“ဂျိုးအမ​တေဥရှာပုံ​တော်​ (တတိယပိုင်​း)

ေမာင္ရိုးJanuary 1, 20141min21520

 

 ဒူး​လေးတစ်​ချက်​ ..အသက်​တစ်​​ချောင်​း.***

 

 

နံနက်​အလင်​း​ရောင်​​ပေါ်သည်​နှင်​့ ထမင်​းချက်​ခြင်​း ၊​ရေဗူးများအား​ရေဖြည်​့ခြင်​း နှင်​့ ​ကြိုးများဓားများ သံချိတ်​များအား

ပြင်​ဆင်​ခြင်​းတို့ကို လုပ်​ကြရသည်​ ။ ဒီ​နေ့ မှစတင်​၍ ဂျိုးသိုက်​ရှာကြမည်​ဖြစ်​သည်​ ။

အဓိက ​ရေဗူးလုံ​လောက်​စွာယူသွားကြရမည်​ ။ ည​နေ​စောင်​းမှ စခန်​းချရာသို့ပြန်​​ရောက်​မည်​ဖြစ်​၍

​ရေနှင်​့ အဆာ​ပြေစားစရာမပါမဖြစ်​​ပေ ။ သို့နှင်​့ နံနက်​စာအမြန်​စားပြီး ဖထီး​စောအယ်​ထူးဦး​ဆောင်​​ခေါ်ရာသို့ လိုက်​ခဲ့ကြ​လေသည်​ ။

ခတ်​​ပြေ​ပြေ ဆင်​းသွား​သော လျှိုထဲသို့ ဝင်​ပြီးလျှင်​ ငှက်​သံများအား နား​ထောင်​၍ အချို့​သောပင်​တို့ကို

​မျောက်​ရှုံးအားတက်​ခိုင်​း​လေ၏ ။ တချို့သစ်​ပင်​များကို ဖထီးမှ​တက်​ကြည်​့သည်​ ။

 

ယခုပြန်​​တွေးကြည်​့ပါက အလွန်​မိုက်​မဲပြီး ရီစရာ​ကောင်​းလှသည်​ ။

ကျ​နော်​တို့အားလုံး ဂျိုးမ​တေဥကိုမြင်​ဖူးသည်​မဟုတ်​ ။

ဤ​တောဤ​တောင်​တွင်​ ရဖူးသည်​ဟူ​သောမ​ရေမရာသတင်​းကို

​လောဘ​ဇော တိုက်​ကြခြင်​းဖြစ်​သည်​ ။

ယခုလည်​း … ငှက်​သိုက်​ရှိမည်​ထင်​ရ​သော အပင်​များအားတက်​၍ ​ငုံးဥထက်​​သေး​သောဥများအားလုံး

ယူလာကြခြင်​းဖြစ်​​လေသည်​ ။ ထိုအထဲမှ ကြားဖူးသည်​့အတိုင်​း ပထမဆုံး ထုခွဲကြည်​့သည်​ ။

မကွဲ​သောဥများအားစု​ဆောင်​း၍ ​နောက်​တစ်​မျိုးထပ်​မံ စမ်​းရမည်​ဖြစ်​သည်​ ။

သို့​သော်​ … တစ်​​နေကုန်​နီးပါး ရှာလို့ရသမျှ ငှက်​ဥများအားလုံး ထုခွဲပါက ကွဲပါသည်​ ။

 

​နေ့လည်​စာကို ပါလာ​သော​မြေပဲ​လှော်​ ၊ငရုပ်​သီး​ကြော်​ နှင်​့ အမဲ​ခြောက်​ဖုတ်​တို့နှင်​့ ဆွဲလိုက်​ကြသည်​ ။

​ရေက်ို​တော့ ​ချွေတာ​သောက်​ကြပါသည်​ ။ မျိုးတင်​့မှာ ​ယခင်​က​လေ​သေနတ်​ပစ်​အလွန်​လက်​​ဖြောင်​့​သော်​လည်​း

