ပတ္တမြားရွှေဂူ
တစ်နေ့က
ဦးမာဃ မဖတ်ဖြစ်တာ ကြာပြီဖြစ်တဲ့ မှတ်စုစာအုပ်ကို ပြန်လှန်ဖြစ်တယ်။
မှတ်ထား တို့ထားတာလေးတွေ ဖတ်ရင်း တွေးစရာ အစကလေးတွေကို ဆက်တွေးရင်း ပေါ့။
အဲဒီမှာ ကဗျာလေးတစ်ပုဒ်ကို သွားတွေ့တယ်။
စ ဖတ်ရကတည်းက ကြိုက်မိလို့ မှတ်စုထဲကို တို့ထားမိတဲ့ ကဗျာလေးတစ်ပုဒ် ပေါ့
အခုအချိန်အထိလဲ ရှားရှားပါးပါး အလွတ်ရနေဆဲဖြစ်တဲ့ ကဗျာတစ်ပုဒ်ဆိုလဲ မမှားဘူးပေါ့လေ။
အတော်များများလဲ ဒီကဗျာကို သိကြမယ် ထင်ပါရဲ့။
ကဗျာ နာမည်က “ပတ္တမြားရွှေဂူ” တဲ့။
မန်လည်ဆရာတော် ရေးခဲ့တဲ့ ကဗျာပေါ့။
ပတ္တမြားရွှေဂူ
ပြစ်မရှိ ပြစ်ရှာ။
လမင်းကို ခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။
မြရွှေဂူ ပတ္တမြားကိုလ
ဝက်များက ငြူစူစွာ
ညွှန်လူးကာ တိုက်နဲ။
ပွတ်လေလေ
ဂူရွှေမှာ အရောင်ထွက်တယ်
ရှေးကထက်ကဲ။
မန်လည်ဆရာတော်
ကဗျာကို ဖတ်ရုံနဲ့တင် ဘာကိုဆိုလိုချင်တယ်ဆိုတာ ချက်ချင်း သိနိုင်တယ်နော့။
ဦးမာဃ ငယ်စဉ်က ဒီကဗျာကို နေရာအတော်များများမှာ ဥပမာပေး သုံးခဲ့ဖူးတယ်။
“လမင်းကို ခွေးဟောင်လို့ ရွှေလရောင် ပြောင်မပျက်တယ် ထွန်းလျက်ပင်သာ” ဆိုတဲ့ စာသားကို အဓိက ထားပြီးတော့ပေါ့ဗျာ။
ကိုယ့်ကို လာ ဝေဖန်တဲ့သူတွေ၊ လာလာပြီး ခြေရာတိုင်းတတ်တဲ့သူတွေကို ဥပမာပေးလို့ အတော်ကောင်းတဲ့ စာသားပေကိုး။
(တကယ်ကတော့ အဲဒီဝေဖန်ချက်တွေ၊ ယှဉ်ပြိုင်မှုတွေကနေ သင်ခန်းစာယူပြီး ကိုယ့်ကိုကိုယ် ပြန်ပြင်သင့်တာပေါ့လေ)
ဒါပေမင့် အသက်ကငယ်ငယ် စိတ်က ခပ်ထန်ထန် ဆိုတော့လည်း ယဉ်ယဉ်ကျေးကျေး၊ ပညာသားပါပါ အနိုင်ယူတဲ့နည်းလမ်းထက် တစ်ဖက်သားကို ပြန်ပြီး တိုက်တဲ့နည်းလမ်းကို ပို အားသန်မိတာပေါ့။
ကဗျာကို ပြန်ကြည့်မယ်ဆိုရင်
အပိုင်းနှစ်ပိုင်း ခွဲထားတဲ့ပုံစံကို တွေ့မယ်။ (ဦးမာဃ အမြင်ပါနော့)
ပထမ တစ်ပိုင်းမှာ အမြင့်မှာရှိနေတဲ့ လမင်းကို ခွေးဟောင်ပုံကိုပြောထားတယ်။
ဘယ်လောက်ပဲ အပြစ်ဆိုနေပါစေ၊ ဘယ်လောက်ပဲ မကောင်းပြောနေပါစေ လမင်းကတော့ သာမြဲသာဆဲ ဆိုတဲ့အမြင်ကို ပေးတယ်။
နောက်တစ်ပိုင်းမှာတော့
အရောင်တလက်လက် ထွက်နေတဲ့ ပတ္တမြားရွှေဂူကို အရောင်မထွက်စေဖို့ ရည်ရွယ်ချက်နဲ့ ညွှန်လူးလိုက်ကြပေမင့် အဲဒီအကျိုးဆက်ကြောင့် ပိုပြီး တောက်ပြောင်သွားတယ် ဆိုတာ ပြောပြထားတယ်။
