ဟောဒီတိုင်းပြည်မှာ..ဟောဒါတွေက..ဘာများဆန်းတော့လို့လဲ…အဘတို့ရယ်..
အဟက် ။
ခင်ဗျားတို့လည်း ဒီလို အတွေးမျိုး တွေးမိမလားပဲဗျ ။
ကျုပ်ကတော့ အခုမှ တွေးမိလို ့ တွေးမိတာလေးကို အတွန့် ထ တက်တာပါ။
အဲဒီ အတွေးကို တွေးမိတော့ အံ့ဩမိတယ်ဗျ။
ဟုတ်တယ်လေ ။
ဒီလောက် အံ့ဩဖို့ကောင်းတဲ့ အတွေးကိုမှ
မအံ့ဩရင် . . . ကျုပ် ရူးနေလို့ပေါ့။
တော်တော် အံ့ဩဖို့ကောင်းတဲ့အဖြစ်ကြီးဗျ ။
အံ့ ဧရာမကြီး ဩတာ ။
အဟက် ။
————————————
ဒီလိုဗျ ။
မနေ့တုန်းကပေါ့ ။
ကျုပ်ရဲ့ သူငယ်ချင်းတစ်ယောက် ဆုံးသွားပြီ ဆိုတဲ့ သတင်းဆိုးကို လာပြောတာ ။
(လာပြောတဲ့လူကလည်း ကျုပ်ရဲ့ သူငယ်ချင်းပါပဲ )
”ဟေ့ရောင် . . .သူရ ။ ဝဏ္ဏကြီး သေပြီ. . .ကွ ”
” အော်. . . .အင်း. . . .ဟတ်လား”
”အမ် . . .သူရ ။
မင်းက ဝဏ္ဏသေပြီဆိုတာကို မအံ့ဩဘူးလားဟ ။
ငါတို့ သူငယ်ချင်း. . . အရင်းခေါက်ခေါက်ကြီးတစ်ယောက်လုံး သေတာကိုများးး ဘာမှ မထူးဆန်းသလို အသံနဲ့ . . . .”
” လူတစ်ယောက် သေသွားတယ်ဆိုတာ. ..
အံ့ဩစရာမှ မဟုတ်တာ. . . .”
ကျုပ်ကို သတင်းလာပေးတဲ့ သူငယ်ချင်းကို
ဒီလောက်ပဲ ပြောဖြစ်ပါတယ် ။
လူတစ်ယောက်
သေသွားတယ်ဆိုတဲ့ကိစ္စ . . . . .
အံ့ဩစရာ မဟုတ်တာ. . .
အခုအချိန်မှာ. . .
သူ့ကို ရှင်းမပြသေးဘူး ။
စာတစ်ပုဒ်တော့ ရေးပြဦးမှ လို ့
တွေးထားလိုက်တယ် ။
———————————–
ခင်ဗျားတို့ပဲ စဉ်းစားကြည့်. . . .
ဒီ လူ ့လောကကြီးထဲမှာ. . . .
လူတစ်ယောက် သေသွားတယ်ဆိုတာ ဘာဆန်းလဲ ။
အထူးသဖြင့် . . . .
ဟောဒီ တိုင်းပြည်မှာ ဘာဆန်းလဲ ။
လူဆိုတာ သေမျိုးချည်းပဲ ဆိုတဲ့အယူအဆကို အသာထား. . .
ကွေးသောလက် မဆန့်မီ. .
ဆန့်သောလက် မကွေးမီ ဆိုတာကိုလည်း. . . . အသာထား. . . .
ငါသည်မုချသေရမည်. . .အချိန်ပိုင်းသားလိုတော့သည် ဆိုတာတွေကိုလည်း. . . အသာထားလိုက်စမ်းပါဦး. . . ။
ဟောဒီတိုင်းပြည်ထဲက ကစဥ့်ကလျားအခြေအနေတွေ ကြားမှာ. . .
ကျုပ်တို့ ရဲ ့အသက်တစ်ချောင်းက . . .
