အုံ့ပုန်းချစ်ပါကွယ်…. ကြုံတုန်းချစ်တယ်..ထင်ပါနဲ ့….
ကျွန်တော်… ဟိုတစ်နေ့က.. ခံစားချက်တွေ တနင့်တပ်ိုး ဖြစ်လာလို ့…
ကဗျာမပီ စာမပီလေး.ချရေးဖြစ်ပါတယ် ။
အဲဒါလေး..က… ရေးပြီး..ပြန်ဖတ်တော့..
ကာရန်လေး မမိတမိနဲ ့…
ကဗျာလိုလို..ဘာလိုလိုလေးဖြစ်နေပါတယ် ။
အဲဒါလေးကို…
ကျွန်တော့် ကဗျာတွေ ဖတ်နေကျ မိတ်ဆွေတွေက်ို..ပေးဖတ်ချင်လာတယ် ။
စာအုပ်ထဲမှာ..ရေးထားတာလေးကိုပဲ..ဒီအတိုင်းပြချင်ပါတယ် ။
ကျွန်တော့် ကဗျာတွေ ဖတ်နေကျ မိတ်ဆွေတွေ ဖတ်မိရင်..
ကျွန်တော်..ရေးနေကျ ပုံစံလေး..မဟုတ်တာကို.. သတိပြုမိသွားမှာသေချာပါတယ် ။
ကျွန်တော်.. ကာရန်တွေ..စည်းတွေ ဘောင်တွေ..ခွင်တွေ… နယ်နိမိတ်ကန့်သတ်ချက်တွေထဲကနေ.. ကဗျာမရေးဖြစ်တာကြာပါပြီ။။။
အခု..ကဗျာဆိုတာလေး မှာတော့…..
အချိတ်အဆက်နဲ ့… ကွင်းဆက် မပြတ်အောင်…အားထုတ်ထားရတာလေး.. က သိသာနေတယ်..။
………………………………..
ဒီလိုကဗျာကမျိ်ု ုးကို..ရေးနေကျမဟုတ်သူ…က…..
ဒီလိုကဗျာမျိုးကိုရေးပြီး…
ဒါမျိုး မဟုတ်တဲ ့.. ကျွန်တော့်ကဗျာတွေကိုသာ ဖတ်နေကျ မိတ်ဆွေတွေရှေ ့…ချပြရတာ..
စိတ်ထဲ… တမျိုးကြီးဖြစ်နေတယ်..။
အဲဒါကြောင့်…..
မပြတော့ပါဘူးလေ…..
စာအုပ်ကလေးကို…..ပြန်ပိတ်လိုက်တော့မယ်နော်…။
လေးစားစွာဖြင့်…..
alinsett
31 comments
ည lay
November 20, 2013 at 9:02 am
အလင်းဆက် ရဲ့ အုံ့ပုန်းချစ် ခံစားချက်လေးကို ကြုံတုန်းလေးးးး ဖတ် ရှုသွားပါဂျောင်းး
alinsett
November 20, 2013 at 10:24 am
ကျေးဇူးတင်ပါကြောင်းး
🙂
Myo Thant
November 20, 2013 at 9:14 am
ယောင်္ကျားပဲကွာ
တစ်ခါတည်းပြောလိုက်
မဟုတ်ရင် လက်မြန်လှတဲ့ ဒီခေတ်မှာ
ကျန်ရစ်ဖြစ်ရလိမ့်မယ်နော် 🙂
alinsett
November 20, 2013 at 10:23 am
ကျန်ရစ်ဘဝ
ခံစစ်ကျ
ပြန်ချစ်ပြ
ဟန်ပစ်ချ
🙂
kyeemite
November 20, 2013 at 9:45 am
……“ကြင်နာလှပေမဲ့..နင်ဟာ
….လမင်းမဟုတ်လို့…ဆွတ်ယူဖို့လည်းခက်ခဲ့တယ်”…ဆိုတော့ “လမင်း” ဆိုရင်ဆွတ်ယူဖို့လွယ်တယ်ပေါ့ 🙄
alinsett
November 20, 2013 at 10:21 am
လမင်းဆိုရင်
ဆွတ်ယူဖို ့လွယ်ပါတယ် ။
တစ်ခါတစ်ခါမှာ
လမင်းဟာ
ကျွန်တော်ခြံဝန်းထဲက
ရေတွင်းထဲမှာ. . . .
