သစ္စာထူးတဲ့မေတ္တာရူးကို ချစ်ပါဘူးတဲ့လား မေရယ်
သစ္စာထူးတဲ့ မေတ္တာရူးကို. . ..ချစ်ပါဘူး တဲ့လား. . .မေရယ်. . . .
_____________________________
နှစ်လွှာ ပေါင်းချင်တယ်. . .
တစ်ရွက်နှစ်ဘဝဖြစ်ရတာ . . .
စည်းစည်းလုံးလုံး ရှိလို့ပါ. . . . . .
မပွင့်ဘူးဆိုလည်း. . .
ရနံ ့တောင် မပေးနဲ့ . . .
မရူးချင်ဘူးလေ. . . . . . . .
အခုတော့. . . .
မလာဘူးဆိုတာ သေချာပါလျက်နဲ့ . . .
ခြေသံတွေပေးလို ့. . . .
မျှော်လင့်စေခဲ့သူ. . . . . .
အခု . . .အခုတော့လေ. . .
အတွင်းမှာ . . . အတွင်းတောင်မရှိတဲ့သစ်သီးလို
အကွဲကွဲအစိပ်အစိပ်. . .
ချိမ့်ချိမ့်သဲ လွဲခဲ့ရသူ . . .
မလွမ်းချင်ဘူး. . မလွမ်းချင်ဘူး လို ့
အော်ဟစ်ညည်းတွားရင်း. . .
ခါးသီးလာတဲ့ကံကြမ္မာထဲမှာ. . . .
သွေးရူးသွေးတန်း မှန်းမျှော်မိတာက. . . .
သူ. . .ပြန်လာမယ်ဆိုတဲ့ လမ်းကလေး. . .
. . . . . . . . .
. . . . . . . . .
အလင်းဆက်(Gazette)
25 / 12 / 2013 /
12 comments
TNA
January 10, 2014 at 10:25 pm
ပုံလေးကချစ်စရာလေး လှလိုက်တာ ကဗျာလေးလဲဖတ်ရှု့ခံစား ရင်း သူပြန်လာပါစေလို့ဆုတောင်းပေး ပါတယ်အေ။ :kwi:
တိမ်တမန်
January 11, 2014 at 7:33 am
ပုံလေးကို မလုပ်တတ်မကိုင်တတ်နဲ့ လုပ်လိုက်ရတယ် တီသဲရေ
အားပေးတဲ့အတွက်ကျေးဇူးနော့
😆
kai
January 11, 2014 at 4:11 am
သူပျံလာပါစေကွယ် အတောင်လေးနဲ့
တိမ်တမန်
January 11, 2014 at 7:35 am
တကယ်တော့
သူ ့ဆီကိုယ်က ပျံဝဲသွားလိုက်ပြီးမေးလိုက်ချင်တာ
နင်ငါ့ကို ဘာလို့ မျှော်လင့်ချက်တွေပေးခဲ့သလဲ
ဘာလို့အခုလို သစ်စိမ်းချိုး ချိုးသွားသလဲကွယ် လို ့
ခက်တာက
ကျွန်တော့်မှာ
စူပါမန်းလို အအတောင်ပံ မရှိ
:kwi:
ဖြူစိုင်း လူ
January 11, 2014 at 11:36 am
သစ္စာတွေထူးစေဦးတော့
ဘယ်လို့ (ဘယ်လိုမှကို)
မေတ္တာတွေရူးနေတဲ့
အချစ်ဦးပါ (အချစ်ဦးရယ်လို့)
ထပ်ထပ်ကာဟစ်ဆိုနေတဲ့
ဒင်းလို သေနာကျကိုလဲ ချစ်နိုင်ပေဘု။
တော်ဆိုမှတော်
နောင်ဆိုတော့ ယောင်လို့တောင် ဆုံလိုတော့ပေဘူး
သူ့ကိုယ်သူ စိတ်ရူးတွေ ခြင်ထောင်ထောင်လို့
ညသန်းကောင် အိမ်မက်ကထယောင်နေသူမို့
ဒညင်းခွက်ရေ
ရှင်တော့ နေရစ်လေဦး။ ။
(သများအငှား ခံစားတွေးတော ဖဲ့လိုက်မိပါကြောင်း)
ကပ္ပိယ သာဒင်
January 11, 2014 at 12:26 pm
တပွင့်ပန်ဆိုတာက
ရှေးခေတ်မှာကျန်ခဲ့ပါပြီ
ဂျင်းစိမ်းနဲ့ မိတ်သလင်လို
သူကြင်မှ ကိုယ်ကြင်မှာပေါ့
မချစ်ရမနေနိုင်ရင်တော့
တိန်တမံရေ..
ခံ လိုုက်တော့ ဒီတသက် ။
Alinsett@Maung Thura
March 25, 2015 at 4:12 pm
ဟင့်အင်း…အခုနောက်တစ်ယောက်ကို ကြံနေပြီ။
ဟီဟိ
:k:
•*¨နန်းတော်ရာသူ •*¨
January 11, 2014 at 7:46 pm
အသီးကွဲကဗျာလေးကို
အားပေးသွားပါတယ်
😥
ဆက်ဆောင့်နေနော်
တိမ်တမန်
January 13, 2014 at 6:21 pm
တိန်
ဆက်ဆောင့်ဒဲ့
😆
myat pearl phyu
January 30, 2014 at 6:52 pm
မပွင့်ဘူးဆိုလည်း. . .
ရနံ ့တောင် မပေးနဲ့ . . .
မရူးချင်ဘူးလေ. . . . .
(အစထဲက ရူးနေပီးသားမို့ ပါ …း-) စတာပါညော်…)
အိမ်ပြန်ချိန်ကိုတောင် မသိတဲ့သူ
ပြန်လာမယ်ဆိုတာ မသိတဲ့သူ
ဒီကစောင့်နေသူ
ဒီကစောင့်နေသူ
naywoon ni
March 26, 2015 at 12:27 am
ချစ်သုဝေဖြစ်လိုက် ဖွေးဖွေး ဖြစ်လိုက်နဲ့ မျက်နှာများလို့ ပျံမလာဒေါ့ဘူးတဲ့ 🙂
Alinsett@Maung Thura
March 26, 2015 at 1:04 pm
မျက်နှာ မများပါဘူး…
တစ်မျက်နှာပြီးမှ….တစ်မျက်နှာပါ…
:k: