မြေအိုးကောက်
–
–
–
–
–
==========================
==========================
ကျုပ်အဘိုး ဦးမိုး က ထန်းသမားကြီး။
ကျုပ်အဘိုး ထန်းတက်တုန်းက ကျုပ်အဖေက မြေအိုးကောက်။
ကျုပ်အဘွား ကတော့ ထန်းလျက်ကျိုပေါ့ဗျာ။
အခု ကျုပ်အဘိုး အနားယူသွားတော့ သူ့သားဖြစ်တဲ့ ကျုပ်အဖေက ထန်းသမား လုပ်တယ်။
ကျုပ်အမေက ထန်းလျက်ချက် (ကျို) တယ်။
ကျုပ်ကတော့ မြေအိုးကောက် ဖြစ်လာတော့တာပေါ့။
မြေအိုးကောက် ဆိုတာ မြေအိုးတွေ ထမ်းရတာကို ပြောတာ။
မြေအိုး အလွတ်တွေကို သုံးလုံးဆို သုံးလုံး၊ ငါးလုံးဆို ငါးလုံး၊ ဒီလို ကျုပ်အဖေ တက်မယ့် ထန်းပင်တွေရဲ့ ခြေရင်းမှာ လိုက်ပြီး ချထားပေးရတယ်။
ကျုပ်အဖေက ဒီမြေအိုးလွတ်တွေကို ခါးမှာ ချိတ်ပြီး ထန်းပင်ပေါ် တက်တယ်။
ကျုပ်အဖေ ထန်းပင်ပေါ်ကဆင်းပြီဆိုလည်း သူက ထန်းရည်ပါလာတဲ့ မြေအိုးတွေကို ထန်းပင်ခြေရင်းမှာ ချထားပြီး လှေကားကြီးနဲ့ နောက်တစ်ပင် ကူးသွားတယ်။
ဒီအခါ ကျုပ်က ထန်းရည်ပါတဲ့ မြေအိုးတွေကို လိုက်ပြီး စုရတယ်။
ဒီလို ထန်းရည်အိုးလေးတွေ စုပြီး ကျုပ်တို့နေတဲ့ တဲလေးဆီကို ပို့ရတယ်။
အမေကတော့ မိုးပြဲဒယ်ကြီးတွေကို မီးဖိုပေါ်တင်လို့ ထန်းရည်ချက်တော့တာပေါ့။
ထန်းတက်တာက မနက်တစ်ခါ၊ ညနေ တစ်ခါ၊ တစ်နေ့ကို နှစ်ခါ တက်ရတာ။
မနက်ပိုင်း ဆယ်နာရီလောက်ဆို အဖေက ထန်းတက်တာ ပြီးသွားပြီ။
ကျုပ်အလုပ်ကလည်း ပြီးသွားပြီပေါ့။
အမေ ကတော့ ထန်းလျက်ချက်၊ ပြီးရင် ထန်းလျက်လုံးလုံး၊ ပြားပြားလေးတွေ လုပ်၊ အခြောက်ခံပြီးတော့ ရွာထဲက ဈေးဆိုင်ကို သွားရောင်းရတယ်။
အဲ့ဒီက ရလာတဲ့ ပိုက်ဆံနဲ့မှ ဝယ်ခြမ်း စားသောက်ရတာပေါ့။
ထန်းသမား အလုပ်ကလည်း လွယ်တော့ မလွယ်လှဘူးရယ်။
ထန်းပင်မှာ ကပ်ချည်ပြီး တက်ရတဲ့ ထန်းလှေကားကြီးကို မ ပြီးတော့ ထန်းပင် တစ်ပင်နဲ့ တစ်ပင်ကို သဲတောကွင်းပြင်ကြီးကို ဖြတ်ပြီး ကူးရတယ်။
ထန်းပင်ပေါ် တက်တော့လည်း မြေအိုးလွတ်တွေကို ခါးမှာချိတ်၊ လှေကား တစ်ရပ်စာ လှေကားထစ်လောက်မှာ ကြိုးကို ရစ်ပတ်လိုက်နဲ့ တက်ရတယ်ဗျ။