ဘာ တန်ဖိုးရှိလို့လဲ ။
မသေသင့်ပဲ သေသွားဖို့ အကြောင်းတွေမှ
ပတ်ချာလည်ကို . . . ဝိုင်းးးးးနေတာပဲ ။
———————
လူကူးမျဉ်းကြားက လမ်းကူးရင်တောင်
ရပ်မပေးပဲ အရှိန်မလျှော့ အတင်းဖြတ်မောင်းတဲ့ ကားတွေနဲ့ တိုက်မိပြီး သေနိုင်တယ် ။
လမ်းမကောင်း / ကားမကောင်း / ယာဉ်စည်းကမ်း လမ်းစည်းကမ်း မထိရောက်မှုတွေကြောင့်. . .ချွတ်ချော်တိမ်းစောင်းပြီး. . .ပိုးစိုးပက်စက် သေသွားနိုင်တယ် ။
ဘတ်စ်ကားကျပ်ကျပ်ပေါ်မှာ. . .
ချောင်းဆိုးရင်. . .လက်နဲ့ မအုပ် /မကာ ဆိုးသူတွေကြောင့် . . . ရောဂါပိုးတွေ ကူးစက်ခံရပြီး သေသွားနိုင်တယ် ။
ကိုယ့်အတွက် လုံခြုံမှုနဲ့ အသက်အန္တရာယ် အာမခံချက်မရှိတဲ့ လုပ်ငန်းခွင်တွေမှာ သေနိုင်တယ် ။
လူမျိုးရေး မုန်းတီးမှုတွေ. . .
သွေးထိုး လှုံ့ဆော်မှုတွေ. . .
ဆူပူသောင်းကျန်း ထင်တိုင်းကြဲမှုတွေကြောင့်သေနိုင်တယ် ။
ပြည်တွင်းစစ်တွေကြောင့် သေနိုင်တယ် ။
သန့်ရှင်းတဲ့ လေ/ ရေ / နဲ့ နေရာ မရလို့ ခွေးသေဝက်သေ သေနိုင်တယ် ။
စိတ်ချလက်ချ စားလို့မရတဲ့အစားအစာတွေ ကြောင့် သေနိုင်တယ် ။
လောဘစစ်ပွဲ. . .ဒေါသစစ်ပွဲ. . .မောဟစစ်ပွဲ တွေကြောင့်လည်း အပြစ်မဲ့စွာ ဓါးစာခံဖြစ်ပြီး သေသွားနိုင်တယ် ။
မီးလောင်တိုက်အသွင်းခံရသလို ကူကယ်ရာမဲ့ လောင်ကျွမ်းပြီးလည်း သေနိုင်တယ် ။
ခြင်ဆေးခွေလေးတောင် . . .
မဝယ်နိုင်လို ့. . . .ခြင်ထောင်ကလေး စောင်ကလေးတောင် မဝယ်နိုင်လို ့. . .
သေနိုင်တယ် ။ သေနေကြတယ် ။
ထမင်းနပ်မမှန် . . . အာဟာရ မပြည့်ဝလို့လည်း သေနိုင်တယ် ။ သေနေကြတယ် ။
မသေသင့်တဲ့အခြေအနေလေးတွေ
နဲ့တောင် . . . တဖြုတ်ဖြုတ် သေကြေနေကြတာ ။
သေမယ့်ဘေး ဆိုတာက ကိုယ့် ဘေးနားမှာ အမြဲလိုလို ကပ်ပါနေသလိုပဲ။
သေချိန် တန်ပြီ ဆိုတဲ့ အချိန်နဲ့သာ အံကိုက်လို့ကတော့. . . .
သေစမ်းပဲ ။ ပိုးစိုးပက်စက် ။
လူဖြစ်ပြီး လူလိုမသေရဘူး ။
ရှေ့ခြေတစ်လှမ်း အတိုးမှာ. . . .
အစားတစ်လုတ် အစားမှာ. . . .
အသောက်တစ်ခုခု အသောက်မှာ. . . .
စကားတစ်ခွန်း စာတစ်ကြောင်းးးအမှားမှာတောင် သေဖို့က ဒီလောက် လွယ်နေတာ. . .
ဒီအခြေအနေဆိုးတွေ ကြားမှာ . . . လူတစ်ယောက် သေတာ. . . . ဘာများဆန်းလို့လဲ . . . .
ဘာများ အံ့ဩစရာ ရှိလို့တုန်း. . .
——————————-
တကယ် အံ့ဩစရာကောင်းတာက. . .
ဒီလောက် သေဖို့ရာ အခြေအနေများတဲ့. . .
ဘေးတွေကြားမှာ. . .
အသက်ရှင်နေကြတဲ့အဖြစ်ကမှ. . . .