တကယ်ကတော့ လူတော် လူကောင်းကို ဘယ်လောက်ပဲ အပြစ်ရှာ၊ အပြစ်ပြောနေပါစေ သူ့တန်ဖိုးဟာ မှိန်မသွားဘဲ ပိုပြီး တောက်ပလာတတ်တယ် လေ။
မန်လည်ဆရာတော်က လူ့သဘောသဘာဝ၊ ပတ်ဝန်းကျင်နဲ့ နှိုင်းပြီး သင်ခန်းစာ ပေးချင်တာလားတော့မသိ။
သို့ပေမင့် ဦးမာဃတို့ကတော့ လိုရာဆွဲ သုံးကြတာက ပိုများနေတယ်။
ကဗျာကပေးတဲ့ သင်ခန်းစာ အနှစ်ကို ဖယ်ပြီး ကဗျာစာသားကိုပဲ အကာအကွယ်တစ်ခုလိုယူပြီး သုံးနေတာလေ။
အင်း….. သူ့ဟာသူ နေတဲ့ကဗျာကိုဗန်းပြပြီး ပြောချင်ရာပြောနေတာ များပြီထင့်
အဲ…တစ်ခုတော့ရှိတယ်
ဦးမာဃကတော့ ကဗျာကိုဖတ်ပြီးတိုင်း အလုပ်တစ်ခု ပြီးမြောက်ဖို့အတွက် ပတ်ဝန်းကျင်ကို အများကြီး အာရုံမစိုက်ဖို့နဲ့ ဦးတည်ချက်တစ်ခုကို အောင်မြင်အောင်လုပ်ဖို့ ဆိုတဲ့အတွေးကို ပြန်ပြန်တွေးမိတယ်။
ကျန်တဲ့သူတွေရော ကဗျာကိုဖတ်ပြီး ဘာအတွေးတွေများ ရနေမလဲနော်………………
လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)
မြန်မာ စံတော်ချိန် တစ်ဆယ့်နှစ်နာရီတိတိတွင် တင်သည်။ 🙂
28 comments
•*¨နန်းတော်ရာသူ •*¨
January 1, 2014 at 12:11 am
သိပ်သဘောကျစရာကောင်းပြီး ဘေးထိုင်ဘုပြောအကျင့်သမားတွေကို ပိတ်တီးတဲ့ကဗျာပါ။
အထူးသဖြင့် ဖွဘုတ်နဲ့သင့်တော်ရဲ့
(ဒါနဲ့လိုင်းမကောင်းလို့အခုမှထတင်ရတာလားတဂျားရေ 🙄 ..ဘွတူတွေ )
😥
Mr. MarGa
January 3, 2014 at 10:39 am
နှစ်သစ်မှာ တင်စရာ ဘာမှမရှိလို့ ကြံမိကြံရာ တင်မိတင်ရာ တင်လိုက်ခြင်း 😛
ယူတတ်ရင် ပညာရပါသဗျ…… 🙂
padonmar
January 1, 2014 at 1:02 am
သကြားလိုပဲ ယူပါတယ်။
အတိုက်အခိုက်များလာလေ ကိုယ့်အရောင်ပိုပြောင်လေပေါ့။
Mr. MarGa
January 3, 2014 at 10:41 am
အတိုက်အခိုက် မရှိရင် မတိုးတက်ဘူး လို့တော့ မှတ်ထားဖူးတယ် ဒေါ်လေးရ
alinsett
January 1, 2014 at 11:14 am
ကျွန်တော်ဆိုတဲ့ကောင်ကတော့
ကဗျာကို ဖတ်ပြီးရင်
ရင်ထဲမှာ တခြား ဘာမှ မတွေးနိုင် ဘာမှ မကျန်ခဲ့
တစ်ခုပဲ
ရင်ထဲမှာ ကဗျာပဲ ကျန်တယ်
ကဗျာဆိုမှ ကဗျာပဲ။
🙂
ဦးမာဃ ကဗျာခံစားမှုတွေ ဘာတွေ ရေးလာပြီ။
