Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မိတ်ဆွေ့ဝတ္တရား

အရင်နှစ်က ရွာအတွက် animation gif card လေးတွေလုပ်ပြီး New Year လက်ဆောင်ပို့စ်တင်ခဲ့ပါတယ်။

 

ဒီနှစ်တော့..

 

ဒီနှစ် နှစ်ကုန်ခါနီးလမှာ စိတ်ဓာတ်ကျစရာ ဇဝေဇဝါပေါင်းများစွာနဲ့ စိတ်ညစ်ညူးရုှပ်ထွေးနေမိပါတယ်။

 

အဲဒီလိုစိတ်ညစ်ညူးရှုပ်ထွေးတာတွေကို ဖုံးအုပ်ဖြစ်ချင်တိုင်း ရုပ်ရှင်ကောင်းကောင်းရှာကြည့်မိတယ်။

 

ကိုယ်တိုင်ကလည်း ရုပ်ရှင်ခရေဇီ(အထူးသဖြင့်ဒရမ်မာ)ဖြစ်တာကြောင့် ဒီနှစ်နှစ်ကုန်လက်ဆောင်အတွက်

 

ရွာထဲက မိတ်ဆွေတွေကို ပျို၊အို၊ကြီး၊ငယ်၊ရွယ်၊လတ် အလိုက် ကြည့်စရာ ရုပ်ရှင်လေးတွေ လက်ဆောင်ပေး

 

ဖို့ စိတ်ကူးပြီး ရှာဖွေစုဆောင်းလိုက်ပါတယ်။

 

နာမည်ကြီးရုပ်ရှင် တစ်ချို့ကတော့ တော်တော်များများကြည့်ဖူးမှာပါ။

 

သို့ပေမယ့် ရွာသူတစ်ယောက်ရဲ့နှစ်ကုန်လက်ဆောင်လေးတွေကို ချစ်ခင်မြတ်နိုးမှုအပြည့်နဲ့ လက်ခံပေးကြ

 

မယ် တစ်စုံတစ်ရာပြန်ပြောပေးကြမယ်ဆိုရင်ပဲ စိတ်ညည်းညူနေတဲ့ကြားက ရှာဖွေစုဆောင်းရကျိုးနပ်ပါပြီ။

 

^^^^^^^^^^^^^^^^^^^^^^^^^^^

^^^^^^^^^^^^^^^^

^^^^^^^

 

ငယ်ငယ်ကတည်းကနေအခုအချိန်ထိ ပြည်ပရုပ်ရှင်တွေကိုစွဲစွဲမြဲမြဲကြိုက်နှစ်သက်ခဲ့တယ်။

 

ကျန်ခဲ့တဲ့နှစ်တွေအထိ မြန်မာရုပ်ရှင်၊ဗွီဒီယိုတွေကိုကြိုကြားကြည့်ဖြစ်ပေမယ့် လုံးဝမကြည့်ဖြစ်ခဲ့တာ

 

၆နှစ်လောက်ကြာခဲ့တယ်။

 

မြန်မာကားတွေမကြည့်ဘူး ဆိုတာအမှန်ပြောတာဖြစ်ပေမယ့် ကြီးကျယ်ရန်ကောဆိုတဲ့ အထင်အမြင်လွဲမှား

 

မှုတွေဖြစ်မှာစိုးတာကြောင့် မြန်မာကားတွေကိုမကြိုက်တာရယ်၊နိုင်ငံခြားကားတွေလောက် လွယ်လင့်တကူ

 

ဝယ်မကြည့်နိုင်(ယနေ့ခေတ်မှာတော့လွယ်နေပါပြီ)တာတွေရယ်ကြောင့် မကြည့်ဖြစ်တာပါလို့ပဲ ထားပါရစေ။

 

ဝတ္ထုဇာတ်လမ်းတွေဘယ်လောက်ကောင်းကောင်း ရုပ်ရှင်၊ဗွီဒီယိုတွေရိုက်လိုက်တာနဲ့ နဂိုဇာတ်

 

ပျက်သွားလုနီးပါး အသက်မဝင်တဲ့မြန်မာရုပ်ရှင်၊ဗွီဒီယိုတွေက ဆွဲဆောင်မှုကိုလုံးဝမပေးတာတော့

 

အမှန်ပါ။မြန်မာသရုပ်ဆောင်တွေရဲ့ ကိုယ်ပိုင်စတိုင်လ်ထားတတ်မှုကလည်း ဇာတ်အလိုက် ကာရိုက်တာ