အံ့ဩစရာ. . . .
မသေသေးပဲ ရှိနေသေးတာကိုက အံ့ဩစရာ. . .။
လူတစ်ယောက်ဟာ အသက်နှစ်ဆယ့်ခြောက်နှစ် ရှိပြီ ဆိုပါစို့ ။
ဒီလောက် သေမယ့်ဘေးတွေ ကြားမှာ. . .
၂၆ နှစ်အထိ ရှင်သန်နေတာ အံ့ဩစရာပဲ။
အသက် ၅ဝ / ၆ဝ လောက်ထိ ရှင်သန်နေတဲ့ လူတွေဆို ပိုတောင် အံ့ဩစရာကောင်းသေးးးး
နေမကောင်းလို့ ဆေးခန်းလေးမှ ပြစရာပိုက်ဆံမရှိလို ့ဆေးမြီးတိုနဲ့ ဝေဒနာကိုကု. . . .
မိုးရွာမရှောင်နိုင် နေပူမရှောင်နိုင် လုပ်ကိုင်စားသောက်ရင်း ဘဝကို ရုန်းကန်ရှင်သန်နေကြတာ. . .
သေမယ့်ဘေးတွေကြားမှာ
အရေထူနေတဲ့ နာကျင်မှုတွေနဲ ့. . . အသက်ကို ခက်ခက်ခဲခဲ ရှင်ထားနိုင်တာ . ..
သိပ်အံ့ဩဖို့ကောင်းတာပဲ ။
————————
အဟက် ။
ဒီမှာက အသက်တစ်ချောင်း သေဆုံးသွားတာဟာ. . .
အံ့ဩစရာ မဟုတ်တော့ဘူး ။
အသက်ရှင်နေတာကမှ အံ့ဩစရာအကြီးကြီးးးးဗျ ။
((( အခု . . . ဝဏ္ဏဆိုတဲ့ကောင် သေသွားတယ် ။
ကျိုက္ကလဲ့ဘုရားနားက. . .ရထားလမ်းအပေါ်ဖြတ်ထိုးထားတဲ့ . . . ပြည်လမ်း / နိုင်ငံရေးမှတ်တိုင်နားက တံတားပေါ်ကနေ . . .
အောက်ဘက် ရထားလမ်းပေါ် ထိုးကျသွားတာ ။
အလုပ်သွားဖို့ စီးတဲ့ လိုင်းကားးးး ။
ကားပေါ်ပါသွားတဲ့ ခရီးသွားပြည်သူတွေရဲ့ ခန္ဓာကိုယ်တွေ. . . .
ဘယ်လိုဖြစ်သွားမလဲ. . . .
တွေးကြည့်ဖို့တောင် . . . ထိတ်လန့်တယ် ။
ရထားသံလမ်းပေါ်မှာ တံတားပေါ်ကနေ အရှိန်နဲ့ ပြုတ်ကျထားလို ့. . တွန့်ကြေကွေးကောက်နေတဲ့ ကား / သံထည်အလုံးအထွေးကြီး ကြားထဲမှာ ပိညပ်ကြေမွနေတဲ့
လူသေအလောင်းတွေ
တစ်လောင်းပြီးတစ်လောင်းးးး
ဆွဲထုတ်. . .
သွေးရဲရဲသံရဲရဲ လူအသေ အကျိုးအပဲ့တွေကို . . . .
ကားတစ်စီးပေါ် စု တင်ထားတာကိုမြင်ယောင်ကြည့်. . . .
အမဲသား ဝက်သားတွေ အတုံးအတစ်သွေးသံရဲရဲ စုတင်ထားတဲ့မြင်ကွင်းထက် အဆတစ်ရာမက ထိတ်လန့်စရာ. . . .
သွေးတွေရွှဲနစ်နေတဲ့ လူသေအလောင်းတွေ. . . .
အသားစ အတုံးအတစ်လိုက်တွေ. . .
လူခြေပြတ်
လူလက်ပြတ်
လူခေါင်းပြတ်တွေ . . .
သွေးတွေနဲ့နစ်နေတဲ့ အဝတ်စတွေ. . ကျွတ်ထွက်နေတဲ့မျက်လုံးတွေ. . . .
