မန်းဂေဇက် လျှို့ဝှက်မှတ်တမ်းကြီးပျောက်ဆုံးမှုနောက်ဆုံးအခြေအနေ
မန်းဂေဇက်ချစ်သူများ စာပေ၊ကဗျာဆုပေးပွဲနှင့် မြန်မာဂေဇက်အဖွဲ့ဝင်များတွေ့ဆုံပွဲကြီးကား ၁၂ ဇန္နဝါရီ ၂၀၁၄ မနက်ပိုင်းကကျင်းပပြီးသွားပေပြီ။ အများစိတ်ဝင်စားနေသည့် မန်းဂေဇက်လျှို့ဝှက်မှတ်တမ်းကြီး ပျောက်ဆုံးနေမှု နောက်ဆုံးအခြေအနေအားသိချင်လွန်းနေသည့် ကျနော်သည် ထိုင်စောင့်မနေနိုင်တော့ဘဲ တာဝန်ယူထားသည့် စုံထောက်ကိုမြင့်ကျော်အား လိုက်လံရှာဖွေမေးမြန်းမိတော့သည်။ အောက်တွင်ဖေါ်ပြထားသည်မှာကား ကိုမြင့်ကျော်ဧ။် သတင်းပို့ချက်ပင်တည်း။ အမှန်တကယ် သတင်းပို့ချက်မှာ ဌာနဆိုင်ရာအသုံးအနှုံးများဖြစ်သဖြင့် စာရှုသူတို့ ညီးငွေ့သွားပေလိမ့်မည်။ ဖတ်ကောင်းစေရန် ကျနော် တတ်သရွေ့ ပြုပြင်ရေးသားပေးထားပါကြောင်း၊ လိုအပ်သည့်နေရာများတွင် သက်သေခံဓါတ်သေများလည်း ဖြည့်ဆည်းပေးထားပါကြောင်း အသိပေးအပ်ပါသည်။ မပြည့်မစုံသည်များရှိသည်ဟု ဆန္ဒဖေါ်ထုတ်ပွဲများလုပ်ခဲ့ပါက နောက်ဆက်တွဲ များဆက်ရွေ့လာမည်ဖြစ်ပါသည်ခလို။
ကိုမြင့်ကျော် သတင်းပေးပို့ချက်။
အိုင်အိုရေ။ ကျနော် တို့တော့ ဒုက္ခသာဓုဘဲဗျာ။ မနေ့က ကျနော် ဟို မှတ်တမ်းကြီးပျောက်ဆုံးမှုအတွက် ကန်တော်ကြီးကို သွားမယ်လို့ပြောထားခဲ့တာဟုတ်။ ကျနော် သွားတော့ သူတို့တွေပညာပြတာ လှလှကြီးခံလိုက်ရတာဗျ၊ ပြောရမှာတောင် ရှက်မိပါရဲ့။
ဒီလို အိုင်အိုရေ။
သူတို့ ဖိတ်စာထဲမှာ မျှော်စင်ကျွန်းက P 3 စားသောက်ဆိုင်ဆိုတော့ ကျနော် က CCTV တွေ ကို အဲဒီမှာ သွားဆင်ခိုင်းထားလိုက်ပြီးသား၊ လျှို့ဝှက် အသံဖမ်းစက်လေးတွေရောပေါ့ ဟော ဒီမနက် တကယ်လုပ်တော့ မျက်နှာချင်းဆိုင်က ရှန်တီမှာလုပ်သွားလိုက်တာဗျို့၊ ဆင်ထားပြီးသားတွေ ဘာမှ သုံးမရတော့ဘူး။ တော် တော် လည်တဲ့သူတွေ၊ သီချင်းတစ်ခွေထဲကို ထပ်ခါတလဲလဲဖွင့်ပေးထားပြီး သီချင်းသင်္ကေတနဲ့ လမ်းညွှန်လုပ်ထားလိုက်တာဗျ။ မျက်စေ့ဆေးရုံဘက်ဝင်ပေါက်ကဝင်ဘို့ လမ်းညွှန်ထားတာမို့ ကျနော့်လူ အဲဒီမှာ ချထားပြီးစောင့်ကြည့်ခိုင်းထားလိုက်တာ ကရဝိတ်ဘက်ဝင်ပေါက်ကပါ ဝင်လာတဲ့သူတွေရှိတယ်ဗျ။ ပွဲတက်သူဦးရေက ကျနော့်လူမှတ်ထားတာထက်ပိုများနေတယ်။ မှာထားတဲ့ ထမင်းကြော်တောင် မလောက်လို့ ထပ်မှာလိုက်ရတယ်ဆိုဘဲ။
