ပင်လုံစိတ်ဓါတ်ဖော်ဆောင်ရေးမှ …
ပင်လုံစိတ်ဓါတ်ဖော်ဆောင်ရေးမှ
စစ်မှန်သော ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ကြစို့။
နိဒါန်း
ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ
ထိုသို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ချမှတ်ထားသော ပင်လုံစိတ်ဓါတ် အခြေခံမူ လမ်းစဉ်အပေါ် သွေဖယ်အားနည်းသွားရာမှ ၁၉၄ရ ခု ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၇၄ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ယနေ့ ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲပြဌာန်းရာတွင် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု
တိုင်းရင်းသားလူမျိုးများဖြစ်
သို့ဖြစ်ပါ၍ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ချမှတ်ထားသည့် ပင်လုံစိတ်ဓါတ်၊ ပြည် ထောင်စုစိတ်ဓါတ် အခြေခံမူလမ်းစဉ်အတိုင်း ငြိမ်းချမ်းသာယာဝပြောပြီး စစ်မှန်သောဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ကြပါစို့။
[၁] နောက်ခံသမိုင်းအကျဉ်း။
ပြည်ထောင်စုဗမာနိုင်ငံတွင် နေထိုင်ကြသော ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ မြန်မာ၊ ရှမ်း၊ ရခိုင် စသည့်လူမျိုးများသည် ရှေးပဒေသရာဇ်ခေတ်ကာလကတည်းက ကိုယ့်ဘုရင်၊ စော်ဘွား၊ ဒူးဝါး၊ စောဖျာ၊ စော်ကဲ၊ တောင်ပိုင်ရမ်အုပ်မင်းများဖြင့်
[၂] အင်္ဂလိပ်ကိုလိုနီခေတ်ကာလ တိုင်းရင်းသားလူမျိုးများနယ်ေြ
(၁) ကရင်၊ မွန်၊ မြန်မာ၊ ရခိုင်လူမျိုးအများစုနေထိုင်ကြေ
(၂) ရှမ်းစော်ဘွားများ ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိသော ပြည်ထောင်စုရှမ်းပြည်၊
(၃) ကချင်ဒူးဝါးများကိုယ်ပိုင်အုပ်
(၄) ချင်းတောင်ပိုင်ရမ်အုပ်မင်းများ ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိသော ချင်းတောင်တန်းဒေသ၊
(၅) သီးခြားလွတ်လပ်သော ပြည်ထောင်စုကရင်နီနယ်ပြည်ဟူ၍ နယ်မြေကြီး ၅ ခု တည်ရှိခဲ့သည့်အပြင်
(က) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထား
Government of Burma ACT-1935
(၁) အနောက်ဘက် ရှမ်းပြည်ဟုခေါ်တွင်ခဲ့သော သောင်သွပ်နယ်၊ ဆင်ကလိုက်ခန္တီးနယ်၊ (၂) ရခိုင်တောင်တန်း ဒေသခေါ် ပလက်ဝဒေသနှင့် မြောက်ပိုင်းရှိတောင်တန်းဒေသမျာ
(ခ) အင်္ဂလိပ်ဘုရင်ခံက အုပ်ချုပ်ရေးထားရှိသော part 2 ခေါ်တွင်သောနယ်မြေများ
(၁) part one တွင် မပါဝင်သည့် မြစ်ကြီးနားနှင့်ဗန်းမော်တို့မှ အစိတ်အပိုင်းများ၊
(၂) အထက်ချင်းတွင်း စီရင်စုရှိ ဟုမ္မလင်းဆပ်ဒီဝီဇံ၊ တမူးမြို့နယ်ကျေးလက်ဒေသများ၊
(၃) ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကော့ကရိတ်မြို့နယ်မှ မြဝတီတိုက်နယ်၊ တောင်ငူစီရင်စုအရှေ့ဘက်ခြမ်း၊ ပျဉ်းမနား အရှေ့တောင်တန်းဒေသ၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ရွှေကျင်ခရိုင်ခွဲဒေသဟူ၍ ပါရှိသည့်အပြင်
(ဂ) တောင်ပေါ်စခန်းမြို့များ
တောင်ကြီး၊ မေမြို့(ခ)ပြင်ဦးလွင်၊ ကလော၊ လားရှိုး၊ လွိုင်လင်၊ လွိုင်မွေ၊ သံတောင်စသည့် တောင်ပေါ် စခန်းမြို့များကို သီးသန့်မြူနီစပါယ်အုပ်ချုပ်ရေး
ဤသည်မှာတိုင်းရင်းသားများဒေသနယ်
ဤတွင် မဝေးလှသော သမိုင်းကြောင်းပြန်ကြည့်ပါက တိုင်းရင်းသားလူမျိုး နယ်မြေများ၏ အနေအထားအမှန် ဖြစ်သည်။ တစ်ပြည်ထောင်ပုံစံမရှိ၊ ပြည်ထောင်စုပုံစံလည်းမရှိခဲ့ပေ။
မှတ်ချက်။ ။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရခိုင်တောင်တန်းဒေသကို ချင်းပြည်နယ်တွင် လည်းကောင်း၊ သံလွင်ခရိုင် (ခေါ်) ဖာပွန်နယ်၊ တောင်ငူစီရင်စုအရှေ့ဘက်ခြမ်း (ခေါ်) သံတောင်နယ်၊ ဘာအံနယ်၊ လှိုင်းဘွဲ့နယ်များကို စုစည်း၍ ၁၉၅၂ ခုနှစ်တွင် ကရင်ပြည်နယ် ဖော်ထုတ်ပေးပြီး ၁၉၅၄ ခုနှစ်တွင် ကော့ကရိတ် နယ်နှင့် ကြာအင်းဆိပ်ကြီးနယ်များအပါအဝင် ကရင်ပြည်နယ်ကို တိုးချဲ့သတ်မှတ်သည်။ ဝ စော်ဘွားများနယ်ကို ရှမ်းပြည်အုပ်ချုပ်ရေးတွင်လည်းေ
[၃] ပင်လုံစာချုပ်နှင့်ပြည်ထောင်စု
ဗမာပြည်မအစိုးရကိုယ်စား ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်းတိုင်းရင်းသားခေါင်းဆောင်
ပင်လုံစာချုပ်၏ လက္ခဏာရပ်များ
(၁) အနိုင်အရှုံးစာချုပ်မဟုတ်ပါ၊ တန်းတူရည်တူစာချုပ်ဖြစ်သည်။
(၂) လူမျိုးကိုကိုယ်စားပြုသော စာချုပ်မဟုတ်ပါ။ ဗမာပြည်မနယ်မြေ၊ ပြည်ထောင်စုရှမ်းပြည်နယ်မြေ၊ ကချင် တောင်တန်းဒေသနယ်မြေနှင့် ချင်းတောင်တန်းဒေသနယ်မြေ ဟူ၍ နယ်မြေ (၄) ခုကို အသီးသီးကိုယ်စားပြုပြီး ချုပ်ဆိုထားသော စာချုပ်ဖြစ်သည်။
ပင်လုံစာချုးပ်၏အနှစ်သာရများ
