Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘယ်လို လုပ်ကြမလဲ? ဘယ်လိုဖန်တီးကြမလဲ?

ကျွန်တော် ဒီနေရာလေးကို မရောက်တာအတော်ကြာလို့ဗျာ……….. ဝင်လည်ရင် ပေါက်ကရလေးလည်း ဝင်ပြောတာပါ…..

ကျွန်တော် နေရာတော်တော်များများလျှောက်လည်နေလို့ ဒီကိုတော့မရောက်ဘူးဖြစ်နေတယ်….

ဧရာဝတီတိုင်းအောက်ဘက်နေရာတွေ ကျွန်တော်ရောက်သွားတယ်။ စ, ကြားလိုက်ရတာ မဒိန်းမှုတဲ့။ အဖေနဲ့သမီးနဲ့တဲ့…….ဘုရား၊ ဘုရား…….။ နောက်ရက်တွေ ဆက်ကြားရတယ် ဒီအမှုမျိုးကြီးပဲ။ ဦးလေးနဲ့တူမ၊ အစ်ကိုဝမ်းကွဲနဲ့ … စုံလို့ပဲဗျာ၊ ဘာတွေများဖြစ်ကုန်ကြတာလဲ? ရွာထဲမှာ ဗွီဒီယိုရုံတွေက ပြတာ ချစ်ကားကြိုက်ကား? ညပိုင်းကြတော့အပြာကား…..ဘုရား၊ ဘုရား၊ ကျွန်တော်တရားရုံးတွေမရောက်ခဲ့ပါဘူး……ရွာတွေမှာတွေ့ရတဲ့ မဒိန်းမှုမနည်းမနော……. ဒီရွာတွေအတွက် ဘာတွေလိုအပ်နေပြီလဲ ကျွန်တော်တစ်ယောက်တည်းမစဉ်းစားတတ်လို့ (ဝိုင်းစဉ်းစားကြဖို့လိုနေပြီ)

နောက်တစ်နေရာရောက်တော့ ဧရာဝတီတိုင်းရဲ့ ဒုတိယအကြီးဆုံးမြို့…………

ကွမ်းယာဆိုင်မှာ ကွမ်းဝယ်နေတုံး ဘေးနားက ဒေါ်ကြီးတစ်ယောက်က “ကလေးမလေးတွေ သနားပါတယ်”ဆိုတော့ ကျွန်တော့်မျက်စိက လမ်းပေါက်တစ်ခုကထွက်လာ တဲ့အမှိုက်ကောက်တဲ့ကလေးမလေး သုံးယောက်ဆီကိုမျက်စိရောက်သွားတယ်။ ဟုတ်ပါ့ဗျာ..ရှိလှ ၁၄-၁၅နှစ်ပဲ… ဗိုက်ကလေးတွေနဲ့ဗျာ… ကျွန်တော် ဘာကိုမှမမေးချင်တော့ဘူး၊ တွေးပဲတွေးနေလိုက်တယ်။ ငါတို့ပတ်ဝန်းကျင်တော့ ဒုက္ခရောက်ပြီ။ ခုဏ ဒေါ်ကြီးကပဲဆက်ပြောသံကြားလိုက်တယ်… “သူတို့ ဘာလေးတွေမွေးမလဲမသိဘူးနော်တဲ့ ငါမတွေးရဲဘူးတဲ့။” ကွမ်းယာသည် အစ်ကိုကြီးက “ဆရာမရယ်မပူပါနဲ့ လူလေးတွေမွေးလောက်ပါတယ်တဲ့” အဲဒိဆရာမဆိုတဲ့အဒေါ်ကြီးက ပြန်ပြောတယ် “လူလေးတွေ……နင်တို့ငါတို့တောင် မနည်းအသက်မွေးနေရတာ သူတို့တွေ ဘယ်လိုအသက်မွေးဝမ်းကြောင်းပြုမယ်ဆိုတာ ငါတွေးနေတာ” ဟုတ်ပါ့ ကျွန်တော့ခေါင်းထဲခုမှသွားတွေးမိတယ်… သူတို့မွေးတဲ့ကလေးတွေအတွက်…….. သူတို့ကျွန်တော်တို့ပတ်ဝန်းကျင်ဖြစ်လာမယ်……. ကျွန်တော်တို့ပတ်ဝန်းကျင်ကို ဘယ်လိုဖန်တီးမလဲ……..  အရေအတွက်တွေများလာမယ်………ဘယ်မှာလဲအရည်အသွေး……….. နောင် နှစ်(၃၀) ……………. အမယ်လေးလုပ်ကြပါဦး!!!!!!!!!!!!!!!