🙂
KZ
November 20, 2013 at 10:55 am
အုံ့မပုန်း ပါနဲ့အေ။
သူများဦးသွားမယ်။
alinsett
November 20, 2013 at 11:01 am
သူများ ဦးဇေရဘူး
:kwi:
padonmar
November 20, 2013 at 11:16 am
အန်တီကတော့ ကာရန်မလွတ်တဲ့ ကွန်ဆာဗေးတစ် အဖွားကြီးပီပီ ဒါမျိုးလေးပိုကြိုက်တယ်။
alinsett
November 20, 2013 at 11:22 am
🙂
ကျွန်တော်လည်း
ကာရန်မပါရင် ကဗျာမဟုတ်ဘူးလို ့တယူသန်ဝါဒကိုသာ မချစ်တာ
ကာရန်ပါတဲ့ တချို ့ကဗျာလေးတွေကိုတော့ ချစ်တယ်
ဆရာ မောင်စိန်ဝင်းတို ့ရဲ့ ကဗျာစာသားလေးတွေဆို အခုထိ စွဲနေတုန်းပဲ။
ရေးချင်တဲ့အခါလည်း ကာရန်ဆိုတဲ့ခွင်ထဲက ရေးကြည့်မိတယ်
ဒါပေမယ့်
အနုပညာဖန်တီးသူကို
ဘယ်လို နည်းနဲ့
ဘယ်လိုခွင်ထဲက
ဘယ်လိုရေးရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကိုတော့
သိပ်မုန်းတာပဲ အန်တီရယ်
:kwi:
လုံမလေးမွန်မွန်
November 20, 2013 at 11:23 am
သာမီးရောပဲ အန်တီ… ကဗျာဆိုကာရန်နဲ့ပဲ ခံစားတတ်တယ်..
အလက်ဆင်း..
ကြိုက်ရင် ဖွင့်သာပြော..အုံ့ပုန်းလုပ်မနေနဲ့..ကြားလား.. 🙂
alinsett
November 20, 2013 at 11:31 am
ကဗျာဆို ကာရန်နဲ့မှ တဲ့လား မွန်မလေးလုံလုံရယ်
ဒါရှို
နာ့ဂဂျာတော်တော်များများကို
နီ မခံစားတတ်ခဲ့ဘူးပေါ့နော်
ဝမ်းနည်းထာအေ
:kwi:
အုံ့ပုန်းချစ်တဲ့သူတစ်ယောက်နေရာက
ရေးဖွဲ ့မိတာလေး
အားပေးလို ့ကျေးကျေးပါ လုံလုံ
sorrow weaver
November 20, 2013 at 12:26 pm
ကွယ်….ကိုယ့် product ကိုယ်ယုံကြည်မှုရှိစမ်းပါဟ….နာသာ နင့်လို ရုပ်ချောချောလေးဆိုရင် အကုန်ဆွဲစိပစ်တယ်..
သွေးနည်းချက်ကတော့ကွာ…ဘာအုံ့ပုန်းချစ်လဲဟ…ကျားထိုး…တက်သိမ်းပြီး အဲ့တောင်ကုန်း…အလံစိုက်ပလိုက်စမ်းပါ….KIA တွေလိုမျိုး…အဟိဟိ…
alinsett
November 20, 2013 at 1:06 pm
သွေးနည်းသယောင် ဆောင်ထားတာပါဗျာ
ကျွန်တော့်ရဲ့တောင်ကုန်းလေး
အလံစိုက်ဖို ့အချိန်မကျသေးလို ့
ကဗျာတင်မက
ရုပ်ချောတာလေးကိုပါ ထည့်ပြောသွားတဲ့အတွက်
ကျေးဇူးနော်
အဟီး
🙂
ရွှေမိုးတိမ်
November 20, 2013 at 1:04 pm
သိပ်နောက်တာပဲ။ မမှီတော့ဘူး သူများက ဖတ်ပြီးသွားပြီ 😀
ရေးထားတာလေး ချစ်စရာကောင်းပါတယ် ။
alinsett
November 20, 2013 at 1:09 pm
စာအုပ်ကို ကပျာကယာပြန်ပိတ်လိုက်တာတောင်
ဖတ်ဖြစ်အောင်ဖတ်မိသွားးတာကိုး
🙂
ကဗျာလေးက ချစ်စရာကောင်းဆို
ေရေးတဲ့လူက ချစ်စရာကောင်းနေတာကိုးး
:kwi:
အဘဖားသက်ပြင်း
November 20, 2013 at 1:39 pm
အပုန်း အချစ်ပါကွယ် .. ငတုံး မဖြစ်ပါရဇီနဲ့..
-င်နာ ရစ်လှပေမယ့်
အပြင်မှာ မတစ်ရ စေဖို့
အရင်တခါလို ညှစ်နေဖို့လည်း .. ခက်ခဲ့တယ်..
ကွယ်ရာ ကနေပဲ..
တကယ် ပါ ခဲ့လိုက်ပါ့မယ် ငါ့အပြစ်နဲ့ ..
ငါလေ .. အင်အင်း ညှစ်လိုက်တယ်..
မကြာခင်မှာ…
လေလာရာ သင်း လိမ့်မှာ မို့..
ငါ ညှင်းဆဲ တယ်လို့လည်း မမှတ်ပါနဲ့
ရာဝင်အိုး နဲ့ တည်တဲ့…
ဒညင်းဝက်ရဲ့ အချင်းတဝက်ဟာ …
မင်း တသက် မေ့စေဖို့
ကပ်တိုး တိုး လို့ ပြောရရင်ဖြင့်
(ဆက်ရေးလိုက်ဂျဘာဗျာ..)