(၁) သီးခြားစီတည်ရှိသော ဗမာပြည်မနယ်မြေ၊ ပြည်ထောင်စုရှမ်းပြည်နယ်မြေ၊ ကချင်တောင်တန်းဒေသနှင့် ချင်း တောင်တန်းဒေသနယ်မြေ (၄) ခုသည် တပြိုင်တည်းလွတ်လပ်ရေးရယူရန်။
(၂) ယင်းနယ်မြေ (၄) ခုသည် လွတ်လပ်ရေးရရှိပြီးပါက အမျုးိသားတန်းတူရည်တူ၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရန်တို့ဖြစ်သည်။
[၄] ဖွဲ့စည်းပုံရေးဆွဲရန်ပြင်ဆင်ြ
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဖဆပလ အဖွဲ့ချုပ်နှင့် ကချင်၊ ချင်း၊ ရှမ်း တိုင်းရင်းသားခေါင်းဆောင်များ သည် အနာဂတ်ဖွဲ့စည်းပုံအခြေခံဥပဒေရေး
(က) အခြေခံမူ (၄)ချက်
၁- လွတ်လပ်သောနိုင်ငံဖြစ်ရမည်။ (Independence)
၂- အချုပ်အခြာအာဏာပိုင်ရမည်။ (Sovereignty)
၃- ဒီမိုကရေစီသမတနိုင်ငံဖြစ်ရမည်။(
၄- ပြည်ထောင်စုဖြစ်ရမည်။ (Union State) ဟူ၍ ချမှတ်ထားသည်။
(ခ) ဗိုလ်ချုပ်လမ်းညွန် (၇)ချက်
——
(ဂ) ဖွဲ့စည်းပုံအခြေခံကျောရိုး ချမှတ်ခြင်း။
ရန်ကုန်မြို့ ဂျူဗလီခန်းမကြီးတွင် ၁၉၄၇-ခုနှစ်၊ မေလ (၂၄)တွင် ကျင်းပသော ဖဆပလပဏာ မညီလာခံသဘင်၌ အဆို (၁၄) ချက် သို့မဟုတ် အခန်း (၁၄) ခန်း တင်သွင်းသည့်အပေါ် တိုင်းပြုပြည်ပြုလွှတ်တော်ကဲ့သို
အခန်း ၁။ နိုင်ငံဖွဲ့စည်းပုံ
ပုဒ်မ ၁။ ဗမာနိုင်ငံတော်ကို လွတ်လပ်သောအချုပ်အခြာအာဏာပိုင်
ပုဒ်မ ၂။ ဆိုခဲ့ပြီးသော လွတ်လပ်ပြီးသော အချုပ်အခြာအာဏာပိုင်သမတ ဗမာနိုင်ငံတော်တွင်
(က) ၁ – ဗမာပြည်ဝန်ကြီးအဖွဲ့က အုပ်ချုပ်သော ဗမာပြည်မ၊
၂ – ဟုမ္မလင်းခရိုင်ခွဲ
၃ – ဆင်ကလိုင်ခန္တီး
၄ – သောင်သွပ်
၅ – ဆောမရနယ်ပယ်
၆ – နာဂတောင်တန်းများ
ရ – သံလွင်ခရိုင်
၈ – ကန်ပက်လက်ခရိုင်ခွဲ
၉ – ရခိုင်တောင်တန်းဒေသ ဟူ၍ခေါ်ဝေါ်သော ဒေသများ
(ခ) ကိုးခန်းနှင့်မောင်းပိုင်တို
(ဂ) ကရင်နီပြည်နယ်များ
(ဃ) ကချင်တောင်တန်းများ
(င) ကန်ပက်လက်ခရိုင်ခွဲမပါသော ချင်းတောင်တန်းခရိုင်တို့ပါဝင်ေ
ပုဒ်မ ၃။ ချုပ်ဆိုခဲ့ပြီးသော လွတ်လပ်သောအချုပ်အခြာအာဏာပိုင် သမတဗမာနိုင်ငံတော်သည် ပြည်ထောင်စု ဗမာ နိုင်ငံတော်ဟု ခေါ်တွင်ရမည်။
(၁) အောက်ပါ ဂုဏ်အင်္ဂါများရှိသော ပြည်သူပြည်သားများအား ပြည်ထောင်စုပြည်နယ် အဆင့်အတန်းကို ပေးအပ်ရ မည်။
၁- ပထဝီအနေအထားအရ နယ်နိမိတ်အထင်အရှား ရှိခြင်း၊
၂- မြန်မာစကားနှင့်မတူသော ဘာသာစကားတမျိုးတည်းရှိခြင်း၊
၃- ယဉ်ကျေးမှုတမျိုးတည်းရှိခြင်း၊
၄- ရာဇဝင်အစဉ်အလာတမျိုးတည်းရှိသော လူစုရှိခြင်း၊
၅- စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးနှင့် စီးပွားရေးလုံလောက်မှုတို့ရှိေ
၆- လူဦးရေအတော်အတန်ရှိခြင်း၊
၇- သီးခြားပြည်ထောင်စုဒေသအဖြစ်ဖြင်
(၂) ကိုယ်ပိုင်အုပ်ချုပ်ရမည့် နယ်များကို အဆင့်အတန်းကို အထက်ပါဂုဏ်အင်္ဂါများ နည်းများမဆို ရှိပါလည်း စီးပွားရေး လုံလောက်မှု ချို့ငဲ့နေသော ပြည်သူပြည်သားများအား ပေးအပ်ရမည်။
(၃) လူမျိုးစုပြည်နယ်အဆင့်အတန်းကို နည်းများမဆို သီးခြားဘာသာစကားရှိခြင်း၊ ထိုဘာသာစကားကို အတော်အသင့်အားဖြင့် တစုတပေါင်းတည်း ပြောဆိုသော ဒေသရှိခြင်း၊ မိမိ၏ ကိုယ်ပိုင်ထင်ရှားချက်အတိုင်း နေလို သော ဆန္ဒရှိခြင်းတို့မှတပါး အထက်ပါအားလုံးသော ဂုဏ်အင်္ဂါများ၌ ချို့ငဲ့နေသော ပြည်သူပြည်သားများအား ပေးအပ်ရမည်။
(၄) တိုင်းရင်းသားလူနည်းစု အခွင့်အရေးများကို
၁။ လူမျိုးအားဖြင့်လည်းကောင်း၊ ဘာသာစကားအားဖြင့်လည်းကောင်း၊ ယဉ်ကျေးမှုအားဖြင့်လည်းကောင်း၊ ရာဇဝင်အစဉ်အလာအားဖြင့်လည်းကောင်
၂။ ဗမာတပြည်လုံး၌ဖြစ်စေ အဖွဲ့ဝင် ဒေသတခုခုတွင်ဖြစ်စေ ရှိသောလူဦးရေအားလုံးတွင် အနည်းဆုံး (၁၀)ပုံ (၁)ပုံမျှ လူဦးရေရှိသော လူတစုအားရရှိနိုင်စေရန် ဝန်ခံချက်ပြုရမည်။
ရှင်းလင်းချက်။ ။ အခန်း[၁] ပုဒ်မ ၃။ အပိုဒ်(၁)တွင် အင်္ဂါရပ်များ (၇)ချက်ဖော်ပြရာမှာ မြန်မာစကားနှင့်မတူ သော ဘာသာစကားတမျိုးတည်းရှိခြင်း ပါရှိသဖြင့် အမျိုးသားပြည်နယ် ရာထားသော ကချင်၊ ကရင်နီ၊ ချင်း၊ ရှမ်းတိုင်းရင်း သား လူမျိုးများအတွက် ဆိုလိုခြင်းမဟုတ်ပါ။ ကချင်၊ ကရင်နီ၊ ချင်း၊ ရှမ်းလူမျိုးများသည် မြန်မာ စကားနှင့်တူသည် မတူသည်ဟု မေးရန်ဖြေရန်မလိုကြောင်း ရှင်းလင်းပေသည်။
မြန်မာစကားနှင့်မတူသော ဘာသာစကားတမျိုးတည်းရှိခြင်း ဖော်ပြခြင်းသည် ဗမာပြည်မနယ်မြေတွင် အတူတကွ နေထိုင်ကြသော ရခိုင်၊ မွန်၊ ကရင် လူမျိုးများအတွက် ဖော်ပြခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။ ထို့ကြောင့် ရခိုင်၊ မွန်၊ ကရင် အမျိုးသားပြည်နယ်အတွက် တပြိုင်တည်းဖော်ထုတ်ရမည်ဖြစ်သည်
ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ
[၅] ၁၉၄၇-ခုနှစ် ဖွဲ့စည်းပုံနှင့် ပြည်တွင်းစစ်မီးအဆင့်ဆင့်လောင်
ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီးေ
(၁) ဗမာပြည်မကို ပြည်ထောင်စု (ဗဟို) အာဏာနှင့်တွဲထားပြီး ကရင်၊ မွန်၊ မြန်မာ၊ ရခိုင် အမျိုးသားများ အတွက် ပြည်နယ်မဖေါ်ပေးသဖြင့်၊ ရှမ်း၊ ကချင်၊ ကရင်နီ၊ ချင်းအမျိုးသားများသည် ဗမာပြည်မ လက်ခံအောက်ဘဝ ရောက်ရှိ သွားခြင်း၊
(၂) သီးခြားလွတ်လပ်သောကရင်နီပြည်ကို စောဖျာများနှင့်ပြည်သူလူထုဆန
(၃) ပါတီစုံစနစ်လက်တွေ့ကျင့်သုံးရာ
(၄) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ေ
(၅) ကချင်ပြည်နယ်အစိုးရနှင့်လူထုဆန
(၆) ကူမင်တန်တရုတ်ဖြူကို အကြောင်းပြပြီး ရှမ်းပြည် (၁၃) နယ်ကို စစ်အုပ်ချုပ်ရေးသတ်မှတ်ခြင်း၊
(၇) ဗုဒ္ဓဘာသာကိုနိုင်ငံတော် ဘာသာအဖြစ်ပြဌာန်းခြင်း၊
(၈) ဝန်ကြီးချုပ်ဦးနုဦးဆောင်သော ၁၉၆၂-ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး နှီးနှောဖလှယ်ပွဲ ကြီးကျင်းပနေစဉ် ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့်
[၆] (က) ၁၉၇၄-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ
ဗို်လ်ချုပ်နေဝင်းဦးဆောင်သော မဆလ ဖက်ဆစ်စစ်အုပ်စုသည် ၁၉၇၄-ခုနှစ်တွင် ၎င်းတို့စိတ်ကြိုက် ဖွဲ့စည်းပုံ တခုကိုရေးဆွဲပြဌာန်းလိုက်သည်။ တိုင်းရင်းသားများအခွင့်အရေးမဆိ
(ခ)၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ
နဝတ/နအဖ ဖက်ဆစ်စစ်အုပ်စုသည် ၁၉၉၃-ခုနှစ်မှစ၍ အနာဂတ်အမျိုးသားနိုင်ငံရေးတွင် တပ်မတော်မှ အစဉ် တစိုက် ဦးဆောင်ပါဝင်ထမ်းဆောင်နိုင်ရေး ဆိုသည့်ဦးတည်ချက်ဖြင့် အတုအယောင် အမျိုးသားညီလာခံကို စတင် ကျင်းပခဲ့သည်။ ၂၀၀၇-ခုနှစ် (၁၄)နှစ်အကြာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၎င်းတို့စိတ်ကြိုက် ရေးဆွဲထားပြီး ၂၀၀၈ ခုနှစ်တွင် ယင်းဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းအဓမ္မအတည်ပြု ပြဌာန်းလိုက်ပြီး ၂၀၁၀-ခုနှစ်တွင် ဖိနှိပ်မှုမျိုးစုံ ရွေးကောက်ပွဲတရပ်ကျင်းပကာ သမတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်သည်။ ယင်းဖွဲ့စည်းပုံသည် စစ်အုပ်စုက ပြည်သူတရပ်လုုံးအပေါ် ကျွန်ပြုထားနိုင်ရေးနှင့် တိုင်းရင်းသားလူမျိုးစုများအား အမျိုးဖြုတ်ရေးကို ဦးတည်ခြင်းဖြစ်ပြီး ဒီမိုကရေစီအခွင့်အရေးနှင့် တိုင်းရင်းသား များ တန်းတူရေးအတွက် မည်သို့မျှ ဖော်ဆောင်ပေးနိုင်ခြင်း မရှိကြောင်း အားလုံးအသိပင် ဖြစ်သည်။
[၇] စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု သမ္မတဗမာနိုင်ငံတော်သစ် တည်ဆောက်ရေး
(က) အခြေခံမူများ
ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ချမှတ်ထားခဲ့သော အခြေခံမူများသည် အောက်ပါ (၈)ချက် အပြင် လွတ်လပ်စွာ ပူးပေါင်းခြင်းနှင့် လွတ်လပ်စွာ ခွဲထွက်ခွင့် (၂) ချက် ပါရှိသည်။ သို့သော် ပူးပေါင်း လာသည်မှာ ကြာပြီဖြစ်သောကြောင့် ထည့်သွင်းရန် မလိုအပ်ကြောင်း၊ ခွဲထွက်ခွင့်နှင့် ပတ်သက်၍လည်း ထည့်သွင်းရန် မလိုအပ်ကြောင်း၊ ခွဲထွက်ခွင့်ထက် တန်းတူရည်တူ သည်သာလျှင် ပိုပြီးအရေးကြီးကြောင်း၊ ထို့ကြောင့် အခြေခံ ထားရှိရမည့်မူတွင် ခွဲထွက်ခွင့် ထည့်သွင်းခြင်းမပြုဘဲ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် သွားရန် အရေးကြီးပေသည်။
(၁) လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်ဆိုင်သောနို
လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်ဆိုင်သောနို
(၂) တန်းတူရေး (Equality)
တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံရေးအရဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ တန်းတူရည်တူအခွင့်အရေး ရှိစေရ မည်။
(၃) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Self-determination)
တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု စသည့် ကဏ္ဍအသီးသီးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရှိစေရမည်။
(၄) ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်မူ (Federal Principles)
ပြည်ထောင်စုလွှတ်တော်တွင် အာဏာတူလွှတ်တော် နှစ်ရပ်ထားရှိရေး အပါအဝင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ပြည်နယ်များဖြင့် ပြည်ထောင်စုကို ဖွဲ့စည်းရမည်။
(၅) လူနည်းစုများ၏အခွင့်အရေးများကို ကာကွယ်ခြင်း (Minority Rights)
ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအတွင်း နေထိုင်ကြသော တိုင်းရင်းသားလူနည်းစု များ၏ အခွင့်အရေး များအတွက် လုံလောက်သော အကာအကွယ်များ ပြဋ္ဌာန်းပေးရမည်။
(၆) ဒီမိုကရေစီနှင့် အခြေခံအခွင့်အရေးများ (Democracy and Fundamental Rights)
ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်သော နိုင်ငံသားတိုင်းသည် လူမျိုးမရွေး၊ ဘာသာမရွေး၊ လိင်ခွဲခြားမှု မရှိစေဘဲ ဒီမိုကရေစီ အခွင့်အရေးများကို အပြည့်အဝ ခံစားပိုင်ခွင့် ရှိစေရမည်။
(၇) ပါတီစုံဒီမိုကရေစီစနစ် (Multi-party Democracy System)
ပြည်ထောင်စုမြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးစေရမည်။
(၈) ဘာသာရေးကို အခြေမခံသောနိုင်ငံ (Secular State)
နိုင်ငံရေးနှင့် ဘာသာရေး ရောစပ်ခြင်း မရှိစေပဲ၊ ဘာသာရေးကို အခြေမခံသောနိုင်ငံ ဖြစ်စေရမည်။
အထက်ပါ အခြေခံထားရှိရမည့် အခြေခံမူ (၈)ချက် ပါရှိသည့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရာတွင် –
(၁) တိုင်းရင်းသား ပြည်သူလူထုများ နိုင်ငံရေးအရ ဒီမိုကရေစီ အခွင့်အရေး ဖော်ဆောင်ပေးရေး၊
(၂) တိုင်းရင်းသားများ တန်းတူရည်တူ နိုင်ငံရေးအခွင့်အရေး ဖော်ဆောင်ပေးရေး၊
(၃) ပြည်သူလူထုတရပ်လုံး အခြေခံလူ့အခွင့်အရေး ဖော်ဆောင်ပေးရေး စသည့် အခွင့်အရေးကြီး (၃) ရပ်ကို ကာကွယ်ပြဋ္ဌာန်း ရေးဆွဲရမည် ဖြစ်သည်။
ဖွဲ့စည်းပုံ ဥပမာ ပုံစံဇယား
အထက်ဖော်ပြပါ ဥပမာ ပုံစံဇယားသည် ပြည်သူလူထု ဒီမိုကရေစီအခွင့်အရေး ဖော်ဆောင်ခြင်းနှင့် တိုင်းရင်းသား လူမျိုးများ တန်းတူရည်တူ အခွင့်အရေးဖော်ဆောင်ခြင်းဖြစ်
(၁) ပြည်သူလူထု ဒီမိုကရေစီအခွင့်အရေး ဖော်ဆောင်ပေးခြင်း
တိုင်းပြည်တပြည်တွင် ပြည်သူလူထုသည်သာလျှင် တိုင်းပြည်၏ အာဏာအရပ်ရပ်ကို ပိုင်ဆိုင်ထားသော မူလပိုင်ရှင် အစစ်အမှန် ဖြစ်သည်။ တိုင်းပြည်၏ အာဏာအရပ်ရပ်သည် ပြည်သူလူထုထံမှ ဆင်းသက်စေရမည်။
ပြည်ထောင်စုဗမာနိုင်ငံ၏ အာဏာပိုင်သည် ဧရာဝတီမြစ်၊ သံလွင်မြစ်၊ ပဲခူးရိုးမ၊ ရှမ်းရိုးမ၊ ရန်ကုန်မြို့၊ မန္တလေးမြို့ မဟုတ်ပါ။ နိုင်ငံအတွင်း နေထိုင်ကြသည့် သန်း (၆ဝ) ကျော်သော ပြည်သူလူထုသာလျှင် တိုင်းပြည်၏ မူလအာဏာပိုင်ရှင် အစစ်အမှန် ဖြစ်သည်။ ပြည်သူလူထု တဦးစီ၏ တန်းတူရည်တူ ပိုင်ဆိုင်ထားသည့် အာဏာကို လက်တွေ့ကျင့်သုံး၍ မရပါ။ သို့ဖြစ်၍ လူတသိန်းပိုင်ဆိုင်ထားသည့် အာဏာကို စုပြီး ကိုယ်စားလှယ်တဦးသို့ အာဏာပေးအပ် ရွေးချယ်ရခြင်း ဖြစ်သည်။ ထို့ကြောင့် လူဦးရေ သန်း (၆ဝ) ကျော်ရှိသော ပြည်သူ့အာဏာကို တည်ဆောက်ရန် လူဦးရေ တသိန်းလျှင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးကျစီ ရွေးချယ်တင်မြှောက်မည် ဆိုပါက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပေါ
ဥပမာအနေဖြင့် ရှင်းလင်းလိုသည်မှာ ပြည်ထောင်စုဗမာနိုင်ငံတွင် လူဦးရေ သန်း (၆ဝ) ကျော်ရှိသည့်အနက် မြန်မာတိုင်းရင်းသား (၃၅) သန်းရှိပြီး အခြားတိုင်းရင်းသားများအားလုံး
တိုင်းရင်းသားများမှ (၂၅ဝ) ဦးသာရပြီး မြန်မာတိုင်းရင်းသာ တမျိုးတည်းမှ လွှတ်တော်ကိုယ်စားလှယ်ပေါင်း (၃၅ဝ) ဦး ရသည် မတရားသည်ဟု ပြော၍ မရပါ။ ဤကဲ့သို့ ပြောဆိုပါက လူတဦးချင်း၏ ဒီမိုကရေစီ ပိုင်ခွင့်ကို ဆန့်ကျင်ရာ ရောက်သွားသည်။ မြန်မာတိုင်းရင်းသား (၃၅) သန်းရှိ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၅ဝ) ဦးရရှိခြင်းသည် ပြည်သူလူထု တဦးချင်း၏ တန်းတူရည်တူ ဒီမိုကရေစီအခွင့်အရေးကို အကောင်အထည် ဖော်ခြင်း ပင်ဖြစ်သည်။
ထိုနည်းတူစွာ ပြည်သူလူထုကို နေ့စဉ်နှင့်အမျှ စီမံအုပ်ချုပ်ရန် ပြည်သူ့လွှတ်တော်က ပြည်ထောင်စုအစိုးရ အဖွဲ့ကို ရွေးချယ်တင်မြှောက်ရမည် ဖြစ်သည်။ ဝန်ကြီးချုပ်ရွေးချယ်ရာတွင် မြန်မာတိုင်းရင်းသား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသဖြင့် ဝန်ကြီးချုပ်လည်း မြန်မာတိုင်းရင်းသား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ထဲမှ အများဆုံးဖြစ်နိုင်ပါသည်။ ထိုနည်းတူ ဝန်ကြီးချုပ်က ဝန်ကြီးအဖွဲ့ (၃၅) ဦး ရွေးချယ်ရာတွင်လည်း မြန်မာတိုင်းရင်းသား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထဲမှ ဝန်ကြီး (၂၅) ဦးနှင့် အခြား တိုင်းရင်းသား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁ဝ) ဦးသာ ပါမည် ဖြစ်နိုင်ပါသည်။ ဤသည်မှာ ပြည်သူလူထုထံမှ ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ဖြစ်သည်။
ပြည်ထောင်စု ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် အုပ်ချုပ်ပိုင်ခွင့်သာ ရသည်။ ဥပဒေပြုပိုင်ခွင့် မရှိပါ။ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ပါဝင်သည့် ပြည်ထောင်စုလွှတ်တော်က ရေးဆွဲပြဋ္ဌာန်းထားသော ဥပဒေ အတိုင်း အုပ်ချုပ်ပိုင်ခွင့် ရှိသည်။ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင်လည်း ထပ်တူ ဥပဒေပြု အာဏာ ရှိသဖြင့် မည့်သည့် လွှတ်တော်ကမှ လွှမ်းမိုးထားခြင်း မရှိပါ။
(၂) တိုင်းရင်းသားလူမျိုးများ တန်းတူအခွင့်အရေး ဖော်ဆောင်ခြင်း
