Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လွိုင်ကော်မြို့ကို ရောက်ခဲ့တယ် – ၃

မောင်ဆန်းJanuary 27, 20144min41610

ကျတ်ဂူ

လွိုင်ကော်မှာ ရောက်ခဲ့တဲ့ နေရာထဲ ကျတ်ဂူ လဲ ပါပါတယ် ၊ ကျတ်ဂူက လွိုင်ကော်မြို့နဲ့ သိပ်မဝေးတဲ့ နေရာမှာရှိပြီး ၄၅ မိနစ်လောက်သာ သွားရပါတယ် လမ်းလဲကောင်းနေပါပြီ  ဒေသခံတွေ အရင်ကတဲက သွားလာနေကြပေမဲ့ အပြင်လူတွေ သိပ်မသိ လည်ရကောင်းမှန်း မသိရာကနေ အခုတော့ ဂျာနယ်တွေမှာပါလာ ဧည်သည်တွေလာရင် လိုက်ပို့ကြတဲ့ နေရာတစ်ခု ဖြစ်နေပါပြီ ၊ ဂူထဲကို ဝင်ဘို့အတွက် တောင်ပေါ်ကိုတက်တဲ့ အုတ်လှေကားလေးအတိုင်း အရင်တက်ရပါတယ် ( အဆင်းမှ ရေကြည့်တာ လှေကားထစ် ၁၃ဝ ရှိပါတယ်) ဂူ အဝ မှာ ဆရာတော်တစ်ပါး သီတင်းသုံး တဲ့ ကျောင်းသေးသေး တစ်ခု နဲ့ စေတီလေး တစ်ဆူရှိပါတယ် ကျောင်းရှေ့မှာတော့ ဆရာတော်ဆီ ဆိုးလို့ဆိုပြီး သူများလာပို့သွားတဲ့ မျောက်လေးတစ်ကောင်ရှိပါတယ် မုန့်စားတယ် ကွမ်းစားတယ် ဓါတ်ဗူးထဲက ရေနွေးဖွင့်သောက်တယ် အစုံလုပ်ပြနေတော့ ဂူထဲမဝင်ခင် လူတွေက သူ့ကြည့်သဘောကျနေတာ၊ဂူထဲ စဝင်ဝင်ချင်း သစ်သားတန်းလေးတွေနဲ့ ယာယီတံတားလေးလို လုပ်ပေးထားပါတယ် အထဲမှာ ဘာမှ မမြင်ရတဲ့ အတွက် လူတိုင်း ဓါတ်မီး မဖြစ်မနေဆောင်သွားသင့်ပါတယ် ကျနော်တို့ သွားတဲ့ နေ့က ကံအားလျှော်စွာ ဆရာတော် မီးစက်မောင်းပေးထားပြီး ဂူထဲမီးသွယ်တန်းပေးထားလို့ အလင်းရောင် နဲနဲ ရနေပါတယ် မီးထွန်းထားပေးတယ် ဆိုပေမဲ့ အောက်ခြေက ပုံမှန်လမ်း မဟုတ်ပဲ ကျောက်တုုံးတွေ ကျောက်ကြားတွေ ထဲ သွားရတာမို့ ဓါတ်မီးကတော့ တောက်လျှောက်ကို သုံးနေရတာပါ ဂူထဲ စဝင်ပြီး သိပ်မကြာခင်မှာ သစ်သား အပိုင်းအစတွေ တွေ့ရပါတယ် သစ်လုံးကို ထွင်းထားတဲ့ အခေါင်းလို ပုံစံမျိုးကနေ ကျိုးပဲ့နေတာတွေပါ ၊ လိုက်ပို့တဲ့ ဒေသခံက ဒီ ဒေသမှာတော့ ဒါကို ကျတ်တွေရဲ့ အခေါင်းတွေလို့ ယုံကြည်ကြပါတယ် ဒါကြောင့်လဲ ဒီဂူကို ကျတ်ဂူလို့ ခေါ်ကြတာတဲ့ ၊ တချို့နေရာတွေမှာ ကျောက်တုံးတွေကြား လမ်းလျှောက်ဘို့ အဲဒီ သစ်သား အပိုင်းအစ တွေ ကို အသုံးပြုထားရတယ် ၊ဂူထဲ ဝင်တဲ့ လမ်းတစ်လျှောက် အကောင်းတွေ အကျိုးအပဲ့တွေ တောက်လျှောက် တွေ့နေရတယ် ၊လိုက်ပို့တဲ့ မိတ်ဆွေ ကတော့ ဒါကို ရှေးခေတ်က လူတွေ အသီး အနှံတွေ ထည့်ဘို့ အသုံးပြုခဲ့တာမျိုးလဲ ဖြစ်နိုင်တာပဲလို့ သူ့အမြင်ကိုလဲ ပြောပြတယ် ၊ ဝင်ရတာတော့ ခဲရာခဲဆစ်ပဲ ကလေးငယ်တွေ ဝင်လို့မလွယ်ဘူး ၊ လူကြီးတွေတောင် ဘောင်းဘီနဲ့ ဝင်မှ ပိုအဆင်ပြေမယ် ၊ ဂူထဲ တချို့နေရာတွေ လူတစ်ကိုယ် မနဲဝင်ရသလို တချို့နေရာတွေ အပြန့်ကျယ်ကျယ်နဲ့ နေရာတွေလဲ တွေ့ရပါတယ် ဒီနေရာလောက်ဆို ငါတို့ ရွာ့တွေ့ဆုံပွဲလုပ်လို့ ကောင်းမှာပဲလို့တောင် တွေးမိခဲ့ပါတယ်၊ခန့်မှန်း ပေ ၁၈၀ဝ လောက် အထဲဝင်ပြီးသွားတဲ့ အခါ ရှေ့ကချောက်လို ဖြစ်နေတာမို့ ဆက်ဝင်လို့ မရတော့ပါဘူး ၊ အဲဒီအတိုင်း ဆက်သွားရင် ပေ ၃၅၀ဝ လောက်ကျ စမ်းချောင်းလေး ရှိတယ် ကျတ်အခေါင်းဆိုတာတွေလဲ အများကြီး ရှိတယ်လို့ ပြောတာလေးပဲ မှတ်သားပြီး အဲဒီ ၁၈၀ဝ ပေ နေရာကနေပဲ လှည့်ပြန်ခဲ့ကြတယ် အဲဒီထိ ကို မီးလုံးလေးတွေ တန်းပြီးထွန်းပေးထားတယ် ၊ ဂူတစ်လျောက် အဲဒီနေရာမှာ အမှိုက်တွေ တော်တော်များများကို တွေ့ခဲ့ရတယ် အထူးသဖြင့် အချိုရည်ဘူးလေးတွေပါ၊  မောမောနဲ့ရောက်လာ ရှေ့ဆက်သွားလို့ မရ ထိုင်နားရင်း ပါလာတဲ့ အအေးသောက် ဘူးခွံကိုပြန်မယူပဲ လက်လွတ်စပယ်ထားခဲ့ကြတာနေမှာပေါ့ အမှိုက်ပြသနာကတော့ တော်တော်ဆိုးပါတယ် ကန်ခုနှစ်ဆင့် သွားတော့ အဲဒီကန်တွေ သွားတဲ့လမ်းဘေးမှာ အုတ်ဂူလေးတွေ တွေ့ခဲ့တယ် အသုဘလာပို့တဲ့ လူတွေကို အအေးတိုက်တော့ ချက်ချင်းသောက် ဘူးခွံတွေကို ချက်ချင်းလွှင့်ပစ်ခဲ့ကြတယ် အအေးဘူးခွံလေးတွေဆိုတာ ဖွေးဖွေးကို လှုပ်နေတာပဲ အအေးဘူးထည့်လာတဲ့ စက္ကူဘူးခွံတောင် ဒီအတိုင်းထားခဲ့ကြတယ် ပွဲဈေးတန်းမှာလဲ အမှိုက်တွေဆိုတာ မြင်မကောင်း ရှုမကောင်းအောင်ကို ပေါလွန်းတယ် အားလုံးရဲ့ စိတ်ထဲမှာ အမှိုက်ကို လက်လွန်စပယ်ပစ်ကြတာကို အပြစ်လိုု့ မမြင်ပဲ သာမန်ထမင်းစား ရေသောက်သလို ကိုဖြစ်နေပြီ ၊ အသိပညာပေး