ကဗျာစကားတွေ ပြောလာပြီ
ကဗျာနဲ့ ဝေးတယ်လို့ မပြောနဲ့တော့
Mr. MarGa
January 3, 2014 at 10:43 am
ကဗျာနဲ့က မဝေးပါဘူး
ကဗျာကြားမှာ နေရတာပဲကို
မသိတာပဲရှိတယ်…. 🙂
လုံမလေးမွန်မွန်
January 1, 2014 at 1:39 pm
နှစ်သစ်ရဲ့ စိတ်သစ်တစ်ခုကို ပြချင်လို့ ၁၂ နာရီအတိမှာ တင်တယ်မှတ်တယ်.. 🙂
သဂျားပြောသလို..ငယ်ငယ်ကတော့ ကိုယ့်ကို လာဝေဖန်တာတွေ၊ တိုက်ခိုက်တာတွေကို ပြန်ပြောချင်တဲ့အခါ ဒီကဗျာကိုသုံးတယ်…
ဒါပေမယ့် အခုတော့ ကိုယ့်ကိုကိုယ် ပြန်သတိထားရတာက ငါက လမင်းကို ဟောင်မိနေတဲ့သူ.. ပတ္တမြားဂူကို ညွှန်လူးတဲ့သူများ ဖြစ်နေမလားလို့ ပေါ့… အသက်အရွယ်ကြောင့် အမြင်တွေ ပြောင်းလာတဲ့အခါ… ငယ်တဲ့သူတွေနဲ့ ဆက်ဆံရတဲ့အခါ… ကိုယ့်စိတ်ကို အရိုးသားဆုံးဖြစ်အောင် စစ်နေမိတယ်…
အခုချိန်မှာတော့ ကိုယ့်ကိုကိုယ် လမင်းတို့၊ ပတ္တမြားဂူး တို့ နေရာက မနေတော့ဘဲ ဟောင်တဲ့သူ၊ ညွှန်လူးတဲ့သူ မဖြစ်အောင် အတတ်နိုင်ဆုံး ထိန်းနေပါတယ်…
Mr. MarGa
January 3, 2014 at 10:48 am
နှစ်မျိုးမြင်ကြည့်ပေါ့….
ဒါ တစ်ဖက်အမြင်ပဲ ရှိသေးတာနော့
လောလောဆယ်တော့ အသက်ကြီးလာလို့လားမသိ အဲလိုဘေးက ပြောနေတဲ့သူတွေကို ကျေးဇူးတင်မိတယ်
အာဟိ 🙂
Tun Lin Naing
January 1, 2014 at 4:48 pm
ဟောင်တယ်၊ ညွန်လူးတယ်ဆိုတာထက်….
သူများတွေရဲ့လုပ်ရပ်တွေ….အထူးသဖြင့် လူအများပေါ်သက်ရောက်မှုရှိနိုင်တဲ့ လုပ်ရပ်တွေပေါ့ဗျာ…..ပေါ်မှာ..
ဝေဖန်နိုင်စွမ်းရှိရမယ်လို့ …. မြင်မိပါတယ်….ဝေဖန် ပိုင်းခြားတတ်ဖို့ ပညာသင်ကြားခဲ့ကြရတာမဟုတ်လား ….
ဒီလိုပဲ အခြားတစ်ဖက်မှာ… ကိုယ့်အပေါ်ဝေဖန်လာခဲ့ရင်လဲ..လက်ခံနိုင်စွမ်းရှိရမယ်…ဝေဖန်ခံရတဲ့ အကြောင်း
အရာတွေအပေါ်မှာ အခြေခံပြီး ကိုယ့်ကိုကိုယ်ပြုပြင်ယူသွားမယ်….ပြင်ဆင်သွားမယ်ဆိုရင်…အနည်းဆုံးတော့
အခုထက်ပိုကောင်းတဲ့သူ…ပိုတော်တဲ့သူတွေ ဖြစ်လာနိုင်ပါတယ်…..
အဲလိုမှမဟုတ်ပဲ ခွေးဟောင်တယ်လို့ မြင်တယ်ဆိုရင်တော့….မြင်တဲ့သူရဲ့အမှားသာဖြစ်ပါလိမ့်မယ်….
ကျွန်တော့် အမြင်ကို တင်ပြခြင်းသာဖြစ်ကြောင်းပါခင်ဗျား…………..
Tun Lin Naing
January 1, 2014 at 4:52 pm
ဟောင်တယ်၊ ညွန်လူးတယ်ဆိုတာထက်….
