Non-Stop အလွမ်း
ငယ်ငယ်က ကျောင်းသားဘဝ
အချစ်ဦးက သင်ပေး အလွမ်းတေးတွေကို ငါဆို
စိုလာတဲ့မျက်ရည် ကျနေပါစေကွယ် ၊
အလုပ်ဝင်စ တွေ့ရပြန်သော ရင်မောစရာ ဒုတိယအချစ်
သုခမြစ် မဖြစ်ပဲ ဥပေက္ခာတွေနဲ့
အက်လာတဲ့နှလုံးသား အလွမ်းများနဲ့ဖာထေး
အညာတေးတွေကြား ငညံ့သားငါ လွမ်းလျက်သာ ၊
နောက်တစ်ခါမတော့ ဟုတ်လှပေါ့လို့ ထင်ကြ
အို အသင်လောက မိန်းမတော့ ငါ ရခဲ့ရှာ
စ ခဲ့ပါတဲ့ ဇာတ်လမ်းစုံ
ပြန်အမ်းကုန် မဟုတ်တာကြီးနဲ့
အစုတ်ဗလာခရီးမှာ ငါ ငြီးငွေ့လှပါပကောကွယ် ၊
( ဒီတော့လည်း )
ကုန်ဆုံးသွားခဲ့တဲ့ သည်းခံခြင်းတွေအနောက်
ဒီနှစ်ယောက် ဦးတည်ခဲ့ တရားရုံးရဲ့ တစ်နေရာ
နာကျည်းမှုအပြည့်ပါနေတဲ့ ငါ့လက်မှတ် တစ်သက်ပြတ်ပဲလေ ၊
သည်လိုနဲ့ ကာလရှည်ကြာ နေခဲ့ပါရင်း
ကံဇာတ်ဆရာခင်းခဲ့တဲ့ နောက်တစ်ပုဒ် ကြောက်လို့ဆုတ်ချင်ပေမယ့်
အဟုတ်ထင်နေခဲ့ငါတစ်ယောက် တတိယမြောက်ချစ်ခြင်းကြား
အပြစ်ကင်း သမားပါနော်
လေးဆယ်ကျော် ငါ့အချစ်
ဒွေးမယ်နော်ဖြစ်ရတဲ့ မင်း
ပစ်ခွင်းခဲ့ ကံကြမ္မာမြှား ခံစားရ မသက်သာလှ
မျက်နှာလည်း မပြချင် မရခင်ကတည်းက လွမ်း
အနမ်းဆိုတာ ဝေလာဝေး နွေကဗျာတေးတွေထဲ
ဖေါ်မပါ ဆွေးနေဆဲပါကွယ် ၊
26 comments
kyeemite
November 19, 2013 at 2:55 pm
တတိယအရွယ်၏ တတိယဝေဒနာပေါ့လေ 🙂
Myo Thant
November 19, 2013 at 3:03 pm
ကိုမိုက်ရေ
စိတ်ညစ်စရာတွေနဲ့
တောင်တွေးမြောက်တွေး
လျှောက်ရေးမိတာပါဗျာ ၊
alinsett
November 19, 2013 at 3:50 pm
ကဗျာနာမည်လေးကော..စာသားတွေကပါ..
ပြုံးပြုံးကြီးနဲ ့…အားရကျေနပ်စွာ..ဖတ်စေခဲ့တယ်..။
Good တယ်ဗျာ….