တိုင်းရင်းသားလူမျိုးများ တန်းတူအခွင့်အရေး ဖော်ဆောင်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းလိုသည်မှာ ဖက်ဒရယ် ပြည်ထောင်စု ဗမာနိုင်ငံတော်တွင် ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ် (၁၂) ပြည်နယ် ရှိသည် ဆိုကြပါစို့။ တပြည် နယ်လျှင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ပေါင်း (၆) ဦးစီ ရွေးမည်ဆိုပါက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ပေါင်း (၇၂) ဦးရှိမည်။ ဖက်ဒရယ်ပြည်ထောင်စု ဗမာနိုင်ငံတွင် ပြည်နယ်များ (၁၂) ခုနှင့် စုဖွဲ့စည်းထား သည့်အတွက် ပြည်ထောင်စုတခုလုံး၏ သမ္မတသည် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များထဲမှ ရွေးချယ်ရမည် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏ အထွဋ်အထိပ် ဥသျှောင်ကြီးဖြစ်သည့်အပြင် စစ်သေနာ ပတိချုပ်လည်း ဖြစ်သဖြင့် အရေးပေါ်ကာလတွင် တိုင်းပြည်တခုလုံးကို စီမံခန့်ခွဲအုပ်ချုပ်ပိုင်ခွင့် သတ်မှတ်ထားသည်။
အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့သည် ထပ်တူဥပဒေပြုအာဏာ သတ်မှတ်ထားသဖြင့် ပြည်သူ့ လွှတ်တော်က ဥပဒေပြုပါက အမျိုးသားလွှတ်တော်သို့ ပေးပို့ရမည်ဖြစ်ပြီး အမျိုးသားလွှတ်တော်က သဘောတူမှသာ လျှင် ဥပဒေဖြစ်သည်။ သဘောမတူပါက ဥပဒေဖြစ်ပိုင်ခွင့် မရှိပါ။ ထိုနည်းတူ အမျိုးသား လွှတ်တော်က ဥပဒေပြု ရာတွင်လည်း ပြည်သူ့လွှတ်တော်သို့ ပေးပို့ရမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်က သဘောတူမှသာလျှင် ဥပဒေဖြစ်သည်။ သဘောမတူပါက ဥပဒေဖြစ်ပိုင်ခွင့် မရှိစေရ ဟူ၍ ထပ်တူပြုဥပဒေ သတ်မှတ်ထားသည်။ ထို့ကြောင့် လွှတ်တော် တခုနှင့်တခု ထိန်းညှိထားခြင်းဖြင့် တိုင်းရင်းသားများ တန်းတူညီမျှရေးကို အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။
အထက်ပါ ရှင်းလင်းတင်ပြသကဲ့သို့ မြန်မာပြည်နယ်နှင့် ရှမ်းပြည်နယ်တို့သည် လူဦးရေပိုများပြီး နယ်လည်း ပိုကျယ်သည်။ ချင်းပြည်နယ်နှင့် ကရင်နီပြည်နယ်တို့သည် လူဦးရေနည်းပြီး၊ နယ်မြေလည်း ကျဉ်းသည်။ ထို့ကြောင့် အမျိုးသားလွှတ်တော်တွင် (၆)ဦးစီ ရရှိသည်မှာ နစ်နာသည်ဟု မြန်မာနှင့် ရှမ်းတို့က ပြောမည် ဆိုပါက လူမျိုးရေး တန်းတူညီမျှမှုကို လက်မခံဘူးလား၊ လူမျိုးရေးတန်းတူညီမျှမှုကို လက်ခံပါက လူဦးရေများပြီး နယ်မြေကျယ်သော မြန်မာနှင့် ရှမ်းလူမျိုးတို့သည် ပြည်သူ့လွှတ်တော်တွင် မြန်မာ (၃၅ဝ) ဦး၊ ရှမ်းက (၈ဝ) ဦး ရရှိပြီး ချင်း (၂ဝ) ဦးနှင့် ကရင်နီက (၁၅) ဦးသာ ရရှိသည်။ ပြည်သူတဦးချင်း ဒီမိုကရေစီ နိုင်ငံရေး အခွင့်အရေး ရရှိပြီးဖြစ်၍ အမျိုးသား တန်းတူရေး အကောင်အထည်ဖော်ရာတွင် ပြည်နယ်တနယ်လျှင် အမျိုးသားလွှတ်တော် (၆) ဦးစီ အညီအမျှ ရရှိခြင်း သည် အမျိုးသားတန်းတူရည်တူ ဖော်ဆောင်ခြင်းပင် ဖြစ်သည်။
(ဥပမာ – ညီရင်းအကိုများသည် တန်းတူရည်တူ ရှိပြီး အမွေများခွဲဝေရာတွင် အသက် (၄ဝ) နှစ်ရှိသော အကိုကြီးက လယ်မြေဧက ၄ဝ ယူမည်။ အလတ်အသက် ၂ဝ နှစ်က ၂ဝ ဧက ယူမည်။ ၁ဝ နှစ်အရွယ် ညီအငယ်ဆုံးကို ၁ဝ ဧက ခွဲဝေပေးမည်ဆိုပါက ညီအစ်ကိုများ တန်းတူရည်တူ မဟုတ်တော့ပါ။ အညီအမျှ ခွဲဝေမှသာလျှင် တန်းတူရည်တူ ဖြစ်သည်)။
အထက်ပါကဲ့သို့ သန်း (၆ဝ) ကျော်ရှိသော ပြည်သူလူထု တဦးချင်းစီ၏ ဒီမိုကရေစီ အခွင့်အရေးနှင့် တိုင်းရင်းသား လူမျိုးများ တန်းတူ အခွင့်အရေးကို ဖော်ဆောင်ပေးခြင်းဖြင့် ပင်လုံစိတ်ဓာတ်၊ စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ် တည်ဆောက်ခြင်းသည်သာလျှင် မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒကို ဖယ်ရှားနိုင်ပြီး တိုင်းရင်းသားလူမျိုးများ အချင်းချင်း လူမျိုးကြီး လူမျိုးငယ် ဖိနှိပ်ချုပ်ချယ်သော ပုံစံအားလုံးကို ဖယ်ရှားနိုင်ပြီး ငြိမ်းချမ်းသာယာဝပြောသော ဖက်ဒရယ်ပြည်ထောင်စု ဗမာနိုင်ငံတော်သစ်ကို တည်ဆောက်သွားနိုင်မည် ဖြစ်သည်။
(၃) ပြည်သူလူထုများ အခြေခံလူ့အခွင့်အရေးများ ဖော်ဆောင်ပေးခြင်း
ပြည်သူလူထုများ ဒီမိုကရေစီအခွင့်အရေးတွင် နိုင်ငံရေးအရ ဒီမိုကရေစီအခွင့်အရေးနှင့် အခြေခံ လူ့အခွင့်အရေး ဟူ၍ နှစ်မျိုးရှိသည်။ ပြည်သူလူထုများ နိုင်ငံရေးဒီမိုကရေစီ အခွင့်အရေးနှင့် ပတ်သက်၍ အပိုဒ် (၁) တွင် ဥပမာပုံစံဇယားဖြင့် ရှင်းလင်းတင်ပြပြီး ဖြစ်သည်။
ပြည်သူလူထု အခြေခံလူ့အခွင့်အရေးများနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရုပ်သိမ်း၍ မရသော အခြေခံလူ့အခွင့်အရေးများအပြင် လွတ်လပ်စွာ အသင်းအဖွဲ့ ထူထောင်ပိုင်ခွင့်၊ လွတ်လပ်စွာ ရေးသားထုတ်ဝေ ပိုင်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်၊ လွတ်လပ်စွာ စည်းရုံးဟောပြောပိုင်ခွင့်၊ လွတ်လပ်စွာ ပညာသင်ကြားခွင့်၊ လွတ်လပ်စွာ စီးပွားရှာဖွေပိုင်ခွင့် စသည့် အခြေခံအခွင့်အရေးများကို ကာကွယ် ပြဋ္ဌာန်းပေးရမည် ဖြစ်သည်။