အဲဒီလို. . . ( အလုပ်သွားအလုပ်ပြန်ရင်း)
မသေသင့်ပဲ သေသွားရတဲ့ အဖြစ်တွေလည်း နည်းကိုမနည်းဘူး။ )))
—————-
တန်ဖိုးနည်း လူ ့အသက်တွေရဲ့ဘေးမှာ
အမြဲကပ်ပါနေတဲ့ သေဘေးထဲ . . . .
ကိုယ်မပါသေးပါလား ..။
26 နှစ်ကျော်. .အသက်ရှင်နေတာ. . .
အံ့ဩစရာ ကောင်းလိုက်တာ. . . .
ဟာဟ
———————————-
26 comments
Mလုလင်
January 1, 2014 at 3:45 pm
အရင်ဆုံး မန့်လိုက်ပါတယ်နော့် . . .
ဘရာဗို ပါလို့ လဲ ပြောချင်ပါတယ် . . . . ။
အဲ့လို အမှုကြီး မဟုတ်ပေမယ့် အမှုသေး တွေတော့ ခပ်ကျဲကျဲ မျက်မြင် ဖြစ်ခဲ့ပါတယ် . .
ကိုယ်တိုင်လဲ ကြုံဖူးပါတယ်။
အဲ့လို လဲ တွေးဖူးပါတယ် . . . . ချက်ခြင်း လက်ငင်း အနိစ္စ ဖြစ်တာလဲ ရှိသလို
တဖြည်းဖြည်း ချင်း ညှင်း သတ်နေတဲ့ စားနေကျ အစားအစာ တွေကြောင့် . . . 26 နှစ် ထိတော့ ကိစ္စ သိပ်မရှိသေးပေမယ့် . . . .
ဟဲဟဲ . . . . . အဲဒါလေးရေးပါဦး ဗျ . . .
40 ကျော် အသဲကွဲလွမ်းခြင်း လိုမျိုး လေး ………..
alinsett
January 1, 2014 at 6:53 pm
အရင်ဆုံး ဖတ်ရှု ခံစားပြီး.မန့်သွားတဲ ့ကို လု ရေ.. ကျေးဇူးပါ.. ။
ကိုလုပြောတဲ့အတွေးစလေးလည်း…
ရေးချင်လာပြီ…
🙂
Shwe Ei
January 1, 2014 at 5:02 pm
အိုက်ဂလို ယာဉ်မတော်တဆမှုနဲ့ သေခဲ့ရတဲ့လူတေ ဘယ်လောက်များဘီလဲ….
ကျန်ခဲ့တဲ့မိသားစုအတွက် ဘယ်သူက ဘာတွေလုပ်ပေးလဲ …..
ပွင့်လင်းမြင်သာတဲ့နောက်ဆက်တွဲ တာဝန်ယူမှုအပိုင်းတွေရှိရင် သိချင်မိတယ် 🙁
alinsett
January 1, 2014 at 6:59 pm
အဲဒီင်္လ်ို…မတော်တဆမှုတွေ….
ကျွန်တော်မျက်စိရှေ့မှာတော့…တနေ့တခြား..ပိုများလာသလိုပါပဲ.. . မရွှေအိရယ်..
😥
•*¨နန်းတော်ရာသူ •*¨
January 1, 2014 at 6:11 pm
အရေးအသားလေးကိုတာ်တော်သဘောကျမိသလို
စိတ်မကောင်းလည်းဖြစ်မိတယ်။
ဟုတ်ပါတယ် မြန်းတျန့်ပြည်ကြီးမှာ သေလောက်စရာအကြောင်းအရာတွေက ပတ်ပတ်လည်ဝိုင်းနေတာပါ။
မသေပဲရှင်နေသေးတာကမှ ထူးဆန်းနေတယ်ခေါ်ရမယ်။
အခု အစ်မတို့ရောက်နေတဲ့အရပ်မှာဆို တစ်နှစ်လုံးစာကို တစ်မိုးတွင်းလုံးသောက်ရေမစုနိုင်လို့ကတော့အာဆင်းန်စ်ဓာတ်ပါတဲ့ရေတွေကိုပဲသောက်နေရတယ်။
ရေသန့်ကတစ်ဗူး၁၅၀၀။ဘယ်လိုလူတန်းစားကဝယ်သောက်မလဲ။
ဒီကလူတွေ နေ့စားလုပ်မှ တစ်နေ့၂၀၀၀၊၃၀၀ဝ ရကြတာလေ။
ဒီအရပ်မှာတော့ သက်ကြီးပိုင်းသေရင် ၆ဝကျော်ချည့်ပဲ။
😥
alinsett
January 1, 2014 at 7:11 pm
ရေ အခက်အခဲ… ကိစ္စကိုလည်း..ရေးချင်တာတွေ ရှိသေးတယ်..မမနန်းရယ်..