သူတပါးရဲ့ အတွေးအခေါ်နဲ့ လုပ်ရပ်တွေ….အထူးသဖြင့် လူအများပေါ်သက်ရောက်မှုရှိနိုင်တဲ့ လုပ်ရပ်တွေပေါ့ဗျာ…..ပေါ်မှာ..ဝေဖန်နိုင်စွမ်းရှိရမယ်လို့ …. မြင်မိပါတယ်…
ဝေဖန် ပိုင်းခြားတတ်ဖို့ ပညာသင်ကြားခဲ့ကြရတာမဟုတ်လား …. ဒီလိုပဲ အခြားတစ်ဖက်မှာ… ကိုယ့်အပေါ်ဝေဖန်လာခဲ့ရင်လဲ..လက်ခံနိုင်စွမ်းရှိရမယ်…ဝေဖန်ခံရတဲ့ အကြောင်းအရာတွေအပေါ်မှာ အခြေခံပြီး ကိုယ့်ကိုကိုယ်ပြုပြင်ယူသွားမယ်….ပြင်ဆင်သွားမယ်ဆိုရင်…
အနည်းဆုံးတော့ အခုထက်ပိုကောင်းတဲ့သူ…ပိုတော်တဲ့သူတွေ ဖြစ်လာနိုင်ပါတယ်…..
အဲလိုမှမဟုတ်ပဲ ခွေးဟောင်တယ်လို့ မြင်တယ်ဆိုရင်တော့….မြင်တဲ့သူရဲ့အမှားသာဖြစ်ပါလိမ့်မယ်….
ကျွန်တော့် အမြင်ကို တင်ပြခြင်းသာဖြစ်ကြောင်းပါခင်ဗျား…………..
Mr. MarGa
January 3, 2014 at 2:41 pm
ကိုထွန်းလင်းနိုင်
မတူတဲ့အမြင်နဲ့ လာပြောပေးတာမို့ ကျေးဇူးပါ။
အရာတစ်ခုကို တစ်ဖက်တည်းကနေပဲ မြင်နေမယ်ဆိုရင် မျှမျှတတ ဆုံးဖြတ်နိုင်မှာ မဟုတ်ပါဘူး။
အဲလိုပဲ အမြင်တူတွေပဲ စုနေရင်လဲ အဲဒီအမြင်အပေါ် ထောက်ပြ၊ သုံးသပ်ပေးမယ့်သူ မရှိတာကြောင့် အောင်မြင်မှာ မဟုတ်ဘူးလေ။
ဒီလိုအမြင်လေးတွေကို ကြားသိရတာ ကျေးဇူးတင်ပါသဗျ။
Mလုလင်
January 2, 2014 at 12:54 am
ပတ္တမြား ရွှေဂူ ဆိုတာ စိတ်ကူးယဉ် ပစ္စည်း တစ်ခုဖြစ်တယ် ဆိုတာ ကို အတိအကျ လက်ခံ ပြီးမှ ထပ်ဆင့် စဉ်းစားခန်း ဖွင့်မိပါတယ်။
Mr. MarGa
January 3, 2014 at 10:53 am
တွေးစရာ အတွေးတစ်စ တော့ ရသွားတယ်မလား ကလုရေ
မဟာရာဇာ အံစာတုံး
January 2, 2014 at 5:00 am
ဒီလိုလည်း ရှိသေးတယ်
လူဂလေး မာဃရဲ့ …..
Mr. MarGa
January 3, 2014 at 11:51 am
လုပ်စရာရှိတာသာ ဆက်လုပ်ပေါ့ကွယ်………
အောင်မြင်မှုက နောက်က လိုက်လာမပေါ့…နော
(အဲ… လမ်းကြောင်းမမှန်ရင်တော့…မပြောတတ်)
လုံမလေးမွန်မွန်
January 3, 2014 at 12:03 pm
ဒီစကားအတွက် ခွက်ဒစ်ပေးပါကွယ်… ရန်ချိုလေးရဲ့စကား ြြဖြစ်နေလို့ပါ…
Mr. MarGa
January 6, 2014 at 1:18 pm
ရန်ချိုက ညန်မာလိုပြောတာမဟုတ်လို့
မပေးနိုင်ပါဘူးကွဝ်…. :mrgreenn:
TNA
January 2, 2014 at 7:14 pm
ငယ်ငယ်ကတော့ ကိုယ်ခံလာရရင် ဒီကဗျာလေးကိုကိုးကားပြီးအားတင်းခဲ့မိတယ်။ 😀 ကိုယ်ကလမင်း ကိုယ်က ပတ္တမြား ရွှေဂူ ပေါ့
Mr. MarGa
January 3, 2014 at 1:25 pm
လိုရာဆွဲသုံးရာမှာတော့ အတော့်ကို အသုံးကျတဲ့ ကဗျာတစ်ပုဒ် :mrgreenn:
KZ
January 3, 2014 at 10:17 am
ဟိ။
ဒီကဗျာဖတ်ပြီး ဘယ်သူနဲ့ ဘယ်သူ့ကို မြင်ယောင်မိတယ်ဆိုတာ ပြောပြရအူးမားးး
😀
Mr. MarGa
January 3, 2014 at 1:34 pm
သိပါတယ်ဗျာ
အဲ့လူတွေကို ဘက်ပြောင်းကြည့်ချင်ဘူးလား :mrgreenn:
KZ
January 3, 2014 at 2:10 pm
မေးစရာကို မဟုတ်။
ခွေးထက်နိမ့်တဲ့လူတွေမြန်းးး
🙁
TNA
January 3, 2014 at 7:27 pm
ငယ် ပြေးအုံးမွှ နိုင်ဂံရေးဒွေပါလာဘီထင့် 😀
Mr. MarGa
January 6, 2014 at 11:50 am
မန်းသူများ….