 

18 comments

  • မဟာရာဇာ အံစာတုံး

    November 11, 2013 at 12:56 pm

    ကိုယ်က ဘာမှ မလုပ်ပေးနိုင်သေးတဲ့ အခြေအနေမို့ …
    လောလောဆယ် …
    ကံကိုသာ ပုံချလိုက်ချင်ဘာဒယ် …
    ရှေးရှေးက အကုသိုလ်တွေကြောင့်ပေါ့ကွယ် ….

    • ကောင်းမြတ်သူ

      November 11, 2013 at 1:53 pm

      စိတ်ဖြေဖို့ဆိုရင်တော့ ကိုအံစာတုံးပြောသလိုပဲဗျာ
      ပတ်ဝန်းကျင်ကို မြှင့်တင်ဖို့လုပ်နေတဲ့အဖွဲ့အစည်းတွေ ဒီကိစ္စကို အဓိကထားစဉ်းစားသင့်တယ်ဗျာ
      ရှုပ်တော့ရှုပ်မှာသိပါတယ် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအသိတွေရလာအောင်လို့လုပ်ပေးဖို့ဆိုတာမလွယ် မှန်းတော့သိပါတယ်. မြန်မြန်မဟုတ်တောင် တကယ်ထိရောက်တဲ့ “ဆင်းရဲသားပပျောက်ရေး” “အသိပညာ မြှင့်မားရေး” လုပ်ပေးနိုင်မယ့် အဖွဲ့တွေကို မျှော်လင့်ရင်း ရေးသားမိတာပါ။

  • kai

    November 11, 2013 at 1:52 pm

    အလုပ်လုပ်နိုင်တဲ့.. အရွယ်ကောင်းမြန်မာယောက်ျားတွေ… ဘာလုပ်နေလည်း…
    အဖြေက…အဲဒီမှာပါ…။

    စနစ်ကြောင့်မဟုတ်…။ :mrgreen:

  • TNA

    November 11, 2013 at 2:18 pm

    မိဘမဲ့ကလေးကျောင်းတွေပေါ်လာတာလဲမဆန်းပါဘူး။ ပေါ်လာတာပဲကျေးဇူးတင်ရအုံးမယ်။ တတ်နိုင်သလောက် အဲဒီကျောင်းလေးတွေလှုပေးရုံကလွဲလို့ဘာများတတ်နိုင်အုံးမှာလဲရှင်။

  • lele kyi

    November 11, 2013 at 4:36 pm

    Ethics နဲ့ responsibilities အားနည်းလွန်းတယ်လို့ပဲထင်တယ်။ ပတ်ဝန်းကထိတွေ့ဆက်ဆံနေရတဲ့အသိုင်းအဝိုင်းကြောင့်လဲပါမယ်။ ပညာရေးကြောင့်လည်းပါမယ်။

  • Ma Ma

    November 11, 2013 at 6:30 pm

    မြန်မာတွေ လူဦးရေတိုးပွားအောင် ကလေးများများယူဖို့ ပြောနေကြသူတွေကို ……..
    အခု ဖြစ်ပုံတွေ ပြလိုက်ရင် ဘယ်လိုအဖြေတွေ ရလာနိုင်မလဲ မသိဘူး။ 🙁

