Mr. MarGaFebruary 26, 20153min34643
ဒီနေ့ ထုံးစံအတိုင်း လိုင်းပေါ်မှာ ဟိုမွှေဒီမွှေလုပ်ရင်း စကားလုံးလေး (၂)လုံးကို သွားတွေ့တယ် By choice နဲ့ By chance တဲ့ ဖတ်ရင်းနဲ့ ရောလာတာမို့ နည်းနည်း ပိုပြီး ရေရေရာရာသိချင်တာနဲ့ ဟိုဂျီးဒေါ်ကို သွားမေးလိုက်တယ် (ပုံမှန်ဆို ကိုယ်တိုင်ရှာနေကျပေမယ့် နည်းနည်း အပျင်းဓာတ်ဝင်နေလို့)   သူ့ကိုမေးမှ သူပါ လည်ထွက်သွားသလားမသိပါဘူးဗျာ ရှင်းရင်း ရှုပ်နေရော အဲ့လိုပြောနေရင်း ဘယ်နားက ရှာလာတယ်မသိ စာလေးတစ်ပုဒ် ပို့လာတယ်။ (အဲဒီစာကိုဖတ်လိုက်တာ အစက သိချင်နေတဲ့ကိစ္စလေးတောင် မေ့တေ့တေ့ဖြစ်သွားတဲ့အထိ)     ဆိုတော့ အဲဒီစာလေးဖတ်ပြီး ပြန်ချပြချင်စိတ်ပေါက်လာတာမို့ မတောက်တခေါက် ဘာသာပြန်စွမ်းရည်နဲ့ ပေါင်းပြီး ဘာသာပြန်ပေးလိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦး။ (အင်္ဂလိပ်လိုက ပိုလှတယ်၊ ကျနော် ဘာသာပြန်လိုက်တာ တချို့နေရာတွေ ကပေါက်ကချော်ဖြစ်နေတယ်) […]


Mr. MarGaAugust 20, 20142min21117
ဟိုတစ်ရက်က ဘာရယ်မဟုတ် ကျောင်းကိုရောက်သွားတယ်။ သူငယ်တန်းကနေ ဆယ်တန်းအထိ တက်ခဲ့တဲ့ကျောင်းပါ။ ကျောင်းကိုရောက်တော့ ငယ်ငယ်က သူငယ်ချင်းတွေကိုလွမ်း၊ ဆရာမတွေကိုလွမ်း၊ စာသင်ခန်းတွေကို လွမ်း နဲ့ အလွမ်းတွေ များလာတာမို့ အလွမ်းပြေ ပုံတွေလျှောက်ရိုက်လာတာဗျ။ ကျနော်တက်ခဲ့တဲ့ ကျောင်းကတော့ အရင်က တော်ဝင်သံတဲ၊ နောက် ဒိုင်အိုစီဇင်၊ ထပ် ပြောင်းတော့ အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်း ပေါ့ဗျာ။ မင်းတုန်းမင်းလက်ထက်မှာ ဒေါက်တာမတ် ကို ဆောက်ပေးခဲ့တဲ့ကျောင်း ပါ။ သီပေါမင်းနဲ့ မင်းညီမင်းသားတချို့ ဒီကျောင်းက ထွက်ခဲ့သပေါ့ ဘာရယ်မဟုတ် အလွမ်းပြေလေး တင်တာပါဗျာ။ အသေးစိတ်ကို နောက်ပိုင်း စိတ်ပါမှ ပြန် မွှေပြီး တင်ပါဦးမယ် လောလောဆယ်တော့ အမြည်း လို့သာ မှတ်ပေါ့  :loll:     စုံတော့ မစုံသေးဘူးဗျ နိုင်သလောက်ပဲ ပတ် ရိုက်ထားတာ   အဲ.. ဆရာမတွေအကြောင်းတော့ လာမမေးနဲ့နော့ အတန်းဖော် မိန်းကလေးတွေတောင် နာမည်မေ့လုလုဖြစ်နေလို့ […]