ယုံကြည်ရာဆို အလျှော့ကိုမပေး…. 🙂
kai
January 4, 2014 at 7:13 am
ဟိန္ဒူအယူတွေခိုးချထားတဲ့.. မဃဒေဝလင်္ကာဟာ.. မြန်မာ့ယဉ်ကျေးမှုနဲ့အတွေးအခေါ်တွေကို လွှမ်းမိုးလွန်းလှတယ်..။
ဆိုတော့… မတူတဲ့အတွေးနဲ့.. ၂၁ရာစုမှာ.. ခြေရေးလိုက်မယ်..။ လာလေ့..။
“အမှန်လောက”
ခွေးဟောင်လို့ လမင်းငယ်
ပြုံးမပျက်ပေါင်ကွယ်
အချိန်တန် နေမင်းထွက်မည်ပ
ရွှေလရောင် ဘယ်လောက်လင်းပေမယ့်
အဝေးဆုံးကို GONE!
မြရွှေဂူ ပတ္တမြားကိုလ
ဝက်များက ငြူစူစွာ
ညွှန်လူးကာ တိုက်နဲ။
တကယ်မှန်လောကမှာ
မြရွှေဂူ ပတ္တမြားရယ်မရှိ
မင်းသိပါ၏။ ။
surmi
January 4, 2014 at 9:43 am
ကိုင်းးး… ဒို့သဂျီးက ကဗျာနဲ့ချေတော့ ကဗျာနဲ့ဘဲပြန်ပြီးဆွဲချက်တယ်မယ်ဗျာ..
လာလေ့ !!¡¡¡
ဟတ်ချလောင်း 🙂
“သဂျီးသိ်စေ”
နေ လ ကမ္ဘာရယ်က
အလှည့်ကျ လည်ကာပတ်နေသမို့
သူပြီးရင်ဟိုအကောင်
ဟိုအကောင် ပြီး သူပြန်ရောက်
မာနတွေ မောက်မနေပါနဲ့
အချိန်တန်ရင်အနောက်ကိုယွန်း
အရှေ့ကျွန်းက လ ရိပ်ရောင်
တခါပြန် အမှောင်ခွင်းမှာကွယ့်
မင်း … ကြည့်လှည့်ဦး ….။
ကိုယ်မမြင်ကိုယ်မသိရုံနဲ့
မရှိဘူး ဆိုရင်ဖြင့်
ှုသင့်တင့်တဲ့အယူအဆ
မျှတတဲ့ တွေးခေါ်မှု
အားပြုဖွယ်ဆင်ချင်တုံတရား
ဘယ်နားမှာရှာရပါ့
ပတ္တမြား ဂူဆိုတာက
အနှိုင်းထပ်တူပြု
တင်စားသမှု ဖွဲဆိုတာ
ဆရာသမားလည်းသိသားနဲ့ဗျာ
…ဒီမှာ..ဒီမှာ..
သဒ္ဓါ သီလ သုတ ပညာ
ဘယ်အရာကိုငြူစူလို့
ဘယ်သူက ညွန်လူးတာ
လယ်ပြင်မှာ ဆင်သွားသလို
အရှင်းသား ဖြစ်ပါကြောင်း
သဂျီးရေ…. မောင်းထုလှည့်ဦး ….။
kai
January 4, 2014 at 9:55 am
ဒူ.. ဝူဝူ…
အဲ..ယောင်လို့..
ပြန်ကဗျာလေးကောင်းပါ့ဗျာ..
Mr. MarGa
January 6, 2014 at 12:16 pm
ဟီဟိ
သဂျီး…. လက်ခံလိုက်ရချေပြီကိုးးးးးးးး 🙂