မစည်းရုံးနိုင်ရင် သတိထားမိတဲ့အချိန် ပတ်ဝန်းကျင်ကို ထိခိုက်မှုက တော်တော်ကြီးနေလောက်ပြီ ၊ လွိုင်ကော်တဝိုက်က တချို့သစ်ပင်တွေမှာ သစ်ပင်မခုတ်ရ နတ်မကြိုက် ဆိုတဲ့ စာတန်းလေးတွေ ချိတ်ထားတယ် ဒီကလူတွေက နတ်နဲ့ ခြောက်မှ ရတယ် အဲဒီလို စာတန်းချိတ်ထားရင် သူတို့ မခုတ်ရဲတော့ဘူးတဲ့ ၊ ကျနော်တောင် သူတို့ကို ပြောခဲ့သေးတယ် အမှိုက်ပစ်တဲ့ ကိစ္စလဲ ပညာပေးတာက နောက် အရင်ဆုံး ထိန်းနိုင်အောင်  အမှိုက်ပစ်တာ နတ်မကြိုက် လို့ လုပ်သင့်တယ်လို့ ၊တကယ်တော့ အမှိုက်ပြသနာက လွိုင်ကော်မှ မဟုတ်ပါဘူး တနိုင်ငံလုံးကို ရှင်းရမဲ့ ပြင်ရမဲ့ အခြေအနေပါ ၊ ဂူထဲ နှစ်နေရာလောက်မှာ ဖယောင်းတိုင် နဲ့ အမွှေးတိုင် ထွန်းထားတာ တွေ့တော့ ဒေသခံက ဟာ ဒီလို ထွန်းလို့ မရဘူးလေ ထွန်းရင် အောက်ဆီဂျင်တွေကုန်မယ် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ထွက်လာမှာပေါ့ ဆိုပြီး သူကိုယ်တိုင် မှုတ်တော့ ရန်ကုန်က တချို့ တချို့ ထက်တောင် သာသေးလို့ သဘောကျမိတယ် ၊ စိတ်မကောင်းတာက ဂူ ထဲ စ အဝင် ပစ္စည်းတွေ ပြုတ်ကျမယ် အကုန်ထားခဲ့ ဆိုတာနဲ့ ဂူထဲ မလိုက်တဲ့ မိတ်ဆွေဆီ ဖုန်းတွေထားခဲ့လိုက်လို့ အခေါင်းဆိုတာတွေ မရိုက် လိုက်ရတာပဲ ၊  ပြန်အထွက်ကျမှ ထူးဆန်းတာ တစ်ခုလဲ တွေ့ခဲ့ရတယ် ပေ ၆၀ဝ လောက် မှာ ဂူထဲက အမြင့်ပိုင်း အစွန်းလေးထွက်နေတဲ့ နေရာမှာ ကျတ်အခေါင်းဆိုတာမျိုး အသစ်တစ်ခုရောက်နေတာပါ အဲဒီနေရာကို လူတောင် မရောက်နိုင်တာ အခေါင်းက ဘယ်လိုက ဘယ်လို ရောက်နေမှန်းကို မသိတာ ၊ ဘာပဲ ဖြစ်ဖြစ် သုတေသနသမားတွေ အဲဒီ အခေါင်းတွေနဲ့ ပတ်သတ်တာကို လေ့လာကြည့်သင့်တယ် ဟိုး ရှေးဦးလူတွေ ဒီ ဂူထဲ နေထိုင်ကြရင်း သူတို့ အသုံးပြုခဲ့တဲ့ ပစ္စည်းတစ်ခုခု ဆိုတာမျိုးလဲ ဖြစ်နိုင်တာပဲ ၊ ဂူ အဝ လေးက နံရံမှာ ရာစုကု လို့ ရေးထားတာလေး တွေ့လို့ မေးကြည့်တော့ ရာစု ဆိုတာ ယမ်း ကု ဆိုတာ လုပ်တာ အရင်က ဒီ ဂူထဲက လင်းနို့ချေးတွေ အများကြီး ရတယ် လင်းနို့ချေးက ယမ်းလုပ်တာမို့ ရာစုကု လို့လဲ ခေါ်တယ် ပြောတာပဲ ဒါလဲ နောက်အခေါ် တစ်မျိုးပေါ့ …….