ကျနော် ထင်တာတော့ သူတို့တွေ ကြော်ညာထဲ့တာ တမင်တကာကို ထောင်ခြောက်ဆင်ပေးလိုက်တာနဲ့ တူနေသဗျ။ ၂လွှာပေါင်း ၁ရွက်ဆိုပြီးပေါ်တင်ရေးပေးထားတာ ကျနော်တို့လို လူတွေ အလွယ်တကူ ဘာသာပြန်နားလည်အောင်လုပ်တာဖြစ်မယ်ခမျ၊ သူတို့လောကကို သူတို့ လူကြီး ဦးကြိုက်မီး
ခေါ်သွားလို့ ကျနော် ရောက်သွားတော့မှ တဖြည်းဖြည်းသဘောပေါက်လာတာ။
အဲဒီ အဖွဲ့သားတွေ က “ရွာ ကွပ်ပျစ် ”ဆိုတာနဲ့ စွယ်တော်ရွက် လျှပ်စစ်လက်တွေ့လေ့ကျင့်ရေးသင်တန်းကျောင်းကို ညွှန်းတာလို့ သိပြီးသားဗျ၊ ၂လွှာတွေ ၁ရွက်တွေလုပ်စရာမလိုတော့ဘူး။ ကျနော် ထင်တာကတော့ မမှန်ရင်လွဲမယ် အိုင်အိုရေ။ အိုင်အိုတို့ ကျနော် တို့ကို အငှါးသက်တော် စောင့် လုပ်ခိုင်းသွားတယ် ထင်တာဘဲ။
ဟော သတင်းစာမှာ ဖေါ်ပြလိုက်ပြီး အိုင်အိုဆီကို ဟိုပဒုမ္မာ ဆိုတဲ့အမကြီးရောက်လာတော့ မောင့်ဘလန့် ဘောပင်လေးကျကျန်ခဲ့တယ်မို့လား။ကျနော် တောင် Careless Lady ဆိုပြီး ကောက်ချက်ဆွဲပေးခဲ့တာကော။ အဲဒါလဲ ကျကျန်တာမဟုတ်ဘူး ချန်ပေးထားခဲ့တာဗျ အိုင်အိုရေ။ အိုင်အိုနဲ့ကျနော်တို့ကို သူတို့ အလိုကျ သတင်းပေးတွေလုပ်ခိုင်းလိုက်တာခင်ဗျ။ အဲဒီ ဘောပင်လေးကို ကျနော် စစ်ဆေးကြည့်တော့ အထဲမှာ အသံဖမ်း အသံလွှင့်စက်လေးတလုံးတွေ့ရတယ်ဗျ။ အိုင်အို့အခန်းထဲမှာ ပြောသမျှတွေကို ဖမ်းထားပြီး တစ်နာရီခြားတစ်ခါ ပြန် လွှင့်ပေးနေခဲ့တာ။ အဲဒီ လွှင့်ချက်တွေအရ ဟို တရုပ်ကြီး ဦးကြိုက်မီး က ကျနော် တို့ ကို လာ တွေ့နိုင်တယ်ထင်ရတယ်ဗျို့။ သူတို့ လုပ်မယ့် ပွဲ လုံခြုံရေးအတွက် ကျနော် တို့ အိုင်အိုတို့ ရဲ့ စိတ်ဝင်စားမှုနဲ့ စောင့် ကြည့်မှုကိုအရယူလိုက်နိုင်တယ် ထင်တာဘဲ။
ခင်ဗျာ မှတ်တမ်းကြီးပျောက်တယ်ဆိုတာ၊ တကယ် က စာရွက်လေး တစ်ရွက်ထဲဘဲဖြစ်မယ်ဗျ။ စာအုပ်ကြီး တစ်အုပ်လုံးတော့ ဖြစ်မယ်မထင်ဘူး။ ဘယ်နှယ် ဗျာ ကမ္ဘာ အရပ်ရပ်က အဖွဲ့ဝင်တွေ အကြောင်း စာအုပ်ထဲမှာချရေးမှတ်တမ်းတင်တယ်ဆိုတာ ဒီခေတ်ကြီးထဲမှာ မသုံးလောက်တော့ဘူးနော်။ ကွန်ပျူတာနည်းပညာတွေ ဒီလောက် မြင့်နေတဲ့ခေတ်ထဲမှာ သူတို့ထဲမှာလဲ ပညာရှင်တွေ ပေါတယ်နော်။
အော်ဟုတ်ကဲ့။ မနေ့ က သူတို့ပွဲမှာ ဘာတွေဘယ်လိုလှုပ်ရှားတယ်ဆိုတာ ပြောပြပါ့မယ်။
ဦးကြိုက်မီးဆီက ကျနော် ရအောင်ယူလိုက်နိုင်တာလား သူတို့ပေးလိုက်လို့ သာ ရလာတာလားမသိနိုင်သေးတဲ့သက်သေတွေပါ ဒီမှာ ကြည့်ပါခင်မျ။
ဒီပွဲမှာ လက်ဆောင်ပေးဘို့နာရီတွေကို ပြီးခဲ့တဲ့ အပတ်ကထဲက သူတို့ ပြင်ဆင်ခဲ့ကြပါတယ်။ ရွာ ကွပ်ပျစ်မှာပါ။