Mr. MarGaFebruary 28, 20141min34435
စကားးး………. ဘာသာစကား ဆိုတာက ဟိုးးအရင် လူသားတွေ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖို့ ကြိုးစားရင်းနဲ့ ပေါ်ထွက်လာတဲ့ ဆက်သွယ်ရေးနည်းလမ်းတစ်ခုလို့ ပြောရမယ်။ အခုအချိန်အထိလဲ တစ်ဦးနဲ့တစ်ဦး တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ပြောဆိုရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဆဲပါ။ လူတစ်ယောက်ရဲ့ ပြောပုံဆိုပုံကိုကြည့်ပြီး သူ့ရဲ့ အမူအကျင့်ကို ခန့်မှန်းနိုင်တယ်လို့ ပြောရလေမလား။ စကား စကား ပြောပါများ စကားထဲက ဇာတိပြ ဆိုသလိုပေါ့ ပြောတာ ကြာလာလေလေ အတွင်းသဘောကို ပို သိလာရလေလေပါပဲ။ ဒါကြောင့် လူတစ်ယောက်အကြောင်းကို သိချင်ရင် စကားပြောဆိုကြည့်တာက အကောင်းဆုံးလို့ ဆိုချင်မိတယ်။ (အဲ…ဒါပေမင့် ဦးမာဃကတော့ ခဏတဖြုတ် စကားပြောကြည့်ရုံနဲ့ မခန့်မှန်းတတ်သေးပါကြောင်း)   လေသံနဲ့ ဟန်ပန် စကား ပြောမယ် ဆိုပြန်တော့လဲ…….. ပြောရုံနဲ့တင် မပြီးဘဲ လေယူလေသိမ်း၊ […]


Mr. MarGaJanuary 10, 20141min24922
မိသားစု တစ်ခု ဆိုတာ သူစိမ်းနှစ်ယောက်ကနေ အစပြုတာ။ မိသားစု တစ်ခုဖြစ်ဖို့ သာယာတဲ့မိသားစုဘဝတစ်ခုကို တည်ဆောက်ဖို့အတွက် နားလည်မှုတွေ၊ ဂရုစိုက်မှုတွေ၊ တန်ဖိုးထားမှုတွေ၊ ယုံကြည်မှုတွေ အချိန်တွေကို အခြေခံအုတ်မြစ်အဖြစ် သုံးခဲ့ရတယ်။ ကွန်ဆာဗေးတစ်လို့ပဲပြောပြော လစ်ဘရယ်ပဲ ဖြစ်ဖြစ် မိသားစု ဆိုတဲ့ အသိုက်အမြုံလေးတစ်ခုဖြစ်ဖို့အတွက်တော့ ထိုက်တန်တဲ့ တန်ဖိုးထားမှု၊ နားလည်မှုတွေ ပေးရတာပဲ။ မတူညီတဲ့ဘဝနှစ်ခုကို တသားတည်းဖြစ်အောင် ပေါင်းစည်းဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာကိုး အိမ်ထောင်တစ်ခု ခိုင်မြဲဖို့၊ သာယာဖို့မှာ အချစ်ထက် ယုံကြည်မှု၊ နားလည်မှုတွေဟာ ပိုအဓိကကျလိမ့်မယ်။ အချစ်မပါတဲ့ အိမ်ထောင်ရေးဟာ ဆားမပါတဲ့ဟင်းလို ပေါ့ပျက်ပျက် နိုင်တယ် ဆိုနိုင်ပေမင့် ဟင်းတစ်ခွက်ဖြစ်ဖို့ ဆားကအဓိကနေရာမှာ မပါဘူး။ သံယောဇဉ် ဆိုတာကတော့ အရေးကြုံလာရင် ချစ်ခြင်းမေတ္တာထက် ပို အသုံးဝင်ပါတယ်လေ။ အဲ…..ပိုပြီးတော့လည်း တည်မြဲလိမ့်မယ်။ […]


