်၃၀၀ဝ အနည်းဆုံးပေးရပါတယ်။(ကျမတို့ တက်စီက စီးတာနဲ့ ၁၀၀ဝ အနည်းဆုံးပေးရတယ်)

တရက်မှာ မိတ်ဆွေက နီးနီးလေးမို့ ၃၀၀ဝ ပေးပြီး တင်ပေးလိုက်တာ တက်စီဒရိုင်ဘာ လမ်းမှားယူမိလို့ ဟိုတယ်ကိုကျော်သွားပါတယ်။
မီတာမှာ ၃၉၀ဝ ဖြစ်သွားလို့ ထပ်ပေးရမလား မေးကြည့်တော့၊သူ့အမှားကြောင့် ပိုကျတာ မပေးပါနဲ့တဲ့။

(၄)သူတို့ ဘတ်စကား တွေက တချို့နေရာမှာ BRT စနစ်နဲ့သွားပါတယ်။
ဘတ်စကားတွေက အဲကွန်းအပြည့်နဲ့ လက်ကိုင်စရာ ခိုင်ခိုင်ခန့်ခန့်ပါတော့ မထိုင်ရလည်း စီးနိုင်ပါတယ်။
ရှေ့ပေါက်ကတက် နောက်ပေါက်က ဆင်းတဲ့ချိန် card swipe လုပ်ပြီး ဆင်းကြရပါတယ်။
မျက်စိရှေ့တော့ ခိုးစီးတာ မမြင်မိ၊
ဘတ်စကားခတော့ မမေးကြည့်မိလိုက်ဘူး။

သူတို့ဘတ်စကား
သူတို့ဘတ်စကား
BRT

သူတို့ဆီက ဘတ်စကားသီးသန့်လိုင်း

(၅) subway မြေအောက်ရထားကတော့ Dongdaemun ကနေ ၂ ဘူတာပဲဝေးတဲ့

Myeong-dong ဘူတာကို 1150 KRW ပေးရပြီး ခရီးဆုံးမှာ လက်မှတ်ထည့်ရင် 500 ပြန်အမ်းတော့ 650 ကျပါတယ်။
(ဒို့ဆီမှာ အဲကွန်းရထားမှ 200 ကျပ်ရယ်၊အစီးရေကတော့ ကွာသပေါ့)

Subway မြေအောက်ရထား ညဉ့်နက်လေ ကျပ်လေ
Subway မြေအောက်ရထား ညဉ့်နက်လေ ကျပ်လေ

(၆)တယ်လီဖုန်းက ပုံမှန်တော့ မသိဘူး။ဟိုတယ်ကနေ မိတ်ဆွေတယောက်ဆီဆက်တော့ တမိနစ်ကို ၄၅၂ ဝမ် ပေးရပါတယ်။
လေဆိပ်မှာ ဖုန်းငှားရင် တစ်ရက်ကို ဝမ် ၃၀၀ဝ တဲ့၊ပြည်တွင်း ၁ဝ စက္ကန့်ကို ဝမ် ၆ဝ တဲ့၊ တမိနစ်ကို ၃၆ဝ ပေါ့နော်။
(ကျမတို့ဆီမှာ လိုင်းဖုန်း တမိနစ် ၁၅ ကျပ်၊ မိုဘိုင်းဖုန်း ၂၅ ကျပ်၊လူကြီးမင်းတော့ တွေ့ရင် ထပ်ထပ်ခေါ်၊နောက်ဆုံးကျ လူကိုယ်တိုင် ပြေးတွေ့ပေါ့နော)

(၇)ကျမတို့ကို လိုက်ပြတဲ့ KATRI က Mr.Jin ကိုဗျူးကြည့်တော့

သူတို့မိသားစု(သူ၊အလုပ်လုပ်နေတဲ့သူ့မိန်းမ၊ရနှစ်ရွယ် ကျောင်းသူ သမီးတို့)နေတဲ့အိမ်မှာ မီတာခက တလကို ဒေါ်လာ ၃ဝ လောက်ကျပါတယ်တဲ့၊
။မြန်မာငွေနဲ့ဆို ၃၀၀၀ဝ လောက်ဆိုပါတော့။ရေခဲသေတ္တာ၊တီဗွီ၊အဝတ်လျှော်စက်၊အနွေးပေးတဲ့ heater စတဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းစုံ သုံးနိုင်တဲ့အိမ်ပါ။ကျမတို့ဆီနဲ့ နှိုင်းယှဉ်ရင် ယူနစ် ၁၀၀-၂၀ဝ လောက်သုံးတာဖြစ်မယ်လို့ မှန်းရပါတယ်။