ထန်းပင်ပေါ်က ဆင်းတော့လည်း ထန်းရည်ပါတဲ့ အိုးတွေကို ခါးမျာချိတ်၊ လှေကားက ကြိုးတွေကို တစ်ခုချင်း ဖြုတ်ရင်းနဲ့ ဆင်းရတယ်။
ဟိုထန်းပင်ပေါ်မှာလည်း သေချာ ဂရုစိုက်ပြီး မြေအိုးဖြုတ်၊ ထန်းလှီး လုပ်ရတယ်။
မတော်တဆ ထန်းပင်ပေါ်က ပြုတ်ကျသွားရင် အကျိုးနဲ့ အသေပဲ။
မြေအိုးကောက် လုပ်ရတဲ့ ကျုပ်အလုပ်ကလည်း လွယ်လှတာ မဟုတ်ဘူး။
ကြိုးတွေနဲ့ သိုင်းထားတဲ့ မြေအိုးတွေကို တစ်ဖက် ငါးလုံးစီ ထမ်းပိုးနဲ့ လျှိုထမ်းလို့ တစ်ပင်ပြီး တစ်ပင် သဲတောကြီးနဲ့ တဲနဲ့ကို ကူးလိုက်သန်းလိုက်နဲ့ သွားနေရတယ်။
ထန်းရည်ပါလာတဲ့ အိုးတွေဆို လေးလိုက်သမှ လွန်သပေါ့။
နေပူပူမှာ ဖင်ကြားက ချွေးကျတဲ့ အလုပ်တစ်ခုပါပဲ။
အားလုံးပြီးသွားရင်လည်း ဇိမ်နဲ့ နှပ်နေလို့ မရဘူး။
မြေအိုးတွေကို ဆေးကြောပြီး မီးကင်ရသေးတယ်။
ပြီးရင် ညနေအတွက် ထန်းခေါက်တွေ ထည့်ထားရသေးတယ်။
လူကလည်း မြေအိုး ထန်းရလွန်းလို့ တစ်စထက် တစ်စ ပုပုပြီး လိုက်လာလေသလားပါပဲ။
ထန်းလျက်ချက်တဲ့ အမေ အလုပ်ကလည်း လွယ်တာမဟုတ်။
အရှည်လိုက် လုပ်ထားတဲ့ မီးဖိုပေါ်မှာ မိုးပြဲဒယ်ကြီး နှစ်လုံးကို တင်ပြီး ချက်ရတာ။
မီးကလည်း ပဲစင်းငုံရိုးတွေ၊ နောက်ချေးခြောက်တွေနဲ့ ထိုးရတယ်။
မီးဖိုဘေးမှာ နေရတဲ့ အဖြစ်ကလည်း အညာနွေရဲ့ အပူဒဏ်မှာ မီးဖိုရဲ့ အပူတွေပါ ထပ်ပေါင်းလိုက်တော့ သာဆိုးတော့တာပေါ့။
ထန်းလျက်အိုး ပွက်ပွက်ဆူလာပြီ ဆိုရင်လည်း သတိထားရသေးတယ်။
ထန်းလျက်အိုး ပြစ်သွားပြီဆိုလည်း ပူပူလောင်လောင် ထန်းလျက်တွေကို လက်ကလေးကို ရေထဲစွတ်လိုက်၊ အလုံးအပြားလေးတွေ လုပ်လိုက်နဲ့ လုပ်ရသေးတယ်။
ပြီးရင် နေပူကြဲတဲ ထန်းလျက်တောင်းကို ခေါင်းပေါ်ရွတ်ပြီး ရွာထဲ ထွက်ရပါသေးတယ်။
အေးဗျာ … အညာက ထန်းသမား မိသားစုရဲ့ ဆင်းရဲတဲ့အဖြစ်က ပြောမကုန်နိုင်ပါဘူး။
ကျုပ်တို့ရဲ့ ဘိုးဆင်ဘောင်ဆက် အရ ကျုပ်အဖေ ထန်းသမားဆိုတော့ ကျုပ်လည်း ထန်းသမား ဖြစ်လာမယ့်သူပေါ့။
ဒါပေမယ့် ဒီလောက် ဆင်းရဲလှတာ မလုပ်ချင်ပါဘူး။
ကျုပ်ကတော့ မြို့တက်ပြီး အလုပ်လုပ်ရင် လုပ်၊ မလုပ်ရင်တော့ နိုင်ငံခြား ထွက်မယ်။