ဤသည်မှာ တိုင်းရင်းသားလူမျိုးများတို့၏ တန်းတူရည်တူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုသမ္မတ ဗမာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရပင် ဖြစ်သည်။ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ မြန်မာ၊ ရှမ်း၊ ရခိုင် စသည့် တိုင်းရင်းသားများသည် ရှေးနှစ်ပေါင်းထောင်ချီကတည်းက မိမိကိုယ်ပိုင်နယ်မြေတွင် လွတ်လပ်စွာ နေထိုင်လာကြသည့် ဌာနေတိုင်းရင်း သား ညီအစ်ကိုများ ဖြစ်ကြသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ
ပြည်ထောင်စုဗမာနိုင်ငံ၏ အခြေခံနိုင်ငံရေးပြဿနာသည် တိုင်းရင်းသားများ တန်းတူအခွင့်အရေး ဆုံးရှုံးခြင်း ပြဿနာနှင့် ဒီမိုကရေစီလူ့အခွင့်အရေး ဆိတ်သုဉ်းခြင်း ပြဿနာများကြောင့် တိုင်းပြည်သည် ဆင်းရဲနက်တွင်း သို့ ကျရောက်ပြီး ပြည်သူလူထု စားဝတ်နေရေးသည်လည်း အတိဒုက္ခမျိုးစုံ ကြုံတွေ့လျက်ရှိပေသည်။ ယင်းဒွန်တွဲနေသော ပြဿနာနှစ်ရပ်ကို တပြိုင်တည်း ဖြေရှင်းရမည် ဖြစ်သည်။ ထိုဒွန်တွဲနေသော ပြဿနာ တရပ်ရပ်ကို ဖြေရှင်းရန် ချန်လှပ်ထားပါက ပြည်တွင်းစစ်မီးသည် ပြီးဆုံးနိုင်မည် မဟုတ်ပေ။ တချိန်မဟုတ် တချိန်တွင် ပြည်တွင်းစစ်မီးအရှိန် မြင့်လာသည်နှင့်အမျှ စစ်အာဏာရှင် အခန်းကဏ္ဍသည် ပြန်ပေါ်လာပြီး စစ်တပ်အာဏာသိမ်းခြင်း၊ ဒီမိုကရေစီ လူ့အခွင့်အရေး ဆိတ်သုဉ်းခြင်းသံသရာ ပြန်လည်မည်ဖြစ်ပြီး တိုင်းရင်းသားပြည်သူလူထုများ ဆင်းရဲဒုက္ခပင်လယ်ဝေ ခြင်း သံသရာသည်လည်း နောက်တကျော့ ပြန်လည်လာမည် ဖြစ်သည်။
ယနေ့ ဒီမိုကရေစီအရေးတော်ပုံကြီးသည် နှစ်ပေါင်း (၂၅) နှစ်ကျော်ကာလတွင် အရှိန်အဟုန် မြင့်မားဆဲရှိပြီး တိုင်းရင်းသားများ တန်းတူရေးတိုက်ပွဲသည် နှစ်ပေါင်း (၆ဝ) ကျော်ကြာလာသော်လည်း ထုထည်ကြီးမားစွာ တည်ရှိ လျှက်ရှိသည်။ ဒီမိုကရေစီအရေးအရှိန်အဟုန်နှင့် တိုင်းရင်းသားများတန်းတူရေး ထုထည်ကြီးသည် လှည်းဘီးနှစ်ဘီး ကဲ့သို့ အချင်းတူညီရန်လိုသည်။ လှည်းဘီးတဘက်သည် အချင်းလေးတောင်ရှိပြီး တဘက်တွင် အချင်းတတောင်သာ ရှိပါက သွားလိုသော ခရီးပေါက်ရောက်နိုင်မည်မဟုတ်ပါ။ ဒီမိုကရေစီအင်အားစုနှင့် တိုင်းရင်းသားအင်အားစုတို့ သည်လည်း လှည်းဆွဲနွားတရှဉ်းကဲ့သို့ အတွဲညီရန် လိုအပ်သည်။
နောက်ဆုံးအနေဖြင့် တင်ပြလိုသည်မှာ ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများသည် ပင်လုံ စိတ်ဓာတ် ရှင်သန်ဖော်ဆောင်ရေး ခံယူချက်အပြည့်အဝဖြင့် ပြည်သူတရပ်လုံးနှင့်လက်တွဲ၍ ဒွန်တွဲနေသော တိုင်းရင်း သား လူမျိုးများတန်းတူရေးဆုံးရှုံးြ
ပင်လုံစိတ်ဓာတ်ဖော်ဆောင်ရေးမှ စစ်မှန်သော ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက် ရေးဆီသို့ …
ဒီမိုကရေစီရေးနှင့် တိုင်းရင်းသားများ တန်းတူရေး တပြိုင်တည်း အောင်ပွဲခံရမည်။
ပင်လုံစိတ်ဓါတ်ကို အခြေခံသော ပြည်ထောင်စုနေ့ကို ဦညွှတ်ဂါရဝပြုပါလျက် –
Khoo Marko Ban
ကယန်းအမျိုးသား စည်းလုံးညီညွတ်ရေး ဒီမိိုကရေစီအဖွဲ့(DOKNU)
၁၉၉ဝ ခုနှစ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဖယ်ခုံမြို့နယ်
ဖေဖေါ်ဝါရီလ (၁၂) ရက်၊ ၂၀၁၃ ခုနှစ်။
9 comments
မင်း ခန့် ကျော်
January 9, 2014 at 2:47 pm
တပြည် နယ်လျှင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ပေါင်း (၆) ဦးစီ ရွေးမည်ဆိုပါက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ပေါင်း (၇၂) ဦးရှိမည်။
ဒီအချက် ကို ကျတော် ဖြစ်စေချင်တာ။ဒီအတိုင်းအတိအကျမဟုတ်
ပေမဲ့ ဒီသဘောကိုကြိုက်တာ။
အမှန်က တိုင်းရင်းသားတွေကို အင်္ဂလိပ်လက်ကနေ ဗမာလူမျိုးနွယ်စု ကသိမ်းပိုက်အုပ်ချုပ်နေတယ်
ဆိုတဲ့အမြင်ကို မနဲ ဖျောက်နေရတယ်။
ဗိုလ်ချုပ်ရဲ့ ပင်လုံစိတ်ဓါတ်ကို ပျက်ပြယ်စေတာဟာ
တိုင်းရင်းသားတွေ ဗမာ့လက်အောက် ကျဆင်းခြင်းလို့
ဒီနေ့အထိမြင်နေကြတယ်။
kai
January 9, 2014 at 4:12 pm
ယူအက်စ်ကွန်ဂရက်မှာ.. အထက်လွှတ်တော်..စီးနိတ်က.. ပြည်နယ်အလိုက်ခွဲတာ..
အမှတ်မမှားရင်.. တပြည်နယ်၂ယောက်..သက်တမ်း၆နှစ်..။
စုစုပေါင်း…စိနိတ်တာ.. အယောက်၁၀ဝ ရှိတယ်..
အောက်လွှတ်တော်.. ဟောက်စ်က..ကွန်ဂရက်အမတ်တွေက.. ဇုံ(လူဦးရေ)နဲ့ခွဲတာ..
အမတ်သက်တမ်းက ၂နှစ်..
အဲဒါမျိုးလေးတိုက်ရိုက်လုပ်လို့ရတာပဲ..။
ပြသနာက. ပြည်နယ်တွေကို.. တိုင်းရင်းသားအများစုနာမယ်တွေလိုက်ပေးထားတာ..
အဲဒါကိုပြင်သင့်တယ်ထင်မိတယ်..။
ကချင်ပြည်နယ်ဆို.. ကချင်တွေအတွက်အဓိပ္ပါယ်ကြီးပေါက်နေတာပေါ့..