သူတို့တွေပြီးခဲ့တဲ့ ၆လ ကတည်းက ထုတ်ဝေဖြန့်ချိထားတဲ့ စာအုပ်။ အခုမှကြော်ညာမယ့်ဗွီနိုင်း။ ဆိုင်တွေပေါ်ကို တင်ရောင်းတော့မှာတဲ့။

သူတို့ မျိုးဆက်သစ်လေးတွေကို စတင်ရင်းနှီးမြှပ်နှံနေကြပြီ။


ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့ကမှ လွတ်လပ်ရေးရသွားခဲ့တဲ့ စုံတွဲ။ ခြစ်နေလိုက်ကြတာနော် ။ အားကျနေမိပြီမဟုတ်လား အိုင်အိုရေ။

ရှေ့နားကပ်လျှက်လူတွေကို ရိုက်သလိုနဲ့ ဟိုးအဝေးက လှုပ်ရှားမှုတွေကို မှတ်တမ်းတင်နေသူလဲရှိရဲ့။

ကြော်ညာနည်းဗျူဟာ အသစ်တစ်မျိုးကြောင့် ပျော်နေကြတဲ့သူတွေ။

မိဘမဲ့ ကလေးတွေအတွက်ရည်မှန်းပြီး ဘကကျောင်းတွေကို လိုက်လံလှူဒါန်းအားပေးနေကြတဲ့ လူငယ်အဖွဲ့လေး ကို အားတက်သရော ပါဝင်လှူဒါန်းနေကြစဉ်။

အဲဒီအဖွဲ့နာမည် က Dozen Plus တဲ့။ နာမည်ခွဲတွေနဲ့ အလှူအတန်းတွေလုပ်နေကြတယ်ဆိုတာ အမှန်ဘဲ အိုင်အိုရေ။ အိုင်အိုရော လှူအုန်းမလား။
သူတို့ရဲ့ အကျွေးအမွေး။ ဘူဖေးစနစ်၊ စပွန်ဆာလဲရှိသတဲ့။

လက်ထပ်ပြီးစ မောင်နှံအတွက်တဲ့ခင်ဗျ။ မင်္ဂလာကိတ်မုန့်ကြီးပါ။

ဆုအဖြစ်ချီးမြှင့်ဘို့ပြင်ဆင်ထားတဲ့နာရီများ၊ စုစုပေါင်း ( ၁ရ )လုံး။

Break Fast အတွက် တဦးတည်း အလှူရှင် မအိ ရဲ့ ကာဖီနဲ့ဆင်းဒဝစ်ပါ။ သူတို့ဘာသာ သယ်လာ ဝိုင်းလုပ် ဝိုင်းစားဆိုတော့ ကျနော်လွှတ်ထားတဲ့သတင်းပေးလေးတွေအနားကပ်လို့မရခဲ့ပါ။

လက်ဆောင် မဲဖေါက်တယ်ဆိုပြီး တစ်ဦးစီရယူသွားကြတဲ့ ပစ္စည်းလေးများထဲက တစ်ခု။ ဒေါင်းမြီးကွက်လို့ထင်ရတယ်။ဘာတွေထည့်ပေးထားသလဲစစ်ဆေးကြည့်ချင်လိုက်တာ။

( နောက်မှ သိလိုက်ရတာ၊ အဲသည် ပစ္စည်း ဂျပန်ကို ရောက်သွားမှာတဲ့ )။
ခေါင်းမြှီးခြုံပြီး တီးတိုးတီးတိုးလုပ်နေကြသူတွေ။ သားမီးလေးတွေလို့သူတို့ပြောနေသံကြားရပါကြောင်း။

ရွာလူကြီး အများစု အဲဒီလို အိတ်လေးတွေရသွားကြတယ်။ အထဲမှာ လျှို့ဝှက်ညွှန်ကြားချက်တွေပါနေပုံရတယ်။ မည်သူ့ကိုမျှမပြ၊အကြည့်မခံကြောင်းသတိပြုမိသည်။

ဂျပန်ကိုလိုက်သွားမယ့် ကံကောင်းခြင်းလက်ဆောင်။ ပြီးခဲ့သည့်နှစ်ကုန်ပိုင်း သူတို့ဂိုဏ်းထဲမှာ ကျွဲကောသီး၊ဒေါင်းဥ၊ငုံးဥ အငြင်းပွားမှုကြီးဖြစ်ထားခဲ့ဘူးသည်။ X’ Ray ရိုက်စစ်ဆေးကြည့်ရန် လေဆိပ်လုံခြုံရေးသို့ ဆက်သွယ်ထားပေးပါ အိုင်အိုခင်ဗျားးး။

သူတို့ထဲမှာ လက်ဝဲသမားတွေလည်း ရှိနေကြောင်းသက်သေ။

အဲဒီဂိုဏ်းကြီး အသုံးပြုသွားတဲ့ ရောချခြင်းနည်းပညာ၊ ရွာသူားတွေရဲ့ ပုံနှိပ်ဖေါ်ပြခြင်းခံရသော စာအုပ်စာတမ်းများ ပြထားခဲ့တယ်။ ဝင့်ပြုံးမြင့်ရဲ့စာအုပ် ၂အုပ်။ ဘုန်းကျော် ရဲ့ စာအုပ်။ ကိုပေါက် ရေးတဲ့ ဆောင်းပါးပါ ဂျာနယ် နဲ့ စွယ်တော်ရွက်ရေးတဲ့ ဆောင်းပါးပါ ဂျာနယ်တွေ ခင်းကျင်းပြသထားခဲ့တယ်။

ဖြန့်ပြထားချိန်၊ ကိုင်ဖတ်ကြည့်နေကြချိန်၊ ပြန်သိမ်းသွားချိန်တွေမှာ တခြားစာရွက်စာတမ်းတွေ ရော ထည့်ပေးလိုက်နိုင်တယ်။ ဖြုတ်ယူသွားလိုက်နိုင်တယ် အိုင်အိုရေ။