ခက်တာက ပေါင်စရာ ယာကွက်က မရှိ။
ချေးငှားပြီး သွားရအောင်ကလည်း အတိုးနှုန်းက မသက်သာပြန်ဘူး။
ဒုက္ခပါပဲဗျာ ………….။
မှတ်ချက် ။ ။ မြေအိုးကောက် တစ်ယောက်အား အင်တာဗျူးထားခြင်း ဖြစ်သည်။
==========================
By – မဟာရာဇာ အံစာတုံး
==========================
30 comments
Mr. MarGa
December 26, 2013 at 5:55 pm
ဒုက္ခပါပဲ ဆိုတာကို
ဒီအတိုင်း ထိုင်ညည်းနေလို့ ဖြစ်မလား
တစ်ခုခု ထလုပ်တာက အလုပ်တွင်မပေါ့
မဟာရာဇာ အံစာတုံး
December 27, 2013 at 2:05 pm
အေးကွာ
သူ့အနားမှာ အကြံကောင်း ဉာဏ်ကောင်းတွေ
ပေးနိုင်တဲ့သူတွေက တစ်ပုံကြီးကိုကွ …
alinsett
December 26, 2013 at 6:02 pm
ပေါင်စရာ မရှိရင် ဒမြတိုက်
အဲ ဒမြတိုက်ဆိုလို့
မောင်ကိန်းဆိုင် ဒမြတိုက်တာ ဘူလဲ
🙂
မဟာရာဇာ အံစာတုံး
December 27, 2013 at 2:06 pm
ဒမြတိုက်
ငအမိုက်
ခဏရိုက်
အထမိုက်
TNA
December 26, 2013 at 9:00 pm
အဲဒီထန်းသမားဘဝကအတော်မလွယ်တာပဲနော် ပင်ပန်းဆင်းရဲခြင်းဆိုတာဒါမျိုးပဲလားမသိဘူး။ အသက်နဲ့ ရင်းထားရသေးတယ်။ သနားပါတယ်။ ထန်းရည်ကျိုတာတော့ရောက်ဖူးတယ်။ အပြင်နေပူ မီးပူ နောက်ညောင်စေးကျနေတဲ့ ထန်းရည်အပျစ်မခဲသွားခင် ပူနေတုန်းလက်နှိုက်နိုက်ပြီး ထန်းလျှက်လုံးရ တာအတော်မလွယ်တာ။ ဝင်လုံးဖူးတယ် လုံးဝမကိုင်နိုင်ဘူး။ သူတို့လက်တွေဆို အသမာတွေတက်နေပြီ အပူလောင်လွန်းလို့။
မဟာရာဇာ အံစာတုံး
December 27, 2013 at 2:11 pm
ဟုတ်တယ်ဗျ …
ထန်းလျက်လုံးရတာ အတော်မလွယ်တာ …
ထန်းသမား မိန်းမတွေရဲ့ လက်ကလည်း တီသဲ ပေါဒလိုဘာဘဲ …
အပူလောင်လွန်းလို့ အသာမာတွေ တက်လို့
သူတို့ မျက်နှာတွေကလည်း မီးဟပ်ခံရပါများလို့ ဘယ်လို ပြောမဒုန်း .. တိဒေါ့ဘူး ..
ကျော်စွာခေါင်
December 26, 2013 at 9:05 pm
အံစာ
တစ်ကယ့်ကို ထန်းတောက မိသားစု ဆီ ရောက်သွားသလို ခံစားရတယ်..
အညာမှာ အဲ့ အတိုင်းဘဲ.
သူငယ်ချင်းတေါ ထန်းတောကို ခဏခဏ လိုက်သွားဘူးတယ်.. ထပ်တူဘဲ..