ယခု သစ်​ပင်​များကြားမှ ငှက်​သံကြားရာလိုက်​ပစ်​​သော်​လည်​း

တစ်​​ကောင်​မျှမထိ​ပေ …။

မြို့တွင်​းပစ်​ရသည်​နှင်​့ ​တောထဲပစ်​ရသည်​မှာ အလွန်​ကွာခြားလှ​ပေသည်​ ။

ပထမ​နေ့အတွက်​ ကြိုးစားကြည်​့သ​လောက်​က စိတ်​ပျက်​ဖွယ်​ဖြစ်​​လေ၏ ။ ​တောဆိုသည်​မှာ..

တခါတရံ ငှက်​သံ​လေးများကြားရတတ်​သည်​ဆို​သော်​လည်​း

တခါတရံ တိတ်​ဆိတ်​ငြိမ်​သက်​လှသည်​ဖြစ်​၍ သစ်​ရွက်​ခတ်​သံများသာ

ကြားရတတ်​သည်​ ။ ထိုထက်​ဆိုးသည်​မှာ ဤ​နေရာ တွင်​ဂျိုးရှိပါသည်​ ဟု မ​ပြောနိုင်​ခြင်​းပင်​ ။

သိန်​းသန်​း ချီ​သော သစ်​ပင်​တို့အား ဘယ်​သို့တက်​နှိုက်​နိုင်​မည်​နည်​ း ။

 

ထိုသို့ စမ်​းတဝါးဝါးသွားရင်​း တ​နေရာသို့​ရောက်​​သော်​ ….

ဖထီးမှ ကျ​နော်​တို့အား ငြိမ်​ရန်​အချက်​ပြ​လေ​တော့သည်​ ။

ဘာများလဲဟု သိချင်​စိတ်​နှင်​့အတူ အန္တရယ်လော ဟု တွေးရင်း မျက်​​တောင်​ပင်​မခတ်​နိုင်​​ပေ ။

ဖထီးမှာ လက်​ကအသင်​့ကိုင်​လာ​သော ဒူး​လေးကို

အလျှင်​အမြန်​ဆွဲတင်​ပြီးမြှားတစ်​ခုကိုတပ်​လျှက်​…

ဆတ်​ ကနဲ သစ်​ရွက်​များထူပိတ်​​နေရာသို့ပစ်​လိုက်​​လေသည်​ ။

 

‘​ဖြောင်​း.. ”

” အူးးးးးး”

” ​ဝ​ရော..​ဖျော…”

 

အထက်​ပါအသံတို့ဆက်​တိုက်​ကြားရပြီး​နောက်​ မြှားတံတန်​းလန်​းစိုက်​လျှက်​

​သေငယ်​​ဇောဖြင်​့ ယက်​ကန်​ယက်​ကန်​ဖြစ်​​နေ​သော ​မျောက်​​လေးတစ်​​ကောင်​

ပြုတ်​ကျလာ​လေ​တော့သည်​ ။

ထိုအခါတွင်​မှ သစ်​ရွက်​များကြားတွင် ပုန်​း​အောင်​း​နေ​သော

​မျောက်​တစ်​အုပ်​သည်​ ဆူညံစွာ​အော်​ဟစ်​ရင်​း ​​ပြေးကြ​လေ​တော့၏ ။

 

ကျ​နော်​တို့ အံ့ဩတကြီး​ငေး​ကြောင်​​နေစဉ်​မှာပင်​

ဖထီးမှာ ထို​မျောက်​​လေးထံမှ မြှားတံကိုဆွဲနှုတ်​ပြီး ပုလင်​းတလုံးထုတ်​၍ ​သွေးများခံယူ​လေ​တော့သည်​ ။