ဒီ အုပ်လှေကား အတိုင်းတက်သွားရတယ်
ဒီ အုပ်လှေကား အတိုင်းတက်သွားရတယ်

 

ကျတ်ဂူရှေ့က မျောက်ကလေး သန်းရှာလို့ပေး
ကျတ်ဂူရှေ့က မျောက်ကလေး သန်းရှာလို့ပေး

 

ကျတ်ဂူ အဝ
ကျတ်ဂူ အဝ

ယာဉ်တိုက်မှု

လည်ပတ်ရာက လွိုင်ကော်ကို ပြန်လာတဲ့ လမ်းမှာ ထော်လာဂျီကို ကားက ဝင်တိုက်ထားတာ တွေ့တယ် ၊ ထော်လာဂျီက ဆရာကတော့ ဆေးရုံရောက်သွားတယ် ၊ အဲဒီကနေ မြို့ထဲရောက်လာတော့ လမ်းမကြီး အတိုင်း မောင်းလာရာကနေ လမ်းသွယ်ကို ဝင်မှာမို့ ကွေ့ဘို့ အချက်ပြရင် ကားကိုရပ် လမ်း ရှင်း မရှင်း ကြည့်လိုက်တယ်၊ လမ်းသွယ်ထဲက ထော်လာဂျီ တစ်စီးက မောင်းလာတယ် လမ်းမပေါ်ရောက်ခါနီးမှ ဘာစိတ်ကူူးပေါက်လဲ မသိဘူး အရှိန်ကိုမြှင့်လိုက်တယ် အဲဒီအချိန် လမ်းမအတိုင်း surf တစ်စီးက အရှိန်နဲ့ မောင်းလာတယ် ထော်လာဂျီကို ကားကဖြတ်တိုက်လိုက်တယ် မျက်စေ့ရှေ့တင် မြင်နေရတယ် တိုက်တော့မှာ သိတယ် ဘာမှ မလုပ်နိုင် ဘယ်လိုမှ မတားနိုင် ထော်လာဂျီက တစ်ပတ်လည်သွားတယ် နောက်ကထိုင်တဲ့လူ ဒဏ်ရာနဲနဲ ရသွားတယ် ကားက ဘန်ပါပြုတ် ရှေ့ပိုင်းထိသွားတယ် ၊ ဘယ်လိုများ ပြသာနာကို ရှင်းမလဲ ကြည့်နေတာ ထော်လာဂျီ ပေါ်က ဆရာနှစ်ယောက်က သူ တို့ နဲ့ ဘာမှ မဆိုင်သလို ဒီ အတိုင်းပဲ ထိုင်နေတယ် တောင်းပန်တာလဲ မရှိဘူး ပြသနာ ရှာတာလဲ မရှိဘူး ၊ ကားသမားတွေကလဲ ဒီအတိုင်းပဲ ခဏနေတော့ သူ့ဘန်ပါ ဆင်းကောက် ဆက်မောင်းသွားတယ် ၊ထော်လာဂျီကလဲ ဆက်ထွက်သွားတယ် သူတို့ဟာနဲ့ သူတို့တော့ ဟုတ်နေတာပဲ ၊ အချိန်ပိုင်းလေးတင် ယာဉ်တိုက်မှု နှစ်ခု တွေ့လိုက်ရတာ၊ လွိုင်ကော်မှာ မောင်းမယ်ဆိုရင် ရန်ကုန်မှာ မောင်းလာတာ ကျွမ်းတယ်ကွတော့ သွားမလုပ်နဲ့ နဲနဲတော့ သတိထား ဘယ်ညာ သေချာကြည့်မောင်းတာ အကောင်းဆုံးပဲ…