မျက်စေ့အောက်တင်လက်ပြောင်းလက်လွှဲလုပ်ပြသွားတယ်ထင်တာဘဲ။ အဲဒီမှတ်တမ်းကြီးကို အစအနလေးတောင်မျှမမြင်လိုက်ရတာ ဝန်ခံပါရစေ။
အိုင်အိုရေ။ မန်းဂေဇက် လျှို့ဝှက်မှတ်တမ်းကြီးပျောက်ဆုံးမှု နောက်ဆုံးအခြေအနေ ကတော့ အဲဒီလိုပါဘဲခင်ဗျာ။
ကျနော် တို့ အဲဒီ ဂိုဏ်းကြီးကို မထိမကိုင်နိုင်ကြောင်း၊မယှဉ်နိုင်ကြောင်းတော့ ရှက်ရှက်နဲ့ဘဲ ဝန်ခံရပါလိမ့်မယ်။ အဲဒီလျှို့ဝှက်မှတ်တမ်းကြီး ကို လက်လွှဲလက်ပြောင်းလုပ်လိုက်တာတော့ သေချာပါတယ်။ မည်သို့လုပ်လိုက်သည်မသိ လို့သာ ပြောရပါတော့မယ်။
ဖြစ်နိုင်ခြေရှိသော လမ်းကြောင်းများ။
( ၁ ) ဂျပန်မလေး ၁ယောက်နဲ့ သူကြီးညီ ဆိုသူ ၁ယောက် မမျှော်လင့်ဘဲရောက်လာပါတယ်။ မင်္ဂလာလက်ဖွဲ့ဆိုပြီး ဟိုမောင်နှံထံကို အထုပ် ၁ထုပ်ပေးလိုက်ပါတယ်။ ထိုမောင်နှံသည် မနေ့ ည လေယာဉ်နဲ့ ဟောင်ကောင် ကို ထွက်ခွာသွားပါပြီ။
( ၂ ) အင်္ဂလန်မှလာသူရရှိသွားတဲ့လက်ဆောင် ဆွဲပြားလေး- အဲဒီဆွဲပြားလေးကို လဲ ဂျပန်မလေးကို လက်ဆောင် ထပ်ပေးလိုက်ပါတယ်။
( ၃ )သူကြီး ညီထံ ပေးလိုက် သော အပြာရောင်စာအုပ်လေး ၁အုပ်။ မန်းဂေဇက် အမှတ်တရစာအုပ်လေး ဖြစ်ပါတယ်။ သို့သော်……ဘာတွေပါမည် မသိ။ ပီနံအိတ်ကြီးနဲ့ တစ်လုံး သယ်လာတဲ့စာအုပ်တွေအများကြီးထဲက အံ့ဩစရာ ၄ အုပ်သာ ထုတ်ပေးလိုက်ခြင်း။
( ၄ )ကချင်သားနုထွားကြီး ယူသွားသော အပြာရောင်စာအုပ်ကလေး ၁အုပ်။
ယင်းစာအုပ်သည်လဲ ကချင်သားရဲ့ အုပ်ထိန်းသူလောင်း လေယာဉ်မယ်လေးနဲ့အတူ မနေ့ကတဲက ပြည်ပသို့ရောက်ရှိသွားပါပြီ။
( ၅ )သူကြီးညီ ယူလာပေးတယ်ဆိုတဲ့ မြန်မာဂေဇက်သတင်းစာ ၁စောင်၊ ရွာသူရွာသားတွေရဲ့လက်ရာတွေပြသထားရာမှာ ရောနှော ချထားရင်း ပြန်သွားသည့်အချိန် မည်သူ “ မ ” သွားသည်မသိ။
( ၆ ) ရွာလူကြီးတွေ ပြန်လည်ထွက်ခွာစဉ်မှာ ဦးဦးပါ က ဒေါ်ပဒုမ္မာ ထံ ပြန်ပေးတယ်ပြောပြီး စွယ်တော်ရွက်ထံ လွှဲပြောင်းပေးလိုက်သည့် စာအုပ်အထူကြီး ၁အုပ် ( ကျော်သူ သမတကြီး )
( ဤရွာထဲ၌ သမတ လုပ်ရန် အရည်အချင်းဖြည့်နေသူများရှိနေကြောင်း သတိပြုပါ အိုင်အို )
( ရ )ဒေါ်ပဒုမ္မာက စွယ်တော်ရွက်ထံ ငှားရမ်းလိုက်သည်ဆိုသော စာအုပ်ထူကြီး ၁အုပ် ( ရဟန္တာနှင့် ပုဂိုလ်ထူးများ )
( ၈ )ပေါက်ကရရေးပေးပါဆိုပြီး တက်ရောက် လာသူတိုင်း ဝိုင်းဝန်းရေးသားကြသော ဗွီနိုင်း အလွတ် ၁ရွက်။( သုတေသန လုပ်၊ စကားဝှက်ဖေါ်ခိုင်းထားဆဲပါ အိုင်အို )။
( ၉ )ယူတော့ယူလာခဲ့ပြီး လုံးဝ သုံးပြမသွားခဲ့တဲ့ ဗွီနိုင်းလိပ်တွေ၊။
(၁ဝ ) ဆုယူမဲ့သူမတက်ရောက်နိုင်မှန်းသိသိကြီးနဲ့ သယ်လာ ခင်းပြထားသွားတဲ့ နာရီတွေ၊ ပြန်သိမ်းစဉ်မှာ အပြောင်းအလဲတွေ၊ ထည့်ပေးချင်တာတွေထည့်ပေးလိုက်လို့ရတယ်။
( ၁၁ ) ပွဲတက်ရောက်ရန် မနက်ရောက်လာ၊ညကားဖြင့်ပြန်သော သဂျားမင်း၊ အပြန် နာရီ ( ၃ ) လုံးပါသွားသည်။ ညွှန်ကြားချက်များပါသွားသည်ဟု ယုံကြည်ရသည်။
စိတ်ဝင်စားစရာ ကောင်းသည့် အချက်(၃ )ချက်ရှိပါသေးသည်။