ပြီး​နောက်​ အလျှင်​အမြန်​ဗိုက်​ခွဲပြီးလျှင်​ အူတစ်​​ချောင်​းအား

ဆွဲထုတ်​လျှက်​ ထူံးလိုက်​​လေ၏ ။ သူဘာလုပ်​​နေသည်​ကို မသိ​သော်​လည်​း အထူးအဆန်​းသဖွယ်​ဝိုင်​းကြည်​့​နေကြ​ခဲ့သည်​ ။

ပြီး​နောက်​ …ဖထီးမှ ပြန်​ရန်​​ပြောပြီး ​ရှေ့မှခတ်​သွက်​သွက်​ထွက်​သွား​လေ​တော့သည်​။

 

စခန်​းသို့​ရောက်​သည်​နှင့်​့ ကျ​နော်​တို့ကိုမီးဖိုခိုင်​းပြီး ထို​မျောက်​​လေးအားစတင်​၍ ဖျက်​ပါ​တော့သည်​.။

ထို​နေ့ညစာသည်​ ​မျောက်​သားဟင်​းဖြစ်​ပေ​တော့မည်​ ။

ဖထီးက ​မျောက်​​ချေးခါးဟင်​းချက်​မည်​ဆိုသဖြင်​့ ကျ​နော်​တို့ကရိူးရိုးဟင်​းသာချက်​ရန်​​ပြောရ​လေသည်​ ။

ကျ​နော်​တို့တွင်​ ​ဆေးဖြစ်​ဝါးဖြစ်​အလို့ငှါ ဂျင်​းနှင်​့ ကြက်​သွန်​ဖြူ ၊ ဆားဆနွင်​းတို့ပါလာသဖြင်​့ ​မျောက်​သားလုံးချက်​​တော့

ချက်​​လို့ရနိုင်​ပါသည်​ ။

ဖထီး၏ လွယ်​အိပ်​ထဲတွင်​ ဆန်​အရက်​ပုလင်​း​ပြား​လေးတစ်​လုံးနှင်​့ ဆီပုလင်​း​သေး​သေးတစ်​လုံးပါလာသည်​ကို

ယခုမှသတိပြုမိခဲ့ပါ၏ ။ အ​စောပိုင်​းက ခံယူထား​သော ​မျောက်​​သွေးနှင်​့ ထိုချက်​အရက်​ကို

​ရောပြီး တစ်​​မော့မျှ ​မော့လိုက်​ပြီးမှ

“​​ဝေး းးး ​ကောင်​းလိုက်​တာ​ဝေ့.. ရှိန်​းကနဲပဲ..​ရော့​ရော့..တစ်​​မော့​လောက်​​မော့ကြည်​့ကြ ..”

“​နေပါ​စေဖထီးရာ.. မ​သောက်​ချင်​ပါဘူး ”

“ဟ..ခက်​တာဘဲ.. ​ယောက်​ကျား​တွေအတွက်​​ဆေးးး ကွာ ..

အား ​ဆေး…”

သူဘယ်​လိုညွှန်​းညွှန်​း ကျ​နော်​တို့မ​သောက်​ရဲပါ ။

မျက်​စ်ိ​ရှေ့တွင်​ ​သွေးစိမ်​းရှင်​ရှင်​များနှင်​့ ​ရော​ထားသည်​ဖြစ်​၍

 

​အော်​ဂလီဆန်​​နေခြင်​းလည်​းဖြစ်​​ပေသည်​ ။ထို့အတူ မျက်​စိထဲတွင်​လည်​း ​မျောက်​​လေးမြှားတန်​းလန်​းဖြင်​့

ပြုတ်​ကျလာသည်​ကို ​ဖျောက်​မရ​သေး​ပေ။

 

ထို​နေ့က ကျ​နော်​တို့ ​မျောက်​သား​ရေလည်​ဆီလည်​ဖြင်​့ထမင်​းစားကြပါသည်​ ။

ဂျင်​းနံ ့​မွှေး​မွှေး ငရုပ်​သီးစပ်​စပ်​ဖြင်​့ စား​ကောင်​း​မည်​ဟုထင်​ထား​သော်​လည်​း