(သူက တယူနစ်ဘယ်လောက်ကျတယ်ဆိုတာ မသိပါဘူး၊သိနေစရာမလိုလို့လည်းဖြစ်မှာပါ၊

၊ဈေးနှုန်းအပြောင်းအလဲလည်းမရှိ၊
မီတာမှားဖတ်တယ်ဆိုတာမျိုးလည်းမရှိ၊
မီးပျက်လိုက်လာလိုက်ဆိုတာမျိုးလည်းမရှိတဲ့ ဘဝမျိုးမှာသာမာန်ပြည်သူတွေဟာ တယူနစ်ဘယ်လောက်ဆိုတာကို မသိကြတော့ပါဘူး။)
Mr.Jin က ကီလို ၄ဝ လောက်ဝေးတဲ့ သူ့အိမ်ကနေ ရုံးကို ရထားစီးပြီး ရုံးတက်ပါတယ်တဲ့၊တနေ့ကို အသွား ၄၅မိနစ်၊အပြန် ၄၅ မိနစ်လောက် ကြာပါတယ်။
ရထားစားရိတ်က ကိုယ်ပိုင်ကားနဲ့ သွားတဲ့ ဆီဖိုးနဲ့ မကွာလှပေမယ့် လူသက်သာတဲ့အတွက် ကားကို ၁ပတ် ၁ခါလောက်ပဲ သုံးပါတယ်။
သူတို့ ရုံးတွေက ၉နာရီကနေ ညနေ ၅နာရီထိပါ၊၁၂နာရီကနေ နေ့လည် ၁နာရီမှာ ထမင်းစားနားလို့ရပါတယ်။စနေ၊တနင်္ဂနွေ ပိတ်ပါတယ်။

(၈)ကျမတို့ကို ကြိုပို့ပေးရင်း သူ့ကားကို ဆီဝင်ထည့်တော့ တလီတာကို ဝမ် ၁၈၀ဝ ပေးရပါတယ်။
(ကျမတို့ဆီမှာ 92Ron ဓာတ်ဆီက ၁လီတာကို 910၊ဒီဇယ်က 940 ပါ)ကျမတို့ထက် 2ဆနီးပါးများတယ်လို့ မြင်ပါတယ်။

(၉)အဝတ်အထည်ဆိုင်တွေ လိုက်ငေးကြည့်တာ ၁ထည်ကို ၁၀၀၀ဝ က အနိမ့်ဆုံးလောက်တွေ့ရပါတယ်။ရိုးရိုး တီရှပ်လေးတွေတောင် ၉၀၀ဝ လောက်ရှိပါတယ်။
Brand မဟုတ်ပါ။
(ကျမတို့ဆီမှာ တရုပ်ကလာတဲ့ တီရှပ်ရိုးရိုးဆို 3500 လောက်မှာ အရည်အသွေး မဆိုးတာ ဝတ်လို့ရပါပြီ။၁၀၀ဝ လောက်နဲ့ တောင် ဝတ်လို့ရတာတွေလည်း ရှိပါတယ်။)

(၁၀)Mc Donald လို အမြန်စာဆိုင်တွေမှာ စားရင်(သို့)ကိုရီးယားစာ ဈေးပေါပေါဆိုရင် တောင်
အနည်းဆုံး 5၀၀ဝ ဖိုးလောက် ကျပါမယ်တဲ့။
(ကျမတို့ဆီမှာ ထမင်း အဝစား၅၀ဝ ၊ဟင်းပါရင် ၁၅၀ဝ Credit to အလင်းဆက်)

(သုဝဏ္ဏက ခိုင်စိုးစိုး ထမင်းဆိုင်မှာ စားဖူးတာ ပုံမှန်ဟင်း ကြက်၊ဝက်၊ဘဲဥ၊ဆိတ်သား၊ငါးတန် စသည်နဲ့ တို့စရာ၊