Mr. MarGaJanuary 1, 20141min38728
တစ်နေ့က ဦးမာဃ မဖတ်ဖြစ်တာ ကြာပြီဖြစ်တဲ့ မှတ်စုစာအုပ်ကို ပြန်လှန်ဖြစ်တယ်။ မှတ်ထား တို့ထားတာလေးတွေ ဖတ်ရင်း တွေးစရာ အစကလေးတွေကို ဆက်တွေးရင်း ပေါ့။ အဲဒီမှာ ကဗျာလေးတစ်ပုဒ်ကို သွားတွေ့တယ်။ စ ဖတ်ရကတည်းက ကြိုက်မိလို့ မှတ်စုထဲကို တို့ထားမိတဲ့ ကဗျာလေးတစ်ပုဒ် ပေါ့ အခုအချိန်အထိလဲ ရှားရှားပါးပါး အလွတ်ရနေဆဲဖြစ်တဲ့ ကဗျာတစ်ပုဒ်ဆိုလဲ မမှားဘူးပေါ့လေ။ အတော်များများလဲ ဒီကဗျာကို သိကြမယ် ထင်ပါရဲ့။ ကဗျာ နာမည်က “ပတ္တမြားရွှေဂူ” တဲ့။ မန်လည်ဆရာတော် ရေးခဲ့တဲ့ ကဗျာပေါ့။ ပတ္တမြားရွှေဂူ ပြစ်မရှိ ပြစ်ရှာ။ လမင်းကို ခွေးဟောင်လို့ ရွှေလရောင် ပြောင်မပျက်တယ် ထွန်းလျက်ပင်သာ။ မြရွှေဂူ ပတ္တမြားကိုလ ဝက်များက ငြူစူစွာ ညွှန်လူးကာ တိုက်နဲ။ ပွတ်လေလေ ဂူရွှေမှာ […]


Mr. MarGaAugust 13, 20131min28825
  . . . . . . . . . . . ဘောလုံးပွဲများမှာ မဆဲဖို့ ဗထူးကွင်း ဘောလုံးပွဲများတွင် အလွန်ဆဲနေကြသည်ဟု မိတ်ဆွေများက ပြောကြသည်။ ခဏခဏပင် ပြောကြသည်။ ကျွန်တော် ဘောလုံးပွဲသို့ မရောက်သည်မှာ တော်တော်ပင်ကြာပြီ။ ထို့ကြောင့် ဘောလုံးပွဲအကြောင်း ဘာမှမသိ။ သို့ရာတွင် ဘောလုံးပွဲတွင် ဆဲကြသည်၊ အလွန်ပဲ ဆဲနေကြသည် ဆိုသောသတင်းကို ကြားရသောအခါ အများကြီး စိတ်မကောင်းဖြစ်မိသည်၊ ဝမ်းနည်းမိသည်။ ၁၉၄၇-၄၈၊ ၄၉-၅၀၊ ၅၁-၅၂ ခုနှစ်လောက်ထိ ယခင်က ယူဘီအေကွင်းဟုခေါ်သော ဗထူးကစားကွင်းတွင် ကျွန်တော်တို့တတွေ လူကြီးလုပ်ပြီး ဘောလုံးပွဲများ ကျင်းပခဲ့ကြသည်။ စစ်ပြီးကာစပွဲများ၌ ဆဲကြပါသည်။ ရန်ဖြစ်ချင်ကြပါသည်။ သို့ရာတွင် နောင်တော့ မဆဲကြတော့ပါ။ […]


Mr. MarGaNovember 28, 20121min1536
တန်ဆောင်မုန်း လပြည့်နေ့အတွက် ဦးမာဃရဲ့ လက်ဆောင် ဘာရယ်မဟုတ်ပါဘူး အရင် သီတင်းကျွတ်လတုန်းက လေးပေါက်က လပြည့်နေ့မှာ တစ်ရွာလုံးကို ဘုရားဖူးပို့ပေးတာလေးသွားသတိရမိလို့ ဒီခေါင်းစဉ်လေးကို ပေးဖြစ်တာပါ။ ဒီပို့စ်က တန်ဆောင်မုန်းလပြည့်နဲ့တော့ သိပ်မဆိုင်ပါဘူး ဒါပေမယ့် တန်ဆောင်မုန်းလပြည့်နေ့မှာ လူငယ်တွေက လူကြီးတွေဆီက မုန့်ဖိုးတောင်းတတ်ကြတာကို သွားသတိရမိတာက တစ်ကြောင်း။ ဦးမာဃလဲ ဒီရွာထဲက လူကြီးသူမအဖြစ် ကိုယ့်ကိုယ်ကို ခံယူပြီးတော့ မုန့်ဖိုးပေးချင်စိတ်ပေါ်လာတာက တစ်ကြောင်း ။ (အင်း…… ငရဲတွေတော့ အစုလိုက် အပြုံလိုက် ကြီးတော့မယ်။ ကိုယ်က အသက်အငယ်ဆုံးတောင် ဖြစ်ချင်ဖြစ်နေမှာကိုနော်) အဲဒီ အကြောင်းတွေကြောင့် အပေါ်က ခေါင်းစဉ်လေးထွက်လာတယ်။ အဲ ဒါပေမယ့် ဦးမာဃမှာ ရွာသူားတွေကို ပေးစရာ မုန့်ဖိုးတော့မရှိဘူး ဒါကြောင့် ဦးမာဃ ဖတ်ထား မှတ်ထားတဲ့အထဲက တစ်ခုကိုထုတ်ပြီးတော့ ဗဟုသုတလက်ဆောင်အနေနဲ့ […]