အံစာ
ဘာဖြစ်လို ့ အဆုံးသတ်ကို အလွယ်လေး လွှတ်ချလိုက်တာလဲ…။
စာကောင်းလေးတွေ ဖတ်ချင်သေးတယ်..။
မဟာရာဇာ အံစာတုံး
December 27, 2013 at 2:23 pm
ရုံးဆင်းဂါနီးဒေါ့လည်း
အဆုံးသတ်ကို ဖွတ်ရွှတ်ဆို လုပ်လိုက်ရဒါပေါ့ ခညာ ..
ထန်းတောထဲ ရောက်ဖူးဒေါ့ အထွေအထူး ပေါစရာ လိုဒေါ့ဝူးပေါ့ဂျာ …
စကားမစပ် ..
နောက်အခါ မိုင်စမ်းအံစာ လို့ ခေါ်ဘာ ဒက်ဒီခေါင် ရာ …
နော့ …
KZ
December 27, 2013 at 9:17 am
ပန်းချီက ပေါ်ဦးသစ် ပန်းချီများလားးး
နှုတ်ခမ်း ပုံလေးတွေက သိသာလို့။
ထန်းတစ်ပင်ရှိရင် ပဒေသာတဲ့။
နွေ ထန်းရည်
မိုး ထန်းသီး
ဆောင်း ထန်းမြစ် ဆိုလားပဲ။
ဒါမဲ့ ပင်ပန်းလိုက်တဲ့ ဘဝတွေ……
marblecommet
December 27, 2013 at 11:11 am
တီလေးပြောတာဟုတ်သယ်ထင်တယ်
ဆြာပေါ်တစ်ယောက်ပဲ ဒီလိုကောက်ကြောင်းမျိုးအမြဲရေးတာ…
……
ကိုအံဇာ ကျေးဇူးဘာ.
မဟာရာဇာ အံစာတုံး
December 27, 2013 at 2:27 pm
ပုံအောက်မှာ
အီးလို ဆိုင်းလေး ထိုးထားတာ တွေ့ရဒယ် ..
ဟုတ်မယ်ထင်ဒယ် …
ကျော်ကတော့ ဂူဂဲလ် က မ လာတာ …
ဘူ့ပုံဒုန်းတော့ မတိ ..
လုံမလေးမွန်မွန်
December 27, 2013 at 10:14 am
အူးခေါင်ပြောသလိုပဲ.. တကယ်ကို ထန်းတောထဲက မိသားစုဆီ ရောက်သွားသလို ခံစားလိုက်ရတယ်..
အရေးအသားကတော့ တကယ့်ကို ရှယ်ပဲ…
(မှတ်ချက်… ငါးချဉ်ခြင်းမဟုတ်..)
အခုရော..အဲဒီတစ်ယောက် ဘာတွေလုပ်နေလဲ..
မဟာရာဇာ အံစာတုံး
December 27, 2013 at 2:29 pm
နယ်ထွက်တွားဘာဘီ …
အရေးအသားထဲတင်မက
အပြင်လက်တွေ့ဘွမှာပါ မျက်မြင်ကိုယ်တွေ့ဖစ်တွားအောင်
ကိုကို ပျံယင် လိုက်ခဲ့ကွယ် …
ဦးကျောက်ခဲ
December 27, 2013 at 12:34 pm
ထည့်ပြောဦးလေ ထန်းသမားတွေရဲ့ ခြေဖဝါးနဲ့ ဖိနပ်အကြောင်း…
အလွန် နိမ့်ကျတဲ့ ဘဝတွေပါဗျာ…
ခင်ဗျားရေးမှ “ဘယ်သူပြိုင်လို့ လှပါတော့နိုင်” ဓာတ်ရှင်ထဲက…
ထန်းတက်သမား (ဦး)အံ့ကျော် ကို လွမ်းသွားပြီ…
🙁
မဟာရာဇာ အံစာတုံး
December 27, 2013 at 2:33 pm
အင်မတန်မှ
ဆင်းရဲပြီး နိမ့်ကျတဲ့ ဘဝတွေပါပဲဂျာ ..