ဟင်းရံအစုံ၊အချိုတည်းဖို့ မုန့်လက်ဆောင်းနဲ့ ထန်းလျက် ကွမ်းယာပါအပြီး ၂၅၀ဝ ကျပ်ပါ)

(၁၁)ကျမတို့ကို တရုတ်စားသောက်ဆိုင်မှာကြွေးတာ လူရယောက်ကို ဝမ် ၁၉၀၀၀ဝ ကျပါတယ်။
(ကျမတို့ဆီက တရုတ်စားသောက်ဆိုင်မှာဆို အလွန်ဆုံး ၈၀၀၀၀၊၉၀၀၀ဝ ပေါ့)

စားသောက်ဆိုင်ကစားပွဲထိုးမလေး
စားသောက်ဆိုင်ကစားပွဲထိုးမလေး

စားဝတ်နေရေး စားရိတ်တွေမှာ ကျမတို့ထက် ၂ဆလောက် ဈေးကြီးပါတယ်။

(၁၂)ဒီလိုစားပွဲထိုးမလေးတွေရဲ့ ဝင်ငွေက တလကို ဒေါ်လာ 200 လောက်ရှိပါသတဲ့။ရိုးရိုး စားပွဲထိုးပါ။
(ကျမတို့ဆီက စားပွဲထိုးသာမီးလေးတွေရဲ့ ဝင်ငွေကိုတော့ အဘတို့ကပိုသိပါလိမ့်မယ်။
အထည်ချုပ် အလုပ်သမလေးတွေကတော့ ကျွမ်းကျင်မှုလိုက်ပြီး ၅၀၀၀ဝ ကနေ ၁ သိန်းကျော်ကျော်ထိရကြပါတယ်။)
(ပညာအရည်အချင်းသိပ်မလိုတဲ့ အလုပ်တွေမှာ ၂ဆ လောက်ပဲ ကွာတယ်လို့ မြင်ပါတယ်။)

ပညာတတ်တွေကတော့ အလုပ်ဝင်ဝင်ချင်း ဒေါ်လာ1000 ခန့်ရတယ်လို့ ပြောပါတယ်။(မြန်မာငွေ ခန့်မှန်း ၁ဝ သိန်း)
(ကျမတို့ဆီက ဘွဲ့ရတွေအလုပ်ဝင်ရင် ဘာမှ မတတ်တော့ OJT အလုပ်သင်ရင်းလုပ်ကြရပါတယ်။အဲတော့ လခတွေက ၅၀၀၀၀-၆၀၀၀ဝ လောက်ပဲစရကြပါတယ်။ ပညာတတ်တွေ မိမိနဲ့ ဆိုင်တဲ့ အလုပ်ဝင်ဝင်ချင်းဆိုရင်တော့ ၁သိန်း လောက်ကစကြရပါတယ်။)
(ပညာတတ်တွေမှာ ဝင်ငွေက ၁ဝဆ လောက်ကွာသွားပါပြီ)

ကျမတို့ စပ်စပ်စုစု လုပ်ကြည့်ကြမိသလောက်တော့ သူတို့ဆီက ကုန်ဈေးနှုန်းဟာ ကျမတို့ထက် ၂ဆ လောက်ကြီးနေပါတယ်။
ဒါပေမယ့်ဝင်ငွေကျတော့ အနည်းဆုံးသူတွေတောင် ၂ဆသာနေပြီး ပညာတတ်လေ ပိုပိုသာသွားလေပါပဲ။

ဒါကြောင့် ကျမကတော့

ကုန်ဈေးနှုန်းကြီးတာတွေ ညည်းနေမယ့်အစား ဝင်ငွေအလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများလာဖို့ ပို အရေးကြီးတယ်လို့ မြင်ပါတယ်။
ပြည်တွင်းနေ ပညာတတ်တွေ ကိုယ့်ပညာနဲ့လုပ်ကိုင်စားလို့ရမယ့် ရင်းနှီးမြှုပ်နှံမှုများများ လုပ်မယ့်သူဆိုရင် တိုင်းရင်းသားဖြစ်ဖြစ် နို်င်ငံခြားသားဖြစ်ဖြစ် လက်ကမ်းသင့်တယ်လို့ မြင်ပါတယ်။

