ကျွန်တော် ဒီနေရာလေးကို မရောက်တာအတော်ကြာလို့ဗျာ……….. ဝင်လည်ရင် ပေါက်ကရလေးလည်း ဝင်ပြောတာပါ….. ကျွန်တော် နေရာတော်တော်များများလျှောက်လည်နေလို့ ဒီကိုတော့မရောက်ဘူးဖြစ်နေတယ်…. ဧရာဝတီတိုင်းအောက်ဘက်နေရာတွေ ကျွန်တော်ရောက်သွားတယ်။ စ, ကြားလိုက်ရတာ မဒိန်းမှုတဲ့။ အဖေနဲ့သမီးနဲ့တဲ့…….ဘုရား၊ ဘုရား…….။ နောက်ရက်တွေ ဆက်ကြားရတယ် ဒီအမှုမျိုးကြီးပဲ။ ဦးလေးနဲ့တူမ၊ အစ်ကိုဝမ်းကွဲနဲ့ … စုံလို့ပဲဗျာ၊ ဘာတွေများဖြစ်ကုန်ကြတာလဲ? ရွာထဲမှာ ဗွီဒီယိုရုံတွေက ပြတာ ချစ်ကားကြိုက်ကား? ညပိုင်းကြတော့အပြာကား…..ဘုရား၊ ဘုရား၊ ကျွန်တော်တရားရုံးတွေမရောက်ခဲ့ပါဘူး……ရွာတွေမှာတွေ့ရတဲ့ မဒိန်းမှုမနည်းမနော……. ဒီရွာတွေအတွက် ဘာတွေလိုအပ်နေပြီလဲ ကျွန်တော်တစ်ယောက်တည်းမစဉ်းစားတတ်လို့ (ဝိုင်းစဉ်းစားကြဖို့လိုနေပြီ) နောက်တစ်နေရာရောက်တော့ ဧရာဝတီတိုင်းရဲ့ ဒုတိယအကြီးဆုံးမြို့………… ကွမ်းယာဆိုင်မှာ ကွမ်းဝယ်နေတုံး ဘေးနားက ဒေါ်ကြီးတစ်ယောက်က “ကလေးမလေးတွေ သနားပါတယ်”ဆိုတော့ ကျွန်တော့်မျက်စိက လမ်းပေါက်တစ်ခုကထွက်လာ တဲ့အမှိုက်ကောက်တဲ့ကလေးမလေး သုံးယောက်ဆီကိုမျက်စိရောက်သွားတယ်။ ဟုတ်ပါ့ဗျာ..ရှိလှ ၁၄-၁၅နှစ်ပဲ… ဗိုက်ကလေးတွေနဲ့ဗျာ… ကျွန်တော် ဘာကိုမှမမေးချင်တော့ဘူး၊ တွေးပဲတွေးနေလိုက်တယ်။ […]