ပထမ ယာဉ်တိုက်မှု
ပထမ ယာဉ်တိုက်မှု

ဟော်

ကယားမှာ ရှိတဲ့ နယ် သုံးနယ်ကို စော်ဘွား( ဒေသမှာ စောဖျာ လို့ သုံးတယ်) သုံယောက်က အုပ်ချုပ်ကြပါတယ် ဘော်လခဲ၊ ကြယ်ဘိုးကြီး နဲ့ ကန္နရဝတီ(လွိုင်ကော်) မှာပါ၊ လွိုင်ကော်မှာ ရှိတဲ့ ဟော်က အခုထိ ရှိနေသေးလို့ အချိန်ပေးပြီး သေချာသွားကြည့်ခဲ့ပါတယ် လှေကားနဲ့ အပြင်ပိုင်း နဲနဲ ပြုပြင်ထိန်းသိမ်းထားတာက လွဲလို့ အရင်လက်ရာအတိုင်း ရှိနေပါသေးတယ် ဟော်ရဲ့ သက်တမ်းက နှစ်တစ်ရာ ကျော်ပါပြီ ဟော်ကို ၁၉၁၂ ကနေ ၁၉၁၄ ထိ (၄) နှစ်ကြာ စောဖျာစဝ်ခွန်လီက တည်ဆောက်ခဲ့ပါတယ် စဝ်ခွန်လီသေတော့ သူ့သား စောဖျာစဝ်လဝီက ငယ်သေးတာနဲ့ ဦးလေး စဝ်ရွှေဟုန်က အုပ်ချုပ်ပြီး စဝ်လဝီအရွယ်ရောက်မှ အာဏာပြန်လွှဲပေးခဲ့တာပါ စော်ဘွားတွေ ၁၉၅၉ ကျမှ သူတို့ အာဏာ စွန့်လွှတ်လိုက်ရတော့တာပါ သူတို့ မှတ်တမ်းတင်ထားတဲ့ အထဲတော့ “ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်အသီးသီးတွင် နယ်ရှင်စော်ဘွားများ မိမိတို့နယ်ပယ်အတွင်း အုပ်ချုပ်ရသည့် အုပ်ချုပ်ရေး အာဏာကို ၁၉၅၉ ခုနှစ်၌ နိုင်ငံတော် အဓွန့် ရှည်ရေးနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး အကျိုးအတွက် အာဏာကိုစွန့်လွှတ်ခဲ့ကြသည် ”တဲ့ အာဏာကို စွန့်ပြီး နောက်မှာလဲ ဟော်ကို သူတို့ပဲ ပိုင် မိသားစုတွေပဲ ဆက်နေရင်းက ကျန်တဲ့ မိသားစုတွေက ၁၉၉၄ မှာ ဘုန်းကြီးကျောင်း အဖြစ် လှူဒါန်းခဲ့လို့ အခုဆို အဲဒီ ဟော်ကိုု သီရိမင်္ဂလာပုံကျောင်း ပရိယတ္တိစာသင်တိုက် လို့ အမည်တွင်နေပါပြီ ၊ ကျောင်းထိုင် ဆရာတော်က သက်တော် ၆၅ ၊ ဝါတော် ၄၅ ပါ ၊ ခေတ်အမြင်လဲ ရှိတော့ ကျောင်းကို ပြုပြင်ထိန်းသိမ်း ရှိတာလေးတွေစုဆောင်း ပြတိုက်သဘောမျိုး လုပ်ထားရင်း လာတဲ့ ပြည်တွင်း/ပ ဧည်သည့်တွေရဲ့ မှတ်တမ်းစာအုပ်လေးလဲ လုပ်ထားပါတယ်….

အဝင်
အဝင်

 

အလယ် လှေကား နဲ့ ဝင်ပေါက်
အလယ် လှေကား နဲ့ ဝင်ပေါက်

 

နှစ်အလိုက် မြင်ကွင်းများ
နှစ်အလိုက် အဆောက်အဦ အခြေအနေ

 

 

စော်ဘွားရုံး ဆိုင်းဘုတ်
စော်ဘွားရုံး ဆိုင်းဘုတ်

 

စော်ဘွားနဲ့ စော်ဘွားကတော်
စော်ဘွားနဲ့ စော်ဘွားကတော်
သူတို့ ခေတ် ရှင်ပြု
သူတို့ ခေတ် ရှင်ပြု

မှတ်တမ်းဓါတ်ပုံများ

မှတ်တမ်းဓါတ်ပုံများ
ကလေးပုခက်၊ထိုင်ခုံ၊ဆင်စီးပုခက် (နှစ် ၁၀ဝ ကျော် )
ကလေးပုခက်၊ထိုင်ခုံ၊ဆင်စီးပုခက် (နှစ် ၁၀ဝ ကျော် )

 

အမှတ်တရ ရေးပေးပါ
အမှတ်တရ ရေးပေးပါ

 