(ဆဲဂျဇေစေသဒီး)

ပွားချင်တာတွေ များနေလို့ နောက်တပို့စ်ဆက်မယ်နော်။

19 comments

  • kai

    November 10, 2013 at 4:02 am

    ပြည်တွင်းနေ ပညာတတ်တွေ ကိုယ့်ပညာနဲ့လုပ်ကိုင်စားလို့ရမယ့် ရင်းနှီးမြှုပ်နှံမှုများများ လုပ်မယ့်သူဆိုရင် တိုင်းရင်းသားဖြစ်ဖြစ် နို်င်ငံခြားသားဖြစ်ဖြစ် လက်ကမ်းသင့်တယ်လို့ မြင်ပါတယ်။

    အဲဒါလေးဖျက်ပြီး ထောက်ခံလို့.. ထပ်တင်ပေးလိုက်တယ်…
    လက်ကမ်းယုံတင်မက.. နို်င်ငံသားဖြစ်မယ့်လမ်းကြောင်းပေါ်ဆွဲတင်ပေးသင့်ပါကြောင်းရယ်..
    ယူအက်စ်ကတော့.. ငွေပါလာရင်.. နိုင်ငံသားပေးမတဲ့..။
    ယူအက်စ်မှမဟုတ်.. ချမ်းသာတဲ့နိုင်ငံကြီးတိုင်းလိုလိုမှာ.. အဲဒီစနစ်ရှိကြောင်း…

    Green Card Through Investment | USCIS
    http://www.uscis.gov/green-card/green-card…/green-card-through-investment‎
    Up to 10,000 visas may be authorized each fiscal year for eligible entrepreneurs. You must invest $1,000,000, or at least $500,000 in a targeted employment …
    =
    European States Dangle Visas for Foreigners – NYTimes.com
    http://www.nytimes.com/2013/10/…/eu-states-dangle-visas-for-foreigners.html‎
    Oct 10, 2013 – Other European countries have been adopting similar strategies, most … Malta’s version of the visa program requires a minimum investment of …

    • padonmar

      November 10, 2013 at 10:56 am

      သူကြီးလည်း တူတူ အဆဲခံရဇေသဒီး။

    • San Hla Gyi

      November 10, 2013 at 8:55 pm

      နိုင်ငံခြားက သွားလာရေးတွေ ပညာရေးတွေ ဘာတွေတော့ ကျုပ်လည်း သိပ်လက်လှမ်းမမီလို့ မပြောတော့ပါဘူး။ ရေးရင်တောင် သူများ မေးပြီးမှ ပြန်ရေးရမယ့် သဘောရှိတယ်။
      ဒါပေမယ့် သဂျီးက ငွေပါလာရင် နိုင်ငံသားပေးတယ်လို့ ပြောနေတာမြင်တော့ ဘာရယ်မဟုတ် စလေဦးပုညရေးတဲ့ “ငွေမြင်ရင် လင်လုပ်မည် အဟုတ်ပ ငါ့လူရယ်” ဆိုတာလေး စိတ်ထဲမှာ ပေါ်လာတယ်ဗျ။

  • ဦးဦးပါလေရာ

    November 10, 2013 at 6:57 am

    တစ်ခုရှိတာက ကကြီးတွေက မြန်မာတွေထက် အနည်းဆုံး နှစ်ဆလောက်ပိုအလုပ်လုပ်တယ်ထင်တာပဲ…

    :mrgreen:

    • padonmar

      November 10, 2013 at 11:02 am

      အေးတဲ့တိုင်းပြည်ကလူတွေက ပူတဲ့တိုင်းပြည်ကလူတွေထက် အလုပ်ပိုလုပ်တာ များတယ်။

  • KZ

    November 10, 2013 at 8:19 am

    အနော် ကိုရီးယားမရောက်ဖူးသေးဘူး အာတီဒုံ။
    ဈေးကြီးတယ် ဆိုလို့.။
    :mrgreenn:

    အာတီဒုံ ရေးတာဖတ်ရသလောက်ဆို…………
    အာရှဖွံ့ဖြိုးနိုင်ငံတွေရဲ့ စစ်စတမ်တွေက အတူတူနီးပါးတွေ။