( ၁ ) ပွဲ ကျင်းပရာ နေရာ တစ်ဝိုက် ချထားသော လျှို့ဝှက် အသံဖမ်းစက်များ Noise များသာ ဖမ်းယူရရှိခဲ့ပါသည်။ အခန်းအနားမှုး အသုံးပြုသည့် မိုက်ကရိုဖုံး အန်တာနာမှ နှောက်ယှက်သံများထုတ်လွှင့်ရွေ့ ကျနော် တို့ရဲ့ အသံဖမ်းစက်များအပေါ် ပညာပြသွားပါသည်။ ကိုချိုကြီးဆိုသူ စပွန်ဆာပေးသည်ဟုသိရပါသည်။
( ၂ ) ပွဲကျင်းပနေစဉ် မွန်မလေး ဆိုသူမှ ပြည်ပနိုင်ငံရှိ ဂိုဏ်းသား ၁ယောက် နှင့်ဆက်သွယ်မှုပြုလုပ်ပြသွားရာတွင် နိုင်ငံပိုင် ဖုန်းလိုင်းများအား အသုံးပြုခဲ့ခြင်းမရှိရွေ့ ခြေရာကောက်မှတ်တမ်းတင်နိုင်ခြင်းမရှိပါ။ နည်းပညာ အားကောင်းကြောင်း သာဓက တစ်ခုဖြစ်ပါသည်။
( ၃ ) ပွဲ ကျင်းပနေစဉ် မန္တလေးမှ ကိုပေါက်ဆိုသူ မှ လှမ်းရွေ့ စကားပြောပါသည်။ ကင်မရာပေါက်စလေးများကို အသုံးပြုရွေ့ အေရာမ ဓါတ်သေများထုတ်လုပ်နိုင်စွမ်းရှိသူဟု သတင်းရပါသည်။ တယ်လီဖုန်းကို ခြေရာခံကြည့်ရာ “ လူကြီးမင်း ”နှင့်တွေ့လိုက်ရပါသည်။ ထပ်မံကျိုးစားကြည့်ရာ ဆက်သွယ်ရေးဧရိယာ ပြင်ပရောက်နေကြောင်း တုန့်ပြန်ပါသည်။ ဆက်သွယ်ရေး ဧရိယာပြင်ပမှနေရွေ့ ဤ တွေ့ဆုံပွဲသို့လှမ်းရွေ့ စကားပြောနိုင်သော အစွမ်း အစ နည်းပညာများ ပိုင်ဆိုင်ထားသော မလျှို့ဝှက်ဂိုဏ်း ကြီး ၁ ခုဖြစ်ကြောင်း သိသာထင်ရှားလှပါသည်။
တွေ့ဆုံပွဲမှ နောက်ခြေလှမ်းများ ( Future Plans ) ချမှတ်ထားပါသည်။
ကျနော် တို့ သိထားလိုက်ပြီဖြစ်သည့် ရွာလူကြီးများ ကန့်လန့်ကာနောက်ကွယ်သို့ ဝင်ရန် ပြင်ဆင်နေပါသည်။
လူငယ်ခြေတက်များဖြင့် သွေးသစ်လောင်းပါလိမ့်မည်။
အများကောင်းရာကောင်းကျိုး တတ်အားသရွေ့ တိုးမြှင့်ဆောက်ရွက်ရန် “ဂေါက်သူများ” အစုအဝေး ၁ခု အဖြစ် စည်းရုံးပုံဖေါ်နေပါသည်။ ထပ်မံသတင်းပေးပို့ပါမည်။
လေးစားစွာဖြင့်
မြင့်ကျော်၊
အထူးအာဏာကုန်ရ လွပ်လွပ်လပ်လပ်စုံထောက်သူ။
ဟူရွေ့ ဖြစ်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။ ။
With respect,
Swal Taw Ywet.
30 comments
လုံမလေးမွန်မွန်
January 13, 2014 at 2:01 pm
ကိုမြင့်ကျော်တောင် လက်လှမ်းမမီဘူးဆိုတော့ နှယ်နှယ်ရရမဟုတ်ဘူးပဲ…
အိုင်အိုရေ.. လက်လျှော့လိုက်တော့..
အူးစွယ်တော်.. အတော်ကောင်းတဲ့ စာပါ.. ဘယ်အချိန်က ရေးလိုက်တာပါလိမ့်.. 🙄
ရွာကွပ်ပျစ်ပိုင်ရှင်သည် နှယ်နှယ်ရရမဟုတ်.. 🙂
KZ
January 13, 2014 at 2:16 pm
တကယ်ကို လျှို့ဝှက်သည်းဖိုပဲ။
ဓာတ်ပုံတွေ ဝေဝေဆာဆာနဲ့။
ဟိ!!
kyeemite
January 13, 2014 at 2:16 pm
ကိုစွယ်တော့် အတွေးနဲ့ အရေးလေးကြိုက်သဗျို့…
တော်ရုံအသံဖမ်းစက်လောက်တော့ ကိုချိုကြီး အသံလှုင်းဖျက်စံနစ်က သနားတယ်လို့ေဲပာလိမ့်မယ်ဗျို့..
လူကြီးတွေပြန်တော့ ဂျပွန်ပြန်တစ်ယောက်ထမ်းထုတ်သွားရသတဲ့..အဆိပ်မိလို့ဆိုလား…
အင်း…ကရင်မဆိပ်တက်ဟန်တူရဲ့ 😀
sorrow
January 13, 2014 at 2:32 pm
ကချင်နုထွားကြီးလက်ထဲက အပြာရောင်စာအုပ်က ဥက္ကဌကြီးပေးလိုက်တာ ဖြစ်ပါကြောင်း …အဟီး
Myo Thant
January 13, 2014 at 3:17 pm