    • kai

      November 12, 2013 at 12:51 pm

      …အမတော် မမရယ်..
      မြန်မာပြည်မှာ.. အရေးတကြီး.. အရေးတကာ့အရေးအကြီးဆုံးလိုနေတာ.. မြန်မာပြည်ဖွားတဲ့.. လူဦးရေပါ..။

      ကျန်တာအလိုလိုချိန်ညှိကြရမှာပေါ့…
      ဒါကို.. မြန်မာ့လူဦးရေတိုးပွားမှုပြုရေးကို… လွှတ်တော်မှာ.. အရေးတကြီးဆွေးနွေးသင့်နေတာပါ…။
      မွေးလာတဲ့..မွေးလာလတံ့သော.. မြန်မာကလေးတွေကို.. ကျမ်းမာသန်စွမ်း..ဦးနှောက်ဉာဏ်ရည်ပြည့်.. အလေအလွင့်နည်းနည်းဖြစ်အောင်.. ဘယ်လိုလုပ်ကြရမယ်… ဆွေးနွေးသင့်နေတာပါ…။

      ဆိုတော့…
      အပေါ်ကစကားပြန်ဆက်ပေးလိုက်ရရင်…
      အိမ်ထောင်မှုကိုတာဝန်မယူ.. ကိုယ်လွတ်ရုံးကြတဲ့..အမျိုးသကောင့်သား… ယောက်ျားဘသားများကို… အပြစ်အကြိမ်ကြိမ်ဆိုသင့်ပါကြောင်းနဲ့.. သမိုင်းတရားခံအဖြစ်သတ်မှတ်ရမယ်ဖြစ်ပါကြောင်း… ရယ်..။
      :mrgreen:

  • alinsett

    November 11, 2013 at 6:36 pm

    အဲဒီ မုဒိန်းမှု ကျူးလွန်တဲ့ ယောကျာ်းတွေကို အံ့ဩတာပါ

    အခြေအနေနဲ ့အချိန်အခါရဲ ့လွှမ်းမိုးမှု
    ကို
    အဲဒီလို စိတ်အလို လိုက်ပါခံစားတတ်တာမျိုးးး
    အဲဒီလို စဉ်းစားဆင်ခြင်မှုကနောက်
    လုပ်ရပ်က အရင် ဖြစ်သွားတဲ့
    ဆင်ခြင်ဉာဏ်မဲ့ လုပ်တာတွေ
    မိနစ်ပိုင်းလောက် သာယာမှုအတွက်
    ကိုယ့်ဂုဏ်သိက္ခာနဲ ့ကိုယ်ကျင့်တရား လဲရဲတာတွေ
    လဲဖို ့မထိုက်တန်မှန်း မသိနားမလည်မှုတွေ

    မဖြစ်သင့်ဘူး။

    ဒါပေမယ့်
    ဒီမှာက
    မဖြစ်သင့်တာ တော်တော်များများ
    ဖြစ်ကို ဖြစ်နေတယ်

  • padonmar

    November 11, 2013 at 8:54 pm

    အရင်ဆုံးပြောချင်တာကတော့ မတွေ့ရတာ အတော်ကြာလို့ အခုပြန်တွေ့ရတာ ဝမ်းသာပါကြောင်း၊
    ဦးမိုက်ကြီး ဗျိုးဟစ်သံမကြားမိဘူး ထင်ပါကြောင်း။

    ပို့စ် အကြောင်းနဲ့ ပတ်သက်လို့ ခေါင်းထဲ ဝင်လာတာကတော့
    ဒီတပတ် ဒီလှိုင်းထဲက ဦးနှောက် ကျုုံ့ခြင်း ဆိုတဲ့ ဆောင်းပါးပါပဲ။
    ဦးနှောက် ကျုံ့နေသူတဦးက တပြည်လုံးက လူငယ်လူကြီးတွေကို ပညာနဲ့ အဆက်ပြတ်အောင် နှစ်ပေါင်းများစွာ ဖြတ်ထားလိုက်တာ အားလုံး ဦးနှောက်ကျုံ့တဲ့ ရောဂါစွဲကပ်ခံလိုက်ရတယ်တဲ့။