    ပြည်တွင်းသယ်ယူပို့ဆောင်ရေးစံနစ်
    ဆက်သွယ်ရေးစံနစ်
    စည်းကမ်း
    ဖာ့(စ) ဖု အစားအသောက်
    ဘဏ်ကာဒ် သုံးစွဲမှု
    အလုပ်ချိန် အာ့မျိုးတွေက တူတူပဲ။
    ဒီ တစ်နိုင်ငံလည်ပတ်ဖူးရင် တခြားနိုင်ငံကိုလည်းသွားလို့ရတယ်ရယ်။
    အနော့ဆီ လာလည်ဦး အာတီဒုံ။
    🙂

    ဦးပါပြောသလို အနော်တို့နိုင်ငံနဲ့ သူတို့တွေ အလုပ်လုပ်နှုန်းကို မတူတာ။
    အဲ! အလုပ်ချိန်လည်း မတူဘူးးးး

    ကျနော် ရန်ကုန် ပရော့ဂျက် တစ်ခု အတွက် ဒီ ကနေ လှမ်းပြီး ဆက်သွယ် အလုပ်လုပ်တော့မှ သိတယ်။
    ခုမှ၂ ဖတ်မြင်တတ်တာပေါ့လေ။

    ကိုယ်လုပ်တဲ့ အလုပ်ကို အလေးအနက်ထားပုံတွေ မတူဘူးးးး

    နိုင်ငံက ဘယ်လောက် ဆင်းရဲဆင်းရဲ ……
    ဘယ်လို အလုပ်မဆို စိတ်က သက်တောင့်သက်သာ အလုပ်လုပ်တတ်ကြသလားမသိ။ 🙄
    ရောင့်ရဲတယ်လို့ ခေါ်သလားမသိ။ 🙄
    အချိန်မလေးစား ကတိပျက်တာလည်း မိရိုးဖလာအကျင့် ကြီးကို ဖြစ်လို့။

    ဟိုနေ့ကတည်းက စာရေးချင်တာ။
    ဒေါသသံ ပါ မဆိုးလို့။

    :mrgreenn:

    • padonmar

      November 10, 2013 at 11:59 am

      ချင်ကျားပူကို လေဗျံနဲ့သွားရတဲ့ အိုဗာဆီးအတွေ့အကြုံ
      ရဖူးအောင်ဆိုပြီး ၁၉၉၈ လောက်က ၃ ရက်ရောက်ဖူးတယ်။
      အကိုက ခေါ်သွားတာ၊MRT စီးတတ်အောင်၊မြေပုံကြည့်သွားတတ်အောင်၊ဆေးရုံတွေ ဘဏ်တွေခေါ်သွားပြ၊ပင်နဆူလာပြ၊
      ခြေထောက်တွေပေါက်။
      ချင်ကျားပူပေါ့ရွှတ်ရွတ်တွေစားမရ။
      ဆန်တိုဆာတို့ ဂျူရုံးငှက်ဥယျာဉ်တို့ ဘာမှန်းတောင်မသိ။
      ခြင်္သေ့ရုပ်နဲ့လည်း ဒါ့ပုံမရိုက်ရ။
      ဒါ့ကြောင့် စိတ်နာတယ်။လာဘူး။

  • padonmar

    November 10, 2013 at 11:08 am

    ဈေးကြီးတာတော့ အမှန်ပဲ၊
    ဘာမှ တန်တယ်လို့ မထင်မိဘူး။
    အလုပ်လုပ်နှုန်းလည်းမတူဘူး။
    အလုပ်ချိန် ကွန်ပူတာရှေ့နေကြပေမယ့် ဖွဘုတ်တွေ၊ချက်တင်တွေ သုံးတာလည်းမတွေ့ဘူး။
    နေ့လည် ထမင်းစားနားရင်တော့ ဖုန်းနဲ့ထုတ်သုံးနေကြတယ်။
    ရထားပေါ်ကားပေါ်သုံးနေကြတယ်။