 

ပြောင်းမမြင်နိုင်တော့လောက်အောင် ဒီမင်းသားဆို ဒီဟန်ပဲ လို့တရားသေစွဲယူထားနိုင်လောက်အောင်

 

တစ်ကိုယ်ကောင်းဆန်လွန်းကြပါတယ်။

 

မြန်မာရုပ်ရှင်၊ဗွီဒီယိုတွေကိုမကြိုက်ဘူးဆိုပေမယ့် မြန်မာ့ဖျာ်ဖြေရေးအနုပညာတွေအားလုံးကို မကြိုက်တာ

 

မဟုတ်ပါ။မြန်မာအဆိုတော်တွေ၊သီချင်းတွေနဲ့မြန်မာ့စာပေလောက တွေကိုတော့ ချစ်ခင်နှစ်သက်

 

စွဲလန်းလျက်ပါ။

 

ယနေ့ခေတ် ကိုးရီးယားသရုပ်ဆောင်တွေရဲ့ ဇာတ်လမ်းရဲ့ကာရိုက်တာအပေါ်လိုက်ပြီး သရုပ်ဆောင်တတ်မှုတွေဟာ

 

တစ်ခြားလူတစ်ယောက်ဖြစ်သွားမတတ်ကို ပီပြင်လွန်းကြတယ်ဆိုရင်  ကိုယ်တိုင်က ကိုးရီးယားကားတွေ

 

ကြိုက်လို့သာလို့စွပ်စွဲကြဦးမယ်။ဇာတ်လမ်းထဲက သရုပ်ဆောင်ရဲ့စရိုက် ပီပြင်မှုကို သွက်လက်လှုပ်ရှားမှုကို

 

အသားပေးတဲ့ အက်ရှင်တွေထက် ဒရမ်မာတွေကြည့်မှသာ တွေ့မြင်နိုင်မှာပါ။

 

နိုင်ငံခြားရုပ်ရှင်တွေနဲ့သာအားလပ်ချိန်သုံးလာရာက ဒီလထဲမှာပဲ မြန်မာဗွီဒီယိုကားတစ်ချို့ပြန်ကြည့်

 

မိပါတယ်။ဝတ်စားဆင်ယင်မှုတွေမှာ(အထူးသဖြင့်အောက်ပိုင်းလုံခြုံမှု)နိုင်ငံခြားကားတွေထက် များစွာ

 

လွန်နေပါပြီ။ဒီလိုပြောလို့ ပိုတယ်မထင်ပါနဲ့ နိုင်ငံခြားကားပေါင်းများစွာမှာ နေရာတကျ ဝတ်စားဆင်ယင်

 

ကြတာ အဆုံးစွန်ပြောရရင် ချွတ်သင့်တဲ့အခန်းသာချွတ်ရင်ချွတ်ပစ်မယ် ကြည့်ခဲ့ရတဲ့ မြန်မာဗွီဒီယိုကား

 

ထဲက မင်းသမီးလေးလို မဆီမဆိုင်ဇာတ်အတွက်မလိုအပ်ပါပဲနဲ့ ပေါင်အထက်များစွာတက်အောင်တိုနေတဲ့

 

ဝတ်စားဆင်ယင်မှုတွေနဲ့ တစ်ကားလုံးသရုပ်ဆောင်သွားတာကို မျက်လုံးပြူးမတတ်အံ့ဩသွားမိတယ်။

 

ကြည့်ခဲ့ဖူးသမျှ ကိုးရီးယား၊ထိုင်ဝမ်ကားပေါင်းများစွာ အတိုပေါင်းများစွာကြားမှာ ဒီမင်းသမီးလေးရဲ့

 

တစ်ဆက်တည်းအကျီ င်္အတိုဆုံးပါလို့ဆိုရင် မယုံရင်ပုံပြင်မှတ်(ခရတ်ဒစ်တူဦးဆာမိ)

 

မြန်မာကားတွေမကြည့်မိတဲ့ကာလတစ်လျှောက် ငါတို့တော်တော်ခေတ်နောက်ကျကျန်ခဲ့ပြီပဲလို့တောင်

 

တွေးမိလိုက်တာအမှန်ပါ။

 

ဝတ်စားဆင်ယင်မှုတွေပိုတိုးတက်လာတာလား(သို့)ပိုဖော်ချွတ်လာတာလားဆိုတာအသာထား

 