Myo Thant
November 19, 2013 at 3:57 pm
ကျေးကျေးပါ
ရည်းစား မရှိရှာသူလေးရေ 🙂
alinsett
November 19, 2013 at 4:02 pm
တိန်
ရီးဇား မရှ်ိတာက ပါရသေးတယ်..။
အမြန်ဆုံး ရှာနေပါပြီဗျ ။
:kwi:
sorrow weaver
November 20, 2013 at 12:36 pm
စွယ်တော်ရွက်တချို့..ရှက်ဖို့….. လက်တို့ရယ်ကြ …..နင်နဲ့ တဂျားကို …အဖော်လဲမရှိဘူး …ရှက်ရှက်ဆိုတာမျိုး….အဟိဟိ…. ( လကားလကား သီချင်းဝင်ဆိုတာ )
Wow
November 20, 2013 at 9:11 am
ဖေ့ဘုတ်မှာ ညက်စိနောက်အောင်လွမ်းပြနေရာက ရွာထဲပါလာလွမ်းသပေါ့…. ဟင်း… အဖြစ်ဖြင့်မရှိပဲနဲ့… :hee:
Myo Thant
November 20, 2013 at 9:55 am
တစ်ခါတစ်လေမှာ အလွမ်းနဲ့ပဲ ဇာတ်သိမ်းလိုက်တာဟာ
နှစ်ယောက်လုံးအတွက် အဖြစ်သင့်ဆုံး အဖြေလည်း
ဖြစ်နေတတ်ပါတယ်လေ ၊
KZ
November 20, 2013 at 11:00 am
မယုံ မရှိပါနဲ့။
လူတစ်ယောက်ကို အနားမှာ ရှိနေချိန်မှာလည်း လွမ်းဖူးတယ်။
ဝေးသွားတော့လည်း လွမ်းဖူးတယ်။
မဆုံတာကြာတော့လည်း လွမ်းဖူးတယ်။
၁ဝ နှစ်လောက် မနားတမ်းလွမ်းခဲ့ဖူးတော့လည်း မောသွားတာနေမယ်။
ခု အဲဒီ အလွမ်းက ဟာသပဲ။
😀
Wow
November 20, 2013 at 11:13 am
၁ဝ နှစ်လောက် တစ်ယောက်ထဲကို လွမ်းရတာ ပျင်းစယာဂျီးအေ… နောက်တစ်ယောက် ပြောင်းလွမ်းရောပေါ့
KZ
November 20, 2013 at 11:30 am
ဖွဖွ။ လွဲပါစေ။
ခုဒေါ့၊ မလွမ်းတော့ဘူးအေ။
ရမ်းပဲ ရမ်းပလိုက်တယ်။
ဝါးလုံးရှည်နဲ့။
:kwi:
sorrow weaver
November 20, 2013 at 12:34 pm
ပိုတွေ..အပျိုကြီးတွေ..မူးလို့ဖြင့်ရှုချာမရှိပဲနဲ့ ..လွမ်းချင်တေးတယ်..လကား..လေကျယ်နေတယ်….ကျော့်လို..လေယဉ်မယ်ရော..မေဂရေ့စ်ရော….ခင်ဝင့်ဝါရောရှိနေတဲ့လူက အသံမထွက်ရဘူး….ခုခွိခုခွိ….
လုံမလေးမွန်မွန်
November 20, 2013 at 12:01 pm
ချစ်ရတာ ကောင်းဝူး..
ခီဏခီဏ လွမ်းရတယ်…
တိရား..အူးမျိုး..
Myo Thant
November 20, 2013 at 12:57 pm
တိဝူး ၊
တိဂျင်ရင် ဟို ၆ မျက်နှာဂိုမေးကျိပေါ့ ၊ 🙂
kyeemite
November 20, 2013 at 1:34 pm
…အရေးထဲ..ကိုမျိုးနဲ့အပြိုင်ဝင်လွမ်းနေကြပါလား..ပျော်စရာဂျီး..
…မဟာရာဇာ ရွာပြန်လို့ ..လုံလုံကလည်းလွမ်း…
…ဒို့ကတော့ ဘယ်လွမ်းရမှန်းမသိလို့ ဝင်မလွမ်းတော့ဝူး… 😀
မဟာရာဇာ အံစာတုံး
November 21, 2013 at 11:50 am
Instant တွေ ပေါသောနေဒဲ့ ခေတ်ဂျီးမှာ
ခညားဂျီးက Non-Stop အလွမ်းလုပ်နေဒေးဒယ် ..