မျက်​လူံးထဲတွင်​​မျောက်​က​လေး၏မျက်​နှာကိုပြန်​မြင်​​နေသည်​ကတစ်​​ကြောင်​း၊

ဖထီး​စောအယ်​ထူးမှ ဟင်​းချက်​စဉ်​က ​မျောက်​လက်​ဖဝါး​လေးများကိုပါခုတ်​ထစ်​ချက်​ထားသဖြင်​့က​လေးငယ်​လက်​နှင်​့တူ​နေသည်​ကတစ်​​ကြောင်​းတို့ကြောင့်မျိုမကျရခြင်​းဖြစ်​​ပေသည်​ ။

ကျ​နော်​မှအပ အားလုံး​မျောက်​သား​ဟင်းနင်​့ထမင်​းမိန်​ကြပါသည်။

ကျ​နော်​တစ်​​ယောက်​တည်​းသာ ​မြေပဲ​လှော်​ ၊ အမဲ​ခြောက်​ဖုတ်​တို့နှင်​့စားခဲ့ရခြင်​းဖြစ်​​လေ၏ ။

ထို​နေ့က ထမင်​းစားပြီးသည်​အထိ​အလင်​း​ရောင်​ရှိ​နေ​သေးသည်​ ။

အခုမှပဲ ကျ​နော်​တို့ကြိတ်​ပြီးအထင်​​သေးခဲ့သော ဒူး​လေးကြီးရဲ့အစွမ်​းကိုတွေ့ခဲ့ရပါပြီ။

ထိုစဉ်​က ကျ​နော်​တို့သုံး​ယောက်​မှာ လူငယ်​​လေးများဖြစ်​၍ သန်​မာကြ​သော်​လည်​း

ဖထီး၏ ဒူး​လေးကို လက်​တစ်​ဖက်​ဖြင်​့ ​လေးကြိူးမတင်​နိုင်​ခဲ့ကြပါ။

​မြေကြီးသို့ဦးစိုက်​​ထောက်​လျှက်​ လက်​နှစ်​ဖက်​ဖြင်​့ ကြိုးကို

​ခြေကန်​ဆွဲမှရပါသည်​ ။ ဖထီးသည်​ကား လက်​တစ်​ဖက်​ဖြင်​့ပုခူံးတွင်​ထမ်​းလျှက်​

အသာအယာ တင်​နိုင်​​လေသည်​ ။

 

ထိုဒူး​လေးဖြင်​့ ​တောဝက်​၊ဂျီ နှင်​့ ​မျောက်​များ ပစ်​ခတ်​နိုင်​​ကြောင်​းသိရသည်​ ။

ချက​်​ကောင်​းထိလျှင်​ ဆတ်​ ကိုပင်​ရနိုင်​​ကြောင်​း​ပြောပြ​လေ၏ ။

ကျ​နော်​တို့လည်​း ညအတွက်​ ထင်​းစုခြင်​း ၊​ရေ​နွေးတည်​ခြင်​း များလုပ်​ကြရင်​း ဖထီးထံမှ​တောဝက်​ပစ်​သည်​့အ​ကြောင်​းများသိရ​လေ​တော့သည်​ ။

 

” ဒီ​ကောင်​​တွေကိုက ​လေ​အောက်​က​နေ​ခြောင်​းပစ်​ရတယ်​ကွ ..

ချက်​မပိုင်​ရင်​လုံးဝမပစ်​နဲ့​ ​ဝေ့ ..အူအ​ခွေလိုက်​ထွက်​ကျသွားမယ်​ …ငါတို့ရွာမှာ

အရင်​တုန်​းက ​တောဝက်​လိုက်​ထိုးတဲ့သူ​တွေရှိဖူးတယ်​… ”

 

​” ​ပြောပါဦး ဖထီး ဘယ်​လိုထိုးတာလဲဗျ ..”

 

” ဒီလိုကွ…​တောဝက်​​တွေရဲ့အကျင်​့က သူတို့လိုက်​ထိုးပြီဆို ​ခေါင်​းကိုငုံ့ပြီးတရှိန်​ထိုး​ဒေါသတကြီးလိုက်​တာဘဲ​ဝေ့…..

ဒါ​ကြောင်​့ ​လူ​လေးငါး​ယောက်​​လောက်​စုပြီး ​တောဝက်​လိုက်​မယ်​ဆိုရင်​

အရင်​ဆုံး​တောဝက်​အုပ်​ကိုရှာရတယ်​ ..​တွေ့မှ ​ခွေးနဲ့​အသံ​ပေး​မောင်​းတာဖြစ်​ဖြစ်​

လျှင်​မြန်​သွက်​လက်​တဲ့တစ်​​ယောက်​​ယောက်​က

အသံ​ပေး မျှား​ခေါ်တာဖြစ်​ဖြစ်​လုပ်​ရတယ်​ ..

​တောဝက်​က အသံကြားပြီး​ပြေးလိုက်​ပြီဆိုမှ သစ်​ပင်​ကွယ်​​တွေမှာ​နေရာယူထားတဲ့သူ​တွေက

လှံ​တွေ မှိန်​း​တွေနဲ့ ဝိုင်​းထိုးကြရတာကွ…

ထိုးချက်​​ကောင်​းဖို့လိုတယ်​​ကောင်​​လေး​ရေ…

ထိုးချက်​မ​ကောင်​းရင်​. ဗိုက်​ပွင်​့သွားလိမ်​့မယ်​ ..”

 

” ဒါနဲ့.. ဖထီးက​ရော ဘယ်​လိုပစ်​တာလဲဗျ”

 

” ငါက ..တစ်​ချက်​တည်​းပစ်​ဖို့မလွယ်​ဘူး​ဝေ့ … လက်​ပတ်​​နေရာကို မထိနိုင်​ရင်​ ဒူးဆစ်..ဒါမှမဟုတ်​.. ​ပေါင်​အ​ကွေးကြား​ပေါင်​ခြံ​နေရာကိုပစ်​ရတယ်​..

ပြီးမှ …အဲ့အ​ကောင်​​ပြေးရာကိုလိုက်​ပြီးဇတ်​သိမ်းရတာ​ဝေ့. ..ဝက်​တစ်​အုပ်​လုံးလန်​့​ေ့ပြး​ပေမယ်​့ မြှားထိတဲ့​ကောင်​ကသိပ်​မ​ပြေးနိုင်​​တော့

ကျန်​ခဲ့တယ်​…အဲဒိကျမှ ​နောက်​ကလိုက်​ပြီး ထပ်​ပစ်​ရတာ..တခါတ​လေ..မြှားမှန်​သွား​ပေမယ်​့ မလိုက်​နိုင်​လို့လွတ်​သွားတာ​တွေရှိတယ်​ ​ဝေ့..”

 

“ဖထီး မြှားကိုအဆိပ်​မလူးထားဘူးလား”

” အဆိပ်​ကမ​ကောင်​းဘူးကွ.. အသား​တွေပုတ်​တတ်​တယ်​..မချို​တော့ဘူး ”

 

ဖထီး၏ မြှားတံများသည်​ လက်​ညှိုးလုံးခန်​့တုတ်​၍ ဝါးပိုးဝါးကိုလုံးထွင်​ပြီး ကြပ်​တင်​ထားခြင်းဖြစ်၏။

ထို့​ကြောင်​့ ​ကောက်​​ကွေးခြင်​းမရှိ ၊​ဖြောင်​့တန်​း​နေခြင်​းဖြစ်​​လေ၏ ။

 

