Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Chance or Choice

Mr. MarGaFebruary 26, 20153min105243

ဒီနေ့ ထုံးစံအတိုင်း လိုင်းပေါ်မှာ ဟိုမွှေဒီမွှေလုပ်ရင်း စကားလုံးလေး (၂)လုံးကို သွားတွေ့တယ်
By choice နဲ့ By chance တဲ့
ဖတ်ရင်းနဲ့ ရောလာတာမို့ နည်းနည်း ပိုပြီး ရေရေရာရာသိချင်တာနဲ့ ဟိုဂျီးဒေါ်ကို သွားမေးလိုက်တယ် (ပုံမှန်ဆို ကိုယ်တိုင်ရှာနေကျပေမယ့် နည်းနည်း အပျင်းဓာတ်ဝင်နေလို့)

 

သူ့ကိုမေးမှ သူပါ လည်ထွက်သွားသလားမသိပါဘူးဗျာ ရှင်းရင်း ရှုပ်နေရော
အဲ့လိုပြောနေရင်း ဘယ်နားက ရှာလာတယ်မသိ စာလေးတစ်ပုဒ် ပို့လာတယ်။ (အဲဒီစာကိုဖတ်လိုက်တာ အစက သိချင်နေတဲ့ကိစ္စလေးတောင် မေ့တေ့တေ့ဖြစ်သွားတဲ့အထိ)

 

 

ဆိုတော့ အဲဒီစာလေးဖတ်ပြီး ပြန်ချပြချင်စိတ်ပေါက်လာတာမို့ မတောက်တခေါက် ဘာသာပြန်စွမ်းရည်နဲ့ ပေါင်းပြီး ဘာသာပြန်ပေးလိုက်ပါတယ်။

ဖတ်ကြည့်ကြပါဦး။ (အင်္ဂလိပ်လိုက ပိုလှတယ်၊ ကျနော် ဘာသာပြန်လိုက်တာ တချို့နေရာတွေ ကပေါက်ကချော်ဖြစ်နေတယ်)

 

Chance or Choice

When we meet the right person to love when we’re at the right place at the right time, that’s chance.

 

When you meet someone you’re attracted to, that’s not a choice. That’s chance.

 

Being caught up in a moment (and there’s a lot of couples who get together because of this) is not a choice. That’s also a chance.

 

The difference is what happens afterwards. When will you take that infatuation, that crush, that mind-blowing attraction to the next level?

 

That’s when all sanity goes back, you sit down and contemplate whether you want to make this into a concrete relationship or just a fling. If you decide to love a person, even with his faults, that’s not a chance. That’s choice.

 

When you choose to be with a person, no matter what, that’s choice.

 

Even if you know there are many people out there who are more attractive, smarter, and richer than your mate, and yet, you decide to love your mate just the same, that’s choice.

 

Infatuation, crushes, attraction comes to us by chance.

 

But true love that lasts is truly a choice. A choice that we make.

 

Regarding soul mates, there’s a beautiful movie quote that I believe is so true about this: “Fate brings you together, but it”s still up to you to make it happen.”

 

I do believe that soul mates do exist. That there is truly someone made for you. But it’s still up to you to make the choice if you’re going to do something about it or not. We may meet our soul mates by chance, but loving and staying with our soul mates is still a choice we have to make.

 

မတော်တဆလား ရွေးချယ်မှုလား

သင့်တော်တဲ့နေရာတစ်ခုမှာ ရှိနေချိန် ကိုယ်နဲ့ အံကိုက်ဖြစ်မယ့်သူမျိုးကို ချစ်ခွင့်ရတယ်ဆိုတာ မတော်တဆ ရရှိတဲ့ ကံကောင်းမှုတစ်ခုပေါ့

 

စွဲစွဲလမ်းလမ်း ဖြစ်သွားမိတဲ့သူတစ်ယောက်ကို တွေ့ခဲ့ရင်လည်း ဒါဟာ ရွေးချယ်မှုမဟုတ်ပါဘူး မတော်တဆပါ။

 

