။။ အိပ်စက်ခြင်းကို တမ်းတခြင်း ။။
အချိန်ကို ငြီးငွေ့ပြီမို့
မိုးကောင်းကင်ကို မော့ကြည့်ပြီး
လမင်းကြီးရဲ့ ခြေလှမ်းတွေကို
ရေတွက်နေမိတယ်………။
ခရီးသည်ရဲ့ ခရီး
ဘယ်အခါပြီးဆုံးမလဲ
အလွမ်းသည်ရဲ့ အလွမ်း
ဘယ်အခါ ကုန်ဆုံးမလဲ…….။
အလွမ်းတွေ တိုးပွားလာတယ်
ညကလည်း အေးစက်လို့
လာခဲ့ပါတော့ အိပ်စက်ခြင်းရယ်
ခံစားမှုတွေကို တိုက်ထုတ်လိုက်ပါတော့…။
ဒါပေမယ့်
နံနက်ခင်းသာ လာတယ်
အိပ်စက်ခြင်းက ခုထိပေါ်မလာ
အခုတော့…………………….
ကောင်းကင်အမိုး ခုံးခုံးကြီးအောက်မှာ
အလင်းရောင်က ငါ့ဦးနှောက်ကို
အရူးအမူး နာကျင်စေတော့မှာပဲ…..။
HNGET NGAI
13/10/2013
2:53:41
3 comments
padonmar
November 10, 2013 at 1:40 am
ှုှုှငှက်ငယ်ရေ
အိပ်မပျော်တဲ့သူတွက် ညတာဟာရှည်လျားလွန်းတယ်တဲ့။
ကိုယ့်အတွက်တော့ အချိန်တွေ မလောက်လွန်းလို့ အိပ်စက်ခြင်းဆိုတာ မလိုအပ်ရင် ကောင်းမှာပဲလို့တောင် တွေးမိ။
alinsett
November 10, 2013 at 11:53 am
ကဗျာ လေး လည်း ကောင်းတယ်
အန်တီဒုံ ရဲ့စကားလေးလည်း ကောင်းတယ်ဗျာ
———
ငှက်ငယ်ရေ
ကဗျာလေးတွေ အရေးကောင်းတာ မြင်တော့
ဂဇက် ကဗျာချစ်သူများရဲ ့ကဗျာပြခန်းအတွက်
ကဗျာလေးများ ပေးပို ့ကူညီစေချင်ပါတယ် လို ့
alinsett.art@gmail.com ဆီကို
ကဗျာလေးများ ပေးပို ့ကူညီနိုင်ပါတယ်နော်
ကြိုဆိုလျက်
မဟာရာဇာ အံစာတုံး
November 11, 2013 at 1:03 pm
အဲ့ဒီ အိပ်စက်ခြင်းဟာ
အသက်ကို ခပ်ပြင်းပြင်း ရှိုက်ရှူလိုက်တဲ့အခါမှာလည်း
ဝေဒနာဟာ မသာမယာပါပဲ ငှက်ငယ် …