ကြားတာကတော့ အုန်းပင်အောက်က ကျား ကိုသွားဖမ်းကြတယ်ဆိုပဲ ၊
အတော် ကျားဖမ်းဝါသနာကြီးသူတွေပဲ ၊ 🙂
ရွှေတိုက်စိုး
January 14, 2014 at 10:15 am
အဲဒီ ကရင်မဆိပ်တက်နေတဲ့ ဂျပွန်ကြီးက ဦးပါလေရာ ကို တက်စ်ဆီက ထုတ်ပေးနေလို.. မနဲ.ရှင်းပြလိုက်ရတယ်… ဟိဟိဟိ…
ခင် ခ
January 13, 2014 at 2:42 pm
ရွာလူကြီးများ ကန့်လန့်ကာနောက်ကွယ်သို့ ဝင်ရန် ပြင်ဆင်နေပါသည်။ ဆိုပါလား……
ကန့်လန်ကာနောက်ကွယ်က ကြိုးကိုင်သူများ ဆိုပြီး ဟို ဆရာကြီးလို သိုလောသိုလော သတင်းတွေ ရေးကောင်းအုံးမယ်ထင်…………..
surmi
January 13, 2014 at 2:49 pm
စုံပါပေ့…စုံပါပေ့ …
ဖတ်ရင်း..ရီရင်း…
ဖတ်ရင်း…
ဘေးနားကိုကြည့်လိုက်တော့ ကျနော်တစ်ယောက်ထဲရီနေတာ 🙂
တတကယ့်ကိုအကွက်စေ့ပါပေတယ် အစ်ကိုရေ့ ……
တမျိူးပြီးတစ်မျိူး မရိူးနိုင်အောင်ပါပဲ
Mr. MarGa
January 13, 2014 at 3:43 pm
မန်းဂဇက် လျှို့ဝှက်မှတ်တမ်းကိုများ
ပေါ့သေးသေး မှတ်လို့ ဗျာ 🙂
ကဲကဲ အိုင်ပီရေ့
ဒီ မလျှို့ဝှက်ဂိုဏ်းသားတွေ ဘယ်လောက် စွမ်းတယ်ဆိုတာ သိပြီမလား
အဲ့ ဖြစ်နိုင်ချေရှ်ိတဲ့ လမ်းကြောင်းထဲမှာ လမ်းကြောင်းတစ်ခု ကျန်သွားတယ်ဗျို့
သဂျားမင်း လက်ထဲကို ဖြတ်ခနဲ ရောက်လာပြီးတော့
သဂျားမင်းကိုယ်တိုင် ပွဲအနှံ့သွားပြီး ဂိုဏ်းသားတွေကို လိုက်ဖတ်ခိုင်းနေတဲ့စာအုပ်ကလေးလေဗျာ။
အခုအချိန်မှာတော့ ဟောင်ကောင်ကျွန်းကိုပြန်သွားတဲ့ မောင်နှံဆီကနေ အမေရိကားကို ဝှက်စာသင်္ကေတတွေနဲ့ ခြေဆန့်ပြီးလောက်ရောပေါ့။
စိတ်ဝင်စားရင်တော့ နောက်လထွက်မယ့် မြန်မာ့ ဂဇက် ဆိုတဲ့ သတင်းစာမှာ စောင့်ကြည့်ပေါ့ဗျာ။ 🙂
Swal Taw Ywet
January 15, 2014 at 9:43 am
သဂျားရေ၊
အခြေနေတွေက ကြိုပြင်ထားတာထက် ပိုပြီးဆိုးနေသဗျ။
အနှောက်ယှက်တွေကလဲ နည်းဘူးရယ်။
ဟောင်ကောင်းကို သွားတဲ့လေယာဉ် နောက်ကျမှထွက်ရဆိုဘဲ။
ကျုပ်တို့ ဆာမူရိုင်းဂီလဲ ကရင်မအဆိပ်ကြောင့် ဒေါင်းကားယားဂီ ဖြစ်သွားခဲ့သေးသနော်။
တက်ထောင်လို့တော့ ရသေးဘူးရယ်။
နောက်ဆက်တွဲဆက်ရန်များရှိသေးးးးးးး။
Fighting M G .
With respect,
Swal Taw Ywet.
Ma Ma
January 13, 2014 at 4:33 pm
တစ်လက်က တစ်လက်ပြောင်းပြီး လူစုံအောင် ရေးလိုက်ကြတဲ့ အင်္ဂလန်ကလာတဲ့ စာအုပ်ထူကြီးထဲမှာလည်း မလျှို့ဝှက်စာတွေ အများကြီး ပါသွားသေးတယ်နော်။ :kwi:
နောက်ဆုံးမှာ ရောက်လာတဲ့ အစိမ်းရောင်ပြောင်ပြောင် ပြောင်ပြောင်နဲ့ စုံတွဲကိုလည်း အရေးကြီးပုဂ္ဂိုလ်စာရင်း တို့ထားသင့်တယ် အိုင်ပီ။ 😀
လူကလေး
January 13, 2014 at 4:46 pm
လျှို့ဝှက် မှတ်တမ်းလား ဖော်တဲ့ မှတ်တမ်းလား . .ဦးဦးစွယ်တော်..
ဘာမှ မသိခဲ့တဲ့ ဂဇာတ်story တွေကို ခုမှ ပဲ သိရတော့တယ်.. ကွယ်
Swal Taw Ywet
January 15, 2014 at 10:09 am
နောက်ယောင်ခံလိုက်သူတွေကိုခြေရာဖျောက်နေရလို့ ပွဲအရောက်နောက်ကျ၊မနက်စာလွတ်သွားခဲ့ရတဲ့ လူကလေးရေ၊
လျှို့ဝှက်မှတ်တမ်းကို ဖေါ်ထုတ်ဘို့လုပ်နေကြသူတွေရဲ့လက်ကလွတ်အောင် ကြိုးစားနေခဲ့ရတာတွေပါဗျာ။