တူတူနေတဲ့… တခြားမျိုးတူ.. တိုင်းရင်းသားတွေအတွက်..မတရားဘူးပေါ့..
အဲဒါလေး..
မင်း ခန့် ကျော်
January 11, 2014 at 8:35 am
မှန်ပါတယ်။ပြည်နယ်ခွဲတာ တိုင်းရင်းသားနာမည်နဲ့ခွဲတာကိုက လူမျိုးစုကို ခွဲထုတ်လိုက်
သလိုပါပဲ။ ခွဲမဲ့ခွဲရင်လည်း ဗမာပြည်နယ်ဆိုတာကျမပါပြန်ဘူး။ ဒီလိုပြည်နယ်ဒေသခွဲတာမှာ
ကျတော်တို့ အာရှရဲ့ဂျပန်ကို နည်းယူသင့်မလားပဲ။စီရင်စုတွေနဲ့ဖွဲ့ထားတဲ့ ဂျပန်ရဲ့ ပုံစံကို
ထဲထဲဝင်ဝင်သိချင်ပါတယ်သူကြီးရေ။
kai
January 11, 2014 at 9:59 am
ဂျပန်မှာ.. အိုက်နုတိုင်းရင်းသားကလွဲလို့… မျိုးကွဲတိုင်းရင်းသားတွေမရှိပဲ.. ဟိုးအရင်က.. ရှိုဂွန်စစ်မင်းတွေကနယ်တွေကို.. ပြန်ခွဲထုတ်လိုက်တယ်လို့.. ထင်မိတယ်..။
အခြေခံက.. ယူအက်စ်ကိုယူထားတယ်ထင်တာပဲ..
ဘုရင် ငုတ်တုတ်ထိုင်နေတာ… ပိုနေတာတခုပေါ့လေ…။
မြန်မာပြည်လို့လူမျိုးတရာတပါးအရမ်းများတဲ့တိုင်းပြည်က.. ယူအက်စ်ပုံစံတိုက်ရိုက်ယူသင့်တယ်ထင်တာပဲ..
ယူအက်စ်မှာက.. တိုင်းပြည်ထောင်တုံးက ကမ္ဘာအရပ်ရပ်ကလာတဲ့.. လူမျိုးစုံတရာ့တပါးလေ..။
မင်း ခန့် ကျော်
January 11, 2014 at 11:14 am
ခက်တာက မူဘယ်လောက် ကောင်းကောင်း
လူမပြောင်းရင် မဖြစ်။
လူပြောင်းဖို့ဆိုတာကလည်း ပွင့်ပွင့်လင်းလင်းး နှစ်ဘက်စလုံးမရှိဘူး။
အာဏာရှင်ဘက်က စွန့်လွတ်ဖို့လိုသလို အတိုက်အခံဘက်ကလည်းခွင့်လွတ်ဖို့
လိုမယ်။
ခုတော့ မပြတ်မသားတွေနဲ့ အတိုက်အခံဘက်က အင်အားချိနဲ့ပုံရနေပြီ။
သန်ကောင်စာရင်းကလဲ ကောင်းတဲ့ဘက်အသုံးချနိုင်ရင်
၂၀၁၅ မှာ ပြည်နယ်က ပါတီတွေ နေရာယူထားဖို့ ရနေဖို့လိုမယ်။
nld က မဖြစ်မနေ ပြည်မ ကနေ ၅၀%နေရာယူထားနိုင်ရင် ။
အစိုးရတင်းပြည့်မဖွဲ့နိုင်ရင်တောင်မှ ပင်လုံစိတ်ဓါတ်ကို ပြန်အသက်သွင်းတန်သလောက်
သွင်းနိုင်မယ်ထင်တာပဲ။
နောက်ထပ် ဒေါ်စု အချိန်ကို ဘယ်လိုအသုံးချမလဲ တိုင်းရင်းသားတွေစောင့်ကြည့်နေပါပြီ။
(တစစီရေးထားတာမို့သည်းခံပါဗျိုးး)
ဦးကြောင်ကြီး
January 11, 2014 at 11:56 am
ပင်လုံစာချုပ် သူမှီလိုက်တာ ကြနေတာပဲ.. အတော်ဆိုးဒဲ့သဂျီးဇုတ် ဗျောင်လိမ်ဒယ်..
Paing Lay
January 11, 2014 at 2:33 pm
အူးကြောင်က ထောက်ပြသွားပြီးပြီဆိုတော့ ကိုရင် San Hla Gyi အလာကို စောင့်ပါဦးမည်
မင်း ခန့် ကျော်
January 13, 2014 at 10:21 am
နောက် ပင်လုံစာချုပ် နဲ့ပါတ်သတ်ပြီး ဒီမိုစနစ်နဲ့ပါတ်သတ်ပြီးပြောသင့်
မပြောသင့်ချိန်နေတာလေးရှိတယ်။
ဒါပေမဲ့ ဒီဟာကို မပြောမဖြစ်ပြောဖို့လိုမယ်ထင်လို့ပါ။
ကျတော်တို့ပင်လုံစာချုပ်နဲ့ပါတ်သတ်ပြီး သိထားရတာတွေက မဆလခေတ်က
သမိုင်းဆရာတွေပြောသလောက်သိရတာ။ အင်္ဂလိပ်တို့ရဲ့သွေးခွဲတဲ့လွတ်လပ်ရေး
ထိန်ချန်မူ့တို့ ဘာဘာညာညာပေါ့ဗျာ။
ပင်လုံစာချုပ်မတိုင်ခင်က လက်ရှိမြန်မာနိုင်ငံနယ်မြေ နယ်နိမိတ်တို့
အင်းဝခေတ် ရွှေဘိုခေတ် ပုဂံခေတ် ဒီထက် ရှေးခေတ်အဆက်ဆက်ထိ တဆင့်ချင်း
သွားရရင် ပြန်ကြည့်ရရင် လင်ရှိမြေပုံကို လက်မခံနိုင်ဘူးဗျ။
မြန်မာပြည်ရဲ့ ဗမာလူမျိုး အများစုနေတဲ့ ဧရာဝတီ မြစ်ဝှမ်းလွင်ပြင်တလျောက်
သာ ဗမာလူမျိုးများကြီးစိုး မင်းမူ အုပ်ချုပ် ခဲ့တာဗျ။ ကျန် တောင်တန်းဒေသတွေက
သက်ဆိုင်ရာ လူမျိုးစု တွေကလည်း ဗမာလူမျိုး များနည်းတူ ထီးနန်း စနစ် မရှိပေမဲ့ အလားတူ
ပုံစံတွေနဲ့နေထိုင်အုပ်ချုပ်လာခဲ့တာပါ။ ဗမာဘုရင်တွေ အင်အားတောင့်တင်း
လာချိန် အခြားစစ်ပွဲကြီးတွေမရှိချိန် ရှင်းရှင်းပြောရင် အားယားနေတဲ့အချိန်တွေ
မှာ တောင်တန်းဒေသ ဘက်ကို နယ်ချဲ့စနစ်နဲ့ ကြီးနိုင် ငယ်ညှင်း နယ်ချဲ့တယ်။
ဒါပေမဲ့ အင်္ဂလိပ်များလို အဘက်ဘက်က မစီမံနိုင်တော့ ပဏာဆက် ခိုင်း
ပြီး အပိုင်သိမ်းတယ်။ ဗမာထီးနန်းရှုပ်ထွေရင် အဲဒီဒေသတွေ ပြန်လွတ်တယ်။
နောက်တမင်းတတက်လြိ့ အခြေအနေပေးရင် အဲဒီတောင်တန်းဒေသတွေကိုပြန်သိမ်း
တယ်။
ဒီလိုနဲ့နှစ်ပေါင်း ထောင်ချီခဲ့တယ်။ အင်္ဂလိပ်တွေမြန်မာတနိုင်ငံလုံးကိုသိမ်းမှ
လက်ရှိမြန်မာမြေပုံနီးပါးကို မြန်မာနိုင်ငံရယ်လို ဘုရင်ခံတဦးနဲ့ သတ်မှတ်
အုပ်ချုပ်စေခဲ့တယ်။ ဒီအတိုင်းနှစ်ပေါင်းများလာတော့ ဗိုလ်ချုပ်တို့ခေတ်ကို
ရောက်လာခဲ့တယ်။ ဗိုလ်ချုပ်တို့လွတ်လပ်ရေးအတွက်အပြီးသတ်ခါနီးမှာ
အင်္ဂလိပ်က မူလဗမာနိုင်ငံကိုပဲလွတ်လပ်ရေးပေးမယ်လို့ ပြောလာတဲ့အခါ
ဗိုလ်ချုပ်တို့ အရှိုက်ကို အထိုးခံလိုက်ရသလို ဖြစ်သွားခဲ့ရတယ်။ ဘာသာစကား
ယဉ်ကျေးမူ့ ဘယ်လိုမှပေါင်းစပ်လို့မရနိုင်တာ ကို မြင်လာတယ်။ တိုင်းပြည်
ရဲ့နယ်မြေ လုံချုံရေး ဗျူဟာအရ တောင်တန်းဒေသ မပါတဲ့ လွတ်လပ်ရေးဟာ
နောက်ထပ် အချိန်မရွေး တိုင်းတပါးက သိမ်းပိုက်ဖို့ လွယ်ကူတယ်ဆိုတာကို
ဂျပန်ပြန်လာကတည်းက စဉ်းစားမိပေမဲ့ ခုလက်တွေ့ကြုံလာရတယ်။
တောင်တန်းဒေသက ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးစုတွေကလည်း
ရှေးရှေး ကတည်းက ဗမာဘုရင်တွေရဲ့ အကြိမ်ကြိမ် ကျူးကျော်မူ့တွေ
ချိန်းခြောက်မူ့တွေနဲ့ နေလာခဲ့ရာမှ အင်္ဂလိပ် လက်ထက်မှာ ဗမာဘုရင်အုပ်ချုပ်
မူ့ထက် သာတဲ့ အခြေအနေတွေကို ခံစားလာရတယ်။သူတို့ဆီက နည်းစနစ်
တွေ ကို အာကျလာတယ်။ လွတ်လပ်ရေးကို မိမိဒေသအလိုက် ရရမယ်လို့
စိတ်ကူးယဉ်လာတယ်။ ဒါပေမဲ့ ဒီအခြေအနေကို ဗိုလ်ချုပ်က ကောင်းကောင်း
ကျော်ဖြတ်စည်းရုံးနိုင်ခဲ့တယ်။ တိုင်းရင်းသားတွေ ဗိုလ်ချုပ်ကို မျော်လင့်ချက်
နဲ့ယုံခဲ့တယ်။ ပင်လုံစာချုပ် ဖြစ်လာရတယ်။ လွတ်လပ်ရေး မတိုင်မှီ အာဇာနည်
စာရင်းထဲ ဗိုလ်ချုပ် တို့ အမာခံအဖွဲ့ပါသွားတယ်။ မြန်မာ့နိုင်ငံရေးမှာ ကတိကဝတ်
စောင့်ထိန်းမူ့ အားနည်းခြင်းကြောင့် တောင်တန်းဒေသတွေဟာ ဗမာလူမျိုး
ထက် တဆင့်နိမ့် လက်အောက် ကျဆင်းခဲ့ရတယ်။
ဦးနုရဲ့ နိုင်ငံရေး ဝါဒအောင်မြင်မူ့နဲ့အတူ တောင်တန်းဒေသ တွေရဲ့လွတ်လပ်
ရေးကြိုးပမ်းမူ့ တွေဟာ ပြည်တွင်းစစ် ဆိုတဲ့ အမျိုးအစားအဖြစ် သတ်မှတ်
ခံခဲ့ရတယ်။
ဒီနေ့ခေတ်ကို ရောက်လာတယ်။ဒီမိုဆိုတဲ့ အနံ့တထောင်းထောင်းနဲ့
အတူ ရောက်လာခဲ့တယ်။ အာဏာရှင်တွေရဲ့ အဏာ ဆက်လက်ဆုပ်ကိုင်
နိုင်ရေး ကြိုးပမ်းချက် ကြောင့် အမျိုး ချစ် သာသနာချစ် အုပ်စု မွေးလာတယ်။
အမျိုးဘာသာ သာသနာ ကြွေးကြော်သံအောက် မှာ ဒီမိုအုပ်စု အင်အား
ချိနဲ့ကုန်တယ်။ တောင်တန်းဒေသ တွေအနေနဲ့ ဒီမိုစနစ်က လွတ်လပ်ရေး
ရနိုင်မယ်လို့ယုံကြည် နေကြတယ်။ ဒီမို အတွက်အသင့်ဖြစ်နေကြတယ်။
ဆိုရှယ်လစ်တို့ ပြည်ထောင်စု တို့ ဒီမိုစနစ်ဘက် ကူးပြောင်းရင် တိုင်းရင်းဒေသ
တွေနိုင်ငံအဖြစ်ကွဲထွက်ကုန်တာ ရှေ့ဖြစ်လေးတွေတွေ့ထားတယ်။မြင်ထားတယ်။
ဗမာလူမျိုး အများစုနေထိုင်တဲ့ ဒေသတွေမှာက အာဏာရှင် တွေကြောင့်
ဒီမိုဖြစ်ထွန်းဖို့ အလားအလာ မမြင်မိဘူး။ လူနည်းစု တိုင်းရင်းသားဒေသမှာ
တော့ ဖြစ်ထွန်းဖို့ စိတ်အားကောင်းနေကြပြီ။
ဖွဲ့စည်းပုံ ဥပဒေ ကလည်း သဂျီး ပြောသလို us ပုံစံကို တိုင်းရင်းသားတွေ
လက်ခံနိုင်ပါ့မလားစဉ်းစားစရာဖြစ်နေပြန်တယ်။
us ရဲ့ လူမျိုးစုံဆိုတာက ကမ္ဘာအရပ်ရပ်က usရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို
ကြိုက်လို့ လက်ခံလို့ လာကြတာ။ ဒီမှာက နှစ်ပေါင်းထောင်ချီ နယ်မြေ
ပေါ်နေထိုင်တဲ့ လူမျိုးတွေ။ သူတို့မှာကလည်း ကိုယ်ပိုင် ဘုရင်တို့
သမ္မတ တို့ လိုချင်ကြမှာပဲ။
ဒီတော့ အခြေအနေ ပေးရင် ခွဲထွက် နိုင်ငံသစ်တွေပေါ်လာဖို့ရှိနေတယ်ထင်ကြောင်းးး
Paing Lay
January 13, 2014 at 3:40 pm
ဒီလို Page တွေကို ကြည့်ခြင်းအားဖြင့် ကိုမင်းခန့်ကျော်ပြောတာ 99.9% တော့ သေချာနေပြီဗျို့
https://www.facebook.com/pages/%E1%80%9E%E1%80%99%E1%81%BC%E1%80%90%E1%80%9B%E1%80%B6%E1%80%AF%E1%80%B8%E1%80%99%E1%80%BD-%E1%80%9C%E1%80%BD%E1%80%BA%E1%80%AD%E1%80%B3%E1%82%95%E1%81%80%E1%80%BD%E1%80%80%E1%80%B9%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/141704712687831