    • ကောင်းမြတ်သူ

      November 12, 2013 at 9:42 pm

      အစ်မရေ…
      အစ်မ ဝမ်းသာသလို ကျွန်တော်လည်းဝမ်းသာကြောင်ပါခင်ဗျာ..
      ဦးမိုက်ကြီး ဗျိုးဟစ်သံမကြားမိလောက်အောင်ကို ရွာနဲ့အဆက်အသွယ်ပြတ်သွားတာကိုလည်း တစ်ရွာလုံးကို တောင်းပန်ပါတယ်ဗျာ၊ ဝမ်းရေးအတွက် ကြောင့်မို့ခွင့်လွှတ်ပေးနို်င်မယ်လို့လဲထင်ပါတယ်…
      ဦးနှောက်ကျုံသူတစ်ဦးရဲ့ပယောဂကြောင့် ပညာရေးအသတ်ခံလိုက်ရတာတော့ ကျွန်တော်မငြင်းလိုဘူးအစ်မ…
      ကျွန်တော်တို့လူငယ်တွေက နေရောင်လာလို့လဲမလန်း၊ မိုးရွာတော့လဲ့ မဆန်းဘူး။ တကယ်ဗျာ ဝမ်းနည်းစရာအဖြစ်မျိုး……

  • Foreign Resident

    November 12, 2013 at 8:52 am

    ” ဒီရွာတွေ အတွက် ဘာတွေ လိုအပ်နေပြီလဲ ”

    အမှန်တကယ် လိုအပ်နေတာက ၊
    ” ဖာ ခန်း / ပြည့်တန်ဆာ အိမ် ” ကို တရားဝင် ဖွင့်ပေးလိုက်ပါ ။
    အဲဒါ လိုရင်း ၊ Short to the point ပဲ ။

    • ဦးကြောင်ကြီး

      November 13, 2013 at 10:40 am

      တရားဝင် ဖွင့်ခွင့်ပေးရင် အဲဒီခလးတွေ -ာဖြစ်ကုန်မှာလည်း တွေးအုံးလေ…။ ရှေ့တိုးတော့ချောက်၊ နောက်ဆုတ်ရင် လှံစွပ်ထိုးခံရမည် ကိန်းဆိုက်နေဒါ။ လွှတ်တော် ဘာလုပ်နေလဲ၊ ကြွတက်လှုပ်လျားသူများ ဘယ်ရောက်ကုန်လဲ၊ အန်ဂျီအို မိုးကျရွှေကိုယ်တော်များ ဘယ်သွား ကမြင်းဂျောထနေသလဲ၊ မိန်းမတန်းတူအခွင့်အရေး၊ လိင်တူချသူအရေး လုပ်တာလဲလုပ်ကြ.. ခလေးတွေ အရေးလဲ မေ့မနေဂျနဲ့.. သောက်အစိုးရကတော့ တွန်းမှပဲ ရွေ့မှာ…

