Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရွာသားသက်ဖြင့် ၁နှစ်ပြည့်လေပြီ

ဂဇက်ရွာကစာ ဖတ်ဖြစ်တာကြာပြီးသကာလ

ဇန်နဝါရီ ၂၁ မန်ဘာ စဖြစ်

တွက်စစ်ကြည့်တော့ ၁ နှစ်ပြည့်ပြီပေါ့ ၊

လူချင်း မသိ စာချင်းသာ ရင်းနှီးရာက

ကျနော် စဆုံဖြစ်တာ ကိုပေါက်ပါ ၊

ကျွဲဆည်ကန်အထိ လာခဲ့သည့် ကိုပေါက်

နောက်တစ်ခေါက် ဆုံချင်သေးသဗျာ ၊

နောက်ထပ် သိလာရတာ ဒါဇင်ပလပ်စ်ပါ ၊

ပြည်သူ့ဥယျာဉ်ထဲ ဒါဇင်ပလပ်စ်ပွဲမှာ

ကိုပီချိုကစ ကိုအမတ်အလယ် ဖတ်တီးကက်ရယ်ပါတွေ့

ပျော်မွေ့စရာ အမှတ်တရကိန်း

ငြိမ်းငြိမ်း နဲ့ အိကြည်ပြာ သူတို့လည်း ပါလေရဲ့   ၊

နေသာတဲ့ တစ်နေ့    YKKO မှာ တွေ့ဖြစ်တာက ကောင်းကင်ပြာ

ဆောင်းတစ်ခွင်စာ လွန်မြောက် ဆုပေးပွဲ အရောက်မှာ

အာတီဒုံ အခါခါကြုံမယ့် ကိုမိုက် အချိုကြိုက်တဲ့ သဂျားရယ်

မွန်မွန်အလယ် အံစာတုံးအဆုံး အပြုံးတွေအပြည့်

တွေ့လိုက်ရတာက ဂဇက်ရွာရဲ့  ညီညွတ်ခြင်း

အပီသွတ်သွင်းခံရတဲ့ သွေးဆောင်မှုမှာ

ကျနော်စီးမျောသွားခဲ့တာ ၁ နှစ်တာ ပြည့်ခဲ့ပါပြီဗျာ ၊

ရွာ  ရွာဆိုတဲ့ ဂဇက်  ပွေ့ဖက်မက်မောမြဲကို

ခွဲဖို့ဆို ဝေလာဝေး စေကဗျာတေးတွေနဲ့

အားလုံးရဲ့  ခင်မင်မှုကြား

( မျိုးသန့်ဆိုတဲ့ ) သကောင့်သား

ပျော်ပါးလျက်ပါလား ၊

 

( ရွာသားသက် ၁ နှစ်ပြည့် အမှတ်တရ )

30 comments

  • မင်း ခန့် ကျော်

    January 21, 2014 at 1:54 pm

    ပျော်စရာမွေးနေ့လေးဖြစ်ပါစေဗျာ နော့်။

    ကျတော်ကတော့ လသား လေးပုဖြစ်မယ်ထင်တယ် :mrgreen:

    မွေးရက် ကိုမမှတ်မိဘူးဗျ။

    ဘယ်လိုပြန်ကြည့်ရပါ့ :mrgreen:

    • kai

      January 21, 2014 at 2:06 pm

      April 8, 2013 7:27 pm တဲ့..
      လသားပေမယ့်.. ၁နှစ်နားကပ်ခဲ့ပေါ့လေ…။

      ပြောရရင်… တချို့များနှစ်ပေါက်အောင် စာဖတ်နေပြီးမှ.. ရွာသူားခံယူတာမို့.. မှတ်ပုံတင်သောနေ့သည်.. မှတ်တမ်းကျန်ရစ်သောနေ့ဖြစ်ပါသည်လို့ပဲ.. :mrgreen:

      • Myo Thant

        January 21, 2014 at 2:41 pm

        ကိုမင်းခန့်ကျော်လည်း သင်္ကြန်မတိုင်မီ ၁ နှစ်သား ပြည့်ပြီပေါ့ဗျာ ၊ 🙂

        • မင်း ခန့် ကျော်

          January 21, 2014 at 3:06 pm

          ကိုးလသားဆိုတော့ လေးဘက်ထောက်နဲ့ပြေးနေပြီပေါ့ ဗျာ :mrgreen:

      • မင်း ခန့် ကျော်

        January 21, 2014 at 3:02 pm

        ကျတော်က ဝင်ဝင်ချင် တင်လိုက်တာ ထင်တာပဲ။

        ညပိုင်း ရ နာရီဝန်ကျင်လောက်က။

        ခုပြန်ဝင်ပြီး အဲဒီပိုစ့် ကို ဟိုဟိုဒီဒီ မန့်နေတာ :mrgreen:

      • TNA

        January 21, 2014 at 3:30 pm

        ဒဂျီး မှတ်ပုံတင်ရက်ဘယ်လိုကျိရမလဲ။ ကျွန်မကိုလဲကြည့်ပေးပါအုံ။ မမှတ်မိတော့လို့ :kwi:

        • kai

          January 21, 2014 at 3:44 pm

          August 17, 2011 3:45 pm
          နောက်ထပ်မေးရင်..မေးတဲ့သူပွိုင့်၁၀၀ဝ နှုတ်မယ်.. :mrgreen:

        • TNA

          January 21, 2014 at 5:20 pm

          တော်ဘီမေးဒေါ့ဝူး ဟီဟိ ဒဂျီးပြောပီးလို့။ ဒီဆိုင်ဝန်ဆောင်မှု့ကောင်းဘူးပဲ။ ပြေးဘီ :mrgreen:

  • sorrow

    January 21, 2014 at 2:32 pm

    ကျော်က 01NOV 2011 ဆိုတော့ကာ …အငိငိ

    • Myo Thant

      January 21, 2014 at 2:43 pm

      ဟဲ ဟဲ အနော်က အငယ်ပေါ့နော် ၊ 🙂

      ညီလေးကို အနိူင်မကျင့်နဲ့နော် ၊ မမကြီး ဖြူဖွေးနဲ့ တိုင်မှာ ၊ 🙂

  • kyeemite

    January 21, 2014 at 2:36 pm

    မင်္ဂလာပါကိုမျိုးသန့်ရေ…ကဗျာလေးစပ်ထာပုံသဘောကျသဗျာ… 😀

    • Myo Thant

      January 21, 2014 at 2:45 pm

      ဒီလိုပါပဲ ကိုမိုက်ရေ ၊ ကဗျာက တိုတိုနဲ့ တာသွားမလားလို့ ၊ 🙂

  • TNA

    January 21, 2014 at 3:31 pm

    တနှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင်ပါစေ

    • Myo Thant

      January 21, 2014 at 3:39 pm

      ကျေးကျေးပါ အမသဲရေ ၊

      အားလုံး ဆွေမျိုးရင်းခြာလို ဖြစ်ကြရတာ ဘယ်တော့မှ မမေ့ပါဘူးဗျာ ၊

  • အနော့်နာမည်လေးကို ထည့်ထားတဲ့ ကဗျာအတွက် ကျေးဇူးပါလို့.. 🙂

    အားကျမခံ.. မသုံးတော့တဲ့ gmail ကို pw မရရအောင် ပြန်တောင်းပြီး ပြန်ရှာလိုက်တာ.. ရွာသူစဖြစ်တဲ့နေ့ ထွက်လာတယ်..
    20.11.2010 တဲ့.. 😛

    • Myo Thant

      January 22, 2014 at 9:04 am

      ဟိုက်ရှားဘားစ်
      ဒါဆို ရွာသက် ၃ နှစ်ကျော်ပေါ့ ၊ ဆရာမကြီးပဲ ၊ 🙂

  • padonmar

    January 21, 2014 at 9:04 pm

    ရွာသက် ၆လတုံးကလည်း အမှတ်တရ တင်ခဲ့သေးလားလို့။
    တနှစ်တွင်း ရွာမှာ ပျော်သွားပြီဆိုလို့ ဝမ်းသာပါတယ်။
    ထွက်မပြေးကြေးနော်။