ထိုညကစကားဝိုင်​းမှ ဖထီး၏​တောလည်​စဉ်​ကအ​တွေ့အကြုံများကိုသိခဲ့ရ​လေ၏။

လင်​့စင်​​ပေါ်မှ ဒုတိယညသည်​ အ​တော်​ပင်​အသားကျ​နေပါပြီ ။

ရပီတို(ခြင်​မကိုက်​ရန်​လိမ်​း​ဆေး) အနံ ့​ကြောင်​့ ​ခြင်​များ ဖြုတ်​များ မကိုက်​​သော်​လည်​း ​ဘေးနားတွင်​ဝဲ​နေသဖြင်​့

အနည်​းငယ် စိတ်​အ​နှောက်​ယှက်​ဖြစ်​​သော်​လည်​း

ထူးခြားဖြစ်​စဉ်​များမရှိခဲ့​ချေ ။ ယ​နေ့ညအဖို့ ..ရိုးမသည်​ အထူးသာယာ​နေ​ပေ​တော့သည်​ ။.

ပင်​ပန်​း​နေပြီမို့ ​စောလျင်​စွာအိပ်​ရာဝင်​ပြီး ဒုတိယ​နေ့အတွက်​အား​မွေးခဲ့ပါသည်​ ။

 

ဤသို့ဖြင်​့ ….. ဒုတိယ​နေ့ ရှာပုံ​တော်​ဖွင်​့ကြပြန်​သည်​​ပေါ့ …..

 

 

 

​နောက်​တပိုင်​းတွင်​အပြီးဆက်​လက်​​ဖော်​ပြပါမည်​ ။

 

 

​လေးစားလျက်​

​မောင်​ဆာမိ

 

20 comments

  • alinsett

    January 1, 2014 at 8:18 pm

    နောက်တစ်ပိုင်းအတွက်..
    မြန်မြန်ဖတ်ရဖို ့.. စိတ်စောနေပါပြီ…

    🙂

    • surmi

      January 4, 2014 at 9:53 am

      @နန်​း​တော်​ရာသူ

      မကြာမီ .. လာမည်​​မျှော်​ 🙂

      @အလင်​းဆက်​
      သည်​းခံပါကွယ်​.. ​ပြီး​တော့မှာပါ 🙂

  • San Hla Gyi

    January 1, 2014 at 8:57 pm

    ကိုဆာမိရေ
    လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်လောက်ကတော့ အဲဒီပဲခူးရိုးမထဲကို မီးသွေးဖုတ်ဖို့ အုတ်ဖုတ်ဖို့ ဆိုပြီး လူတွေ အဖွဲ့လိုက် သွားပြီး လုပ်ကြတာ အဲဒီနေရာမှာ လူထောင်နဲ့ ချီပြီး အဲဒီရာသီဆို ရွာကြီးလိုတောင် ဖြစ်နေဆိုပဲ။ လှည်းကူးဘက်က လူတွေ အများစုလေ။ အခုတော့ အခြေအနေ ဘယ်လို ရှိသေးလဲမသိ။ ရိုးမတော ပြုန်းကုန်ပြီလား မသိပါဘူး။

    • surmi

      January 4, 2014 at 10:03 am

      @ကိုစံလှကြီး​

      အစ်​ကို​ရေ.. ရိူးမက​တော့ အခုချိန်​မြင်​တဲ့အတိုင်​းပါပဲ ။
      ကတုံးဖြစ်​​နေပါပြီ ။ မီး​သွေးထုတ်​တဲ့ လှည်​းကူးဘက်​က​တော့ ရိုးမအဖျားပါ…
      ​နေရာတိုင်​း​တော့အရင်​ကလိုလွတ်​လွတ်​လပ်​လပ်​မီး​သွေးဖုတ်​လို့မရ​တော့ပါဘူး။
      ခိုး​ကြောင်​ခိူးဝှက်​​တော့လုပ်​​နေကြတာပါ…….