ဇာတ်လမ်းကောင်းတဲ့ကို်ယ့်အကြိုက်စာရေးဆရာမ လမင်းမိုမိုရဲ့ဝတ္ထုကတော့ သက်မဲ့နေခဲ့ပါတယ်။

 

အသက်ဝင်မှုနဲ့ဆွဲဆောင်မှုကိုလုံးဝမပေးနိုင်တဲ့ မြန်မာသရုပ်ဆောင်တွေရဲ့စကားပြောဟန်၊

 

လိုတာထက်ပိုတဲ့အော်ဟစ်သံ၊အကြောင်းအရာပေါ်လိုတာထက်ပိုခံစားဟန်၊အဖွဲ့လိုက်ဆူညံနားညီးစေနိုင်တဲ့

 

ဟဒယဖန်တီးဟန်တွေနဲ့ ရင်ကိုမရောက်ရှိ မခံစားရစေတဲ့ ချစ်ခန်းကြိုက်ခန်းရဲ့အသက်မဝင်မှုတွေဟာ

 

ငွေကုန်ကြေးကျခံနိုင်မှု၊နည်းပညာတိုးတက်မှုပြောင်းလဲသွားရင်ကော ပရိတ်သတ်ရင်ထဲရောက်တဲ့အတတ်

 

ပညာတွေ ပြောင်းလဲပေးလာမှာလား။

 

“လူတိုင်းအပေါ် ကိုယ်ကြိုက်ရာကိုယ်လုပ်ကြ” ဆိုပြီး မဝေဖန်မိအောင်ကြိုးစားနေတဲ့ကြားက နှစ်အကူးမှာ

 

မြန်မာမင်းသမီးလေးတစ်ယောက်နဲ့မြန်မာရုပ်ရှင်၊ဗွီဒီယိုတွေအပေါ် ဝေဖန်မိရင်း သစ္စာဖောက်မြန်းတျန့်

 

တစ်ယောက် ဖြစ်နေပြီလားလို့ တွေးမိပါသေးတယ်။

 

^^^^^^^^^^^^^^^^

^^^^^^^^^^^^^^

^^^^^^^^^^^^

 

ဒီတော့ကာ သစ္စာဖောက်မြန်းတျန့် တစ်ယောက်မဖြစ်ရရေးအတွက် ဝေဖန်အပြစ်တင်စိတ်တွေ

 

မဝင်မိအောင် ကြည့်နေကျ နိုင်ငံခြားရုပ်ရှင်တွေကို ဆက်ကြည့်ရင်းကပဲ ရွာသူ/သား တို့အတွက်

 

နှစ်သစ်ကူးလက်ဆောင် ရုပ်ရှင်တွေကို စုဆောင်းလိုက်မိပါတော့တယ်။

 

@@@@@@@@@@@@@@@@@@@

 

 

ရွာသူားအပျို၊လူပျိုလေးများအတွက်

 

220px-Movie_poster_a_cinderella_story

220px-Justmyluck

 

 

 

 

 

 

 

 

 

 

ပေါ့ပေါ့ပါးပါးနဲ့ချစ်ခင်နှစ်သက်ဖွယ်ရာ Romance Movie လေးပါ။အနည်းငယ်ဝပေမယ့်

 

ချစ်ခင်နှစ်သက်ဖွယ် မျက်နှာလေးနဲ့အမျိုးသားတွေကြိုက်တဲ့မင်းသမီးလေး ဟီလာရီဒပ်ဖ်ရဲ့

 

Cinderella Story ရုပ်ရှင်လေးကတော့ မူလစင်ဒရဲလားပုံပြင်ိကိုအခြေခံထားတဲ့ ခေတ်သစ်လူငယ်

 

ရုပ်ရှင်လေးနဲ့ မင်းသမီး လင်ဆေးလိုဟန်ရဲ့ “Just My Luck” ရုပ်ရှင်လေးကတော့

 

ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်ကြည့်ဖို့အတွက် ရွာသူား မောင်ညီမပျိုတို့အတွက်ပါ။

 

ချောမောလှပတဲ့မင်းသားငယ်၊မင်းသမီးငယ်တို့နဲ့ ချစ်ကြည်နူးဖွယ် Romance Movie လေးတွေပါ။

 

 

ရွာသူအပျိုကြီးများအတွက်

 

220px-The_Wedding_Date_poster

 

 

 

 

 

 

 

 

 

 