ပြောမဆုံးပေါင် တောသုံးထောင်ပါပဲ
nozomi
December 27, 2013 at 3:47 pm
ဖတ်ရင်းနဲ့ ထန်းတောထဲမှာ သောက်ခဲ့ဘူးတဲ့ ထန်းရေချိုကို တောင် လွမ်းလာပြီ
ကျိုနေတဲ့ အချိန် မီးကလဲ ပူ လေးဘက်သွားကလေး နဲ့ ကလေးငယ်တွေ မီးဖိုဘက် ရောက်လာမှာစိုးလို့
ခါး နဲ့ တိုင် ကြိုးချည် ထားရတာလေး လဲ ပြန်မှတ်မိသွားတယ်
ကျေးဇူးပါ
မဟာရာဇာ အံစာတုံး
December 28, 2013 at 9:15 am
ထန်းရေချို ဆိုတော့
ထန်းရေခါး မသောက်ခဲ့ဖူးပေါ့နော် …
အဲ့ဒါ … ယုံရမှာလားငင်င်
Ma Ma
December 27, 2013 at 4:49 pm
အရင်ဆုံး ပုံလေး သဘောကျတယ်။
ထန်းသမားဘဝကို documentary ရိုက်ပြထားတာ DVB မှာ ကြည့်ဖူးတယ်။
ပူပူလောလောကြိုထားတဲ့ထန်းလျက်ကို လက်နဲ့လုံးနေကြတာ ကြည့်ပြီးးးးးးးးးးး
ထန်းဖိုဦး စားချင်တယ်။ 😀
မဟာရာဇာ အံစာတုံး
December 28, 2013 at 9:19 am
ရော့ .. အင့် ..
စားလိုက် .. စားလိုက် …
ပုံလေးဂ အင်တာမဲပေါ်က လျာလာတာ …
Paing Lay
December 27, 2013 at 9:13 pm
ပုဂံကိုတောင် ထပ်သွားချင်စိတ်တောင် ပေါက်လာပြီဗျာ 🙂
မဟာရာဇာ အံစာတုံး
December 28, 2013 at 9:26 am
ထပ်သွားချင် သွားလိုက်ဗျာ
အခုချိန်ဆို သာကောင်းသေး ….
koyinmaung
December 28, 2013 at 9:55 am
အေးဗျာ..ကျ ုပ်တို့တိုင်းပြည်ကလဲ ခုမှစလုံရေစဆိုတော့ အိမ်နီးနားချင်းနိုင်ငံတွေနဲ့စာယင်
အတော့ကိုဝင်ငွေနည်းနေသေးမဟုတ်လား ..
ကျ ုပ်နေတဲ့ ပေါက်ဖေါ်ကြီးတို့ဆီကအောက်ခြေအလုပ်တောင်နှစ်သိန်းကျော်သုံးသိန်းလောက်ရနေကြတာ
ဆိုတော့..အပြင်ထွက်အလုပ် လုပ်ချင်နေကြတာဘယ်ဆန်းပါ့မလဲ…..နော့…
ကိုအံတို့ရေးလိုက်ယင် တကယ့်ကိုသရုပ်ပီပြင်ပါပေတယ်ဗျာ………..
မဟာရာဇာ အံစာတုံး
December 30, 2013 at 10:16 am
ရွာတွေမှာတော့ဗျာ ..
နိုင်ဂံဂျား ထွက်တဲ့လူနဲ့
တစ်နယ်မြေ ထွက်တဲ့လူနဲ့
လူကို သိပ်မကျန်ဒေါ့ဘူးရယ် …
အင်းလေ .. ရွာမှာက ပင်ပန်းပီး ပင်ပန်းသလောက်မှ မရဂျဒါဂိုး …
ပဲတွေ၊ နှမ်းတွေရလည်း ပွဲစား ပွဲရုံကို လုပ်ကျွေးနေရတာနဲ့ အတူတူ ဖြစ်နေတော့တာပါပဲ
ဦးဦးပါလေရာ
December 29, 2013 at 8:21 pm
တကယ်တော့ အထက်အညာဒေသမှာ နေထိုင် လုပ်ကိုင် ကြရတာ
အောက်ပြည် အောက်ရွာထက်စာရင် အများကြီးပင်ပန်းဆင်းရဲလှပါတယ်…။
အောက်ခြေလူတန်းစားတွေရဲ့ အလုပ်အကိုင်တိုင်းမှာလိုလိုပါပဲ…။
ကိုယ်တိုင်သွားကြည့်မှ ကိုယ်တိုင်မြင်ရမှ ပိုပြီးစာနာမိတယ်…။
လွန်ခဲ့တဲ့ နှစ်အစိတ်လောက်က ကျုပ်စက်ရုံမှာ နွားထိုးကြီးဘက်က ကလေးနှစ်ယောက် အလုပ်လာလုပ်တယ်..