ဖြတ်ခနဲ တွေ့မိတဲ့ခဏမှာ အရူးအမူး စွဲလမ်းသွားတတ်တာမျိုးကလည်း (စုံတွဲအများစု ကြုံတတ်တဲ့ပုံစံ ဖြစ်ပေမင့်) ကိုယ့်ရဲ့ ရွေးချယ်မှု မဟုတ်ပြန်ဘူး၊ အမှတ်တမဲ့ ဖြစ်လာတဲ့ မတော်တဆ ဆုံစည်းခြင်းပဲ။

 

နောက်ဆက်တွဲ ထပ်လာမယ့် ကိစ္စတွေကတော့ အမှတ်တမဲ့ မတော်တဆတွေ မဟုတ်နိုင်တော့ဘူး။ တဒင်္ဂ ဆုံတွေ့မှုကနေ နောက်ထပ်တစ်ဆင့်ကို ဆက်သွားဖို့ ကြံစည်နေမိပြီ။

 

ဒီနေရာမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ဝင်လာတာပဲ။ ရိုးမြေကျ လက်တွဲဖို့ ဆုံးဖြတ်လိုက်တာလား ဒါမှမဟုတ် ပေါ့ပေါ့ပါးပါး အပျော်သက်သက်လားဆိုတာ သဲသဲကွဲကွဲဖြစ်အောင်လုပ်ရတော့မယ်လေ။ တကယ်လို့ အဲဒီလူမှာ အားနည်းချက်တွေ၊ လိုအပ်ချက်တွေ ရှိနေတာတောင် ဆက်ပြီး လက်တွဲသွားဖို့ ဆုံးဖြတ်လိုက်တယ်ဆိုရင်ဒါဟာ မတော်တဆ မဟုတ်တော့ဘူး ကိုယ်တိုင်ရွေးလိုက်တဲ့လမ်းကြောင်းဖြစ်သွားပြီ။

 

ရှေ့ဆက်ရမယ့် လမ်းခရီးမှာ ဘယ်လိုအခက်အခဲတွေ ကြုံပစေ သူ့လက်ကိုတွဲပြီး ဆက်လျှောက်ဖို့ တွေးလိုက်တာမျိုး

 

သူ့ထက် သာတဲ့သူတွေ တပုံကြီးရှိနေတယ်ဆိုတာ သိရဲ့နဲ့ ဒီတစ်ယောက်ကိုပဲ ပိုပိုတိုးပြီး ဆက်ချစ်နေမိတာမျိုး

ဒါတွေဟာ ကိုယ်တိုင်ရွေးချယ်လိုက်တာပါပဲ။

 

တဒင်္ဂ စွဲလမ်းမှုတွေ၊ တိတ်တခိုး သဘောကျမိတာတွေ၊ မြင်မြင်ချင်း စိတ်ဝင်စားမိတာတွေဟာv အကြောင်းကံကြောင့်၊ အမှတ်တမဲ့ မတော်တဆ ဖြစ်တည်လာတာတွေ။
ဒါပေမယ့် တကယ့် အချစ်စစ်ကတော့ ရင်ထဲ အသည်းထဲကလာတဲ့ ရွေးချယ်မှုအပေါ် အခြေခံပြီး ထွက်လာတာပဲလေ။

လက်တွဲဖော်တွေနဲ့ပတ်သက်ပြီး မှတ်သားမိနေတဲ့ ရုပ်ရှင်ထဲက စာသားလေးတစ်ခုက “ကံကြမ္မာက မင်းတို့ကို ဆုံစည်းပေးရုံသက်သက်ပဲ၊ ရှေ့အနာဂတ် လမ်းခရီးဟာ ကိုယ်တိုင်ဆက်ဖောက်ရတာ” တဲ့။

 

ကိုယ့်ကို တကယ်နားလည် ဖြည့်ဆည်းပေးနိုင်တဲ့ လက်တွဲဖော်တွေ တကယ်ရှိတယ်။ နှစ်ယောက်တစ်ကမာ္ဘ တည်ဆောက်နိုင်ဖို့ ဖြစ်တည်လာတဲ့သူတွေချည်းပါ။ ကံကြမ ္မာက ကိုယ့်ရဲ့လက်တွဲဖော်ကို ရှေ့မှောက်အရောက် ဆောင်ကြဉ်းပေးတာချည်း။ ဒါပေမင့် သူနဲ့တွဲပြီး ဘဝခရီးကို ဆက်လျှောက်ဖို့ မလျှောက်ဖို့ ဆိုတာက ကိုယ်တိုင်ဆုံးဖြတ်ရမယ့် ရွေးချယ်မှုတစ်ခုပါပဲ။

 

 

မူရင်းလင့်က ဒီမှာပါ
မှတ်ချက်။ ။ စာကို စာအတိုင်းသာ ဖတ်ပြီး ခံစားချက်များနှင့် မရောကြပါရန် အလေးအနက် သတိပေးအပ်ပါသည်။  :mrgreenn:  :mrgreenn:  :mrgreenn:

 

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

43 comments

  • မြစပဲရိုး

    February 27, 2015 at 3:12 am

    ကံကြမ္မာက သဘောကောင်းလွန်းပြီး ၄ ယောက် ၅ယောက်လောက် ကိုယ့်ရှေ့ချပေးတာ မို့
    ဘူသူ့ ရွေးရ မယ် မသိလို့ မဲနှိုက် ရွေး ပြီး ကျ ချင် တဲ့ သူ ကျ ပေရော့ ….
    ဆိုရင်ကော ကိုဖိုးသိကြား လေး။ 🙄
    😉 :))

    • Mr. MarGa

      February 27, 2015 at 8:30 am

      ဒါဟာလည်း
      ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါပဲခင်ဗျ :mrgreenn:
      ကံကြမ္မာက တကယ်သဘောကောင်းသဗျ။ တချို့တချို့တွေကို ဆယ်ယောက်လောက်တောင် ချပေးတာကလား :mrgreenn:

      • မြစပဲရိုး

        February 28, 2015 at 3:57 am

        ဒီမယ် မောင်ဖိုးသိကြား
        ဗိုလ်အောင်ဒင် ကြည့်ဖူးတယ်ဟုတ်။
        ဇာတ်သိမ်းခန်း နားမယ် မမြဝင်း မျက်လုံး ကို အဝတ်စည်းပြီး ပုဝါ ဆွဲခိုင်းတာလေ။
        ဟို မင်းသား နှစ်ယောက် မှာတော့ 50-50 Chance ကို မျှော်နေရတာ မဟုတ်လား။
        :))

        • မြစပဲရိုး

          February 28, 2015 at 4:05 am

          Choice ဖြစ်ဖြစ်၊ Chance ဖြစ်ဖြစ် CHANGE ဖြစ် ဖို့ ကို မျှော်နေ ကြတာပါဘဲလေ။
          CHANGE မဖြစ်ချင်ရင် ဘာမှ Choice လုပ်စရာလဲ မလို၊ Chance ကိုစောင့် စရာလဲ မလို။
          ဆိုတော့ တရားခံ မိပြီ။
          CHANGE လိုခြင်းကြောင့် ဒီလို ရှုပ်နေတာ ဘဲ။
          ဆက်တွေး ကွာ။ lol:-)))))

        • Mr. MarGa

          February 28, 2015 at 9:47 am

          CHANGE ဖို့အတွက် လုပ်နေတာက
          unfreeze ကနေ မတက်ဘူးဖြစ်နေတယ်လေ
          ပါးစပ်ကသာ အော်နေတာ လက်တွေ့မှာ change မှ မchange တာ
          (ကျနော်လိုလူမျိုးတွေ) :mrgreenn:

  • ခင်ဇော်

    February 27, 2015 at 7:00 am

    နာ မရှုပ် ပါဘု
    နိ သာ ရှုပ်တာာာ
    :k:

    • Mr. MarGa

      February 27, 2015 at 8:31 am

      သပွတ်အူချင်း အတူတူပဲ
      ကပ် ဖဲ့မနေနဲ့
      :a:

      • ခင်ဇော်

        February 27, 2015 at 8:39 am

        ဒီ ကိစ္စ ကို ပြောတာ။
        နာ က မရှုပ်ပါဘူးးး
        ရှင်း နေတာကို။

        :mrgreen:

        • Mr. MarGa

          February 27, 2015 at 8:49 am

          မဆိုင် ဆိုင်တာဆွဲပြောတယ် ဘာဖြစ်လဲ.. :mrgreenn:
          စကားမစပ် စာကိုရှာလာပြီး ဘာသာပြန်တုန်းမှာပါ ဆရာလုပ်ပေးလို့ ကျေးကျေး :chit:

  • black chaw

    February 27, 2015 at 7:45 am

    ဘာများလဲ…လို့…။
    မာဃ တစ်ယောက် ဝိုင်းစုခိုင်သိမ်း ဖြစ်နေပုံရပါတယ်…။
    ခါချနေရတယ်…ပေါ့…။
    ခါချရင်း…ခါချရင်းနဲ့ နောက်ဆုံးတော့
    ပိုင်ဆိုင်ခွင့်ရမှာက တစ်ယောက်တည်းပါဗျာ…။
    ရတာဆွဲယူလိုက်ရသော လူပျိုကြီး အဖြစ်မျိုး မကြုံပဲ
    စိတ်ကြိုက် လက်တွဲဖေါ်ကို ရွေးချယ်နိုင်သောသူ ဖြစ်ပါစေ…။
    ချစ်ခင်လေးစားတဲ့…
    ဦးဘလက်…။
    :k:

    • Mr. MarGa

      February 27, 2015 at 8:32 am

      လူပျိုကြီးက ဘာမှ မယူနိုင်လို့ လူပျိုကြီး ဖြစ်တာမဟုတ်ဘူးလား ဟင်
      :k:

  • black chaw

    February 27, 2015 at 9:12 am

    အေးလေ…။
    အဲ့ဒါကြောင့် နင့်ကို ဆုတောင်းပေးထားတာပေါ့ လူပျိုကြီးရယ်…။
    :k:

    • Mr. MarGa

      February 27, 2015 at 9:21 am

      တိန်…………….
      အားနည်းချက်ကိုမှ လာပြောရသလား
      😥

  • Mike

    February 27, 2015 at 10:34 am

    .Chance နဲ့ Choice မှာ ….
    .Choice ကပိုအရေးပါသဗျ….ဘဝတစ်လျှောက်လုံး အရာရာကို Choice လုပ်နေကြရတာကလား
    .Choice မှားရင်ခံပေတော့ပဲ
    .ထင်ရာမြင်ရာဝင်ပြောသွားပါသည်။ :k:

    • Mr. MarGa

      February 27, 2015 at 10:40 am

      မchoice လို့လည်း မဖြစ်တော့
      မမှားအောင် အပြန်ပြန်အလှန်လှန် စဉ်းစားနေရတယ်
      :mrgreen:

  • အလင်းဆက်

    February 27, 2015 at 10:47 am

    မတော်တဆ တွေ့မိသူလေးတစ်ယောက်ကို
    ငါ စွဲစွဲလမ်းလမ်း ချစ်ရမယ့်သူဟာ
    သူလေးပဲဖြစ်လေပြီဆိုပြီး ရွေးချယ်လိုက်တာမျိုး
    ကျနော့်ဘဝမှာ ရှိဖူးတယ်
    —–
    သတိရလိုက်တာ အချစ်ဦးလေးရယ်
    .ဟော. . .
    မင်္ဂလာဒုံမှာ နှင်းတွေ ဝေနေပြီ။
    ကျိုက်ကလော့ စေတီပေါ်က ဆည်းလည်း ခတ်သံတွေ တချွင်ချွင်ကြားရ
    သူလေးရဲ့ ရယ်မောသံလွင်လွင်ကလေးများ
    ပါလာလေသလားးး
    ထင်ယောင်ထင်မှားပဲ ဖြစ်ပါစေတော့

    သူဆွတ်ထားတဲ့ စံပယ်ပန်းရနံ့ ရေမွှေးလေး
    ပျံ့ပျံ့သင်းသင်း ရနေပါရောလားးး
    အေးလေ
    ထင်ယောင်ထင်မှားသာ ဖြစ်ပါစေတော့

    အခုလို နှင်းထုတွေရစ်ဆိုင်းးးး
    လွမ်းလွမ်းမှိုင်းမှိုင်းအခြေအနေမျိုးမှာတော့
    တကယ်ဆိုတဲ့ လက်တွေ့ကျမှုကို အံတုပြီး ငြင်းဆန်ချင်သေးတယ်. . .
    မဖြစ်နိုင်မှန်းးး သိနေပြီဆိုမှတော့. .
    ကွယ်. . . .

    . . . .

    . . . .

    • Mr. MarGa

      February 27, 2015 at 11:05 am

      ဒါလဲ နင့်ရဲ့ choice ပဲလေ ကွီ

    • Mr. MarGa

      February 27, 2015 at 11:05 am

      “still”
      အဲ့ စကားလုံးကို ဘဇာကြောင့် သုံးထားသနည်း :loll:

  • ခင်ဇော်

    February 27, 2015 at 12:03 pm

    နာ တို့လို့ ရွေးချယ်စာတွေ များလွန်းတဲ့ လူ ကျ
    ကံ/အခွင့်အလန်းတို့ပဲ ပုံထားရတာပေါ့ကွီ။

    အဟွတ်!!!

    :boss:

    • Mr. MarGa

      February 27, 2015 at 1:12 pm

      မနိုင်တော့ ကံကိုလွှဲချသပေါ့
      အဟွတ်…
      :mrgreen:

  • တောင်ပေါ်သား

    February 27, 2015 at 12:25 pm

    နာတို့ကတော့ အရွယ်နည်းနည်းလွန်လာတော့ Choice စရာ ရှားလာသဟ ၊

    ဒီတော့ လှစ်ကနဲရောက်လာတတ်တဲ့ Chance ကလေးကိုပဲ

    တစ်ခါတည်း Choice ပလိုက်ဦးမှပါ ၊ ဟီး ဟီး 🙂

    • Mr. MarGa

      February 27, 2015 at 1:12 pm

      ချသာချ ဗျာ
      အချစ်နဲ့ စစ်မှာ မတရားတာ မရှိ ဆိုလား 😉

  • pooch

    February 27, 2015 at 2:12 pm

    သိဘူးဟေ့ သိဘူး ဘာမှ သိဘူး
    ခံစားချက်တွေ ဘလာ….ဘလာ …..
    No Feeling…. :loll:

    • Mr. MarGa

      February 27, 2015 at 2:19 pm

      ခံစားချက်နေရာမှာ ဘာတွေဖြည့်ထားတုန်း :mrgreenn:

      • pooch

        February 27, 2015 at 2:35 pm

        money တွေ trip တွေ :mrgreenn:

        • Mr. MarGa

          February 27, 2015 at 2:56 pm

          တရားကျစဖွယ်
          :a:

  • naywoon ni

    February 27, 2015 at 2:23 pm

    အဲ့လာ တစ်​ချိန်​က ဆတ်​ (ယွန်​း​ပေါဆတ်​- ပြင်​သစ်​ ဖီလိုဆိုဖာ ) ရဲ့ အတ်​ဇစ်​ စတင်​းရှယ်​ လစ်​ဆင်​နဲ့ ခပ်​ဆင်​ဆင်​ပဲ ။ ဆို​တော့ကာ အဲ့ အယူအဆက အသစ်​ ဂျပ်​ရွှပ်​ မဟုတ်​ဘူး လို့ပဲ ခံစားရတယ်​ ။ လူ​ဒွေဟာ သ​ဘောတရား ​ရေးရာ မှာ ပါးစပ်​က အမြှုပ်​ထွက်​​အောင်​ ​ပြော​နေကြပါရဲ့ ။ လက်​​တွေ့ မှာ​တော့ သိပ်​မဟုတ်​လှ ပါဘူး ။ ဆိုတဲ့ မြန်​တျာန်​ပြင်​ညာရှင်​ဂျီး ​နေဝန်​းနီ ရဲ့ အဆိုကို ​ဖောက်​ထွက်​ မသွားနိုင်​​သေးပါဘူး ။

    • ခင်ဇော်

      February 27, 2015 at 2:29 pm

      မှန်ဘာဒယ်။
      အာ့ကြောင့် လက်တွေ့ စွံ နေတဲ့ ကျော် တို့ လို လူမျိုးဟာ
      ဒီ မစွံ တဲ့ သူတွေ သီဝရီတွေနဲ့ ပြောသလို ပြောလေ့မရှိပါ။
      ငိငိ။

      :boss:

      ခင်ဇော် ပိုင်သကွာ။
      ခုခိ ခုခိ

      :k:

      • Mr. MarGa

        February 27, 2015 at 2:31 pm

        ဟိုက်ရှ်
        ပါစင်နယ် မပါဂျေး ပါစင်နယ် မပါဂျေး
        (ခွက်ဒစ်တူ ဟိုကချင်နုထွား)
        :buu:

  • ဦးကြောင်ကြီး

    March 2, 2015 at 3:10 am

    ဗာလှဲကွ.. ရယဉ်တီးပစ်လိုက်ပေါ့စ်.. လွတ်သွားဒေ့ါလဲ လွတ်တဲ့ငါး ကြီးမနေနဲ့.. နောက်ဒဂေါင်လျှာ

    • Mr. MarGa

      March 3, 2015 at 7:00 pm

      ဆိုတော့ကာ
      အူးကြောင် ဆိုလိုချင်တာက
      “လဲရင် ပြန်ထ ဒါ ဘဝ” ပေါ့လေ…
      :boss:

  • manawphyulay

    March 3, 2015 at 10:11 am

    ဟိတ် ဘာပဲပြောပြော တို့ကတော့ Choice ပြီးပြီမို့ CHANGE ချင် CHANGE ၊ မ CHANGE ချင်နေ၊ CHOICE လိုက်ပြီပဲ…

    • Mr. MarGa

      March 3, 2015 at 7:03 pm

      ဆုံးဖြတ်ချက် ချပြီးလို့ အကောင်အထည်ပါ ဖော်ပြီးနေပကိုး…. 🙂

  • Wow

    March 3, 2015 at 10:41 am

    ရရင်ယူ မရမယူနဲ့ပေါ့အေ.. ဒါညား ရှုပ်ရှက်ခပ်နေတာဘဲ.. သွားဘီ :mrgreen:

    • Mr. MarGa

      March 3, 2015 at 7:04 pm

      တော်သေးတာပေါ့
      “ရရင်ရ မရရင်ချ” လို့ ပြောမသွားတာ…
      :a:

  • ဂျက်စပဲရိုး

    March 3, 2015 at 4:53 pm

    တချို့ multiple choice မေးခွန်း တွေလို
    all of the above option လေးများ မရှိဘူးလားဟင်…
    အာ့ဆို chance, choice အပြင် CHANGE ပါ ပါသွားတာပေါ့။ 🙂 🙂

    • Mr. MarGa

      March 3, 2015 at 7:08 pm

      မြတ်စွာဘုရား!!!
      အသာလုပ်ပါ ကိုရင်ဂျက် ရယ်…
      all of the above တော့ မလုပ်ပါနဲ့
      winner, 1st runner up, 2nd runner up လောက်ဆို တော်သေး
      :mrgreenn: :mrgreenn:

  • Ma Ma

    March 4, 2015 at 7:00 am

    Chance ရှိမှ Choice လုပ်နိုင်မှာပါ။
    Choice လုပ်မှ Change ဖြစ်မှာပေ့ါ။
    Fighting သကြားးးးး 🙂

    • Mr. MarGa

      March 5, 2015 at 11:25 am

      chance ကို မျှော်ရင်း choice ကို တွေးပြီး change ဖို့က
      ပြင်တုန်း
      :k:

Leave a Reply