    • Myo Thant

      January 22, 2014 at 9:06 am

      မပြေးပါဘူး အာတီဒုံရယ် ၊
      ခုမှ ပျော်လို့ကောင်းတုန်း 🙂

  • ဦးကျောက်ခဲ

    January 22, 2014 at 9:16 am

    အား ဟိ… ဆြာမျိုး ရေးစမှာ Category မှားနေလို့…
    ထောက်ပြတဲ့ မောင်ကျောက်စ်ကို ဘုတောတာ မှတ်မိသေးလား…ဟီး ဟီး
    😀

    • Myo Thant

      January 22, 2014 at 9:25 am

      ကျုပ်က မေ့တတ်ပါဘူးဗျာ ၊

      မမှတ်မိတာပဲ ရှိတယ် ၊ 🙂

  • ခင် ခ

    January 22, 2014 at 9:38 am

    ရွာသက် တစ်နှစ်ပြည့်လို့ တင်တဲ့ပိုစ့်ကို
    ရွာထွက် တစ်နှစ်ပြည့်ပြီးသူတွေကော ဖတ်နေသေးလားလို့ တွေးမိပ။

  • ဒညင်းဝက်

    January 22, 2014 at 12:50 pm

    ကောင်းပါလေ့ဗျာ.. ။
    ကျနော်ကတော့..လမ်းလျှောက်တတ်ကာစ ပဲ..ရှိသေးတယ်.. ။

    😆

  • KZ

    January 23, 2014 at 2:35 pm

    ငယ်ပါသေးတယ် မောင်လေးရယ်။
    အဟိ။
    ကိုယ့်ထက်နောက်ကျလို့ ပြောရဲတာ။

    :mrgreenn:

    • Myo Thant

      January 23, 2014 at 2:41 pm

      ဟုတ်ကဲ့ မမ

      အမယ်လေး ခေါ်ရတာ လျှာယားလိုက်တာ 🙂

  • Ma Ma

    January 23, 2014 at 5:38 pm

    Ma Ma
    register date 21.8.10
    1st comment 8.9.11
    ကြုံကြွားလေးပေ့ါ။ :mrgreen:

    မန်ဘာဝင်ပြီး စာဖတ်နေတာ တစ်နှစ်ကျော်မှ ကွန်မန့်စပေးဖြစ်ခဲ့တယ်ဆိုတော့…
    ကလေးတွေလိုမျိ ုးဆို စကားပြောနောက်ကျတယ် ပြောရမယ်။ 😕

    သူများတွေ တစ်နှစ်သားမှာ တင်လိုက်တဲ့ပိုစ့်ဖတ်ပြီး အားငယ်မိပါရဲ့။ 🙁

  • မဟာရာဇာ အံစာတုံး

    January 24, 2014 at 1:01 pm

    ကျုပ်ကတော့ ….
    ဒီနေရာကို ဂနေ့မှ စဝင်တာပါ …
    ဒါဂျောင့် … ရက်သားလေးတောင် မရှိသေးပါဘူး ..
    နာရီသားလေးဘာ ခီည …

    • Myo Thant

      January 24, 2014 at 1:18 pm

      ယုံချင်စရာလား အံစာရယ်

      Anzartone (81726 Kyats ) 🙂

  • သီဟသူရ ညောင်ရမ်းဂျီးထူ

    January 26, 2014 at 11:17 am

    တစ်နှစ်သား မျိုးသန့်အား
    တစ်ရက်သား ဂျီးထူ မှ အလေးပြုပါတယ်

  • ကို ခိုင် ရေ
    ကျနော် ဘယ် နေ့ ဝင် ထား တယ် ဆို တာေ လး ကြည့် ပေး ပါ ဗျို့

    မ ရှာ တတ် လို့ ပါ ဗျို့

Leave a Reply