😥
မဟာရာဇာ အံစာတုံး
January 2, 2014 at 5:43 am
ဘာတဲ့ .. ကြားဖူးတယ် …
ဘုန်းကြီး တစ်ပါး …
သူများ အသုဘ တွေ လိုက်ဟောတုန်းကတော့ …
သံဝေဂ တွေနဲ့ တရားချလို့
သူ့အမေလည်း သေရော ငိုလိုက်သမှ …
ဒီတော့ .. မေးတယ် ….
ဒီတော့ ပြန်ဖြေတယ် …
“သေတာ ငါ့အမေဟ …. ”
အဲ့ဒီလိုလည်း ဖြစ်နေဦးမယ် အောင်မဲလင်းရေ …..
alinsett
January 2, 2014 at 7:38 am
အသည်းနာလွန်းလို ့
ခပ်ရွဲ့ရွဲ့လေး ရေးလိုက်တာပါကွာ
🙁
TNA
January 2, 2014 at 3:37 pm
ဒါဆို ငါမသေသေးတာကံကောင်းတာလား။ အင်း ငါ့ပိုစ့်ကလေးနဲ့ဆက်စပ်မန့်ရမယ်ဆိုရင်တော့ ဒီလူတွေ ရှေ့ရေးအတွက်ဝန်လေးစရာမလိုတော့ဘူးပေါ့အေရယ်။ အဘက်ဘက်က လိုအပ်နေတဲ့တိုင်းပြည် မှာလူလာဖြစ်တဲ့ငါတို့ ကပဲမှားနေတာလား။ သယံဇာတပေါကြွယ်ဝပါလျှက်နဲ့ အဆင်းရဲဆုံး တိုင်းပြည်ဖြစ် အောင်ဖန်တီးတဲ့သူတွေကပဲမှားတာလား။ သေသွားတဲ့သူတွေပဲကံကောင်းတာလား။ အသက်ရှင်နေတဲ့သူတွေပဲ ကံဆိုးတာလား။ ငါလဲမသိတော့ပါဘူးအေရယ်။
alinsett
January 2, 2014 at 5:53 pm
အင်းးးး
ဟုတ်ပါ့ တီသဲရယ်
ကံဆိုးသလား
ကံကောင်းသလားးး
ဝေခွဲမရပါလားးး
အသက်မသေပဲ ရှင်နေတဲ့
ရင်တထိတ်ထိတ်တိုင်းသူပြည်သားတွေကရော
ကံကောင်းနေတာလား
ကံဆိုးနေတာလားးး
😥
ရွှေမိုးတိမ်
January 2, 2014 at 4:28 pm
မန္တလေးမှာ နေရတာ တော်သေးသလိုပဲကွယ် ။ ကိုယ့်အသက် က ကိုယ့်လက်ထဲမှာ …ကိုယ်ဂရုစိုက်မောင်းရင် မောင်းသလောက် အန္တရာယ်ကင်းတယ် ။ ရန်ကုန်မှာ လိုင်းကားစီးရတဲ့ ဘဝကတော့ ဘယ်သူမှန်းမသိတဲ့ ကားဆရာနဲ့ကံကြမ္မာအပေါ် အသက်ကို ဝကွက်အပ်ထားရသလိုပဲ …. 🙁
alinsett
January 2, 2014 at 5:51 pm
ဟုတ်တယ်ဗျာ
လိုင်းကားစီးရတဲ့ သေဘေးအပြင်
တခြားနည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ဘေးတွေလည်း အများသားပါပဲ ရွှေမိုးရယ်
ဗုံဗုံ
January 2, 2014 at 4:32 pm
နာလည်း အသက်ရှင်နေတာ…. မသေသေးလို့ပေါ့နော်.. 😥
alinsett
January 2, 2014 at 5:50 pm
အေးဆို
အံ့ဩစရာကြီး
နော့
နန်းခင်ဝင့်ဝါ မိုးစက်ထက်ထက်ချာ
January 2, 2014 at 4:48 pm
အံစရာယီး နာတောင်မသေသေးဝူးကိုးးးးး 😛
ကြောက်စရာကောင်းတယ်ဗျာ အဲ့လိုရေးပလိုက်တော့မှ