      @​မောင်​အံ
      စိတ်​ူးလို့ပဲ​ကောင်​းပါတယ်​ကွာ
      တကယ်​သွားရင်​မနိတ်​ပါဘူး
      စာအုပ်​ထဲဖတ်​တာက​တော့အ​ကောင်​းဆုံးပဲ

  • မဟာရာဇာ အံစာတုံး

    January 2, 2014 at 5:27 am

    ဖထီးတို့ နားပါးဝချက်ကတော့ ရေလည် လန်းတယ် …
    အိုက်လို တောထဲတွားပီး ကျားတွေ ဆင်တွေနဲ့ ဖိုက်ချင်တာ …
    စိတ်ကူးထဲမှာ ဖိုက်တာတော့ ကိုယ်က အမြဲတမ်း အနိုင်ဘဲ .. ဟီဟိ
    နောက်တစ်ဘိုင်း ညန်ညန်ဆက်ဗျာ ..

  • TNA

    January 2, 2014 at 6:56 am

    ကိုဆာမိပြောသလို မျောက်ကလေး သနားစရာပဲ ကျန်တာတော့ ကိုယ်မလုပ်နှိုင်မဲ့ဟာမို့ အထူးအဆန်း တအံ့တဩဖတ်သွား ပါတယ်။ ဇာတ်သိမ်းစောင့်နေပါတယ်

  • koyinmaung

    January 2, 2014 at 8:33 am

    ဖတ်ပြီးသွားပြီကိုဆာမိရေ..စိတ်ကူးရင် မဟုတ်တဲ့ကိုယ်တွေ့
    တောလည်ထွက်ခြင်းမို့အင်မတန် တန်ဘိုးရှိပါတယ်…..
    ဇာတ်သိမ်းပိုင်း စောင့်မျော်နေပါကြောင်း..မြန်မြန်လေးနော်…….

    • surmi

      January 4, 2014 at 10:13 am

      @မသဲနု
      လာမည်​ကြာမည်​ ဟဲဟဲ
      ​နောက်​တာပါဗျာ… ​ရေးရင်းနဲ့မောလာလို့ 🙂

      @ကိုရင်မောင်
      စိတ်ရှည်ရှည်အားပေးလာတာကျေးဇူးဗျာ
      ခဏလေးစောင့် အစ်ကိုကြီးရေ 🙂

      @မရွှေအိ
      အခုခေတ်တော့ အပြင်းပြေတောလည်ထွက်တာမရှိတော့ပါဘူးဗျာ ။
      စားဝတ်နေရေးအတွက်ပဲ မုဆိုးတွေလုပ်နေကြတာပါ

  • Shwe Ei

    January 2, 2014 at 3:23 pm

    တောလည်ထွက်ပီး သားကောင်ပစ်တဲ့ကိတ်စကိုတော့ လုံးဝခံစားလို့မရဝူးဗျာ….အကောင်လေးတေသနားလို့

    ခပ်ဝေးဝေးကနေအလှကြည့်ရတာပိုစိတ်ဝင်စားတယ်

    ဒါပေမဲ့ တကယ်ရောက်ဖူးတဲ့လူတွေပြောပြတော့လည်း စွန့်စားခန်းတွေဘာတွေနဲ့ ဆိုတော့ စိတ်ဝင်စားစရာအကောင်းသား 🙂

    နောက်တခန်းမြန်မြန်ဆက်ပါ အန်ကယ်ဆာ။

  • no non negative

    January 2, 2014 at 5:35 pm

    next time if you go , tell me .
    I want to join and shoot too.
    I will use my camera to shoot photo:D

  • koyinmaung

    January 3, 2014 at 9:50 am

    ကိုဆာမိရေ ခင်ဗျာပို့စ်ကထူးခြားတယ်နော်…
    ၂၀၁၃ခုနှစ်ထဲကရေးလိုက်တဲ့ပို့စ်ကြည့်ဇမ်းပါ..
    ၂၀၁၄ခုနှစ်ထဲကိုတောင်ရောက်နေပါရောလား…..ဟဲဟဲ…..