ကိုယ့်အကြိုက်အရပ်အမောင်းနဲ့မျက်နှာထားမရှိတဲ့- Dermot Mulroney-မင်းသားဆိုပေမယ့်

 

၊မင်းသမီး– Debra Messing ရဲ့လှပမှုနဲ့အတူ

 

ကြည့်ကောင်းလှလို့၄ခါထက်မနည်း ကြည့်ဖူးမိတဲ့ “The Wedding Date” ရုပ်ရှင်လေးကတော့ ရွာသူအပျိုကြီးမမတို့အတွက်ပါ။

 

 

ရွာသူ/သားလူပျိုကြီးများအတွက်

 

250px-When_a_Man_Loves_-_Korean_Drama-p1

 

 

 

 

 

 

 

 

 

ရွာသားလူပျိုကြီးတွေအတွက် ဟောလိဝုဒ်ဒရမ်မာ(သို့)ဖန်စီ(သို့)ရိုမန့်စ်ထဲကပဲ

စဉ်းစားပေမယ့်

ကြည့်ခဲ့ဖူး

 

သမျှကားတွေထဲက စဉ်းစားအစရှာလို့မရဘူးဖြစ်နေတယ်။ဒါနဲ့ပဲ ယောကျာ်းတွေအကြိုက် အက်ရှင်အနည်း

 

ငယ်ပါရောပြွန်းထားတဲ့ ဂျွန်စောရဲ့ “-When a Man Loves”ကိုးရီးယားဒရမ်မာစီးရီးစ်ကိုပဲ

 

ရွေးချယ်ပေးလိုက်ဖြစ်တယ်။လူပျိုကြီးများ အထီး ကျန်ခြင်းမှ ကင်းဝေးရအောင် အချိန်ရှိခိုက်လုံ့လစိုက်ရင်း

 

ညီမလေးတွေနဲ့ပတ်သတ်လို့သတိရှိဖို့ရည်ရွယ်ချက်တစ်ခုပဲခံစားဖို့ပါ။

 

 

ရွာသူ/သား မင်္ဂလာစုံတွဲပူပူနွေးနွေးများအတွက်

 

liguriskoe-wallpaper-sea-sunset-desktop_large

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

မင်းသားကော၊မင်းသမီးပါ အပြစ်ပြောစရာမလိုအောင် ချစ်ခင်နှစ်သက်ဖွယ်ရာပါ။

 

Ashton Kutcher–နဲ့– Brittany Murphy-တို့ရဲ့ “Just Married” ရုပ်ရှင်လေးကတော့ ညားကာစလင်မယားနှစ်ယောက်ရဲ့

 

ဟန်းနီးမွန်းခရီးကတောက်ကဆလေးတွေပါ။မဖြစ်သင့်တာတွေမဖြစ်ရအောင် အတုယူရင်း ပေါ့ပေါ့ပါးပါး

 

ပျော်ရွှင်ဖို့အတွက်ပါ။

 

 

သားငယ်၊သမီးလေးတွေနဲ့ရွာသူားများအတွက်

 

watch-taare-zameer-par-online

 

 

 

 

 

 

 

 

 

 

သားငယ်၊သမီးငယ်လေးတွေရဲ့စိတ်ဓာတ်ရေးရာခံစားချက်ကို သိမြင်နားလည်ပေးနိုင်ဖို့နဲ့ ထိန်းကျောင်းပဲ့ကိုင်ပေးနိုင်ရန်

 

မိဘနဲ့သားသမီးငယ်တိုင်းကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ နာမည်ကြီး အိန္ဒိယရုပ်ရှင်ပါ။

 

 

ရွာသူား၅ဝကျော်၊၆ဝ စုံတွဲများအတွက်

 

url.jpgr

 

 

 

 

 

 

 

 

 

ရှေ့မှာကြုံရတော့မယ့်

ဇရာကိုအံတုဖို့ အတူတူဖေးမမယ့်လက်တွဲဖော်ကိုရှေ့ဆက်ကြင်နာ နားလည်

 

နွေးထွေးဖို့အတွက်ပါ။နာမည်ကြီးဂန္ဓဝင်ရုပ်ရှင်ကြီးတစ်ခုမို့ “The Note Book” ရုပ်ရှင်ကိုတော်တော်များများ ကြည့်ပြီးလောက်ပေမယ့်

 

အတိတ်ကအချစ်ဇာတ်လမ်းလေးတွေကို ပြန်ပြောင်းအောက်မေ့ရင်း ဆက်လက်ကြင်နာဖေးမကြပါ။

 