အာဟိ… ဒက်ဂလောက်…
Wow
November 20, 2013 at 1:51 pm
ဘူ…. ဟူ… ဟူ…
ဆဲချင်ရင် အပေါ်က ဒေါင်းကားယားဂျီးကိုဆဲ… နာ မသိ..
alinsett
November 20, 2013 at 2:35 pm
ရိုမန့်တစ်မဆန်လိုက်ထာဂျာ
🙂
မဟာရာဇာ အံစာတုံး
November 20, 2013 at 2:17 pm
နင့်စာအုပ်က အစုတ်ဂျီးး
ငါ ကဗျာရေးရင်ဒေါ့
တစ်ခါတည်းနဲ့ အိုက်ဂလို မရဘူးး
ဖျက်လိုက်ပြင်လိုက်နဲ့ ရှုပ်ပွနေဒါဗျဲစ် …
အေး … ဒါဘာဗျဲစ် …
alinsett
November 20, 2013 at 2:38 pm
နာက ပါရမီရှင်လေ
ကဗျာရေးရင် တစ်ထိုင်တည်းနဲ ့ ပြီးတယ်
အပိုအလိုမရှိ
ကိုယ်ရေးတာကိုယ်ကျေနပ်ပြီးသား
နီ ့ကိုနာ အနုပညာအကြောင်းတွေ သင်ပေးပါဦးမယ်
နာ့ကို ဆရာ ခေါ်ပေတော့
ဟဲဟဲ
မဟာရာဇာ အံစာတုံး
November 21, 2013 at 11:16 am
ဆရာ မခေါ်ခင် မေးအုံးမယ်
နင့် အခွေ ရဘီလားး
မရသေးရင် ငါ့ကို ဆရာဂျီးလို့ အရင်ခေါ်ထားအုံး ..
ကျားဒလား အောင်မဲလင်း …
alinsett
November 21, 2013 at 1:26 pm
အိုက် အခွေ
နီ ့ဂို တဆင့်ယူပေးပါလို ့ပြောမိတာမှားတာပဲ
အခုတော့ ကိုယ့်တဘဲ့ကိုဆရာပြန်ခေါ်ရတော့မ)
TNA
November 21, 2013 at 2:44 pm
ကာရံမလွတ်တဲ့ဒီကဗျာလေးကိုကြိုက်သအေ့ အလင်းဆက်ရေ။ အမြန်သာကိုယ်ကဖွင့်ပြောရင်ပြော သူပြောတာကို အမြန်လက်ခံရင်လဲခံလိုက်အေ။ တခုခုတော့ အမြန်သာလုပ်။ အုံ့အုံ့မှိုင်းမှိုင်းကမကောင်းဘူး
alinsett
November 21, 2013 at 5:23 pm
ကဗျာလေး သဘောကျတယ်ဆိုလို ့ဝမ်းသာမိပါတယ် တီသဲရေ
:kwi:
လောလောဆယ်တော့
သူပြောတာကိုစောင့်ရင်းနဲ့ ကိုယ်ပြောရမယ့်အချိန်ကို စောင့်နေတယ်
🙂
ဗုံဗုံ
November 21, 2013 at 6:54 pm
အယ်……ဝက် ရဲ့ ရေတွင်းပျက် ခံစားချက်တွေပေါ့လေ…….
နာ့ တုန်းကတော့… နာက အရင်ဖွင့်ပြောတာရယ်…
ပြီးမှ သူက အားနာပြီး အဖြေပြန်ပေးတာ……..
တစ်ယောက်ပြီး….တစ်ယောက် ချစ်လို့ ရလို့လားဟယ်…..
နာကတော့ ရဘူး….. တစ်ယောက်ဆို တစ်ယောက် …ပိတောက်ဆို နို့ဆီဘဲ….
alinsett
November 21, 2013 at 8:10 pm
ရင်တွင်းဖြစ်တော့..ရင်တွင်းဖြစ်ပါကွယ်…
ဒါပေမယ့်.. ဒီထဲက..ကောင်လေးက…
နာမဟုတ်ပါဘူး..။
:kwi:
ရဲစည်
November 21, 2013 at 7:07 pm
ပုန်းတော့ ပုန်းနေဘီ … ဟေ့
ဝုန်းတော့ ဝုန်းစေသည် …. ဂေ့
ဒရန် …. တန် …. တန်
alinsett
November 21, 2013 at 7:48 pm
ပုန်းနေတာ.. ဝုန်းဖို ့မဟုတ်ပါဘူး…ကရဲစည်..
ဝုန်းနေတာလည်း… ပုန်းဖို ့မဟုတ်ပါဘူး…
ဟီဟိ ။
🙂
Judas Empress
June 23, 2014 at 1:47 pm
ကဗျာလေးကောင်းသလို လက်ရေးလည်းလှပါ၏…
alinsett (gazette)
June 23, 2014 at 3:07 pm
ကဗျာဟောင်းလေး
ပြန် ရှာဖွေ ခံစားပြီး
အားပေးသွားတဲ့အတွက် ကျေးဇူးပါခည
🙂