အခုထိမအေးသေးဘူးရယ်။
ရွာ ပွဲတက်ရောက်ဘို့ ဘန်ကောက်ကနေအထူးလာခဲ့ရတဲ့ လိုင်လီဂါဂါးတောင် စောပြီး ပြန်လွှတ်လိုက်ရတာကလား။
ကြည့်လေ Bangkok Shut Down ကနေ သူမ ကပ်လွတ်သွားပါပကော။
M G ခေသူတွေမဟုတ်။
With respect,
Swal Taw Ywet.
ရာမည
January 13, 2014 at 8:02 pm
မေ့နေလို့ဗျာ ..
ကျွန်တော့်ကို ကိုမြင့်ကျော်ပြောသွားတာလေးတစ်ခုကတော့
“ဒီမှာအိုင်အိုကြီးရေ နောင်အခါမှာ ကျုပ်သိတယ် ကျုပ်တတ်တယ်လို့များမာန်မာနထောင်လွှားခဲ့ရင် မန္တလေးဂေဇက်လျှို့ဝှက်စာအုပ်လို့ သတိပေးစမ်းပါဗျာ ..” တဲ့
ကျုပ်မိတ်ဆွေကြီးလည်း အပွဲပွဲနွဲလာတာ ဒီတပွဲမှာမှ လွဲတာပဲဗျာ 🙂
Swal Taw Ywet
January 15, 2014 at 9:52 am
အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေပါ ပါဝင်လာနေလို့ပါဗျာ၊
ကိုမြင့်ကျော်လဲကြိုးစားခဲ့ပါတယ်။ နည်းပညာလေး နဲနဲ လိုနေသေးလို့ပါ။
ကျုပ်တို့ဂိုဏ်းထဲမှာ အခုနောက်ဆုံးပေါ် ၆၄ ကြိုး ပညာရှင်တွေတောင်ရှိနေပြီခင်ဗျ။
ကိုးနတ်ရှင်နှောက်ယှက်မှုကို ပရောက်ဆီသုံးပြီး ကျော်စားတာ ချောင်းတွေဆိုးသွားလို့ ရွာတော်ရှင်ကြီးတောင် ပွဲမတက်နိုင်ခဲ့ဘူးနော်။
အိုင် အို အပြင် အိုင် ပီတွေ ပါ ပါလာနေပြီဘဲ၊ ပွဲကတော့ ကြည့်ကောင်းအုန်းမယ်ဗျ၊
ရောင်းရင်းကြီး ရာမည ငဲ့။
With respect,
Swal Taw Ywet.
padonmar
January 13, 2014 at 8:40 pm
ငှဲငှဲငှဲ….ပဒုမ္မာတဲ့၊ဂေါက်ရုံပဲဂေါက်တာ၊Careless ဘယ်ဖြစ်လိမ့်မလဲ…….
မသိချင်ထောင်ထောင်ပြီး ချထားခဲ့တာပါ…
……
၂လွှာပေါင်းတရွက်ရဲ့ လက်စွမ်းပြ က
ရှယ်ပဲ၊ဖွဘုတ်ချောင်းတုံးတွေ့လိုက်မိတာ၊မနေနိုင်တာနဲ့ အလုပ်ထဲတင် ဖွင့်ဖတ်မိရော၊ပြီးတော့ တခိခိဖြစ်နေမိလို့ မနည်းမျက်နှာပိုးသပ်ရတယ်။
…………
ကိုချိုကြီးတို့ ဂဇက်သံယောဇဉ် လေးစားပါ၏။မိသားစုလိုက်ကို တက်တက်ကြွကြွ အစောကြီးလာအားပေးပါသည်။
……….
ကလုတို့ ဇနီးမောင်နှံလည်း မင်ဂါဆောင်ရာကနေ ရွာကို စိတ်မချလွန်းလို့ အစိမ်းရောင် တပြောင်ပြောင်နဲ့ ပြေးလာကြရှာတယ်။
…..
ဘမျိုးဘိုးတူဘလှိုင် ဘယ်လက်ရေးပေါ့နော်။
………..
ကျွဲကောသီးကတော့ ဒေါင်းဥကို သတိရသောအားဖြင့် လုပ်ကြံတာဖြစ်ရမယ်။ဂျာပွန်မလေးကတော့ မသိရှာဘူး။
TNA
January 14, 2014 at 12:46 pm
ရီလိုက်ရတာ ကိုစွယ်တော်ရွက်ရေ။ ရေးလဲရေးတတ်ပါ့။ မနေ့ကမြင်ကွင်းအကုန်ပါသွားတာပဲ။
Swal Taw Ywet
January 15, 2014 at 10:00 am
Congratulation ပါ မွ သဲ ရေ။
ရွာပွဲတက်၊ ဓါတ်ပုံပါသူတွေ ရာထူးတိုးပေးမယ်လို့ သဂျီး ပြောထားခဲ့တာဘဲလေ။
သမတကြီးလို ကတိတည်ကြောင်းပြလိုက်တာပါကလား။
အခု ရာထူးတိုးသွားပြီဆိုလို့ ဂုဏ်ပြုပါကြောင်း။
ရွာမှတ်တမ်းစာအုပ်ကြီး ရှေ့ဆက်ရန်ရှိနေပါကြောင်း။
အန္တရာ်ကင်းကင်းအစားအစာများ ရွာထဲမှာ မကျွေးချင်ဘူးလားဟင်င်င်င်။
With respect,
Swal Taw Ywet.
အနီဂုဏ်းကြီးပါ ပြန်လည်လှုပ်ရှားလာပါပကော၊ ကို ခဆီပြေး သတင်းပို့လိုက်အုံးမှ။