 

ရွာသူ/သား အသည်းကွဲနေသူများအတွက်

 

MV5BMTIxNzMwOTU3OF5BMl5BanBnXkFtZTcwMzk0NTM2MQ@@._V1._SX550_SY814_

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

The Mask ဟာသရုပ်ရှင်မှာ အလှကြီးလှခဲ့တဲ့ ပါးစပ်ပြဲပြဲမင်သမီးချော – Cameron Diaz-ပါဝင်တဲ့-

 

“What Happens in Vegas” ရုပ်ရှင်ပါ။

 

မင်းသားချော– Ashton Kutcher-နဲ့တွဲဖက်သရုပ်ဆောင်ထားတဲ့အသည်းကွဲသူနှစ်ယောက်

 

ဆုံဆည်းမိတဲ့ရုပ်ရှင်မို့ ပေါ့ပေါ့ပါးပါးကြည့်ပြီး အသည်းကွဲသူတွေ စိတ်အပမ်းပြေနိုင်စေရန်ပါ။

 

 

ရွာသူားအချစ်ရေးရာစိတ်ရှုပ်ထွေးနေသူများအတွက်

 

MV5BMTY5NDkyNzkyM15BMl5BanBnXkFtZTcwNDQyNDk0Mw@@._V1_SY317_CR0,0,214,317_

 

 

 

 

 

 

 

 

 

 

မင်းသမီးကြီး- Julia Roberts-အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ရေး၊အိမ်ထောင်ရေးမှာ စိတ်ရှုပ်ထွေးနေသူ

 

တစ်ယောက်ကမာ္ဘလှည့်မိတဲ့အကြောင်း”Eat Pray Love” ဆိုတဲ့ရုပ်ရှင်ပါ။

 

စပိုက်ဒါမန်းရုပ်ရှင်မှ အရံမင်းသား James Franco နဲ့ မင်းသားကြီး Javier Bardem  တို့နဲ့တွဲဖက်ထားပြီးအေးအေးဆေးအေးကြည့်ရင်း

 

အချစ်ပုစာ္ဆမှာ အဖြေထွက်နိုင်စေရန်ပါ။

 

 

တစ်ရွာလုံးအတွက် နှစ်သက်လက်ဆောင်တွေကို စုဆောင်းပေးအပ်ပြီးချိန်မှာ မိတ်ဆွေတို့ဝတ္တရား

 

တာဝန်တစ်ရပ်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သူတစ်ယောက်လို စိတ်ကျေနပ်မှုများစွာရရှိမိပါတယ်။

 

လက်ခံရမယ့်သူတွေအဖို့ ဘယ်လိုခံစားချက်ကိုရရှိမယ် မမှန်းဆနိုင်ပေမယ့် ပေးရသူအဖို့တော့ ကြည်နူး

 

ပီတိဖြစ်ရပါကြောင်းဖွင့်ဟရင်းးးးးးးးးးးးးးးးးး

 

                ♪♦♣♠♦♫**“Happy New Year”**♪♦♣♠♦♫

2014

 

36 comments

  • မဟာရာဇာ အံစာတုံး

    January 1, 2014 at 10:47 am

    အားပေးတွားဘာဒယ် …
    ယောက်ခမ ဒါတွေ ကျိပီး
    ဘယ်ဂလို စိတ်ကူးတွေ ယဉ်ဒလဲ ဆိုဒါလေးလဲ တိဂျင်တွားဘာဒယ် .. ငှဲငှဲငှဲ

    • ယောက္ခမက အာ့တွေအားလုံးကျိပြီးတာကြာပီမို့ယဉ်လို့ဝနေပြီ
      သွားကျိုးတို့လူပျိုလေးဒွေယဉ်ဖို့လက်ဆောင်ပေးတာ
      😀

      • ဒါနဲ့စကားမစပ် အန်နီမေးရှင်းတွေက ဘာလို့မလုှပ်တော့တာလဲအန်ဇာရေ
        အရင်ကတင်လို့ရပါတယ်
        🙄

  • ကျနော် က ရုပ ်ရှင် ကြိုက်တယ်
    နုတ် ဘုတ ်ကား ကို အ ရမ်း ကြိုက် တယ်

    နောက် နစ်ကိုလ်း ကစ်ဒမင်း ရဲ့ ကိုးလ် မောင် တိန် သိပ် ကြိုက် တယ်
    နောက် ကျ နော် ကြိုက် တာတွေ နောက် ရက် မှ ရေး ပြ မယ် ဗျာ