ဟော်ကနေ လှမ်းမြင်ရတဲ့ တောင်ကွဲစေတီ
ဟော်ကနေ လှမ်းမြင်ရတဲ့ တောင်ကွဲစေတီ

ခရီးသွားလုပ်ငန်း

အရင်ကတော့ ကယားက နိုင်ငံခြားဧည့်သည်တွေ သွားဘို့ခက်တဲ့ နေရာပါ အခုဆို လွိုင်ကော်၊ဒီးမော့ဆို နဲ့ ဖရှုးဆို မြို့နယ်တွေကို လွတ်လွတ်လပ်လပ်သွားခွင့်ရနေပါပြီး ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ ပြေလည်မှုရထားလို့ နယ်မြေအေးချမ်းမှုလဲ ရှိပါတယ် ၊ အခုလောလောဆယ်တော့ တစ်လကို နိုင်ငံခြားဧည့်သည် ၅ဝ ကျော်လောက်ပဲ လာသေးတယ် အများစုက အောင်ပန်းကနေ ကားနဲ့ တက်လာကြတာပါ ၊ စားသောက်ဆိုင်မှာ ခရီးသွားလုပ်ငန်းလုပ်နေတဲ့ မြန်မာခရီးသွားလုပ်ငန်းရှင်တစ်ယောက်ရယ် ၊အပြန်မှာ တိုးကုမ္ပဏီက နိုင်ငံခြားသားတစ်ယောက်ရယ်တွေ့လို့ သူတို့ရဲ့ သဘောထား လိုအပ်ချက်တွေ မေးကြည့်တော့ လိုအပ်တာတွေ ခပ်များများရှိနေသေးပေမဲ့ အဓိက လိုအပ်တာ တည်းခိုနေထိုင်ရေးနဲ့ ပုံမှန် လေယာဉ်လမ်းကြောင်းမရှိတာတဲ့ ၊ တည်းခိုရေးက လောလောဆယ် လွိုင်ကော်မှာ လွိုင်ကော်ဟိုတယ်၊ကန်သာယာ၊သင်္ဂဟ နဲ့ နဝဒေးမိုတယ် ဆိုတာလောက်ပဲ တွေ့ခဲ့တယ် အများကြီးတော့ ထပ်ချဲ့ဘို လိုဦးမယ် ထပ်ချဲ့မယ် ဆိုတဲ့ အစီအစဉ်တွေလဲ ကြားခဲ့ရတယ် ခရီးသွားလုပ်ငန်းတွေဘက်က စီစဉ်နေတာက ဘီလူးချောင်းအတိုင်း စက်လှေစီး ၊ တောထဲကို လမ်းလျှောက် နှစ်ညအိပ် သုံးရက် ခရီးစဉ်မျိုး စီစဉ်နေကြတယ် ၊ ၂၀၁၅ မှာ သံလွင်မြစ်ကူးတံတားပြီးသွားရင် ထိုင်းနဲ့ နယ်စပ်ကုန်သွယ်ရေးကလဲ ဖွံ့ဖြိုးလာဦးမယ် မကြာခင်မှာ ဖွံ့ဖြိုးလာမဲ့ ခရီးသွားလုပ်ငန်း နဲ့ ကုန်သွယ်ရေးရဲ့အကျိုးဆက်က အခုကတဲက လွိုင်ကော်မှာလဲ မြေဈေးတွေ တက်နေပြီ ၊ အင်တာနက်ကတော့ ဖုန်းနဲ့သုံးဘို့ ကြိုးစားတာ ရန်ကုန်မှာထက်ကို နှေးပါတယ် အဲဒီမှာ ရှိတဲ့ရက် ရွာထဲတောင် မဝင်နိုင်ခဲ့ပါဘူး ..