အေးလေ …
ဒိတ်အောက်ဂျီးဂိုးးးး ငိငိ
Swal Taw Ywet
November 21, 2013 at 2:23 pm
စွယ်တော်ရွက် ကတော့ လွမ်းရမှာကြောက်လို့ကို
နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်ရတဲ့ စွယ်တော်ရွက်လေးလုပ်နေတာပါခင်ဗျ။
တစ်လွှာက အတတ် တဲ့။
ကျန်တစ်လွှာက အသိ တဲ့။
Good တယ်နော် ကမာရွတ်မြို့စားမင်း။
With respect,
Swal Taw Ywet.
TNA
November 21, 2013 at 2:46 pm
တတိယအရွယ်၏ တတိယမြောက်ဒုတိယဝေဒနာပေါ့။ အချစ်ကံခေတာလား နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတာလား ကိုမျိုးသန့်ရေ။ အချစ်ရေးကံကောင်းပါစေ။
Myo Thant
November 21, 2013 at 2:57 pm
အမသဲ ရေးမှ တကယ်ထင်ကုန်ဦးမယ်နော် ၊
သောင်တူးသင်္ဘောတွေ ပျက်ကတည်းက
ကျွန်းက မြို့တောင် တည်လို့ရပြီထင်ပါရဲ့
တကယ်တော့ နေသားကျခဲ့တာ ကြာပေါ့ ၊
အခုအချိန်မှာ အိမ် ၊ ရုံး ၊ ရွာ ဒီထဲမှာတင် ပျော်ရွှင်လျက်ပါဗျာ ၊ 🙂
TNA
November 21, 2013 at 4:43 pm
ဒါမြို့ဖြစ်တွားဘီလေ ကိုမျိုးသန့်ရဲ့။ 😀
Myo Thant
November 21, 2013 at 4:49 pm
အဲ ဟုတ်သား ၊
ဆောတီး ဗျာ ဆောတီး 🙂
ဗုံဗုံ
November 21, 2013 at 6:59 pm
အော် …နာ့ ယောက်ခမဂျီးလည်း လွမ်းတတ်သားဘဲ….
နာမှလွမ်းလှချည်ရဲ့မှတ်နေတာ…
ဘုရား..တရား..နဲ့သာ နေပါကွယ်…..
Myo Thant
November 22, 2013 at 9:10 am
နာ့ကို တရားလာချရင်
ကောင်းကောင်းနဲ့ ပေးမတွေ့ဘူးနော် ၊ 🙂
ခင် ခ
November 22, 2013 at 9:32 am
အချစ်ဆိုတာ ပျော်ရွှင်စရာများနဲ့အတူတူ ပူဆွေးမှုများလည်း သူခေါ်ခဲ့တယ်………..။
ရုံးတော်ကို ပထမတစ်ခေါက်လာ တစ်ဦးကိုတစ်ဦး နူးညံတဲ့အကြည့် ဘဝတစ်ကွေ့မှာ အတူလက်တွဲကြမှာ ကျမ်းကျိမ်ပြီးလက်ထပ်စဉ်ခါ……… ရုံးတော်မှ နှစ်ကြိမ်မြောက်ဆင်းလာ တစ်ဦးကိုတစ်ဦး ဆွေးမြေ့တဲ့ အကြည့် ဘဝတစ်ကွေ့မှာ ပြန်လည်ရင်နှီးစရာ မဖြစ်တဲ့နုတ်ဆက်ချိန်ခါ………..။
Myo Thant
November 22, 2013 at 9:53 am
ကိုခရေ
ဒီတစ်ခါတော့ ဘယ်ရုံးပေါ်မှ မတက်တော့ဘူး ၊ 🙂
aye.kk
November 22, 2013 at 1:29 pm
အချစ်ဆိုတဲ့ အချစ်တကာ့ အချစ်ထဲမှာ…..
ကိုယ်ကလည်း ချစ် သူလည်း ချစ် ဒီချစ် အသင့်ဆုံးတဲ့လေ။။