သူတို့ရဲ့ အရင်အလုပ်က မုရင်း(စပါး)စိုက်တဲ့လယ်မှာ မောင်းလောင်းတာ..တဲ့…..
မောင်းလောင်းတယ်ဆိုတာ ဆယ်တောင် ဆယ့်ငါးတောင်နက်တဲ့ ရေတွင်းထဲကရေကို ဝါးမောင်းနဲ့ ရေခပ်ယူပြီး စပါးစိုက်ဖို့လယ်ထဲလောင်းထည့်တာကိုပြောတာ…
ကျုပ်ဖြင့် အညာဆန်စားရင်း အဲဒါသတိရရင် ထမင်းကို ဆက်မြိုမကျတော့ဘူး….။
မဟာရာဇာ အံစာတုံး
December 30, 2013 at 10:24 am
ဒီလိုပါပဲဗျာ …
မြန်မာပြည်ရဲ့ အောက်ခြေ လူတန်းစားတွေကတော့
မျက်မြင်ကိုယ်တွေ့ အတော် ဆင်းရဲလှပါတယ် …
ဒါတောင် …
ရှေးက တောသူဌေး ဆိုတဲ့ စကားလုံး ဘယ်လို ဖြစ်လာတုန်း တွေးမရဘူး …
naywoon ni
December 30, 2013 at 6:54 pm
နွေဦးကာလ မြူထသောခါ တဲ့ အဲသဟာ ဝန်ကြီးမို့ ရေးသွားနိုင်တာ ထန်းသမားစစ်စစ်က အဲသလောက်မခံစားနိုင်ဘူး
မဟာရာဇာ အံစာတုံး
December 31, 2013 at 9:57 am
ထန်းသမား စစ်စစ် ကတော့ မခံစားနိုင်ဘူး
ထန်းရည်ခါး ဇိမ်ခံ သောက်သူတွေကတော့ ခံစားနိုင်သဗျ …
ဝန်ကြီး ကတော့ အမြင်ခံစားရတာကိုးဗျ …
———-
တီတီမမ
ကွန်မန့်ပေးထားတာ မေ့တွားဒယ် ထင်ဒယ် …
အပေါ်မှာ ပြန်ကျိ ..
တီတီ ကွန်မန့် တွေ့လိမ့်မယ် … ဟွန်းးး
Ma Ma
December 30, 2013 at 8:24 pm
ကျန်းးးးးးးးး ဒီကလေး မြေအိုးမကောက်ပဲ အွန်လိုင်းတက်နေရသလားးးးးးးး 😆
Shwe Ei
January 1, 2014 at 3:54 pm
ထညက်ခဲ ထမြေမြစ် ထရေချို/ခါး အားလုံး အိတ်စပို့လုပ်နိုင်အောင် ကြိုးစား
ဒါမှမဟုတ် ရောင်းတဲ့နေရာမှာ ထုပ်ပိုးမှုပုံစံပြောင်း ပရိုမိုးရှင်းလုပ်….လူတေ များများ သောက်ချင်စားချင်လာမဲ့ နေရာထိုင်ခင်း ပြင်ဆင်ပီးရောင်း….
အင်းးးပီးတော့ ဘာကျန်သေးတုန်း… ???
ကိုယ်တိုင်ထန်းပင်တက်ပီး သောက်ရမဲ့ ထန်းရေစစ်စစ်ရမီ လို့ဆိုင်းဘုတ်တပ်ပီးရောင်းကျိခိုင်းပါလားအေ 😛
မဟာရာဇာ အံစာတုံး
January 2, 2014 at 5:05 am
သဘာဝ ထန်းရည် အိတ်စပို့ လုပ်မားလို့ စင်းစားနေဒါ
ဒါမယ့် …
အော်ဒါဒွေ များလာယင် ခက်မယ် ….
အင်းးး ကြံအုံးမှ