      • အဘ ဘုတ်ကလုံ

        November 13, 2013 at 11:58 am

        မြန်မာနိုင်ငံရဲ့ တရားဥပဒေရဲ့ မညီညွှတ်မှု၊ စီးပွားရေး မဖွံ့ဖြိုးမှု တွေရဲ့ အကျိုးဆက်ပေါ့
        ့မြန်မာပြည်မှာ ငွေမရှိရင် ဘာအာမခံချက်မှမရှိဘူး။ လူမမာကြီး ဆေးရုံသမံတလင်းမှာ
        သေတော့မယ် အသက်ငင်နေတာ စပေါ်ငွေမပေးလို့ ဆေးရုံက ခွဲခန်းထဲမသွင်းဘူး။
        ခလေးတွေကို အစိုးရကျောင်းထားတော့လည်း ဘွဲ့ရသွားတာတောင် article ဘာ၊ SVO
        ဘာတောင် သေချာသိတာမဟုတ်ဘူး။ အဘဘုတ်အမြင်တော့ ဖာမှာတောင် အဆင့်အမျိုးမျိုး
        အလွှာအမျိုးမျိုးရှိတယ် သဌေးသုံးတဲ့ ဖာ၊ လူလတ်တန်းစားသုံးတဲ့ဖာ၊ ကားသမားသုံးတဲ့ဖာပေါ့။
        ဖာဖြစ်ပီဆိုမှတော့ အဘဘုတ်တော့လေ အဆင့်မြင့်မြင့် ဖာဖြစ်စေချင်တာပါပဲကွယ်။
        ဖာရုံတွေ တကယ်ဖွင့်ပေးလည်း ငွေရလွယ်တယ်ဆိုပြီး သမီးလေးတွေ စိတ်ယိုင်သွားကြမယ်ဆိုတော့
        လှေလှော်ရင်နဲ့ တက်တွေကျိုးနေပါဦးမယ်ကွဲ့။

    • Foreign Resident

      November 13, 2013 at 11:39 am

      ဦးကြောင်ကြီး says:
      ” တရားဝင် ဖွင့်ခွင့်ပေးရင် အဲဒီခလေးတွေ -ာဖြစ်ကုန်မှာလည်း တွေးအုံးလေ ”

      ဦးကြောင် ရဲ့ ။
      အခုလဲ အဲဒီ ခလေးတွေ ရဲ့ ဘဝ ဟာ ၊
      ” အမှိုက်ကောက်တဲ့ ကလေးမလေး သုံးယောက် ရှိလှ ၁၄-၁၅နှစ်ပဲ… ဗိုက်ကလေးတွေနဲ့ဗျာ ”
      ဖာ ဘဝ ထက် ဘာများ ပိုကောင်းနေလို့တုန်းဗျာ ။

      ၁ ။
      ဖာ ခန်း ကို တရားဝင် ဖွင့်ပေးလိုက်တော့ ၊
      အဲလို ဘဝ ဆိုးနေရှာတဲ့ မိန်းကလေးတွေ အတွက် ၊
      ကိုယ့် အလုပ်အကိုင် နှင့် ဥပဒေ အကာအကွယ် နှင့် ၊
      မာမာတင်းတင်း လုပ်ကိုင်စားသောက်လို့ ရသွားတာပေါ့ ။

      တရားဝင် ဖွင့်ခွင့် မပေးလဲ ဖာ ဆိုတာက ရှိနေတာပါဘဲ ။
      ရောဂါ ပိုပြန့်စေတာနှင့် ရဲ ကြေးပေးရတာ ကို ထည့်စဉ်းစားပါအုန်း ။

      ၂ ။
      ဖာ ခန်း ကို တရားဝင် ဖွင့်ပေးလိုက်တော့ ၊
      လွယ်လွယ် နှင့် ထွက်ပေါက် ပေးလို့ ရသွားတော့ ၊
      ဟို မုဒိန်း ဆရာ လည်း ထောင်ထဲ မ ရောက်တော့ဘူးပေါ့ဗျာ ။
      ထောင်သား နည်းတော့လဲ ၊ တိုင်းပြည် ဘဏ္ဍာ လည်း သက်သာတာပေါ့ ။