TNA
January 15, 2014 at 1:39 pm
ကျွေးချင်ပါတယ်ကိုစွယ်တော်ရွက်ရေ။ ပထမစဉ်းစားသေးတယ်။ ဒါပေမဲ့ စနေနေ့က တနေကုန်အပြင်မှာဆိုတော့ ဘယ်လိုမှမလွယ်ဘူးဖြစ်သွားလို့။ နောက်တခါတွေ့ဆုံပွဲကို တခုခုပါဝင်အားဖြည့်ဖို့အားခဲထားပါကြောင်း။
•*¨နန်းတော်ရာသူ •*¨
January 14, 2014 at 8:03 pm
ဒီလျို့ဝှက်မှတ်တမ်းကြီးသာ ဆိုင်တွေပေါ်တင်လိုက်ရင် ရွာ့ရံပုံငွေခိုင်သွားလောက်မယ်
😀
တိမ်တမန်
January 16, 2014 at 6:42 pm
ပျော်စရာကြီး…
မရောက်ဖြစ်ခဲ့တဲ ့. ကိုယ့်မှာတော့….
koyinmaung
January 17, 2014 at 9:38 am
တို့ရွာသားတွေစုစုစည်းစည်းနဲ့ကြည်နူးစရာ
အဝေးကဘဲ ကြည့်ပြီး ပျော်ရွင်ကြည်နူးမိပါတယ်…..
Swal Taw Ywet
January 1, 2015 at 4:52 pm
ဒီနှစ် ရွာတွေ့ဆုံပွဲနီးလာလို့ မနှစ်က တွေ့ဆုံပွဲ မှတ်တမ်းလေးကို ပြန်ဖေါ်ပေးလိုက်ပါတယ်။
မဖတ်မိလောက်တဲ့ ရွာသူားအသစ်များအတွက်ပါ။
ဒီနှစ်တော့ မတက်နိုင်သေးပြန်ဘူးပေါ့။
သတိရနေပါ့မယ်။
ရွှင်လန်းချမ်းမြေ့ကျန်းမာကြပါစေ။
With respect,
Swal Taw Ywet.
မြစပဲရိုး
January 2, 2015 at 1:29 am
ဂလို ဆိုတော့ အနှစ်ပြန်ချုပ် ကြည့် လိုက်တော့
အမှတ်တရ တွေ့လိုက်တာက
လွတ်လပ်ရေးနေ့ကမှ လွတ်လပ်ရေးရသွားခဲ့တဲ့ စုံတွဲ ရဲ့ ပထမ အကြိမ် မြောက် မင်္ဂလာ နှစ်လည် ပါ။
A wedding anniversary is the celebration of love, trust, partnership, tolerance and tenacity လို့ ဆိုထားတော့
ကျန်တာ တော့ များများ မဗျူး ချင်ပါဘူး။
ဘယ်သူက ဘယ်သူ့ ကို ဘယ်လောက် tolerance ထား ခဲ့ လဲ သိချင်ရဲ့။ 😉
Happy Anniversary to ကျောက်စ် & နှင်း
No one and nothing in this world is perfect, but the two of you are as close as it gets.
You both have the perfect balance – seeking success through work, love and happiness.
Hope that your strong, sweet and quality commitment continues till eternity.
Happy Marriage Anniversary!!! :))
Yae Myae Tha Ninn
January 2, 2015 at 11:21 am
အနော်လဲ မလာဖြစ်လောက်တော့ဘူးထင်တယ်ဗျာ… ရုံးက ၉ ရက်နေ့ ရွှေ့တော့.. ၁ဝ ၁၁ က အိုဗာတိုင် အပြည့်ဆင်းရမှာတဲ့… ဖူး… စိတ်ညစ်လိုက်တာ… 🙁
kyeemite
January 2, 2015 at 1:36 pm
.ရေမြေ့သနင်းရေ..အဲ့လိုတော့မလုပ်နဲ့ကွာ ခွင့်ယူပလိုက် :))
kyeemite
January 2, 2015 at 1:47 pm
.ကိုစွယ်တော်ရေးတာပြန်ဖတ်ရတော့ခုထိအရသာတွေ့တုန်းဗျာ… :))
Shwe Ei
January 2, 2015 at 2:43 pm
-ဒီနှစ်အတွက်ရော..ဘယ်လို စုံစမ်းထောက်လှမ်းမှုတွေ ပြင်ဆင်ထားတုန်း အိုင်အိုရဲ့..
-အရေးကြီးတာက မနက်စာဘာကျွေးပီး နေ့လည်စာ ဘာစားရမလဲ ဆိုတာဘဲ မှုတ်ဖူးလားလို့..ေိေိ
Wow
January 2, 2015 at 4:23 pm
အမည်မဖေါ်လိုသူ မယ်ဝါးပုံလဲ ပါသဂိုးးး
padonmar
January 2, 2015 at 8:52 pm
ပြန်လွမ်းသွားတယ်။