ဈေးထဲ ရောက် ဧည့်သည်များ
ဈေးထဲ ရောက် ဧည့်သည်များ

နုတ်ဆက်ခဲ့ပါတယ်

ကျနော်တို့ ရောက်နေတဲ့ ရက်မှာ ဆီးဂိမ်း ဆုရတဲ့သူတွေကို ဂုဏ်ပြုပွဲလုပ်တယ်ဆိုလို့ မေးကြည့်တော့ ဆုရတာ တနိုင်ငံလုံး အဆင့်(၅) ဆိုလို့ ဒီ လို ပြည်နယ်လေးက ဒီ လို အဆင့်ရအောင် စွမ်းဆောင်နို်င်ပါလားဆိုပြီး လေးစားမိပါတယ် သူတို့ အဓိက ရတာ ဂျူဒို နဲ့ ကရာတေးပါတဲ့ လွိုင်ကော်သူလေးတွေ ချောလို့ သဘောကျမိပေမဲ့ သူတို့ရဲ့ တိုက်ကွက်အောက်မှာ ပျားပျားဝပ်သွားနိုင်တာမို့ ချောတယ် လှတယ် တောင် မပြောရဲတော့ပဲ အခြေအနေပေးရင်တော့ ပြန်ဆုံချင်ပါတယ် လွိုင်ကော်သူလေးရယ်လို့ ရင်ထဲက ပြောရင်း အပြုံးလေးနဲ့ပဲ နုတ်ဆက်လို့ လွိုင်ကော်မြေကနေ ခွဲခွာလာခဲ့ရပါတယ် ……

–      မဝေ ရဲ့ လွိုင်ကော်သွားပို့စ်တွေနဲ့ တွဲဖက်ရင် ပိုပြည့်စုံပါမယ်

–      လွိုင်ကော်မှာ ရွာသား ကိုသော်ဇင်ကို တွေ့ချင်လို့ စုံစမ်းကြည့်၊လမ်းမှာ သွားရင်း လိုက်ကြည့်ပေမဲ့ မတွေ့ခဲ့ရလို့ စိတ်မကောင်းဘူး

–      သွားချင်တဲ့ နေရာတွေ မညီမညူလိုက်ပို့တဲ့ လွိုင်ကော်က မိတ်ဆွေများကိုရော အခု ပို့စ် ထိ ဖတ်ရှုပေးသူ အားလုံးကိုပါ ကျေးဇူးအများကြီးတင်ပါတယ်

10 comments

  • padonmar

    January 27, 2014 at 12:59 am

    အရင်နေရာဦးပြီးမှ မန့်ပါမယ်။
    (၁)အဲဒီ ကျတ်ဂူကို သွားတောင်ကြည့်ချင်ပါတယ်။
    (၂)ဒို့သဂျီးကို နတ်လုပ်ပြီး အမှိုက်မပစ်ရ၊ဂဇက်နတ်ဖမ်းစားတတ်သည် လို့ ဆိုင်းဘုတ်တင်ရမယ်။
    (၃)ယာဉ်တိုက်မှု အေးဆေးဖြစ်တာတော့ သူတို့ဆီကကားတွေက မူရင်းတန်ဖိုးတိုင်း ပါမစ်ကြေးတွေမပါလို့ ဖြစ်မယ်ထင်ပါရဲ့။
    (၄)ဟော်ကြီးရဲ့ လှေခါးတွေကို သဘောကျလိုက်တာ၊အဲဒီမှာ တက်လိုက်ဆင်းလိုက် စိန်ပြေးတမ်း ကစားရတဲ့ စော်ဘွားသားသမီးတွေ ဆို ဘယ်လောက် ပျော်စရာကောင်းမလဲနော်။
    စောဖျားကတော်လေးကလည်း ချစ်စရာ ယဉ်တယ်။
    စောဖျားက သဘောကောင်းမယ့်ရုပ်။
    ကယားတွေထဲမှာ ပြည်မကို လာပညာသင်တဲ့ ပညာတတ်ရှားသလားလို့။
    ကချင်တို့ ရှမ်း၊ကရင်၊ချင်းတို့ အထူးကုဆရာဝန်တွေ အများကြီးတွေ့ဖူးတယ်။ကယားတော့ မကြားဖူး။

  • kyeemite

    January 27, 2014 at 9:33 am

    ပြည့်ပြည့်စုံစုံ တင်ဆက်ထားတာ ကိုယ်တိုင်ရောက်သွားသလို မျက်စေ့ထဲမြင်လာတယ်…
    စောဖျာဟော်နန်းကြီးကခန့်ထည်လိုက်တာနော…အော်..သူတို့တတွေ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့
    နေခဲ့ကြရတာပဲနော်…လွမ်းမောစရာပေါ့ကိုနိုရေ…