  • kyeemite

    November 12, 2013 at 11:51 am

    ..မတွေ့တာတောင်ကြာပြီဗျာ…..
    အပေါ်က လူဂျီးဒွေ ပြောတာ ကျုပ်လဲသဘောတူဒယ် ခွိခွိ 😀

  • KZ

    November 12, 2013 at 12:38 pm

    ဘယ်လိုမှ မလုပ်နဲ့။
    တို့ မြန်ပြည် ဥပဒေက ဒါမျိုး အမှု ပိုက်ဆံပေးရင် လွတ်နေကြတာ။
    တရားဥပဒေက မကာကွယ်နိုင်ရင် အရပ်က ကာကွယ်ကြ။
    လူမဆန်တဲ့ အကောင်မျိုးဖမ်းပြီး အဟွာ ဓားနဲ့မွှန်းပြီး လူညွန့်တုံးပလိုက်။

    သူခိုးတို့ ခါးပိုက်နှိုက်တို့ကျလည်း ဝိုင်းရိုက်ရဲတာပဲဟာ။
    ဆွမ်းကြီးလောင်းရဲသေးတာပဲဟာ။
    ဒါကကျ ဝမ်းရေးအတွက် ကျူးလွန်တဲ့ ပစ်မှုမျိုးမဟုတ်ဘူးးးး
    နားလည် ပေးစရာမလိုဘူးးးး

  • Lay Pai

    November 12, 2013 at 4:59 pm

    ဒါက ဝမ်းရေးအတွက် ကျူးလွန်တဲ့ ပစ်မှုမျိုးမဟုတ်ဘူးးးး
    ဟုတ်တယ် KZ အဲဒီ အသုံးအနှုန်း မှန်တယ်။
    အပြင်မှာ သာ အဲလို ကောင်တွေ ကို မသမတာ ထောင်ထဲရောက်သွာရင်တော့ တန်းစီးနဲ့ အပေါင်းအပါတွေက ကောင်းကောင်းသမ ဆိုဘဲ။

  • ကောင်းမြတ်သူ

    November 12, 2013 at 9:29 pm

    သူကြီးပြောတဲ့ “ကျမ်းမာသန်စွမ်း..ဦးနှောက်ဉာဏ်ရည်ပြည့်.. အလေအလွင့်နည်းနည်းဖြစ်အောင်.. ဘယ်လိုလုပ်ကြရမယ်”၊ “အိမ်ထောင်မှုကိုတာဝန်မယူ.. ကိုယ်လွတ်ရုံးကြတဲ့..အမျိုးသကောင့်သား”၊
    lele kyi ပြောတဲ့ “Ethics နဲ့ responsibilities အားနည်းလွန်းတယ်လို့ပဲထင်တယ်။ ပတ်ဝန်းကထိတွေ့ဆက်ဆံနေရတဲ့အသိုင်းအဝိုင်းကြောင့်လဲပါမယ်။ ပညာရေးကြောင့်လည်းပါမယ်။”
    Lai Pai ရဲ့ “ဒါက ဝမ်းရေးအတွက် ကျူးလွန်တဲ့ ပစ်မှုမျိုးမဟုတ်ဘူး” ဒီအချက်တွေနဲ့ပတ်သက်ပြီး ကျွန်တော် တို့ဝိုင်းဝန်းဆွေးနွေးပြီး အချက်ကလေးတွေများလာအောင်လုပ်ပြီး ဒီကိစ္စကို တနည်းနည်းနဲ့ဖြေရှင်းပေးချင်ပါတယ်… ရွာသူရွာသားများ ကိုယ့်အနာဂတ်ပတ်ဝန်းကျင်အတွက် ပါဝင်မယ်လို့မျှော်လင့်ပါတယ်… ကျွန်တော် သွားလာနေတဲ့နေရာတွေမှာ ဒီအမှုနဲ့ပတ်သက်ပြီး ကြားနေရတာ နောက်ဆို ဒီမုဒိန်းမှုက မြန်မာနိုင်ငံအတွက် trade mark ဖြစ်လာမှာတောင်ပူရတယ်ဗျို့…

    ရွာသားများ၏ ဉာဏအားကို အားကိုစောင့်မျှော်လျှက်……………………

Leave a Reply