    • ွှ့The Notebook ကိုတော်တော်ကြိုက်တယ်။
      နစ်ကိုးလ်ကစ်ဒ်မင်းကိုက ချစ်ကိုချစ်တာဖေပေါက်။
      ကိုးလ်မောင်တိန်းလည်းကြိုက်တယ်။
      တခြားကားတွေလည်းကြိုက်တယ်။
      ဖေပေါက်ရေးပြမယ်ဆို ခွဲထွက်တဲ့ပို့စ်တစ်ခုအနေနဲ့လှိုက်လှိုက်လှဲလှဲစောင့်မျှော်နေမယ်
      🙂

  • ဇာတ်​လမ်​း​တွေမကြည်​့ဖြစ်​တာ အရမ်​းကြာပြီ… အခု ​ယောက်​ခမညွှန်​းတဲ့ ကား​တွေကို ​၅ ရက်​​နေ့​နောက်​ပိုင်​းမှာ အကုန်​ကြည်​့ပါမယ်​လို့… အခုလို နှစ်​သစ်​​လက်​​ဆောင်​​လေးအတွက်​ ​ကျေးဇူးအကြီးကြီးပါ​နော်​…

    Happy New Year 2014

    • ကြည့်မွန်လေး..အက်ရှင်တွေမကြည့်နဲ့ ရင်ထိတ်ရတယ်…ကိုယ်ကနုနုနယ်နယ်လေးဆိုတော့ နူးညံ့ညင်သာတာလေးတွေကြည့်။
      ယောက္ခမကြိုက်လို့တင်ပေးတာပါ ကောင်းတယ်။
      😀

      • ဒါနဲ့ကလေးတွေအတွက်ကုလားကားက အမွန်ကြိုက်တဲ့မင်းသား အမီးခန်းလား ဘာလား။ငတုံး၃ကောင်ထဲကမင်းသားလေ။

        • ်အယ်.. ဟုတ်တယ်.. ဟုတ်တယ်..အနော့် ချစ်ချစ်လေး.. Aamir Khan အာမားခန် ဆိုလား.. 🙂

        • ၈တန်းတုန်းကတော့ အတန်းထဲက ကုလားမလေးက အမီးခန်း ..အမီးခန်းနဲ့ တစ်ခန်းထဲခန်းနေတာနဲ့ယောက္ခမလဲ အာ့လိုပဲအလွယ်မှတ်ထားလိုက်တာအမွန်ရေ..
          😀

  • alinsett

    January 1, 2014 at 10:59 am

    good

    ကြည့်မယ်ဗျ

    ကျေးဇူးဗျ

    :kwi:

    • အလက်ဆင်းတို့အတွက်၂ကားထဲက လင်ဆေးလိုဟန်ကားလေးကိုအရင်ကြည့်
      ယောက်ျားလေးဆိုတော့ ထူးခြားတာလေးမှစိတ်ဝင်စားတာလေ။
      သဘာဝလွန်လေး ကောင်းတယ်
      🙂

  • Kwarsi(ကွာစိ)

    January 1, 2014 at 4:06 pm

    Post ကိုရော ညွှန်ပေးထားတဲ့ ဇာတ်ကားတွေကိုရော အရမ်းကြိုက်ပါတယ် ခင်ဗျာ။ ကိုယ်တိုင်လည်း ဇာတ်ကား ကြိုက်သူမို့လားမသိ တော်တော်လည်းကြည့်ဖြစ်ပါတယ်။ မြန်မာဇာတ်ကားတွေကိုလည်း ဒီလို အဆင့်အတန်းမြင့်လာစေချင်လိုက်တာဗျာ… ဆရာ ဆရာမတို့အားလုံးလည်း နှစ်သစ်မင်္ဂလာဖြစ်ပါစေလို့။

    • အခုလိုအားပေးတာကျေးဇုပါ ကွာစိရေ…
      မန်ဘာအသစ်လား၊နစ်နိမ်းအသစ်နဲ့လူဟောင်းလား။
      မန်ဘာအသစ်ဆိုရင်တော့ နှစ်သစ်ရဲ့မန်ဘာအသစ်ကိုလှိုက်လှဲဝမ်းမြောက်စွာကြိုဆိုပါတယ်ရှင်
      🙂