  • မီ မီ

    January 27, 2014 at 9:43 am

    ဒါမျိုးလေးတွေဖတ်ရတာ ကောင်းလိုက်တာရှင်
    မီ လည်းရေးတတ်ချင်လိုက်တာ

    • nozomi

      January 27, 2014 at 11:23 am

      အန်တီလေး ရေ
      ဂဇတ်နတ် ဖမ်းစားချက်ကတော့ ပြောကို မပြောချင်တော့ဘူး
      ပညာတတ်တွေ ရှိတယ် ဆိုတာတော့ ကြားဖူးရဲ့ ထပ်စုံစမ်းကြည့်လိုက်ဦးမယ်
      စော်ဘွားတွေခေတ်က အရမ်းချမ်းသာကြတယ်ဆိုတာတော့ အခုထိ ပြောတုန်း
      ဘော်လခဲ စော်ဘွားက သူပိုင်တဲ့ ရွှေဒင်္ဂါးပြားတွေ ဘီးလူးချောင်းကို ဖြတ်ခင်းလိုက်ရင် ရေစီးရပ်သွားမယ် ဆိုပဲ

      ကိုမိုက်
      ရေးရင်တောင် လွမ်းလာပြီ ဗျာ

      မီမီ
      (ဟဲ့ကြောင် နင့်ခေါ်နေတာ မဟုတ်ဘူး ဒီမှာ စာရိုက်နေတာ)
      ပါးစပ်က အသံထွက် ရိုက်မိတော့ ကြောင်ပြေးလာလို့ပါ
      ပထမ ပို့စ် တင် ဆရာမ အရေးအသားက ကျနော့ထက်သာပါ့ ဗျာ

  • ဦးကျောက်ခဲ

    January 27, 2014 at 10:05 am

    မြန်တျန့်ပြည်ဂျီးမှာ အမှိုက်ပြဿနာက အတော်ဖြေရှင်းရဦးမယ်…
    အမှန်ဆို Recycle လုပ်ပြီး Geothermal Heat ကနေ Energy ထုတ်ဖို့ သင့်တယ်…
    နောက်ပြီး ရှေးဟောင်း ကျတ်ဂူတွေကို သေသေချာချာ ထိန်းသိမ်းနိုင်ရင် ကောင်းမယ်…
    စကားအတင်းစပ်…
    စောဖျာရဲ့ မြေးတစ်ယောက်က ကျောက်စ်ရဲ့ ဘူမိဆရာမ ခင်ဗျ…
    😀

  • Myo Thant

    January 27, 2014 at 10:05 am

    စုံစုံလင်လင် သိရလို့ ကျေးဇူးပါဗျို့ ၊

    ကိုယ်တိုင်ရောက်သွားသလိုပါပဲ ၊

    • nozomi

      January 27, 2014 at 11:28 am

      ကိုကျောက်
      ရန်ကုန်မှာလဲ အမှိုက်က လျှပ်စစ်ထုတ်ဘို့ ကိုရီးယားတွေနဲ့ လုပ်နေသလားလို့
      ပညာပေးလဲ လုပ် ၊ အမှိုက်လာပစ်တဲ့သူ ဆုချီးမြှင့်ပေါ့
      ကိုကျောက် မိန်းမမျက်နှာပဲ ကြည့် မိန်းမအတွက် ထမင်းဟင်းချက် မိန်းမအတွက်……ဆိုတာတွေချည်းပဲ လုပ်မနေနဲ့ဦးနော ပို့စ်လေး ဘာလေးလဲ တင်ပါဦး ဗျ

      ကိုမျိုးသန့် အားပေးတာ ကျေးဇူကမ္ဘာ

  • Ma Ei

    January 27, 2014 at 11:49 am

    စာဖတ်ပြီး ကယားပြည် အလည်သွားချင်မိပေမယ့်
    ခက်ခက်ခဲခဲ ကျတ်ဂူထဲတော့ ဝင်ရမှာ ကြောက်တယ်…
    🙂

  • Crystalline

    January 29, 2014 at 3:25 pm

    လွိုင်ကော်မြို့ရောက်ဖူးခဲ့ပေမယ့် ၃ညလောက်ညအိပ်ဖူးခဲ့ပေမယ့်… တောင်ကွဲစေတီ..နောင်ယားကန်ကလွဲရင် ဘယ်မှမရောက်ခဲ့ပါ.. ဘိန်းပန်းလေးတွေအရမ်းလှတယ်… ဘိန်းစိုက်ခင်းတွေနားမရောက်ခဲ့ဘူးလား.. :loll:

Leave a Reply