  • padonmar

    November 10, 2013 at 11:13 am

    ချိန်းတာနောက်ကျရင် မြန်မာစံတော်ချိန်တဲ့။
    ရှက်စရာ တောင်းပန်ရမယ်လို့ မမြင်သမျှှတော့ နလန်မထူနိုင်သေးဘူး။
    ဲကိုယ့်ကိုကိုယ်ပြင်ရမှာတွေ အများကြီး။

  • padonmar

    November 10, 2013 at 11:22 am

    ကျမမြင်တာတော့ သူတို့နိုင်ငံသူတို့လူမျိုးကို လေနဲ့မဟုတ်ပဲ တကယ်ချစ်လို့ အလုပ်လုပ်ကြတယ်လို့မြင်တယ်။
    သူတို့နိုင်ငံထုတ်ပစ္စည်းတွေပဲ သုံးကြတာများတယ်။

  • alinsett

    November 10, 2013 at 11:26 am

    ဟိုနေ့ကတောင်
    ပြည်ပနေ သူငယ်ချက်းးတစ်ယောက်နဲ့ ကကြီးတွေဘက်
    ခြေဦးလှည့်ဖို ့သင့် မသင့် ပြောဖြစ်ကြသေးတယ်။

    တီဒုံ ရဲ ့ကကြီး အကြောင်း တတို ့နှစ်တို ့သုံးတို ့တွေဖတ်ပြီး ဗဟုသုတ ရတာမို ့
    အဲဒီ သူငယ်ချင်းကိုလည်း
    ဒီပိုစ့်လေးတွေ ပေးဖတ်လိုက်ဦးမယ် အန်တီရေ

  • TNA

    November 10, 2013 at 2:02 pm

    အားကျတယ် အားကျတယ် အားကျတယ်။ အော်နေတာကလွဲပီးတတ်နိုင်သေးဘူး အန်တီဒုံရေ

  • Foreign Resident

    November 10, 2013 at 7:52 pm

    ” သူက တယူနစ်ဘယ်လောက်ကျတယ်ဆိုတာ မသိပါဘူး၊သိနေစရာမလိုလို့လည်းဖြစ်မှာပါ ”

    အဲဒီလို ဓါတ်အားခ ကို သေချာ မသိသူတွေက ၊

    ၁ ။
    ဝင်ငွေ များ / ချမ်းသာလို့ ဓါတ်အားခ က မှုလောက်စရာ မရှိသူတွေ ။

    ၂ ။
    ဓါတ်အားခ ကို ကိုယ့်ပိုက်ဆံ နှင့် မပေးရသူတွေ ။

    ( အဲဒီအထဲမှာ ၊ အဘ လဲပါတယ် ။
    ဩဇီ အိမ်ရဲ့ ကုန်ကျစရိတ် အထွေထွေ ကို အဘ မိန်းမ က ရှင်းတယ် ။
    မြန်မာပြည် အိမ်ရဲ့ ကုန်ကျစရိတ် အထွေထွေ ကို အဘ မိဘ က ရှင်းတယ် ။
    အဘ ကို ၊ ကုန်ဈေးနှုန်း မီတာခ ဘာတစ်ခုမှ လာမမေးနှင့် တစ်ခုမှ မသိဘူး )

    ၃ ။
    အဓိက အချက်က ၊ ဓါတ်အားခ တွေကလည်း သိဘို့ ခက်တယ်ကွယ့် ။
    ဓါတ်အားခ တွေက ၊ မနက် ဈေး ၊ နေ့လည် ဈေး ၊ ညနက် ဈေး ၊ မတူကြဘူးကွယ် ။

    ” ဒီလို စားပွဲထိုးမလေးတွေရဲ့ ဝင်ငွေက တလကို ဒေါ်လာ 200 လောက်ရှိပါသတဲ့ ”