Mr. MarGaApril 2, 20121min622
တေးထပ်အကြောင်း မပြောခင် ကျွန်တော် ပေးထားတဲ့ tag ကို အရင် ရှင်းပါရစေ။ ဦးမာဃ စာတွေ ဖတ်ဖြစ်ပါတယ်။ တချို. စာတွေကျ ဖတ်ရုံတင်မဟုတ်ပဲ မှတ်ချင်လာတတ်တယ်။ အဲဒီလို စာမျိုးလေးတွေ ဒီထဲမှာ တင်ချင်လို့ ဒီ tag ကို ယူတာပါ။ ဦးမာဃ က သိပ်မဝင်ဖြစ်တော့ သူများတွေများ အဲဒီအဓိပ္ပါယ်ဆန်ဆန် ပေးပြီး တင်ထားလားတော့ မသိဘူးပေါ့။ တကယ်လို့ အဲဒီလို တင်ထားတဲ့ သူတွေ ရှိတယ်ဆိုရင်လဲ ဦးမာဃ က တောင်းပန်ပါတယ်ဗျာ။ အဲဒီ လူတွေ ဆီကနေလဲ ဒီနေရာ ကနေပဲ ခွင့်ပြုပါလို့ တောင်းဆိုပါတယ်။ ကဲ တေးထပ် အကြောင်းလေး ဆက်ရအောင်ဗျာ ဒီတေးထပ်ရဲ့ နာမည်ကိုတော့ ဦးမာဃ မသိပါဘူး(ဖတ်တဲ့ ဘုတ်အုပ်ထဲမှာ […]


Mr. MarGaApril 2, 20121min794
တေးထပ်အကြောင်း မပြောခင် ကျွန်တော် ပေးထားတဲ့ tag ကို အရင် ရှင်းပါရစေ။ ဦးမာဃ စာတွေ ဖတ်ဖြစ်ပါတယ်။ တချို. စာတွေကျ ဖတ်ရုံတင်မဟုတ်ပဲ မှတ်ချင်လာတတ်တယ်။ အဲဒီလို စာမျိုးလေးတွေ ဒီထဲမှာ တင်ချင်လို့ ဒီ tag ကို ယူတာပါ။ ဦးမာဃ က သိပ်မဝင်ဖြစ်တော့ သူများတွေများ အဲဒီအဓိပ္ပါယ်ဆန်ဆန် ပေးပြီး တင်ထားလားတော့ မသိဘူးပေါ့။ တကယ်လို့ အဲဒီလို တင်ထားတဲ့ သူတွေ ရှိတယ်ဆိုရင်လဲ ဦးမာဃ က တောင်းပန်ပါတယ်ဗျာ။ အဲဒီ လူတွေ ဆီကနေလဲ ဒီနေရာ ကနေပဲ ခွင့်ပြုပါလို့ တောင်းဆိုပါတယ်။ ကဲ တေးထပ် အကြောင်းလေး ဆက်ရအောင်ဗျာ ဒီတေးထပ်ရဲ့ နာမည်ကိုတော့ ဦးမာဃ မသိပါဘူး(ဖတ်တဲ့ ဘုတ်အုပ်ထဲမှာ […]