ကြောက်သွားတယ် ဒဂယ်ပျောဒါ :'(
alinsett
January 2, 2014 at 5:49 pm
ကျနော်လည်း ကြောက်လာလို ့ခပ်ရွဲ့ရွဲ့လေး တွေး ပြီး ရေးချလိုက်တာ
😥
Wow
January 2, 2014 at 4:53 pm
နိအခုတစ်လော အနိဌာရုံတွေချည်းပဲ အငြိုးနဲ့တင်နေတာလား ဝက်ရယ် 😥
alinsett
January 2, 2014 at 5:45 pm
အခုတလော
ကျနော် အဲဒီလို ဆိုးရွာတဲ့အရာတွေကိုပဲ ကြုံတွေ ့နေရတယ် မမဝိုးရယ်
ကျနော် တော့ ခံစားချက် ပြင်းထန်လာလွန်းလို့ မရေးချင်တဲ့စာမျိုးတွေ
ရေးနေမိတယ်
😥
KZ
January 3, 2014 at 10:24 am
😥
alinsett
January 3, 2014 at 11:51 am
မမဂျီး ငိုသွားပြီ
ကျနော်လည်း ငိုချင်နေတုန်းပဲ
😥
cobra
January 3, 2014 at 3:26 pm
လိုင်းကားတောင်မစီးရဲတော့ဘူး
FB မှာလဲတွေ ့လိုက်တယ်
၁၇၄ ကားထဲကအဖိုးကြီးတယောက်ထွက်ကျတယ်တဲ့
အကွေ ့မှာအရှိန်နဲ ့ကွေ ့တာ တံခါးမပိတ်ထားလို့တဲ့
အဲ့ဒီ ၁၇၄ ပဲဘုန်းကြီးကိုထပ်တိုက်တယ်တဲ့
စိတ်ညစ်စရာတွေ….
alinsett
January 3, 2014 at 5:25 pm
ဟုတ်တယ်ဗျာ
အခုတလော လိုင်းကားတွေ စီးရတာ ခခပ်လန့်လန့်ဖြစ်လာတယ်
အသက်ကို ဉာဏ်စောင့်တယ် ဆိုတော့ကာ
ချွတ်ချော်တိမ်းစောင်းမှု သိပ်မဖြစ်လောက်ဘူးလို့ ထင်မြင်ရတဲ့ကားကို ရွေး စီးနေရတယ်
ဒါပေမယ့် ဒါလည်း လုံခြုံမှ ု အပြည့် မပေးနိုင်ပါဘူးလေ
padonmar
January 4, 2014 at 12:51 am
ဟုတ်ပါ့အလက်ဆင်းရေ၊
မသေသင့်ပဲသေတာ မဆန်းတော့ဘူး။
သေလောက်တဲ့ကြားက မသေတာမှ သတင်းဖြစ်နေပြီ။
လူတွေ ဆိုးတာလုပ်တာ သတင်းမဟုတ်တော့ပဲ ကောင်းတာလေးသေးသေးလေးပဲ လုပ်လုပ် မီးမောင်းထိုး အရေးတယူပြောပေးနေရတဲ့ ခေတ်ရောက်ပြီ။
alinsett
January 4, 2014 at 1:15 pm
😆
😆
kai
January 4, 2014 at 3:07 pm
အဲဒီတိုင်းပြည်မှာ.. ဘာတွေနေကြတာတုံးဟင်..
ဟောဒီတိုင်းပြည်မှာရော.. ဘယ်သူတွေနေကြတာတုံး..
ဟောဟိုတိုင်းပြည်ရော.. ဘာတွေနေနေတာလည်း…
ဆိုတော့…
အတွေးအခေါ်တို့မြစ်ဖျားသည်… ဘာသာရေး..
သခင်မျိုးဟေ့.. ဒို့ဘားမင်န်း…
alinsett
January 4, 2014 at 6:01 pm
ဆိုတော့
ဘာသာရေး
သူ ့ဘာသာ ရေးနေမယ့်အချိန်မှာ
ကိုယ့်အရေး ကိုယ်ရေးကြစို့
သခင်မျိုးဟေ့. . . . .အဟိအဟိ