    • surmi

      January 4, 2014 at 10:54 am

      @no non negative
      တကယ်လိုက်မှာလား 🙂
      အကြောင်းကြားလိုက်မယ်

      @ကိုရင်မောင်
      အစ်ကိုရေ ပို့စ်တစ်ပုဒ် ၂ နှစ်ရေးတာလေ

      @မခိုင်ဇာ
      ဂျိုး မွေးခိုင်းနေပါလား :mrgreen:

  • KZ

    January 3, 2014 at 11:23 am

    အာ့ကြောင့် ဂျိုးတွေ များများမွေးလို့ ပြောပါတယ်။
    ဟိ။
    ချိုးငှက်ကိုပြောတာ။

    😀

  • ကျော်စွာခေါင်

    January 4, 2014 at 2:53 am

    ကိုဆာ
    ဘဝအတွေ ့အကြုံစုံသလို စာရေးတာလဲ ကောင်းလိုက်တာ..။
    မူဆိုးဝါသနာ ရှိပုံရတယ်.. အရင် ပို ့စ်တချို ့တောင် လိုက်ဖတ်တော့ စာရေးတာက ပို ့စ်တခုနဲ ့တခု ရေးပုံကွဲပြားတယ်..။
    လေးစားပါတယ် ကိုဆာရေ..။
    ဆုံတဲ ့အခါ ဗဟုသုတထပ်ယူပါဦးမယ်..။

    • surmi

      January 4, 2014 at 11:10 am

      ဆရာ​ခေါင်​​ရေ….
      အထင်​​တော့မကြီးလိုက်​ပါနဲ့ဆရာရယ်​..
      စိတ်​ထင်​ရာ ​ရေးချင်​ရာ​ရေး​နေလို့ ​ဗျောက်​​သောက်​ဖြစ်​​နေတာ 🙂
      တကယ်​​တော့ ​မောင်​ဂီ​ပြောသလိုအနုပညာ​မှော်​​အောင်​ထားတဲ့
      ဆရာ​ခေါင်​ဆီကပဲ အတုယူ​နေရတာပါဗျာ…
      ဟိုရက်​ကဆုံတုန်​းက​တောင်​ဆရာ့အ​ကြောင်​း သတိတယ​ပြောမိကြ​သေးဗျာ …
      ဆုံနိုင်​ဖို့လည်​း ​မျှော်​လင်​့​နေ့ပါ့မယ်​ဗျို့ ….

  • ဝင့်ပြုံးမြင့်

    January 5, 2014 at 12:01 am

    အားပေးသွားပါတယ် ဦးဆာ။

  • Mr. MarGa

    January 6, 2014 at 2:03 pm

    ဪ….
    ဦးဆာ တို့က
    ှုှငှက်သိုက်တွေ ဝင်မွှေပြီး
    ငှက်ဥတွေ ဖျက်ဆီးခဲ့တာကိုးးး
    ငှက်မျိုးတုံးစေမှုနဲ့ တရာဆွဲမယ်ဗျို့ 🙂

  • မဟာရာဇာ အံစာတုံး

    January 6, 2014 at 2:11 pm

    ၁ ရက်နေ့တည်းက ရေးထားတာ
    ဒီဂနေ့ ၆ ရက်နေ့ ချိပီ
    နောက်တစ်ပိုင်းလည်း ဆက်သေးဘူးး
    လူဇိုးးးဂျီးးး ဟီးးဟီးးး
    :mrgreen:

  • padonmar

    January 6, 2014 at 9:00 pm

    မျောက်လေးလည်း သနားတယ်။ငှက်ဥတွေလည်း အလဟဿကွဲရတယ်။အလျော်ပေးတဲ့ အနေနဲ့ တိရစာ္ဆန်ရုံမှာ အစာ တပတ်သွားကြွေးပေးရမယ်။

Leave a Reply