    နဲ လိုက်တာကွယ် ။ အဲဒီ သာမီးလေးတွေ ကို အရမ်း သနားတာဘဲ ။

  • အဘ ဘုတ်ကလုံ

    November 10, 2013 at 8:33 pm

    အဘဘုတ် ကကြီး ဆိုလ်းကို ရောက်တုန်းက လူကြီးပီပီ သီချင်းလေးဆိုချင်လို့
    ကေတီဗီလေးသွားလိုက်တာ ၂ဆက်ရှင်၊ ချိဗတ်တစ်လုံး အမြည်းပါ၊ ကကြီးသမီးလေးတွေအပါမှ
    မြန်မာငွေဆို တစ်သိန်းစွန်းလေးပဲ ကျသင့်တယ်ကွယ်။ ။
    အာတီဒုံလေး ပြောသလို ဝိတ်စ်ထရက်စ်လေးက တစ်လမှ ၂၀ဝ ဆို
    အဘဘုတ်က ၂၅ဝ လောက်ပေးပြီး အိုကြီးအိုမဆိုတော့ ကူဖော်လောင်ဖက်
    ဆေးပေးမီးယူလေးအဖြစ် လစာပေးပြီးတောင် ခေါ်ချင်လာပီကွယ်။
    အညှော်ဟဆဲရိုး… ဂုံမက်ဆူနီဒါ… စာရမ်းငယ်ရော်ပါကွယ်..။ 🙂

  • padonmar

    November 10, 2013 at 11:35 pm

    အဘဖေါ၊အဘဘုတ်၊
    တစေ့တစောင်း ဝိုင်းစပ်စုထားကြတာတွေကို ကျမအမြင်တွေ ပွားထားတာ ဆိုတော့
    အချက်အလက်တိုင်းဟာ ရာနှုန်းပြည့်မှန်ချင်မှလည်း မှန်နိုင်ပါတယ်။
    ပိုသိသူတွေ ဖြည့်စွက် ပြင်ဆင်ပေးကြစေလိုပါတယ်။
    ရေးလာသမျှ သာမီးလေးတွေ လခမှ မြင်တာတော့….:roll:

  • တညင်သား

    November 11, 2013 at 12:03 am

    အထည်ချုပ် အလုပ်သမလေးတွေကတော့ ကျွမ်းကျင်မှုလိုက်ပြီး ၅၀၀၀ဝ ကနေ ၁ သိန်းကျော်ကျော်ထိရကြပါတယ်။( ဒါက ဝမ် ဖြစ်ပါလိမ့်မယ် တစ်ရက်လုပ်အားခပေါ့)

    ဒီလိုစားပွဲထိုးမလေးတွေရဲ့ ဝင်ငွေက တလကို ဒေါ်လာ 200 လောက်ရှိပါသတဲ့ …….ဆိုတော့ အထည်ချုပ်အလုပ်သမလေးတွေနဲ့ယှဉ်ကြည့်ဒါ တစ်လ ဒေါ်လာ ၂၀၀ဝ လောက်ဖြစ်နိင်တယ်လို့ နားလည်ပေးပါ အဘ အပေါင်းတို့….

    • padonmar

      November 12, 2013 at 8:59 pm

      (ကျမတို့ဆီက စားပွဲထိုးသာမီးလေးတွေရဲ့ ဝင်ငွေကိုတော့ အဘတို့ကပိုသိပါလိမ့်မယ်။
      အထည်ချုပ် အလုပ်သမလေးတွေကတော့ ကျွမ်းကျင်မှုလိုက်ပြီး ၅၀၀၀ဝ ကနေ ၁ သိန်းကျော်ကျော်ထိရကြပါတယ်။)

      ၅၀၀၀ဝ ရှေ့မှာ ကျပ်ထည့်ဖို့ ကျန်သွားတာပါ။ဆောဒီးပါ။
      ကကြီး စားပွဲထိုးမလေးတွေအကြောင်းရော
      ရွှေ စားပွဲထိုးမလေးတွေ အကြောင်းရော
      အဘတို့လောက် အာတီဒုံ မသိပါဂျောင်း ဝန်ခံပါ၏။
      (သူတို့အကြောင်းသိလို့ ကြည့်ချင်စရာ ကကြီးမလေးပုံထည့်ပေးထားတာ)

  • ရဲစည်

    November 12, 2013 at 7:43 pm

    အာတီဒုံ၏ ကိုရီးသွားတောလားကို စိတ်ဝင်တစား စောင့်မျှော်ဖတ်ရှုနေပါကြောင်း …

  • padonmar

    November 12, 2013 at 9:01 pm

    ကယွဲစီ
    နောက်တပိုင်းထိပဲ ဗျစ်တောက်ဗျစ်တောက် ပြောပါတော့မယ်။

Leave a Reply