  • Shwe Ei

    January 1, 2014 at 4:27 pm

    ကြည့်ပီးသားလဲဖြစ် အကြိုက်လဲတူနေတဲ့ ဇာတ်ကားလေးတွေလဲ ပါသလို မကြည့်ရသေးပေမဲ့ ဇာတ်ညွှန်းနဲ့တင်ကောင်းမဲ့ပုံပေါက်တဲ့ဇာတ်ကားတွေ ဝေမျှတဲ့အတွက်လဲကျေးဇူးပါဗျာ 🙂

    • အကြိုက်တူတွေတွေ့ရင် သိပ်သဘောကျမိတယ်ရွှေအိရေ…
      နောက်လဲ ကားကောင်းလေးတွေညွှန်းပေးပါဦးမယ် အားပေးပါဦး။
      အခုကတော့ နှစ်ကူးလက်ဆောင်ပေးဖို့ အလောတကြီးတင်လိုက်တာမို့ သိပ်မစုံပါဘူး။

  • Ma Ma

    January 1, 2014 at 4:45 pm

    နှစ်သစ်ကူးမှာ မိတ်ဆွေဝတ္တရား မပျက်အောင် လက်ဆောင်ပေးတဲ့ နန်းတော်ရာသူလေးကို ကျေးဇူးတင်ပါတယ်။
    ကိုယ်တိုင်တော့ မေ့မေ့လျော့လျော့ ပေ့ါပေါ့ဆဆနဲ့ နှစ်သစ်ကူးလည်း အမှတ်တမဲ့၊ မိတ်ဆွေဝတ္တရားလည်း ပျက်ကွက် 🙁

    • အဲ့လိုလဲသဘောမထားပါနဲ့အန်တီမမရေ…
      ဖတ်ရွေးအဖွဲ့ရဲ့စေတနာနဲ့တာဝန်တွေက တစ်နှစ်လုံးပေးနေတဲ့လက်ဆောင်တွေပဲမဟုတ်လား။
      လူတိုင်းလုပ်နိုင်တဲ့ကိစ္စမှတ်လို့။
      ဖတ်ရွေးအဖွဲ့ကြီးရဲ့ကျေးဇူးကို ကူညီချင်သောအားဖြင့် ကိုယ်စားလက်ဆောင်တွေပေးပေးတယ်လို့မှတ်ယူပါ။
      🙂

  • sorrow

    January 2, 2014 at 9:10 am

    အကုန်ကြည့်ပစ်မယ်…အဟေးဟေး

  • Wow

    January 2, 2014 at 9:46 am

    What happen in Vegas ရယ် Eat Pray Love ရယ်က ကြည့်ပီးဘီ… အရမ်းကြိုက်တဲ့ကားလေးတွေပါ… 🙂

  • အဘရဟူဒီ

    January 2, 2014 at 10:32 am

    ရှဲတာတော့ ကျေးကျေး
    သို့သော်
    တကားမှ မကြည့်ရသေး
    ကြည့်ဖြစ်မယ်လည်း မထင်မိ…
    ဘာကြောင့်လဲဆိုတော့ ..အူးဂီ မအား ..ဟီဟိ…

    • ဒီထဲကတစ်ကားမှမကြည့်ရသေးပုံထောက်ရင် မောင်ဂီက အက်ရှင်ကြိုက်နဲ့တူရဲ့
      ဒါမှမဟုတ် မြန်းတျန့်ကားတွေပဲကြည့်တယ်ထင်ရဲ့
      😀

  • Myo Thant

    January 2, 2014 at 10:51 am

    ၂၀၁၄ မှာ စစ်ကားများသာ ကြည့်ပါတော့မည် ၊
    စိတ်ကူးယဉ်စစ်ကားများ မပါပါ ၊

    • ဒီလိုဆိုကိုးယားကားကြည့်ဖော်မရတော့ဘူးပေါ့
      ခက်ပီ
      တာမီးကဦးမျိုးအားကိုးနဲ့မိုက်နေတာ
      :mrgreen:

  • ဗုံဗုံ

    January 2, 2014 at 12:07 pm

    မရ မကအတင်း ဖြဲဝင်ပြီး…….. လက်ဆောင်တွေယူသွားဘာတယ်
    မားမားသော်……
    နောက်ခါဆိုရင် မီးမီးတွက်
    ကြောင်နဲ့ကြွက်…. :mrgreen:

  • TNA

    January 2, 2014 at 2:37 pm

    ကျေးဇူးပါ။ မှတ်သားသွားပါတယ်။ ဗိုလ်ချုပ်ဈေးရောက်ရင် ရှာဝယ်ရအုံးမယ်။ ဒါပေသိ ရုပ်ရှင်ကြည့်ဖို့အချိန် ရှာရအုံးမယ်။ မြန်တျန့်မပီသဘူးပြောလဲခံရုံပဲ မြန်မာကားကတော့ ဝေရာမဏိရှောင်ကျဉ်ပါအိ ပဲ။ အချိန်နှမျောဖို့ကောင်းတယ် ကြည့်ရတာ။ အလကားအချိန်ကုန်တာပဲအဖတ်တင်တယ်။ အဲတော့ ကြည့်ကိုမကြည့်တော့ဝူးရယ်။

  • KZ

    January 3, 2014 at 10:15 am

    စတင်ကတည်းက ဖတ်မိပြီး ရေးချင်တာက များးး
    ဖုန်းနဲ့ မန့်ဖို့ အဆင်မပြေတာနဲ့ ကြာနေတာခွေးလွှတ်ပါ။

    သာမာန် ဆို ရိုမန့် ကော်မဒီတွေကို ကြိုးစားပြီးမကြည့်ပါဘူးးး
    မကြိုက်လို့ ကြုံမှ၊ မောင်လေးက ကောင်းတယ် ညွန်းမှ ကြည့်ပါတယ်။

    ဟိ။
    အပေါ်ဆုံး ၂ ကားနဲ့ အက်ရှတန် ကား ၃ ကားကြည့်ပြီးးးး
    ဟို ရဲ့ကားလည်း လွန်ခဲ့တဲ့ ၂ ရက်ကမှ ကြည့်ပြီးးး
    ကျန်တဲ့ကားတွေလည်း ညလေးသော်ရဲ့ စေတနာ အညွန်းမို့ ကြည့်ဖို့ကြိုးစားပါမီ။

    :chit:

    • အက်ရှတန်ကိုတော့မမကြိုက်မှာပေါ့။
      လူသိမများတာတွေကတော့ မြန်းတျန့်မှာအပြင်မှာရှာရခက်တော့ဒေါင်းကြည့်ရတယ်မမ

  • Mr. MarGa

    January 3, 2014 at 10:28 am

    သားငယ်၊သမီးလေးတွေနဲ့ ရွာသူားများအတွက် ဆိုတဲ့ ဇာတ်ကားကိုတော့ ကြည့်ပြီးပြီ
    အက်ရှင်တွေပဲ ကြိုက်တာမို့
    ရိုးမန့်စ်တွေ မကြည့်ဖြစ်
    ဟာသတောင် သိပ်မကြည့်
    အခုတော့ ရှာကျိလိုက်ပါမည်။
    တစ်ခုတော့ ရှိပါအိ
    ညန်မာကား ဘယ်လောက်ကောင်းကောင်း မကြည့်ဖြစ်တာ အတော်ကြာချေပြီ။
    (ရွာထဲမလဲ ညန်မာကား မကြည့်သူ အတော်များမည်ထင့်)
    ဘာပဲဖြစ်ဖြစ် ကြည့်ရန်ဒေါင်းပါမည် ဆိုတဲ့အကြောင်းးး…………………….

    • သားငယ်၊သမီးလေးတွေနဲ့ရွာသူားများအတွက် ကားကို ဒက်ဒီမာဂကြည့်ပြီးတာသိပါတယ်။
      သားတော်မောင်တဂျားအတွက်လေ။
      😀
      ကျန်တဲ့ကားတွေတော့ ဝယ်ကြည့်လို့ရမယ်ထင်တယ်။
      အခုကားတွေအားလုံးယောက္ခမှာ အခွေရှိတယ်။
      မြန်မာကားတွေကတော့ ရှေးခေတ်ကားတွေကိုကြိုက်ပါတယ်။

  • surmi

    January 4, 2014 at 11:20 am

    အစာ​ကောင်​းစားရတိုင်​း မိ​ဆွေကိုသတိယတယ်​ဆို​တော့….
    မိ​ဆွေ ​ကောင်​းပီသတာ​ပေါ့​နော်​. )
    အခုလှည်​း … ရုပ်​ရှင်​​တွေနဲ့ မိ​ဆွေ ဝတ်​တရား​ကျေးပြွန်​ပါ့ဗျာားးး

Leave a Reply